Tuesday, 4 November 2014

မီဒီယာ အဆိပ် (ဓမ္မ၀ီရ အရှင်တေဇနိ)



ယနေ့မြန်မာ့မီဒီယာလောကတွင် ပါတီ)နိုင်ငံရေးလုပ်စားသမားတို့၏ မီဒီယာကိုအသုံချနေမှုများ ၊နိုင်ငံရေးကိုခုတုံးလုပ် ၍တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေသည့်အမည်ခံမီဒီယာများ၊ လူမျိုးနွယ်တစု(သို့) အဖွဲ့အစည်းတခု(သို့)ပုဂ္ဂိုလ်တစ်စုံတစ်ယောက်အတွက် ၀ါဒဖြန့်မှိုင်း တိုက်   နေ့သည့်မီဒီယာများကို တွေ့လာရပါတယ်။

ထိုအတုအယောင်ဝါဒဖြန့်သမား တို့သည် နိုင်ငံတော်၏အချုပ်အခြာနှင့် နိုင်ငံပိုက်နက်မြေ၊လူမျိုးဘာသာ သာသနာတော်ကိုပါ မိမိတို့ အကျိုးစီးပွား အတွက်အတ္တကြီးစွာဖြင့် မီဒီယာကိုအကာအကွယ်ယူ၍ လုပ်ကြံသတင်း များဖြင့် ပြည်သူတို့ကို မီဒီယာအဆိပ်ဖြင့် နိုင်ငံချစ်စိတ်၊အမျိုးချစ်စိတ်၊ ဘာသာသသနာချစ် စိတ်တို့ကို ရိုက်ချိုးသတ်ဖြတ်နေကြပါ တယ်။

း မှော်ဘီသံဃာ့ညီလာခံကြီးအပြီးတွင်“အမျိုးစောင့်ဥပဒေအတွက် မည်သင့်မူကြမ်းမှမရေးဆွဲရသေးမီ မှာ”ဧရာဝတီအင်တာနက်သတင်းနှင့်ဒေါ်လာစားပြည်တွင်း၊ပြည်ပမှမီဒီယာအချို့မှအမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးအတွက် ဥသျှောင်ဆရာတော်ကြီးများ စိတ်ဝမ်းကွဲနေသည်ဆိုကာ မဟုတ် မမှန်လုပ်ကြံသတင်းလွှင့်ခဲ့ကြပါတယ်။
ထိုသတင်းနှင့်ပတ်သက်၍လုံးဝမှားယွင်းကြောင်းကိုနာမည်အလွဲသုံးစားအလုပ်ခံခဲ့ရသည့်

ဓမ္မဒူတဆရာတော် ဘဒ္ဒန္တဆေကိန္ဒနှင့် ထေရ၀ါဒဗုဒ္ဓတက္က သိုလ်ပါမောက္ခ ငါးကျမ်းပြန်ဆရာတော်၊ သီတဂူဗုဒ္ဓတက္ကသိုလ်ကျမ်းပြုဋ္ဌာန၊ဋ္ဌာနမှုဆရာတော်အရှင်ဒေ၀ိန္ဒာလင်္ကာဘိဝံသတို့မှချက်ချင်းပင်မီဒီယာအတုအယောင်တို့၏ သတင်းမှားအား ဖြေရှင်းတုန့်ပြန်ခဲ့ပါတယ်။

သို့သော် မမှန်သတင်းဖော်ပြခဲ့သည် ဧရာဝတီသတင်းဋ္ဌာနစသည့် ဒီဒီယာအရေခြုံတို့သည်ဆရာတော်များ ၏ ဖြေရှင်းမိန့်ကြားချက်အား မှားယွင်းစွာဖော်ပြမိပါ ကြောင်း ဆရာတော်များနှင့် ပြည်သူတို့အား မီဒီယာကျင့်ဝတ်နှင့်အညီ တောင်းပန်းခြင်း အမှားပြင် ဆင်ခြင်းများလည်း မပြုလုပ်ခဲ့ကြပေ
အဆိပ်တကာအဆိပ်ထဲတွင် မီဒီယာအဆိပ်သည်ကား အသိမှား အထင်မှား ဖြစ်စေနိုင်သည့်အတွက် များစွာအန္တရာယ်ကြီးမားသောကြောင့် ကိုယ်ပိုင် အသိ သတိ ပညာတို့ဖြင့် ဝေဘန်ချင့်ချိန်ကြပါဟု အထူးတိုက်တွန်းလိုက်ရပါတော့သတည်း


From: ဓမ္မ၀ီရ အရှင်တေဇနိ

www.mmdailystar.com

IS အဖွဲ့ဝင်ဟုယူဆရသူတစ်ဦးကိုခဲဖြင့် ထုသတ်ပြီး ဒေါသထွက်နေသော လူအုပ်က အလောင်းကို ကြော်စား

10501930_786990414691219_8009555155587502554_n (1)

ကွန်ဂိုနိုင်ငံတွင် ဒေါသ ထွက်နေသော လူအုပ်က အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့ ဝင်ဟု ယူဆရသူ တစ်ဦးကို ခဲများဖြင့် ဝိုင်းဝန်းထုသတ်ကာ အလောင်းကို မီးရှို့ပြီးကြော် စားခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ကွန်ဂိုတွင် IS အဖွဲ့၏တိုက်ခိုက် မှုကြောင့် လူ ၁ဝဝခန့်သေဆုံးခဲ့ခြင်းအပေါ် ပြန်လည်လက်စား ချေရန်ဖြစ်ကြောင်းလည်း သိရသည်။
လိုင်းကားတစ်စီးပေါ်တွင် မသင်္ကာဖွယ်ရာလူတစ်ဦးကို ဓားတစ်လက်နှင့် အတူတွေ့ရှိရာမှ ဖမ်းဆီးခဲ့ကြပြီးအဆိုပါလူစိမ်းသည် ဝါဟီလီဘာသာစကားကို မပြော တတ်ကြောင်းသိသွားချိန်တွင် လူအုပ်ကြီးကဒေါသထွက်လာပြီး IS အဖွဲ့ဝင်ဟုယူဆခဲ့ ကြခြင်းဖြစ်သည်။
ဝါဟီလီဘာသာစကားသည် အာဖရိကအရှေ့တောင်ပိုင်းနိုင်ငံသား ဖြစ်သော ကွန်ဂို၊ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘာရမ်ဒီ၊ ကင်ညာ၊ တန်ဇန်းနီးယားနိုင်ငံများတွင် အသုံးပြုသည့် ရိုးရာဘာသာစကားတစ်ခုဖြစ်သည်။
IS အဖွဲ့ဝင်ဟုယူဆခံခဲ့ရပြီးနောက် ဒေါသထွက်နေသောလူအုပ်ကြီးက ခဲများဖြင့် ဝိုင်းဝန်းထုသတ်ပြီးမီးရှို့ခဲ့ကြကြောင်းနှင့် မီးလောင်ကျွမ်းခဲ့သည့်အသားများကို စားခဲ့ ကြကြောင်း မျက်မြင်သက်သေများကပြောသည်။

ကွန်ဂိုနိုင်ငံရှိ ဘန်နီမြို့တွင် ပြီးခဲ့ သည့်လအတွင်း အစ္စလာမ္မစ်အစွန်းရောက်စစ်သွေးကြွအဖွဲ့ဖြစ်သော ADF-NALA အဖွဲ့ ၏တိုက်ခိုက်မှုကြောင့် လူ ၁ဝဝခန့်သေဆုံးခဲ့သည်။
အဆိုပါစစ်သွေးကြွအဖွဲ့သည် ဖမ်း ဆီးခံရသူများကို ဓားများဖြင့်ခုတ်ခဲ့ကြခြင်းဖြစ်သည်။ ADF-NALA အဖွဲ့သည် ယူဂန္ဓာ နိုင်ငံမှ အစိုးရအတိုက်အခံလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း တွင် ကွန်ဂိုနိုင်ငံ၌အခြေချကာ အကြမ်းဖက်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။
အဆိုပါစစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့်လ ၃ဝ ရက်တွင် ကန်ပီယာချူဆိုသည့် ကျေးရွာမှ ရွာသား ၁၄ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁ဝ၇ဦး ရှိခဲ့ပြီဖြစ်သည်။
ယခုလူသတ်မီးရှို့စားသောက်မှုနှင့်ပတ်သက်၍ ဒေသခံအစိုး ရက မှတ်ချက်တစ်စုံတစ်ရာမပေးသေးပေ။

From: The Union Daily

www.mmdailystar.com

မင်္ဂလာဈေးက စံပယ်ပန်းအတွက် ဘလောက်အင်္ကျီတစ်ထည် ( ညဥ့်ငှက်မလေး တစ်ယောက်အကြောင်း )


ညတုန်းက ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့မိတော့ ကျွန်တော် အိမ်ပြန်နောက်ကျတယ် ။
ကျောက်မြောင်းက အင်တာနက်ဆိုင်မှာ အင်တာနက်ဝင်သုံးပြီး ပြန်ထွက်လာတော့ ညတစ်နာရီခွဲနေပြီ ။
ကျွန်တော်နေတဲ့ (၁၂၁)လမ်းကို လမ်းလျှောက်ပြန်လာတုန်း မင်္ဂလာဈေးေ၇ှ့မှာ လူတစ်ယောက်သွေးအိုင်ထဲ လဲနေတာတွေ့လိုက်တယ် ။
ဘေးနားမှာ လူသုံးလေးယောက်လဲ အုံလို့ပေါ့..။
အက်စီးဒင့်တစ်ခုကြောင့်လို့ ယူဆရပါတယ် ။
လူတွေက တစ်ယောက်မှ အနားမကပ်ရဲကြဘူး ။
နိုက်ကလပ်ဝိတ်တာဝတ်စုံနဲ့လူနှစ်ယောက်ရယ် ၊ တက္ကစီသမားတစ်ယောက်ရယ် ၊ မူးနေပုံရတဲ့လူနှစ်ယောက်ရယ် ၊ သူတို့နဲ့အတူပါလာပုံရတဲ့ ပိန်ပိန်သေးသေး ညဉ့်ငှက်မလေးတစ်ယောက်ရယ် ဘေးမှာရှိနေတယ် ။
လူက အသက်(၄၀)လောက် ၊ သွေးအိုင်ထဲမှာ ဖြူလျော့နေပြီ ။
ဆောင်းဝင်ခါစ ရန်ကုန်ရာသီဥတုနဲ့ ကတ္တရာလမ်းမမှာ ဒီတိုင်းဆက်ထားရင် သေဖို့ပဲရှိပါတော့တယ် ။
“ဟေ့လူ တွေ ဒီတိုင်းကြည့်နေလို့မဖြစ်ဘူးဗျ သွေးတိတ်အောင် တစ်ခုခုလုပ်မှဖြစ်မယ်”
ကျွန်တော် အဲဒီလို အော်ပြောလိုက်တော့ ကျွန်တော့်ကို အားလုံးက ကြောင်တောင်တောင်နဲ့ ကြည့်နေပါတယ် ။
ဝိတ်တာတစ်ယောက်က သွားမကပ်နဲ့အကို ပြသနာတက်နေမယ် လို့လည်း ပြောပြန်တယ် ။
လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက လဲနေတာလို့လည်း လမ်းဘေးဈေးသည်တစ်ယောက်က ၀င်ပြောတယ် ။
ရဲစခန်းက ဖုံးမကိုင်ဘူးဆိုတဲ့ အသံကလည်းထွက်လာတယ် ။
ကျွန်တော်လည်း ပြသနာတွေ ဘာတွေ သိပ်စဉ်းစားမနေတော့ပါဘူး ။
လူတစ်ယောက် မသေသင့်ဘဲ သေသွားမယ့် ကိစ္စကို ဒီလိုကြီး ကျွန်တော်ခွင့်မပြုနိုင်ဘူး ။
အဲဒါနဲ့ ကျွန်တော်ကျောပိုးအိတ်ထဲမှာအသင့်ပါလာတဲ့ အမေ၀ယ်ပေးလိုက်တဲ့ ပုဆိုးအသစ်လေးကိုထုတ်ပြီး ဒီလူဘေးမှာ ထိုင်ချပြီး ခေါင်းက ဒဏ်ရာနေရာကို သွေးတိတ်အောင်စီးပေးလိုက်ပါတယ် ။
ပြသနာတက်မှာ ကြောက်ကြရှာတဲ့ ကိုယ့်ဆရာသမားများကတော့ နည်းနည်းလေးတောင် လာမကူညီဘေးပဲ ပွဲကြည့်ပရိသတ်အဖြစ်သာ ရှိနေပါတော့တယ် ။
သွေးတွေအိုင်ထွန်းနေတဲ့ လူကို ပွေ့ချီပြီး ပတ်တီးစီးပေးနေရတာ မလွယ်လှပါဘူး။
“အကို ညီမ ၀ိုင်းကူပေးမယ်..”
ခုန အသားမဲမဲ အကောင်သေးသေး ညဉ့်ငှက်မလေးက ကျွန်တော်ဘေးလာထိုင်ရင်း လူနာကို ကူထိန်းပေးပါတယ် ။
“ဟဲ့ စံပယ်ပန်း..နင် ၀င်မပါနဲ့..လာ ငါတို့နဲ့ ကိစ္စရှိသေးတယ်.. နင်ပြသနာတက်သွားချင်လို့လား.. ကိုယ့်ကိစ္စမဟုတ်ဘူး”
“အို တက်တက်..အကိုတို့ ပိုက်ဆံ ညီမ ပြန်ပေးမယ်…. ဒီတိုင်းကြီးတော့ ကြည့်မနေနိုင်တော့ဘူး”
အရက်မူးနေတဲ့လူနှစ်ယောက်နဲ့ စံပယ်ပန်းဆိုတဲ့ ကောင်မလေးတို့ အပြန်လှန်ပြောနေကြတဲ့ စကားတွေပါ ။
ဟိုလူနှစ်ယောက်က ကို သူ့ရင်ဘတ်ကြားက ပိုက်ဆံတစ်ထပ် ပြန်ထုတ်ပေးလိုက်ပြီး သွေးအိုင်ထဲကလူကို ကျွန်တော်နဲ့အတူ ၀ိုင်းကူညီပေးနေပါတယ် ။
ခက်တာက ကျွန်တော့်ပုဆိုးက အသစ်စက်စက်ဆိုတော့ မာဂေါက်ကြီးဖြစ်နေတာ ။
ခေါင်းကို စီးထားပေးပေမယ့် မခိုင်ဘူး ။ သွေးအိုင်ထဲက ဆရာကတော့ ဖြူလျော့ပြီး သတိလစ်နေပါပြီ ။
ပုဆိုးတစ်ခုလုံးသွေးတွေ စိုရွှဲနေတယ် ။
“အကို့ ပုဆိုးနဲ့ မဖြစ်တော့ဘူး.. ညီမ အင်္ကျီနဲ့ စည်းထားမှဖြစ်မယ်”
စံပယ်ပန်းဆိုတဲ့ ကောင်မလေးက သူအပေါ်မှာ ၀တ်ထားတဲ့ ဘလောက်အင်္ကျီပန်းရောင်လေးကို ချွတ်ပြီး ကျွန်တော့်ကို ပေးတယ်..။
ခေါင်းက သွေးတစိမ့်စိမ့်ထွက်နေတဲ့ နေရာကို ကျွန်တော်လိုက်ရှာတော့ သူ့ ကီးပတ်ဖုန်းလေးက မီးလေးနဲ့ ထိုးပြထားတယ် ။
ဒဏ်ရာက တော်တော်ကြီးပါတယ်.. ဟက်တက်ကြီးကွဲနေတာ..နောက်စေ့ဘယ်ဘက်အခြမ်းမှာ..။
သူ့အင်္ကျီလေးကို ကျွန်တော်ဆွဲစုတ်တော့ သူ့မျက်နှာလေးက နှမြောတဲ့ ပုံစံလေးနဲ့ တစ်ချက်ငေးနေလိုက်တာ ကျွန်တော်သတိထားမိလိုက်တယ် ..။
အေးလေ…အသက်(၁၆)လောက်ပဲရှိတဲ့ ကောင်မလေးတစ်ယောက် ။
ဒီအင်္ကျီလေးဟာ သူ့အသွေးအသားနဲ့ ရင်းနှီးပြီး ရထားတဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတာ..။
နှမြောရှာမှာပေါ့…။
ဘာပဲဖြစ်ဖြစ် သွေးထွက်လွန်နေတဲ့နေရာကို ပိတ်ထားနိုင်တဲ့အတွက် စိတ်ချရပြီလို့ ဆိုရမှာပါပဲ…။
လူတွေကတော့ အုံကြည့်လိုက် ထွက်သွားလိုက်နဲ့ သွေးအိုင်ထဲက လူဘေးမှာ ကျွန်တော်နဲ့ စံပယ်ပန်း နှစ်ယောက်တည်းပဲ အလုပ်များနေပါတယ်..။
မနက် သုံးနာရီကျော်အထိ ရဲ ရောက်မလာပါဘူး..။
ဟိုလူ တစ်ချက် သတိလည်လာတဲ့အချိန် ဖုန်းနံပါတ်တစ်ခုကို ရလို့ ဖုန်းဆက်လိုက်တော့လည်း ဖုန်းမကိုင်ပြန်ဘူး..။
ဆောင်းဝင်ခါစမို့တော်ပါသေးတယ်…။
စံပယ်ပန်း ခမျာ ရှင်မီး သာသာ ကြိုးတစ်ချောင်းအင်္ကျီလေးနဲ့ ချမ်းနေရှာတယ်..။
မနက်သုံးနာရီခွဲမှာတော့ ရဲကားတစ်စီးနဲ့ အရာရှိတစ်ယောက်ရောက်လာပါတယ်..။
ကျွန်တော်နဲ့ အကျိုးအကြောင်းပြောနေချိန် လူတွေကတော့ တစ်ယောက်ပြီး တစ်ယောက် ရှောင်သွားကြပါပြီ…။
ရဲတွေလာတယ်ဆိုတော့ စံပယ်ပန်းလဲ ရှောင်သွားပုံရပါတယ်..။
ကျွန်တော်သူ့ကို နားလည်ပါတယ် ။
သူ့အသက်မွေးဝမ်းကြောင်းက ရဲ နဲ့ ဆက်ဆံလို့ မကောင်းတဲ့ ကိစ္စမဟုတ်လား..။
ရဲတွေအကူအညီနဲ့ ဆေးရုံပို့ပေးလိုက်နိုင်ပါတယ်..။
ပြိုင်ကားတစ်စီးဝင်တိုက်တာလို့ ရဲက ယူဆပါသတဲ့…။
ဆေးရုံမှာ အရေးပေါ်ခန်းဝင်တဲ့အထိ ရဲအရာရှိနဲ့ ကျွန်တော် တစ်ရေးမှ မအိပ်လိုက်ရဘူး..။
ဆရာဝန်ပြောစကားအရ အချိန်တစ်နာရီလောက်ထပ်သွေးလွန်ရင် သေဖို့ပဲရှိတော့ပါသတဲ့
နေ့လည်ခင်းအထိ ဆေးဝယ်တာကအစ ရဲအရာရှိနဲ့ ကျွန်တော် အိပ်စိုက်လုပ်ပေးနေရတယ်..။
နေ့လည်တစ်နာရီမှာ လူနာသတိလည်လာမှ ဖုန်းနံပါတ်တစ်ခုရပါတယ်..။
အဲဒီတော့မှ ဖုန်းဆက်လိုက်မှ သူ့မိသားစုရောက်လာပါတော့တယ်………….။
.......................................
ဘာပဲဖြစ်ဖြစ် စံပယ်ပန်းကို ကျွန်တော် အမြဲသတိရနေမှာပါ..။
ကိုယ့်ရှေ့မှာ သေကောင်ပေါင်းလဲဖြစ်နေတဲ့ လူတစ်ယောက်ကို ရပ်ကြည့်နေရက်တဲ့ ယောင်္ကျားရင့်မကြီးတွေကြားမှာ ညဉ့်ငှက်မလေး စံပယ်ပန်းက သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုတောင် ဖျက်ပြီး ကူညီရဲခဲ့တယ်…။
ပြသနာတက်မှာကြောက်လို့ဆိုပြီး လူတစ်ယောက်သေမှာကို ငုတ်တုပ်ထိုင်ကြည့်နေခဲ့တဲ့လူတွေထဲမှာ သူ မပါဘူး…။
ကျွန်တော်လည် မပါခဲ့ဘူး..။
အကြောက်တရားဟာ ကျွန်တော်တို့နိုင်ငံက လူတွေရဲ့ဦးနှောက်ထဲမှာသာမက နှလုံးသားထဲမှာပါ ကြီးစိုးနေတယ်ဆိုတာ ညကမှ ကျွန်တော်သိခဲ့ရတာပါ..။
ဘာပဲဖြစ်ဖြစ်.. ဘလောက်အင်္ကျီပန်းရောင်လေးတစ်ထည် ကျွန်တော်ဝယ်ဖို့ကြိုးစားပါ့မယ်..။
ပြီးရင်တော့ မင်္ဂလာဈေးမှာ စံပယ်ပန်းဆိုတဲ့ ညဉ့်ငှက်မလေးတစ်ယောက်ကို သွားရှာပြီး လက်ဆောင်ပေးဖြစ်အောင်ပေးမယ်……..။
ပြည့်တန်ဆာတစ်ယောက်ရဲ့ ခန္ဒာကိုယ်နဲ့ရင်းပြီး ၀ယ်ထားတဲ့ အင်္ကျီလေးတစ်ထည်ဟာ လူတစ်ယောက်အသက်ကို ကယ်ခဲ့လိုက်နိုင်တာပဲ……….။
ကဲ ဘယ်လောက်များ တန်ဖိုးကြီးလိုက်တဲ့ ဘလောက်စ်အင်္ကျီလေးလဲ..။
ဒီတော့ သူ့အတွက် ဒီအင်္ကျီတစ်ထည်ဖိုးလောက်ကို ကျွန်တော်က ဘာအတွက် နှမြောနေရအုံးမှာလဲ…။
စံပယ်ပန်း ညီမလေး…
ညည်းဆီက အသွေးအသားဝယ်နေတဲ့ ယောင်္ကျားရင့်မကြီးအချို့ထက် ညည်းက မြင့်မြတ်ပါတယ် ကလေးရယ်…။

  Koko Maung
From: ခက်ဇော်

www.mmdailystar.com

မိမိတောင်းဆိုထားသည့် ကြုံထောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်စုအရည်အချင်းကို သံသယဖြစ်မိပါတယ်



၂၀၁၃ ခု၊ နှစ်ဆန်းပိုင်းမှစ၍ ဒေါ်အောင်ဆန်းစုကြည် တွင်တွင်ကျယ်ကျယ် တောင်းဆိုခဲ့ခြင်းမှာ သမ္မတ၊ လွှတ်တော်၊ ကာချုပ်တို့နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးရေးဖြစ်သည်။ မိန့်ခွန်းတိုင်း၊ အင်တာဗျူးတိုင်း တွင် ထည့်သွင်းပြောဆိုလေ့ရှိသည်။ အထူးသဖြင့် ကာချုပ်နှင့် ပြင်းပြင်းထန်ထန် တွေ့ဆုံလိုစိတ် ဒေါ်အောင်ဆန်း စုကြည်တွင် ရှိသည်ဟု ထင်ရပြီး တွေ့ဆုံပါက မနားတမ်းပြောမည့် အနေအထားများလည်း တွေ့ရသည်။ မန္တလေး အောင်ပင်လယ်ကွင်းတွင် ကာချုပ်နှင့် တပ်မတော်ကို စိန်ခေါ်ကြောင်း ပြောခဲ့ဖူးသလို ရန်ကုန်မြို့ NLD ရုံးခန်းတွင် မိမိတို့က ကြောက်စရာကောင်းလို့ ကာချုပ်က မတွေ့တာလားဟု သတင်းထောက် များကို ပြောဆိုခဲ့ဖူးသည်။

မည်သူမျှ မျှော်လင့်မထားချိန်တွင် အာရုံလွှဲဖို့ဖြစ်စေ၊ အိုဘားမားကို ဇတ်ကြောဆွဲဖို့ဖြစ်စေ သမ္မတမှ ကာချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားပုဂ္ဂိုလ်များနှင့် စားပွဲဝိုင်းတစ်ခုတည်း ထိုင်ဆွေးနွေး မည်ဟု ကြားသိရခြင်းက လူထုအခြား လှုပ်ရှားစေခဲ့သည်။ အစည်းအဝေးအတွက် မျှော်လင့်ချက်များ ထားရှိ ခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဝမ်းသာခဲ့ကြရသည်။ သူမ တောင်းဆိုနေသည့် အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကာ မျှော်လင့်ချက်ကြီးမားစွာ ထားရှိခဲ့ကြသည်။

စင်ပေါ်တက်ပြီး မိုင်ကရိုဖုန်းကိုင်မိချိန်များ၊ နိုင်ငံခြားက ပုဂ္ဂိုလ်များနဲ့ ပြည်တွင်း/ပြည်ပမှာ တွေ့ချိန်တိုင်း တွင် ရေပတ်မဝင်အောင် ပြောတတ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပတဲ့ ၅ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး၌ ပြည်သူအများမျှော်လင့်သလို ဖြစ်မလာဘဲ ပါးစပ်ပိတ် စွံ့အ နေခဲ့သည်။ အသိနောက်ကျလို့ ဘာမှ ဆွေးနွေးစရာမရှိဘူးဟု ဆိုကာ မျက်နှာလွှဲနေခဲ့သည်။
ဖြစ်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို မမျှော်လင့်ဘဲ မျက်နှာချင်းဆိုင်ဆွေးနွေးရ သည့် အခွင့်အရေးကို အရအမိ အကောင်းဆုံးအသုံးချရမည်ဖြစ်သည်။ ပြည်သူအများစု ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို အားကိုးတကြီး မျော်လင့်ထားကြသည်ကို စဉ်းစားသင့်သည်။

သို့သော် ပြည်သူ့ မျှော်လင့်ချက်များ အချည်းအနှီးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် ရိုက်ချိုးပစ်ခဲ့သည်။
“ကျွန်မမှာ အချိန်ကပ်ပြီးမှသိရလို့ ပြင်ဆင်ချိန်မရခဲ့ဘူး၊ ဗဟိုကော်မတီနဲ့ မဆွေးနွေးခဲ့ရလို့ ဘာမှ ဆွေးနွေးစရာ မရှိဘူး” ဟုဆိုပြီး မျက်နှာလွဲသွားခြင်းက ခေါင်းဆောင်ကောင်းတစ်ယောက် မပီသဟု လူအများက သုံးသပ်ကြသည်။ ယခုကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်တော့ရမလဲ မသေချာပေ။ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ကျန်ပုဂ္ဂိုလ်အများစုမှာ နောက်တစ်နှစ်စာအတွင်းလုပ်ရမည့် အချိန်စာရင်းနှင့် အလုပ်များပြည့်နေသူများဖြစ်သည်။ နောက်တစ်ကြိမ် အားလုံးအားလပ်မည့်ရက်မှာ မသေချာလှသလို ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန်မှာလည်း တစ်နှစ်ပင် ကျန်တော့ပေသည်။ တောင်းဆိုခဲ့ သည့် မဟာအခွင့်အရေး တစ်ခုကို ကောင်းစွာအသုံးမချနိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး အရည် အချင်းကို သံသယဝင်မိ သည်။

လူထုခေါင်းဆောင် (သို့)လူထုအကျိုး ခေါင်းထဲထည့်ထားသူတစ်ဦးအတွက် ပြည်သူ့အကျိုး အတွက် ပြောဆို စရာ အများအပြား နှုတ်ဖျားတွင် အဆင်သင့်ရှိနေရမည်ဖြစ်သည်။ ၅ မိနစ် ၁၀ မိနစ်အတွင်း တောင်းဆို စရာများ၊ ထောက်ပြစရာများ၊ ဆွေးနွေးစရာများကို တစ်ရေးနိုးထမေးလျှင်တောင် ပြောဆိုနိုင်ရမည်ဖြစ်သည်။ ၅၉(စ) နှင့် ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းထဲတွင် ပြည်သူ့အရေး ထက် ၎င်းသမ္မတဖြစ်ရေးနှင့် ပါတီအာဏာရှင်ဖြစ်ရေးသာရှိသူဟု ဝေဖန်မှုများရှိခဲ့သည်။ ၅ ပွင့်ဆိုင်ဆွေးနွေး ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့အရေး ဘာမှ ဆွေးနွေးစရာ မရှိခြင်း က လူထုအရေး ထက် ပါတီအရေး၊ သမ္မတဖြစ်ရေး ဦးစားပေနေမှုကို သက်သေပြ သကဲ့သို့ ဖြစ်စေ သည်။

ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အခြားသူများဆွေးနွေးခဲ့သည့် ပညာရေး၊ ကျန်းမာရေးကို ပါဝင် ဆွေးနွေး သင့်ပေသည်။ ပညာရေး၊ ကျန်းမာရေးကို ၅ ပွင့်ဆိုင် ဆွေးနွေးမှု ခေါင်းစဉ်နှင့် မဆိုင်ဟု သတ်မှတ်ထား လျှင်လည်း ခေါင်းစဉ်နှင့် သက်ဆိုင် သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို ထဲထဲဝင်ဝင် ဆွေးနွေးသင့် သည်။ မြန်မာပြည်ရှိ တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီးက ငြိမ်းချမ်းရေး လက်တွေ့ မလုပ်နိုင်ဟု လူအများက ဝေဖန်နေကြချိန်တွင် ယခုကဲ့သို့ ကြုံတောင့်ကြုံခဲ အခွင့်အရေးတွင် ငြိမ်းချမ်းရေး စကားလုံးများကို အားရပါးရ ဆွေးနွေးသင့်သည်။ သို့သော် ဦးခင်မောင်ဆွေ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို သာ နားထောင် ပြန်ခဲ့ရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိမှုကိုပင် သံသယ ဝင်မိပြန်သည်။
နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရေပတ်မဝင်အောင် ပြောခဲ့သည့် အချိန်တိုင်းသည် ၎င်းအား ထောက်ခံ သည့် လူအများရှေ့၊ ၎င်းအား ထောက်ခံမေးမြန်းသည့် မီဒီယာများရှေ့တွင် ဖြစ်သည်။ ယခုနှစ် အတွင်း တပ်ကုန်းမြို့က အဘိုးအိုတစ်ဦး၏ ထောက်ပြချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ပညာသား ပါပါ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ စကားလုံးအကျအနသာ ကောက်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ၏ ဒီဘိတ် အရည်အချင်းကို လူအများ သံသယ ဖြစ်ခဲ့ကြဖူး သည်။ ယခု တွေ့ဆုံပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမဘက်က တစ်ခွန်းပြောလိုက် သည်နှင့် တစ်ဖက်မှ ပညာသားပါပါ ထောက်ပြမည်ကို ကြောက်ရွံ့နေဟန်ရှိပေသည်။ မိမိကိုယ်ကို ယုံကြည်မှု နည်းဟန်ရှိသလို တပ်ကုန်းအဖိုးအိုနှင့် ရန်ပွဲကဲ့သို့ ဒုတိယအကြိမ် အရှက်ကွဲမည်ကိုလည်း စိုးရိမ်ဟန် ရှိပေသည်။ ထို့ကြောင့် အခွင့်အရေးကို လက်လွှတ်ကာ ဘာမှမဆွေးနွေးဘဲ ငူငူကြီးထိုင်ကာ ပြန် လာခြင်းဖြစ်နိုင် သည်။

အစည်းအဝေးပြီးချိန် ဒေါ်အောင်ဆန်းစုကြည်အား ရလဒ်များကို မေးမြန်းချိန်တွင် တွေ့ဆုံလိုသည့် ၃ ဦးလုံး ယခုဆွေးနွေးပွဲတွင် ပါနေသည်ဖြစ်သော်လည်း ယခုဆွေးနွေးပွဲသည် လေးပွင့်ဆိုင် မဟုတ်ကြောင်း ဖြေကြား ခဲ့သည်။ ၄ ဦးအပြင် အခြားသူများ ပါဝင်ခြင်းက အနှောက်အယှက်ဖြစ်စရာဟု အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ထင်သနည်းကို မည်သူမျှ မမေးရဲခဲ့ပေ။ ၄ ဦးတည်းတွေ့ချိန် တွင် ပြောမည့်စကား ကို ၄ ဦး တွေ့ချိန်တွင် ဘာကြောင့် မပြောနိုင်ရသနည်း။ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ ၄ ဦးသာ အရေးပါသူဟု ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် ထင်နေသနည်း။ စဉ်းစားစရာဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ မိမိတောင်းဆိုထားသည့် ကြုံတောင့်ကြုံခဲ အခွင့်အရေးကို စိုးစဉ်းမျှ အသုံးမချနိုင်ဘဲ လက်ဗလာဖြင့် ပြန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းကို သံသယဖြစ်မိပါသည်။


From: (ဒေါက်တာ မျိုးချစ်)

www.mmdailystar.com

အဆိုတော် လိမ္မော်သီးက ကောလာဟလ ထုတ်လွှင့်သူ သက်ကိုကို (ခ)သမီးဆိုး ကို တစ်ပတ်အတွင်း တောင်းပန်ရန် နိုင်ငံပိုင် သတင်းစာမှ သတိပေး

သတင်းစာပါ ကြေငြချက်
ယောက်ျားတစ်ယောက်ရဲ့ ကျောပေါ်မှ သမီးဆိုး(ခ)သက်ကိုကို





နာမည်ရ အမျိုးသား အိမ်ထောင်ရှိ အမျိုးသား အဆိုတော် တစ်ဦးနှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်ပေါ် ခဲ့မှုနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီး (ခေါ်) ဂျူနိုက ယင်းကောလာဟလ ထုတ်လွှင့်သူကို တစ်ပတ်အတွင်း တောင်းပန်ရန် သတိပေးစာ တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်း သတိပေး ခဲ့သည်။


အဆိုပါ သတိပေး ကြော်ငြာချက်တွင် ကောလာဟလ ထုတ်လွှင့်သူ သက်ကိုကို (ခ) သမီးဆိုးသည် ယင်းသတင်း ပါရှိပြီး တစ်ပတ် အတွင်း၌ မတောင်းပန်ပါက ပြစ်မှုကြောင်း နှင့်တရားမကြောင်း အရ ပုဒ်မ တစ်ခုခုဖြင့် တရားစွဲ သွားမည်ဟု ဖော်ပြထားသည်။

ယင်းကြော်ငြာစာနှင့် ပတ်သက်ပြီး အဆိုတော် လိမ္မော်သီးက စွပ်စွဲဖန်တီးကာ ကောလာဟလ ပြုလုပ်သူ အနေဖြင့် တစ်ပတ်အတွင်း မတောင်းပန်ပါက တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အချိန် မည်မျှ ကြာသည် ဖြစ်စေ စောင့်ဖမ်း သွားမည်ဟု မဇ္ဈိမကို ပြောသည်။ “ သမီးသတင်းစာမှာ ကြော်ငြာ ထားတယ်ဆိုတာ ပရိသတ်တွေ အနေနဲ့ သမီး မှန်တယ်ဆိုတာကို ပြချင်တာပါ။ သူ့ဘက်က အခုလို လုပ်လို့လည်း သမီးရဲ့ အနုပညာကို မထိခိုက်ပါဘူး။ တနေ့ကဘဲ FM ပွဲမှာ သီချင်းဆိုပြီး ပြန်လာတာပါ။ သမီးကို မဟုတ်မမှန် သတင်း လွှင့်တဲ့သူရဲ့ လိပ်စာ ကိုလည်း သမီး သိတယ်။ ဒီကိစ္စမှာ သူမှန်တယ်လို့ ထင်ရင် တရား ဥပဒေနဲ့ ဒဲ့ရှင်းပါလို့ ပြော ချင်တယ်။ သူ့ဟာသူ နိုင်ငံခြားကို ထွက်ပြေးပြေး၊ ဘယ်ကိုပဲ ထွက်ပြေးပြေး သမီးကတော့ အချိန် ဘယ်လောက် ကြာကြာ သူ့ကို အေးအေးဆေးဆေး စောင့်ဖမ်းမယ်” ဟု ၄င်းက ပြောသည်။

အောက်တိုဘာ ၂၃ရက် တွင် လူမှုကွန်ယက် စာမျက်နှာများ ထက်တွင် အဆိုတော် လိမ္မော်သီးသည် နာမည်ရ အိမ်ထောင်ရှိ အဆိုတော် တစ်ဦးနှင့် ချစ်ကြိုက် နေသည်ဟု ကောလာဟလများ ထွက်ပေါ် လာခြင်းကြောင့် ယခုကဲ့သို အဆိုတော် လိမ္မော်သီးက တုန့်ပြန် တရားစွဲဆို လာခြင်း ဖြစ်သည်။

အဆိုတော် လိမ္မော်သီးသည် "ဒဏ်ရာ နှလုံးသား" ဒုတိယမြောက် အော်ဒီယို အယ်ဘမ် ကို ဒီဇင်ဘာလ အကုန်တွင် ထွက်ရှိမည် ဖြစ်သည့် အ တွက် နိုဝင်ဘာလတွင် ယင်းအယ်ဘမ်ကို အပြီးသတ် လုပ်ဆောင်သွားမည်ဟု ပြောသည်။ အယ်ဘမ်တွင် စလိုးရော့ခ်များ ပါဝင်မည် ဖြစ်ပြီး အမျိုးသမီး များ၏ ခံစားချက် များကို ရေးဖွဲ့ထားသည့် သီချင်းများကို ထည့်သွင်းသွား မည်ဖြစ်သည်။ ၎င်းကိုယ်တိုင် မွန်ဝတ်စုံကို ၀တ်ဆင်ပြီး ရိုက်ကူး ထားသည့် ၂၀၀၅ ခုနှစ်ထုတ် မွန်ဘာသာ ပြက္ခဒိန်ကို မလေးရှား နိုင်ငံတွင် စတင် ရောင်းချလျှက် ရှိပြီဟုလည်း အဆိုတော် လိမ္မော်သီးက ပြောသည်။

ကောလာဟလ ထုတ်လွှင့်သူကို တရားဥပဒေဖြင့် ရင်ဆိုင်တော့မည့် အဆိုတော် လိမ္မော်သီး။
From: Mizzima

www.mmdailystar.com

ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၈)


အောက်တိုဘာလ ၂၇ ရက်၊ ၂၀၁၄

မြန်မာတစ်မျိုးသားလုံးက ခါးခါးသီးသီးငြင်းပယ်နေသော ဘင်္ဂါလီများကို KIO/KIA ခေါင်းဆောင်များ ပတ်သက် ဆက်နွယ်ခဲ့ပုံက အတော်အံ့အားသင့်စရာ ကောင်းလှပါတယ်။ ဒါဆိုရင် လူသိရှင်ကြားဖြစ်ပြီးကာမှ ဘင်္ဂါလီတပ်တွေ KIO ထိန်းချုပ်နယ်မြေထဲမှာ အခြေချနေထိုင်ဖို့ ဗဟိုဌာနချုပ်ကို တရားဝင်ကမ်းလှမ်းတာ မရှိဘူးဆိုပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တုန့်ပြန်ဖြေကြားခဲ့တာရှိပါတယ်။ ပုတ်လို့ပေါ် ဟုတ်လို့ ကျော်လာတာကိုတောင် မုန်လာဥလုပ်ချင်နေတာလား ဗိုလ်ချုပ်ဂွမ်မော်ရယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။

ခုခေတ်က ဖုံးကွယ်လိမ်ညာလို့ မရတော့ဘူးဆိုတာ ခေါင်းဆောင်ကြီးတွေ မသိတာများလား။ သိရက်သားနဲ့ ရူးချင်ယောင်ဆောင်နေတာလား မပြောတတ်ပါ။ ရုပ်သံဗွီဒီယိုမှတ်တမ်းကြီးနဲ့ ဖော်ပြတာတောင် မဟုတ်ဘူးလို့ ဗြောင်ငြင်းတာကတော့ ကလေးကလား ဆန်လွန်းပါတယ်ဗျာ။ KIO ဗဟိုကော်မတီ ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်နဲ့ RSO အဖွဲ့ဝင် ၃ ဦးတို့ ဖက်လဲတကင်း တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ရုပ်သံမှတ်တမ်းကြီးက ဘယ်လိုမှ ညာလို့ မရပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ KIO/KIA အဖွဲ့ထဲမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဒီ သတင်းကို ခေါင်းဆောင်ကြီးတွေ သိရက်သားနဲ့ ထိန်ချန်ထားတယ်ဆိုပြီး ယူဆကြတယ်။ တချို့ကတော့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ဘဂါင်္လီတပ်တွေနေထိုင်ဖို့ လျှို့ဝှက်သဘောတူခဲ့တယ်ဆိုပြီး သံသယ၀င်ကြ တယ်။ အခုလို လူသိရှင်ကြားသတင်းပေါက်တော့မှ မဟုတ်ပါဘူးဆိုပြီး ဖုံးကွယ်တယ်လို့လည်း မြင်ကြတယ်။ ဘာပဲဖြစ်ဖြစ် KIO/KIA ခေါင်းဆောင်ကြီးတွေကို ဘင်္ဂါလီနဲ့ပတ်သက်လို့ လက်အောက်ငယ်သားတွေက မယုံကြည်ကြတော့တဲ့ သဘောပါပဲ။

မှန်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ ဘင်္ဂါလီတွေကို လုံးဝနေထိုင်ခွင့်မပေးနိုင်ပါဘူး။ ကချင်ပြည် နယ်မှာ ဘင်္ဂါလီမျိုးပွားပြီး ကချင်လူမျိုးတွေ ထွက်ပြေးရမယ့်ကိန်း ဆိုက်မှာပါ။ ပြီးတော့ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွေကို ကျော်ဖြတ်ပြီး ဗလီတွေက တောင်လိုယာလိုပုံလာမှာ။ နောက်ဆုံး ရခိုင်ပြည်နယ်မှာလို ကချင် ပြည်နယ်ထဲမှာ ဘင်္ဂါလီနယ်မြေတောင်းခံလာမှာ မလွဲဧကန်ပဲ။ ခေါင်းဆောင်ကြီးတွေအနေနဲ့ ဘင်္ဂါလီတွေနဲ့ ပူးပေါင်းမယ်ဆိုရင် ကျွန်တော်တို့အားလုံးက လုံးဝလက်သင့်ခံမှာမဟုတ်သလိုလက်ပိုက်ပြီးလည်း ကြည့်နေမှာ မဟုတ်ပါဘူး။

အခုလည်း သတင်းတွေကြားနေရပြန်ပြီ။ KIO ထိန်းချုပ်နယ်မြေထဲမှာ KIA နဲ့ ဘင်္ဂါလီလက်နက်ကိုင်တပ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်မလို့ဆိုပဲ။ Burma Rohingya Association in Thailand(BRAT)အဖွဲ့ ဥက္ကဋ္ဌ ဦးမောင် ကျော်နုက Rohingya Solidarity Organization(RSO)
အဖွဲ့တွေကို နယ်စပ်ကနေတစ်ဆင့် ခေါ်ဆောင်လာပြီး ဘင်္ဂါလီတပ်ဖွဲ့အခြေချနေထိုင်ဖို့
ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာကို အဲဒီဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေတစ်ဆင့် အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာနေပြီလို့လည်း ကျွန်တော်တို့ အသိုင်း အ၀ိုင်းမှာ ပြောနေကြပါတယ်။ KIO/KIA ခေါင်းဆောင်ကြီးတွေ ထင်တိုင်းလုပ်နေတာကို ငြိမ်ခံနေရင်တော့ ကချင်ဒေသခံပြည်သူတွေရဲ့ဘ၀က ရင်လေးစရာပါဗျာ။ ကျွန်တော်ကတော့ ဘင်္ဂါလီကိစ္စ KIO/KIA ခေါင်းဆောင်ကြီးတွေ လိမ်ညာပြောနေတဲ့ စကားတွေကို မယုံဘဲ လက်တွေ့လာရောက် ရှင်းလင်းပြီး ကချင် ပြည်သူတွေရဲ့ဘ၀ကို ကယ်တင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်ဗျာ။

From: ဘရန်စန်အောင်

www.mmdailystar.com

''DVB မှာ ကချင်ပြည်နယ် ရှိ ရှမ်းလူမျိုးတွေကို KIA က လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ဖော်ပြထား''




ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမေရိကန်သံအမတ်ကို တင်ပြ

အောက်တိုဘာလ ၂၈ ရက်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်ရဲ့ အချက်အလက်ရှာဖွေရေး ခရီးစဉ်တွင်းမှာ ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံမျိုးနွယ်စု တိုင်းရင်းသားတွေက တင်ပြခဲ့ကြပါတယ်။

သံအမတ်ကြီးနဲ့ အဖွဲ့ဟာ အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စု ဓမ္မာရုံကို ရောက်လာပြီး ဒေသတွင်း အေးချမ်းမှုအခြေအနေတွေ မေးမြန်းခဲ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မပပျောက်သေးတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“အစိုးရနဲ့ ကေအိုင်အိုတို့ သဘောတူထားတဲ့ စည်းကမ်းတွေကို သူတို့ မလိုက်နာတဲ့အကြောင်း၊ အထူးသဖြင့် လူမဖမ်းတော့ပါဘူး၊ ဆက်ကြေးမကောက်ပါဘူး၊ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘူးဆိုတာ ၂ ဘက်လုံး သဘောတူထားတာပဲ။

စာချုပ်ပါစည်းကမ်းကို ဖောက်ဖျက်တော့ ပြည်သူတွေက ၀န်ထုပ်ဝန်ပိုးဖြစ် တာပေါ့ ဗျာ။ နောက်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းကသာ ကျနော်တို့ပေါ်မှာ အကြမ်း မဖက်ဘူး၊ မခြိမ်းခြောက်ဘူး၊ ဆက်ကြေးမကောက်ဘူးဆိုရင် ဥပဒေစိုးမိုးသွား မယ်၊ အေးချမ်းသွားမယ်လို့ ကျနော်တို့ ပြောဆိုခဲ့ပါတယ်။”

ဒါ့အပြင် အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ရဲ့ ပဋိပက္ခကြား ဒေသခံပြည်သူတွေ ခံနေရကြောင်း၊ သောင်းနဲ့ချီတဲ့ ရွာသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတာ ခုထိပြန်မလာနိုင်လို့ ကျန်ခဲ့တဲ့ အိုးအိမ်တွေနဲ့ လယ်ယာစိုက်ခင်းတွေလည်း ဆုံးရှုံးပျက်စီးခဲ့ရကြောင်း သံအမတ်ကြီးကို တင်ပြခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သူတို့ဒေသမှာ ကေအိုင်အေက တပ်သားသစ် အတင်းအကျပ် စုဆောင်းဆွဲခေါ်ခံရတာ လတိုင်းလိုရှိနေပြီး ဒီအောက်တိုဘာလဆန်းကလည်း တနိုင်းမြို့နယ် ပယင်းမှော်မှာ ပယင်းကျောက်တူးနေတဲ့ လူ ၅၀ ကျော် အဆွဲခံထားရပြီး လက်ရှိ စာရင်းတွေအရ ကေအိုင်အေထဲ ၀င်ဖို့ ဖမ်းခေါ်ခံထားရတဲ့ လူရွယ် ၁၈၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ကေအိုင်အိုက တယ်လီဖုန်းခွန်၊ ဆိုင်ခန်းခွန်၊ လယ်ခွန် လုပ်ငန်းခွန်တွေ ပါ ကောက်ခံကြောင်း၊ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကို တိုင်တန်းရင်လည်း မဖမ်းခိုင်းကြောင်း၊ ပြန်စစ်ဆေးမယ်ဆိုတဲ့အကြောင်း ထပ်တ လဲလဲ ပြောခဲ့ တာ၊ ပြည်နယ်အစိုးရထိ တင်ပေမယ့် ထူးခြားမှုမရှိတဲ့အကြောင်းတွေလည်း တင်ပြခဲ့တယ်လို့ ဦးစိုင်းထိန်လင်းက ပြောပါတယ်။

သံအမတ်ကြီးနဲ့အဖွဲ့ဟာ လာမယ့်လမှာ လာရောက်မယ့် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်အကြို အချက်အလက် စုဆောင်းတဲ့အနေ နဲ့ ရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားအဖွဲ့၊ နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အောက်တိုဘာ ၂၇ ရက် မနက်က ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံခဲ့ပြီး အဓိကအားဖြင့် ပြည်တွင်းဒုက္ခသည်များ ရွှေ့ပြောင်းပေးတဲ့အခါ သံအမတ်ကြီးက နိုင်ငံတကာ စံချိန်မီဖြစ်ဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်တွင်းဒုက္ခသည်တွေ ရွှေ့ပြောင်းတဲ့အခါမှာ နိုင်ငံတကာစံနှုန်းနဲ့ ညီရဲ့လားပေါ့။ သူတို့ပြောတဲ့ နိုင်ငံတကာ စံနှုန်းဆိုတာ ဒုက္ခသည်တွေ ကို ပြန်လည်နေရာချထားပေးရာမှာ သူတို့သဘောဆန္ဒအတိုင်း ဟုတ်ရဲ့လား၊ ဘေးကင်းလုံခြုံမှုရှိရဲ့လား၊ ဆောင်ရွက်ပေးတဲ့ အာဏာ ပိုင်တွေပေါ်ရော ဒုက္ခသည်တွေက ယုံကြည်မှု ရှိကြရဲ့လား စတာတွေပေါ့။ ၀န်ကြီးချုပ်ကလည်း သူဟာ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရ ဆိုတော့ ပြည်သူကို အဓိကထားပြီး ဆောင်ရွက်တဲ့ အကြောင်း ပြန်ပြောခဲ့ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က လွယ်ဂျယ်ဒုက္ခသည်စခန်းမှာရှိတဲ့ အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၉၂ ဦးကို မူရင်းနေထိုင်ခဲ့ရာ စိန်လုံကဘာရွာကို ပြည်နယ်အစိုးရရဲ့အစီအစဉ်နဲ့ ပြန်လည်ရွှေ့ ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

From: DVB

www.mmdailystar.com

အမှု အမှန် ဖော် ထုတ်နေတာလား ပြသနာ တက်အောင် ပြသနာ ရှာနေကြတာလား??


ကိုပါကြီး အလောင်းကို ပြန်ဖော်စစ် ဆေးခွင့် မပြုခင် တုန်းက တော့ အမှုအမှန် မပေါ်အောင် ပြန်မဖော် ခိုင်းတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ တစ်မျိုး ပြောကြတယ်... အခု ပြန် ဖော် စစ်ဆေး ခိုင်းတော့လဲ... အချိန် ကပ်နေလို့တဲ့ ပြင် ဆင်ချိန် မရဘူးတဲ့... BBC က တင်ထားတယ်...


သေရော...

သူတို့ပဲ ပြန်ဖော် စစ်ဆေးမယ် ဆိုပြီး မိုးလားကဲလား လုပ်နေကြတာလေ... ဘာမှ မပြင် ဆင်ထားဘူးလား?? ဒီထက် ရက် နောက် ဆုတ်ပေးရင်လဲ အချိန်ဆွဲတယ် ပြောပြန်ဦးမယ်....

အဲဒီလိုပဲ... အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) က အမှုအတွက် စုံစမ်းတင်ပြဖို့... ဟိုတစ်နေ့က ကိုပါကြီး ဇနီးရဲ့ ထွက်ဆိုချက်ယူဖို့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် က ကိုပါကြီးဇနီးကို ခေါ်တယ်... အာလားလား.. လာကြတဲ့ ကိုပါကြီး ဇနီးတွေက နည်းတာ မဟုတ်ဘူး ၁၀ ယောက်လောက် တောင် ရှိတယ်ဆိုပဲ... ဘယ်ဟုတ်မလဲ.... ကိုပါကြီး ဇနီး သူငယ်ချင်းတွေ နဲ့ ၈၈ က လူတွေတဲ့....

အဲဒါ ကို ဆပ်ပြာခွက်လေးလောက်ပဲ ရှိတဲ့ MNHRC မှာ လူလေး ၂ ယောက် တစ်ပိုင်းနဲ့ သက်သေထွက် ဆို ချက် ယူမယ့် ဟာကို ကိုပါကြီး ဇနီး ခန့်မှန်း ၁၀ ယောက် စလုံးက တစ်ပြုံလုံး ၀င် ကြမလို့တဲ့လေ...

သက်သေထွက်ဆိုချက် ယူတယ်ဆိုတာ သက်ဆိုင်ရာ ကာယကံရှင် လူရဲ့ သက်သေထွက်ဆိုချက် ယူတာလေ... အဲဒါကြောင့် MNHRC က လူတွေကလဲ... ကိုပါကြီး ဇနီး ထွက် ဆိုချက် ယူတာကို ဘယ်လို လုပ် မဆိုင်တဲ့ သူတွေ တစ်အုပ်တစ်မကြီး ကို လူလေး ၂ ယောက် တစ်ပိုင်းက လက်ခံ ပြီး သက်သေ ထွက်ဆို ချက် ယူမလဲ?

ကိုပါကြီး ဇနီးရယ်... သူ့ ရှေ့နေရယ်.. ၀င် တွေ့ ပါလို့ဆိုတာကို .... ကိုပါကြီး ဇနီးက အခုမှ စကားစ ပြောတတ်တဲ့ ကလေးလိုလိုနဲ့ စကား မပြောဆို တတ်မှာ စိုးလို့တဲ့... သူတို့ ပါလာတဲ့ ၈၈ တွေအပါအ၀င် လူ ၁၀ ယောက်လောက် ရှိတဲ့ တစ်အုပ်တစ်မကြီး အကုန်လုံး ၀င်လို့ မရလို့ စိတ်ကောက်ပြီး ပြန်သွားကြတယ် ဆိုပဲ...

အင်းးး သူတို့ လုပ်ရပ်တွေနဲ့ လုပ်ဆောင်ပုံတွေကို ကြည့် ရတာ ကိုပါကြီး သေလို့ အမှုပြန် စစ်ချင်တာက နည်းနည်း ပြသနာ တက် အောင် ပြသနာ ရှာချင်နေတာက များများ လို့ ထင် တာပဲဗျာ...


From: Yar Zar Doe

www.mmdailystar.com

မီးပုံးပျံပျက်၍ ဒဏ်ရာရသူများထဲမှ၂ ဦး သေ၊ ၃ ဦး စိုးရိမ်ရ ( movie ဖိုင်တွဲလျက် )

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့က မီးပုံးပျံတစ်ခု ပျက်ကျခဲ့၍ ဒဏ်ရာရသူ ၁၄ ဦးမှ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိကြောင်း တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ သိရသည်။
အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်မှာ စိုးရိမ်ရသောကြောင့် အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရကြောင်း စ၀်စံထွန်းဆေးရုံမှ တာဝန်ရှိသူ သူနာပြုအရာရှိတစ်ဦးကပြောသည်။
“ယမ်းတွေမှန်ပြီး အသားတွေလောင်သွားတာ။ ကျန်တဲ့သူတွေက သိပ်မစိုးရိမ်ရပါဘူး” ဟု သူနာပြုအရာရှိ က ဆိုသည်။
နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က ဦးကြီးခမ်းရက်ကွက် ကိုယ်စားပြုယှဉ်ပြိုင်သည့် ခွန်တန်မီး ညမီးကျည် အမျိုးအစားလွှတ်တင်ခဲ့ပြီး ပေ ၂၀၀ ခန့်အမြင့်ရောက်မှ ပြန်လည်ပျက်ကျခဲ့ပြီး ပွဲကြည့် သူ ၁၄ ယမ်းလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီတွဲဖက် အတွင်းရေးမှုး ဦးတင်ဝင်းက ပြောသည်။





အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားမည်စိုးရိမ်သောကြောင့် ကျန်ရှိသည့် မီးပုံးပျံ လွှတ်တင်ပွဲများတွင် ပွဲကြည့်ပရိတ်သတ်များ အန္တရာယ်မရှိအောင် တာဝန်ရှိသူများမှ မီးပုံးပျံကွင်းထဲအထိ လိုက်လံ သတိပေးနှိုးဆော်
ပေးနေကြောင်း တောင်ကြီးဒေသခံ သတင်းထောက်တစ်ဦးကပြောသည်။
မီးပုံးပျံ ပျက်ကျသောကြောင့် ဒဏ်ရာရခဲ့သူ ၁၄ ဦးအတွက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ကော်မတီအဖွဲ့က ငွေ ၁၂ သိန်း ၈ သောင်း လှူထားကြောင်းသိရသည်။



From: The Union Daily

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...