Monday, 3 November 2014

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု သုံးလအတွင်းဖြေရှင်းပေးရန် သမ္မတဆန္ဒရှိဟုဆို

ယာဉ်ကြောကျပ်တည်းနေသော ရန်ကုန်မြို့တွင်းတစ်နေရာ (ဓာတ်ပုံ - ကျော်ဇင်သန်း)
 
ရန်ကုန်မြို့လမ်းများ မော်တော်ယာဉ်ကြောပိတ်ဆို့မှု ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က သုံးလအတွင်းဖြေရှင်းပေးရန် ဆန္ဒရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောကြားသည်။

‘‘ပိတ်ဆို့မှုတွေ ဖြေရှင်းပေး ဖို့ နိုင်ငံတော်သမ္မတက တိုင်းဒေ သအစိုးရ၊ စည်ပင်တို့သာမက သက်ဆိုင်ရာဝန်ကြီးတွေကိုပါဖြေ ရှင်းပေးဖို့  အမြဲတိုက်တွန်းနေ တယ်’’ဟု ၀န်ကြီးချုပ်က အများ ပြည်သူများ သွားလာလွယ်ကူ ချောမွေ့စေရေးအလုပ်ရုံဆွေး နွေးပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိမှတ် ပုံတင်ထားသော မော်တော်ယာဉ် အစီးရေခြောက်သိန်းတစ်သောင်း ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် လေးသိန်းတစ်သောင်းကျော် ရှိနေသည်။ တစ်နိုင်ငံလုံးမှတ်ပုံ တင်စာရင်းအရ ရန်ကုန်မြို့တွင် မော်တော်ယာဉ်အစီးရေ ၆၆ရာ ခိုင်နှုန်းကျော်ရှိသော်လည်း နယ်ကျော်ကားများပါဝင်လျှင် ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။

မော်တော်ယာဉ်များပြီးလမ်း များ ကျပ်တည်းနေသဖြင့် ဖြေရှင်း ရန် အလိုအလျောက်စနစ်သုံးမီး ပွိုင့် ၆၅ ခု တပ်ဆင်ရန်စီစဉ်နေကြောင်း  ဦးမြင့်ဆွေကပြော ကြားသည်။ ထို့အပြင် ဘတ်စ် ကားများကို လမ်းညာဘက်မျဉ်းဝါ ကြားမှ မောင်းနှင်ရန်ကိုလည်း မီဒီ ယာများတွင် အသိပေးဆောင် ရွက်နေကြောင်း သိရသည်။
အများပြည်သူသွားရေးလာ ရေးလွယ်ကူစေရန်  အလုပ်ရုံဆွေးနွေးပွဲတွင် အချက် ၁၃ ချက်ကို  တက်ရောက်လာသူများထံ မှ ၀ိုင်းဝန်းအဖြေရှာအကြံပြုချက် များရယူသည်။

‘‘ဒီလို ဆွေးနွေးတာ၊အဖြေရှာတာကတော့ ကောင်းပါတယ်။ ဆွေးနွေးချက်တွေကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့လို တယ်’’ဟု မြန်မာနိုင်ငံမော်တော် ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအ သင်းမှ အဖွဲ့ဝင်တစ်ဦးကပြော ကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် ရန် ကုန်ကားအစီးရေနှင့်ပတ်သက် သောအကြံပြုချက်၊ လမ်းအကျယ် အပြည့်အ၀သုံးနိုင်ရန်အကြံပြု ချက်၊ ဘတ်စ်ကားများအတွက် စည်းကမ်းပိုင်းဆိုင်ရာအကြံပြု ချက်၊ ရန်ကုန်လူထုအတွက် စည်း ကမ်းပိုင်းဆိုင်ရာအကြံပြုချက်များ၊ ရန်ကုန်အဓိကလမ်းမကြီး တစ်လျှောက်  အထက်တန်း ကျောင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ၊ ပြည်သူများသွား လာမှုအဆင်ပြေစေရန် ရထားနှင့် ဆိုင်သောအကြံပြုချက်၊  လမ်းဘေးဈေးသည်များနှင့်  ပတ်သက် သောအကြံပြုချက်၊ ကားတင် သွင်းမှုဆိုင်ရာအကြံပြုချက် စသည်ဖြင့် အကြံပြုချက် ၁၃ချက်ကို  ကုန်သည်စက်မှုအသင်းချုပ်တွင်ဆွေးနွေးခဲ့သည်။


From:7day 

www.mmdailystar.com

ပုသိမ်မြို့ခံ ပန်းချီဆရာ ဦးသက်နောင်ရဲ့ မြန်မာ့ ပထမဆုံး သရီးဒီပလက်ဖောင်း


3D Street Art လို့ ခေါ်တဲ့ ဖန်တီးမှုအနုပညာဟာ ၁၈၉၀ လောက်က UK မှာ အစောဆုံး စတင်ခဲ့ကြောင်း သိရှိရပါတယ်။ လန်ဒန်တစ်မြို့တည်းမှာကိုပဲ ပန်းချီပညာရှင် ၅၀၀ ကျော် လောက် ရှိခဲ့မယ် ဆိုပြီး ခန့်မှန်းကြပါတယ်။

Street Artist လို့ ခေါ်တဲ့ ဒီပန်းချီပညာရှင်တွေဟာ လမ်းဘေးပလက်ဖောင်းမှာ နေထိုင်ရင်း လက်ရာမွန်တွေ ဖန်တီးခဲ့ကြတဲ့အတွက် “screever” လို့လည်း ခေါ်ခဲ့ကြကြောင်း သိရှိရပါတယ်။
အမေရိကန်မှာ Chalk Artists လို့လည်းခေါ်ကြတဲ့ Street painters တွေကို အီတလီမှာတော့ Madonnari လို့ ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ ဘာဖြစ်လို့ Madonnari လို့ ခေါ်ခဲ့သလဲ ဆိုရင် သူတို့ဟာ Madonna ရရဲ့ ရုပ်ပုံတွေကို အများဆုံး ရေးဆွဲခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ Madonna ဆိုတာက “မယ်တော် မာရီ”ကို အီတလီဘာသာစကားနဲ့ ခေါ်တွင်တာ ဖြစ်ပါတယ်။ အီတလီ ဘာသာစကားနဲ့ ma donna ဆိုတာက “my lady” လို့ အဓိပ္ပါယ်ရပါတယ်။ ၁၆ ရာစုကတည်းက အီတလီမှာ Madonnari တွေ ရှိနေခဲ့ပါပြီ။
၁၉၇၃ ခုနှစ်မှာတော့ မီလန်မြို့တော်ရဲ့ အရှေ့တောင်ဘက် ၈၁ မိုင်အကွာမှာရှိတဲ့ မန်တူအာ ပြည်နယ်မှာ Street painting ပွဲတော်ကို (၂)ရက်ကြာ စတင်ကျင်းပလာခဲ့ပါတယ်။

၁၉၈၀ ကျော်ရောက်တဲ့အချိန်မှာတော့ Kurt Wenner ဆိုတဲ့ ပန်းချီပညာရှင်ကြီးတစ်ဦးက ’3-D pavement art’ ကို စတင်ရေးဆွဲခဲ့ပါတယ်။ သူ့ကို 3D Street Art ကို တီထွင်သူအဖြစ် အများက သိရှိထားကြပါတယ်။ အမေရိကန်နိုင်ငံသား Kurt Wenner ဟာ အီတလီနိုင်ငံမှာ အနေများခဲ့ပါတယ်။
ခုချိန်မှာတော့ ’3-D pavement art’ ဟာ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဖန်တီးလာခဲ့ကြပါပြီ။ ပန်းချီပညာရှင်တွေရဲ့ အသက်ဝင်လှတဲ့ သရီးဒီ ဖန်တီးမှုအနုပညာတွေဟာ ပြည်သူတွေရဲ့ စိတ်ပြေ လန်းဆန်းမှုကို အထောက်အကူပြုသလို ပြည်ပခရီးသွားတွေအတွက်လည်း ဆွဲဆောင်မှု ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။ ပန်းချီးဆေးသား ကြာရှည်တည်တံ့ရေးအတွက်
အတော်များများကတော့ လူအများသွားလာကြတဲ့ လမ်းကြားတွေထဲ အရိပ်ကောင်းကောင်းရတဲ့ ပလက်ဖောင်းတွေမှာ ရေးဆွဲလေ့ရှိကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှာတော့ သရီးဒီပန်းချီအနုပညာမှာ ဒါက ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီပထမဆုံး ဖန်တီးမှုကနေ အစပြုပြီး ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးလာရောက်တတ်တဲ့နေရာတွေ၊ နေရာအသစ်တွေမှာ ဒီလိုမျိုး ဖန်တီးမှုတွေ ဆက်လက်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ နားလည်မှုရှိရှိ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုရင်တော့ ’3-D pavement art’ ထွန်းကားလာမှာ သေချာပါတယ်။

From: opposite eye

www.mmdailystar.com

သတင်းထောက်ယောင်ယောင် သောင်းကျန်းသူယောင်ယောင် ကိုပါကြီးအလောင်းတူးဖော်ရန် သူ၏ဇနီးကို ရဲတပ်ဖွဲ့ ဆင့်ခေါ်ပြီ



အစိုးရတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်း ကို ယခုလ ၅ရက်တွင် ပြန် လည်တူးဖော် မည်   ဖြစ်သောကြောင့် မတူးဖော်မီတစ်ရက်အလိုတွင် ကျိုက်မရောမြို့မ ရဲစခန်းသို့ လာရောက်ရန် သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာကို နိုဝင်ဘာ၂ရက်နေ့ ရက်စွဲဖြင့် ရဲစခန်း က ဆင့်ခေါ်လိုက်သည်။


ကိုပါကြီး၏ အလောင်းအား မြေမြုပ်ထားသည့် ရွှေဝါချောင်းကျေးရွာသို့ နိုဝင်ဘာ ၅ရက်တွင် သွားရောက်တူးဖော်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များ၊ ဖြည့် စွက်စစ်ဆေးမှုများ စစ်ဆေးနိုင်ရေးအတွက် စခန်းသို့ လာရောက် ရန် အကြောင်းကြားစာတွင် ရေးသားထားသည်။
ကိုပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA အဖွဲ့၏ ကလို့ ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်း အောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန် ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားက ပစ် ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုပါကြီးသေဆုံးမှုကို အမျိုးသားလူ့အခွင့် အရေးကော်မရှင်က စတင်စစ်ဆေးနေပြီး မွန်ပြည်နယ်သို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်နေပြီဟု ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၂ ရက် တွင် မဇ္စျိမကိုပြောသည်။

From: mizzima

www.mmdailystar.com

ခွေးတစ်ကောင်နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးကို အရေးယူ

အေသင်အောင်

သြစတြေးလျ နိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ခွေးတစ်ကောင်နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့ တာကြောင့် အရေးယူခြင်း  ခံခဲ့ရကြောင်း  သိရပါတယ်။ ရဲတပ်ဖွဲ့ ဝင်တွေဟာ အသက် (၂၅) နှစ်အရွယ်ရှိ ဒရစ်ကောလ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ မသင်္ကာဖြစ်ပြီး ရှာဖွေမှုတွေ ပြုလုပ်ရာ မိုဘိုင်းဖုန်း အတွင်း ခွေးတစ်ကောင်နဲ့ မဖွယ်မရာ ပြုလုပ်နေတဲ့ ဗွီဒီယို မှတ်တမ်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အမည်မသိ အမျိုးသား တစ်ဦးလည်း ပါဝင်ပြီး ခွေးတစ်ကောင်နဲ့ မဖွယ်မရာ ပြုလုပ်နေတဲ့ ဗွီဒီယိုဖိုင် သုံးခုကို ရှာဖွေ တွေ့ရှိခဲ့ တာကြောင့် ဘရစ္စဘိန်း တရားရုံးတော် က စွဲချက်တင်မှု ပြုလုပ်ထား ပါတယ်။ ဒါပေမဲ့ ဒရစ်ကောလ်ဟာ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာပြီး တရား ရင်ဆိုင်မှု ပြုလုပ် သွားရမှာ ဖြစ်ပါတယ်။

တိရိစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး အဖွဲ့ အစည်းမှ တာဝန်ရှိသူ တွေက ဒီဖြစ်ရပ် အပေါ် အရေးယူမှုတွေ ပြုလုပ် သွားသင့်ကြောင်း တိုက်တွန်းထားပါ တယ်။ ဒရစ်ကောလ်ဟာ ခွေးဘီလူး အမျိုးအစားနဲ့ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ယူဆနေကြ ပါတယ်။ ဒရစ်ကောလ်ဟာ မူးယစ်ဆေးဝါး  ရောင်းဝယ် ခဲ့ကြောင်း မသင်္ကာမှုနဲ့ ရှာဖွေရာမှာ ခွေးတစ်ကောင်နဲ့ မဖွယ်မရာ ပြုလုပ်တဲ့ ဇာတ်လမ်းပေါ် ထွက်လာ တာကြောင့် ရှက်စရာ ဖြစ်ခဲ့ပါတယ်။ ဒရစ်ကောလ် ရဲ့ ဖုန်းမက်ဆေ့ခ်ျကို ရှာဖွေရာမှာ ဆေးခြောက်ပေါင် (၆၃၀)ဖိုး အရောင်းအ၀ယ် ပြုလုပ်ခဲ့တဲ့ စာသားတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒရစ်ကောလ်ဟာ လာမယ့် ဒီဇင်ဘာလမှာ တရားပြန်လည် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် လဆန်း ကလည်း အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်မှာ အမျိုးသမီး တစ်ဦးဟာ ခွေးတွေ နဲ့ မဖွယ်မရာ ပြုလုပ်ခဲ့ တာကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

From: Messenger

www.mmdailystar.com

ပါကြီးအမှုအရင်းပြု လုပ်ကွက်ဖော်ဦးမည်

 ဒီရက်ပိုင်း မြန်မာပြည်တွင်းအလှုပ်ခတ်ဆုံးသတင်းတစ်ပုဒ်ကတော့ ပါကြီး(ခေါ်)အောင်နိုင်ဆိုသူသေဆုံးခြင်းကိစ္စပါပဲ။ စစ်တပ်ဘက်ကလည်း တရားဝင်ထုတ်ပြန်ချက်ဖော်ပြခဲ့ပြီးကင်းစောင့်စစ်သည်ထံမှသေနတ်လုယက်သည့်အတွက် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ခြင်းဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့သလို ၈၈ ကျောင်းသားအဖွဲ့အပါအ၀င် ဒီမိုကရေစီအင်အားစုဆိုတဲ့ အဖွဲ့၄၀ ကျော် ကလည်းတရားဥပဒေမဲ့လုပ်တာဖြစ်တယ်ဆိုပြန်ပါတယ်။ ဒီကိစ္စမှာကိုယ့်စိတ်မုန်းတီးမှုတစ်ခုတည်းနဲ့ မကြည့်ဘဲ ပြဿနာဖြစ်ပေါ်ခဲ့ရပုံကိုခွဲခြားစီစစ်စေချင်ပါတယ်။

ဘာကြောင့်ထင်ရသလဲလို့ပြောရမယ်ဆိုရင် ပထမအချက်က ပါကြီးသေဆုံးမှုပါ။ ပါကြီးဟာယခင် ဒီကေဘီအေဆန်းအောင်အဖွဲ့နှင့် ၂၀၁၀ ခုနှစ်မြ၀တီမြို့တွင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလတစ်လျောက်ပါဝင်ခဲ့သလို တစ်ဖက်နိုင်ငံတွင်အခြေပြုကာအစိုးရ၏ဆန့်ကျင်ဘက်အဖွဲ့များ၏ကိုယ်စားသတင်းရောင်းချခြင်းများဆောင်ရွက်သလိုတိုက်ပွဲအချို့တွင်ပါဝင်ခဲ့တာကို ယနေ့အွန်လိုင်းစာမျက်နှာများတွင် မတွေ့ချင်မှအဆုံး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းဆန်းအောင်အဖွဲ့နှင့်အတူ ကျိုက်မရောမြို့ဘက်လိုက်ပါခဲ့ပြီးစစ်တပ်နှင့် ဒီကေဘီအေအကြားလာရောက်ညှိနှိုင်းသောစစ်တပ်နှင့် ရဲဝန်ထမ်းများအား စတင်ပစ်ခတ်ခဲ့ချိန်မှစ၍ သဘောထားတင်းမာစဉ် သတင်းထောက်ပီပီချက်ချင်းမြို့ပေါ်ပြန်လည်ထွက်ခွာလာခဲ့လျင်ယနေ့ကဲ့သို့ဖြစ်လာမည်မထင်ပါ။ ဆန်းအောင်တို့နှင့်အတူညအိပ်အခြေပြုပြီးအစိုးရတပ်ဖွဲ့ဝင်များအားဖမ်းဆီး၍လက်နက်သိမ်းဆည်းသွားသောဖြစ်စဉ်အတွင်း တောက်လျောက်ပါဝင်ခဲ့ပြီးအစိုးရတပ်များနှင့်တိုက်ပွဲဖြစ်ပွားချိန်ကျမှ တရားခံပြေးတစ်ယောက်လိုထွက်ပြေးလာတဲ့သူကိုစစ်တပ်ကသင်္ကာမကင်းဖြစ်တာအဆန်းတော့မဟုတ်ပါ။ ထိုသူကိုမဖမ်းခဲ့လျင် တပ်ကဘယ်မှာလုံခြုံရေးယူပြီးဘယ်ကိုလာနေပြီဆိုတာဆန်းအောင်ကိုသတင်းမပေးနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်ပါသလဲ။ သူကိုယ်တိုင် ဗိုလ်ကြီးအဆင့်ဖြစ်တယ်ဆိုတာ ၀န်ခံပြီးသားပါ။

ယနေ့ခေတ်တွင် ကမ္ဘာပေါ်ရှိဖြစ်ပျက်နေသောအရေးအခင်း၊ ပဋိပက္ခ၊ တိုက်ပွဲများတွင် ၀င်ရောက်သတင်းယူနေသော သတင်းထောက်များစွာရှိပါတယ်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခနယ်မြေအတွင်းအန္တရာယ်ကြားတွင် သတင်းရယူလျက်ရှိသောသတင်းသမားများကိုအရပ်သားအဖြစ်သတ်မှတ်ကြောင်းဂျီနီဗာကွန်ဗင်းရှင်း၏ အပိုဒ်ခွဲ ၇၉ တွင်အတိအလင်းဖော်ပြထားသလိုအဆိုပါသတင်းထောက်သည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်မှ သတင်းသမားတစ်ဦးအဖြစ်အသိအမှတ်ပြုထားသည့် စိစစ်ရေးကတ်ရရှိထားရမည်ဖြစ်သလို ဖြစ်ပွားနေသောတိုက်ပွဲအတွင်းတစ်ဖက်ဖက်အား ၀င်ရောက်ပါဝင်ကူညီခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်သောသူမဖြစ်ရန်လည်းလိုပါတယ်။ ပါလက်စတိုင်း-အစ္စရေးစစ်ပွဲများတွင် ၀င်ရောက်သတင်းရယူနေသော သတင်းထောက်များ၏ သတင်းတင်ပြပုံများကို ကြည့်ဖူးသူတိုင်းတွေ့မြင်နိုင်ပါတယ်။ ထိုသို့ပရော်ဖက်ရှင်နယ်ဆန်ဆန် သတင်းဌာနကြီးများ၏ သတင်းထောက်သမားပင် မကြာခဏထိခိုက်သေဆုံးမှုများတွေ့မြင်ရလျက်ရှိပါတယ်။

ယခုကိစ္စတွင် ပါကြီးအနေဖြင့် သေနတ်ဖွက်ထားသောနေရာများကိုမည်သည့်အတွက်ကြောင့် လိုက်လံပြသနိုင်ခဲ့တာကိုမေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဖြေကရှင်းရှင်းလေးပါ ဆန်းအောင်နှင့် တိုက်ပွဲဖြစ်ပွားစဉ် တောက်လျှောက်တူတူရှိခဲ့ပြီးအခြေအနေမကောင်းလို့ ထွက်ပြေးရန်ကြိုးစားရင်းစစ်တပ်နဲ့ဖမ်းဆီးမိခြင်းဖြစ်ပါတယ်။ အဲဒီတော့ ပါကြီးကဘယ်သတင်းဌာနကိုကိုယ်စားပြုပါသလဲ။ ဘယ်သတင်းဌာနကမှ တိတိကျကျတာဝန်ခံထုတ်ပြန်တာယနေ့အထိမတွေ့ရှိရသေးပါ။ ဒီလိုအခြေအနေမျိုးကျတော့ အလွတ်သတင်းထောက်ဖြစ်လို့ပါတဲ့။ အခြေအနေကောင်းရင် သေနတ်ကိုင်လိုက်၊ မကောင်းတော့ ကင်မရာကိုင်လိုက်နဲ့ ပါကြီးကိုယ်တိုင် သတင်းထောက်တစ်ဦးပီသစွာမဆောင်ရွက်ခဲ့မှု၊ နေရာအပေါ်မူတည်၍ ပုတ်သင်ညိုလိုအရောင်အမျိုးမျိုးပြောင်းကာပရော်ဖက်ရှင်နယ်မပီသတဲ့ မရိုးသားတဲ့စိတ်ထားတွေကြောင့် ယခုလိုအငြင်းပွားဖွယ်များဖြစ်ပေါ်ခဲ့ရတယ်လို့မြင်ပါတယ်။ သတင်းထောက်နဲ့ သတင်းပေးဘယ်ဟာဖြစ်တယ်ဆိုတာကွဲပြားစွာတွေ့မြင်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ ၈၈ ပွင့်လင်းအဖွဲ့မှ မင်းကိုနိုင်ဦးစီးနိုင်ငံရေးသမားများရဲ့ နိုင်ငံရေးအမြတ်ထုတ် အသုံးချရန်ကြံစည်တယ်လို့ ထင်ပါတယ်။ ဒီတစ်လောအတွင်းကပင် ဖြစ်ပေါ်ခဲ့တဲ့ ထိုင်းနိုင်ငံလိပ်ကျွန်းတွင် မြန်မာနိုင်ငံသားနှစ်ဦးတရားခံစွပ်စွဲမှု၊ ဒီကေဘီအေအဖွဲ့ရဲ့ အလယ်ဘိုတဲရှိစစ်တပ်စခန်းကိုပစ်ခတ်ရင်းအပြစ်မဲ့တဲ့အရပ်သားတွေအပေါ် လက်နက်ကြီးကျခဲ့လို့ သေကြေ၊ ဒဏ်ရာရရှိခဲ့မှုတွေမှာပွင့်လင်းအဖွဲ့ကဘာလို့မဖွင့်ဟခဲ့သလဲဆိုတာမေးစရာဖြစ်လာပါတယ်။ နည်းနည်းလေးတောင် မှတ်ချက်စကားမပြောနိုင်သည်အထိ ငြိမ်လာခဲ့ပြီးမှ ယခုသတင်းထောက်ယောင်ယောင် သူပုန်ယောင်ယောင် ပါကြီးတစ်ယောက်သေမှ ဟောင်ဖွာဟောင်ဖွာထလုပ်တဲ့ အကွက်ကတော့ရိုးလွန်းလှပါတယ်။ စစ်တပ်အပေါ် အဓိကထား ဝေဖန်ပုတ်ခတ်ချင်တဲ့စိတ်ကထိန်းချုပ်လို့မရအောင် ဖွင့်ဟထွက်ပေါ်လာတာသိသာလွန်းလှပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ အသည်းအသန်ကြိုးစားပေမယ့်တပ်မတော်မှ ပုဒ်မ ၄၃၆ တစ်ခုပြင်ဆင်ရေးအပေါ် ကန့်ကွက်ခဲ့ခြင်းကိုအဓိကထားတိုက်ခိုက်တယ်လို့ မြင်ပါတယ်။ ယခင်တုန်းကလည်းအခြေခံဥပဒေ ပြင်ဆင်ပေးရင်ပေးမပေးရင်လမ်းပေါ်ထွက်မယ်လို့ ဟစ်ကြွေးခဲ့တဲ့ ၈၈ ပွင့်လင်းအဖွဲ့ အခုတစ်ချိန်တော့ အာဇာနည်တစ်ဦးသတ်မှတ်ဖို့ ပါကြီးပါထွက်ပေါ်လာတော့ အချိန်ကိုက်ဖြစ်သလို ဖြစ်နေပါတယ်။ ၁၉၈၈ တုန်းကလည်းဂျီတီအိုင်ကျောင်းသားဖုန်းမော်တစ်ယောက် အင်းစိန်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သောပြဿနာမှတစ်ဆင့် ရဲတပ်ဖွဲ့ဟန့်တားစဉ်သေဆုံးခဲ့ရာမှ အရေးအခင်းကြီးပေါ်ပေါက်လာခဲ့သလိုသမိုင်းကြောင်းကိုနောက်ကြောင်းပြန်ချင်နေပုံရပါတယ်။ ဒါ့အပြင်များမကြာမီကာလမှာ မြန်မာနိုင်ငံတွင် ကမ္ဘာ့ နိုင်ငံများ၏ခေါင်းဆောင်ကြီးများပါဝင်သော ထိပ်သီးအစည်းအဝေးကျင်းပတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွက် လွန်စွာအရေးပါသောကာလတစ်ခုလည်းဖြစ်နေသလိုဒီလိုကာလမျိုးတွင် နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးကိုရယူနိုင်မည်ဖြစ်သည့်အတွက် အစိုးရ၏ဖိနှိပ်မှုကြောင့် တိုင်းပြည်မှာတည်ငြိမ်အေးချမ်းမှုမရှိတော့သည့်ပုံစံထွက်ရန် အချိန်ကိုက်အားတက်သရောဖန်တီးနေသော နိုင်ငံရေးရေပေါ်ဆီများမှ ပါကြီး၏အမှုမှန်ပေါ်ပေါက်ရေးထက် ဆူပူအောင်လမ်းကြောင်းပေးနေသလို ဖြစ်လာပါတယ်။

ပြည်သူတွေကလည်းအေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ပြီးစစ်အုပ်ချုပ်ရေးအောက်ပြန်မသွားလိုတော့သလိုရရှိထားတဲ့ဒီမိုကရေစီစနစ်ကိုအပျက်ခံတော့မှာမဟုတ်ပါ။ ယနေ့မြန်မာနိုင်ငံတွင် ဘာအလုပ်မှ မယ်မယ်ရရလုပ်စရာမလိုဘဲထောက်ပံ့ကြေးရတဲ့အလုပ်ဟာ နိုင်ငံရေးဗန်းပြအလုပ်ဖြစ်တယ်ဆိုတာ ပြည်သူအားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ ဒီလိုလုပ်စားနိုင်ငံရေးသမားများရဲ့ တိုင်းတစ်ပါးကျောထောက်နောက်ခံထား ပြည်တွင်းဆူပူဖို့ကြိုးစားနေသမျှ စစ်တပ်နဲ့ခိုင်မာတဲ့ယုံကြည်မှုရယူရန် အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်များအလီလီထုတ်ပြီးရည်ရွယ်ချက်ခိုင်ခိုင်မာမာမရှိပေါ်ပင်ပြဿနာအပေါ်အမြတ်ထုတ် လုပ်ကွက်ဖော်နေသူများကိုလည်းအစိုးရအတိုက်အခံအဖွဲ့အဖြစ် သတ်မှတ်ထောက်ခံရန်ပင် ရွံရှာဖွယ်ကောင်းလှပါတယ်။ ဒါတွေကြောင့် ပါကြီးသေဆုံးမှုကိုအရင်းပြုပြီး ပြည်သူအသံလိုလို၊ ပြည်သူကတောင်းဆိုသလိုလိုအုပ်ချုပ်ရေးအဖွဲ့များအပေါ် မူဘောင်ကျော်လွန်တောင်းဆိုပြီးလမ်းပေါ်ထွက်ဆူပူဖို့ကြိုးစားလုပ်ကွက်ဖော် ဆောင်ရွက်နေသမျှကာလပတ်လုံးဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်လို့ သတိပေးလိုက်တယ်...

From: ရဲကျော်သူ ( ကျော်စည် )

www.mmdailystar.com

မြန်မာပြည် နေရာအနှံ့မှာ ရှိနေတဲ့ တစ္ဆေသရဲများ




ဒေါက်ကလပ်စ်လောင်း
ဟစ်ပ်ဟော့ပွဲတစ်ပွဲက အ၀င်ဝမှာ လက်မှတ်သိမ်းနေသူ တစ်ဦးဟာ အမျိုးသမီးငယ်တစ်ဦး
လက်မှတ်မပြဘဲ ဖြတ်ဝင်သွားတာကို သတိထားလိုက်မိပါတယ်။

လက်မှတ်တောင်းဖို့ လှည့်ပတ်ကြည့်လိုက်တော့ သူ့ရှေ့မှာတင် ကောင်မလေး ပျောက်သွားပါ
တယ်။

နောက်တော့ အဲဒီဂီတ ဖျော်ဖြေပွဲက ဒီဂျေကလည်း ခန်းမတစ်နေရာကနေ သူ့ကို အမျိုးသမီး
တစ်ဦး စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတာကို သတိထားမိလိုက်ပါတယ်။

သုံး-လေးစက္ကန့် အကြာမှာတော့ ပျောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ ဒီဂျေစက်လည်း
ပျက်သွားပါတယ်။

မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာတစ်ဦးဟာ သူအလုပ်လုပ်ရာ ရုံးခန်းလေးဆီ လျှောက်လာနေပါ
တယ်။

ရုံးခန်းထဲက စားပွဲတစ်ခုမှာ အ၀ါရောင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ထိုင်နေတာကို ပြတင်းပေါက်
ကနေ သူ လှမ်းတွေ့လိုက်ပါတယ်။

ဒါပေမဲ့ အခန်းရှေ့ရောက်တော့ ရုံးခန်းက အပြင်ကနေ သော့ခတ်ထားတာကို သူတွေ့လိုက်ရပါ
တယ်။

အခန်းတံခါးတောင် သော့မဖွင့်ရသေးဘူးဆိုတော့ တခြားလုပ်ဖော် ကိုင်ဖက်တွေ
ရုံးမရောက်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ခုနက အ၀ါရောင် ၀တ်စုံနဲ့ အမျိုးသမီး ရှိနေတဲ့နေရာကို ပြန်ကြည့်လိုက်တော့ နေရာမှာ
မရှိတော့ပါဘူး။

မြို့ထဲက ရုံးခန်းတစ်ခုမှာ ၀န်ထမ်း လေးယောက်လောက်ဟာ ရုံးချိန် နောက်ပိုင်းမှာ
အိမ်မပြန်သေးဘဲ ဖေ့စ်ဘွတ်ခ်သုံးနေကြပါတယ်။

တစ်ယောက်ယောက်က ဒေါက်ဖိနပ်စီးပြီး ရုံးခန်းထဲမှာ လှည့်ပြီးသွားနေတဲ့ အသံကို သူတို့
လေးယောက်စလုံး ကြားလိုက်ပါတယ်။

ကွန်ကရစ်ကြမ်းပြင် ပေါ်မှာ 'တဒေါက်ဒေါက်'နဲ့ လျှောက်လာနေတဲ့ ဒေါက်ဖိနပ်သံက သုံးလေး
မိနစ်လောက် ရပ်သွားပြီးမှ လာရာလမ်းအတိုင်း ပြန်သွားတဲ့အသံ ပြန်ထွက်ပေါ်လာပါတယ်။

အဲဒီအချိန်မှာ ဒေါက်ဖိနပ်စီးတတ်တဲ့သူ တစ်ယောက်မှ ရုံးမှာ မရှိတော့ပါဘူး။

စိတ်ကူးယဉ်အကြောင်းအရာတွေထက် ပိုပြီးဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ

တစ္ဆေခြောက်တဲ့အကြောင်း မေးမြန်းကြည့်လိုက်ရင် ရန်ကုန်ကလူတွေ တိုင်းနီးပါးမှာ
ပြောပြစရာတွေ ရှိနေတတ်ပါတယ်။

သူတို့ကိုယ်တိုင် ကြုံတာမျိုး၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေ
သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို ပြောပြကြပါတယ်။

ဒီလိုတစ္ဆေပုံပြင်တွေကို မြန်မာနိုင်ငံအကြောင်း ဖြစ်ရပ်မှန်ဖော်ပြထားတဲ့ စာအုပ်တွေမှာလည်း
တွေ့ရပါတယ်။

Pascal Khoo Thwe ရဲ့ From the Land of Freen Ghosts (2002) စာအုပ်မှာတော့
မကောင်းတဲ့ဝိညာဉ် အဖြစ် စွဲမြဲယုံကြည်ထားလေ့ရှိတဲ့ အသတ်ခံလိုက်ရသူ၊ ဒါမှမဟုတ်
မတော်တဆ သေဆုံးသွားရသူ အစိမ်းသေတွေကြောင့် ကြောက်လန့်ခဲ့ကြရတဲ့ အကြောင်းကို
ဖော်ပြထားပါတယ်။

၁၉၈၈ အရေးအခင်းမှာ ပါဝင်တဲ့ ကျောင်းသားအုပ်စု တစ်စုဟာ မြန်မာအစိုးရဲ့ ရန်က လွတ်အောင်
ထိုင်းနယ်စပ်နားက တောင်တန်းတွေဘက်ဆီ ထွက်ပြေးကြရာမှာ စာရေးသူ ပါစကယ်ခူးသွယ်
ကိုယ်တိုင်လည်းပါဝင်ခဲ့ပြီး တစ်ညမှာ သူ့စောင်ကို တစ်ယောက်ယောက်က လာဆွဲနေသလို
ခံစားလိုက်ရပြီး နိုးလာပါတယ်တဲ့။

သူ့စောင်ကို လာဆွဲနေတဲ့ လက်သည်တွေကို သူ တွေ့လိုက်ရပါပြီ။

"မျက်နှာကို တစ်ဖက်လှည့်ထားပြီး ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ တုန်ယင်ပြီး ညည်းညူ
နေကြပါတယ်။ တချို့ကတော့ ယူနီဖောင်းဝတ်နဲ့၊ တချို့ကတော့ အရပ်သားဝတ်နဲ့ပါ။ သူတို့အားလုံ
စိုရွှဲနေကြပြီး ဖြူဖပ်ဖြူရော် ဖြစ်နေကြပါတယ်။ ရုတ်တရက်လေပြင်းတစ်ချက် တိုက်လာပြီး
သူတို့လည်း မီးခိုလိုပဲ ပျောက်သွားပါတယ်" လို့ စာအုပ်နောက်ပိုင်းမှာ ပါစကယ်က
ဖော်ပြထားပါတယ်။

သူတို့ စခန်းချထားတဲ့နေရာဟာ ကရင်နီ သူပုန်တွေကြောင့် သေသွားကြတဲ့ မြန်မာစစ်သားတွေကို
ထုံးတမ်းစဉ်လာအတိုင်း မသင်္ဂြိုဟ်ဖြစ်ဘဲ အလျင်စလိုမြေမြှုပ်ခဲ့တဲ့ နေရာဖြစ်နေတာကို စာရေးသူနဲ့
တခြားလုပ်ဖော်ကိုင်ဖက်တွေဟာ နောက်မှ သိလိုက်ကြရပါတယ်။

စာရေးဆရာမ မသိင်္ဂီကလည်း ထောင်ထဲက သူ့ရဲ့ အတွေ့အကြုံအကြောင်း ရေးထားတဲ့ Nor Iron
Bars a Cage (2013) မှာ အကျဉ်းသားတွေ ထားရာ ခန်းမရဲ့ အပေါ်ထပ်မှာ တစ္ဆေခြောက်တဲ့
ညတစ်ညအကြောင်းကို ဖော်ပြထားပါတယ်။

"အဲဒီနေ့မှာ နေ၀င်ချိန်ကတည်းက ကျွန်မ ကြက်သီးမွေးညင်းတွေ ထနေတာ။ ည ၉ နာရီ
ကင်းသံချောင်းခေါက်ပြီးတဲ့အချိန်မှာ အကျဉ်းတိုက်ထဲက အကျဉ်းသူတချို့ အိပ်ဖို့ပြင်ဆင်နေကြ
ပါပြီ။ ရုတ်တရက် ချောက်ချားဖွယ် ဆွဲဆွဲငင်ငင် ငိုကြွေးသံတွေ ထွက်ပေါ်လာပြီး နောက်ဆုံးမှာ
တစ်ပြိုင်တည်း ညီတူညာတူ ငိုကြွေးနေသံကြီးမျိုး ဖြစ်လာပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြိုင်တူ
အော်မြည်နေတဲ့ အသံတွေကို ကျွန်မတို့ အားလုံး ကြားကြပါတယ်"လို့ စာအုပ်ထဲမှာ
ဖော်ပြထားပါတယ်။

တချို့ အကျဉ်းသူတွေက သွေးပျက်ပြီး ပတ်ပြေးနေတဲ့အချိန်မှာ သိပ်မကြောက်တတ်တဲ့
အကျဉ်းသူတစ်ဦး တွေ့လိုက်ရတာကတော့ "ခန်းမရဲ့ အစွန်ဆုံးဘက်နားမှာ အိပ်ရတဲ့သူတွေရဲ့
နေရာမှာ အမျိုးသမီးတစ်စု တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကုတ်ဖဲ့ပြီး သတ်ပုတ်နေကြ
တာပါ။ သူတို့ရဲ့ ဆံပင်ရှည်တွေကလည်း ဖားလျားချပြီး မျက်နှာပေါ်မှာ အုပ်နေပါတယ်။ ဒါကြောင့်
သူတို့ ဘယ်သူဘယ်ဝါဆိုတာ မမြင်ရဘူး" လို့ စာအုပ်ထဲမှာ ရေးထားပါတယ်။

သိပ္ပံနည်းကျ အဖြေထုတ်လို့ မရတဲ့ တစ္ဆေခြောက်တဲ့ဖြစ်ရပ်တွေ

တစ္ဆေခြောက်တဲ့အကြောင်းကို စာနဲ့ရေးထာတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ပဲ ပြောကြတာပဲဖြစ်ဖြစ်
မြန်မာနိုင်ငံမှာတော့ တစ္ဆေခြောက်ခံရတဲ့ အကြောင်းကို သူတို့ နေ့စဉ်ဘ၀ရဲ့ သာမန်အဖြစ်အပျက်
လိုပဲ အချင်းချင်းပြောပြကြ၊ ယုံကြည်ကြပါတယ်။

ဒီလိုပြောပြတတ်ကြတာဟာ တစ္ဆေပုံပြင်တွေ အကြောင်းပြောပြရာမှာ သည်းထိတ်ရင်ဖိုဖန်တီးမှုကို
ရှောင်ရှားဖို့ဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထုတ် The Asia Pacific Journal of
Anthropology မှာ ဖော်ပြထားတဲ့ Terminally Haunted ဆိုတဲ့ အက်ဆေးမှာ ဂျိမ်းဖာဂူဆန်က
မှတ်ချက်ချထားပါတယ်။

မင်္ဂလာဒုံလေဆိပ်မှာ လေယာဉ်အမှုထမ်းတွေ၊ ခရီးသည်တွေရဲ့ အိတ်တွေကို အတင်အချ
လုပ်ပေးသူတွေနဲ့ ဆက်သွယ်ရေး တာဝါ၀န်ထမ်းတွေ လေဆိပ်ဥပစာနေရာမှာ တစ္ဆေတွေ့ကြတဲ့
အကြောင်းအပါအ၀င် ဘန်ကောက်က သုဝဏ္ဏဘုမ္မိလေဆိပ်နဲ့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်က
ဝန်ထမ်းတွေကြားမှာ အပြောများတဲ့ တစ္ဆေပုံပြင်တွေအကြောင်း သူ့စာအုပ်မှာ ဖော်ပြထားပါတယ်။

လေယာဉ်မှူးတွေလည်း တစ္ဆေခြောက်ခံရတဲ့ ဒဏ်က မလွတ်ပါဘူး။

"လေယာဉ်မှူးအခန်းထဲ ၀င်ရုံပဲရှိသေးတယ်၊ ဘယ်ခလုတ် တစ်ခုကိုမှ မထိရသေးဘဲနဲ့
အော်တိုစက်နှိုးတဲ့ စနစ်က ပွင့်နှင့်နေပြီးသားဖြစ်နေတယ်လို့ မြန်မာ့လေကြောင်းလိုင်းက
လေယာဉ်မှူးတွေ သတင်းပို့တယ်"လို့ တာဝါတိုင်ဝန်ထမ်းတစ်ဦးက ပြောပြတာကို
ဖော်ပြထားပါတယ်။

၁၉၆၇ ခုနှစ်မှာ အမေရိကန်ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် Melford Spiro ထုတ်ဝေခဲ့တဲ့
Burmese Supernaturalism စာအုပ်မှာ ဖော်ပြထားတဲ့ "အတိတ်ဘ၀မှာ ကျူးလွန်ခဲ့တဲ့
မကောင်းမှုရဲ့ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်မဲ့တဲ့ ၀ိညာဉ်တွေအဖြစ် ပြန်မွေးဖွားလာသူတွေ"လို့
ဒီလေဆိပ်က တစ္ဆေ (သို့) သရဲတွေကို ဖာဂူဆန်က သတ်မှတ်ထားပါတယ်။

တစ္ဆေတွေဟာ လူတွေကို နာမကျန်းဖြစ်စေတယ်၊ ရောဂါဖြစ်စေတယ် ဒါမှမဟုတ် ကံမကောင်းမှု
တွေ ဖြစ်စေတယ်လို့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေက ရွာသူရွာသားတော်တော်များများ
ယုံကြည်ထားကြပါတယ်။

Spiro ရဲ့ သုတေသနပြုချက်အရ တစ္ဆေသရဲတွေဟာ ရွာပြင်မှာ အထူးသဖြင့် သူတို့ရဲ့ အစာဖြစ်တဲ့
အလောင်းတွေရှိတဲ့ သင်္ချိုင်းတွေမှာ နေကြတယ်လို့ ရွာသားတွေက ယုံကြည်ထားကြပါတယ်။

"သူတို့ဟာ သက်ရှိလူတွေရဲ့ အသားကိုလည်း ကြိုက်ကြပါတယ်။ ဒါပေမဲ့ အရမ်းကို ဆာလောင်
လာတဲ့အခါ ဒါမှမဟုတ် စုန်းမတစ်ကောင်ရဲ့ ခိုင်းစေမှုကြောင့် လူတစ်ဦးဦးကို တိုက်ခိုက်ပြီး
စားသောက်ဖို့အတွက် ရွာထဲကို တစ်ခါတလေ ၀င်လာတတ်တယ်လို့လည်း သူတို့က
ပြောပြကြတယ်"လို့ သူ့စာအုပ်မှာ ရေးထားပါတယ်။

ဒါပေမဲ့ အခုခေတ် ရန်ကုန်မှာနေတဲ့ သူတွေကတော့ တစ္ဆေကို မကောင်းတဲ့ အမျိုးအစားတစ်ရပ်
အဖြစ် သိပ်မမြင်ကြတော့ဘဲ "တစ္ဆေတွေဆိုတာ သေဆုံးသွားသူတွေရဲ့ မကျွတ်တဲ့ ၀ိညာဉ်တွေလို့
မြင်ကြတယ်"လို့ Spiro က ဖော်ပြထားပါတယ်။

လူတစ်ဦးဦး ကွယ်လွန်သွားတဲ့အချိန်မှာ အသုဘအခမ်းအနားကို အစဉ်အလာအတိုင်း မလုပ်မိရင်
"သေသူရဲ့ လိပ်ပြာဟာ သူမသေခင်က ဘ၀ကို စွဲလမ်းနေပြီး သူအရင် နေခဲ့ဖူးတဲ့နေရာမှာ
ဆက်နေနေတဲ့အတွက် တစ္ဆေဖြစ်သွားပြီး လူတွေကို ကြောက်လန့်တကြားဖြစ်စေတယ်"လို့
ဆိုကြပါတယ်။

သာဓကအနေနဲ့ ပြရမယ်ဆိုရင် ရန်ကုန်မြို့လယ်က သူ့ရုံးခန်းထဲမှာ ထိုင်နေတဲ့ အ၀ါရောင်ဝတ်စုံနဲ့
အမျိုးသမီးကို တွေ့ခဲ့တဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ မယဉ်မင်းထွန်းကတော့ တစ္ဆေကို တွေ့လိုက်တဲ့
အချိန်မှာ လန့်သွားပေမယ့် တစ္ဆေက သူ့ကိုဖမ်းစားလိုက်မှာကိုတော့ မကြောက်မိဘူးလို့
ပြောပါတယ်။

"တစ္ဆေတွေက လူတွေကို ဘာမှ မလုပ်နိုင်ပါဘူး။ သူတို့က လူတွေကို နာကျင်အောင် မလုပ်နိုင်ပါ
ဘူး။ ကျွန်မကတော့ တစ္ဆေထက် လူတွေကို ပိုကြောက်တယ်ရှင့်"လို့ သူက ပြောပါတယ်။

တစ္ဆေသရဲတွေဟာ လူတွေကို ရောဂါဖြစ်စေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှုကို သူက
လက်မခံပါဘူး။

"နာမကျန်းဖြစ်တာကတော့ တစ္ဆေကို တွေ့လိုက်ရပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ စိတ်တွင်း
ကြောက်လန့်မှုဖြစ်ခြင်းရဲ့ အကျိုးဆက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ္ဆေရဲ့ လူတွေကို
နေမကောင်း ဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းကြောင့်တော့ မဟုတ်ပါဘူး"လို့ သူ့အမြင်ကို
ရှင်းပြပါတယ်။

From:myanmar time

www.mmdailystar.com

ဒီလမ်းကိုစလျှောက်ကတည်းက ပြန်လှည့်ဖို့ မရည်ရွယ်ပါဘူးဆိုတဲ့ သန်းပိုင်


နေပြည်တော်မှာ ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတစ်ခုကို ရန်ကုန်ယူနိုက်တက်အသင်းက ဆိုရရင် ဘောလုံး ကင်းထောက်တွေ သွားကြည့်ခဲ့ပါတယ်။ အဲ့ဒီမှာ အရပ်ရှည်ရှည် ကလန်ကလားနဲ့ ကလေးတစ်ယောက်ကို YUFC တာဝန်ရှိသူတွေက တွေ့ရှိပြီး အသင်းရဲ့ လူငယ်စီမံကိန်းမှာ ထည့်သွင်းဖို့ ခေါ်ယူခဲ့ပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို အစပျိုးလိုက်တယ်ဆိုတာ အဲ့ဒီအချိန်က ဘယ်သူမှ သိမယ်မထင်ပါဘူး။
YUFC ကနေ ယူ ၁၉ အသင်းအတွက် သွားအရွေးခံတဲ့အချိန်မှာ သူ့ဘ၀ရဲ့ အလှည့်အပြောင်းကြီး စတော့မယ်ဆိုတာ အဲ့ကလေး ကိုယ်တိုင် သိမယ် မထင်ပါဘူး။ ဒါပေမယ့် သေချာတာက ဘ၀နာနေတဲ့ သူ့အတွက် ဒါဟာ ထွက်ပေါက်ဆိုတာတော့ သူရေးရေး နားလည်နေပါပြီ။
ယူ ၁၉ ပဏာမ အသင်းမှာ သူအရွေးခံရပါတယ်။ ဒီလိုနဲ့ သူ့ဘ၀ရဲ့ အနာဂါတ်မျှော်လင့်ချက်တွေကို တနင့်တပိုး ထမ်းပိုးပြီး သူ့အားမာန်တွေကို လေ့ကျင့်ကွင်းတွေမှာ အသုံးချပါတော့တယ်။ ဒါပေမယ့် တောက်မယ့်မီးခဲအတွက် ကံဇာတ်ဆရာက လွယ်လွယ်နဲ့တော့ အခွင့်အရေး မပေးခဲ့ပါဘူး။
တစ်ရက်မှာ YUFC တာဝန်ရှိသူတွေထံ ခွင့်ပန်ပြီး “သူ” သီပေါပြန်သွားပါတယ်။ သတ်မှတ်ခွင့်ပြည့်တဲ့ အချိန်ထိ YUFC အဆောင်ကို ဒီကလေး ရောက်မလာခဲ့ပါဘူး။ လူငယ်အသင်း နည်းပြချုပ် ဦးအေးနိုင်က ဒီကလေးကို မရရအောင် ပြန်လည် ဆက်သွယ်ခဲ့ပါတယ်။
အံ့အားသင့်ဖွယ်ပါ။ ဘ၀ရဲ့ ပြဿနာကြောင့် ဒီကလေးဟာ ရန်ကုန်ကိုပြန်ဖို့ လမ်းစရိတ်တောင် ရှိမနေခဲ့ပါဘူး။ ရန်ကုန်အပြန် လမ်းစရိတ်ရဖို့ ဒီကလေးဟာ ပန်းရန်အလုပ်သမားအဖြစ် လုပ်ကိုင်နေကြောင်း YUFC တာဝန်ရှိသူတွေ သိခဲ့ကြပါတယ်။
ဒီကလေးရဲ့ ခြေစွမ်းနဲ့ ကြိုးစားမှုကို သိတဲ့ ရန်ကုန်လူငယ်အသင်း နည်းပြချုပ်က YUFC အသင်းထံ ချက်ချင်း ပြန်လာဖို့ ခေါ်ခဲ့ပါတယ်။ ရန်ကုန်ပြန်လာနိုင်ဖို့လည်း အကုန်လုံး စီစဉ်ပေးခဲ့ပါတယ်။
ရန်ကုန်လူငယ်အသင်း နည်းပြချုပ်ဟာ အရမ်းကို မှန်ကန်တန်ဖိုးရှိတဲ့ အလုပ်တစ်ခုကို ပြုလုပ်ခဲ့တာပါ။
ရန်ကုန်လူငယ်အသင်းနည်းပြဟာ နယ်ပြန်သွားတဲ့ (ယင်းအချိန်က လူငယ်အသင်းမှာ ပွဲထွက်ခွင့်တောင်မရသေးတဲ့) ကစားသမားတစ်ဦးကို မရမက ပြန်လည်ဆက်သွယ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်ခဲ့တာ ဂုဏ်ယူစရာပါ။
ဒီနောက်တော့ ပြိုင်ပွဲတွေ ကစားရင်း ကစားရင်း ဒီကလေးကို လူသိလာပါတယ်။ မြန်မာတိုင်း အိမ်မက်တောင် မမက်ရဲတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ဂိုးနဲ့ ပို့ဆောင်ပြီး သူက တစ်တိုင်းပြည်လုံးရဲ့ အသည်းနှလုံးကို ကိုင်လှုပ်၊ ချစ်ချင်းတွေ အကုန် သိမ်းပိုက်လိုက်ပါတယ်။
တစ်ချိန်က ဒီမြို့လေးကနေ သူထွက်လာဖူးတယ်။ အဲ့ဒီမြို့လေးကိုပဲ သူအခေါက်ခေါက် ပြန်ဖူးတယ်။ အရာရာအားလုံးက တိတ်တိတ်ဆိတ်ဆိတ်။ လူမသိသူမသိ။
အခု သူ သူ့မြို့လေးကို အလည်ပြန်ခဲ့တယ်။ အရာရာအားလုံးနဲ့ ဆန့်ကျင်စွာပါ။ တစ်မြို့လုံး ဗြောင်းသတ်နေအောင် အုံးအုံးထ သူ့ကို ကြိုဆိုကြတယ်။ သူလာတဲ့လမ်း ပန်းဖြစ်စေ။ သူတို့မြို့ရဲ့ သူရဲကောင်းအတွက် အားလုံး မျက်နှာမှာ ဂုဏ်ယူမှုတွေ။
***** သူ ဘယ်သူလဲ။ ကျနော် မပြောတော့ပါဘူး။ ခင်ဗျားတို့သိရင် နာမည်ချရေးပေးကြပါ *****
(စာကြွင်း - မနေ့ညက YUFC အဆောင်ကိုရောက်တော့ သိလာရတဲ့ အကြောင်းအရာ တစ်ခု (ပန်းရန်အလုပ်သမားလုပ်ခဲ့ခြင်း) ကို အခြေတည်ပြီး ရေးခဲ့တာပါ။ လူငယ်တိုင်းအတွက် ကြိုးစားချင်တဲ့စိတ်ရှိရင် ဘာမဆို ဖြစ်တယ်ဆိုတာ သူက ပြခဲ့ပါတယ်။ ဒါက သူ့ဘ၀ရဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ လူမမာ ဖခင်ကြီးနဲ့ မိသားစု ဘ၀ ပြဿနာတွေကြားထဲကနေ သူ အားကစားနဲ့ ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့တာတွေ အများကြီး ကျန်ပါသေးတယ်။ သူ့လိုပဲ ယူ ၁၉ အသင်းက ကလေးတွေမှာ လွယ်လွယ်မဟုတ်ဘဲ ရုန်းကန်ခဲ့ရတဲ့ ကလေးတွေ အများကြီး ရှိနိုင်ပါတယ်။ ပွဲမြင်ကွင်း၊ ပွဲ Play တွေထက် ကြိုးစားရုန်းကန်ခဲ့ရတာတွေကို မီဒီယာတွေ ရေးသားတာ ဖတ်ချင်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်လေး တစ်ခုကို ချပြပြီး ဒီလိုအဖြစ်အပျက်ပေါင်း များစွာကို ဖော်ထုတ်ရေးသားကြပါလို့ တိုက်တွန်းပါတယ်ဗျာ။ လွန်တာရှိ ၀န္ဒာမိပါ)
From: U Bo Htun

www.mmdailystar.com

အိုစမာဘင်လာဒင်အားနှိမ်နှင်းခဲ့သော Navy SEAL Team 6 အကြောင်း သိကောင်းစရာ


ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့  အချက်အလက်အချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ - Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

- SEAL ရဲ့  အနက်ကတော့ Sea-Air-Land ဖြစ်ပြီး ရေကြောင်း ၊ လေကြောင်၊ မြေကြောင်း စစ်ကြောင်း သုံးကြောင်းလုံးကို ပိုင်နိုင်တဲ့ စစ်သားများ လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ တိုက်လေယာဉ်မောင်းနိုင်တယ်၊ စစ်သင်္ဘော၊ ရေငုပ်သဘော်၊ ကုန်းပေါ် စက်ယန္တရား အစုံအလင် အသုံးပြုနိုင်ပြီး စစ်စွယ်စုံကျမ်းလို့တောင် နာမည်ပြောင် ပေးထားပါတယ်။

- ယနေ့အချိန်အထိ Navy SEAL အဖွဲ့မှာ တပ်သား အင်အား ၃ထောင် ရှိပါတယ်။ စုံဂဏန်းတပ်သားများကို ဗာဂျီနီးယားကမ်းခြေ၊ မဂဏန်း တပ်သား များကို ကော်ရွန်နဒိုမှာ ထားပါတယ်။

- Seal အဖွဲ့ ၆ ကို ၁၉၈၀ ခုနှစ်က အီရန်နိုင်ငံက အမေရိကန် ဓားစားခံများအား ကယ်ဆယ်ဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်။

- အဖွဲ့ ၆ ဟာ သမိုင်းမှာ ရေကြောင်းစစ်ဆင်ရေးများပြီး ၂၀၀၁ နောက်ပိုင်းကျတော့ အီရတ်နဲ့ အာဖဂန်တို့မှာပါ ပါဝင်လာပါတယ်။

- Team 6 ရဲ့  တည်ရှိမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော် ကိုတောင် တော်ရုံလူ ပေးမသိပါဘူး။ အိုစမာဘင်လာဒင်ကို နှိမ်နှင်းပြီးမှ Team 6 ရှိတာကို အားလုံး သတိထားမိ လာခဲ့ကြပါတယ်။

- Team 6 မှာ လက်ရှိ တာဝန်ထမ်းဆောင်သော စစ်သား အယောက် ၃၀၀ ဝန်းကျင်ရှိပြီး အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်များ ဖြစ် ပါတယ်။ ခေတ်အဆက် ဆက်လည်း ယင်းအင်အားလောက်သာ ထားရှိပါတယ်။

- Team 6 ဟာ အခြားသော Teal 1,2,3 အစရှိသဖြင့်များထက် ပြင်းထန်သော လေ့ကျင့်မှုများကို ခံယူရပါတယ်။ ဥပမာ - လေအမြင့် ပေ ၃သောင်းမှ အောက်စီဂျင်ဘူးနဲ့ ခုံချရတာမျိုး၊ ပင်လယ်မှာ ရေကူးခိုင်းတာမျိုးလောက်ထိကို ကြမ်းပါတယ်။

- လက်ရှိ အဖွဲ့ ၁၀ ခုမှာ Team 6 ဟာ နာမည်အကြီးဆုံး၊ အတော်ဆုံး အမေရိကန် ကွန်မန်ဒိုများအဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

Ref: Warfacts
From: အောင်ခမ်း (ရိုးရာလေး)

www.mmdailystar.com

နေမျိုးဇင်၏ လူမှုရေးအရှုပ်တော်ပုံ


နေမျိုးဇင်အကြောင်း မသိသေးတဲ့ ပြည်သူတွေအတွက် ခံစားခဲ့ရတဲ့ပြည်သူတစ်ဦးတစ်ယောက် အတွက် မခံစားနိုင်လို့ ရင်ဖွင့်ပြရတာပါ။
နေမျိုးဇင် ခြေရှုပ်ခဲ့တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက ခင်နှင်းဖြူ(ခ)မိဖြူကို အတည်ပါဆိုတဲ့ စကားလေးနဲ့ ဖျက်စီးခဲ့ပြီး၊ ကိုယ်ဝန်ရှိမှ သူတာဝန်မယူနိုင်တော့ပါဘူးပြောလို့ စိတ်ထောင်း ကိုယ်ကြေနဲ့ အဆိပ်သောက်ခဲ့တဲ့အတွက် ခင်နှင်းဖြူ(ခ) မိဖြူသည် (23-10-2014) ရက်နေ့မနက် ၄ နာရီ ၃၀ မိနစ်တွင် ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာနေ ၄င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။
ဖြစ်စဉ်အကြောင်းကိုရှင်းပြရမယ်ဆိုရင်-
နေမျိုးဇင်ဆိုတာ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဘာညာ ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ကို 2012 ခုနှစ် နှစ်ကုန်ပိုင်းကနေ ၀င်ထွက်လှုပ်ရှားလာခဲ့တာ လူတိုင်း အသီဖြစ်ပါလိမ့်မယ်၊ သူစတည်းချတဲ့ နေရာဖြစ်တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက တိုင်းရင်းဆေးဆရာ သိန်းဝင်း အိမ်ကနေပဲ ၀င်/ထွက် သွားလာနေခဲ့တာ ပန်းတနော်သားတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။
နေမျိုးဇင်ရဲ့ ဧရာဝတီတိုင်းမှာ ကျော်ကြားခဲ့တဲ့ ပန်းတနော်အင်းဖြစ်စဉ်မှာ ရဲတွေကို ပမာမခန့် ပြန်ပြောခဲ့ပုံ၊ ရဲရဲတောက် အဖမ်းခံခဲ့ပုံ၊ တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွေကျင်းပခဲ့ပုံ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန့်ဆင့် သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် မပြောင်းရွှေ့ပေးရရေးဆန္ဒဖော်ထုတ်ခြင်းများနဲ့ ဧရာဝတီတိုင်းမှာ ပန်းတနော်ကိုအခြေတည်ပြီး လှုပ်ရှားခဲ့တာ နေမျိုးဇင်ဆိုတဲ့ နာမည်တစ်လုံးရရှိခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ အကယ်ချောင်းသိန်းဝင်းအိမ်မှာအခြေတည်လို့ နိုင်ငံတကာက အလှူရှင်တွေလှူတဲ့ ပိုက်ဆံနဲ့ 2013 ခုနှစ် နှစ်လည်လောက်မှာ ကွန်ပျူတာသင်တန်းဆိုပြီး ဖွင့်လှစ်ခဲ့ရာမှာ ရွာနီးစပ်ချုပ်က လူငယ်၊ လူရွယ်၊ ပျိုပျို၊ အိုအိုတွေ သင်တန်းတက်ခဲ့ပါတယ်၊ အဲဒီ့သင်တန်းမှာ တက်ရောက်နေတဲ့ အကယ်ချောင်းကျေးရွာကပဲ ဦးမောင်စိုးရဲ့ သမီး ခင်နှင်းဖြူ(ခ)မိဖြူ၊ အသက်(၁၈)နှစ်၊ (၉)တန်းကျောင်းထွက်၊ ကရင်လူမျိုး (ပုဂိုရေးထိခိုလိုချင်းအလျဉ်းမရှိပါ အမည်များ အမှန်ကိုရေးသား ရခြင်းကို တောင်းပန်ပါသည်။ ပန်းတနော်မြို့နယ် ဆရာဝန်ကြီးကိုလည်း ကျွန်တော်ပေးထားတဲ့ကတိဖောက်ဖျက်မိတဲ့အတွက် အထူးပဲ တောင်းပန်ပါတယ်) ကလေးမနေနဲ့ မျက်လုံးချင်း ချစ်ကြိုးသွယ်၊ အကြိမ်ကြိမ်လာရောက်ရာကနေ သံယောဇဉ်တွေတွယ်ပြီး ဒီကွန်ရက်က မောင်ကြီး ရုန်းမထွက်နိုင်ဘဲ သောက်လေသောက်လေ ငတ်မပြေတဲ့ ဆားငန်ရေကို အကြိမ်ကြိမ် သောက်သုံးမိခဲ့ကြတယ်၊ အတည်ပါဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် မိဖြူ တစ်ယောက်ကျေနပ်ခဲ့ရပါတယ်။
ဒီလိုနဲ့ အချစ်ဒီရေမြင့်တက်လာလို့ မမှားသင့်တာတွေ မှားခဲ့တဲ့ မိဖြူတစ်ယောက် အခန့်မသင့် လို့ပဲလား(တားဆေးမသောက်မိလို့ပဲလား) 2014 ခုနှစ် အေပြီလလောက်မှာ ကိုယ်ဝန် ရပါလေရောလားဗျာ။ မောင်မင်းကြီးသား နေမျိုးဇင် တစ်ယောက် ကလေးမလေး ဗိုက်ကြီးတယ်ကြားရော ပန်းတနော်မြို့နယ်ကနေ စုန်စုန်မြုပ် ပျောက်ကွယ်သွားတာ တိုင်းဧရာဘက်ကို ယောင်လို့တောင် ခြေဦးတောင်မလှည့်ဝံ့တော့ဘဲ ရန်ကုန်နဲ့ အထက်ဘက်မှာတင် အလုပ်ရှုပ်ပြနေခဲ့ပါတယ်။
မိဖြူ ခဗျာ အောင်သွယ်တော် ဦးသိန်းဝင်းကတဆင့် နေမျိုးဇင်ကို ဆက်သွယ်ခဲ့ပေမယ့် အထမမြောက်၊ အဆက်အသွယ်မရခဲ့ပါဘူး၊ ဒီလိုနဲ့ အရှက်ကို ကာကွယ်လိုတဲ့ မိဖြူ တစ်ယောက် ကိုယ်ဝန်ဖျက်ဖို့ကြံစည်ပြီး ဆေးတွေသောက်ခဲ့ပေမယ့် ကိုယ်ဝန်မပျက်သွားခဲ့ပါဘူး၊ ဖြစ်သမျှအကြောင်း အကောင်းဘဲဆိုပြီး ကလေးမွေးဖို့ကြိုးစားနေတဲ့ မိဖြူလေးခဗျာမှာ မောင်မင်းကြီးသားအပေါ်တွယ်တာနေတဲ့ သယောဇဉ်စိတ်၊ ကလေးဖျက်ချဆေးတွေသောက်ခဲ့တဲ့ဒဏ်၊ မိသားစုရဲ့ ပြောဆိုတဲ့ဒဏ်နဲ့၊ စီးပွားရေးမပြေလည်မှုဒဏ် အဲဒီ့ဒဏ်ရာတွေ ဖိစီးလာတော့နောက်ဆုံး မခံနိုင်တာနဲ့ အဆိပ်သောက်သေဖို့ကြံခဲ့တာ မိသားစုတွေသိလို့ဘာမှမဖြစ်ခဲ့ပေမယ့် အဲဒီ့ဒဏ်တွေကြောင့် 8-9-2014 ရက်နေ့ကနေပြီး 15-9-2014 ရက်နေ့ အထိ တစ်ကြိမ်၊ 21-9-2014 ရက်ကနေပြီး 29-9-2014 ရက်နေ့ကနေတစ်ကြိမ်၊ 18-10-2014 ရက်နေ့ ကနေပြီး 22-10-2014 ရက်နေ့အထိ (၃)ကြိမ်တိုင်တိုင်ပန်းတနော်မြို့နယ်ဆေးရုံမှာ တက်ရောက် ဆေးကုသပေမယ့် စိတ်ထောင်း ကိုယ်ကြေစွာနဲ့ နောက်ဆုံးအကြိမ် ဆေးကုသမှုခံယူပြီး နေအိမ်ကိုပြန်အရောက် 23-10-2014 ရက်နေ့ နံနက်(၄)နာရီ (၃၀)မိနစ်မှာပဲ နွမ်းလျှစွာနဲ့ ဘ၀တစ်ပါးကိုကြွေလွင့်သွားခဲ့ရှာပါတယ်။
နေမျိုးဇင်ဆိုတဲ့ ကောင်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်မှာ တာဝန်ဝန်ထမ်းစဉ် ကာလတုန်းကလဲ သူများမယားကို လင်ငုတ်တုတ်ရှိရဲ့နဲ့ ကြာခိုလို့ အပြစ်ပေးခံရ၊ အရာရှိတန်မဲ့ မကောင်းတာလိုက်စား၊ ကြာကူလီလုပ်ခဲ့ဖြစ်စဉ်တွေ တစ်ပုံတစ်ပင်နဲ့ မောင်တစ်ယောက်ပါ။
အခုလဲ လူမှုရေးအဖွဲ့အစည်းဆိုပြီး စကားကြီး စကားကျယ်တွေပြော၊ နိုင်ငံတကာအလှူရှင်တွေရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ် သူများ သားသမီးကို ကိုယ့်မှာမယားကြီးရှိရဲ့နဲ့ ဖျက်စီးခဲ့တဲ့ကောင်
ဒီကောင်ကို ပြည်သူတွေကပဲ အမိန့်ချပေးပါတော့ဗျာ။
ဒီစာကို ခင်ဗျားတို့တတွေ ဖတ်နေရချိန်မှာ ခင်နှင်းဖြူ(ခ)မိဖြူဟာ ရက်လည်ဆွမ်းသွပ်ပြီးနေပါပြီ အများသူငှာတွေ အတန်တန်တားနေတဲ့ကြားက ကျုပ်ရဲ့ခံစားချက်ကို ခင်ဗျားတို့ သိအောင် ပြန်ပြီး ဝေငှ ပေးလိုက်တာပါ။ ခင်ဗျားတို့လဲ ကျုပ်လိုပဲ ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ (မခံမရပ်နိုင်သူ)
From: အဂ္ဂမဟာ အပေအတေ ဂျလေဘီသောက်ပေါ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...