Monday, 27 October 2014

အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်း ဝင်ရောက်ခြင်းနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသားများနှင့် အိမ်ထောင်ကျခဲ့သော အမျိုးသမီး ၁ဝ ဦးမှာလည်း ဗုဒ္ဓဘာသာသို့ပြန်လည်ဝင်ရောက်ပွဲကျင်းပ


ရန်ကုန်၊ အောက်တိုဘာ ၂၆

အစ္စ လာမ်ဘာသာဝင် အမျိုးသားတစ်ဦး မှ ဗုဒ္ဓဘာသာသို့ကူးပြောင်းဝင်ရောက် ခြင်းနှင့် အစ္စလာမ်ဘာသာဝင်အမျိုး သားများနှင့် အိမ်ထောင်ကျခဲ့သော အမျိုးသမီး ၁ဝဦးမှာလည်း ဗုဒ္ဓဘာ သာသို့ ပြန်လည်ဝင်ရောက်ပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

''မဘသ(ဗဟို)အနေနဲ့ဆိုရင် ငါးကြိမ်မြောက်ရှိပြီ။ ဗုဒ္ဓဘာသာကို ကူးပြောင်းလာတာကလဲ သူတို့စိတ် ဆန္ဒအတိုင်းပြောင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ဆက်သွယ်လာ လို့ ပြောင်းပေးတယ်။ စာချုပ်လဲပေး တယ်။ ဗုဒ္ဓဘာသာကို ကူးပြောင်းချင် တယ်ဆိုရင် တရားဝင်လျှောက်လွှာ တင်ရတယ်။ သေချာအောင်လို့ အချိန် ငါးရက် ထပ်ပေးတယ်။ သေချာပြီ ဆိုရင်တော့ ပြောင်းပေးတယ်''ဟု အမျိုးဘာသာသနာစောင့်ရှောက် ရေး(ဗဟို)ဥပဒေအကြံပေးရှေ့နေ ဦးအေးပိုင်က ဆိုသည်။

အစ္စလာမ်ဘာသာဝင် အမျိုး သားတစ်ဦးမှာ အသက်အရွယ်အား ဖြင့်လည်း အရွယ်ရောက်ရှိပြီဖြစ် သည့်အပြင် ၄င်း၏မိဘများမှလည်း ပိတ်ပင်တားမြစ်ခြင်း မရှိသည့်အတွက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းဖြစ် ကြောင်း၊ အမျိုးသမီးဆယ်ဦးမှာလည်း ၄င်းတို့၏ စိတ်သဘောဆန္ဒအရ ဗုဒ္ဓဘာသာသို့ ပြန်လည်ဝင်ရောက် ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်အမျိုးသမီးက ဗုဒ္ဓ ဘာသာဝင်ဖြစ်တဲ့အတွက် ကူးပြောင်း ဖြစ်တာပါ။ ပြီးတော့ ကျွန်တော့် မိဘတွေကလဲ ကိုယ်လုပ်မှကိုယ်စား ရမယ်လို့ပြောတဲ့ အတွက် ဗုဒ္ဓဘာ သာကိုကူးပြောင်းတယ်။ အစ္စလာမ် ဘာသာက ကျွန်တော့်ရဲ့အနုပညာ အလုပ်နဲ့လဲ ကိုက်ညီမှု မရှိတဲ့အ တွက် အခွင့်အရေးတွေရအောင်လို့ ကူးပြောင်းခဲ့တာဖြစ်ပါတယ်'' ဟု အစ္စ လာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူး ပြောင်းခဲ့သော ဇန်ဘိုရှိန်းက ပြော ကြားခဲ့သည်။

လက်ရှိတွင် မွတ်စလင်လူမျိုး ဇန်ဘိုရှိန်းသည် အနုပညာလောက တွင် မော်ဒယ်သရုပ်ဆောင်နှင့် ရုပ်ရှင် ကားများကို ဇန်အမည်ဖြင့် ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲကို အောက်တိုဘာ ၂၆ရက် အင်းစိန်ရွာမ ပရိယတ္တိစာသင် တိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြုလုပ်သည့် ငါးကြိမ် မြောက်ကျင်းပသော ဘာသာကူး ပြောင်းပွဲဖြစ်ကြောင်း သိရသည်။

From:YMG

www.mmdailystar.com

KKO က အောင်နိုင်ဟာ အလွတ်တန်းသတင်းထောက်ပါ ဆိုသူတွေ အတွက် ဒီပုံလေး တွေကြည့်ပြီး မှတ်ချက်ပေးခဲ့ပါ။

KKO က ဗက အဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ အောင်နိုင် (ခ) ပါကြီး ဟာအလွတ်တန်းသတင်း
ထောက်ပါဆိုသူတွေ အတွက် သေဆုံးသူကို အားနာသော်လည်း ဓာတ်ပုံနဲ့တကွ တင်ပြပေးလိုက်ပါတယ်။
အလွတ်တန်း သတင်းထောက်ဆိုသူကြီးက စိန်ပြောင်းနောက်ထားပြီး သူပုန်တွေနဲ့ ထမင်းတွေစား ဘယ်တိုက်ပွဲတုန်းက ဘာညာလို့ မှတ်ချက်တွေ ပေး သတင်းထောက်ဆိုတာ သူပုန်တွေနဲ့ အဲ့လို ပဲလား..
အဲ့ဒီတော့ အောင်နိုင် (ခ) ပါကြီး ဟာ သတင်းထောက်လား ၊ သူပုန်လား ကိုယ့်ဦးနှောက်နဲ့ကိုယ်စဉ်းစား


စိန်ပြောင်းရဲ့ ရှေ့ ၊ မိုးသီးဇွန် ရဲ့ ဘေးက ဘယ်သူလဲ

အောင်နိုင် (ခ) ပါကြီး ဘာမှတ်ချက်ရေးထားလဲ
........
မ၀ လို့ ပဲဟင်းတောင်းနေတာကရော ဘယ်သူလဲ
ညီအကိုတွေ ဘာတွေ ဆွေးနွေးလဲ ၊ အောင်နိုင်(ခ)ပါကြီးကိုရော မြင်လား

မိုးသီးဇွန် နဲ့ ကွယ်နေတာ ဘယ်သူလဲ
From:OE

www.mmdailystar.com

သူပုန်ဗိုလ် အောင်နိုင် (ခ) ပါကြီးသေဆုံးမှုအား နိုင်ငံရေးအမြတ်ထုတ် ဟု ဆို

မိုးသီးဇွန်ဘေးတွင် ထမင်းစားနေသည့် သူပုန်ဗိုလ် အောင်နိုင်


Monday, October 27, 2014

လက်ရှိ အငြင်းပွားနေသည့် သတင်းထောက်အမည်ခံ၊ သူပုန်ဗိုလ် ပါကြီး သေဆုံးမှုအား}
နိုင်ငံရေးအမြတ်ထုတ်နေ ကြသည် ဟု အမျိုးသား ကာကွယ်စောင့်ရှောက်ရေး
အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြား လိုက်ကြောင်း သိရသည်။

မကြာသေးခင်က တိုက်ပွဲဖြစ်ရာနယ်မြေအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိရာမှ စစ်ဆေးထိန်းသိမ်းခဲ့သော သူပုန်ဗိုလ် ပါကြီးအား သတင်းထောက်ဟုဆိုကာ ဝေဖန်ရှုတ်ချနေမှုများသည် နိုင်ငံရေး
အမြတ်ထုတ်နေသူများသာ ဖြစ်ကြောင်း အမျိုးသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က ဆိုသည်။

“ပါကြီး ဆိုတာ ဘာလဲ။ သုံးရောင်ခြယ်မှာ ပါခဲ့ဘူးလို့ နိုင်ငံရေးသမားဆိုပြီး ပြောတယ်။ မိုးသီးဇွန်နဲ့ ပေါင်းပြီး တောထဲမှာ သူပုန်လုပ်ခဲ့တယ် ဆိုပြီး စစ်တပ်က ပြောတယ်။ အလွတ်တန်းသတင်းထောက်ပါ ဆိုပြီး ပြောကြတဲ့ သူတွေက ပြောတယ်။ ကွဲနေတဲ့ မိန်းမက သူတို့မကွဲသေးပါဘူး ဆိုပြီး ဗြောင်လိမ်တယ်။ ဒါလောက်နဲ့ ပြီးပြီလား ဆိုရင် မပြီးသေးဘူး။ ရန်ကုန်မြို့လယ်ခေါင်မှာ ဆန္ဒပြတယ်။ အဓမ္မ၀ါဒ ဆိုပြီး အော်တယ်။ ဒါက ဒီမိုကရေစီ သူရဲကောင်းတွေလား ကျွန်တော်တို့ မေးချင်တယ်။ မင်းကိုနိုင်နဲ့ ကိုကိုကြီးက ရင်ဆိုင်ဖို့ အသင့်ပဲ ဆိုပြီး စိန်ခေါ်တယ်။ ဘာကို ရင်ဆိုင်မှာလဲ။ ဘာကို အသင့် ဖြစ်နေတာလဲ။ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းရေး ဆန္ဒပြပွဲမှာကျတော့ တုပ်တုပ်မလှုပ်ဘူး။ စစ်တပ်က ဗိုလ်ကြီးဇော်မျိုးထက် ခေါင်းဖြတ်၊ ဗိုက်ခွဲခံရ တုန်းက တစ်ခွန်းမဟဘူး။ စစ်တပ်က စိတ်နာမယ် ဆိုလည်း နာစရာပါပဲ။ စစ်တပ်ကို ရန်သူ ဆိုပြီး သတ်မှတ် နေသမျှ ကာလပတ်လုံး စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့ စကား ဘယ်တော့မှ မပြောပါနဲ့” ဟု အမျိုးသား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆန္ဒပြနေတဲ့သူတွေ တိုက်ပွဲနေရာမှာ ပါကြီး ဘာဖြစ်လို့ရောက်နေတာလဲ။ ဘာဖြစ်လို့ သူပုန်ယူနီဖောင်းဝတ်ထား ရတာလဲ။ ဘာဖြစ်လို့ သေနတ်တွေ ၀ှက်ထားတဲ့နေရာတွေကို လိုက်ပြီး ပြနိုင်ရတာလဲ။ ပါကြီးရဲ့ အသက်မွေးဝမ်း ကျောင်းက ဘာလဲ။ သတင်းဌာနတွေကို စိတ်ကူးရရင်ရသလို သတင်းတွေ တစ်ခါတစ်လေ ပို့ခဲ့တာနဲ့ သတင်း ထောက် ဖြစ်ပြီလား။ ပါကြီးဆီမှာ သတင်းထောက် ကဒ်(၂)ကဒ်၊ ကေအင်န်ယူကဒ်(၁)ကဒ် တွေ့ရတယ် ပြောတယ်။ သတင်းထောက်ကဒ်ကတော့ ထားလိုက်။ ကေအင်န်ယူကဒ်က ဘာဖြစ်လို့ ကိုင်ထားတာလဲ။ သတင်းဌာနတွေအနေနဲ့ သူတို့ဌာနရဲ့ သတင်းထောက် အစစ်အမှန်ဖြစ်တယ်လို့ ဘာဖြစ်လို့ ကြေညာချက် မထုတ်ကြသလဲ။ ဒီကနေ့အထိ ပါကြီးဟာ ဘယ်သတင်းဌာနတွေကို ပို့နေတယ်၊ ပါကြီးရဲ့ သတင်းတွေကို ဘယ်သတင်းဌာနတွေက သုံးနေတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ သတင်းထောက်ကို သတ်တယ် ဆိုပြီး ပုံကြီးချဲ့နေကြတာ စိတ်ပျက်စရာ ကောင်းတယ်” ဟု ၄င်းက ပြောကြားသည်။

တပ်မတော်နှင့် နီးစပ်သူတစ်ဦးကလည်း “သတင်းထောက်ဆိုရင် သတင်းထောက်၊ နိုင်ငံရေးသမားဆိုရင်
နိုင်ငံရေးသမား ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ အခုဟာက ရောင်တော်ပြန်နဲ့ သတင်းထောက်ဆိုပြီး ရောကြိတ်တယ်။ ထိုင်းမှာ မြန်မာအလုပ်သမား(၂)ယောက် မတရား ခံရတဲ့ကိစ္စမှာ ၈၈ ကျောင်းသားတွေ ဘာအသံမှ မထွက်လာခဲ့ဘူး။ အယ်ကေးဒါးတွေ မြန်မာနိုင်ငံကို စစ်ကြေညာတော့ ဘာအသံမှ မထွက်ခဲ့ဘူး။ အမျိုးစောင့် ဥပဒေ ပြဌာန်းဖို့ ဆရာတော်တွေ တောင်းဆိုတုန်းက ဘာအသံမှ မထွက်ခဲ့ဘူး။ ပါကြီးကိစ္စကျမှ ဆူးလေမှာ ဆန္ဒတွေပြ၊ ဝေဖန်ရှုတ်ချ လုပ်လာကြတာ အော့နှလုံးနာတယ်” ဟု ဝေဖန်ပြောကြားသည်။

“ဒီကိစ္စမှာ ပါကြီး ဘာလဲ ဆိုတာ အတိအကျ သိရရင် ရှင်းပြီပဲ။ သတင်းထောက်ဆိုရင် ဘာဖြစ်လို့ တိုက်ပွဲ ဖြစ်တဲ့ ကြားကို ရောက်နေရသလဲ။ ပါကြီး ထွက်ဆိုချက်တွေမှာ စစ်တပ်က သိထားတဲ့ဟာ ဘယ်လောက်ရှိနေသလဲ ဘယ်သူမှ မသိနိုင်ဘူး။ စစ်တပ်က ထုတ်ပြန်ချက်မှာ ပါကြီးဟာ သူပုန်ဗိုလ်အောင်နိုင်ဆိုပြီး ပြတ်ပြတ်သားသား ပြောထားတယ်။ မီဒီယာတွေက သတင်းထောက်ဆိုတာနဲ့ ကျီးကန်းအာသလို ၀ိုင်းအာကြတယ်။ ပါကြီး သူပုန်ဗိုလ် ဖြစ်တာ သေချာရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ စစ်တပ်ကို ဦးချတောင်းပန်မှာလား မေးချင်တယ်။ အခု ဝေဖန် ရှုတ်ချရေးနေကြတဲ့ မီဒီယာတွေအကုန်လုံး ဖင်ဗူးတောင်းထောင်ပြီး ၀န်ချတောင်းပန်မှာလား သိချင်တယ်။ ဗိုလ်ကြီးဇော်မျိုးထက် ခေါင်းဖြတ်ခံရတာ၊ ဗိုက်ကိုအခွဲခံရတာ ဒါတွေကိုကျတော့ နိုင်ငံသားအခွင့်အရေး၊ လူသားချင်း စာနာမှု ဘယ်သူ တစ်ခွန်း ပြောခဲ့သလဲ။ ၈၈ တွေကိုရော၊ လုပ်စား နိုင်ငံရေးသမားတွေကိုရော မေးချင်တယ်။ အဲဒီလို ဖြစ်ရပ်တွေ စစ်တပ်မှာ အများကြီးပဲ။ စစ်ဆင်ရေးနယ်မြေမှာ သူပုန်အ၀တ်အစားနဲ့ သူပုန်ပုံစံ ဖမ်းထားရင် ဖမ်းမယ်၊ စစ်မယ်၊ ထွက်ပြေးဖို့ ကြိုးစားပြီး သေနတ်လုတာတွေ လုပ်ရင် ဒီအတိုင်းပဲ ကြုံရမှာပဲ။ အကြောင်းအရင်း တိတိကျကျ မသိရသေးဘဲနဲ့ စွပ်စွဲပြောကြားနေတာတွေ ရပ်တန်းက ရပ်သင့်ပြီ။ ဥပဒေနဲ့ အညီ အခွင့်အရေး လိုချင်ရင် ဥပဒေအတိုင်း လုပ်၊ တရားစွဲတာတွေ လုပ်၊ မှန်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ အေး။ စစ်တပ်ကို စော်ကားပြီးရင်တော့ ကိုယ်မှားပြီ ဆိုပြီး သိတဲ့အချိန် ပြန်တောင်းပန်ဖို့ ၀န်မလေးနဲ့” ဟု ၄င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် လွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ ထွက်ရှိလာခဲ့ရာ စစ်တပ်က အတော်များများ သဘောမတူသဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်ကာ တိုက်ခိုက်နေခြင်း ဖြစ်နိုင်ကြောင်း၊ စစ်တပ်က သဘောမတူလျှင် မည်သည့်ပြင်ဆင်ချက်မှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်တပ်ကို တမင် ရည်ရွယ်ကာ ထိုးနှက်တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် သူပုန်ဗိုလ်အောင်နိုင် (ခ) ပါကြီး
သေဆုံးသည့်ကိစ္စ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

From:ပြည်သူ့အာဏာ

www.mmdailystar.com

ဦးပိုင်ကြီးဖျက်သိမ်းပါ လို့ သာ အော် ကြသူများ..... လွှတ်တော်အတွင်းက တမတ်သား ဘာ့ကြောင့်ထားလဲ ဆိုသူများ......

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က
Military Operation အတွက်
ကျပ်သန်း ၃၀၀ ကိုများလွန်းတယ်
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ကာလမှာ
စစ်ရေးအသုံးစားရိတ်
လျှော့သုံးသင့်တယ် လို့ ဆိုတယ် ။
ဦးပိုင်ကြီးဖျက်သိမ်းပါ လို့ သာ အော် ကြ တယ် ။
ဘာကြောင့် ရှိလာတယ်ဆိုတဲ့
ဇစ်မြစ် ကိုနားမလည်သလို
ဘယ်လိုလုပ်ဆောင်ရင်တော့
ဖျက်သိမ်းနိုင်တယ်ဆိုတဲ့
စဉ်းစား/တွေးခေါ်မှုမျိုးလည်း မလုပ်ကြဘူး။
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အတွက်
စစ်ရေးအသုံးစားရိတ်ကို
လျှော့သုံးသင့်တယ်ဆိုလို့
တခြားနိုင်ငံတွေက ဂရပ်တွေ ယူကြည့်ကြည့်ပါ ။
အတော်များများ ဒီမိုကရေစီကျင့်သုံးနေတဲ့နိုင်ငံတွေ
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့နိုင်ငံတွေပါ ။
အောက်ကို ထိုးကျသွားတယ်ဆိုတဲ့
ဂရပ်ရှိမရှိ ကြည့်စေချင်တယ် ။
ဒေါ်နန်းဝါနု ပြောသလိုဆိုရင်
အားလုံး က အာဏာရှင်စနစ်ကို
ဖော်ဆောင် နေသလိုဖြစ်နေတယ် ။
ဦးပိုင်ရှိနေတာ စောက်လုပ်ရှုပ်ပါတယ် ။
တပ်တစ်တပ် ရဲ့ တပ်ကိစ္စအပြင်
အဲဒီသွင်းငွေ / ထုတ်ငွေ တွေ နဲ့
ဘယ်လောက်လုံးပမ်းရလဲဆိုတာ
တပ်က ရေး/ထောက်တွေ အသိဆုံး ။
လကုန်လာရင် စစ်သည်တွေ ရဲ့
မလောက်မငှ လစာ ထဲက နေ
အချိုးကျထည့်ဝင်ဖို့
မျက်နှာတွေကို ဘယ်လို စိတ်နဲ့ကြည့်နေရတယ်ဆိုတာ
ဦးစီးအရာရှိတွေ အသိဆုံး ။
ခုချိန်ထိ နိုင်ငံ ဘက်ဂျက် က နေ
စစ်မှုထမ်းတွေအတွက်
လစာငွေ တွေ မပေးနိုင်သေးဘူး
ပေးတဲ့ ဘက်ဂျက် က
မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းတွေ
ဝယ်တာ နဲ့ ကုန်တယ် ။
ရေပေါ်ဆီ လူတန်းစားတွေ
အကျင့်ပျက်နေသူတွေ ရှိတယ်ဆိုတာ မှန်ပါတယ်
သို့သော် ဦးပိုင်ဖျက်သိမ်းလိုက်ရင်
အဲဒီလစာ ရိက္ခာငွေ တွေ ဘယ်လိုရပ်တည်မလဲ
တခြားနိုင်ငံတွေနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့
တပ်မတော်ဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲ ဆိုတာ
ဘယ်သူမှ အာမခံချက်မပေးနိုင်ကြသေးဘူး ။
နည်းလမ်းလည်း မရှိသေးဘူး ။
တပ်မတော် ဟာ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့
လုပ်ရပ်မျိုး မလုပ်အောင်
စစ်သည်တွေပေါ် စာနာနားလည်စိတ်ရှိရဲ့လား
ဆိုတော့ လည်း မရှိဘူး ။
အဓိက က နိုင်ငံရေးအမြတ်ထွက်ဖို့
နိုင်ငံ ရေး နေရာရဖို့
အာဏာ လက်ဝယ်ရရှိဖို့လောက်သာ
အာသီသရှိကြတယ် ။
တစ်နှစ်စာ military operation အတွက်
အဆိုပြုတဲ့ ငွေ ဟာ မြန်မာငွေ ကျပ်သန်း ၃၀၀ ပါ
အမေရိကန် ဒေါ်လာ နဲ့ တွက်ရင် ၃ သိန်းပါ
မဇ်ဇိုင်းတစ်လုံးဖိုးတောင် မရှိတဲ့ ငွေ ဖြစ်ပါတယ် ။
အဲဒီ ကျပ်ငွေ သန်း ၃၀၀ ဆိုတာ
တစ်ရက် အသုံးစားရိတ်
၈ သိန်း ၂ သောင်းကျော်ပဲရှိပါတယ်။
အဲဒါ တပ်မတော် တစ်ရပ်လုံး
စစ်သည် ၄ သိန်းစာအတွက်ပါ
လွှတ်တော် ကိုယ်စားလှယ် ၆၄၆ ယောက်အတွက်
တစ်ရက်လွှတ်တော်စားရိတ်ဟာ
သိန်း ၃၀ ကျော်ရှိပါတယ် ။
ယူအက်စ် စစ်သည်တစ်ယောက်မှာ
ဝတ်ဆင်ထားတဲ့ ယူနီဖောင်း တစ်စုံဟာ
ကျည်ကာဟဲလ်မတ် ၊ ကျည်ကာအင်းကျီ မပါ
equipment မပါ ဒေါ်လာ ၁၀၀၀ ကျော်ရှိတယ်
မြန်မာငွေ နဲ့ တွက်ရင် ၁၀ သိန်းနီးပါး ဖြစ်ပါတယ် ။
မြန်မာ့တပ်မတော် က စစ်သည်တွေ အတွက်
ရှေ့တန်းမှာ ၆ လစကေးလ်နဲ့ ထုတ်ပေးတဲ့ ယူနီဖောင်း
တောစီးဖိနပ် ခံလှပါတယ်ဆိုရင် ၃ လပေါ့
ဖာလိုက်ပြဲလိုက် ချုပ်မရတော့ တဲ့ အဆုံး
ကျွတ်ကိုက်ခံ ဘောလုံးကန်ဘောင်းဘီဝတ်
သုံးမရတော့တဲ့ ကျောပိုးအိတ်ပစ်...
ကြိမ်ခြင်းတောင်းလွယ် ၊ ပါလာတဲ့ စလစ်ပါ ချစီး
တောထဲမှာ မျှစ်ချိုးစားလိုက်
ငှက်ပျောအူထုတ်စားလိုက်
ကောက်ကောက်ညွန့် ခူးစားလိုက်
ခွေးသေးပန်းရွက် ခူးစားလိုက်
စားခဲ့ ရတဲ့ ဘဝတွေ ကို ပြန်သတိရတိုင်း
ခင်ဗျားတို့ ပါးစပ်က
စေတနာဆိုတဲ့ စကားတွေကို ရွံတယ် ။
အာဏာရှင်စနစ် မုန်းပါတယ်
ခြစားမှုတွေ ၊ မမျှတမှုတွေကို
ကိုယ်တိုင် တတ်နိုင်တဲ့ နေရာက
ရှောင်ရှားခဲ့တယ် ။ တားဆီးခဲ့တယ် ။
ဒါပေမဲ့ အဲဒီ အတွေးတွေ
အဲဒီအကွက်တွေ ကို ကြိုမြင် လို့
မလုပ်သင့် မလုပ်ထိုက်တဲ့ ကြားက
ဦးပိုင်ဆိုတာကြီးကို ဖွဲ့သွားတဲ့
စစ်ခေါင်းဆောင်တွေ လုပ်ရပ်ကို
လက်ခံနေရတုန်းပဲ ။
သူတို့ဖာသာ သူတို့
ကောင်းချင်မှ ကောင်းလိမ့်မယ် ။
ဒါပေမဲ့ သူတို့ အတွေးမှန်တယ် ။
( Credit - ရုပ်ဆိုး )
========================
ဒါကတော့ ညီလေးရုပ်ဆိုးစာကို
ကျွန်တော် ထပ်ဖြည့်ချင်တာပါ ...
တစ်မတ်သားကို ထည့်သွားခဲ့တဲ့ ...
သူတို့ အတွေးလဲ မှန်တယ် ...
၄၃၆ ကို ပြင်ရင် ...
တစ်မတ်သားကို လွှတ်တော်ထဲက ...
ထုတ်ပြစ်လိမ့်မယ် ...
တစ်မတ်သား ထွက်သွားပြီးရင် ...
ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ...
ဒီကိစ္စနဲ့  မှန်းကြည့်လို့ ရတယ် ...
လက်နက်ကိုင် ၂သိန်းရှိတဲ့ တိုင်းပြည်မှာ ...
စစ်တပ်ကို အင်အားကောင်းအောင် ...
စစ်ခေါင်းဆောင်တွေက လုပ်ခဲ့တယ် ...
ဒီစစ်တပ်ကို မယှဉ်နိုင်တော့တဲ့  လက်နက်ကိုင်တွေဟာ ....
နိုင်ငံရေးပါတီတွေ နဲ့  ပူးပေါင်းပြီး ...
လွှတ်တော်ထဲက တစ်ဆင့် ...
တပ်မတော်ကို အင်အားချိနဲ့ အောင် ...
လုပ်မလာပါဘူး လို့  ...
ဘယ်သူ တာဝန်ယူလဲ ...?
ထပ်ပြောမယ် ....
တစ်မတ်သားကို ထည့်သွားခဲ့တဲ့ ...
သူတို့ အတွေး မှန်တယ် ... ။ ။

From:Ye Moe

www.mmdailystar.com

ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ် Sexy Model ဖြစ်လာသလဲ

“...အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ...”
===== ===== =====
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။

၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့ ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။ ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူက ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…

အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။ သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။

ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။

From: စောင့်ကြည့်သတင်းဂျာနယ်

www.mmdailystar.com

မီဒီယာ တွေ ကို ပြောချင်တယ်



NLD က ဦးဆောင်တဲ့ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကြတော့ ဂျာနယ်တွေ..ဂျာနယ်တွေ..သူ့ ထက်ငါ အပြိုင်ဖော်ပြကြတယ်...။လူဦးရေ သောင်းချီရတာနဲ့  ...သိန်းချီပြီး ဆန္ဒထုတ်ဖော်ကြတယ်တို့  ဘာတို့ပေါ့........မီဒီယာတွေ ...မီဒီယာတွေ...။

အမှန်တရားကို တင်ပြတာမို့  အဲတုန်းကလဲ သတင်းကိုဖတ်ရင်း တကယ်လဲ ၀မ်းသာမိခဲ့ပါတယ်..။

မနေ့ က မဘသက ဦးဆောင်ကျင်းပတဲ့ မျိုးစောင့်ဥပဒေ (၄)ရပ်အား အမြန်ဆုံး အတည်ပြုနိုင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်တဲ့ ပွဲကျတော့လဲ မီဒီယာတွေ အမှန်တရားကို မြတ်နိုးလား မမြတ်နိုးလား သိသာလာတယ်.....

မီဒီယာတွေ အနေနဲ့  အမှန်တရားကို ဖော်ထုတ်တာလား...မိမိတို့  ဖော်ထုတ်ချင်တာပဲ
ဖော်ထုတ်တာလားဆိုတာ သိသာလာတယ်.....

အမှန်တရားကို ပြည်သူတွေ သိအောင် သတင်းတွေ ရေးကြတာလား..သူတို့  သိစေချင်တာ သက်သက် အတွက်ပဲ သတင်းရေးကြတာလားဆိုတာ သိသာလာတယ်..။

ဒါမျိုးသတင်းကျတော့ ဖော်ပြတဲ့ မီဒီယာတွေ ရှိသလို ၊ မသိချင်ယောင်ဆောင်နေတဲ့ မီဒီယာတွေကလဲ အများသား......။ ကိုယ်တော့ ပြုံးမိတယ်..

တစ်ချို့  မီဒီယာတွေက ဖော်ပြကြတာ လူတစ်ထောင်ကျော်တဲ့......

( အေးပေါ့လေ တစ်သိန်းနီးပါး လူအုပ်စုဆိုတာကလဲ လူတစ်ထောင်ကျော်တာပေါ့နော်...တော်လိုက်တဲ့ မီဒီယာ ..၀ဋ်နီးလွတ်မီဒီယာ လို့  နာမည်ပြောင်းပေးရမယ်။ )

တစ်ချို့  မီဒီယာတွေကျတော့ ထောင်ပေါင်းများစွာတဲ့....

(မှန်တာပေါ့ တစ်သိန်းနီးပါ ရှိတဲ့ လူအုပ်စုဆိုတာလဲ ထောင်ပေါင်းများစွာ ပေါင်းစုထားတာကိုး..
.သောင်းဆိုတဲ့ စကားလုံး အသုံးအနှုန်းတောင် တက်မလာရဲကြဘူး..။ အမှန်အတိုင်း တိတိကျကျ ဖော်ပြတော့ သေသွားမှာ ကြောက်လို့ လား မသိပါဘူးလေ..)

တစ်ချို့  မီဒီယာတွေ ကျတော့ ရှင်းတယ် ဒီသတင်းကို ဖော်ကို မပြကြတာ......

(အဲလို မီဒီယာတွေကျတော့ သတင်းကို ထိမ်ကျန်တာ....၊ သတင်းကို အမှောင်ချတာ....၊ သတင်းကို မဖော်ပြတာ...၊အမှန်ကို မရေးရဲကြတာ.. ၊ အမှန်တရားကို မဖော်ထုတ်ကြတာ.. ရှင်းပါတယ်..)

အဲတော့ မီဒီယာဆိုတဲ့ ကောင်တွေ ကိုယ်တိုင် သောက်ချိုး ပြေအောင် အရင်လုပ်ကြအုံးလို့ ပဲ သတိပေးချင်တယ်..။ လိုချင်တာက ဒီမိုကရေစီ...ကိုယ့်သောက်ချိုးကိုယ်နည်းနည်းလဲ ပြန်ကြည့်ကြအုံးဗျ..။ အာဏာရှင် စနစ်ကို ဒီလို သောက်ချိုးမျိုးနဲ့  တိုက်ဖျက်လို့ ကတော့ လခွီးနဲ့ မှတောင် မရဘူးရှင်းလား..။

မီဒီယာ ကိုယ်တိုင်ကိုက ဘက်လိုက်နေမှ ၊ မျှတမှု့ ဆိုတာမရှိမှ ၊ အမှန်တရားကို မမြတ်နိုးမှ တော့ ..ရလာဒ်ကောင်းက လိုချင်သလို ထွက်လာမှာမဟုတ်ဘူးဆိုတာ အဖြေက ရှင်းရှင်းလေးပါ..။

မီဒီယာတွေ မှာလဲ အာဏာရှင်စနစ်ဆိုးကနေ အတူပါလာတဲ့ ခင်ဗျားတို့  မီဒီယာတွေရဲ့  သောက်ကျင့်ဆိုးတွေလဲ အရင်ဆုံး ပြင်ကြပါလို့  ပြုပြင်ပြောင်းလဲရေး အချိန်အခါမှာ အသိပေးကာ အချိန်မှီတင်ပြလိုက်ပါရစေ..။

လေးစားအပ်ပါသော မြန်မာပြည်သူများခင်ဗျာ...

ကိုဘစည် မီဒီယာမှ မျိုးစောင့် ဥပဒေထောက်ခံ ဖော်ထုတ်ပွဲသတင်းကို အနီးစပ်ဆုံးနဲ့  အတိအကျ တင်ပြရလျှင်ပေါ့နော်...

မျိုးစောင့်ဥပဒေ ၄ ရပ်အား အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် ၂၅.၁၀.၂၀၁၄ ရန်ကုန်မြို့ တွင် မဘသ ဗဟိုသြ၀ါဒနဲ့အညီ
အမျိုးစောင့်ဥပဒေ တောင်းဆို ဆန္ဒထုတ်ဖော် ပွဲကြီး ကျင်းပခဲ့ပါတယ်..။

တက်ရောက်လာသူ ဦးရေကို အကြမ်းမျဉ်းအားဖြင့် အနီးစပ်ဆုံး တင်ပြရလျှင် ...

- သံဃာအပါး သုံးသောင်းကျော်(၃၀၀၀၀)ကျော်
- သီလရှင်အပါး ခုနှစ်ထောင်ခန့်(၇၀၀၀)ကျော်
- လူပုဂ္ဂိုလ်ဦးရေ ခြောက်သောင်းခွဲကျော်(၆၅၀၀၀)ကျော်

စုစုပေါင်း အင်အား တစ်သိန်းကျော်(၁၀၀၀၀၀)ကျော်မှ မျိုးစောင့်ဥပဒေ (၄)ရပ်အား အမြန်ဆုံး အတည်ပြုနိုင်ရေး တောင်းဆို ဆန္ဒထုတ်ဖော်ကာ
အောင်အောင်မြင်မြင် ညီညီညွတ်ညွတ်နဲ့  ပြီးဆုံးသွားခဲ့ပါကြောင်း..။

(သတိ...ကျေးဇူးပြုပြီး ဓါတ်ပုံတွေကို သေချာ ကြည့်ပေးပါ လူ တစ်ထောင်ကျော်ဆိုသော မီဒီယာ ငပွကြီးများခင်ဗျား..။)

အားလုံးကို လေးစားလျှက်

26.10.2014
From: ဘစည်(စင်ကာပူ)

www.mmdailystar.com

မြန်မာရဲကို ဟောက်စားလုပ်ခဲ့ပြီး ထိုင်းရဲကို ဆန္ဒမပြရဲတဲ့ နေမျိုးဇင်



          
ရဲတပ်ဖွဲ့တွေကို အချေအတင်ပြောဆိုခဲ့ဖူးပြီး အမှန်တရားအတွက် အဖမ်းခံရဲတဲ့ နေမျိုးဇင်ကို ထိုင်းကိုလာပြီး ထိုင်းရဲကို ဆန္ဒပြဖို့ ခဏခဏ ခေါ်ပေမယ့် အကြောင်းအမျိုးမျိုးပြပြီး ငြင်းပါတယ်။ ရခိုင်လူငယ် ၂ ဦး မတရားစွပ်စွဲခံရခြင်းကို Facebook ပေါ် Donar များရဲ့ တောင်းဆိုမှုကြောင့် နေမျိုးဇင် တစ်ရက် ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့တွေ ဆက်ပြီးမပြပါဘူး။ တောင်းဆိုသူများရှိပေမယ့် ထိုင်းနိုင်ငံကို သွားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာပဲ ထိုင်း နဲ့ စင်္ကာပူကို သွားခဲ့ပြီးဖြစ်ပါတယ်။ အလှူငွေတွေလည်း အိတ်နဲ့အပြည့် ရခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလ ဆန်းမှာ ထိုင်းနိုင်ငံကို ထပ်မံသွားရောက်ပြီး ရွှေ့ပြောင်းအလုပ်သမား များ နှင့် ပတ်သက်သည့် ဟောပြောပွဲများ သွားလုပ်ဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံထိပါ သွားဖို့ လုပ်နေပါတယ်။ လွန်ခဲ့တဲ့ ၃ လ ကပဲ ဖူးခတ်နဲ့ ပတ်တရား မှာ သွားပြီး ပျော်ပါးခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က ရွေ့ပြောင်းအလုပ်သမားတွေဆီက မဘသ အတွက်ဆိုပြီး အလှူငွေတွေတောင် ကောက်ခဲ့ပါသေးတယ်။ ပြန်လာတော့ ဗိုလ်စိန်မှန်ကွင်းမှာ ဦးကိုနီနဲ့ ပေါင်းပြီး ဟောပြောပွဲလုပ်တဲ့အပြင် တားမြစ်သူ သံဃာတွေကိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောခဲ့ပါသေးတယ်။ လက်ပံတောင်းမှာ သွဲ့သွဲ့ဝင်းနဲ့ တွေ့ချိန်တုန်းကလည်း မဆီမဆိုင် မဘသ ကို ပုပ်ခတ်ပြောသွားပါသေးတယ်။


ထောင်ဒဏ် လပိုင်း လောက် ကျမယ့် ဖြူနှင်းထွေးကို တရားစီရင်တော့ တရားရုံးထဲကို ကင်မယာနဲ့ ဝင်ပြီး ရဲတွေကို ကြိမ်းမောင်း၊ တရားစီရင်ရေးကို အပြစ်တင်ခဲ့တယ်။ သေဒဏ် ကျခံဖို့ မတရား စွပ်စွဲခံရတဲ့ မြန်မာလူငယ်နှစ်ဦးကို တရားစီရင်တာကိုတော့ တစ်ခွန်းမှ မပြောရဲတော့ဘူး။ ပြည်သူ့ဘက်တော်သား၊ အမှန်တကယ် သတ္တိရှိတယ်ဆိုရင် ထိုင်းနိုင်ငံကို သွားပြီး တောင်းဆိုသင့်တယ်။ CSI LA က အချက်တွေနဲ့ ထိုင်းသံရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြသင့်တယ်။ ပြည်သူ့ဘက်တော်သား နာမည်ခံပြီး သတ္တိတွေကို ကိုယ့်နိုင်ငံသားချင်း ဟောက်စားလုပ်ဖို့နဲ့ ကိုယ့်ဘာသာ သာသနာကို စော်ကားလုပ်ချိန်မှာ သုံးမယ့်အစား အခုလို အချိန်မှာ သုံးသင့်တယ်။ မလုပ်နိုင်ရင်တော့ ပြည်သူ့ဘက်တော်သား ဆိုတဲ့ အမည်ခံပြီး အသက် ၄၀ ကျော် သန်သန်မာမာ ရှိပါလျှက် ကိုယ့်အစွမ်းအစနဲ့ မလုပ်စားဘဲ အလှူခံစားနေခြင်းကို အရှက်တရားနဲ့ ရပ်တန်းက ရပ်ဖို့ ကောင်းပြီဆိုတာ သိသင့်ပါပြီ။


 

From: (စောတင်မောင်)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...