Wednesday, 29 October 2014

ခြေထောက်ကို သစ်ကိုင်းခြောက်လိုဖြစ်သွားစေသည့် မြွေဆိပ်

ဗင်နီဇွဲလားနိုင်ငံတွင် ၁၃နှစ်အရွယ်မိန်းကလေးတစ်ဦးကို ကိုက်ခဲ့သည့် မြွေဆိပ်သည် ခြေထောက်တစ်ခုလုံးအား ညိုမည်းခြောက်သွေ့ ကာသစ်ကိုင်းခြောက်ကဲ့ သို့ ဖြစ်စေသွားစေသည်။
snake
မြွေဆိပ်သည် ဆဲလ်များကို သေစေပြီး ကိုယ်ခန္ဓာအသွေးအသားများ ပျက်ဆီးရကာ အဆိပ်ပျံ့ ရာ တစ်လျှောက် အသားများ ယိုယွင်းပုပ်သိုးကာ သေဆုံးခြောက်သွေ့ သွားစေခြင်းဖြစ်သည်။
မြွေကိုက်ခံရသည့် မိန်းကလေးဖြစ်သူ မည်သူဆိုသူကို ထုတ်ဖော်ခြင်း မရှိသော်လည်း သစ်ကိုင်းကဲ့ သို့ ပုပ်သိုးခြောက်သွေ့ သွားသည့် ခြေထောက်ကို ရိုက်ကူးထားသည့် ဓာတ်ပုံကို ဆရာဝန်များက ရရှိ ခဲ့သည်။
ကာကာရပ်စ်တွင် ၎င်းမိန်းကလေးကို ဆေးဝါးကုသပေးလျက်ရှိသည်။ သတင်းဌာနသို့ ယင်းဓာတ် ပုံ ကို ပေးပို့ သည့် ဆရာဝန်က မိန်းကလေး၏ ခြေထောက်ကို ဖြတ်ပစ်ရန်လိုကြောင်း၊ မြွေဆိပ်ကြောင့် လူမသေမီ ယင်းခြေထောက်ပိုင်းများ သေသွားခဲ့ရပြီဖြစ်ကြောင်း ပြောသည်။
`မြွေဆိပ်က အလွန်ကို ရှုပ်ထွေးတယ်။ မျိုးစိတ်ပေါ်မူတည်ပြီး မြွေဆိပ်အန္တရာယ်အမျိုးမျိုးရှိနေတယ်။ ဒါပေမယ့် ဓာတ်ပုံကြည့်ပြီးပြောနိုင်တာက လူနာမိန်းကလေးရဲ့ ခြေထောက်တွေက ပျက်ဆီးသေဆုံး သွားပြီ။ ဖြတ်ပစ်ဖို့ လိုလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် လူပါသေဆုံးသွားမှာ ဖြစ်တယ်။“ဟု လီဗာပူးလ်ရှိ ဆရာဝန်တစ်ဦးဖြစ်သည့် အရမ်ဂို့ ရှ်ကပြောသည်။
`ကလေးမလေးရဲ့ ခြေထောက်အောက်ပိုင်းတစ်ခုလုံး မည်းခြောက်နေပြီ။ အဆိပ်ကလည်း ဆက်ပျံ့ နေ တယ်ဆိုတာ ကျန်ကိုယ်အပိုင်းတွေကို ကြည့်ရသိနိုင်တယ်။ မြွေဆိပ်က သူ့ ကြွက်သားတွေကို ဖျက်ဆီး ပစ်နေပြီ။ ကျန်ခြေထောက်ကလည်း ပိန်လှီနေတာ တွေ့ နိုင်တယ်။ ဒါကြောင့် အသက်ပါသေဆုံးသွား ဖို့ များတယ်။“ဟု၎င်းက ပြောသည်။


From: mizzima

www.mmdailystar.com

နာမည်ကြီးကာ့ဒ်တပ်ဖွဲ့ ဝင်အမျိုးသမီးကို အိုင်အက်စ်တို့ ခေါင်းဖြတ်

အိုင်အက်စ်တို့ ကို တိုက်ပွဲဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ မှ အမျိုးသမီးတပ်ဖွဲ့ ဝင်တစ်ဦး ငြိမ်းချမ်းရေးအမှတ်အသားပြ လက်နှစ်ချောင်းထောင်ကာ ရိုက်ထားသည့် ဓာတ်ပုံ တွစ်တာပေါ်တွင် ပျံ့ နှံ့ သွားခဲ့ပြီးနောက် ယင်းတပ်ဖွဲ့ ဝင်အမျိုးသမီးသည် နာမည်ကြီးသွားခဲ့ပြီး ယခုအခါ အဆိုပါ အမျိုးသမီးအား အိုင်အက်စ်အဖွဲ့  က ခေါင်းဖြတ်ကွပ်မျက်ခြင်းခံလိုက်ရပြီဖြစ်သည်။
unnamed1
အမည်ဝှက်အရ ရီဟာနာဟုသိထားသည့်ကာ့ဒ်တပ်ဖွဲ့ ဝင်ယင်းအမျိုးသမီးသည်အိုင်အက်စ်တိုက်ခိုက်ရေးသမား၁၀၀ကိုတစ်ကိုယ် တည်း သုတ်သင်ထားနိုင်ခဲ့သူဟုသိရသည်။ ဆီးရီးယားနယ်စပ်မြို့ ကိုဘာနီအတွက် ယင်းအမျိုးသမီးက မျှော်လင့်ခြင်း သင်္ကေတ အဖြစ် သရုပ်ပြကာ ဂျာနယ်လစ်တစ်ဦး၏ ဓာတ်ပုံရိုက်ခံရာတွင် လက်ညိုးနှင့် လက်ခလယ်ထောင်ပြ သည့် ငြိမ်းချမ်းရေး အမှတ် လက္ခဏာပြုကာ ဓာတ်ပုံရိုက်ခံခဲ့ခြင်းဖြစ်သည်။ ယင်းပုံက တွစ်တာပေါ်ရောက်ရှိပျံ့ နှံ့ သွားခြင်းနှင့် အတူ အမျိုးသမီးလည်း လူသိ များခဲ့ခြင်းဖြစ်သည်။
တွစ်တာတွင် ဓာတ်ပုံဖော်ပြပြီးနောက်တွင် မက်ဆေ့ခ်ျပေါင်း ၅၀၀၀ကျော်ခန့် ရရှိခဲ့သည်။ သို့ သော်လည်း အိုင်အက်စ်တို့ ၏တွစ် တာတွင် ၎င်း၏ခေါင်းပြတ်ကို မြှောက်ပြထားသည့် ခြောက်ခြားဖွယ်ရာဓာတ်ပုံထွက်ရှိလာပြီးနောက် ရီဟာနားသေဆုံး သွားပြီဖြစ်   ကြောင်းသိရှိခြင်းဖြစ်သည်။
ကာ့ဒ် YPJ (ပြည်သူ့ ကာကွယ်ရေးယူနစ်) သို့ မဟုတ် အမျိုးသမီးစစ်ယူနစ်အတွက် တိုက်ခိုက်ပေးနေသည့် ရီဟာနားသေ ဆုံးမှု ကို သတင်းဌာနများက ထုတ်လွှင့်သော်လည်း သေချာအတည်မပြုနိုင်သေးပေ။  YPJ သို့ မေးလ်အွန်လိုင်းသတင်းဌာနက မှတ် ချက်ပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ မပြန်ကြားသေးပေ။
soilder-1
ကိုဘာနီမြို့ ကို အိုင်အက်စ်တို့ က တစ်လကြာမျှထိုးစစ်အပြင်းအထန်ဆင်နွှဲနေလျက်ရှိပြီး တစ်ဖက်ရှိ သည်။ ကိုဘာနီမြို့ အရှေ့ ၊တောင်နှင့် အနောက်ဖက်အရပ် မျက်နှာများကို အိုင်အက်စ်တို့ က ဝန်းရံ ထားပြီဖြစ်ရာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့ များက ခုခံနေရလျက်ရှိသည်။

From: mizzima

www.mmdailystar.com

ငါးဒေါ်လာသာကုန်မည့် ဆံပင်ညှပ်မှုပြုလုပ်ရာမှ ဆိုင်ဝန်ထမ်းများကြောင့် ဒေါ်လာ ၅ဝဝဝ ကုန်ကျခဲ့ရသည့် စင်ကာပူအမျိုးသမီးကြီး၏ဖြစ်ရပ်


စင်ကာပူနိုင်ငံမှ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သည် နာမည်ကြီးအလှပြင်ဆိုင်တစ် ခုတွင် ငါးဒေါ်လာသာကုန်ကျမည့် ဆံပင်ညှပ်ခြင်းပြုလုပ်ခဲ့ရာ ဒေါ်လာ ၅ဝဝဝ ပေးခဲ့ရခြင်းဖြင့် အဆုံးသတ် ခဲ့ရသည်ဟု သိရသည်။

ဘတ်တီချိုင်သည် စင်ကာပူအ လယ်ပိုင်း Ang Mo Kio မြို့လယ်ရှိ New Station အလှပြင်ဆိုင်သို့သွား ရောက်ပြီး ဆံပင်ညှပ်ခဲ့သည်။ ဆံပင် ညှပ်ပြီးနောက် ဝန်ထမ်းများကသူမ အား အခမဲ့ဦးရေစမ်းသပ်မှုပြုလုပ်ပေး မည်ဟု ကမ်းလှမ်းခဲ့ရာ သူမကလက် ခံခဲ့သည်။

စမ်းသပ်မှုပြုလုပ်ပြီးနောက် ဝန်ထမ်းများက သူမကိုဓာတ်ပုံများ ပြသကာ ''မစ္စချိုင်၏ဦးရေပြားသည် အလွန်အဆီပြန်ကာ ဆံသားများသည် လည်း မယုံကြည်နိုင်လောက်အောင် ခြောက်သွေ့နေသည်ဟု ပြောသည်။ ထိုပုံစံမျိုးဖြင့် ချိုင်သည်မကြာမီအချိန် အတွင်း ဆံပင်များကိုဆုံးရှုံးရဖွယ်ရှိ သည်ဟုလည်း သတိပေးခဲ့သည်။ ထို သတိပေးမှုကြောင့် ထိတ်လန့်သွား သောချိုင်အား တစ်ကြိမ်ပြုလုပ်လျှင် ၂၉၈ဒေါ်လာကုန်ကျမည့် ကုသမှုတစ် မျိုးရှိကြောင်းနှင့် ထိုကုသမှုအကြိမ် နှစ်ဆယ်အတွက် ဒေါ်လာ ၄ဝဝဝ သာယူပြီး သူမအားတစ်ကြိမ်လျှင် ဒေါ်လာ ၁ဝဝလျှော့ပေးမည်ဟုလည်း ဝန်ထမ်းက ဆွဲဆောင်ခဲ့သည်။

တစ်လဝင်ငွေဒေါ်လာ ၂ဝဝဝ ရှိသောချိုင်က ဈေးနှုန်းကြောင့်ကုသ မှုတစ်ကြိမ်သာ ပြုလုပ်မည်ဟုပြော ကာ သူမ၏ခရတ်ဒစ်ကတ်ကိုပေးလိုက် သည်။

သို့သော်ဝန်ထမ်းက ၂၉၈ဒေါ် လာသာဖြတ်ယူမည့်အစား အကြိမ် နှစ်ဆယ်အတွက် ဒေါ်လာ ၄ဝဝဝကို တစ်ဆက်တည်းယူကာ ယခုကဲ့သို့ အကြိမ်နှစ်ဆယ်ကုသရန် လက်ခံခြင်း အတွက် ဝမ်းသာစကားပြောသည်။

မစ္စချိုင်ကမဟုတ်ဟု ငြင်းသော်လည်း ဝန်ထမ်းက ထိုသို့အကြိမ်နှစ်ဆယ်စာ အတွက် စာချုပ်ချုပ်ပြီးပြီဟု ပြောသည်။

ထို့အပြင်ဆိုင်ဝန်ထမ်းက သူမအား ဒေါ်လာ ၅ဝဝတန် ဆံပင်အရောင်ဆိုး ခြင်းများ အခမဲ့ပြုလုပ်ပေးမည့် ဆံ သားကုသမှုအတွက် ဒေါ်လာ ၂ဝဝဝ တန် စာချုပ်ချုပ်ဆိုလိုက်ပြန်သည်။ သို့သော်ချိုင်က ဒေါ်လာ ၁ဝဝဝ သာ ပေးခဲ့ကာ ဒေါ်လာ ၅ဝဝ တန်အခမဲ့ ခံစားခွင့်ကို အဆုံးရှုံးခံလိုက်ရသည်။

ထို့ကြောင့် ချိုင်၏သားဖြစ်သူ က စင်ကာပူစားသုံးသူအဖွဲ့အစည်း သို့ မိခင်၏ဒေါ်လာ ၅ဝဝဝ ပြန်ရလို မှုဖြင့်တိုင်ကြားခဲ့ပြီး ၄င်း၏တိုင်ကြား မှုက ကိုးလအတွင်း New Station ဆံပင်ညှပ်ဆိုင်နှင့်ပတ်သက်၍ (၂၂) ကြိမ်မြောက် တိုင်ကြားမှုဖြစ်သည်။

သို့သော် Ang Mo Kio မြို့ရှိ New Station ဆိုင်မှ မန်နေဂျာက ၄င်းတို့ဝန်ထမ်းများသည် ထိုသို့ ဖောက် သည်များကို အတင်းအကျပ်စာချုပ် ချုပ်ခိုင်းခြင်းမရှိကြောင်းသာ ငြင်းဆို ခဲ့ပြီး ကျန်အကြောင်းအရာများကို ဖြေကြားခဲ့ခြင်းမရှိဟု သိရသည်။

Ref;The New Paper
From:YMG

www.mmdailystar.com

စစ်ဆင်ရေး အသုံးစရိတ် ယခုနှစ်အတွင်း ကန်ဒေါ်လာ ရှစ်ဘီလီယံခန့် သာရှိ

(၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူတွေ့ရသည့် လေကြောင်းရန်ကာကွယ်ရေးသုံး စစ်လက်နက်ပစ္စည်းများ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
 
ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ဆင်ရေးစရိတ်အတွက် အသုံးပြုသည့် ငွေပမာဏမှာ ယခုနှစ် အတွင်း အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံခန်သာ့ရှိကြောင်း ကာကွယ်ရေးဝန် ကြီးဌာန၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။
ကာကွယ်ရေး ၀န်ကြီးဌာန၏  အသုံးစရိတ်စုစုပေါင်းသည် အမေရိ ကန်ဒေါ်လာ ၂၃ ဘီလီယံကျော်ဖြစ်ပြီး ယင်းတို့အနက်မှ ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး  ဝေလွင်က ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ရှင်းလင်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာန၏ အသုံးစရိတ် များတွင် စစ်ဆင်ရေး၊ တိုက်ခိုက် ရေးအတွက် အသုံးပြုမှုမှာ ၃၀ ရာ ခိုင်နှုန်းခန့်သာရှိပြီး ကျန်ရှိသည့် အသုံးစရိတ်များမှာ လစာနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးပြုခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေ လွင်က အောက်တိုဘာ ၂၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု  လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းပြောကြားခဲ့သည်။
အခြေခံဥပဒေအရ နိုင်ငံ တော်ကို ပြည်တွင်းပြည်ပ အန္တ ရာယ်များမှ ကာကွယ်ရာတွင် တပ်မတော်က ဦးဆောင်ရမည် ဖြစ်ပြီး အဆိုပါတာဝန်များထမ်း ဆောင်နိုင်ရေးအတွက် ကာကွယ် ရေးအသုံးစရိတ်တင်ပြတောင်းခံ ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ထိခိုက်ခြင်းမရှိဟု ယုံကြည်ကြောင်းလည်း ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်ကပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်သည် ပြည်ထောင်စု အသုံးစရိတ်အားလုံး၏ ၁၄ ရာခိုင်နှုန်းခန့်ရှိသဖြင့် ဖြည့်စွက်ဘဏ္ဍာငွေတောင်းခံမှုမှာ များနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
အဆိုပါဝေဖန်မှုများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက ပြန် လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တပ် မတော်သည် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ငြိမ်းချမ်းရေးစာချုပ်များ မဖောက်ဖျက်ရန် မူဝါဒ ခြောက်ခုဖြင့် ဆောင်ရွက်နေသည်ဟု လည်း ၎င်းကပြောကြားခဲ့သည်။
From:7day

www.mmdailystar.com

ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး ဗိုင်းရပ်စ် ကိုးမျိုး



ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုနဲ့ လူသေဆုံးမှုနှုန်း တွေကို ကြားသိနေရတဲ့ အခါ အီဘိုလာဟာ HIV ထက်တောင် ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ လူထု စကားသံ တွေကို ကြားလာ ရပါတယ်။ အီဘိုလာဟာ HIV ထက် တကယ်ပဲ ဆိုးရွားသလား။ လူသားမျိုးနွယ်စု တွေလဲ ဒိုင်နိုဆော တွေလိုပဲ မျိုးသုဉ်း သွားမလားလို့ တွေးပူရတဲ့ အထိ အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ် ဘယ်နှမျိုး ရှိတယ်ဆိုတာ သိချင်လာ ကြတယ်။

Marburg Virus ကို ၁၉၆၇ ခုနှစ်မှာ တွေ့ရှိ ခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဓာတ်ခွဲခန်းတွေမှာ အသုံးပြုဖို့ ယူဂန်ဒါ နိုင်ငံကနေ တင်သွင်းလာတဲ့ မျောက်တွေက တစ်ဆင့် ဓာတ်ခွဲခန်း လုပ်သားတွေကို ကူးစက်ခဲ့ ပါတယ်။ အီဘိုလာ လိုပဲ အဖျားတက်ပြီး ခန္ဓာကိုယ် ဒွာရပေါက် တွေကနေ သွေးယိုစီး ပြီးတော့ သေစေ နိုင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမယ့် ၁၉၉၈- ၂ဝဝဝ ရာသီမှာ ကွန်ဂိုနိုင်ငံ က ခံစားခဲ့ရတဲ့ Marbug Virus ကူးစက်မှုမှာ သေဆုံးမှုနှုန်း ၈ဝ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝဝ၅ ခုနှစ် ရာသီမှာ အင်ဂိုလာ နိုင်ငံက ခံစားခဲ့ရတဲ့ ကူးစက်မှုမှာလဲ သေဆုံးမှုနှုန်း ဟာ ၈ဝ ရာခိုင်နှုန်း အောက်မကျ ခဲ့ပါဘူး။

Ebola Virus ကို ၁၉၇၆ ခုနှစ်မှာ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံ တွေမှာ ပထမဆုံး တွေ့ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူရဲ့ သွေး၊ ခန္ဓာကိုယ် အရည်၊ အသားတစ်သျှူး တစ်ခုခု နဲ့ ထိတွေ့မိ လိုက်တာနဲ့ ကူးပါတယ်။ ဗိုင်းရပ်စ်ရဲ့ သန္ဓေဗီဇ အပေါ်မူတည်ပြီး သေစေနိုင်မှုနှုန်း ကွာခြားပါတယ်။ Ebola Reston ဗိုင်းရပ်စ်က လူကို ဖျားတောင် မဖျားစေပါဘူး။ ဒါပေမဲ့ Ebola Bundibugyo ကတော့ သေစေနိုင်မှု နှုန်း ၅ဝ ရာခိုင်နှုန်း ဖြစ်ပြီး အခြားနိုင်ငံ တွေထက် ဆူဒန်နိုင်မှာ သေစေနိုင်မှုနှုန်း ပိုနေခဲ့ပြီး ၇၁ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်မှာ အနောက် အာဖရိက နိုင်ငံတွေမှာ ကူးစက် ပြန့်ပွားနေတဲ့ Ebola Zaire ဟာ အပြင်းဆုံးဖြစ်ပြီး သေစေနိုင်မှုနှုန်း ၉ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Rabies ခေါ် ခွေးရူးရောဂါပိုး ကာကွယ်ဆေး ကို ၁၉၂ဝ ပြည့်နှစ်မှာ ထုတ်လုပ် နိုင်ခဲ့ပြီး တိရစ္ဆာ န် တွေကို ထိုးပေးနိုင်ခဲ့တဲ့ အတွက် အခုဆိုရင် ကမ္ဘာပေါ်မှာ ခွေးရူးရောဂါ ဖြစ်ပွားမှု အင်မတန် ရှားပါး သွားပါပြီ။ ဒါပေမဲ့ အိန္ဒိယနဲ့ အာဖရိကတိုက် အချို့နေရာတွေ မှာတော့ ခွေးရူးရောဂါပိုး ကူးစက်မှုဟာ ကြီးမားတဲ့ ပြဿနာတစ်ခု အဖြစ် ကျန်ရစ် နေဆဲပါ။ ခွေးရူးရောဂါပိုး ဟာ ဦးနှောက်ကို ဖျက်ဆီးပါတယ်။ ခွေးရူးရောဂါပိုး ကူးစက်ခံ ထားရတဲ့ တိရစ္ဆာ န် တစ်ကောင်ကောင် ကိုက်တာခံရရင် ကုသပေးနိုင်တဲ့ ဆေးဝါးတွေ ရှိသလို ကာကွယ်ဆေးလဲ ရှိပါတယ်။ အချိန်မီ ဆေးကုသမှု မခံယူဘူး ဆိုရင်တော့ သေရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။

HIV ဟာ အခုအချိန် အထိမှာ လူသေစေ နိုင်မှုနှုန်း အမြင့်ဆုံးပါ။ ၁၉၈ဝ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန် ကနေ ဒီနေ့အထိ မှာ HIV ကြောင့် သေဆုံးသူဦးရေ ၃၆ သန်းခန့် ရှိနေပါပြီ။ HIV ကူးစက်ခံထား ရသူတွေ နှစ်ပေါင်း များစွာ အသက်ဆက်လက် ရှင်သန်နိုင်ဖို့ အားပြင်းတဲ့ ပဋိဇီဝဆေးတွေ ဖော်စပ်ထုတ်လုပ် ထားပါတယ်။ ဒါပေမဲ့လဲ မိသားစု တစ်ဦးချင်း ဝင်ငွေဟာ အနိမ့်ဆုံး အဆင့် ဒါမှမဟုတ် အလယ်အလတ် အဆင့်သာ ရှိတဲ့ နိုင်ငံတွေမှာ HIV ကူးစက်မှုနှုန်း ဟာ ၉၅ ရာခိုင်နှုန်း ရှိနေပါ သေးတယ်။ အာဖရိက၊ ဆာဟာရဒေသ မှာဆိုရင် အရွယ်ရောက်သူ ဦးရေ ၂ဝ မှာ တစ်ဦးဟာ HIV ကူးစက်ခံထား ရပါတယ်။

Smallpox ကျောက်ကြီးရောဂါ ကင်းစင်တဲ့ ကမ္ဘာမြေ ဖြစ်သွားပြီလို့ WHO က ၁၉၈ဝ ပြည့်နှစ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ တကယ်တော့ လူသား မျိုးနွယ်စုကြီး ဟာ ကျောက်ကြီး ရောဂါဒဏ်ကို နှစ်ပေါင်း ထောင်နဲ့ချီ ခံစားခဲ့ကြ ရတာပါ။ သေစေနိုင်မှု နှုန်းကတော့ သုံးယောက်၊ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ မသေဘဲ ကျန်ခဲ့သူတွေ မှာလဲ သေရာပါ အမာရွတ်ကြီးတွေ စွဲကျန်ခဲ့ပြီး အများစုက မျက်လုံးပါ ကွယ်ခဲ့ရတာပါ။ အဲဒီတုန်းက ဥရောပ သုတေသန ပညာရှင်တွေ ဝင်ရောက် လာရာကနေ အမေရိကန် ပြည်ထောင်စု မှာ ကျောက်ကြီး ရောဂါပိုး ပျံ့နှံ့သွားခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၉ဝ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။ ၂ဝ ရာစု တစ်ခုတည်းမှာကို ကျောက်ကြီး ရောဂါ ကြောင့် သေဆုံးသူ သန်း ၃ဝဝ ရှိခဲ့ ပါတယ်။

Hanta Virus ၁၉၅ဝ ပြည့်နှစ် ကိုရီးယားစစ်ပွဲ ကာလမှာ ပလိပ်ရောဂါပိုး စတင်ပြန့်ပွား ခဲ့ပါတယ်။ လူလူချင်း ကူးစက်တာ မဟုတ်ဘဲ ကြွက်ချေးနဲ့ ထိတွေ့မိရာ ကနေ ကူးစက်လေ့ရှိတဲ့ ပလိပ်ရောဂါ ဆိုးကြောင့် အဲဒီတုန်းက တပ်ဖွဲ့ဝင် ဦးရေ ၃ဝဝဝ လောက် ကူးစက်ခံ ခဲ့ရပြီး ၁၂ ရာခိုင်နှုန်း သေဆုံးခဲ့ ရတယ်။ ၁၉၉၃ ခုနှစ်မှာတော့ ပလိပ်ရောဂါပိုး နောက်တစ်မျိုးကို အမေရိကန် ပြည်ထောင်စု မှာ တွေ့ရှိခဲ့ ပါတယ်။ လူဦးရေ ၆ဝဝ လောက်ကို ကူးစက်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း သေဆုံးခဲ့ ပါတယ်။

Influenza တုပ်ကွေးရာသီ ရောက်တိုင်း ကမ္ဘာ တစ်ဝန်းမှာ လူဦးရေ ငါးသိန်းလောက် ဖျားနာကြ ပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် တုပ်ကွေး ရောဂါပိုးရဲ့ သန္ဓေဗီဇ ကလဲ မတူတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေး ထိုးရလေ့ ရှိပါတယ်။ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန် တုပ်ကွေးဟာ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီး ကမ္ဘာ့ လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းကို ကူးစက်ခဲ့ပြီး လူဦးရေ သန်း ၅ဝ ခန့် သေဆုံးခဲ့ ပါတယ်။ ဒီတုပ်ကွေးမျိုး နောက်ထပ် တစ်ခါ ဖြစ်ပွားခဲ့မယ် ဆိုရင် ထိန်းချုပ်ဖို့ လွယ်မှာ မဟုတ်ဘဲ လူသားတွေရဲ့ အနာဂတ်ဟာ သေချာတော့ မှာတောင် မဟုတ်ဘူးလို့ ကျွမ်းကျင်သူ များက ပြောပါတယ်။

Dengue သွေးလွန် တုပ်ကွေး ရောဂါပိုးကို ၁၉၅ဝ ပြည့်နှစ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ တို့မှာ ပထမဆုံး အကြိမ်တွေ့ရှိ ခဲ့တာဖြစ်ပြီး ကမ္ဘာ တစ်ဝန်းကို ပျံ့နှံ့သွားခဲ့ ပါတယ်။ အခုဆိုရင် ကမ္ဘာ့ လူဦးရေ ၄ဝ ရာခိုင်နှုန်း ဟာ သွေးလွန် တုပ်ကွေးဇုန်မှာ နေထိုင်ကြ တာပါ။ ခြင်ကနေ အဓိက ကူးစက်လေ့ရှိပြီး ပူနွေးလာ နေတဲ့ ကမ္ဘာကြီးမှာ သွေးလွန်တုပ်ကွေး ကူးစက်မှု နှုန်းဟာ ပိုမြန်လာဖို့ပဲ ရှိပါတယ်။ နှစ်စဉ် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ သန်း ၅ဝ ကနေ သန်း ၁ဝဝ အထိ ရှိပေမယ့် သေဆုံးမှုနှုန်း ကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သွေးယိုစိမ့်မှု စတင်တဲ့အခါ အချိန်မီ မကုသ နိုင်ဘူး ဆိုရင်တော့ သေဆုံးမှုနှုန်း ၂ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး အတွက် ကာကွယ်ဆေး မရှိသေး ပါဘူး။ ပြင်သစ် ဆေးဝါး ကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ဟာလဲ စမ်းသပ်အဆင့် မှာပဲ ရှိသေးပေမယ့် အထိုးခံထား သူတွေမှာတော့ သွေးလွန်တုပ်ကွေး ကူးစက် ခံရတာမျိုး မရှိသေးပါဘူး။

Rota virus ကာလ ဝမ်းရောဂါပိုး ဟာ မွေးကင်းစနဲ့ ကလေးငယ် တွေကို ဆိုးရွားစွာ တိုက်ခိုက်လေ့ ရှိပါတယ်။ ဝမ်းသွားထားတဲ့ အညစ်အကြေး တွေက တစ်နည်းနည်းနဲ့ ခံတွင်းထဲ ပြန်ရောက် သွားတဲ့အခါ ကာလဝမ်း ရောဂါ ဖြစ်ပွားလေ့ ရှိပါတယ်။ အရည်ဓာတ် ခန်းခြောက်မှုကို ချက်ချင်း မဖြည့်နိုင်ဘူး ဆိုရင် သေဆုံးနိုင်ခြေ မြင့်မားပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ကာလဝမ်း ရောဂါ ကြောင့် အသက် ငါးနှစ်အောက် ကလေးငယ် ဦးရေ ၄၅၃ဝဝဝ သေဆုံးခဲ့ပါတယ်။ အခု နောက်ပိုင်းတော့ ကာကွယ်ဆေးတွေ ထွက်လာပြီမို့ ကာလဝမ်း ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူရတဲ့နှုန်း သိသိသာသာ ကျဆင်းသွားပြီး သေဆုံးမှုနှုန်း လဲ ခေါက်ချိုး ကျသွား ပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဗိုင်းရပ်စ် ကိုးမျိုးမှာ ဘယ် ဗိုင်းရပ်စ်က လူကို သေစေနိုင်မှု အမြင့်ဆုံးလဲ ဆိုတာ စာဖတ်သူ ကိုယ်တိုင်ပဲ ချိန်ဆကြည့်ပါ။ သေချာတာ ကတော့ ဘယ်ဗိုင်းရပ်စ် ကြောင့်ပဲဖြစ်စေ လူသေဆုံးမှု ရှိလာ နိုင်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရမှုကနေ ကင်းဝေးနိုင်ဖို့ ကျန်းမာရေး အသိနဲ့ သတိရှိစေဖို့ အခုလို လေ့လာ ရေးသား တင်ပြလိုက် ရပါတယ်။
From: PyiChitThar

www.mmdailystar.com

ထောင် ၁၅ နှစ်ကျလည်း ကျပါစေဟု ဆိုကာ ၁၆ နှစ်သမီးလေးကို ကြမ်းကြမ်းရမ်းရမ်း မုဒိန်းကျင့်သူ


ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပါစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။
မုဒိမ်းသမား လူးဝစ်ကိုးလ် အနေဖြင့် တရားရုံး၌ သူ၏ပြစ်မှု အတွက် ကြားနာနေချိန် တွင်လည်း မိန်းကလေးအပေါ် အားတောင့်အားနာ ဖြစ်သည့် အမူအရာ တစ်ချက်မျှ ကိုပင် မမြင်ခဲ့ရပေ။

ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခုသို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့ ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။

ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ” ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေ ခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက် သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror
From:Mizzima

www.mmdailystar.com

အမှန်တရား လမ်းစပေါ်လာတဲ့ လိပ်ကျွန်းလူသတ်မှု



ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို ကော့စမွေထောင်မှာ တွေ့ဆုံပြီးနောက် ပြုံးရွှင်စွာ တွေ့ရသည့် မိဘဆွေမျိုးများ (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)


ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှု သံသယ တရားခံတွေအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တွေ့ဖို့ မြန်မာနိုင်ငံကနေ လိုက်လာကြတဲ့ မိဘတွေနဲ့ အတူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးအဖွဲ့တို့ဟာ ကော့စမွေ အကျဉ်းထောင်ကို အောက်တိုဘာ ၂၄ ရက်နေ့က ရောက်ရှိလာကြပါတယ်။

ထိုင်းကို ရောက်လာကြတဲ့ မိဘဆွေမျိုးတွေကတော့ ဝင်းဇော်ထွန်းရဲ့မိဘတွေ ဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်း၊ ဇော်လင်းရဲ့ မိခင် ဒေါ်ဖြူချေနုနဲ့ ဦးလေးဖြစ်သူ ဦးသိန်းရွှေအောင်တို့ ဖြစ်ကြပါတယ်။

သူတို့အားလုံးရဲ့ မျက်နှာတွေမှာ တက်ကြွတောက်ပမှုတွေ ကင်းနေပြီး ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဆီကနေ တခုခုကို မျှော်လင့်နေကြဟန်က မျက်နှာတွေပေါ်မှာ အထင်းသား။ သားဇောနဲ့ အပူမီးတောက်နေတဲ့ ဝင်းဇော်ထွန်းရဲ့ မိခင် ဒေါ်မေသိန်းကတော့ မတိတ်နိုင်သေးတဲ့ မျက်ရည်တွေနဲ့အတူ သားရှိတဲ့ အကျဉ်းထောင်ထဲကို လိုက်ပါသွားခဲ့ပါတယ်။

တွေ့ဆုံခွင့်ရရှိပြီး ပြန်ထွက်လာချိန်မှာတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက ဝင်သွားတုန်းကနဲ့ မတူဘဲ ဖုံးဖိမထားနိုင်လောက်အောင် အပြုံးတွေက ပေါ်လွင်နေပါတယ်။ ပြန်ထွက်လာတဲ့ တဖွဲ့လုံးမှာ အသိသာ အထင်ရှားဆုံး နှစ်ယောက်ကတော့ မိခင်တွေဖြစ်တဲ့ ဒေါ်မေသိန်းနဲ့ ဒေါ်ဖြူချေနုတို့ပါ။ သူတို့မျက်ဝန်းတွေက တောက်ပပြီး မျက်နှာတွေမှာလည်း တပြုံးပြုံးနဲ့ပါ။

မျက်ရည်တွေ မခြောက်သေးဘဲ အကျဉ်းထောင်ထဲကို ဝင်သွားခဲ့တဲ့ ဒေါ်မေသိန်း ဆိုရင် ပြန်ထွက်လာတဲ့ အချိန်မှာ လိုချင်တာရလာတဲ့ ကလေးတယောက်ရဲ့ အပြုံးမျိုးနဲ့ ဖျတ်လတ်တဲ့ ခြေလှမ်းတွေနဲ့ ထွက်လာပါတယ်။ အရင်က ငူငူငိုင်ငိုင်ဖြစ်နေပေမယ့် အခု ကလေးတယောက်လို ပေါ့ပေါ့ပါးပါးပါပဲ။

အခြေအနေတွေကို သိလိုဇောနဲ့ စောင့်ကြိုနေတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုတော့ ဝင်းဇော်ထွန်းရဲ့ ဖခင် ဦးထွန်းထွန်းထိုက်က တက်တက်ကြွကြွ ဖြေပါတယ်။ သူတို့တွေ အကျဉ်းထောင်ထဲကို ဝင်သွားပြီး ပြန်ထွက်လာတဲ့ အချိန်မှာ သူတို့ရဲ့ ယုံကြည်ချက်ကို ခိုင်မာစေတဲ့ ခွန်အားတခု ရရှိလာခဲ့ပါတယ်။ အဲဒါကတော့ သားဖြစ်သူတွေ နှုတ်ဖျားကနေ ပြောလိုက်တဲ့ စကားကြောင့်ပါ။

“ကျနော့်သားကလည်း သူမဟုတ်ကြောင်း၊ သူ့ကို ညှင်းပန်းနှိပ်စက်လို့ ဝန်ခံရပါတယ်ဆိုကြောင်းကို ကျနော်တို့ကို ပြောလိုက်လို့ ကျနော်တို့ ဒီနေ့ ပျော်ပါတယ်ခင်ဗျား၊ ပျော်ပါတယ်” ဆိုပြီး သတင်းမီဒီယာတွေကို ဖြေဆိုရင်း ပီတိ မျက်ရည်တွေ စီးကျနေတဲ့ ဦးထွန်းထွန်းထိုက်က လက်မထောင် ကြွေးကြော်လိုက် ပါတယ်။

သူတို့အဖွဲ့ အကျဉ်းထောင်အတွင်းကို ဝင်သွားချိန်မှာ ပထမဆုံး တွေ့ရသူကတော့ မိဘနဲ့ ၆ နှစ်ကျော်အကြာ ဝေးကွာနေခဲ့ရတဲ့ ဇော်လင်းပါ။ ဆေးစစ်မှုတွေပြုလုပ်ပြီး ပြန်လာတဲ့ ဇော်လင်းကိုတွေ့တော့ မိခင် ဒေါ်ဖြူချေနု တချိန်လုံး ထိန်းချုပ်ထားခဲ့တဲ့ မျက်ရည်တွေ မဆည်နိုင်တော့ဘဲ သားဖြစ်သူကို ဖက်ပြီးငိုချလိုက်ပါတယ်။

သံခြေကျင်းတွေ ခတ်ထားတဲ့ ဇော်လင်းလည်း ငိုကြွေးရင်းကနေ “အမေ၊ မငိုနဲ့၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်။ သားအတွက် ဘာမှ စိတ်မပူနဲ့၊ တရားရုံးက မေးလာရင် သားတို့ အမှန်အတိုင်း ထွက်ဆိုတော့မယ်” ဆိုပြီး ဇော်လင်းက မိခင်ဖြစ်သူကို အားပေးလိုက်တယ်လို့ ဒေါ်ဖြူချေနုက ရခိုင်သံဝဲဝဲနဲ့ ပြန်ရှင်းပြပါတယ်။

ဇော်လင်းတို့ မိသားစုတွေ ငိုကြွေးနေတုန်းမှာပဲ သူတို့ ထိုင်နေတဲ့နေရာကို သံခြေကျင်းတွေ ခတ်ထားတဲ့ ဝင်းဇော်ထွန်း ရောက်လာပါတယ်။ သားဖြစ်သူသတင်း ကြားကတည်းက တချိန်လုံး သောကမီးတွေ တောက်လောင်နေခဲ့ရတဲ့ မိခင်ဖြစ်သူ ဒေါ်မေသိန်းနဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်တို့ဟာ ဝင်းဇော်ထွန်းအဖြစ်ကို ကြည့်ပြီး ငိုကြွေးကြတယ်လို့ ဆိုပါတယ်။

“ဝင်းဇော်ထွန်းက လုံးဝ မျက်ရည်မကျဘူး။ စိတ်ခိုင်တယ်။ ကျနော်တို့ ငိုနေတဲ့ နှစ်ယောက်ကိုတောင် သူက ပြန်နှစ်သိမ့်တယ်။ အဖေတို့ အမေတို့ မငိုကြဖို့ပေါ့ဗျာ။ သားလည်း ကျန်းကျန်းမာမာရှိနေတယ်။ သူ့အတွက်မပူဖို့ အဓိက ကတော့ ကျနော်တို့ အနေနဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်ဖို့ပေါ” လို့ ဦးထွန်းထွန်းထိုက်က ပြန်ပြောပြပါတယ်။

မိသားစုတွေ ငိုကြွေးနှစ်သိမ့်နေကြချိန်မှာ စိုးရိမ်စိတ်တွေနဲ့ စောင့်ဆိုင်းနေကြသူတွေက သံရုံးက လွှတ်လိုက်တဲ့ အထူးအဖွဲ့တွေပါ။ သူတို့တွေစိုးရိမ်နေတာက လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အရင်တခေါက်က တွေ့ဆုံခွင့်ရချိန်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးက ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိတဲ့အပေါ် ဒီတခေါက်ရော ဘယ်လိုပြောမလဲ ဆိုတာကို သူတို့ တဖွဲ့လုံး စိတ်လှုပ်ရှားနေကြတာပါ။

“ကျနော်ဆိုရင် စိတ်တွေ ဆောက်တည်ရာမရဘူး။ သူတို့ ဘယ်လိုဖြေမလဲဆိုတာကို မစောင့်နိုင်လောက်အောင် တော်တော်လေး စိတ်ပူနေတာ။ သူတို့ကိုယ်တိုင် သတ်တယ်လို့ ရဲကို ဝန်ခံထားတယ်ဆိုတဲ့ အပေါ်မှာ ကျနော်က မယုံကြည်နိုင်ဘူး ဖြစ်နေတာ။ ကျနော်တို့ သူတို့နှစ်ယောက်နဲ့ တရားရုံးမှာတွေ့တုန်းက သူ့တို့ကို ကတိတောင်းဖူးတယ်။ မင်းတို့ မိဘတွေကို ခေါ်လာပေးရင် မင်းတို့ အမှန်တိုင်း ဝန်ခံမလားဆိုတော့ ပြောမယ်လို့ ဝင်းဇော်ထွန်းက ပြောတယ်။ အခုရောက်လာတော့ သူတို့ ပြောမယ်ဆိုတဲ့ အမှန်အတိုင်းဆိုတာက ဘာလဲဆိုပြီး တွေးပူနေတာ” လို့ သံရုံး အထူးအဖွဲ့ရဲ့ စကားပြန် ကိုမိုးဝေက သူ့ရဲ့စိတ်ပူပင်မှုကို ပြန်ပြောပြပါတယ်။

သံရုံးအဖွဲ့က အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ဗြိတိသျှနှစ်ဦးကို သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှုတွေမှာ သူတို့ လုံးဝ မပါဝင်ခဲ့ကြောင်း၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဝန်ခံပေးခဲ့ရတာ ဖြစ်ကြောင်း မိဘတွေရှေ့မှောက်မှာ ရှင်းပြခဲ့ပြီး သူတို့နှစ်ဦးလုံး ကြုံတွေ့ခဲ့ရတဲ့ ငရဲခန်းရဲ့ အသေးစိတ်ကိုလည်း မေးသမျှရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဝင်းဇော်ထွန်းကို ဖမ်းဆီးစစ်ဆေးချိန်မှာ ထိုင်းရဲနဲ့ စကားပြန် ကိုရဲတို့က မျက်နှာနဲ့ ခန္ဓာကိုယ်ကို ရိုက်နှက် ကန်ကျောက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ စကားပြန် ကိုရဲက မြန်မာသံရုံးက ထုတ်ပေးထားတယ်ဆိုတဲ့ ကဒ်ပြားကို ထုတ်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “လူသတ်မှုတွင် ပါဝင်ခဲ့သည်ဟု မဝန်ခံပါက၊ ခြေလက်များကို ဖြတ်ပြီး ဂုန်နီအိတ်ထဲထည့်ကာ မြစ်ထဲ မျှောပစ်မည်။ ကားတာယာကွင်းများနှင့် ပတ်ပြီးရေနံဆီလောင်းကာ မီးရှို့သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့” တဲ့ အကြောင်း ဝင်းဇော်ထွန်း ကိုယ်တိုင် သံရုံးအဖွဲ့ကို ရှင်းပြထားတဲ့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

ဒီလိုခြိမ်းခြောက်မှုတွေနဲ့ မေးမြန်းခဲ့သလို လူသတ်တရားခံဖြစ်ကြောင်း ဝန်ခံပေးလိုက်ရင် ထောင် လေး၊ ငါးနှစ်သာ ကျနိုင်ကြောင်း ဖျားယောင်းသိမ်းသွင်း ပြောဆိုမှုတွေလည်း ရှိတဲ့အကြောင်း သံရုံးအထူး အဖွဲ့ဝင်တွေနဲ့ မိဘတွေကို ဝင်းဇော်ထွန်းက ရှင်းပြ ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

တခါ ဇော်လင်းကိုလည်း “ဘီယာသွားဝယ်တဲ့ CCTV က ပုံတွေကိုပြပြီး မင်းတို့ မဟုတ်လားလို့ မေးတယ်။ ဟုတ်တယ်ဆိုတော့ သတ်တာလဲ မင်းတို့ပဲဆိုပြီး ခြိမ်းခြောက်နှိပ်စက် ထိုးနှက်ပါတယ်” လို့ ဇော်လင်း ကိုယ်တိုင် ရှင်းပြထားတဲ့ သံရုံးအဖွဲ့မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

“မျက်နှာကို စွပ်ထားတဲ့ အ၀တ်ပိတ်ကို ပါးစပ်ပေါ်အောင်လှန်ပြီး မျက်နှာကိုမမြင်ရ၊ မြန်မာတယောက် ဘယ်သူမှန်းမသိဘူး ထမင်းလာကျွေးတယ်။ အဲ့ဒီနောက်မှာ စကားပြန်ဝင်လာတယ်။ မင်းသတ်လား အမှန်အတိုင်းပြော၊ မပြောရင် မင်းတို့ ဒီထက်နာမယ်။ မင်းတို့သွားတွေကို ပလာယာနဲ့ နုတ်ပစ်မယ်။ မျက်နှာကို ခြေထောက်နဲ့ ကန်တယ်။ ဒီမှာ လူသတ်တဲ့ပုံစံ သိတယ်မဟုတ်လား၊ တပိုင်းစီပိုင်းပြီး အင်္ဂတေနဲ့လောင်း ရေထဲမြှုပ်ပစ်လိုက်မယ်၊ ၀န်ခံရင်တော့ မင်းတို့ သက်သာမယ်။ ငါတို့လည်း ကူပေးမယ် ဆိုပြီးပြောပါတယ်” လို့ ခြိမ်းခြောက် ထွက်ဆိုခိုင်းတဲ့အကြောင်း ဇော်လင်းကို မေးမြန်းထားတဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။

ဒါ့အပြင် ဇော်လင်းရဲ့ ထွက်ဆိုချက်ထဲမှာ “နောက်တရက်လည်း အဲဒီမှာပဲထားပြီး ခြိမ်းခြောက်တယ်။ မင်းတို့ဟာ တရားဝင် လာနေတဲ့သူတွေ မဟုတ်ဘူး။ အချိန်မရွေးသတ်ပြီး ကျောက်တုံးနဲ့ တွဲမြုပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ၀န်ခံစေပါတယ်။ ပေါက်တူးနဲ့ရိုက်ပြီး သတ်တယ်လို့ ပြောစေပါတယ်” လို့လည်း ပါဝင်ပါတယ်။

အခင်းဖြစ်တဲ့ ညက ဇော်လင်း၊ ဝင်းဇော်ထွန်းနဲ့ မောင်မောင်တို့ သူငယ်ချင်းသုံးယောက်ဟာ စတိုးဆိုင်မှာ ဘီယာသွားဝယ်ပြီး ကမ်းစပ်သောင်ပြင်မှာ ဘီယာနဲ့ လက်ကျန်ဝိုင်ကို သောက်ခဲ့ကြပြီး
မောင်မောင်ကတော့ စောစောပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက် ကျန်နေတဲ့အချိန်မှာ ဘီယာသောက် သီချင်းဆိုပြီး ကမ်းစပ်မှာ ရေကူးပြီးနောက် အိမ်ကိုပြန်အိပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

လစာမထုတ်ခင် တရက်အလိုမှာ အဖမ်းခံလိုက်ရတဲ့အတွက် လစာတောင် မထုတ်လိုက်ရဘူးလို့ ဇော်လင်းက ပြောတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်စဉ်မှာ သေဆုံးသူကို ဝိုင်ပုလင်းနဲ့ ရိုက်တယ်။ ပေါက်ပြားနဲ့ ရိုက်တယ် ဆိုတာတွေကလည်း ခြိမ်းခြောက်ပြီး လိမ်လည်ထွက်ဆိုခိုင်းခဲ့တာ ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မိဘတွေနဲ့ သံရုံး အထူးအဖွဲ့တွေရဲ့ရှေ့မှာ သူတို့လေးလေးနက်နက် ဝန်ခံပြောဆိုလိုက်ကြတာက “ဒီအမှုမှာ သူတို့နှစ်ယောက် လုံးဝ ပတ်သက်မှု မရှိဘူး” ဆိုတာပါပဲ။ ဒီစကားကြောင့် မိဘတွေနဲ့ သံရုံး အထူးအဖွဲ့တွေ စိတ်အေးသွားခဲ့ကြရပြီး ရှေ့ဆက် လုပ်ကိုင်ရမယ့် လုပ်ငန်းတွေကို ခိုင်ခိုင်မာမာ ဆုံးဖြတ်နိုင်ခဲ့ကြပြီလို့ ဆိုပါတယ်။

“ကလေးတွေအနေနဲ့ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာကို အင်မတန်မှကို ကြိုဆိုတယ်။ သူတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထားတဲ့ သတ္တိကိုလည်း အသိအမှတ်ပြုတယ်။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်ပေးနေရတဲ့ သူတွေအနေနဲ့လည်း အင်မတန်မှ ဝမ်းသာတယ်။ သူတို့ဘက်ကလိုက်ပြီး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေများကောင်စီ အတွက်လည်း ပိုပြီးတော့ လုပ်ရကိုင်ရတာလည်း အဆင်ပြေချောမွေ့သွားမယ်လို့ ယုံကြည်တယ်” လို့ သံရုံး အထူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးထူးချစ်က ရှင်းပြပါတယ်။

မြန်မာသံရုံး အထူးအဖွဲ့ဝင် တခြားတဦးဖြစ်တဲ့ ကိုမင်းဦးကလည်း “ကျနော်တို့ မနားမနေကြိုးစားခဲ့တာတွေ ဒီနေ့ ကြိုးစားရကျိုး နပ်တဲ့နေ့ပဲ။ ကျေနပ်တယ်ဗျာ။ အစတုန်းက သူတို့ခြိမ်းခြောက် ခံရမှုတွေ လွှမ်းမိုးနေပြီး ကျနော်တို့ အဖွဲ့ကိုတောင် မယုံကြည်ဘူးဖြစ်နေတာ။ ဒါကြောင့် အရင်တခေါက်က ကျနော်တို့ သွားမေးတော့ သူတို့ အမှန်အတိုင်း မဝန်ခံခဲ့တာ။ အခုမိဘတွေပါလာမှပဲ ထုတ်ပြောပြတော့တာ” လို့ ဝမ်းသာအားရ ရှင်းပြပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို လူသတ်တရားခံလို့ ထိုင်းရဲတွေက ထုတ်ပြချိန်ကတည်းက ထိုင်းပြည်သူတွေ၊ မှုခင်းပညာရှင်တွေနဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေက အယုံအကြည် မရှိခဲ့ကြဘဲ ဝေဖန်ခဲ့ကြပါတယ်။ အလားတူ မြန်မာပြည်သူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းအသီးသီးကလည်း အယုံအကြည် မရှိကြပါဘူး။

တကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ ဒီလူသတ်မှုမှာ သူတို့နှစ်ဦး တရားခံ မဟုတ်ဘူးလို့ ယုံကြည်နေမှုတွေဟာ အပြင်မှာတင် မဟုတ်ဘဲ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ရောက်ရှိနေတဲ့ ကော့စမွေ အကျဉ်းထောင်ထဲမှာ အကြောင်း အမျိုးမျိုးနဲ့ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားတွေကလည်း မယုံကြည်ကြဘူးလို့ ဆိုပါတယ်။

ထောင်ထဲကိုရောက်လာတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို မြန်မာအကျဉ်းသားတွေက အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့နဲ့ သူတို့တွေရှိနေကြောင်း စိတ်ဓာတ်တွေ မြှင့်တင်ပေးခဲ့တယ်လို့ သူတို့နှစ်ဦး ပြောပြချက်တွေအရ ပြန်သိရပါတယ်။ သူတို့နှစ်ယောက်ကို စိတ်ဓာတ် မကျအောင် အချိန်တိုင်း အားပေးနေတဲ့ အထဲမှာ ကော့စမွေ အကျဉ်းထောင်က တာဝန်ရှိသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦး ကော့စမွေ အကျဉ်းထောင်ကို ရောက်ရှိလာချိန်က ကိုယ့်ကိုယ်ကို သတ်သေသွားနိုင်တဲ့ အတွက် စောင့်ကြည့်နေရကြောင်း၊ နောက်ပိုင်းမှာ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ရကြောင်း စတဲ့ သတင်းတွေ ထွက်လာခဲ့တာဟာ သတင်းမှားတွေဖြစ်ပြီး ဒီအပေါ်မှာ ထောင်မှူးကြီးက စိတ်ပျက်မိတဲ့အကြောင်း မြန်မာသံရုံး အထူးအဖွဲ့တွေကို ညည်းညူလိုက်သေးတယ်လို့ ဆိုပါတယ်။

ကော့စမွေအကျဉ်းထောင်ထဲမှာ တွေ့ဆုံနေတဲ့အချိန် ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့
ပေးလိုက်တဲ့ ဖြောင့်ချက်တွေဟာ သူတို့ရဲ့ မိဘတွေအတွက် ဝမ်းသာပီတိဖြစ်သွားစေသလို ဒီအမှုကို မြန်မာအစိုးရဘက်ကနေ လိုက်ပါစုံစမ်းပေးနေတဲ့ မြန်မာသံရုံး အထူးအဖွဲ့အတွက်လည်း ခွန်အားတွေဖြစ်သွားစေခဲ့ပါတယ်။

“အန်ကယ်တို့ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ရကျိုး နပ်တယ်လို့ ပြောရမယ်။ ၂၀ ရာခိုင်နှုန်း ချန်ထားတယ် ဆိုတာကတော့ သူတို့အမှုတွဲ မပိတ်မချင်းက တရားခွင်မှာ အန်ကယ်တို့ ရှင်းရဦးမှာပါ။ ဒါပေမယ့် အမှုနဲ့ ပတ်သက်လို့ ခြုံငုံကြည့်မယ်ဆိုရင် ပြစ်ဒဏ်ကြီးတဲ့ ဒီလိုပြစ်မှုကြီးတွေမှာ အမှုတွဲတည်ဆောက်တဲ့လူဟာ ပေါ့ပေါ့တန်တန် တည်ဆောက် ပြီးတော့ တရားခံကို အပြစ်ပေးလို့ မရဘူး။ ဒါကြောင့်မို့ တရားခံသည် သံသယအကျိုးကို ခံစားရမယ်ဆိုတာ ဥပဒေမှာရှိတယ်။ ဒီအတိုင်းဖြစ်အောင်လုပ်မှာ” လို့ သံရုံး အထူးအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့က ဒီအမှုနဲ့ပတ်သက်ပြီး လုံးဝ ပတ်သက်မှု မရှိကြောင်း ပြောဆိုလိုက်ပြီးတဲ့နောက် မြန်မာသံရုံး အဖွဲ့ဟာ နာရီပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ကော့စမွေမြို့နယ် တရားသူကြီးရုံးမှာ ကန့်ကွက်လွှာ တင်လိုက်သလို ၄ ရက်အကြာမှာ ဘန်ကောက်မြို့ပေါ်မှာရှိတဲ့ တရားရုံးချုပ်မှာလည်း ကန့်ကွက်လွှာ ထပ်တင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်တရားခံအဖြစ် သံသယနဲ့ စွပ်စွဲပြီး ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတဲ့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အထူးအဖွဲ့အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

“ဒီအမှုက မှန်မှန်ကန်ကန်နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ လိုပါတယ်။ မှားယွင်းဆုံးဖြတ်ခဲ့ရင် ထိုင်း၊ မြန်မာနဲ့ ဗြိတိန်တို့ ၃ နိုင်ငံအကြားမှာ နစ်နာစရာတွေ ဖြစ်ကုန်မယ်။ ကျနော်တို့ကတော့ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် အဆုံးအထိ လုပ်မှာပါ” လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကလည်း ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းပေါ်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ၊ နှိပ်စက်မှုတွေ၊ ဖျားယောင်းမှုတွေနဲ့ လူသတ်တရားခံအဖြစ် ဝန်ခံခဲ့ရတယ်ဆိုတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဖွင့်ဟဝန်ခံချက်တွေဟာ အမှုတခုလုံးကို ပြောင်းပြန်ဖြစ်သွားစေနိုင်တဲ့ အနေအထားကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သူတို့ရဲ့ဝန်ခံချက်ဟာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းဥပဒေပညာရှင်တွေ၊ မြန်မာသံရုံး အထူးအဖွဲ့တွေ အတွက် အရေးပါတဲ့ အထောက်အကူဖြစ်သလို စောင့်ကြည့်နေကြတဲ့ ထိုင်း-မြန်မာပြည်သူတွေ
အတွက်လည်း အားရကျေနပ်စေခဲ့ပါတယ်။

အထူးသဖြင့် သားဖြစ်သူ ဝင်းဇော်ထွန်းရဲ့ သတင်းကိုကြားကတည်းက မစားနိုင်မအိပ်နိုင်ဘဲ သားဇောနဲ့ အိမ်ပေါ်က ခုန်ချပြီး ကိုယ့်ခေါင်းကို ခဲနဲ့ ထုနှက်ခဲ့တဲ့ ဒေါ်မေသိန်း တယောက်လည်း သားဖြစ်သူနဲ့ ကော့စမွေ အကျဉ်းထောင်မှာတွေ့ပြီး ပြန်ထွက်လာ ကတည်းက အပြုံးမပျက်နိုင်ဘူး ဖြစ်နေပါတယ်။

ကော့စမွေ အကျဉ်းထောင်မှာ တွေ့ခွင့်ရတုန်းက သားဖြစ်သူ အနားမှာထိုင်ပြီး တချိန်လုံး ဖက်တွယ်နေတဲ့ ဒေါ်မေသိန်း က “သတင်းကြားရတဲ့နေကတော့ သားလေးကို ဘာလုပ်လိုက်ကြမလဲလို့ စိတ်ထိခိုက်တာပေါ့။ ဒီအမှုမှာ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဒီနေ့ သားက သူပွင့်ပွင့်လင်းလင်းနဲ့ ပြောပြလိုက်တဲ့အတွက် စိတ်ထဲမှာ လုံးဝပေါ့သွားတယ်။ သား ပြန်လွတ်လာမယ်လို့ စိတ်ထဲမှာ ယုံကြည်သွားတယ်” လို့ ပြောပါတယ်။
From: ကျော်ခ

www.mmdailystar.com

တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံသာ တိုက်ခိုက်ရေးအတွက် သုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီးရှင်းပြ



နေပြည်တော်၊ အောက်တိုဘာ၂၇

လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကိုသာ တိုက်ခိုက်ရေးအတွက် တပ်မတော်က သုံးစွဲနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တပ်မတော်က တောင်းခံထားသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေး အသုံးစရိတ်မှအပ ကျန်ရှိသည့် ကုန်ကျငွေ အသုံးစရိတ်များမှာ တပ်မတော်သားများအတွက် လစာ၊ စရိတ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံခဲ့ပြီး ယင်းတောင်းခံငွေမှ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးအတွက် အသုံးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တပ်မတော်က ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်မူ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
 
From:OE

www.mmdailystar.com

ထိုင်းလူသတ်မှု ကိစ္စဆောင်ရွက်သူများ မှ အသိပေးစာထုတ်



လွန်ခဲ့တဲ့ တပါတ်ကျော်နှစ်ပါတ်လောက်အတွင်းမှာဘဲစတယ်လို့ထင်ပါတယ် 
အဲ့ဒါကတော့ ကော့တောင်(လိပ်ကျွန်း)အရေးနဲ့ပါတ်သက်လို့ အကူအညီအတွက်(သို့)အကူအညီပေးသူ
တွေအတွက် အလှူငွေတွေကောက်ခံနေတယ်ဆိုပြီးတွေ့လိုက်ရလို့ပါ။ အမှုအတွက် ရှေ့နေအတွက် ကုန်ကျစရိတ်စသဖြင့်နဲ့တောင်းဆိုနေကြတာတွေ့လာရပါတယ်။ လိပ်ကျွန်းနဲ့ ကော့စမွေမှ ကျွန်တော့်
မိတ်ဆွေများလည်းမိဘများရောက်လျင်ဖြင့် အနေအထိုင်အစားအသောက်စတာတွေအတွက်ကူညီချင်တယ်
ငွေလှူဒါန်းချင်တယ်စသဖြင့်ဆက်သွယ်ကြပါတယ်၊

ကျွန်းနှစ်ကျွန်းစလုံးပေါ်ကလူမှုရေး၊သာရေးနာရေးအဖွဲ့တွေလည်းတချို့ဆိုအလှူခံထားကြပြီးမိဘတွေကိုလှူဖို့
ငွေအဆင်သင့်ဖြစ်နေပြီဆိုပြီးပြောကြပါတယ်။ ကျွန်တော်အခုပြောချင်တာက ဒီကိစ္စတွေကိုကျွန်တော်တို့
စပြီးအကောင်ထည်ဖေါ်လုပ်ဆောင်ကတည်းက တိတိကျကျဆိုရလျှင် ၂၀၁၄ ၁၀ ၀၅ ရက်နေ့ကစပြီးတော့ အမှုအတွက်ခရီးစတင်ဖြစ်ပါတယ်။ သံရုံးမှ တာဝန်ရှိသူနှစ်ဦးအပါအ၀င်တရားဝင်ကိုယ်စားလှယ်
အလွဲခံရသူများဖြစ်ကြတဲ့ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်း၊ ဦးမိုးဝေ၊ကျွန်တော်နဲ့ ကျွန်တော်တို့ရှေ့နေ၊ စူရတ်မှရှေ့နေများဘဲဖြစ်ကြပါတယ်၊ နောက်တခေါက် တရားရုံးမှာသက်သေများရုံးချိန်းကို ၂၀၁၄ ၁၀ ၁၄ ရက်နေ့မှာထပ်မံသွားရောက်ရာမှာလဲအထက်ဖေါ်ပြပါကိုယ်စားလှယ်များနဲ့ဘန်ကောက်မှသတ်သတ်လိုက်
လာတဲ့ ရှေ့နေများကောင်စီမှ ရှေ့နေများကိုလိုက်ပါဆောင်ရွက်ဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ၁၀ ၂၄ ရက်နေ့မှာတော့ ခလေးနှစ်ဦးရဲ့မိဘများနဲ့အတူ သံရုံးမှာတာဝန်ခံများ မိမိတို့ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် စုစုပေါင်း ၁၃ ဦးပါဝင်တဲ့အဖွဲ့ဟာ ထောင်ဝင်စာတွေ့တယ်၊ အဲ့ဒီနောက်အစိုးရတရားစီရင်ရေးရှေ့နေရုံး (ကော့စမွေ)ကိုသွားရောက်ပြီး အမှုနှင့်စပ်လျဉ်းသည်များကို
ဆောင်ရွက်ခဲ့ကြပါတယ်၊။ အဲ့ဒီခရီးစဉ်များနဲ့ နောက်တကြိမ်ထောင်ဝင်စာမသွားခင် သံရုံအစည်းအဝေးများ၊ မိဘများကိုသွားခေါ်ဖို့ ကိုထူးချစ်၊ ကိုကျော်သောင်းတို့မှ သံရုံးနှင့်အခြားသောအဖွဲ့အစည်းများနှင့်
တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စတဲ့ခရီးစဉ်လုပ်ဆောင်မှုများတလျောက် ကုန်ကျစရိတ်များကို သံရုံး၊မိမိတို့ရုံးနှင့်၊ ကျန်တဦးချင်းစသည်တို့မှကိုယ့်ဘာသာကိုယ်ကုန်ကျခံကာမနေ့ကပြန်ရောက်သည်အထိ ဤအမှုအတွက်ကောက်ခံနေသည်ဆိုသော မည်သည့်အလှူခံဌာန မည်သည့်အလှူငွေအထောက်အပံ့ကိုမှ လက်ခံသုံးစွဲခြင်းမရှိသေးပါကြောင်းသိစေလိုပါတယ်၊၊

ငွေရေးကြေးရေးအရမိမိတို့အဖွဲ့အားသီးခြားပေးအပ်ကာသုံးစွဲစေခြင်း သို့တည်းမဟုတ်မိမိတို့ကိုယ်စားလှယ်
များက အဖွဲ့အစည်းတခုမှသော်လည်းကောင်း၊ တဦးတယောက်ထံမှသော်လည်းကောင်း ယခုအမှုနှင့်
ပါတ်သက်ပြီး အသုံးစရိတ် တောင်းခံခြင်း သုံးစြွဲခင်းမရှိပါကြောင်းရှင်းလင်းပြောကြားလိုပါတယ်။ ယခုကိစ္စကို အကြောင်းပြုပြီးငွေကြေးတစုံရာရရှိရန်၊ နာမည်ရရန်စသဖြင့် အမြတ်ထုတ်ခြင်းဆိုင်ရာ
အပြုအမူမျိုးကိုပြုလုပ်ခြင်းရှိကောင်းရှိနေမည်(သို့)လုပ်နေကြပြီးဖြစ်သည်ဟုကြားသိရပါတယ်၊ဒါကြောင့်
ဒီစာကိုရေးရတာပါ။


မြန်မာနိုင်ငံတွင်းမှ လွှတ်တော်တွင်အမတ်အချို့မှ စုပေါင်းပြီး ကျပ်သိန်း ၃၀၀ ကိုအမှုအတွက် သုံးရန် (နုတ်ကတိအားဖြင့်) လှူဒါန်းပြီးဖြစ်ကြောင်းကိုတော့တရားဝင်သိရပါတယ်။

ထိုငွေများကိုသုံစွဲခြင်းဆိုင်ရာမှာလည်း မိမိတို့အားတိုက်ရိုက်ပေးလှူသုံးစွဲစေခြင်းမျိုးမဟုတ်သလို သုံးစွဲရန်လည်းကိုယ်စားလှယ်အဖွဲ့မှမတောင်းဆိုထားပါ။ ထိုငွေကြေးသုံးစွဲမှုဆိုင်ရာကိုလည်း သံရုံး၏
အစီအစဉ်သုံးစွဲမှုအောက်တွင်သာရှိနေမည်ဆိုတာကိုသိစေလိုပါတယ်။

လှူခြင်တန်းခြင်သူများအနေဖြင့် စေတနာအလျောက် မစီစစ်မိဘဲ ကိုယ်ကျိုးရှာသူများကို လှူဒါန်းမိပြီး မိမိတို့အားလှူဒါန်းသလို၊ မိဘများအားလှူဒါန်သလိုမျိုး ဖြစ်သွားမည်ကိုမလိုလားပါ၊ မိမိတို့မှလဲခုအချိန်ထိ လှူဒါန်းငွေတောင်းခံခြင်း လက်ခံခြင်းမရှိသေးဘူးဆိုတာကို အများသိစေရန် ထပ်မံပြောကြားလိုပါတယ်။

ကောင်းပြီ အမှုလိုက်ခကုန်ကျငွေအတွက်ကကော (ရှေ့နေစရိတ်ပေါ့) -- ဒီလိုရှိပါတယ်

၂၀၁၄ ၁၀ ၂၂ ရက်နေ့က သံရုံးတွင် မိဘများ၊ သံအမတ်ကြီး၊ မိမိတို့အဖွဲ့နှင့်အတူထိုင်းရှေ့နေများ
ကောင်စီမှလူကြီးမင်းများ၊ မိမိတို့အဖွဲ့အစည်း၏နာယကကြီး အာကျန်ခရိုင်ဆတ်ပါဝင်တဲ့လူ့အခွင့်အရေး
ကော်မရှင်အဖွဲ့စသည်တို့နှင့်တွေ့ဆုံဆွေးနွေးစဉ်ကသံအမတ်ကြီးကအမှုအတွက်(ရှေ့နေခ)ကုန်ကျစရိတ်ကို
ပေးဆောင်ရန်အတွက် ရှေ့နေများကောင်စီဥက္ကဌကြီးအားမေးမြန်းရာ ဥက္ကဌကြီးမှ " ရှေ့နေစရိတ်အတွက်ကျွန်တော်တို့ကောင်စီတွင် အသုံးစရိတ် ရှိပါတယ်၊ ပေးရန်မလိုပါဟု တချိန်တည်းမှာဘဲ အများရှေ့မှာပြန်လည်ဖြေကြားခဲ့ပါတယ် "

မိမိဆန္ဒကိုပြောရလျင်ဖြင့် ဤအရေးသည်မိမိတို့အမျိုးသားရေး၊ မိမိတို့လူမျိုးရေးဖြစ်သလို ထိုင်းရှိရ္ပေ့ပြောင်း
အလုပ်သမားများအတွက်အင်မတန်မှကို အရေးကြီးပါတယ်၊ နှစ်နိုင်ငံအတွက်ထဲမဟုတ် ၃ နိုင်ငံဆိုင်တဲ့
အရေးပါ၊ နောက်ပြီးယခုအလုပ်ဟာ အန္ဒရာယ်ကိုလွယ်ပြီး လုပ်ရတဲ့ အလုပ်လဲဖြစ်ပါတယ်။
ရည်မှန်းချက်
(၁) အနေနဲ့ကလေးနှစ်ယောက်လွတ်မြောက်ရေး၊
(၂) တရားမျှတဲ့စီရင်မှုကိုဖေါ်ဆောင်ရေး၊
(၃) မြန်မာတွေထိုင်းမှာကော နေရာတကာမှာမျက်နှာမငယ်ရေး၊
(၄) မြန်မာတွေကိုအရင်လိုလုပ်ချင်သလိုလုပ်လို့မရတော့ဘူးဆိုတဲ့အသိ ထိုင်းတွေကိုရစေဖို့စတဲ့
အချက်တွေပါ။

စလုပ်ကထဲက အလှူအငွကိုရည်မှန်းပြီးလုပ်ခဲ့တာမဟုတ်လေတော့ အလှူငွေရရမရရ ရှိရှိ မရှိ ရှိ ကျွန်တော်တို့ အနေနှင့် ပြီးသည့်တိုင်အောင်နိုင်တဲ့ဘက်ကနေပြီး သံရုံး၊ရှေ့နေများကောင်စီ၊
လူ့အခွင့်အရေးကော်မရှင်စသည်တို့နှင့်လက်တွဲကာ စွမ်းသလောက် လုပ်ကိုင် သွားမယ်ဆိုတာ
အသိပေးလိုပါတယ်။

From: မင်းဦး

www.mmdailystar.com

အသေ ကောင်းသူများအကြောင်း....





စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ် အုန်းတောစံပြကျေးရွာ မှ့
ယောဂီဦးတင်မောင် အသက်(၈၂)
နှစ်သည် သေဆုံးပြီး ၂ရက်မြောက်အထိ မပုပ်မသိုး၊အနံမထွက်ပဲ
မဟာပလ္လင် ချိတ်လို့ရအောင်ပင်
ပျော့ပျောင်းနေကြောင်းသတင်းရရှိပါတယ်
ယောဂီဦးတင်မောင်ဟာ ဆရာတော်
ဦးဥက္ကဌ ရဲ့တပည့်သာဝကတစ်ဦးလည်းဖြစ်ပါတယ်
တိုက်ခွဲအမှတ်၃၂ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ အောင်ပန်းစွာ
တောရ ချောင်းဦးမြို့် ၉ရက်အဓိဌာန်
တရားစခန်းကို၂ကြိမ်ဝင်ရောက်ပြီး
မဟာပလ္လင် ၅နာရီကျင့်စဉ်ကို
၂ကြိမ်တိုင်တိုင် အောင်မြင်စွာကျင့်နိုင်ခဲ့ပါတယ်
တရားရဲ့ခေါ်ဆောင်ရာကို
လူဖြစ်ကျိုးနပ်စွာနဲ့ အောင်လံဆရာတော် ကြီးနှင့် ဆရာတော်ဦးဥက္ကဌ တို့၏ တပည့်သားပီသကြောင်းပြသသွားခဲ့ပြန်ပါပြီ
ကျန်ရစ်သူယောဂီအပေါင်းကိုလည်း
ဒီလိုကျင့် ရင် ဒီလိုသေလို့ရတယ်လို့
ပြောနေသယောင်ပါပဲ
သူတော်ကောင်းတို့ ပိတိသောမနဿ
ဖြင့်သာဓုခေါ်ဆိုခြင်းငှါတင်ပေးလိုက်ပါကြောင်း

From: Theinngu 32 သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...