Sunday, 26 October 2014

တပ်မတော်ကြီးကို တရားစွဲပါ...








သြော်... ကိုပါကြီး ကိုပါပြီး
သေတဲ့သူကတော့ သေသွားပြီပေါ့
နောက်မှာတော့ ကိစ္စ အ၀၀ တွေ တသီ တတန်းကြီးပေါ့
သူ့မိန်းမ ကလည်း တပ်ကို တရားစွဲမယ်ပြောတယ်
လုပ်ပေါ့.... လုပ်ပေါ့..... နိုင်အောင်လုပ်ပြီး
စစ်တပ်တခုလုံးကို ထောင်ထဲ ထည့်ထားလိုက်ပါ...

fb စဖွင့်တော့ ကိုရဲမိုးတင်ထားတဲ့ပို့စ်ကိုတွေ့မိလို့
ကိုကိုအောင်ဆိုတဲ့ ဘိုးတော်ရဲ့ wall ကို ၀င်ကြည့်မိတာ
ခင်ဗျားတို့ ပြောနေတဲ့ သတင်းထောက်ပါဆိုတဲ့ ကိုပါကြီးက
တချိန်လုံး မိုးသီးဇွန်တို့နဲ့ DKBA အဖွဲ့တွေနဲ့
ဟို ၂၀၁၀ ကတည်းက တလုံး လုံး ဘာလဲ သတင်းထောက်က
DKBA တခုတည်းပဲ အမြဲတမ်း သတင်းထောက်ရတာလား....
မိုးသီဇွန်ကလည်း ထအော်တယ် ရှေ့တန်းမှာ သတင်းထောက်က
အဲလိုပဲ ယူနီဖောင်းဝတ်ထားရတာ ဆိုပြီးထပ်ကွန့်ပြန်လေရော..
ယူနီဖောင်းဝတ်တာတော့ ထားလိုက်ပါဦး M16 ကြီးက ဘာလုပ်ဖို့
ကိုင်ထားတာလဲ ဘာအတွက်လဲ ..... ဘာလဲ လမ်းမှာ
မြွေတို့ ဘာတို့ ပစ်တို့အတွက်လား.. အပြောများလွန်းတဲ့
သတင်းထောက်ဆိုတဲ့ ဘိုးတော်အကြောင်း tracking လိုက်ရင်း
လိုက်ရင်း.... ဟိုး အရင် က ပုံအဟောင်းတွေက အစ ပေါ်လာတယ်....
ဘယ်လို အဆက်အစပ်ရှိလဲဆိုတာတော့ ၀ိညာဉ်ကိုခေါ်မေးကြည့်....
ခုတင်ထားတဲ့ ပုံတွေက Ko Ko Aung ဆိုတဲ့ဘိုးတော် wall က
အကုန်ရှာလာတာ ပြန်ဖျက်သွားမှာစိုးလို့ screen shot ထားတယ်
အဲဒီကိုကိုအောင် ဆိုတဲ့သူကလည်း ခုမှ အကောင့်သစ်ပါ
ဘာဖြစ်တာပါ ညာဖြစ်တာပါ ဖင်ပိတ်အော်တဲ့သူတွေရှိမှာစိုးလို့
သူ့အကောင့်ပါ ရိုက်တင်ပေးလိုက်တယ်......
ခု တပ်ဘက်ကလည်း အဲဒီအတွက်ကျန်ရစ်သူ မိသားစုကို
ထောက်ပံ့ပေးမယ်လို့လည်း ကက ( ကြည်း) ဘက်ကနေကြားသိရတယ်.....
နောက်တဆက်တည်းပြောချင်တာက .....
ခု လူတွေ ၀ိုင်းရှယ်နေကြတဲ့ ကိုပါကြီး သတင်း အသေးစိတ်
ဖြစ်ရပ်မှန်ဆိုတာကြီး ဖတ်ကြည့်လိုက်တော့ လားလား.... ဘေးကနေ
အသေးစိတ် ထိုင်ကြည့်နေရသလား မှတ်ရတယ်... ဘယ်နှစ်ချက်ထိုးလိုက်တာ
ဗက ဘယ်သူက ဗိုက်ကို ဘယ်လိုဆော်လိုက်တာ တကိုယ်လုံးကို
သံကြိုးနဲ့ တုပ်ထားတာ တကက ဘယ်သူက ဘယ်လို ရိုက်တာ
အသေးစိတ်ရေး ထားတာ ဖတ်ရတော့ .....
ဂိုလ်ရှယ်လေး ဆိုတဲ့ ငနည်း တော်တော်ရေးထားရတာပဲလို့တော့
တွေးမိသေးဗျာ........
ကဲ ကဲ ဒါနဲ့ အပေါ်က အကြောင်းပြန်ဆက်ရရင် ...
စစ်တပ်ကြီးကို တရားစွဲပါ .. တပ်မတော်ကြီးကိုတရားစွဲပါ
ဦးမင်းအောင်လှိုင်က အစ တရားစွဲပါ ...
 
 
From:Nay Min

www.mmdailystar.com

NLD ဘာ့ကြောင့်ပြိုကွဲနိုင်သလဲ


မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့အခြေအနေက စစ်သားဆို ဘောင်းဘီချွတ်ရော၊ ဘောင်းဘီဝတ်ပါ မယုံကြည်။ NLD ဆို ကုလားရောလို့ သံဃာနှင့် မျိုးချစ်အင်အားစုက မယုံကြည်။ ကြံ့ဖွံ့ဆို ပြည်သူနာခဲ့တာတွေများလို့ ဘယ်သူကမှ မယုံကြည်။ ဒီလိုတွေ ဖြစ်ခဲ့တယ်။ တိုင်းရင်းသားကတော့ လူမျိုးစွဲအရ ကိုယ့်လူကိုပဲ ယုံကြည်ချင်တယ်။ သို့ပေမယ့် ဘယ်တိုင်းရင်းသားမှာမှ အဲဒီလို Human Resources မရှိဘူး။
ယုံကြည်ခြင်း မခံရတာ အများဆုံးက စစ်သားနှင့် ကြံ့ဖွံ့ဆိုတော့ ဒီ နှစ်ခုရဲ့ အတိုက်အခံ NLD ကို အားကိုးတယ် ဆိုပါတော့။ ဒီလိုနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ယုံကြည်မှုကို ရသွားတယ် ဆိုပါတော့။ ဒါက personality cult ပဲ။ မြန်မာပြည်မှာ ခက်နေတာတစ်ခုက တိုင်းပြည်အခက်အခဲတစ်ခုရှိရင် မင်းလောင်းအားကိုးချင်တဲ့ စိတ်ဓာတ်ရှိတာ။ အဲဒီ mindset ကို မပြင်နိုင်ကြဘူး။ နောက်တစ်ခါ အာရှရဲ့ ယုံကြည်ချက်ဖြစ်တဲ့ ခေါင်းဆောင်ရဲ့ သမီးဟာ ခေါင်းဆောင်လို အရည်အချင်းရှိပြီး ခေါင်းဆောင်နေရာကို ဆက်ခံနိုင်တယ်ဆိုတဲ့ အတွေးအမြင်။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည် လူထုကို အလိုလို စည်းရုံးပြီးသား ဖြစ်သွားတယ်။ စည်းရုံးမှုရှိတာ ကောင်းပါတယ်။ မကောင်းတာက လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို personal addiction ကိုးကွယ်တဲ့ကိစ္စ။ လူတစ်ချို့ပေါ့လေ။ အဝိဇ္ဇာ ပေါ့။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတာကလဲ populism ခေါ်တဲ့ လူပြိန်းကြိုက်တွေပဲ ဖြစ်နေတယ်။ တစ်ချို့ဆို အစိုးရဆင်ကွက်ထဲမှာ တန်းကနဲပဲ။
တစ်ချို့က တစ်ဖက်လှည့်တွေးတယ်။ အရိုးသားဆုံး နိုင်ငံရေးသမားပါ တဲ့။ မှားတယ်။ လုံးဝမှားတယ်။ ပညာမရှိဆုံး နိုင်ငံရေးသမား။ populism ရဲ့ အကျိုးဆက်တွေက ကိုယ့်ဆီက ပညာတတ်အလွှာတွေ defect (ဘက်ပြောင်း၊ ပါတီပြောင်း) သွားတတ်ခြင်း နှင့် ကိုယ်ကိုယ်တိုင်က မိုက်ရူးရဲ အကွက်တွေ လုပ်ကိုင်တတ်လာခြင်း ဖြစ်ပါတယ်။
အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD မှာ ဒီလို အခြေအနေကို ရင်ဆိုင်နေရပါပြီ။ သီအိုရီအရ ကွဲထွက်ခြင်း နှစ်မျိုး ရှိပါတယ်။ အစကတည်းက အခြေမခိုင်သူများ ပေါင်းမိကြ၍ ကြာရှည်လက်မတွဲနိုင်ပဲ ကွဲခြင်း နှင့် အင်အားကောင်း ထိပ်ဆုံးရောက်လာပြီးမှ အစိပ်စိပ်အမွှာမွှာ ကွဲခြင်းတို့ ဖြစ်ပါတယ်။ ဒုတိယကွဲခြင်းမျိုးကတော့ ရလာဒ်ဆိုးတွေ ဖြစ်လေ့ရှိပြီး ပိုပြီးအကျနာတတ်ပါတယ်။ ဥပမာအားဖြင့် ရောမအင်ပိုင်ယာ ပြိုကွဲခြင်း၊ ဂျီစီဘီအေ ပြိုကွဲခြင်း စသည်ဖြင့်။ အခု NLD လည်း ဒီလို ပြိုကွဲနေတယ်လို့ ယူဆရပါတယ်။ ရောမအင်ပိုင်ယာ ပြိုကွဲတာ AD ၄၇၆ မှာ အိုဒိုအေဆာက အင်ပါယာ ရိုမြူလပ်စ်ကို ဖြုတ်ချခဲ့လို့ လို့ ဆိုနိုင်ပေမယ့် ဒီမတိုင်မီ နှစ်တစ်ရာကျော်ကတည်းက ရောမတွေရဲ့ စာရိတ္တပိုင်းကအစ ယိုယွင်းပျက်စီးမှုတွေ၊ ဂေါ့သ တွေရဲ့ တိုက်ခိုက်မှုဒဏ်ရာဒဏ်ချက်တွေကြောင့်လည်း ဖြစ်ပါတယ်။
အခု NLD က လုံးဝကြီး ပြိုကွဲတာတော့လည်း မဟုတ်သေးပါဘူး။ သို့သော် ရောမအင်ပိုင်ယာလိုပဲ တဖြည်းဖြည်း စာရိတ္တပိုင်းဆိုင်ရာ၊ ပေါ်လစီပိုင်းရာ၊ human resources ပိုင်းဆိုင်ရာတွေမှာ ယုတ်လျော့လာတာပါ။ ဒီအတိုင်း ဆက်သွားရင်တော့ ရောမအင်ပိုင်ယာလိုပဲ ပြိုကွဲပျက်စီးသွားတော့မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ခေါင်းဆောင်ပိုင်းအရည်အချင်း ပြိုင်ဆိုင်မှုဖြစ်ပါတယ်။ သိကြတဲ့အတိုင်း ဦးသိန်းစိန်ဆိုတာ ဦးသန်းရွှေထားခဲ့တဲ့ လက်ကိုင်တုတ်။ သို့ပေမယ့် ဦးသိန်းစိန်အရည်အချင်းက ဒေါ်အောင်ဆန်းစုကြည်ထက် သာလွန်နေတယ်လို့ ယူဆစရာတွေ ရှိလာတယ်။ ပြိုင်ဖက်အသွင်လည်း ဆောင်လာတယ်။ ဦးသိန်းစိန်က ဦးသန်းရွှေရဲ့ လက်ဝေခံဆိုတာ သိသာပေမယ့် သူဆောင်ရွက်သမျှက ဦးသန်းရွှေခေတ်ကနှင့် ဖီလာပဲ။ ဒီမိုကရေစီကို သွားတယ်ပေါ့လေ။ တစ်ခုရှိတာကတော့ ဦးသိန်းစိန်မှာလည်း အားနည်းချက်တွေရှိတယ်။ သို့သော် ကောင်းကွက်တွေလည်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်က ရှေ့ရောက်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့လူတွေက ဦးသိန်းစိန်ရဲ့ ပျော့ကွက်တွေကို ရှာနင်းတယ်။ ဒါကလည်း လွဲမှားတဲ့ နည်းလမ်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်ထက် ညံ့ဖျင်းရာ ရောက်ကြောင်း ဝန်ခံရာရောက်တယ်။ အညံ့ချင်း ပြိုင်ကြတဲ့အတွက် တိုင်းပြည်သာ နစ်နာရင်း ပိုနစ်နာ ဖြစ်ရတယ်။ ဒါက ဘာနှင့်တူသလဲဆိုတော့ သူများရွှံပေအောင် ရွှံနှင့်လိုက်သုတ်တာမှာ ကိုယ်ကိုယ်တိုင်က ရွှံပေနေတာ သတိမထားမိတဲ့ သဘောဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်သည် NLD ကိုယ်တိုင်ဖြစ်နေတဲ့အချက်ဖြစ်ပြီး NLD ဆိုသည်ကလည်း မူဆလင်ပါတီဝင်အများဆုံး ပါတီဖြစ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ချုပ်ရိုးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မရှိတဲ့ NLD သည် ဖာဂူဆန်မရှိတဲ့ မန်ချက်စတာယူနိုက်တက် နှင့် တူပါလိမ့်မယ်။ ဒီချုပ်ရိုးကို ထိန်းရမှာက NLD တွေကိုယ်တိုင်ပါ။ သို့သော် NLD ဆိုတာက မူဆလင်တွေများနေတာဆိုတော့ မူဆလင်တွေကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသွားကြတာ တွေ့ရပါတယ်။ ဒီအခြေအနေကနေ ပြောင်းလဲသွားတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ သူ့ကို ကိုးကွယ်သူ follower တွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ မူဆလင်တွေရဲ့ အထိန်းချုပ်ခံ ဖြစ်နေတယ်။
အကယ်၍ မူဆလင်ဆန့်ကျင်မှုက ဒီထက်ပြင်းထန်လာရင် မူဆလင်အထိန်းချုပ်ခံ ဒေါ်အောင်ဆန်းစုကြည်ပါ ဆန့်ကျင်ကြလိမ့်မယ်။ နောက်ဆက်တွဲက NLD ပြိုလဲသွားလိမ့်မယ်။ စစ်အစိုးရက ဒီအချက်ကြောင့် မူဆလင်ဆန့်ကျင်ရေးကို အားပေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ ထို့အတူ မူဆလင်ကလည်း ဒီအချက်ကိုမြင်လို့ ရှေ့က ကာဗာအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လှုပ်မရအောင် အမျိုးမျိုး ကြိုးချည်ထားတာပါ။ NLD တွေအနေနှင့်ကတော့ NLD မပြိုကွဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖက်တွယ်ထားရမယ်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှောင်တဲ မူဆလင်ကိုလည်း ကြိုက်ကြိုက် မကြိုက်ကြိုက် ကာကွယ်ပေးရတယ်။ မူဆလင်အကြိုက်လိုက်ပြီး မျိုးစောင့်ဥပဒေကို ကန့်ကွက်ပေးရတယ်။ အဓိက က ဒေါ်အောင်ဆန်းစုကြည် မူဆလင်အကူအညီနှင့် ဆက်လက်ရပ်တည်နိုင်ရေးပဲ။
တကယ်တော့ ဒါကလည်း NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများအတွက် ရေတိုစီမံကိန်းပါ။ သူတို့အနေနှင့် ဒါကို ပြင်ဆင်ဖို့ စဉ်းစားထားကြပါတယ်။ သို့သော် အချိန်နှောင်း/မနှောင်းကတော့ မေးခွန်းတစ်ခုပါ။ NLD သည် မူဆလင်ကို အားပြုရတဲ့အတွက် သံဃာကို အတိုက်အခံပြုရတယ်။ သံဃာနှင့် မူဆလင်ကို စေ့စပ်ညှိနှိုင်းဖို့က မူဆလင်အကြမ်းဖက်မှုတွေအရ မဖြစ်နိုင်တော့ဘူး။ ဒီတော့ သံဃာနှင့် မူဆလင် တစ်ခုခုကို ရွေးရမယ်။ ခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်စပ် မူဆလင်ကို သံဃာနှင့် ပြန်လည်တည်ဆောက်ရမယ်။ သို့သော် အချိန်နှောင်းသွားပြီလား။ အပြောင်းအလဲလုပ်ဖို့ သတ္တိရှိပါ့မလား။ ရေရှည်အတွက်ဆို ဒီပြောင်းလဲမှုကို မလွဲမသွေ လုပ်ရမှာဖြစ်ပေမယ့် ဒီလိုလုပ်ရင် တုန့်ပြန်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထိခိုက်လာမယ့် မူဆလင်ရဲ့ တုံ့ပြန်မှုကို ခံနိုင်ရည် ရှိပါ့မလား။ အသာစံဖို့ အနာခံရဲပါ့မလား။
အကယ်၍ NLD ကသာ ဒေါ်အောင်ဆန်းစုကြည်ဘေးက မူဆလင်ကို သံဃာနှင့် အစားထိုးနိုင်ရင်တော့ NLD သည် ပြိုင်ဖက်မရှိ အင်အားကြီးမားသူ ဖြစ်လာပါမယ်။ ဒီလိုမဟုတ်ပဲ အစားမထိုးနိုင်တော့ဘူး (ဝါ) လက်ရှိ ပေါ်လစီအတိုင်း မူဆလင်အားကိုးနှင့်ပဲ ဆက်လက်စခန်းသွားမယ်ဆိုရင်တော့ မူဆလင်ဆန့်ကျင်တဲ့ အင်အားစုက ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွဲလျက်ဆန့်ကျင်သွားကြတော့မှာ ဖြစ်ပြီး NLD သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဘုန်းဘုန်းလဲသွားပါလိမ့်မယ်။

From:မျိုမင်းသန့်

www.mmdailystar.com

ယူ-၁၉ တို့အတွက် ရွှေလက်ချောင်းပိုင်ရှင်

ဘာလုံးသမားတွေ ကွင်းထဲလဲပြီဆိုလျှင် တစ်နိုင်ငံလုံးက ဘောလုံးပရိသတ်များ၏ အာရုံက သူ့ဆီ ရောက်ရောက် သွားတတ်သည်။


မြန်မာလူငယ် ကစားသမားများ ရေကုန်ရေခန်း ကစားပြီး ဒဏ်ရာရချိန် ကွင်းထဲသို့ မြန်မာအသင်း ဆရာဝန် ဒေါက်တာကျော်သန့်ဇင်နှင့်အတူ ဆံရှည်ရှည်၊ ဘောင်းဘီတိုတို၊ မြန်မာအသင်း ဝတ်စုံဝတ်ထားသော အနောက်တိုင်းသူတစ်ဦး ပြေးပြေး ဝင်လာတတ်သည်။ယင်းနောက် သန်းချီသော မျက်လုံးများကို ဂရုမစိုက်အားဘဲ ဘောလုံးသမားကို စိတ်ရှိအတိုင်း ပြုစုတော့သည်။
မြန်မာပရိသတ်များအကြား ရေပန်းစားသူ ထိုအမျိုးသမီးကား ဂျာမနီနိုင်ငံသူ အကြောပြင် ဆရာမလေး ဂျူးဒစ်သ်ဘူလင်ပင်။

ပြည်တွင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ဂျူးဒစ်သ်နာမည်က ရေပန်းအစားဆုံးနှင့် ဘောလုံး ဝါသနာရှင်များ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။ အချို့က မြန်မာ ဘောလုံးအသင်းအတွက် “မင်း မရှိလို့ မဖြစ်ဘူးသိလား” ဆိုသူကဆို၊ “သူ ဘယ်သူလဲ” လက်တို့မေးသူများနှင့် စုံစမ်းနေကြသည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူ ဂျူးဒစ်သ်အတွက် တစ်ခေါက်ဆို တစ်ခေါက် ပေါက်သွားခဲ့သည်။ နည်းပြချုပ်နှင့် အားကစားသမား၏ အကြောပြင်ဆရာ လက်စွဲအထိ ဖြစ်ခဲ့သည်။

ယူ - ၁၉ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ ကိုယ်တိုင် ဂျူးဒစ်သ်၏ အကြောပြင်ပညာကို ယုံကြည်စိတ်ချ ယုံကြည်၍ အားကစားသမားများ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် စိုးရိမ်မှု လုံးဝမရှိကြောင်း အာရှ ချန်ပီယံရှစ်အတွင်း ထိုင်း ယူ - ၁၉ အသင်းနှင့် ပြိုင်ပွဲအပြီးတွင် ပြောကြားသွားသည်။

ခေတ်မီဆေးဝါးများ၊ အကိုက်အခဲ ပျောက်ဆေးများကို အသုံးမပြုဘဲ လက်ကိုသာ အသုံးပြု၍ အကြောပြုပြင် ပေးသော်လည်း ၎င်း၏ ပြုစုကုသမှုသည် မြန်မာဘောလုံး အသင်းသားများအတွက် ထိရောက်လွန်းကြောင်း ပြောဆိုကြသည်။ မြန်မာတွင်သာမက ဂျာမနီနိုင်ငံတွင်လည်း နာမည်ရသည်။ မိခင်တိုင်းပြည်တွင် သူ့ကို “ရွှေလက်ချောင်းပိုင်ရှင်” ဟု တင်စားခေါ်ဝေါ်ကြသည်။

ဂျာမနီမှာ အားကစားသမားများ၊ အီတလီမှ လက်ဝှေ့သမားများကို ကုသပေးဖူးပြီး ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ဝန်ထမ်း ၂၀ ခန့်ရှိသော ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားသော ဂျူးဒစ်သ် မြန်မာနှင့် ဖူးစာဆုံပုံမှာ ထူးဆန်းလှသည်တော့ မဟုတ်။

မြန်မာ ယူ - ၁၉ အသင်းက ဂျာမနီနိုင်ငံတွင် ခြေစမ်းပွဲ သွားရောက် ကစားစဉ်က ကွင်းလယ် ကစားသမား မောင်မောင်စိုး၏ ထိခိုက်ဒဏ်ရာကို လျင်မြန်စွာ ကုသပေးခဲ့ခြင်းကြောင့် အာရှ ယူ-၁၉ ချန်ပီယံရှစ်အတွက် မြန်မာနိုင်ငံသို့ လိုက်ပါ ကူညီပေးရန် နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ ကိုယ်တိုင် တောင်းဆိုခဲ့သည်။
ယင်းကား ရွှေလက်ချောင်း ပိုင်ရှင်မလေး၏ ရွှေနိုင်ငံသို့ ပွဲဦးထွက်ခရီး။

ဂျူးဒစ်သ်နှင့် နည်းပြချုပ်ဂတ်တို့ မိသားစုက ရင်းနှီးသည်။ နည်းပြချုပ် ကိုယ်တိုင် ဂျူးဒစ်သ်၏ လက်စွမ်းကို ကုသခံဖူးသည့်အတွက် မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချစွာ လိုက်ပါစေလိုခြင်း ဖြစ်သည်။ “ကျွန်တော်တို့အသင်း ဂျာမနီကို သွားတုန်းက သူ့ကို မြန်မာနိုင်ငံကို လိုက်ခဲ့နိုင်မလားလို့မေးတော့ သူကလည်း သဘောတူခဲ့တယ်” ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျက ရှင်းပြသည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့သူ ဂျူးဒစ်သ်အတွက် မြန်မာနိုင်ငံသားတွေနဲ့ စစချင်းတွေ့ချိန်မှာ လွဲလွဲချော်ချော် ဖြစ်နေသေးသည်။ အကြောင်းက သူ့နာမည် Judith (ဂျူးဒစ်သ်) ဟု ခေါ်ဆိုသော်လည်း အသင်းသားများက ဂျူဒီဟုသာ ခေါ်တတ်ကြောင်း ရယ်သံနှောကာ ပြောကြားသည်။
“ကျွန်မနာမည်ကို အခုထိ အမှန် မခေါ်နိုင်သေးဘူး” ဟု သူကဆိုသည်။

နောက်တစ်ခု မြန်မာပြည် ရောက်ရောက်ချင်း သူစိတ်ပူသည်မှာ သူ့ပညာကို မယုံကြည်မည်ကို။ သူ၏ အကြောပြင် ပညာရပ်မှာ အခြားဆေးပညာရပ်များကဲ့သို့ ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ရန် မလိုဘဲ လက်ဖြင့် စမ်းသပ်ရုံနှင့် သိရှိနိုင်သဖြင့် မြန်မာတို့နှင့် စိမ်းသော ပညာရပ်တစ်ခု ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ လက်မခံမည်ကို စိတ်ပူခဲ့ဖူးပုံကို ဂျူးဒစ်သ်က မှတ်မှတ်ရရ ပြောပြသည်။

“ကျွန်မအနေနဲ့ ဒီမှာကျွန်မကို လက်မခံမှာ အရမ်းကြောက်မိတယ်။ သူတို့ လက်နာနေတယ်ဆိုရင် ကျွန်မက ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို သိတယ်။ ဓာတ်မှန်လည်း ပြစရာ မလိုဘူး။ ကျွန်မလုပ်လိုက်တာနဲ့ ဖြစ်သွားတယ်။ ဒါကြောင့်လည်း သူတို့က ရွှေလက်ချောင်း ပိုင်ရှင်လို့ ခေါ်ကြတာပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့် သားသမီးနှစ်ဦး ဘာလင်မြို့တွင် ကျန်ရှိပြီး မိသားစု အသိုင်းအဝိုင်းက ဂျူးဒစ်သ်၏ ပညာနှင့် လုပ်ငန်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးလျက် ရှိသည်။

သူ့မိသားစုအကြောင်း ပြောနေချိန်တွင် ဂျူးဒစ်သ်က သားဖြစ်သူကို သတိရသွားဟန် ရှိသည်။ “သားလေးဆိုရင် ဒီမှာလှုပ်ရှားနေတဲ့ ဓာတ်ပုံတွေကို အကုန်လုံး ရိုက်ခိုင်းထားတယ်။ သူက ဒီမှာရှိတဲ့ မြင်ကွင်းတွေကို သိပ်သိချင်တာ” ဟု သူကဆိုလိုက်သေးသည်။

မြန်မာအသင်းတွင် ပထမဆုံး အမျိုးသမီး အကြောပြင်ဆရာ ဖြစ်လာသော သူ့အတွက် ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်သော်လည်း မြန်မာအသင်းနှင့် တွဲဖက်လုပ်ကိုင်ရသည်ကို နှစ်သက်သောကြောင့် လာမည့် မေလတွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ထပ်မံကူညီရန် ဆန္ဒရှိနေသည်။

မြန်မာက သူ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းသည်၊ ပရိသတ်များ၏ အားပေးမှုကိုလည်း တစ်ခဲနက် ရရှိသည်။ “မြန်မာလူမျိုးတွေနဲ့ စကားပြောရတာကိုက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီလို သူတို့တွေဆီက မြန်မာနိုင်ငံအကြောင်း နားထောင်ရတာ သဘောကျမိတယ်” ဟု ဂျူးဒစ်သ် ဝန်ခံထားသေးသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် ဂျူးဒစ်သ်ကို လာမည့် ကစားပွဲအတွက် ပါဝင်စေချင်ကြောင်း ပြောကြားထားသည်။ မြန်မာ အသင်းသားတစ်ယောက် ဒဏ်ရာထိခိုက်ပြီး လဲကျချိန် ကွင်းအတွင်း ပြေးဝင်၊ ပညာကုန် ပြုစုလေ့ရှိသော ရွှေလက်ချောင်း ပိုင်ရှင်လေးကား မကြာမီ အိမ်ပြန်တော့မည်။ နည်းပြချုပ်နှင့် သူတို့ မြန်မာအသင်းတွင် မည်သို့ ခရီးဆက်မည်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေး။

သမိုင်းဝင် မှတ်ကျောက်တင်ခဲ့သော မြန်မာလူငယ် အသင်းနှင့်အတူ ဂျူးဒစ်သ်ကို မြန်မာပရိသတ်များ အမှတ်ရနေဦးမည်မှာ ယုံမှားသံသယ မရှိဖွယ် ဖြစ်သည်။ သူ၏ ဘာလင်အိမ်ပြန် ခရီးတွင် လွမ်းဆွေးသူများ တပုံတပင် ကျန်ရစ်နေမည်မှာ မလွဲပါ။ သူကလည်း အောက်ပါအတိုင်း ထပ်တူစကားဆိုလေသည်။ “ကျွန်မ အရမ်းဆန္ဒရှိတယ်။ ဒီကလည်း လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုတာကို သဘောကျတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံ ထပ်လာဦးမှာပါ”

From: လဲ့ရည်မြင့်၊ အောင်သော်ဖြိုး

www.mmdailystar.com

KKO မှ ဗိုလ်ကြီး အောင်နိုင် နှင့် ပတ်သတ်သည့် အမေး ၊ အဖြေ များ



တစ်ဖက်အုပ်စု ...အများဆုံးမေးကြတဲ့ မေးခွန်းတွေထဲက ....ဖြေသင့်တယ်ထင်တဲ့  မေးခွန်းလေးတွေကို ...
စုစည်း ဖြေလိုက်ပါတယ် .....

၁။ မထင်မရှားတဲ့ ဓါတ်ပုံတပုံကို ပြပီး ကိုပါကြီး က သူပုန်ပါဆိုပီး ....ခါတော်မီ ဖာနေထေးနေကြတဲ့ ငတ များ....
==========================================
ဒီပုံကို အရင် စက်တင်ဘာ ၂၀ကတည်းက ....ကိုကျော်စွာမြင့် တင်ထားပါတယ် … ထားပါ ... မထင်ရှားဘူးဆိုလဲ ရပါတယ် …ဒီနေရာမှာ အဓိက ကျတဲ့ အချက်သည် ဓာတ်ပုံ မဟုတ်ပါ … ကိုပါကြီး သူပုန်ဟုတ် မဟုတ်ဆိုတဲ့ ကိစ္စပါ …Voice က တင်ထားတဲ့  ပုံအရတော့ ကိုပါဂျီးသည် တောတွင်း လက်နက်ကိုင်တွေ နဲ့  အဆက်အသွယ်ရှိနေတာ သေချာပါတယ် …

အဲဒီတော့ သူက သတင်းထောက်ပဲ ...အဲလို လုပ်လို့ ရတယ်လို့ စောဒက တက်စရာရှိပါတယ် …မရပါဘူး … မတရားသင်းအက်ဥပဒေ ရှိပါတယ် … သတင်းထောက်တစ်ဦးဟာ သတင်းမေးလို့ ရချင်ရပါမယ် …
အဲဒီလို တောထဲမှာ သူပုန်တွေနဲ့  ....စားအတူ သွားအတူလုပ်လို့ မရပါ …

လက်ရှိ ဘယ်သတင်းထောက်တွေ ....အဲဒီလိုလုပ်နေတာ တွေ့ ဖူးပါသလဲ …?သတင်းထောက် စစ်စစ် ဟုတ်နိုင်မဟုတ်နိုင် ခန့် မှန်းဖို့ ပါ …ဒါ သူရဲ့ နိုင်ငံရေးနောက်ခံကို ထည့်မစဉ်းရသေးပါ …

၂။ကိုပါကြီး ကို သေနတ်လုထွက်ပြေးလို့ ...ပစ်ရပါတယ် ပြောတယ်...ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် မှာ ဖြစ်သလဲ ....မိသားစုကို အကြောင်းကြားခဲ့သလား....
=====================================
ကိုပါကြီး သေတဲ့ ဖြစ်စဉ်ဟာ ...အောက်တိုဘာ၎ရက်နေ့ ည ၇နာရီခွဲ ပါ ….တပ်က ကိုပါကြီးကို KKO အောင်နိုင်လို့ သာ သိပါတယ် …သူတို့ နဲ့ တိုက်ပွဲဖြစ်နေတဲ့  အဖွဲ့ ကပါ …

ရှေ့ တန်းမှာ သေတဲ့  သူပုန်တိုင်းသာ ....အိမ်လိုက် အကြောင်းကြားရရင် ....၀န်ကြီးဌာန တစ်ခု ထပ်ဖွင့်ရမှာပါ …Oct 19 မှာ သူ့ အမျိုးသမီး က လာမေးတော့မှသာ ....ကိုအောင်နိုင်သည် ကိုပါကြီးမှန်း တပ်က သိတာပါ …ဒီအချက်ကို တရားဝင် ထုတ်ပြန်ထားပါတယ် …

၃။ သေဆုံးသူ အလောင်းကို မိသားစုကို ပြ ... PM လုပ်ပီး ဆရာဝန်နဲ့ စစ်ဆေး ....ဘာကြောင့်သေရပါတယ် ဆိုတာ....သတင်းစာရှင်းလင်းပွဲ လုပ်ပီး ...ပွင့်လင်းမြင်သာစွာ တိုင်းပြည်ကို ချပြခဲ့သလား....
==================================
သေတဲ့ နေရာကို အတိအကျပြောပြီးပါပြီ … သူ့ မိသားစုကလဲ ပြန်ယူမယ် ပြောပြီးပါပြီ …PM လုပ်ခြင်း မလုပ်ခြင်းဟာ သူ့ မိသားစုကိစ္စပါပဲ …

၎။ ဘာကြောင့် အလောင်းကို ...တောတွင်း တနေရာမှာ တိတ်တဆိတ် မြုပ်ပီး ...အလောင်းဆွေးချိန်ရောက်မှ ....စစ်မရတဲ့အချိန်ရောက်မှ ထုတ်ပြောရသလဲ ...
( အလောင်းက တောခွေး ဖော်စားလို့ အရိုးကျန်ရင် ကံကောင်းပေါ့ )
=======================================
ဒါကတော့ အလောင်းတစ်ခုကို ....စစ်ဆေးတဲ့ စနစ်ကို ....အသေးစိတ်မရှင်းတော့ပါ …

ရက် ၂၀ပဲ ကြာကြာ ....တစ်လပဲ ကြာကြာ ....သေနတ်ဒဏ်ရာနဲ့  သေတာ ....ဟုတ်မဟုတ် စစ်လို့ ရပါတယ် …

စစ်တပ်က အလောင်းဖျောက်ချင်ရင် ...မီးရှို့ လိုက်ပြီ …မြစ်ထဲပြစ်လိုက်ပြီ စသဖြင့် ...အများကြီးဖြေလို့ ရပါတယ် …

ဘယ်နား ဘယ်နားမှာ ...မြုပ်ထားပါတယ် ပြောနေတာကို ...အလောင်းဖျောက်ပါတယ် ...တိတ်တဆိတ် မြုပ်ပါတယ် ...ပြောနေတာ နားမလည်နိုင်ပါ …

၅။ စစ်မြေပြင်မဟုတ်တဲ့နေရာမှာ ....ရဲလက်ကနေ သံသယရှိသူတဦးကို ....စစ်တပ်က လွှဲယူပီး ဖမ်းဆီးနိုင်ခွင့်ရှိနေပီလား ....
===============================
ရှိပါတယ် …တိုက်ပွဲတွေ ဖြစ်နေတဲ့  နေရာမှာ ...သူပုန်လို့  ယူဆဖမ်းမိတဲ့ လူတစ်ယောက်ကို ရဲက မစစ်နိုင်ပါဘူး … ရဲက ဘာစစ်မှာပါလဲ …

သိချင်တာက ရန်သူ့ တပ် လှုပ်ရှားမှု ...လက်နက်တပ်ဆင်မှု စစ်သတင်း စသဖြင့် အချက်တွေပါ …
ရဲကို လေ့ကျင့်ပေးထားတာ ဒီကိစ္စတွေအတွက်မဟုတ်ပါ …

ဥပမာ- ရဲကို M79 ၁၀လက်ရှိတယ် လို့  ထွက်တယ် ဆိုပါစို့  … ဒါဆိုဗုံးသီး ဘယ်နှစ်လုံးလဲ လို့ ဆက်မမေးနိုင်ပါ ..ဘာလို့ တုန်းဆိုတော့ ....M79 သည် ဗုံးပစ်လောင်ချာမှန်း သူမသိလို့ ပါ …
တစ်ချို့ မှုခင်းတွေမှာ ....ရဲလက်က စသုံးလုံးတို့ ဘာတို့ က ...လွှဲယူသွားတာသည် ဒီသဘောဖြစ်ပါတယ် ….

၆။ကိုပါကြီးကို ဖမ်းဆီးမိတုန်းက လက်နက်ပါသလား ...သူ့ရဲ့ အသုံးအဆောင် ကင်မရာ Memory stick ,
Tape recorder စတာတွေ အခု ဘယ်မှာလဲ...
====================================
ရွှံ့ ဗွက်ပေ ရေစိုရွဲ နဲ့ တွေ့ တယ်လို့  ...သတင်းထုတ်ပြန်ထားပါတယ် … သေနတ်ပါပုံမရပါ …ကျန်တဲ့ ပစ္စည်းတွေလဲ ပါပုံမရပါ … မပါတာ ပိုအဆင်ပြေပါတယ် ….

တိုက်ပွဲဖြစ်နေတဲ့ ဒေသအတွင်း မှာ ....သတင်းထောက်ကဒ်မရှိ ….ကင်မရာ Memory stick , Tape recorder တွေနဲ့  တွေ့ တဲ့  ....အရပ်ဝတ်လူတစ်ယောက်ကို …တပ်တွေက စစ်သတင်းတွေ ထောက်လှမ်းနေတဲ့  ....သူလျိုလို့  ယူဆပါလိမ့်မယ် …

၇။နောက်ဆုံး မြေမမြုပ်ခင် ....စစ်တပ်ဘက်က ပြန်လည်ဖြေရှင်းဖို့ ....Safe -side ယူတဲ့အနေနဲ့ ....
မှတ်တမ်းအနေနဲ့ ဓါတ်ပုံ ၊ ဗီဒီယို ရိုက်ကူးခဲ့ပါသလား...
===============================
ရိုက်ပုံမရပါ …. တပ်က သူ့ ကို သိတာ KKO က ဗကအောင်နိုင်လို့ သာ သိတာပါ … မြုပ်နှံသဂြိုလ်ချိန်မှာ လဲ .....တိုက်ပွဲတွင်း ဖမ်းမိသူပုန်အနေနဲ့ သာ မြုပ်နှံခဲ့တာပါ …သတင်းထောက် မှန်း ....သက်သေအထင်အရှားပြနိုင်ရင် ....အဖမ်းခံရစရာကို အကြောင်းမရှိပါ …

၈။ ရန်ကုန်မြို့ပေါ်အပါအဝင် ...တစ်နိုင်ငံလုံးကို ထင်ထင်ပေါ်ပေါ် ....သွားလာနေတဲ့သူတစ်ယောက်က
တကယ်တမ်းသူပုန်ဖြစ်နေမယ် ....သက်သေ အထောက်အထားတွေလည်းရှိနေမယ်ဆိုရင် ....
ဟိုးပဝေသဏီကတည်းကဖမ်းပါလား။
==================================
အရင်က ဆက်ဆံနေတာ ဘာလို့ မဖမ်းတုန်းဆိုတော့ အရင်က ငြိမ်းချမ်းရေးလုပ် ...အပစ်အခတ်ရပ်ထားတဲ့  အဖွဲ့  ဖြစ်ပါတယ် ...ဖမ်းစရာ မလိုပါ ....ငြိမ်းချမ်းရေးပျက် တိုက်ပွဲတွေပြန်ဖြစ်တော့ ....တိုက်ပွဲခွင်ထဲ မှာရှိနေတော့ ဖမ်းခံရတာပါ …

ဖြစ်စဉ်ကို သိသလောက်ရှင်းပြတာပါ ...
ကျေးဇူးတင်ပါတယ် …. ။

From: ( ရဲမိုး )

www.mmdailystar.com

KKO ဗိုလ်ကြီးအောင်နိုင် ကိစ္စ ၊ အတင်းမယုံခိုင်းပါ



ဆန်းအောင် အဖွဲ့ မှ ...
ဗကအဆင့်ရှိ အောင်နိုင်(ခ)ပါကြီး သည် …
စက်တင်ဘာ ၂၆ ရက်နေ့ တွင် …
ဆန်းအောင် ၊ ယာဉ်မောင်းတစ်ဦးတို့ နှင့်အတူ …
ယာဉ်အမှတ်- 4G 4305 Ford Ranger ကားအဖြူဖြင့် …
ရန်ကုန် -မော်လမြိုင် - မုဒုံ-ချောင်းနှစ်ခွ လမ်းကြောင်းအတိုင်း ..
ဝင်ရောက်လာခဲ့ပြီး …
ကျိုက်မရောအခြေစိုက် ခမရ ၂၀၈မှ ....
လက်နက်များ သိမ်းဆည်းသွားခဲ့သော ....
စောဝင်းဇော်ဦးစီး ၂၀ဦးနှင့် …
ရွှေဝါချောင်တွင် ထိုနေ့ ညနေပိုင်းတွင် …
ပူးပေါင်း အခြေပြုခဲ့ပါသည် ….

စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောစော …
ရွှေဝါချောင်ရွာမှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေစဉ်…
နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် …
တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး …
ဆန်းအောင်ဦးစီး အဖွဲ့ သည် တောင်ဘက်သို့ ဆုတ်ခွာ ၍ …
ရွှေဝါချောင် အနီးတောင်ကုန်းများတွင် …
တပ်ဖျောက်အခြေပြုခဲ့ပါသည် ….

စက်တင်ဘာ၂၈တွင် …
နယ်မြေရှင်းလင်းနေသော …
တပ်မ ၂၂ လက်အောက်ခံတပ်များနှင့် …
ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာခဲ့ရကာ …
အနီးတ၀ိုက်ရှိ တောအတွင်းတွင် …
စက်တင်ဘာ ၂၈ ၊ ၂၉ ရက်နေ့ များတွင်..
ပုန်းအောင်းနေခဲ့ရပါသည် ….

စက်တင်ဘာ ၃၀ရက်တွင် …
ဆန်းအောင်သည် အောင်နိုင်(ခ)ပါကြီးအား …
အရပ်ဝတ်လဲလှယ်စေပြီး …
လိုအပ်သော ဆက်သွယ်မှုများပြုလုပ်ရန် …
မြ၀တီသို့ စေလွှတ်ခဲ့စဉ် …
အတ္တရံ မြစ်ကြောင်းတစ်လျောက် ပိတ်ဆို့ ထားသော …
တပ်မ ၂၂ လက်အောက်ခံ တပ်များနှင့် …
လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ က …
ဖမ်းဆီးရမိခဲ့ပါသည် ….

ထိုသို့  ဖမ်းဆီးရမိခဲ့စဉ် …
၎င်းထံမှ စက်တင်ဘာ၂၆ရက်နေ့  ၌ဖြစ်ပွားခဲ့သော …
တပ်မတော် နှင့် ရဲတပ်ဖွဲ့ ဝင်များအား …
ဖမ်းဆီးထိန်းသိမ်းမှု ပုံများပါဝင်သည့် …
မင်မိုရီကဒ်များ သိမ်းဆည်းရမိခဲ့ပါသည် …

စစ်ကြောဖော်ထုတ်ချက်များ အရ …
အောင်နိုင် (ခ) ပါကြီးမှာ ဆန်းအောင်၏ တပည့်ဖြစ်ခြင်း …
ရွှေဝါချောင် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော …
တပ်ဖွဲ့ ဝင်တစ်ဦး ဖြစ်နေခြင်းတို့ ကြောင့် …
ပိတ်ဆို့ ရှင်းလင်းရေးဆောင်ရွက်နေသော …
ရှေ့ တန်း စစ်ကြောင်းသို့  …
အောက်တိုဘာလ ၄ ရက်နေ့ တွင် …
လွှဲပြောင်းပေးအပ်ခဲ့ပါသည် …..

ရှေ့ တန်းစစ်ကြောင်းများသည် …
ရွှေဝါချောင် အနီးတစ်ဝိုက်ရှိ …
ဆန်းအောင်နှင့်အဖွဲ့  …
၂၆၊၂၇၊၂၈၊၂၉ ရက်နေ့ များတွင် …
ပုန်းအောင်း အခြေပြုခဲ့သောနေရာများနှင့် …
လက်နက်များ ၀ှက်ထားသော နေရာများအား …
အောင်နိုင် (ခ) ပါကြီး၏ ...
လိုက်လံပြသပေးမှု နှင့်အတူ ရှင်းလင်းခဲ့ရာ …
ဝှက်ထားသော
မိုင်းနှင့် ဆက်စပ်ပစ္စည်းများ …
ခမရ ၂၀၈ မှ သိမ်းယူသွားသော ပစ္စတို တစ်လက်နှင့် …
ချေမှုန်းရေး ရိုင်ဖယ် သုံးလက်အား …
ပြန်လည် တွေ့ ရှိခဲ့ပါသည် ….

နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းသည်
ရွှေဝါချောင်းကျေးရွာ ၏ တောင်ဘက်
မီတာ ၁၀၀၀ ခန့်အကွာ ၌ ...
ထိုနေ့  ည အိပ် အခြေပြုနေစဉ် ...

ည ၇ နာရီ ၄၅ မိနစ်ခန့် ၌ …
အောင်နိုင် (ခ) ပါကြီးမှ အပေါ့သွားရန် ခွင့်တောင်းကာ …
ကင်းစောင့် စစ်သည်အား ရုတ်တရက် လုံးထွေးပြီး...
သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပါသည် ….

ထိုသို့ ကြိုးပမ်းစဉ်…
ကင်းစောင့်စစ်သည်မှ ပစ်ခတ်သည့်အတွက်...
သေနတ်ဒဏ်ရာနဲ့  သေဆုံးခဲ့ပြီး …
အလောင်းအား ရွှေဝါချောင်ကျေးရွာ၏ တောင်ဘက် ….
မီတာ ၈၀၀ ခန့်အကွာတွင် ...
ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်ခဲ့ပါသည် …
==============================

ဒါ က ထပ်စုံစမ်းလို့ ရတဲ့ သတင်းပါ ….
ဘယ်က စုံစမ်းလို့ ရလဲဆိုတော့ …
တပ် အသိုင်းအ၀ိုင်း နဲ့  နယ်မြေခံ တပ်တွေကပါ …

မန်မိုရီကဒ် ကိစ္စပါလာပါပြီ ....
သတင်းစာရှင်းလင်းပွဲ မှာ ...
တပ်က တာဝန်ရှိသူတွေကို ထုတ်ပြခိုင်းပါ ....
ဒါဆို အဖြေက ရှင်းပါပြီ ...

တစ်ဆက်တည်း ပြောချင်တာက …
ကျွန်တော် ရေးတာတွေကို ....
မယုံဘူးလို့  ပြောရင်လဲ ရပါတယ် …
အတင်း မယုံခိုင်းပါ …

ကျွန်တော်ကလဲ ….
ကျွန်တော် စုံစမ်းလို့ ရသလောက် တင်ပြပါတယ် ….
ဘာလို့ လဲ ဆိုတော့ …
ကိုပါကြီးကို အကြောင်းပြုပြီး …
တစ်ဖက်က နိုင်ငံရေး အမြတ်ထုတ်နေလို့ ပါ ….
ဒီအတွက် ဖြေရှင်းတင်ပြနေရခြင်း ဖြစ်ပါတယ် …

ပြောချင်တာက ….
ကျွန်တော် ရေးတာ …
ဘယ်သူ့ ကိုမှ အတင်းလာမဖတ်ခိုင်းပါ ….
ဘယ်သူ့ မှလဲ အတင်းမယုံခိုင်းပါ …
ဘယ်သူ့ ကိုမှလဲ Tag မလုပ်ပါ …
မမြင်ချင်ရင် ဘလော့ထားပါ …
ဒီထက်ရှင်းအောင်လဲ မပြောတတ်တော့ပါ … ။ ။

( ရဲမိုး )

( Photo- ဒီပုံက အောက်တိုဘာ ၁၀ရက်နေ့ မှာ တက်လာတာပါ ...ကြွားလုံးထုတ်လွန်းလို့  ၀ိုင်းဟားခဲ့ ကြတာ ...မှတ်မိမယ် ထင်ပါတယ် ...ဖြစ်စဉ်နဲ့  ဆက်စပ်စဉ်းစားနိုင်ဖို့ ပါ )
 
 
From:Ye Moe


www.mmdailystar.com

RSOသတင်းကြောင့် ရခိုင်ကမ်းရိုးတန်းတွင် စစ်ရေယာဉ်များ ကင်းလှည့်ရန် စီစဉ်ထား Oct 26, 2014

ရခိုင်ပြည်နယ် ၊ နယ်စပ်မြို့များတွင် ရိုဟင်ဂျာ စစ်သွေးကြွများအဖွဲ့ (RSO) များ ဝင်ရောက်မည်ဆိုသောသတင်းများအပေါ် လူထု၏ ထိတ်လန့်မှုများကို ထိန်းချုပ်နိုင်ရန် လက်နက်တပ်ဆင်ထားသောကင်းလှည့်ရေယာဉ်များဖြင့် ရေကြောင်းလုံခြုံရေးကင်းလှည့်မည်ဟု မောင်တော အမှတ်(၁) ဝင်ထွက် စခန်းမှ တာဝန်ရှိသူက ပြောသည်။




စစ်တွေဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် တပ်မတော်(ရေ) စစ်သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ) ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေး တိုးမြှင့်ရန် တပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးချထားသည်ဟု လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတို့က ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့များတွင် RSO အဖွဲ့များ ဝင်ရောက်မည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး နယ်စပ်တိုင်းရင်းသား ကျေးရွာများတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့များတွင် RSO အဖွဲ့များ ဝင်ရောက်မည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီး နယ်စပ်တိုင်းရင်းသား ကျေးရွာများတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ရေကြောင်း လုံခြုံရေးကင်းလှည့်တဲ့ နေရာမှာ အဓိကသုံးမယ်၊ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးဖွဲ့ထားတယ်။ အင်အားကိုတော့ပြောခွင့်မရှိဘူး” ဟု ပြောသည်။

အဆိုပါရေယာဉ်များဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်းနယ်စပ် ဖြစ်သော ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေး ကို အဓိကထားမည် ဖြစ်သည်။

အဆိုပါ ရေယာဉ်နှစ်စင်းကို မောင်တော အမှတ် (၁) နယ်စပ်အ၀င်အထွက် စခန်းတွင် ထားရှိပြီး အပတ်စဉ် ကင်းလှည့်မှုများပြုလုပ်မည်ဖြစ်သည်။

မောင်တောမြို့နယ် မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးစံညွန့်ရွှေက “ရွာတွေမှာတော့ RSO နဲ့ ပတ်သက်တဲ့ သတင်းလိုလိုကောလာဟလလိုလို ထွက်နေတုန်းပဲ။ မြို့ပေါ်မှာတော့ မရှိဘူး” ဟု ပြောသည်။

RSO တပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်မည့် သတင်းများကြောင့် စက်တင်ဘာလ အတွင်းက မောင်တောနယ်စပ်တွင် တပ်အင်အား တိုးချဲ့ခြင်း၊ ကင်းလှည့်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင် မြို့နယ်များတွင် ရေကြောင်းတပ်ဖွဲ့များလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

လက်နက်တပ်ဆင်ထားသော ကင်းလှည့်ယာဉ်နှစ်စင်းကို ရေကြောင်းရဲတပ်ဖွဲ့က အသုံးပြုသွားမည်ဖြစ်သည်။

From:Mizzima

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...