Tuesday, 28 October 2014

ဒီဇင်ဘာလအတွင်း ကမ္ဘာကြီး ၆ ရက်ကြာ အမှောင်ကျ သွားမည်ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေ

နေမုန်တိုင်းထန်ခြင်း ဖြစ်စဉ် သရုပ်ဖော်ပုံ။
နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် "၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက်ရက်ကြာ လုံးဝ အမှောင်အတိ ကျသွားမည် ဟု နာဆာ အတည်ပြု"ဟူ၍ သတင်း တစ်ပုဒ် ဖော်ပြခဲ့ရာ ယင်းသတင်း အွန်လိုင်းပေါ် ရောက်ချိန်မှ စပြီး သတင်းမှန် သတင်းစစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှုများ ကျယ်ပြန့် သွားခဲ့သည်။

"ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက် အထိ ကမ္ဘာမြေ ပေါ်မှာ ခြောက်ရက်ကြာ လုံးဝ မှောင်သွား လိမ့်မယ်။ နေမုန်တိုင်းထန် ဖြစ်စဉ် ပေါ်ပေါက် မှာ ဖြစ်လို့  ဖုန်နဲ့ စကြဝဠာ အမှိုက် သရိုက်တွေ ပြည့်သိပ်ဖုံးလွှမ်း သွားမှာ ဖြစ်တဲ့အတွက် ၉၀ ရာခိုင်နှုန်း နေအလင်းရောင် ပျောက် သွားမှာ ဖြစ်တယ်လို့  နာဆာက အတည်ပြု ထားပါတယ်"ဟု ယင်း Huzlers.com သတင်းတွင် ဖော်ပြသည်။

Huzlers.com ၏ ဖော်ပြချက်ကို နာဆာက တုံ့ ပြန် ရှင်းလင်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အေဂျင်စီက မည့်သည့် တရားဝင်ပြောဆိုမှုမှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် ပြန်လည် ဖော်ပြလိုက်သည်။ ထို့ပြင် Huzlers.com ဝက်ဘ်ဆိုက်ကိုယ်တိုင် ကလည်း ၎င်းတို့ ဝက်ဘ်ဆိုက်သည် အပျော်ဖတ် သတင်းသာများ၍ အလေးအနက် မထားကြရန် ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခဲ့သည်။

Ref: Zee News

Mizzima 
From:

www.mmdailystar.com

သတင်းထောက် ခေတ်



သတင်းထောက်က နိုင်ငံရေးသမားနဲ့ပေါင်းပါတယ် နိုင်ငံရေးမလုပ်ပါဘူးအစိုးရတာဝန်ရှိသူတွေနဲ့လည်း ပေါင်းပါတယ် အစိုးရ လော်ဘီမလုပ်ပါဘူးတပ်မတော် တာဝန်ရှိသူတွေနဲ့ ရင်းနှီးလည်း တပ်မတော်ဘက်မျက်နှာမလိုက်ပါဘူးလက်နက်ကိုင်အဖွဲ့တွေနဲ့ ခင်မင်ရင်းနှီးလည်းလက်နက်ကိုင်တွေဘက်လိုက်မရေးပါဘူး


နောက်ပိုင်းမှာ သတင်းထောက်အချို့တွေက နိုင်ငံရေးနဲ့ သတင်းထောက် အလုပ်ကို ရောထွေးလာတာ ကိုတွေ့ရပါတယ်။ အဲဒါရဲ့ အခြေခံကလည်း တချို့ ကိစ္စတွေမှာ အယ်ဒီတာတွေလိုအပ်တာလည်းပါတယ်လို့ထင်တယ်။ နိုင်ငံရေးမှသတင်းထင်ကြတယ်။ နိုင်ငံရေးသတင်းရေးတဲ့ သတင်းထောက်ဆိုရင် မျက်နှာရတယ်။ စီးပွါးရေး သတင်း လူမှုရေးသတင်း ယဉ်ကျေးမှုသတင်းတွေဟာစာမျက်နှာပေါ်ရောက်ဖို့ နောက်ပိုင်းမှာအတော်ခက်လာတယ်။ ကိုယ်တွေ့ပါ။ ဆိုတော့ကာ ဘာဖြစ်ဖြစ် သတင်းထောက်ဟာ သူရေးတဲ့ သတင်းကို စာမျက်နှာပေါ်မြင်ချင်ကြတယ်။

အဲဒိတော့ နိုင်ငံရေး သတင်းတွေကို လိုက်ရေးကြတယ်။ နိုင်ငံေ၇း သမားတွေနဲ့ ပေါင်းသင်းလာကြတယ်။ မြန်မာပြည်မှာက နိုင်ငံရေးလုပ်သူဆိုရင် ဒီနေ့ခေတ်မှာ ဘာရယ်ညာရယ် မဟုတ်ဘူး။ လူအထင်ကြီးကြတယ်။ ပါတီ တံဆိပ် ရင်ဘတ်ထိုးထားရင် ကောက်စိုက်သမ တောင် အကြွေးမတောင်းရဲ တဲံ့ ခေတ်ဖြစ်နေပြီ။
လူမှုရေးယောင်ယောင် နိုင်ငံရေးယောင်ယောင်နဲ့ ရောထွေးနေတဲ့ ခေတ်မှာ သတင်းသမားက အဲဒိယောင်ယောင်တွေကြားထဲမှာ သွားယောင်လို့မရပါဘူး။ ကိုယ့်ရပ်တည်ချက် မှန်ကန်ဖို့လိုပါတယ်။

သတင်းထောက်ဟာ နိုင်ငံရေးနဲ့ရောထွေးရင် သတင်းစာ သြဇာ ကျဆင်းတတ်ပါတယ်။

( ကိုယ့်တစ်ဦးတည်း အမြင်ဖြစ်ပါတယ် မည်သူမဆို ကွဲလွဲနိုင်ပါတယ်)




From: ခိုင်ခိုင်

www.mmdailystar.com

စွပ်စွဲခံ မြန်မာ နှစ်ဦး နှင့် ထိုင်းလူသတ်မှု နောက်ဆုံးရသတင်း

မန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခြင်းမရှိဟု ထွက်ဆိုစာကို ထိုင်းအစိုးရရှေ့နေများရုံးချုပ်သို့ပေးပို့



ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးက ပြစ်မူကျူးလွန်ကြောင်းမရှိဟု ထွက်ဆိုသည့် စာကို ထိုင်းအစိုးရရှေ့နေများရုံးချုပ်သို့ မြန်မာလုပ်သားနှစ်ဦး၏ မိဘများနှင့်မြန်မာသံရုံးအထူးအဖွဲ့က ထိုင်းစံတော်ချိန်နံနက် ၉နာရီခွဲအချိန်တွင် သွားရောက်ပေးပို့ခဲ့သည်ဟု ထိုင်းနိုင်ငံရောက် 7Day သတင်းထောက်က သတင်းပေးပို့သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် အစိုးရရှေ့နေရုံးချုပ်သို့ တင်ပြစာပေးပို့အပြီးတွင် မှုခင်းဆရာဝန်ကြီးများထံ ၎င်းတို့၏သားများ ရိုက်နှက်စစ်ဆေးခံခဲ့ရကြောင်းကိုလည်း စာပို့တင်ပြခဲ့သေးသည်။







မြန်မာလုပ်သားနှစ်ဦး အပြစ်မရှိကြောင်း ထွက်ဆိုစာကို ထိုင်းအစိုးရရှေ့နေများရုံးချုပ်သို့ ပေးအပ်သည့် ဓာတ်ပုံများ

From: 7 Days

www.mmdailystar.com

ခါတော်မီ ကိုပါကြီးအတွက်.....


ဒီနေ့ စတေးတပ်စ်ကတော့ …
ခါတော်မီ ကိုပါကြီး ဖြစ်သွားပြီး …
ဆန္ဒပြပွဲတွေ အားချင်းလုပ်ဖို့  …
စီစဉ်နေသူများ အတွက် ….
သတင်းဆိုးပါပဲ …

ဟုတ်ပါတယ် …
အောက်တိုဘာ ၂၅ရက်နေ့ မှာပဲ …
ကိုပါကြီး သေဆုံးတဲ့ ဖြစ်စဉ်ကို …
ကျိုက်မရော မြို့ မရဲစခန်းက …
လူပျောက်မှုကနေပြီးတော့ …
သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၄ နဲ့  …
အမှုပြောင်းလဲ ဖွင့်လှစ်ပေးလိုက်ပါပြီ…

တစ်နည်းပြောရရင်တော့ …
အစိုးရက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ …
စလုပ်တော့မယ် ဆိုတဲ့  အဓိပ္ပာယ်ပါပဲ …

ဒီနေရာမှာ …
သေမှုသေခင်း ဖွင့်တယ် ဆိုတာ ….
ဘယ်လို ဆိုတဲ့ အကြောင်း …
အားလုံးနားလည်အောင် …
ကျွန်တော် အတတ်နိုင်ဆုံး ရှင်းလင်းကြည့်ပါမယ် …

လူတစ်ယောက်ဟာ …
ဓမ္မတာ အတိုင်း မဟုတ်ပဲ သေဆုံးခဲ့ရင် …
သေဆုံးရခြင်း အကြောင်းကို ….
သေမှုသေခင်း ဖွင့် စစ်ဆေးရပါတယ် …

သေမှုသေခင်း ဖွင့်လှစ်ပြီးတာနဲ့  …
ရဲ အရာရှိဟာ ဖြစ်စဉ်ကို …
အသေးစိတ် စတင်စုံစမ်းပါလိမ့်မယ် …
ဖြစ်စဉ်မှာပါဝင်တဲ့ သူတွေ အားလုံး …
မျက်မြင်သက်သေတွေ အားလုံးကို …
သွားရောက် စစ်ဆေးပြီး …
ထွက်ချက်များ ရယူပါလိမ့်မယ် ….

မြေမြုပ်ထားတဲ့  အလောင်းတစ်ခုကို ….
သွားရောက်ဖော်ယူတော့မယ်ဆိုရင် …
ကျင့်ထုံးပုဒ်မ ၁၇၆(၂) အရ …
တရားသူကြီး တစ်ဦးဆီက ခွင့်ပြုမိန့် တောင်းခံရပါမယ် …
အလောင်းဟာ ...
သုံးပတ်ထက် ကျော်လွန်နေပြီဆိုရင်တော့ …
မြို့ နယ်ဆရာဝန် ရဲ့ ခွင့်ပြုချက်ပါ လိုပါတယ် ….
အလောင်းဖော်တဲ့ အခါ …
သူ့ သက်ဆိုင်ရာဌာနတွေနဲ့  …
မျက်မြင်သက်သေတွေ ပါ ပါရပါတယ် …

အလောင်းစစ်ဆေးတဲ့ နည်းတွေကတော့ …
CID , မှုခင်းဆရာဝန်ကြီးနဲ့  ….
သူ့ သက်ဆိုင်ရာ ပညာရှင်တွေ လုပ်ပါလိမ့်မယ် …
ပြောရရင်တော့ ….
အခုလို တစ်လမပြည့်သေးတဲ့  အလောင်းကို မပြောနဲ့  …
တစ်နှစ် နီးပါးကြာတဲ့ အလောင်းကိုတောင်မှ ….
စနစ်တကျ စစ်ဆေးလို့ ရပါတယ် …

အလောင်းက အရိုးတွေ ကျိုးနေသလား …
ဘယ်နှစ်ခု ကျိုးသလဲ …
ဘယ်အရိုးတွေ ကျိုးသလဲ …
သေနတ်ဒဏ်ရာဆို ကျည်စကျည်နတွေရှိလား …
အဆိပ်မိသလား ….
တကယ်လို့ အဆိပ်မိတယ်ဆိုရင် …
အလောင်းပေါ်က မြေမှုန်တွေကို …
မှုခင်းဓာတ်ခွဲခန်းကို ပို့ ဖို့ လိုမလား ….
စသဖြင့် စသဖြင့် ….
စစ်ဆေးတဲ့ နည်းတွေကတော့ ….
အများကြီးပဲ ဖြစ်ပါတယ် …

မူခင်းဆရာဝန်ကြီးရဲ့  ….
ဆေးစာထွက်လာပြီဆိုရင်တော့ …
ရဲတပ်ဖွဲ့ အနေနဲ့  ….
အခြားစုံစမ်းစစ်ဆေးချက်တွေနဲ့  ပူးပေါင်းပြီး …
အမှုကို တည်ဆောက်ပါလိမ့်မယ် ….

သေမှုသေခင်းနဲ့ ပဲ ရုံးကိုတင်သင့်သလား ….
ဒါမှမဟုတ် …
လူသေမှု နဲ့  တရားစွဲသင့်လား ….
လူသတ်မှုနဲ့  တရားစွဲသင့်လားဆိုတာ …
မြို့ နယ် ဥပဒေရုံးကို …
ဥပဒေ အကြံပြုချက် တောင်းခံပါလိမ့်မယ် …
ပြီးရင်တော့ …
အမှုတွဲကို တရားရုံးကို တင်ပို့ ရမှာပါ …

တရားရုံးအနေနဲ့ ကတော့ …
အမှုတွဲထဲမှာပါတဲ့  သက်သေတွေအားလုံးကို …
ရုံးမှာ ခေါ်ယူစစ်ဆေးမှာ ဖြစ်ပါတယ် …
ပြီးရင်တော့ တွေ့ ရှိချက်အပေါ်မူတည်ပြီး …
အမှုကို အမိန့် ချပါလိမ့်မယ် …
ဒါက ပရိုဆီဂျာ ဖြစ်ပါတယ် …

အဲဒီတော့ ပြောရရင် …
ဒီကိစ္စဟာ …
ကိုပါကြီးအရေး စုံစမ်းစစ်ဆေးပေး ဆိုသူတွေအတွက် …
ဘာဆက်အော်ရမှန်း မသိတော့ဘဲ …
ခေါင်းစဉ် ပျောက်သွားစေပါတယ် ….

ဒါမှမဟုတ် … မပျောက်ပါဘူး .....
ကျွန်တော်တို့ က ဆက်ပြီး ဆန္ဒပြအုန်းမယ် …
ကိုပါကြီး အရေး စုံစမ်းစစ်ဆေးပေးလို့  …
ဆက် အော်ချင်သေးလို့ ပါ …
အော်လို့  မ၀သေးလို့ ပါ ဆိုရင်လဲ ….
သဘောရှိ ကလောဟိပါပဲ ….

ဓာတ်ပုံလေးကတော့ ….
၂၀၁၄ လော်ခီးလာညီလာခံတုန်းက …
ကိုပါကြီး နဲ့  စောဆန်းအောင်တို့ …
အတူ ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ် …

၂၀၁၀တုန်းက ကိုပါကြီး ပုံဟောင်းတွေလာတင်ပြီး …
လျှောက်ပြောနေတာပါ ဆိုသူတွေအတွက် …
မေတ္တာလက်ဆောင် ပါ …

အားလုံး သံသယကင်းအောင် …
သေမှုသေခင်း ဖွင့်ခွင့်ပြုလိုက်တဲ့  အစိုးရကိုတော့ …
အင်မတန်ကောင်းတဲ့  လုပ်ဆောင်ချက်တစ်ခုပါလို့  …
မှတ်ချက်ပြုလိုက်ပါတယ် …. ။ ။

From: ( ရဲမိုး )

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...