Wednesday, 12 November 2014

စီရော်နယ်ဒိုလက်သစ်ကို ခေါ်ယူရန် အာဆင်နယ်ကြိုးပမ်း


အာဆင်နယ် အသင်းသည် စီရော်နယ်ဒို လက်သစ်ဟု တင်စားခြင်း ခံနေရလျက်ရှိသည့် ဘင်ဖီကာ လူငယ် တောင်ပံကစားသမား ဂွန်ကာလိုဂွီဒက်စ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့် လေ့လာနေပြီ ဖြစ်ကြောင်း Daily Mail ကဖော်ပြထားသည်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသော ဂွီဒက်စ်သည် ယမန်နှစ် ယူအီးအက်ဖ်အေ လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဘင်ဖီကာနှင့် ထွန်းတောက် ထင်ပေါ်လာခဲ့သူဖြစ်ကာ ၎င်းကိုခေါ်ယူရန် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် ရီးရဲလ်မက်ဒရစ် တို့ကလည်း အာဆင်နယ်နှင့်အပြိုင် စိတ်ဝင်စားနေကြသည်။

ဘင်ဖီကာသည် ဂွီဒက်စ်ကို စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းနေလျက်ရှိကာ ယင်းသို့ လုပ်ဆောင်ရသည်မှာ ၎င်းကို ရောင်းချချိန်၌ မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ကို ရရှိနိုင်စေရန်အတွက် ဖြစ်ကြောင်း ဘင်ဖီကာအသင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသွားခဲ့သည်။

ဘင်ဖီကာနှင့် လူငယ် တောင်ပံကစားသမား ဂွီဒက်စ်တို့ အကြားတွင် ငါးနှစ်သက်တမ်း စာချုပ် ကျန်ရှိနေဆဲဖြစ်ကာ ယခုတစ်ကြိမ် ချုပ်ဆိုမည့် စာချုပ်မှာလည်း ကာလရှည် စာချုပ်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းခကို ပေါင်သန်းလေးဆယ်အထိ သတ်မှတ်သွားမည် ဖြစ်ကြောင်း ဘင်ဖီကာက သတင်းထုတ်ပြန်ထားသည်။

ယခု အသစ်ပြန်လည် သတ်မှတ်မည့် စာချုပ်ဖျက်သိမ်းခ တန်ကြေးသည် အာဆင်နယ်အတွက် အတားအဆီး တစ်ရပ်သဖွယ် ဖြစ်လာဖွယ် ရှိနေကာ အာဆင်နယ်အနေနှင့် လူငယ် ကစားသမား တစ်ဦးအပေါ်တွင် ယင်းသို့ ငွေအလုံးအရင်း သုံးစွဲသည်မှာ အစဉ်အလာ မရှိခဲ့ဖူးကြောင်း အပြောင်းအရွှေ့ ဈေးကွက်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆို သွားခဲ့ကြသည်။

the voice
From:

www.mmdailystar.com

ဘင်္ဂလီ ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ တောင်းဆိုမှု သမ္မတကြီး ဦးသိန်းစိန် ပြတ်ပြတ်သားသား ပယ်ချ


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းများရှိ မြန်မာဒုက္ခသည်ဆိုသူ အားလုံးကို ပြန်လည် လက်ခံရန် ဘင်္ဂလားဒေ့ရှ်သမ္မတ၏ တောင်း ဆိုမှုကို သမ္မတဦးသိန်းစိန်က ပယ် ချလိုက်ပြီး နှစ်နိုင်ငံညှိနှိုင်းထား သည့် ဒုက္ခသည်နှစ်ထောင်ကျော် သာ ပြန်လည်စိစစ်လက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ အား ပြောကြားခဲ့သည်ဟု သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်က တရုတ် နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပ လျက်ရှိသော အေပက် အလွန် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက် မှု အခွင့် အလမ်းများ ဆွေးနွေးပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ် ဟာမစ်နှင့်

နှစ်နိုင်ငံ ခေါင်းဆောင်ချင်း သီးသန့် တွေ့ဆုံမှုတွင် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သမ္မတခရီးစဉ်တွင်လိုက်ပါသွား သည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိ သူ ဝန်ကြီးဦးရဲထွဋ်က ပြောသည်။

‘‘ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ ဒုက္ခသည်စခန်းမှာရှိတဲ့လူ တွေကို စိစစ်လက်ခံပေးဖို့ ပြော တာပါ။ ဒါပေမဲ့ မြန်မာဘက်က တော့ ဒုက္ခသည်စခန်းက ဘင်္ဂါလီ တွေကို နှစ်နိုင်ငံ သဘောတူညီ ထားတဲ့စစ်ဆေးမှု မူလေးချက်နဲ့ပဲ စစ်ဆေးလက်ခံနိုင်မယ်ဆိုတာ သမ္မတက ထပ်ပြောပါတယ်။ အရင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ဆွေးနွေးတုန်းက လည်း ဒီသဘောထားအတိုင်းပဲ ပြောခဲ့တာပါ။ နှစ်နိုင်ငံသဘောတူထားတာကလည်း ၂၀၀၅ ကတည်းကဖြစ်တယ်။ လူနှစ် ထောင်ကျော်ပဲရှိပါတယ်။ ဒါတွေ ကိုလည်း အခုတကယ်ရှိ၊ မရှိဆို တာ ထပ်စိစစ်ရဦးမှာပါ’’ ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ဒုက္ခသည် နှစ် ထောင်ကျော်ကို ၂၀၀၅ ကတည်းက မြန်မာနိုင်ငံသားဖြစ် ကြောင်း အထောက်အထားလက် မှတ်ရှိခြင်း၊ သက်သေပြနိုင်ခြင်း၊ မြန်မာနိုင်ငံသားမိဘနှစ်ပါးမှမွေး ဖွားခြင်းအပါအဝင် စစ်ဆေးမှု မူလေးချက်နှင့် နှစ်နိုင်ငံညှိနှိုင်း သဘောတူထားခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ဇူလိုင်က ဒါကာတွင် အဆို ပါ ဒုက္ခသည်များကို ပြန်လည် စိစစ်လက်ခံရန် နှစ်နိုင်ငံထပ်မံ သဘောတူညီခဲ့ပြီး စိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားသည်။

မြေပြင်အခြေအနေများအရ အဆိုပါစိစစ်ပြီး ဒုက္ခသည်နှစ် ထောင်ကျော်အနက် အများစုမှာ မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်လိုခြင်းမရှိကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ လာသော သတင်းများအရ သိရသည်။ဘင်္ဂလားဒေ့ရှ်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ‘‘ဘင်္ဂလားဒေ့ရှ်ဘက်က ရင်ဆိုင်နေရတဲ့ ဒီကိစ္စနှစ်ခု(ရိုဟင်ဂျာနှင့် မူးယစ်ဆေးဝါး)ကို မြန်မာသမ္မတကိုအသိပေးခဲ့တယ်။ တတ်နိုင်သမျှ အမြန်ဆုံး သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ တိုက်တွန်းခဲ့တယ်’’ဟု BD News 24.comသတင်းဌာနသို့ ပြော သည်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် လူမျိုးအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ တရားမ၀င် ၀င် ရောက်လာသော ဘင်္ဂါလီလူမျိုး မျာသာဖြစ်ပြီး တိုင်းရင်းသားဘာ သာစကားမတတ်ကျွမ်းသူအများ စုဖြစ်ကြောင်း ရခိုင်အမျိုးသားရေး အင်အားစုများကပြောကြားထား သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရိုဟင်ဂျာလူမျိုး ငါးသိန်းခန့်ရှိမည် ဟုခန့်မှန်းထားပြီး UNHCRလက် မှတ်ရ ရိုဟင်ဂျာ ဒုက္ခသည် သုံး သောင်းရှိကြောင်း BD News 24.comကဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခေါင်း ဆောင်များအနေဖြင့် မြန်မာအစိုး ရအဖွဲ့၊ နိုင်ငံရေးအင်အားစုအချို့
နှင့်တွေ့ဆုံတိုင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ ဒုက္ခသည်များမှာ မြန်မာနိုင်ငံမှ လာရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက ပြန်လည်လက်ခံရန် အစဉ်တိုက်တွန်းတောင်းဆိုလေ့ ရှိသည်။ ယခု နှစ်ဆန်းပိုင်းက ဘင်းစတက် အစည်းအဝေးတွင်သမ္မတဦးသိန်းစိန်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဘင်္ဂါလီ ဒုက္ခ သည်တစ်သိန်းကျော် ပြန်လည် လက်ခံရန် တောင်းဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအဗ္ဗဒူလ်ဟာမစ်တို့တွေ့ဆုံမှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်သမ္မတက ယခု တစ်ခေါက်တွင် ရိုဟင်ဂျာဟု မသုံးစွဲခဲ့) အရေးကိစ္စအပါအဝင် နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ကြား ပုံမှန်ရေကြောင်း၊ လေ ကြောင်း ဆက်သွယ်ရေးတို့ကို ဆွေးနွေးခဲ့သည်ဟု ဦးရဲထွဋ်က ပြောသည်။

From: 7 Days

www.mmdailystar.com

တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နိုင်ငံသား နှင့် အဓမ္မ လက်ထပ် ထိမ်းမြားရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၁၇ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့သော လူကုန်ကူးခံ ရသူကို လားရှိုး အမှတ်(၁၆) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် ကြည်ထူး ဦးစီးတပ်ဖွဲ့ဝင် များက မေးမြန်း စစ်ဆေးခဲ့ရာ မလှကြည် ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူက ၄င်းကို မကြာခဏ လာရာက်၍ တရုတ်ပြည်တွင် အလုပ်လုပ်ပါက ဝင်ငွေများများ ရကြောင်း၊ ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ် ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆို သဖြင့် သဘောတူကာ မလှကြည် က စရိတ် အကုန်ကျခံပြီး ကျောက်မဲမြို့မှ တရုတ်နိုင်ငံ၊ လုံဆမ်းမြို့၊ လီခေါင်ရွာ သို့ ခေါ်ဆောင် လာခဲ့ပြီး ၄င်း ကျေးရွာနေသူ တရုတ်နိုင်ငံသား နှင့် အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မလှကြည် (ဘ) ဦးညဏ၊ ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူကို ကျောက်မဲ မြို့မရဲစခန်း က ၆၆/၂ဝ၁၄၊ လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (၄ဝ၄)

From: #PyiChitThar

www.mmdailystar.com

မြန်မာ့တပ်မတော်၏ တိုးတက်ပြောင်းလဲမှုများနှင့် 2014 - မျှော်လင့်ချက်များနှင့် 2015

၂၀၁၄ ခုနှစ်အတွင်း မြန်မာ့တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးအတွက် ပြင်ဆင်လေ့ကျင့်မှု၊ အင်အားဖြည့်ဆည်းမှု ခြေလှမ်းများသည် မြန်မာ့တပ်မတော်ကို စိတ်ပါဝင်စားစွာလေ့လာစောင့်ကြည့်နေကြ
သူများအဖို့အရေးပါသော တိုးတက်မှုခြေလှမ်းသစ်များကို အများအပြား မြင်ရသော နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။

ယခုနှစ်အတွင်း တရားဝင်ထုတ်ပြန်သော စစ်ရေးလေ့ကျင့်မှုများအဖြစ် မိတ္တီလာ၊ မုန်တိုင်ဒေသတွင် လေ့ကျင့်ခဲ့သော အောင်ဇေယျ ခြေလျင်၊ တင့်၊ အမြောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်း၊

မြန်မြာ့ပင်လယ်ပြင်တွင် ပြုလုပ်လေ့ကျင့်ခဲ့သော Sea Shield 2014 ရေပြင်တိုက်စစ် လေ့ကျင့်ခန်းတို့သည် ကြီးမားသလောက် လေ့လာသူတို့ အံ့အားသင့်ဖွယ် အသွင်သဏ္ဍာန်တို့ဖြင့် ပြည်သူများ၏ရှေ့မှောက်သို့

တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စစ်ရေးလေ့ကျင့်နေမှုများအဖြစ် ပေါ်ထွက်ခဲ့ကြပါသည်။



ပူးပေါင်းစစ်ဆင်ရေးဝင် ခြေလျင်တပ်အင်အား



နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းထွက်မည့် တပ်ရင်းတစ်ရင်း တပ်ထွက်တန်းစီနေစဉ်



ကြီးမားစနစ်ကျသော တပ်မအဆင့်ခြေလျင်တပ်များနှင့် တင့်-သံချပ်ကာတပ်များ၊ လေတပ်စခန်းဌာနချုပ် (၆)ခု၊တပ်ရင်းအဆင့် အမြောက်၊ လေကာ၊ လက်ရုံးတပ်များ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများပြု
လုပ်နိုင်ပုံ၊စွမ်းရည်ထက်မြက်မြင့်မားသော မိမိနိုင်ငံထုတ် စစ်ဝတ်ပစ္စည်း လက်နက်ကိရိယာများ သုံးစွဲ၍ ကမ္ဘာ့အဆင့်မီ လေ့ကျင့်နိုင်မှုများသည် လေ့လာသူများမျှော်လင့်ထားသည်ထက် ကြီးမားကျယ်ပြန့်သည့်
အပြင်လေ့ကျင့်ခန်းကြီးတစ်ရပ်လုံး၏ စည်းစနစ်ကျနမှု-ထိရောက်မှုတို့ကိုလည်း မျက်ဝါးထင်ထင်
တွေ့မြင်ခဲ့ကြရပါသည်။



နည်းပညာသုံး တိုက်ပွဲပစ်ကူပေးမှုများအား တွေ့ရစဉ်



(၇၂) နာရီတည်းဟူသော အချိန်ကာလအတွင်း ပြည်ပကျူးကျော်သူ ရန်သူစခန်းဌာနချုပ်(၄)ခုကို အပြီးတိုင်ခြေမှုန်းသိမ်းပိုက်နိုင်ရန်ရည်ရွယ်လေ့ကျင့်သော လေ့ကျင့်မှုများသည် မြန်မာနိုင်ငံအတွက် အမျိုးမျိုးသော အကြောင်းတရားတို့မှသည် ဦးတည်ရန်သူအဖြစ် ပေါ်ထွက်လာနိုင်သော ပတ်ဝန်းကျင်နိုင်ငံ
များအတွက် တပ်လှန့်သတိပေးသံကဲ့သို့ ဖြစ်မည်မှာမငြင်းနိုင်လောက်အောင် သေချာသော အချက်ဖြစ်ပါသည်။



တပ်မအဆင့် (တစ်ဖက်တပ်ပါ) တိုက်စစ်လေ့ကျင့်ခန်း ပြုလုပ်နေစဉ်



အဆိုပါ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများအပြင် တပ်မအလိုက် ချီစစ်၊ တိုက်စစ်စွမ်းရည်များကို စနစ်တကျ ထက်မြက်မြင့်မားစေရန်လည်း တပ်မအဆင့် (တစ်ဖက်တပ်ပါ) တိုက်စစ်လေ့ကျင့်ခန်း
ပြုလုပ်လေ့ကျင့်နေမှုများကိုမြ၀တီ မီဒီယာများမှ ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်သော ပုံများအရ လေ့ကျင့်နေသော တပ်မမှာ ပြန်လည်စုဖွဲ့လေ့ကျင့်လျှက်ရှိသော တပ်မြန်တပ်မ(၃၃)ဖြစ်ပြီး အခြားတပ်မများသည်လည်း

တပ်မအလိုက်လေ့ကျင့်မှုများကို အခါအားလျော်စွာ လေ့ကျင့်လျှက် ရှိမည်ဟု ယုံကြည်ရသည်။ အဆိုပါလေ့ကျင့်နေမှုပုံရိပ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အမှန်တစ်ကယ် ကြိုးစားလေ့ကျင့်နေကြသောမြန်မာ့တပ်မတော်၏ -တိုက်ပွဲဝင် အမြဲအဆင်သင့် - - - ဆိုသည့် စကားရပ်ကို ပိုမိုလေးနက်စေလျှက် ရှိသည်သာမက . . .ယခုနှစ်များမှ စတင်၍ ဒေသတွင်းနိုင်ငံများ၏ လေးစား
ခန့်ညားမှုကို ခံယူနိုင်ရန် လုံလောက်ခိုင်မာသော အချက်များအဖြစ် ရှုမြင်နိုင်ပါသည်။


ပူးပေါင်းစစ်ဆင်ရေးအပြီး Sea Shield 2014 ပင်လယ်ပြင်လေ့ကျင့်မှုကို ထပ်မံလေ့ကျင့်မှုသည်
ဒေသတွင်း နိုင်ငံတစ်ခု၏ မြန်မာ့ရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်သော Sea Defense & Power Building Activity တစ်ခုအဖြစ် မရှေးမနှောင်းပင်ပေါ်ထွက်ခဲ့ပါသည်။



Sea Shield 2014



၎င်းလေ့ကျင့်မှုကို လေ့လာကြည့်လျှင် မြန်မာ့တပ်မတော်ရေ သမိုင်းတစ်လျှောက် အဆင့်အမြင့်ဆုံး နည်းပညာများသုံးစွဲလေ့ကျင့်ခဲ့မှုတစ်ခုအဖြစ် သိရှိရမည်ဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် ကမ်းခြေခံစစ်မှသည်

ပင်လယ်ပြင်တိုက်စစ်သို့ ဦးတည်ဖွင့်လှစ်နိုင်သော စွမ်းရည်တစ်ရပ်၏ လိုက်ကာအဖွင့် အဖြစ်ယူဆနိုင်ဖွယ်ရာ အများအပြားကို ၎င်းလေ့ကျင့်မှုတွင် မြင်တွေ့ခဲ့ရသည်။ သင်္ဘောပစ်ဒုံးပျံများဖြင့် ရေပြင်ပစ်မှတ်သင်္ဘောတစ်စီးအား

အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်မှု၊ လေကြောင်း ကင်းထောက် ပျံသန်းမှုများ ပါဝင်နိုင်ဖွယ်ရှိမှု၊
ရေငုတ်သင်္ဘောစစ်ဆင်ရေးများ ပါဝင်မှု၊ လေကာဒုံးများ ပစ်ခတ်လေ့ကျင့်မှုစသည်ဖြင့် ယခင်က မတွေ့မြင်ခဲ့ရသောစွမ်းရည်မြင့်ရေတပ်တစ်ခုသို့ ဦးတည်နေမှုများကို တွေ့မြင်ခဲ့ကြရပါသည်။



ဒုံးပျံတင် ကိုယ်ပျောက်နည်းပညာသုံး အမြန်တိုက်ရေယာဉ် 491မိုးကုတ်စက်ဝိုင်းလွန် ပစ်မှတ်ဆီသို့ ရေယာဉ်ပစ်ဒုံးပျံ ပစ်ခတ်နေစဉ်



စစ်ရေယာဉ်မျိုးစုံ အစီးနှစ်ဆယ် ပါဝင်လေ့ကျင့်ခဲ့သော အဆိုပါလေ့ကျင့်ခန်းသည် အဖိုးမဖြတ်နိုင်သော ရလာဒ်များကို ပေးစွမ်းနိုင်မည်သာ ဖြစ်ပြီးဒေသတွင်းနိုင်ငံများအား စစ်ရေးအရှိန်အ၀ါ သက်ရောက်မှု အတိုင်းအတာတစ်ခုအထိ သက်ရောက်စေမည်မှာ သေချာလျှက်ရှိပါသည်။



ရှိရင်းစွဲ စစ်ရေယာဉ်များအပြင် အားသစ်များဖြစ်သော 108 မီတာ( ပေ ၃၅၀ ကျော်) Stealth Frigate များဖြစ်ကြသည့်F-12 (ကျန်စစ်သား)၊ F-14(ဆင်ဖြူရှင်) တို့ကို ယခုလများအတွင်း အစဉ်လိုက် တွေ့မြင်ခဲ့ကြရသည်လည်း တပ်မတော်ရေ၏ တိုးတက်မှု အရှိန်အဟုန်ကို ကောင်းစွာ
ထင်ဟပ်စေလျှက်ရှိသည်ဟု ဆိုချင်ပါသည်။

အဆိုပါစစ်ရေယာဉ်များအနက် ၂၀၁၂ ခုနှစ် စက်တင်ဘာလကတည်းက ရေချထားပြီးဖြစ်သော F-12 (ကျန်စစ်သား) လက်နက်စနစ်များတပ်ဆင်စမ်းသပ်မှုများ အပြီးသပ်၍ ယခုနှစ် ဒီဇင်ဘာလအတွင်းကျရောက်သောတပ်မတော်(ရေ) နှစ်ပါတ်လည်နေ့တွင် တပ်တော်ဝင်နိုင်ရန် နီးစပ်လျှက်ရှိသည်ဟုလည်း ကြားသိနေရပါသည်။ ၎င်းစစ်ရေယာဉ်သည် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ်တင်ဆောင်နိုင်မည့် အနေအထားဖြစ်ရာ မြန်မာ့တပ်မတော်(ရေ)၏ Naval Aviation အတွက် အဖိုးတန်သော
ရှေ့ထွက်ခြေလှမ်းဦးဖြစ်သလို 3D အနက်မှ Above Surface စွမ်းရည်အတွက်လည်း အခွင့်အရေး
ကောင်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။





Stealth Frigate F-12 (ကျန်စစ်သား)



ရယာဉ်တည်ဆောက်ခြင်းအတွေ့အကြုံများ ရင့်သန်လာခြင်းများနှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာများကြောင့် ပြည်တွင်းထုတ်စစ်ရေယာဉ်များသည် တစ်စီးမှတစ်စီးသို့ ဒီဇိုင်းပုံစံ /လက်နက်စနစ်များ/ အာရုံခံစနစ်များ/စက်ပိုင်းဆိုင်ရာစနစ်များ/ ရေယာဉ်ဆိုင်ရာစနစ်များ သိသိသာသာ တိုးတက်အဆင့်မြင့်လာကြောင်းကို (မြန်မာ့တပ်မတော်(ရေ) မြတ်နိုးသူများ တည်ထောင်ထားသည့် Myanmar Navy ပေ့ခ်ျမှ ၀ါရင့်လေ့လာသူများက သုံးသပ်ကြပါသည်။

အဆိုပါ ဖော်ပြသုံးသပ်ချက်များသည် မြန်မာ့တပ်မတော်အကြောင်းကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြ
သူများအဖို့ ၀မ်းမြောက်ဖွယ်ရာ အပျော်များကို ဆောင်ကျဉ်းပေးခဲ့နိုင်သည်ဟု ဆိုရပါမည်။

အဆိုပါ သတင်းကောင်းများအပြင် နိုဝင်ဘာလ(၈)ရက်နေ့တွင် အောင်မြင်စွာရေချနိုင်ခဲ့သော 77မီတာ Stealth Light Frigate 771 (တစ်ပင်ရွှေထီး) ကို မြန်မာပြည်သူများသို့ တပ်မတော်မှ ပွင့်လင်းမြင်သာမှုရှိစွာ ထပ်မံထုတ်ဖော်ပြသခဲ့ပြန်ရာယခုအခါ တပ်မတော်(ရေ)တွင် ပြည်တွင်းထုတ် Frigate / Light Frigate စစ်ရေယာဉ်(၆)စီးအထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။



စစ်ရေယာဉ် ကျန်စစ်သား



ယခုစစ်ရေယာဉ်-773 အပါအဝင် တည်ဆောက်၊ တပ်ဆင်၊ စမ်းသပ်ဆဲ Frigate / Light Frigate (၃)စီး ရှိကာမကြာသောအချိန်ကာလများတွင် တပ်တော်ဝင်လာနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာ့ပင်လယ်ပြင် နှင့် ဒေသအဝန်းအဝိုင်းနေရာအနှံ့အပြားတွင် မြန်မာနိုင်ငံတော်အလံ နှင့် တပ်မတော်(ရေ)အလံ လွှင့်ထူထားသော မြန်မာတို့ကိုယ်တိုင်တည်ဆောက်သည့်မြန်မာ့ Frigate စစ်ရေယာဉ်များကို ယခုထက်ပိုမို တွေ့မြင်ရနိုင်ကြောင်းကို သုံးသပ်ဖေါ်ပြကြသည်ကို လေ့လာရပါသည်။


77မီတာ Stealth Light Frigate 773(တစ်ပင်ရွှေထီး)တည်ဆောက်ပုံ နည်းပညာ မြင့်မားလာသော စစ်ရေယာဉ် 773ရေချအပြီး တွေ့ရစဉ်



လက်ရှိကာလတွင် တပ်မတော်သည် နိုင်ငံတကာ တပ်မတော်များနှင့်တန်းတူ တပ်မတော်၏ မူရင်းတာဝန်ဖြစ်သော နိုင်ငံတော် အချုပ်အခြာတည်မြဲရေးနှင့် နိုင်ငံ၏ မြေထု၊ ရေထု၊ လေထု တို့ကို ကာကွယ်နိုင်ရေးအတွက် ခေါင်းဆောင်ပိုင်းမှသည် အောက်ခြေစစ်သည်တိုင်းအထိရှေးရှု ဖွဲ့စည်းလေ့ကျင့်လျှက် ရှိခြင်းကို ယနေ့ ( နိုဝင်ဘာ ၁၀ ရက်နေ့) တွင် ထပ်မံပြုလုပ်သော တပ်မတော် ဗဟိုအဆင့် စစ်ရေးစွမ်းရည် အထောက်အကူပြု ပြိုင်ပွဲတွင် Professional Skill များ တိုးတက်လာစေရေးအတွက် ခြေလျင်ခြေမြန် တပ်ရင်းများအတွက် ပြိုင်ပွဲအမျိုးအစား (၂၄)မျိုး၊ ခြေမြန်တပ်မ
အဆင့် ပြိုင်ပွဲ အမျိုးအစား(၄)မျိုး၊ လက်ရုံးတပ်ဖွဲ့များ အတွက် ပြိုင်ပွဲအမျိုးအစား(၆)မျိုးတို့ကို
ဆန်းစစ် ယှဉ်ပြိုင်စေခဲ့သည်ကလည်း တပ်မတော်တစ်ရပ်လုံးအတွက် မရှိမဖြစ်သည့် ပြိုင်ပွဲစဉ်တစ်ရပ်ကို အသက်သွင်း စတင်ခြင်းဟု ယူဆပါသည်။ ၎င်းပြိုင်ပွဲတွင် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့၏ စစ်မြေပြင် တံတားထိုးစွမ်းရည်များ၊မြို့တွင်း အထူးမိုင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့စည်းလေ့ကျင့်မှုများ၊ ဆက်သွယ်ရေးတပ်ဖွဲ့၏ Mobile Communication ယာဉ်များ၊ ခြေမြန်တပ်မအဆင့် စိန်ပြောင်းကြီးနှင့် အမြောက်စွမ်းရည်ပြသခြင်းများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ စစ်မြေပြင် စွမ်းရည်ပြသခြင်းများ နှင့်အကြမ်း
ဖက်နှိမ်နင်းရေးတပ်ဖွဲ့များနှင့် ယခင်က ထုတ်ပြန်ဖော်ပြဖူးခြင်း မရှိခဲ့သည့် လက်ဖြောင့်စစ်သည်များ၏ တိုက်ပွဲဝင်ပုံစသည်ဖြင့် ထောင့်စုံစွာ လေ့ကျင့်စွမ်းရည်ပြကြသည်ကို ၀မ်းမြောက်ဖွယ် တွေ့မြင်ရပြန်ပါသည်။

(အဆိုပါ လေ့ကျင့်ခန်းမှ မှတ်တမ်းပုံများကို သီးသန့် တင်ပေးပါမည်)



ယခုပွဲတွင် မိန့်ကြားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမှာစကားများအရ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးအတွက် သင့်တင့်သော အချိန်ကာလတစ်ခုအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်
တော့မှာ ဖြစ်သည့်အတွက် . . .

တပ်မတော်အနေဖြင့် နိုင်ငံတကာအဆင့်မီ တပ်မတော်များကဲ့သို့ သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်စွမ်းရှိအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်လျှက်ရှိကြောင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များ၊လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတပ်ဖွဲ့များ၊သဘာဝဘေးအန္တရာယ်ကယ်ဆယ်
ရေးစသည့် ထောင့်ပေါင်းစုံအတွက် ဘက်စုံ ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီဟု ယုံကြည်ရပါသည်။



အဆိုပါ ပြိုင်ပွဲနှင့် လေ့ကျင့်ခန်းများမှသည် တပ်မတော်တစ်ရပ်အတွက် အမာခ-ံအားသာချက်များဖြစ်သော စစ်စည်းကမ်း၊ တိုက်စွမ်းရည်၊ နည်းပညာဖွံ့ ဖြိုးမှုနှင့် နိုင်ငံသားတို့၏ ယုံကြည်လေးစား
မှုတို့ ဖြစ်တည်လာနိုင်သည် ဖြစ်ရာ. . .

ယခုကဲ့သို့ လေ့ကျင့်ခန်းများ ပြိုင်ပွဲအခြေပြု တပ်တည်ဆောက်မှုများကိုစဉ်ဆက်မပြတ် လုပ်ဆောင် နေလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

လာမည့် ၂၀၁၅ နှစ်ဦးပိုင်းတွင်လည်း တပ်မတော်အနေဖြင့် နိုင်ငံသားပြည်သူအပေါင်း၏ ယုံကြည်ကိုးစားဖွယ်ရာ ဒေသတွင်း ပါတ်ဝန်းကျင်နှင့် နယ်နိမိတ်ထိစပ်နေသော နိုင်ငံများ၏ လေးစားခံ့ညား
လောက်စရာ တပ်မတော်တစ်ရပ်ဖြစ်တည်ရေးအတွက်

ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးများကိုလည်းစဉ်ဆက်မပြတ် ပြုလုပ်လေ့ကျင့်နိုင်
လိမ့်မည်ဟုမျှော်လင့် ယုံကြည်မိပါသည်။







လေးစားစွာဖြင့်

( Admin )

Myanmar Defence Weapons



ကိုးကား -

- Myanmar Navy ပေ့ခ်ျမှ စစ်ရေးလေ့လာသူ မောင်ဝါဆို၏ ဆောင်းပါများ၊

- မြ၀တီ သတင်းဌာနမှ သတင်းထုတ်ပြန်ချက်များ

- အခြားသော Online Media များ

- မူရင်း ဓါတ်ပုံရှင်များအားလုံး


From:OE

www.mmdailystar.com

သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် ဘာတွေဆွေးနွေးကြမလဲ?



သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲက ဆွေးနွေးမှုတစ်ခုထက် ညှိနှိုင်းမှုတစ်ခုကို ဦးတည်နိုင်ပါတယ်။ အများအမြင်မှာတော့ မစ္စတာ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ ဦးသိန်းစိန်အပေါ်မှာ ဖိအားပေးလိုနေကြတယ်။ ဖိအားပေးကြလိမ့်မယ်လို့ ဖြစ်ပါတယ်။ မှန်ပါတယ်။ မစ္စတာ အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရည်ရွယ်ချက် တူညီကြပါတယ်။ သို့ပေမယ့် common grounds လို့ ခေါ်တဲ့ အခြေခံအကြောင်းအချက်တွေကတော့ မတူညီကြပါဘူး။ဒေါ်အောင်ဆန်း
စုကြည်အနေနှင့် လက်ရှိအာဏာရ ဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ရာအတွက် အကြောင်းအရာ ၃ ခု နှင့် ဦးတည်နေပါတယ်။

၁။ လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် နောက်ကြောင်းပြန်လှည့်နေသည်ဟု စွပ်စွဲခြင်း၊ ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန် ကြိုးစားခြင်း။

၂။ လက်ရှိအစိုးရသည် စစ်အာဏာရှင်အစိုးရသာ ဖြစ်ဆဲ၊ တစ်နည်း စစ်တပ်ကသာ အာဏာရယူထားဆဲဖြစ်သည်ဟု စွပ်စွဲကာ လက်ရှိအစိုးရနှင့် စစ်တပ်တို့သည် စစ်အစိုးရခေတ်က အမူအကျင့်များ ရှိနေဆဲ၊ ပြုနေဆဲဟု စွပ်စွဲခြင်း၊ ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန်ကြိုးစားခြင်း။

၃။ မြန်မာပြည်သူများက လက်ရှိအစိုးရနှင့် ဦးသိန်းစိန်အား အော့နှလုံးနာနေကြသည်၊ ၈၈ ကကဲ့သို့ အုံကြွရန် တာစူနေသည်ဟု နိုင်ငံတကာမှ ယုံကြည်လာအောင် ပုံဖော်ခြင်း၊ သက်သေပြနိုင်ရန် ကြိုးစားခြင်း။...တို့ ဖြစ်ပါတယ်။

လတ်တလောမှာ ပါကြီးအမှုအပါအဝင် အထက်ပါအချက် ၃ ချက်နှင့် အကျုံးဝင်တဲ့ လှုပ်ရှားမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ထိုလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်သည် သမ္မတ ဦးသိန်းစိန်အစိုးရကို ထိခိုက်ရုံသက်သက်ထက် အစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချနိုင်သည် ဖြစ်လာရန်အထိ ကြံစည်ထားတယ်လို့ ယူဆရပါတယ်။ ဦးသိန်းစိန် အစိုးရအနေနှင့် အတိုက်အခံ၏ တိုက်ခိုက်မှုများက အနည်းနှင့်အများဆိုသလို ထိခိုက်သည် မှန်သော်လည်း လှုပ်ခါသွားသည်အထိတော့ မဖြစ်ပါဘူး။ အတိုက်အခံမှလည်း ထိုအချက်ကို သဘောပေါက်ထားပါတယ်။ လက်ရှိအစိုးရ လှုပ်ခါသွားရသည်
အထိဆိုလျှင် အမေရိကန်ရဲ့ ဖိအားလိုပါတယ်။ မစ္စတာ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
တွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်မှ ထိုအချက်များကို အခြေခံပြီး ဝါရှင်တန်မှ မြန်မာအစိုးရကို ဖိအားပေးဖို့တောင်းဆိုမယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာ ပေါ်ပေါက်လာတဲ့မေးခွန်းက မစ္စတာ အိုဘားမားအနေနှင့် တောင်းဆိုချက်ကို လက်ခံပြီး မြန်မာအစိုးရကို ဖိအားပေးမှာလား? မစ္စတာ အိုဘားမားအနေနှင့်ကတော့ အမေရိကန် သမ္မတ တစ်ယောက်အနေနှင့်ရော၊ ဝါရှင်တန်အစိုးရကိုယ်စားပါ မြန်မာအစိုးရကို ဖိအားပေးဖို့ ရှိပါတယ်။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့အချက်တွေနှင့်တော့ မဟုတ်ပါဘူး။ အိုဘားမားအနေနှင့်
မြန်မာအစိုးရကို ဖိအားပေးရာမှာ ဝါရှင်တန်ရဲ့သဘောထားကို အခြေခံယူရမှာ ဖြစ်ပါတယ်။ ဝါရှင်တန်သည် ပုဂ္ဂိုလ်ရေးအမြင်အားဖြင့် ဦးသိန်းစိန်အပေါ် ယုံကြည်မှု ရှိနေပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ စကားများသည် တစ်ဖက်သတ်ဆန်လွန်းသည် ဝါ မျှတမှုမရှိဟုလည်း မြင်နေပါတယ်။ ယခင်က ဝါရှင်တန်သည် မြန်မာအစိုးရ၏ နောက်ကြောင်းပြန်လှည့်မှု (baksliding) ကို စိုးရိမ်ကြောင်း တဖွဖွ ပြောခဲ့ပေမယ့် နောက်ပိုင်း ဝါရှင်တန်အစိုးရအာဘော်တွေမှာ မြန်မာအစိုးရ၏ ဒီမိုကရေစီလမ်းစဉ်မှာ နှောင့်နှေးသည်ဟုသာ ပြောင်းလဲသုံးနှုန်းခဲ့ပြီး နောက်ကြောင်းပြန်လှည့်မှုဆိုသော စကားလုံးကို လုံးဝမသုံးစွဲတော့တာ တွေ့ရပါတယ်။ ထို့အတူ မြန်မာ့အတိုက်အခံအင်အားစုများ ဆိုနေကြတဲ့ မြန်မာအစိုးရ နောက်ကြောင်းပြန်လှည့်နေသည်ဆိုခြင်းကိုလည်း လက်ခံပုံမပေါ်ကြောင်း ထင်ရှားပါတယ်။ မူဝါဒအားဖြင့် ဝါရှင်တန်သည် မြန်မာအစိုးရရော၊ အတိုက်အခံကိုပါ ထောက်ခံသော မူဝါဒဖြစ်ပါတယ်။ ဝါရှင်တန်အနေဖြင့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ပုဂ္ဂိုလ်ရေးအရ ထောက်ခံမှု ရှိနေပါတယ်။ ဦးသိန်းစိန်အနေဖြင့် အမှားအယွင်းများ၊ နှေးကွေးမှုများ ရှိနိုင်သော်လည်း ထိုအချက်များကို လျစ်လျူရှု၍ ထိန်းကျောင်းပေးရမည်ဟူသော မူဝါဒကို ဝါရှင်တန်မှ ကိုင်စွဲထားပါတယ်။ အကယ်၍ မြန်မာအစိုးရ၏ လက်ရှိအခြေအနေအား ဖိအားပေးခဲ့ပါလျှင်
ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိသွားနိုင်သည်၊ တရုတ်အစိုးရထိန်းချုပ်ခံအဖြစ် လုံးလုံးရောက်ရှိ
သွားနိုင်သည်ဆိုသော အမြင်လည်း ရှိနေပါတယ်။ သို့ဖြစ်၍ ဝါရှင်တန်အနေဖြင့် မြန်မာအစိုးရ နှင့် အတိုက်အခံတို့အပေါ် လှေနံနှစ်ဖက်နင်းသော မူဝါဒစွဲကိုင်ထားသည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ တစ်ဘက်သတ်တောင်းဆိုမှုများကို မလိုက်လျောဟု ယူဆနိုင်ပါတယ်။

အိုဘားမားကရော ဘာတွေဆွေးနွေးမလဲ? အိုဘားမားမှ အဓိက ဆွေးနွေးမည်မှာ ရိုဟင်ဂျာ(ဘင်္ဂါလီ)
များအား နိုင်ငံသားပေးရေး ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘင်္ဂါလီကိစ္စသည် မြန်မာနိုင်ငံကို ဖိအားပေးရာမှာ တရုတ်နှင့် သက်ဆိုင်မှုမရှိသည့်အတွက် အိုဘားမားက စိတ်ဝင်စားမှုရှိပါတယ်။ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်သည် ရီပါ့ပလေကန်ကို အရှုံးပေးလိုက်ရပါတယ်။ ထို့အတူ အိုဘားမားသည်လည်း မက်ကိန်းရဲ့ သြဇာကြီးထွားလာမှုကို လက်ခံလိုက်ရပါတယ်။ ထို့အတွက် အိုဘားမားအနေနှင့် ဒီမိုကရက်ကို ပြန်ကယ်တင်ဖို့ နှင့် မိမိဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ဖို့ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စ နှင့်ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးလိုနေပါတယ်။ ရိုဟင်ဂျာ(ဘင်္ဂါလီ)အရေးသည် အမေရိကန် လွှတ်တော်နှစ်ရပ်မှာတော့ အီဘိုလာ၊ ဆီးရီးယားအရေးနှင့် ယူကရိန်းအရေးတို့ပြီးလျှင် နောက်ကကပ်လိုက်နေတဲ့ လူပြိန်းကြိုက် ခေါင်းစဉ်တစ်ခုပါ။ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စကိုသာ သမ္မတအိုဘားမားက မြန်မာအစိုးရအပေါ် အောင်အောင်မြင်မြင် ဖိအားပေးနိုင်ခဲ့လျှင် ကုလသမဂ္ဂနှင့် အမြင်ကွာဟမှုအချို့လည်း ပြေလည်သွားပါမယ်၊ ဆော်ဒီအပါ
အဝင် ရေနံသူဌေးတွေဆီက ထောက်ခံမှုရမယ်၊ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုမှာ ဒီမိုကရက်တွေက ရီပါ့ပလေကန်တွေကို ချေဖျက်နိုင်ရုံမက ကျော်တောင်သွားပါဦးမယ်။ မစ္စတာအိုဘားမားသည်လည်း သူရဲကောင်းတစ်ဦးသဖွယ် ဂုဏ်ပြုခံရပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စကို ဝါရှင်တန်အစိုးရကရော မစ္စတာအိုဘားမားကပါ မြန်မာအစိုးရကို မရမနေ ဖိအားပေးလိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့်ကတော့ ရိုဟင်ဂျာ(ဘင်္ဂါလီ)ကိစ္စနှင့် ဖိအားပေးမယ်ဆိုလျှင်လည်း
ကောင်းတာပဲလို့ ယူဆပါလိမ့်မယ်။ သို့သော်လည်း တစ်ဖက်မှာလည်း မူဆလင်ဘက်မှ ပေါ်ပေါ်ထင်ထင်
ရပ်တည်လျှင် မြန်မာပြည်သူများက မိမိအပေါ်ငြိုငြင်သွားမှာကိုလည်း တွေးပူပါတယ်။ ရိုဟင်ဂျာ
(ဘင်္ဂါလီ)ကိစ္စ နှင့်ဖိအားပေးလျှင်တောင်မှမိမိဖိအားပေးစေချင်သည်များနှင့် ရောနှောဖိအားပေးစေချင်တာပါ။

မစ္စတာ အိုဘားမားအနေနှင့်ကတော့လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည်များကို လိုက်လျောရလျှင် ဝါရှင်တန်ရဲ့ မူဝါဒကို ထိခိုက်ပါလိမ့်မယ်။ ဒါ့ကြောင့် နှစ်ဦးသား ဒီကိစ္စအပေါ်မှာ ပန်းတိုင်တူ လမ်းကြောင်းကွဲဖြစ်ပြီး ညိနှိုင်းရမယ့် အကြောင်းအရာဖြစ်လာပါမယ်။

အဆုံးသတ်ဆိုရလျှင် သမ္မတ အိုးဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲသည် မည်သို့မည်ပုံ ဦးသိန်းစိန်အစိုးရအား ဖိအားပေးမည်ဟူ၍ ဖြစ်နိုင်ပေမယ့် နှစ်ယောက်သား common grounds ကွာခြားချက်ကြောင့် ဖိအားပေးမှုပုံစံအား ဆွေးနွေးပွဲ၌ပင် အမြင်မတူသည်များ များစွာရှိလာပြီး များစွာ ညှိနှိုင်းကြရပါလိမ့်မယ်။ နှစ်ဖက်အလျှော့အတင်းရှိပြီး အဆင်ပြေသွားသည်လည်း ဖြစ်နိုင်သလို လုံးဝညှိမရတာလည်း ဖြစ်နိုင်ပါတယ်။ မည်သို့သော အဖြေတစ်ခုထွက်လာမည်ကိုတော့
စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

From: Myo Min Thant

www.mmdailystar.com

ကျွန်ုပ်နှင့် ဖေ့ဘုတ်လောကသားတစ်ဦး၏ like မှတ်တိုင် ဖြောင့်ချက်


တနေ့သ၌ ကျွန်ုပ်သည် မုံရွာမြို့ လမ်းဘေးရှိ . . .ကာဖီ ဆိုင်လေးတစ်ခုတွင်ထိုင်၍လွန်စွာမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော . .ဖေ့ဘုတ်စတေးတပ်များအား . အလုပ်မရှိအလုပ်ရှာ ဖတ်ရှုနေချိန်ဖြစ်သည်။ထိုအချိန်ဝယ် ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားသော လူတစ်ယောက်
ဆိုင်ထဲသို့ဝင်လာပီး ကျွန်ုပ်ဘေးနားတွင် လာထိုင်သည်။ပြီးတော့ ကျွန်ုပ်အား သူ့နာမည်ကို
ပြောပြမိတ်ဆက်လေသည်။ကျွန်ုပ်သည် ၄င်းနာမည်ကို ကြားသော်ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။


ထိုလူသည် တစ်ခေတ်တခါက မြန်မာဖေ့ဘုတ်လောကကြီးကို ကိုင်လှုပ်ခဲ့သူဖြစ်သည်။
ယခုမူကား . .အတန်ငယ် ညှိုးနွမ်းသော အနေထားဖြစ်နေသဖြင့် . . . မေးမြန်းစုံစမ်းကြည့်မိရာ . .
၎င်းက . သူ့အဖြစ်သည်. ..FB လောကသားတို့အတွက် နမူနာယူစရာဖြစ်နိုင်၍ အကျိုးများနိုင် သောကြောင့်
ကျွန်ုပ်ကို ပြောပြပါမည် . . သူက ဖေ့ဘုတ်ကို စွန့်လွှတ်ခဲ့ရပီဖြစ်၍ ကျွန်ုပ်ကပင်တာဝန်ယူကာ
.ဖေ့ဘုတ်ပေါ်သို့တင်ပေးပါ . . ဟုဆိုလာသဖြင့် . .ကျွန်ုပ်သည် အမည်နေရပ်တို့ကို လွှဲကာ . .
ထိုသူပြောသည့် ဇာတ်လမ်းအား ဖေ့ဘုတ်ပေါ်သို့ တင်ပေးလိုက်ရပါတော့ပါသတည်း။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အစွန်ဖျားမျှသာရှိသော်လည်း
-------------------------------
တရံရောအခါ . .ဖေ့ဘုတ်ခေတ်ဦးကာလတစ်ခုတွင်ဖြစ်သည်။ . . .
ကျွန်ုပ်၏ ပို့စ်တစ်ခုသည် like ရာကျော် ရခဲ့သည်။
သို့သော် . .ငါ့ပို့စ်ကို like လုပ်တဲ့ လူပေါင်း ရာကျော် . .ရှိတယ်ကွ . . .ဟု ထ ကြွေးကြော်လျှင် . .
ယခုခေတ် ဖေ့ဘုတ်လောကသားအပေါင်းတို့ ဟားတိုက်ကြပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်. . . ဤအရေအတွက်သည် . .
ကောင်မလေးတစ်ယောက်၏ . .
"တရေးနိုးရှူးပေါက်ထရင်း .တင်လိုက်တာနော်"
" . .အားလုံးဂွတ်ညပါ . ငိငိ .. အာ့လာကျောထ"
"မင်ဂါပါနော် . ခ်ခ်"
စသဖြင့် တင်သော စတေးတပ်တို့ရှိ .like အရေအတွက်၏ အစွန်ဖျားမျှသာ ရှိသောကြောင့်တည်း။

ဂုဏ်ယူမဆုံး
-------------
သို့သော် အကျွန်ုပ်ကား ဂုဏ်ယူမဆုံး ဖြစ်မိခဲ့ပါသည်။
ယခင်က . .ကျွန်ုပ်၏ နေ့မအား ညမအား . . .
မီးဟုန်းဟုန်းတောက်မျှ ရေးတင်ခဲ့သော စတေးတပ်တို့အား လိုက်ခ်မည့်သူ
တစ်ဦးတစ်ယောက်မျှ မရှိခဲ့သောကြောင့်ပင်။

like ရဖို့ကြိုးစားခဲ့ခြင်း သမိုင်းကြောင်း
---------------------------------------
ကျွန်ုပ်သည် ဖေ့ဘုတ်ပေါ်ရောက်ခါစတွင် . .စတေးတပ်ပေါင်းများစွာ . .
ဦးနှောက်အဆီကို ညှစ်ထုတ်ရေးသားခဲ့သော်လည်း အကောင့်ထဲရှိ မည်သူကမျှ
အရေးမလုပ်ကြပေ။ .
ထိုသကောင့်သားတို့ ကျွန်ုပ်၏ ပို့စ်ကို မမြင်သောကြောင့် ဖြစ်မည်ဟု ထင်၏။
မြင်ရဖတ်ရလျှင် ကျွန်ုပ်လက်ရာကို . .မကြိုက်ဖဲ မနေနိုင် . .မ like ဖဲ မနေနိုင်ဟု တွေးမိသည်။
ထို့ကြောင့် ကျွန်ုပ်သည်. . .ပို့စ်တစ်ခုတင်သောအခါဝယ်. fri list ထဲရှိသမျှ သူငယ်ချင်းတို့အား
Tag တွဲထည့်လိုက်သည်။

သို့ရာတွင် . .Like တော့ မရ။

"ငါ့ကို အခု Tag ပြန်ဖြုတ်ပေး . .ရှုပ်ထာကွာ"
"အေးလေ . .ဒီမှာ မမြင်ချင်လို့ . unfllow လုပ်ထားပါတယ်ဆိုမှ . .လာ Tag နေသေး "
"ဘလော့လိုက်တော့မယ်။"
"ကိုယ့်ဖာသာ ရူးတာ အသာရူး၊ သူများတွေလိုက် Tag ပီး ဒုက္ခမပေးနဲ့ . ."
စသော ချီးမွမ်းထောပနာ ကွန့်မန့် မှတ်ချက်များရောက်လာလေသည်။

အပြင်လောကတွင်ပါ .သိကျွမ်းသူအချို့မူ မက်ဆေ့မှ
"မင်းနဲ့တွေ့တဲ့အခါ ပြဿနာ မဖြစ်ချင်ဘူးနော"
"နောက်တစ်ခါ Tag တွဲရင် . .ငါ့အကြွေးတွေ အကုန်ပြန်ဆပ်"
စသဖြင့် နောက်တာလိုလို . .အတည်လိုလိုနှင့် ကြိမ်းမောင်းကြလေသည်။

သို့သော် ကျွန်ုပ်သည် အားမလျှော့ပါ . .။
ဤကဲ့သို့ တုံ့ပြန်ချက်များ ရခြင်းသည်ပင်လျှင် တိုးတက်မှု တစ်ခုအဖြစ် မှတ်ယူထားခဲ့ပါသည်။

နောက်တစ်နည်း ထပ်ကြံပါသည်။

ကျွန်ုပ်သည် မုံရွာမြို့လယ်
ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိရာသို့ . . .သွားပါသည်။
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကြီးအနားသို့ ရောက်ခါနီးသော် . . .
၎င်းကြေးရုပ်ကြီးအား ဓာတ်ပုံရိုက်ရန်
ကာဗာတို့ အနည်းငယ်ချောင်စပြုနေသော ကျွန်ုပ်၏ ဟွားဝေ တရုတ်ဖုန်းစုတ်လေးအား
ခါးကြားမှ ထုတ်ဖွင့်လိုက်သည်။

"ဖုန်းဘက်ထရီကုန်ခါနီးပီဖြစ်၍ စက္ကန့်သုံးဆယ်အတွင်းဖုန်းပိတ်ပါတော့မည်" ဆိုသာ စာတမ်းလေးပေါ်လာလေသည်။ညက မူးမူးနှင့် အိပ်ပျော်သွားသဖြင့် ဖုန်းအားသွင်းဖို့ မေ့သွားခြင်းဖြစ်သည်။ . . မတတ်နိုင် . . .
ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကြီးရှိရာသို့ အချိန်မှီ ပြေးသွားကာ ဒါ့ပုံကို အမြန်ရိုက်ထည့်လိုက်သည်။
ပီးတော့ ချက်ချင်း အပြေးလွှားပင် . . .၄င်းပုံအား ဖွဘုတ်ပေါ်တင်သည်။

"'ဒို့ဗိုလ်ချုပ် . .မြင်းကြီးစီးပီး .. . ကျက်သရေရှိလှတဲ့ ဒို့ဗိုလ်ချုပ်"
"'ဒို့ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကို ချစ်ကြသေးရင် . . . ဒီပုံလေးကို Like!!!"
အဲ့လိုလေးရော . .စာရေးထည့်လိုက်သေးသည်။ . .မပိုင်လား . . .။
ဗိုလ်ချုပ်ကို မချစ်သည့်သူ မည်သူမှ မရှိ။ . .
ဒီတော့ ကျွန်ုပ်သည်ကား like ပေါင်းများစွာ . . .တဟုန်ထိုးရရှိပေလိမ့်မည် မြေကြီးလက်ခတ်မလွဲတော့။
သို့သော် . .ဖုန်းကား ဘက်ထရီကုန်ပီ ဖြစ်၍ . . .တန်းပိတ်သွားရာ . .ကျွန်ုပ်မှာ စောင့်ကြည့်လို့မရတော့ပါ။

ထို့ကြောင့် အိမ်သို့ အမြန်ပြေး၍ ဘက်ထရီအားသွင်းရသည်။
ဘက်ထရီအား အတော်အတန်ပြည့်၍ ဖုန်းကိုဖွင့်သော် . . ကျွန်ုပ် ရင်ခုန်မိသေးတော့။

သို့ရာတွင် ဤတစ်ကြိမ်တွင်လဲ ကျွန်ုပ်သည် like တစ်ခုမှ ရမနေပြန်ပါ။
ကွန့်မန့်များ နိုတီ များကား များစွာတက်နေသည်။
MPT တန်ခိုးကြောင့် ကျွန်ုပ်တင်လိုက်သော ပုံကိုမူ ကျွန်ုပ် ပြန်မမြင်ရသေးပေ . .။
ကွန့်မန်တို့အား လိုက်ဖတ်ကြည့်သော် . . .

" ဒီကောင် ဘာကောင်လဲ ငါတို့ဗိုလ်ချုပ်ကို စော်ကားနေတာလား"
" ဒီ Like သူတောင်းစားနဲ့တော့ ခက်ရချေသေးတော့"
" ဟယ် နောက်စရာမဟုတ်တာ လာနောက်နေတယ် . .ဘယ်လိုလူလဲ"
"ရူးတာ တခြားဟာနဲ့ ရူးပါကွာ "
"ဗိုလ်ချုပ်ကြေးရုပ်ကို ခုတုံးမလုပ်ပါနဲ့"
"'ဒီကောင် အာဏာရှင်လက်ပါးစေဖြစ်မယ်။ သတိ report ထုဖို့အသင့်ပြင်ကြ"
. . . . . .. . .
. . . . . . . . . .
အချို့လူများက မက်စိဘောက်မှာ .. .
"မင့်သေချင်ပီလား . . ."
"ဟေ့ယောင် . . .မင်းကို အပြင်မှာတွေ့ရင် သေရအောင်သာပြင်"
"မင့်ပြန်တောင်းပန်ပါ . .နို့မဟုတ်ရင် တရားစွဲမယ်။"
စသဖြင့် မက်စိများ ပေးပို့ထားလေသည်။

ကျွန်ုပ် အနည်းငယ် မျက်လုံးပြူးသွားမိသည်။
ဗိုလ်ချုပ်ပုံတင်တာ ဤမျှ ဖြစ်စရာမရှိ ဘာ့ကြောင့်ပါလိမ့်။
ထိုအချိန်ဝယ် ကော်နရှင်ကလဲ အနဲငယ်ကောင်းလာသဖြင့် ..
ကျွန်ုပ်တင်သောပုံကို ပြင်မြင်ရလေပြီ။ . . .
ထိုအခါကျမှ အကြောင်းရင်း .ကို ကျွန်ုပ်သဘောပေါက်နားလည်ပါတော့သည်။

ကျွန်ုပ်သည် ဖုန်းဘက်ထရီ ကုန်လုလုတွင် .
ဗိုလ်ချုပ်ကြေးရုပ်ကြီး ဆီသို့အပြေးအလွားသွားရိုက်ရခြင်းဖြစ်ရာ . . .
ကင်မရာချိန်ရွယ်ချက်လွဲချော်သွားခြင်းဖြစ်သည်။ . . .
မြင်းစီးနေသော ဗိုလ်ချုပ်ကို မိမိရရ ရိုက်ရမည့်အစား . . . .
မြင်းရုပ်ကြိးဝယ် လက်ရာမြောက်စွာထွင်းထုထားသော . .
.မြင်း၏ ရှက်ရှက်ကြီးကို ရိုက်တင်မိရက်သားဖြစ်နေသောကြောင့်တည်း။

စိတ်ပျက်ပီ
----------
ကျွန်ုပ်သည်. . ဤမျှကြိုးစားပါလျှက် . .လွဲချော်နေသော မိမိ၏ ကံကြမ္မာကို . .
စိတ်ပျက်စပြုပီ ဖြစ်လေတော့သည်။
ထို့ကြောင့် ကအိမ်သို့မပြန်တော့ဘဲ . . .
သူငယ်ချင်းကဗျာဆရာ ဧက ၏ အိမ်ဘက်သို့ ခြေဦးလှည့်မိတော့သည်။
အိမ်သို့ရောက်သော် . . . ၄င်းက ရေချိုးနေစဉ်ဖြစ်သဖြင့် . .စားပွဲပေါ်ရှိ ၄င်းဖတ်လက်စ ပို့စ်မော်ဒန်လား LPလား မသဲကွဲသောခေတ်သစ်ကဗျာစာအုပ်ကြီးအား ဖတ်မိသည်။

အကျွန်ုပ်၏ ခေါင်းတို့သည် ချာချာလည်သွားတော့သည်။
၎င်းစာအုပ်ထဲတွင် ရေးထားသော စာများသည် မြန်မာစာများ ဖြစ်သော်လဲ ကျနော်တလုံးမှ နားမလည်ချေ။
ဤကဲ့သို့စာများ ရေးသားတတ်သော သူတို့အားလည်း အကျွန်ုပ် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်တော့သတည်။

ဤတွင် ကျွန်ုပ်သည် အကြံတစ်ခုပေါ်လာလေသည်။
ကျွန်ုပ်သည် ဖုန်းလေးကိုဖွင့်ကာ . . .
ကိုယ်နားမလည်သော ၄င်းစာပိုဒ်များမှ စာကြောင်းများကို
ဟိုတစ်ကြောင်းဒီတစ်ကြောင်းဖြင့် စုစပ်ကူးယူကာ . .
ဖွဘုတ်ပေါ်ရိုက်တင်လိုက်လေတော့သည်။

Like များ ရလာပြီ။
---------------------
ကျွန်ုပ်၏ လူနားမလည် ကဗျာပို့စ်အား . စတင် Like လုပ်သူမှာ . .
အထက်အညာအလုံတခွင်တွင် ကျော်ကြားလှသည့် အလွတ်ကျောင်းဆရာကြီး Ko Aw Aye ဖြစ်သည်။
သူ့ထံမှ Like ရပီး မကြာမီတွင်ပင် . . . ကျနော့်အား သူဖုန်းဆက်လေသည်။
ဖုန်းဖွင့်ကြည့်ရင်းနှင့် သူအပေါ့အပါးသွားရာ . . .ခြေချော်လဲသဖြင့် . .
ဟန်ချက်ပျက်သွားပြီး . .ကျနော့်ပို့စ်၏ like ခလုတ်အား .
နှိပ်မိသွားခြင်းဖြစ်ကြောင်း . . .
အတန်ကြာမှ . .ထိုအကြောင်းကို သိသဖြင့် . .ပြန်၍ Unlike လုပ်သော်လဲ . .
ကော်နရှင်ကျသွားသဖြင့် မရတော့ကြောင်း . .
ထိုသို့ဖြစ်သွားခြင်းကြောင့် . . .သူ၏ ဖုန်းကိုပင် ကိုင်ပေါက်မိကြောင်း . ယူကျုံးမရ ပြောရှာလေသည်။
ကျနော့်ကိုလဲ ၄င်းပို့အား ဖြုတ်ချပေးရန် တောင်းပန်ရှာလေသည်။
သို့သော် သူကား . .နောက်ကျသွားခဲ့လေပြီ။

ဆရာကြီးက Like သဖြင့် . .
ဆရာကြီးတပည့်ဖြစ်ဖူးသော ဆရာကြီးကို ယုံကြည်လေးစားသော . . .FB account များက like ကြလေသည်။

၎င်းတို့ထဲတွင် လုံမယ်ငယ် လှလှလေးများလဲ ပါသဖြင့် . .
၎င်းလုံမယ်လေးများအား ကြူနေသော . . . ဘူးမောင်ငတိတို့ကလဲ ၀ိုင်းဝန်း like ကြလေသည်။
လုံမယ်ငယ်တို့ နှင့် တသဘောတည်းရှိကြောင်း ပြချင်ဟန်တူသည်။

တဖန် ၄င်းတို့က like သဖြင့် ၄င်းတို့နှင့် အဆွေမျိုးများကလဲ ၀ိုင်းဝန်း like ကြပြန်လေသည်။

၎င်းတို့၏ အဆွေအမျိုးများက like ကြသောအခါ . .
၎င်း အဆွေအမျိုးများ၏ . . . စီးပွားရေး၊ လူမှုရေး . .ပတ်သက်သူများက ၀ိုင်းဝန်း like ကြလေသည်။ . .

မှတ်တိုင်ထူခဲ့ခြင်း
--------------------
ကျွန်ုပ်၏ လူနားမလည် ကဗျာ . .စတေးတပ်ကြီးမှာ . .
ကျွန်ုပ်ဘ၀၀ယ် ပထမဆုံး Like ရာကျော်မှတ်တိုင်ထူနိုင်သည့် စတေးတပ်ကြီး တစ်ခု ဖြစ်ခဲ့လေတော့သည်။
နောက်ပို့စ်များတွင်လဲ . .ထိုသူများသည် Like လက်စနှင့် like ကြရာမှ . .. တနွယ်ငင် တစင်ပါပြီး . .
ကျွန်ုပ်၏ ပို့စ်များကိုမှ မ like ဖူးလျှင်. . .စံချိန်မှီ ဖေ့ဘုတ်လောကသားမဖြစ်သလို . .အနေထားရောက်ခဲ့သည်။
ကျွန်ုပ်သည်လဲ ပို့စ်များကို ရေးတင်ရင်း ရေးတင်ရင်းဖြင့် . . . အလုပ်အကိုင်များလစ်ဟင်းကာ . . စိတ္တဇဆေးရုံသို့ ရောက်ခဲ့လေတော့သတည်း။
------------------------------------------------------

From: ကွ န်းေ ဇာ် အ ညာေ မြ

www.mmdailystar.com

နေပြည်တော်လာရောက်မည့် ကမ္ဘာ့ခေါင်းဆောင်စာရင်း



အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ တာဝန်ယူပြီး နောက်ဆုံး ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကမ္ဘာ့ ခေါင်းဆောင် ၂၀ ကျော် နေပြည်တော်ကို မကြာမီ ရောက်ရှိလာဖို့ ရှိနေပါတယ်။

မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အစည်းအဝေးတက်ရောက်မယ့် ကမ္ဘာ့ခေါင်းဆောင် စာရင်းတွေကတော့

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် – ဘန်ကီမွန်း
အမေရိကန်သမ္မတ – ဘားရတ်အိုဘားမား
ရုရှား ၀န်ကြီးချုပ်- ဒီမီထရီ မက်ဗီဒက်
သြစတေးလျ ၀န်ကြီးချုပ်- တိုနီအက်ဘော့
တရုတ်ဝန်ကြီးချုပ်- လီကီချမ်း
အိန္ဒိယ ၀န်ကြီးချုပ်- နာရန်ဒရာ မိုဒီ
ဂျပန်ဝန်ကြီးချုပ် – ရှင်ဇိုအာဘေး
တောင်ကိုရီးယား သမ္မတ- ပတ်ဂွန်ဟေး
နယူးဇီလန် ၀န်ကြီးချုပ် – ဂျွန်ကီး
မြန်မာသမ္မတ – ဦးသိန်းစိန်
အင်ဒိုနီးရှားသမ္မတ- ဂျိုကို ၀ီဒိုဒို
ဖိလစ်ပိုင်သမ္မတ- ဘီနစ်နို အကွီနို
ထိုင်းဝန်ကြီးချုပ်- ပရာရွတ်ချန်အိုချာ
စင်ကာပူဝန်ကြီးချုပ်- လီရှန်လွန်း
မလေးရှားဝန်ကြီးချုပ် – နာဂျစ်ရာဇတ်
ဗီယက်နမ်ဝန်ကြီးချုပ်- ငုရင်တန်ဒေါင်း
ကမ္ဘောဒီးယားဝန်ကြီးချုပ်- ဆမ်ဒက် ဟွန်ဆန်
လာအိုဝန်ကြီးချုပ်- သွန်ဆင်း သမ်မာဗွန်
ဘရူနိုင်းဘုရင်- ဆူလ်တန် ဟာဂျီ ဟာစန်နယ် ဘိုကီးရား
အာဆီယံအတွင်းရေးမှူးချုပ်- လျူ လောင်မင်း
အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ – တာကီဟီကို နာကာအို



From: DVB

www.mmdailystar.com

" ဖေ နဲ့  မေ .. သားရှေ့ တန်းက ပြန်လာတော့မယ် .. . သား ... မေ့ ရဲ့ မုန်လာဥကြော်ဟင်း စားချင်တယ်

ကျနော့် အစ်ကိုကြီးက လူလိမ်ဗျ..
သိပ် လိမ်တတ်တာ...
ဆေးအမှတ် မီရဲ့ သားနဲ့  ....
ဆရာဝန် အရမ်းဖြစ်ချင်ရဲ့ သားနဲ့  ....
အိမ်က မထားပေးနိုင်လို့  ...
" ဖေ နဲ့ မေ ....
သား ဆရာဝန် မလုပ်ချင်ဘူး .. " ဆိုပြီး ...
တပ်ထဲ ဝင်သွားတယ်....

ဗိုလ်လောင်းဖြစ်တော့လဲ ရတဲ့ လခလေးကို ....
" ဖေ နဲ့ မေ .... သား အသုံးမလိုပါဘူး " ဆိုပြီး ...
အကုန် ပြန်ပေးရှာတယ်...
သူ လိမ်နေမှန်း ....
ညီအရင်းဖြစ်တဲ့ ကျနော်က သိတာပေါ့...
သူနဲ့ အရွယ်တူ အရပ်သားသူငယ်ချင်းတွေနဲ့ 
တန်းတူ စားချင် သုံးချင်ရှာမှာ ....
ကျနော် သိပ်သိတာပေါ့....
ဒီလိုနဲ့  ကျောင်းဆင်း ....
တာဝန်ကျရာ ရှေ့ တန်းခွင် ထွက်တော့ ....
" ဖေနဲ့ မေ .. သားရှေ့ တန်းမှာ အဆင်ပြေပါတယ် " ဆိုပြီး ....
ရှေ့ တန်းက စာရေးပြီး ထပ်လိမ်ပြန်တယ်...
စိမ်းစား ငပိနဲ့  မျှစ်တောင် ...
အနိုင်နိုင် စားနေရတာကို ...
အဆင်ပြေပါတယ်ဆိုပြီး လိမ်သေးတယ်ဗျ...
နောက်ဆုံး ၂ဝ၀၈ ဇွန်လ ၁၈ရက် ဗုဒ္ဓဟူးနေ့  မှာ ....
ကျုပ်တို့  မိသားစုဆီ ....
အစ်ကိုကြီး စာတစ်စောင် ပို့ သဗျ ....
" ဖေ နဲ့  မေ .. သားရှေ့ တန်းက ပြန်လာတော့မယ် .. .
သား ... မေ့ ရဲ့ မုန်လာဥကြော်ဟင်း စားချင်လို့  ....
ချက်ထား ပေးပါနော်...
ညီလေးကိုလဲ ပြောလိုက်ပါ...
သားပြန်လာရင် ....
စက်ဘီးအတူတူ ပတ်စီးကြမယ်လို့  " တဲ့ ...
အဲ့ဒါ လိမ်သွားတာဗျ...
အဲ နေ့ က စပြီး ....
အစ်ကိုကြီး ကျနော်တို့ ကို ...
အဆက်အသွယ် မလုပ်တော့ဘူး ...
သူများတွေ ပြောတော့ ....
၂၀၀၈ ဇွန်လ ၂၆ ရက်မှာ ....
တိုက်ပွဲကျသွားတယ်လို့ ပြောကြတယ်...
ကျုပ်တော့ မယုံပါဘူးဗျာ...
ကျုပ် မေနဲ့ ဖေလဲ ဒီနေ့ ထက်ထိ ....
အစ်ကိုကြီးကို အိမ်တံခါးဖွင့်ပြီး စောင့်နေတုန်းပဲဗျ...
ကျုပ်ကိုယ်တိုင်လဲ ဒီနေ့ ထက်ထိ ...
ကျုပ် စက်ဘီးနောက်ခုံလေးကို ဘယ်သူမှ မတင်ဘဲ ....
ကျုပ် အစ်ကိုကြီးကို စောင့် နေတုန်းပဲ ....
ဘာလိုလိုနဲ့  ဒီလိုစောင့်နေတာ ...
ဒီနှစ်ဆို လေးနှစ်တောင် ရှိပြီဗျာ...
လူလိမ်ကြီး .... အိမ်ကို မြန်မြန်ပြန်လာစေလို့  ....
ဆုတောင်းရင်း....
( Credit - Aung Naing via Phay Sit Gyi )
===========================
ကိုအောင်နိုင်၏ အကိုမှာ ...
၂၆.၆.၂၀၀၈ တိုက်ပွဲတွင် ....
ကျဆုံးသွားသည်ဟု သိရှိရပါသည်
via
From: Ye Moe

www.mmdailystar.com

Rules of Engagement (မှူးဇော်)



● နိဒါန်း ●

မကြာသေးသော ရက်ပိုင်းအတွင်းက ဘီဘီစီလေလှိုင်းဒီဘိတ်တွင် ကေကေအို စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် (တပ်မတော်ဘက်မှ ပြောကြားချက်) သို့မဟုတ် သတင်းထောက် ပါကြီး (တစ်ဘက်မှ ပြောကြားချက်) သေဆုံးမှုဖြစ်စဉ်အပေါ် သဘောထားအမြင်များ အမျိုးမျိုးအဖုံဖုံ ရှိ နေသည်ကို နားထောင်လိုက်ရသည်။ ဤဆောင်းပါးသည် မည်သည့်ဘက်က ထုတ်ပြန်သော အချက် အလက်က မှန်သည် ဟု ဆိုလိုခြင်း မဟုတ်ဘဲ အများပြည်သူ စဉ်းစားတွေးတောခြင်း မရှိသေးသည့် Rules of Engagement ရှုထောင့်ဘက်က (ဖော်ပြနိုင်သမျှ ကန့်သတ်ချက်ဘောင်အတွင်းမှ) စဉ်းစား သုံးသပ်နိုင်ရန် ရေးသားထားခြင်းဖြစ်ကြောင်း ဦးစွာ ပထမ အစီရင်ခံအပ်ပေသည်။


● ဂျင်ဝက်ဘ်၊ တော်မီလီဂျုန်းနှင့် ဆင်မြူရယ်ဂျက်ဆင် ●

ဂျင်ဝက်ဘ်ဆိုလျှင် မှတ်မိနေကြမည်မှာ ပြီးခဲ့သည့် တပ်မတော်အစိုးရလက်ထက် မြန်မာနိုင်ငံသို့ အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ပြီး ဂျွန်ယက်တောကို အမေရိကသို့ ပြန်လည်ခေါ် ဆောင်သွားခဲ့သည့် ဆီနိတ်တာတစ်ယောက် အဖြစ် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးရေပြင်ကို စမ်းသပ်ရန် အတွက် အစောဆုံး လာရောက်ခဲ့ဘူးသည့် ဆီနိတ်တာ ဂျင်ဝက်ဘ်သည် ဗီယက်နမ်စစ်ပွဲတွင် မရိန်း တပ်ဖွဲ့၌ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်ကြက်ခြေတံဆိပ်၊ ငွေကြယ်တံဆိပ်၊ ကြေးကြယ် တံဆိပ်၊ ခရမ်းရောင် နှလုံးသားတံဆိပ် စသည့် စစ်ဘက်ဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များစွာ ရရှိခဲ့သည့် စစ်သူရဲကောင်း တစ်ဦးလည်း ဖြစ်သည်။ ရေတပ်ကြက်ခြေတံဆိပ်မှာ မရိန်းတပ်ဖွဲ့အတွင်း အမြင့်ဆုံး သော စွမ်းရည်ဘွဲ့ တံဆိပ်ဖြစ်သည်။ ဤသို့ဤနှယ် မရိန်းသူရဲကောင်းအဖြစ် ထမ်းဆောင်ခဲ့သော ဂျင်ဝက်ဘ်သည် ဗာဂျီးနီးယားပြည်နယ် ဆီးနိတ်အမတ်ရွေးချယ်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် စစ် ဘိနပ် တစ်ရံကို လည်ပင်းတွင် ဆွဲ၍ စည်းရုံးဟောပြောခဲ့သူ ဖြစ်သည်။ ယင်းစစ်ဘိနပ်မှာ အီရတ်စစ်ပွဲ တွင် အသက်ပေးသွားခဲ့ရသော ၄င်း၏ သားဖြစ်သူကို သင်္ကေတပြုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါ မရိန်း သူရဲကောင်းကြီး ဂျင်ဝက်ဘ်သည် မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲလာရေး၌ အဓိက တောင်းဆိုခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ထားရှိသော ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော တရုတ်၊ ဗီယက်နမ်စသည့်နိုင်ငံများအပေါ် ထားရှိသော အမေရိကန် နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ နှစ်မျိုးနှစ်စား ကွဲလွဲ နေခြင်းအား ထောက်ပြခဲ့ပြီး အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ Double Standards ဖြစ်နေသည် ဟု ကြိမ်ဖန်များစွာပင် ၄င်းကိုယ်တိုင် ဥက္ကဌ အဖြစ် တာဝန်ယူရသော အမေ ရိကန်ဆီးနိတ်လွှတ်တော်၏ အာရှ-ပစိဖိတ် နိုင်ငံခြားရေးမူဝါဒဆပ်ကော်မတီမှ ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သူလည်း ဖြစ်သည်။


ဆီနိတ်တာ ဂျင်ဝက်ဘ်သည် စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေခဲ့သည့် စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။ ၄င်းရေးသားခဲ့သော စာအုပ်များစွာအနက် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော နာမည် ကြီး ဟောလိဝုဒ်ဇာတ်ကားတစ်ကားမှာ Rules of Engagement အမည်ရှိ စစ်ကားတစ်ကား ဖြစ်သည်။ အဆိုပါဇာတ်ကားတွင် ၁၉၉၄ ခုနှစ် ဇာတ်ပို့အကယ်ဒမီဆု၊ ၁၉၉၄ ခုနှစ် ရွှေကမ္ဘာလုံးဆု၊ ၁၉၈၃ ခုနှစ် အမ်မီဆုများ ရရှိခဲ့သော တော်မီလီဂျုန်းက တရားခံဘက် ရှေ့နေ ဗိုလ်မှူးကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ သည်။ ဆင်မြူရယ်ဂျက်ဆင်မှာ ဘ၀သက်တမ်းတစ်လျှောက်လုံး ဗီယက်နမ်စစ်ပွဲမှ အစချီ၍ အမေရိကန် မရိန်းတပ်ဖွဲ့နှင့်အတူ နိုင်ငံအနှံ့အပြား၌ တာဝန်ထမ်းဆောင်၍ စစ်မြေပြင်၌ ဘ၀ကို မြုပ်နှံထားခဲ့သော် လည်း နောက်ဆုံးတွင် စစ်ခုံရုံးတင်၍ အပြစ်ပေးနိုင်ရန် တရားခံအဖြစ် စွဲချက်တင်ခြင်းခံခဲ့ရသော မရိန်း ဗိုလ်မှူးကြီး တယ်ရီချိုင်းဒါး အဖြစ် သရုပ်ဆောင်ခဲ့သည်။

ဇာတ်လမ်းအရ ဗိုလ်မှူးကြီးချိုင်းဒါး၏ မရိန်းတပ်ဖွဲ့ဝင်များသည် ပါရှန်ပင်လယ်ကွေးအတွင်း အမေရိကန်သြဇာကို ဆန့်ကျင်တွန်းလှန်ကြရာမှ အသက်အန္တရာယ်စိုးရိမ်ရသော ဆီးရီးယားရှိအမေရိ ကန် သံအမတ်ကြီးကို မျက်နှာချင်းဆိုင်မှ ရန်သူများ၏ ပစ်ခတ်မှုများအကြား၊ သံရုံးရှေ့တွင် ဆူညံပွက် လောရိုက်နေသော လူအုပ်ကြီး၏ အော်သံများအကြား ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်ရခြင်း ဖြစ်သည်။ ယင်းသို့ သံရုံးခေါင်မိုးပေါ် ဆင်း၍ သံအမတ်ကြီးအား ၀ိုင်းပစ်နေသည့်ကြားမှ ရဟတ်ယာဉ် ဆီသို့ ခေါ်ဆောင်ပြီး သံရုံးအဆောက်အဦအမိုးပေါ်တွင် လွှင့်တင်ထားသော အမေရိကန်အလံတော်ကို ဗိုလ်မှူးကြီးချိုင်းဒါးကိုယ်တိုင် ဖြုတ်ယူနေစဉ် မရိန်းတပ်သား(၃)ဦးမှာ အနီးရှိ အဆောက်အအုံပေါ်မှာ စနိုက်ပါများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသည်။ သံရုံး မျက်နှာစာတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြ လုအုပ်ကြီးမှ အော်ဟစ် ကြွေးကြော်လျက် ရှိရာ ယင်းလူအုပ်အတွင်း လက်နက်ကိုင်ဆောင်ထားသူများ ရှိနေသည်ကို ၄င်းကိုယ်တိုင် မြင်တွေ့လိုက်သည်။ ကျန်မရိန်းတပ်ဖွဲ့ဝင်များမှာ မျက်နှာချင်းဆိုင်ရှိ အဆောက်အဦများပေါ်ရှိ စနိုက်ပါများ၏ ပစ်ခတ်မှုကြောင့် ခေါင်းမဖေါ်တမ်း ဖြစ်နေချိန်တွင် လူအုပ် ကြားမှလက်နက်ကိုင်များက အဆောက်အဦအပေါ်ထပ်ရှိ မရိန်းများအား ပစ်ခတ်နေသည်ကို ဗိုလ်မှူးကြီး ချိုင်းဒါး တစ်ဦးသာ တွေ့မြင်ခဲ့သည်။ ၄င်းနောက် မိမိ၏မရိန်းစစ်သည်များ ကျဆုံးရမှု၊ လူအုပ်အကြားမှ လက်နက်များဖြင့် ဆက်တိုက်ပစ်ခတ်နေမှုများကြောင့် ဆန္ဒပြလူအုပ်ကို ပစ်ခတ်နှိမ်နင်းရန် အမိန့်ပေးခဲ့ရာ ဆန္ဒပြသူ (၈၃)ဦး သေဆုံးခဲ့ရပြီး (၁၀၀)ကျော် ဒဏ်ရာ ရရှိခဲ့သည်။

ယင်းဖြစ်စဉ် နိုင်ငံတကာသတင်းများတွင် ဖော်ပြပါရှိလာခဲ့ပြီး ဆီးရီးယားရှိ အပြစ်မဲ့ ပြည်သူများ အား အမေရိကန် စစ်တပ်က ပစ်ခတ်တိုက်ခိုက်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား မညှာမတာ ပစ်ခတ် စသည်အားဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ လူထုဆန့် ကျင်မှု၊ လူထုသဘောထားများ ထွက်ပေါ်လာခြင်းကို ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ၏ အမျိုး သားလုံခြုံရေး အကြံပေးအရာရှိ ဖြစ်သူက ဗိုလ်မှူးကြီးချိုင်းဒါးကို စစ်ခုံရုံးဖြင့် စစ်ဆေးအရေးယူခြင်းအား ဖြင့် အစိုးရ၏နာမည်ကို ပြန်လည်ဆယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။ အီရတ်စစ်ပွဲမှ အစပြု၍ အမေရိကန် ပြည်ထောင်စု၏ လုပ်ဆောင်ချက်များကြောင့် အရှေ့အလယ်ပိုင်းတွင် နာမည်ပျက်ရသမျှ အားလုံးကို ဗိုလ်မှူးကြီးချိုင်းဒါး တစ်ဦးတည်ပေါ်သို့ ပုံချရန် ကြိုပမ်းခဲ့ခြင်းလည်း ဖြစ်သည်။ ဆီးရီးယားရှိ အမေ ရိကန်သံရုံအမိုးပေါ်တွင် စီစီတီဗွီကင်မရာများ အချိန်ပြည့်တပ်ဆင်ထားခြင်းကြောင့် ဆန္ဒပြသူများ အကြားမှ လက်နက်ကိုင်ဆောင် ပစ်ခတ်နေသူများကို အထင်အရှားတွေ့မြင်နိုင်သည့် ဗီဒီယိုမှတ်တမ်း များကို နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြလာခဲ့သော်လည်း ယင်းသက်သေများကို အစဖျောက်ပစ် ခဲ့သည်။

ရှိရှိသမျှသော သက်သေ၊ အထောက်အထားများက ဗိုလ်မှူးကြီးချိုင်းဒါးတွင်သာ အပြစ်ရှိသည် ဟူ၍ ညွှန်းဆိုနေကြသည်။ ရင်နာဖွယ်ရာ ကောင်းလှသည်မှာ မရိန်းတပ်သား(၃)ဦး ကျဆုံးခဲ့သည့် ၀ိုင်း ၀န်းပစ်ခတ်မှုများအကြားမှ သက်စွန့်ဆံဖျား ကယ်ထုတ်ခဲ့ရသော အမေရိကန်သံအမတ်ကြီးကိုယ်တိုင်က စစ်ခုံရုံးတွင် ဗိုလ်မှူးကြီးချိုင်းဒါးတွင်သာ အပြစ်ရှိသည့်သဘော ထွက်ဆိုသွားခဲ့သည်။ နှစ်ဘက် ရှေ့နေ များ ရွေးချယ်သည်ကအစ တရားလိုဘက်တွင် ငယ်ငယ်ရွယ်ရွယ် ထက်မြက်ထူးချွန်သော ဟားဗတ် တက္ကသိုလ်ဆင်း နာမည်ကြီး ဗိုလ်မှူးမာ့ဗစ်ကို တာဝန်ပေးခဲ့ပြီး တရားခံဘက်ရှေ့နေအဖြစ် နာမည် သိပ် မရှိ၊ အမှုအနိုင်ရမှု ရှားရှားပါးပါး ဖြစ်သော ဗိုလ်မှူးကြီး လောရင်းဟော့ခ်ျကို ဗိုလ်မှူးကြီးချိုင်းဒါးက ရွေး ချယ်ခဲ့သည်။ သူ့အပေါ် စိတ်ချယုံကြည်ရသူ ဟု ဗိုလ်မှူးကြီးချိုင်းဒါး ယုံကြည်ထားသော ဟော့ခ်ျမှာ ဗီယက်နမ်စစ်ပွဲကာလက ၄င်းကိုယ်တိုင် အသက်ကယ်တင်ပေးခဲ့ရသူလည်း ဖြစ်သည်။

ဤသို့သော အခြေအနေများဖြင့် ခုံရုံး၌ ရင်ဆိုင်ကြရာတွင် Rules of Engagement နှင့် ပတ်သက်၍ ဗိုလ်မှူးကြီးချိုင်းဒါးအား အပြန်ပြန်အလှန်လှန် စစ်မေးခဲ့သည်။ Rules of Engagement ဟူသည်မှာ ပြည်သူများ၊ ဆန္ဒပြလူအုပ်ကြီးများနှင့် ရင်ဆိုင်ရလျှင် မည်သို့ ပြုလုပ်ရမည်၊ ရန်သူနှင့် ရုတ် ချည်းရင်ဆိုင်ခဲ့ရလျှင် မည်သို့ ဆောင်ရွက်ရမည် စသည်တို့ကို “ထိတွေ့မှု ဖြစ်ပေါ်လျှင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ” ကို ညွှန်ကြားထားခြင်းပင် ဖြစ်သည်။ ဗိုလ်မှူးကြီးချိုင်းဒါးမှာ ဗီယက်နမ်၊ အရှေ့ အလယ်ပိုင်း စသည်တို့တွင် တောက်လျှောက် ထမ်းဆောင်ခဲ့သူဖြစ်သည့်အပြင် အဆိုပါ Rules of Engagement ကို အချိန်မရွေး အလွတ်ရွတ်ဆိုနိုင်သူလည်း ဖြစ်သည်။ ခုံရုံးစစ်မေးသည့် တရားခွင်တွင် ကြုံတွေ့ရသည်မှာ သက်သေအထောက်အထားများ အားလုံးက ဗိုလ်မှူးကြီးချိုင်းဒါးဘက်တွင် တစ်ခုမှ ရှိမနေခဲ့ဘဲ လက်ညိုးထိုးအပြစ်ဖို့နေသည့်နှယ် ဖြစ်ခဲ့ရသည်။ တရားခံဘက် ရှေ့နေ ဖြစ်သော တော်မီလီ ဂျုန်းသည် ချိုင်းဒါး ရရှိခဲ့သော စစ်သူရဲကောင်း စွမ်းရည်တံဆိပ်များကို ပြ၍ လျှောက်လှဲချက်ပေးခဲ့ရသည်။ ဘ၀တစ်လျှောက်လုံး မရိန်းတပ်တွင်သာ မြုပ်နှံထားစဉ် ကြုံတွေ့ခဲ့ရသော တာဝန်ထမ်းဆောင်မှု မှတ် တမ်းကောင်းများဖြင့် ကာကွယ်ခဲ့ရသည်။ အရေးအကြီးဆုံးသော သက်သေဖြစ်သည် သံရုံးခေါင်မိုးပေါ်က စီစီတီဗွီမှတ်တမ်းများ ပျောက်ဆုံးသွားခြင်းသည် ချိုင်းဒါးအပေါ် မတရားပြုလုပ်ခြင်း ဖြစ်ကြောင်း လျှောက် ထားခဲ့သည်။ သို့သော် ချိုင်းဒါးဘက်တွင် မည်သူမျှ မရှိ။ တရားလိုဘက်ရှေ့နေအဖြစ် ဆောင်ရွက်သော ဟားဗတ်ဆင်း ဗိုလ်မှူးမှာလည်း ထူးချွန်လှသူဖြစ်ကာ ချိုင်းဒါး၏ ဒေါသစိတ်ကို Rules of Engagement ကို ပြန်လည်ရွတ်ခိုင်းပြီး နှိုးဆွခဲ့သည်။ ဗီယက်နမ်စစ်ပွဲကာလ ကြုံတွေ့ခဲ့ရသော ဗီယက်ကောင်းများကိုပါ သက်သေအဖြစ် တင်သွင်းကာ ဦးတည်ချက်ကို ပုံဖော်ခဲ့သည်။ အတူလိုက်ပါခဲ့သည့် မရိန်းတပ်ဖွဲ့ဝင်များ တွင်လည်း ချိုင်းဒါးမှအပ မည်သူကမျှ လူအုပ်ထဲက သေနတ်ဖြင့် ပစ်ခတ်သည် ဟူသောအချက်ကို သက် သေမပြနိုင်ခဲ့ပေ။ ချိုင်းဒါး ကယ်တင်ပေးခဲ့သော သံအမတ်ကြီးကလည်း သံရုံးရှေ့လူအုပ်ကြီးမှာ လက် နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည်၊ အရာရာ အေးအေးချမ်းချမ်း ဟူသော အနေအထားမျိုး လိမ်လည် ထွက်ဆိုသွားခဲ့သည်။

တရားခံဘက် ရှေ့နေ ဖြစ်သော တော်မီလီဂျုန်းသည် ဆီးရီးယားအထိ ကိုယ်တိုင်ကိုယ်ကျ သွား ရောက်ကာ မြေပြင်အခြေအနေများကို အသေးစိတ် လေ့လာခဲ့ပြီး စီစီတီဗွီကင်မရာမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းသည် အဓိကဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ နောက်ဆုံးသော လျှောက်လှဲချက်တွင် တော်မီလီဂျုန်းသည် တရားခံဗိုလ်မှူးကြီးချိုင်းဒါးမှာ လူအုပ်ကြားမှ လက်နက်ကိုင်ဆောင် ပစ်ခတ်တိုက် ခိုက်သူများကို ပစ်ခတ်ခြင်းသည် Rules of Engagement နှင့်အညီ ဖြစ်ပြီး အဆိုပါအမှုတွင် အဓိက ဖြစ် သော စီစီတီဗွီမှတ်တမ်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိကို သက် သေအဖြစ် ခေါ်ယူစစ်မေးခဲ့သည်။ ခုံရုံးမှ ဆုံးဖြတ်ရမည့် အချက်မှာ ဆန္ဒပြ၍ အော်ဟစ်နေသော လူအုပ် ကြီးအကြား လက်နက်ကိုင်ဆောင်၍ ပစ်ခတ်သူများ အမှန်တစ်ကယ် ရှိ-မရှိ ဟူ၍ပင် ဖြစ်သည်။ ဆန္ဒပြ လူအုပ်ကြီးသည် သံအမတ်ကြီးလိမ်လည်ထွက်ဆိုခဲ့သလို လက်နက်မပါ၊ ရန်လိုခြင်းမရှိ၊ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေပြီး ယင်းတို့အား ပစ်ခတ်ခဲ့သည်မှန်လျှင် ချိုင်းဒါးသည် အပြစ်မဲ့ပြည်သူများနှင့် ထိတွေ့လျှင် လုပ် ဆောင်ရမည့် Rules of Engagement ကို ချိုးဖောက်သူ ဖြစ်သည်။ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လူအုပ်စုဖြင့် ၀ိုင်းခြင်း၊ အတွင်းသို့ ၀င်ရန်ကြိုးပမ်းလာခြင်း စသည်တို့ပြုလုပ်လာလျှင်၊ သို့မဟုတ် လာနိုင် သည့်အလားအလာ ရှိလာခဲ့လျှင် အသံချဲ့စက်ဖြင့် လူစုခွဲရန် သတိပေးခြင်း၊ မကျော်ရ နယ်မြေ(စည်း) သတ်မှတ်ခြင်း၊ ကျော်လွန်မလာစေရန် ခြောက်လှန့်ပစ်ခတ်ခြင်း၊ မကျော်လျှင် စေ့စပ်ညှိနှိုင်းနိုင်ရန် ကြိုး ပမ်းခြင်း စသည်တို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် ထိတွေ့လျှင် ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်း များ ဖြစ်သည်။ သို့သော် လက်နက်ကိုင်ဆောင်၍ မိမိအကာအကွယ်ပေးရသည့် နေရာ/ဌာန၊ အဆောက် အဦး၊ မိမိတပ်ဖွဲ့ စသည်တို့ကို ရန်ပြုတိုက်ခိုက်လာသည် ဆိုလျှင်တော့ Rules of Engagement အရ ၄င်းတို့အား ချေမှုန်းတိုက်ခိုက်ပိုင်ခွင့် ရှိနေသည်။

တော်မီလီဂျုန်း၏ လျှောက်လှဲချက်မှာ ရှင်းရှင်းကလေး ဖြစ်သည်။ လူအုပ်ထဲမှ လက်နက်ကိုင် ဆောင်၍ ပစ်ခတ်ခြင်း ရှိသည်ကို သက်သေပြနိုင်ခြင်း မရှိသလို လူအုပ်ကြီးမှာ လက်နက်ကိုင်ဆောင်ခြင်း မရှိ၊ ရန်လိုခြင်းမရှိ၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါသည် ဟူသော အချက်ကို လည်း သက်သေပြနိုင်ခြင်းမရှိပေ။ အကြောင်းရင်းမှာ လူအုပ်ကြီး ငြိမ်းချမ်းစွာဆန္ဒပြနေသည် ဟူသော အချက်ကို အထင်အရှားပြသနိုင်စေသော၊ လူအုပ်ကြီးထဲမှ လက်နက်ကိုင်ဆောင်သူများက ပစ်ခတ်ခဲ့ သည် ဟူသော အချက်ကို အထင်အရှားပြသစေနိုင်သော တစ်ခုတည်းသော သက်သေအထောက် အထားဖြစ်သည့် သံရုံးခေါင်းမိုးပေါ်မှ ရိုက်ကူးထားသည့် စီစီတီဗွီ ဗီဒီယိုမှတ်တမ်းမှာ ပျောက်ဆုံးနေသော ကြောင့် ဖြစ်သည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ခံမှတ်တမ်းတွင် ထင် ထင်ရှားရှား ဖော်ပြထားသော်လည်း လက်တွေ့ထိန်းသိမ်းရာတွင် မရှိဟူ၍ ဖြစ်နေသည်။ ဤသည်မှာ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် ဘ၀တစ်လျှောက်လုံး မြုပ်နှံကာ တာဝန်ထမ်းဆောင်ခဲ့ သော ဗိုလ်မှူးကြီးချိုင်းဒါးအား နိုင်ငံတော်က သစ္စာဖောက်ဖျက်လိုက်ခြင်းသာ ဖြစ်သည်။ တိုက်ပွဲတံဆိပ်၊ သူရဲကောင်းတံဆိပ်များစွာ ရရှိခဲ့သည်အထိ အသက်ကိုစွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ကြိုးပမ်းခဲ့သူ စစ်သည်တစ်ဦး အတွက် တရားမျှတမှုကို ခုံရုံးက စဉ်းစားပေးရန်သာ ရှိတော့သည်။ ဤသို့ဖြင့် ခုံရုံးက ဗိုလ်မှူးကြီးချိုင်းဒါးတွင် အပြစ်မရှိ ဟု ဆုံးဖြတ်ခဲ့ပြီး သက်သေခံပစ္စည်း အစဖျောက်ခဲ့သော အမျိုးသားလုံခြုံရေးအကြံပေးအရာရှိအား ရာထူးမှ ထုတ်ပယ်ခဲ့ ကာ လိမ်လည်ထွက်ဆိုခဲ့သော သံအမတ်ကြီးကို အရေးယူခဲ့သည်။ ဤသည်မှာ ဂျင်ဝက်ဘ်ရေးသား ထုတ်ဝေခဲ့သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

● တပ်မတော်၏ သတင်းထုတ်ပြန်ချက် ●

ကိုအောင်နိုင်(ခေါ်)ကိုပါကြီး ဖြစ်စဉ်တွင် တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ချက်ကို အချုပ် အားဖြင့် အောက်ပါအတိုင်း တွေ့ရှိရသည်-

(၁) စက်တင်ဘာ-၂၆ ရက် ။ ကျိုက်မရောမြို့ဝင်ဂိတ်အနီးသို့ KKO အဖွဲ့မှ ဗိုလ်ကြီးစောဝင်း ဇော်နှင့် အင်အား ၂၀ တို့ လက်နက်ကိုယ်စီဖြင့် ရောက်ရှိလာသဖြင့် နယ်မြေခံတပ်၊ သတင်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က လက်နက်ဖြင့် သွားလာ၍ မရ ဟု တားမြစ်ခဲ့ကြောင်း၊ ယင်းတားမြစ်သည့် ပူးပေါင်းအဖွဲ့ကို KKO အဖွဲ့က လက်နက်များဖြင့် ချိန်ရွယ် ထိန်းသိမ်းခဲ့ကြောင်း၊

(၂) ပူးပေါင်းအဖွဲ့ ထိန်းသိမ်းခံရသဖြင့် တပ်မတော်လုံခြုံရေးတပ်စိတ်တစ်စိတ်က မော်တော် ယာဉ်ဖြင့် ထပ်မံလိုက်ပါစဉ် အသင့်စောင့်ဆိုင်းနေသော KKO အဖွဲ့က ပစ်ခတ်ခဲ့၍ တပ်မတော်မှ (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတပ်စိတ်အား KKO အဖွဲ့က ထပ်မံထိန်းသိမ်းခဲ့ ကြောင်း၊

(၃) KKO အဖွဲ့က တပ်မတော်လုံခြုံရေးတပ်စိတ်နှင့် ပူးပေါင်းအဖွဲ့ (၂)ဖွဲ့စလုံးကို ဖမ်းဆီးပြီး လူ၊ လက်နက်များ ယူဆောင်၍ ရွှေဝါချောင်ကျေးရွာဘက်သို့ ထွက်ခွါခဲ့ကြောင်း၊ လမ်း တွင် ဖမ်းဆီးထားသူများကို အသုတ်လိုက်ပြန်လွှတ်ပေးခဲ့သော်လည်း လက်နက်များကို ဆက်လက်သိမ်းယူသွားခဲ့ကြောင်း၊

(၄) ကိုအောင်နိုင်မှာ စက်တင်ဘာ ၂၆ ရက်နေ့တွင် KKO စောဆန်းအောင်နှင့်အတူ MPC သို့ လိုက်ပါခဲ့ပြီး ယင်းနေ့ ညတွင်းချင်းမှာပင် ရွှေဝါချောင်သို့ သွား၍ စောဝင်းဇော်အဖွဲ့နှင့် ပူး ပေါင်းခဲ့ကြောင်း၊

(၅) စက်တင်ဘာ ၂၇-၂၈ ။ နောက်မှ လိုက်ပါရှင်းလင်းသော တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း(၂)ရက်စလုံးတွင် ကိုအောင်နိုင်သည် KKO အဖွဲ့ နှင့်အတူ ပါဝင်နေခဲ့ကြောင်း၊

(၆) စက်တင်ဘာ ၂၈ ။ (နယ်မြေခံတပ်၏ စစ်ဆေးချက်အရ) ရွှေဝါချောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ ၄င်း နေရာအနီးတွင် လက်နက်အချို့ကို အသီးသီးဝှက်၍ အသီးသီး လူစုခွဲထွက်ပြေးခဲ့ကြောင်း၊

(၇) စက်တင်ဘာ ၂၉ ။ တပ်မတော်မှ KKO အဖွဲ့နောက်သို့ လိုက်စစ်ဆင်၍ ပိတ်ဆို့မှုများ တိုး မြှင့်ဆောင်ရွက်လာခဲ့ပြီး ယင်းအချိန်တွင် KKO အဖွဲ့က လူစုခွဲ၍ တိမ်းရှောင်ခဲ့ကြောင်း၊

(၈) စက်တင်ဘာ ၃၀ ။ တပ်မတော်နှင့် KKO တိုက်ပွဲ ဖြစ်ပွားသည့် နယ်မြေနှင့် ဆက်စပ်နေ သည့် ကျိုက်မရောစက်လှေဆိပ်တွင် ကိုအောင်နိုင်ကို ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး ရေစို၊ ရွှံ့များပေကျံနေသည့် အနေအထားဖြင့် ခမရ(၂၀၄)က တွေ့ရှိခဲ့ကြောင်း၊ ရဲ တပ်ဖွဲ့က မသင်္ကာမှုဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ DKBA ဟု ထွက်ဆိုခဲ့ကြောင်း၊ ထို့ နောက် နယ်မြေခံ ခမရ(၂၀၈)သို့ လွှဲပြောင်းစစ်ဆေးခဲ့ကြောင်း၊ နယ်မြေခံ ခမရ(၂၀၈) က စစ်ဆေးရာတွင် KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင် နိုင် ဟု ထွက်ဆိုခဲ့ကြောင်း၊

(၉) အောက်တိုဘာလ ၄ ရက် ။ KKO စောဆန်းအောင်အဖွဲ့အား ပိတ်ဆို့ရှင်းလင်းနေသည့် လှုပ်ရှားစစ်ကြောင်းသို့ ကိုအောင်နိုင်အား နယ်မြေခံတပ်မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ယင်းနေ့တွင် ကိုအောင်နိုင်၏ ပြောကြားချက်အရ ရွှေဝါချောင်ကျေးရွာအနီးတွင် တပ်မတော်မှ သိမ်းဆည်းသွားခဲ့သော လက်နက်ငယ် ၃ လက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကျန်လက်နက်များအား ဆက်လက် ရှာဖွေရန် ရွှေဝါချောင်ကျေးရွာ၏ တောင်ဘက် မီတာ တစ်ထောင်ခန့်အကွာတွင် ညအိပ်စခန်းချခဲ့ကြောင်း၊(၁၀) ည ၇ ၃ာရီ ၄၅ မိနစ်တွင် ကိုအောင်နိုင်က အပေါ့သွားရန် အကြောင်းပြချက်ဖြင့် ကင်း စောင့်စစ်သည်အား လုံးထွေးပြီး သေနတ်လုယူထွက်ပြေးရန် ကြိုးပမ်းစဉ် အခြားကင်း စောင့်စစ်သည်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း။

တပ်မတော်၏ သတင်းထုတ်ပြန်ချက် အနှစ်ချုပ်မှာ အထက်ပါအတိုင်း ဖြစ်ကြောင်း တွေ့ရှိ ရသည်။


● Rules of Engagement ●

လက်နက်ကိုင်တပ်ဖွဲ့တိုင်းတွင် မည်သို့ကြုံလျှင် မည်သို့လုပ်ရမည် ဟူ၍ တိတိကျကျ ပြဌာန်း ထားသော တိုက်ပွဲလုပ်ငန်းစနစ်များ ရှိနေကြသည်။ ရန်သူနှင့် ထိတွေ့လျှင် မည်သို့ လုပ်ဆောင်ရမည်၊ သူလျှိုအား ဖမ်းဆီးရမိလျှင် မည်သို့ လုပ်ဆောင်ရမည်၊ စစ်ကြောမေးမြန်းရာတွင် မည်သို့ လုပ်ဆောင် ရမည် စသည်တို့ကိုလည်း လုပ်ထုံးလုပ်နည်းများ ပြဌာန်းထားကြသည်။ စစ်မြေပြင်တွင် ရုတ်ချည်း ရန်သူ နှင့် တွေ့ဆုံရလျှင်လည်းကောင်း၊ ရန်သူ၏တိုက်ခိုက်မှုကို ခံရလျှင်လည်းကောင်း အလိုအလျောက် တုံ့ပြန် နိုင်ရေးအတွက် Rules of Engagement များ ပြဌာန်းထားရခြင်း ဖြစ်သည်။ ဖြစ်လာသည့်အချိန်မှာ ဘာလုပ်ရမလဲ တွေဝေနေခြင်း၊ အထက်အမိန့်တောင်းခံနေခြင်း ပြုလုပ်၍ မရပါ။ “ဘာဖြစ်လျှင် ဘာလုပ်” ဟူ၍ တိတိကျကျ သတ်မှတ်ပေးထားခြင်းသာ ဖြစ်သည်။ ကေကေအို စောဆန်းအောင် အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင် (တပ်မတော်ဘက်မှ ပြောကြားချက်) သို့မဟုတ် သတင်းထောက် ပါကြီး (တစ်ဘက် မှ ပြောကြားချက်) သေဆုံးမှုဖြစ်စဉ်တွင် မည်သူမှားသည်၊ မည်သူမှန်သည် ဟု မှတ်ချက် မပေးလို သော်လည်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ထားသော Rules of Engagement အတိုင်း ဆောင်ရွက်ခဲ့ခြင်း ရှိ-မရှိ ဟူသောအချက်ကို စဉ်းစားသုံးသပ်ရန် လိုအပ်ပါ လိမ့်မည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ “သတင်းမီဒီယာဥပဒေ” အရ ပဋိပက္ခနယ်မြေများသို့ သွား ရောက် သတင်းရယူလိုပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ကို ဆက်သွယ်၍ အကာအကွယ် ရယူရမည် ဖြစ်သည်။ ရန်ကုန်တိုင်းမ်ဂျာနယ်တွင် Contributor သဘောမျိုး သတင်းဆောင်ပါး (၃)ပုဒ် ဖော်ပြခဲ့ ဘူးသည် ဟု သိရှိထားရသော ကိုအောင်နိုင် နည်းတူ တိုက်ပွဲသတင်း ရယူလိုသူများအနေဖြင့် စော ဆန်းအောင်နှင့် အတူ လိုက်ပါခြင်းမပြုဘဲ သက်ဆိုင်ရာတာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း၍သတင်းများ ရေးသားဖော်ပြနေသည်များလည်း ရှိနေကြောင်း တွေ့ရှိရသည်။

ပထမဦးစွာ တပ်မတော်သည် သတင်းထောက် ဟူ၍ တစ်ကြိမ်တစ်ခါ ပြောကြားခဲ့ခြင်း မရှိခဲ့ သည့်အတွက် KKO မှ ဗိုလ်ကြီးအောင်နိုင် ဟုသာ သိရှိထားဟန် ရှိသည့် သဘော ထုတ်ပြန်ထားခြင်း ဖြစ် သည်။ စစ်မြေပြင် ကင်းတပ်ဖွဲ့များ၏ အနေအထား၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လေ့လာ ကြည့်လျှင် ကင်းစောင့်စစ်သည်ကို လုံးထွေး၍ သေနတ်ကို လုယူကာ ထွက်ပြေးရန် ကြိုးစားခြင်းမှန်လျှင် တပ်မတော်၌ ဆောင်ရွက်ရမည့် အချက်များ ထုတ်ပြန်ထားပြီး ဖြစ်သည်။
“အထိန်းအကွပ်မဲ့ကာ လက်နက်ဆွဲကိုင်ပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ပြုခြိမ်းခြောက်နေသူကို ဖမ်းဆီးခြင်း” ဟူသည့် လုပ်ထုံးလုပ်နည်းတွင် တပ်မတော်သားတစ်ဦး ဖြစ်စေကာမူ အန္တရာယ်ပြုခြိမ်း ခြောက်နေသူကို တားဆီး၍ မရနိုင်သည့်အဆုံး ပစ်ခတ်ဖမ်းဆီးခွင့်ကို တပ်မတော်သားတိုင်းအား ပေးအပ် ထားပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။ ဤသည်ကို စစ်လက်ရုံးအားလုံး၊ စစ်မှုထမ်းအားလုံးက လိုက်နာရန် တာဝန်ရှိနေသည်။

တစ်ဖန် ရွှေဝါချောင်ကျေးရွာတောင်ဘက် ညအိပ်စခန်းချရာနေရာတွင် ကင်းစောင့်စစ်သည် (၂) ဦး ရှိနေခဲ့သည်။ တပ်မတော်တွင် ကာတပ်(တပ်မအဆင့်)၊ ကာကင်း(ဗျူဟာအဆင့်)၊ ကာကင်းတပ်စိတ် (တပ်ရင်းအဆင့်)၊ ကင်းအဖွဲ့(ကင်းလေး)၊ တပ်ခွဲကင်း(ဒေသန္တရ) ဟူ၍ ကင်းအမျိုးအစား (၅)မျိုးရှိသည်။ [အတိုကောက်အားဖြင့် “ကာ-ကာ-ကင်း-ကင်း-တပ်” ဟု ခေါ်ဆိုကြသည်။] ကိုအောင်နိုင်ဖြစ်စဉ်တွင် ပါဝင်သော ကင်းစောင့်စစ်သည်(၂)ဦးမှာ ကင်းအဖွဲ့အဆင့်မျိုး ဖြစ်သည်။ ကင်း အဖွဲ့၏ လုပ်ငန်းတာဝန်များကို တိတိကျကျ သတ်မှတ်ထားပြီး ကင်းအဖွဲ့တာဝန် ထမ်းဆောင်ရသူတိုင်း လိုက်နာရမည် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြစ်၍ အသေးစိတ် ဖော်ပြခြင်း မပြု တော့။အကြမ်းဖျင်းအားဖြင့်သာ ရှင်းလင်းပါမည်။ ကင်းအဖွဲ့သည် ရန်သူနှင့် ရုတ်ချည်း ထိပ်တိုက်တွေ့ဆုံ ခဲ့ပါက ပစ်ခတ်ရမည် ဖြစ်သည်။ ကင်းသမားမှန်သမျှ ထိုင်၍ မစောင့်ရပါ။ လက်နက်ကို ကိုယ်နှင့်မကွာ ထားရှိရမည်။ ရန်သူကို မျက်နှာမူ၍ အမြဲကြည့်နေရမည်။ အမြဲတမ်းအသင့်ပြင်ထားရမည်။ သေနတ်ကို လည်း ကျည်ထိုးထားရမည်။ လုံခြုံရေးအထိန်း “ပစ်”ခလုတ် ဖွင့်ထားရမည်။ အဝေးတွင် ရန်သူတွေ့ပါက တစ်ဦးက စောင့်ကြည့်ပြီး ကျန်တစ်ဦးက သတင်းပို့ရမည်။ အနီးကပ်တွေ့ပြီး ရန်မူလာလျှင် အထက်သို့ အသိပေးချိန် မရှိလျှင် ပစ်ခတ်ပိုင်ခွင့် ရှိသည်။

ကင်းစောင့်စစ်သည် (၂)ဦးရှိနေချိန်တွင် တစ်ဦးအား ၀င်ရောက်လုံးထွေး၍ လက်နက်လုယူခြင်း ဖြစ်ခဲ့လျှင် ရန်မူလာသည့် အခြေအနေမျိုး ဖြစ်လာမည်သာ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် DKBA ဟုလည်းကောင်း၊ KKO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဟုလည်းကောင်း ထုတ်ဖော်ပြောကြားထား သူ တစ်ဦးအား ရန်သူ ဟူ၍ပင် စစ်သည်များက သတ်မှတ်ထားမည် ဖြစ်သည်။ ကင်းသားစစ်သည်တို့ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အရလည်းကောင်း၊
“အထိန်းအကွပ်မဲ့ကာ လက်နက်ဆွဲကိုင် ပြီး ပတ်ဝန်းကျင်ကို အန္တရာယ်ပြုခြိမ်းခြောက်နေသူကို ဖမ်းဆီးခြင်း” လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ စစ်မြေပြင်တွင် မိမိအား ရန်ပြုခြိမ်းခြောက်လာသော ရန်သူနှင့် တွေ့ကြုံလျှင် လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်အရလည်းကောင်း ပစ်ခတ်ဖမ်းဆီးခြင်းသည် Rules of Engagement ပင် ဖြစ်နေကြောင်း တွေ့ရှိ ရသည်။

          ဤနေရာတွင် အဓိကအချက်မှာ ကိုအောင်နိုင်သည် တပ်မတော်အား DKBA နှင့် KKO တပ်ဖွဲ့ ၀င်ဖြစ်ကြောင်း ပြောကြားထားသည့်အတွက် KKO အဖွဲ့မှ တိုက်ပွဲများတွင် ပါဝင်ပြီး သေနတ်လုယူ သေဆုံးမှုမျိုးကို တပ်မတော်က သတင်းထုတ်ပြန်ရန် အကြောင်း မရှိသော်လည်း ဇနီးဖြစ်သူ၏ စုံစမ်း မေးမြန်းမှုအပေါ် လူမှုရေးအရ ကူညီဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ဘက်က ထုတ်ဖော် ပြောကြားထားသည်။ သို့သော် ဆန္ဒပြနေသူများ၊ တောင်းဆိုနေသူများက သတင်းထောက် ဟူသော အမှတ်တံဆိပ်ကိုသာ တွင်တွင်ကျယ်ကျယ် သုံးနေကြသည်မှာလည်း နောက်ကွယ်တွင် စဉ်းစားစရာ အကြောင်း အချက်များစွာ ရှိနေနိုင်ပေသည်။ လက်နက်ကိုင်အဖွဲ့အစည်းဝင် ဖြစ်သော်လည်း သတင်း ထောက်၊ အလွတ်တန်းသတင်းထောက် ဟု အမည်ခံထားလျှင် မည်သို့ ဖြေရှင်းကြမည်နည်း။

          ဤဖြစ်စဉ်ကို သာဓကထား၍ “အလွတ်တန်းသတင်းထောက်” ၏ သတ်မှတ်ချက်ကို မည်သို့ စဉ်းစားကြမည်နည်း ဟူ၍ ပေါ်လာသည်။ Contributor နှင့် အလွတ်တန်းသတင်းထောက် မည်သို့ ပိုင်းခြားမည်နည်း။ သတင်းထောက် ဟုတ်ခြင်း၊ မဟုတ်ခြင်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် သတ်မှတ်ခြင်း မပြု ဟု ဆိုလျှင် မည်သည့် ပေတန်၊ မည်သည့်စံနှုန်းများဖြင့် တိုင်းတာကြမည်နည်း။ သတင်းထောက် ဟူသည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရင်းတနှီးနေရသည်မှာ ထုံးစံ ဖြစ်သည် ဟု ဆိုကြသူများလည်း ရှိနေသည်။ ထိုသို့ဆိုလျှင် စစ်သတင်းထောက် ဖြစ်သည်၊ လက်နက် ကိုင် အဖွဲ့အစည်းဝင် ဖြစ်သည်ကိုလည်း မည်သို့ ခွဲခြား စည်းခြား ကြမည်နည်း။ တစ်နိုင်ငံလုံးရှိ သတင်း ထောက်များအားလုံးအတွက် စံနှုန်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကဲ့သို့ သော ဦးဆောင်အဖွဲ့တစ်ဖွဲ့မှ သတင်းထောက် အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးရန် လိုအပ်လေမည် လား။ ဤသည်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စဉ်းစားသုံးသပ်၍ ဆောင်ရွက် ကြရန်သာ ဖြစ်ပါလိမ့်မည်။ သတင်းမီဒီယာများကို အကာအကွယ်ပေးရမည်မှ မှန်ပါသည်။ သို့သော် ရှင်းလင်း လွယ်ကူ ခိုင်မာ မှန်ကန်သော ကျင့်ဝတ်၊ စံနှုန်းနှင့် အင်္ဂါရပ်များ မရှိမဖြစ်တော့ လိုအပ်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

[Source: The Voice Weekly]
From:Hmuu Zaw

www.mmdailystar.com

ရိုဟင်ဂျာဟု သုံးနှုန်းလျှင် အိုဘားမားကို ဆန္ဒပြမည်

 အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂါလီလူမျိုးများ ကို ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုပါက ဆန္ဒပြမည်ဟု ရခိုင်တိုင်းရင်းသားလူမှု အဖွဲ့အစည်း အချို့၏ ဦးဆောင်သူများက ပြောသည်။

“သမ္မတဦးသိန်းစိန် ကိုယ်တိုင်က ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ တရားဝင်ပြော ထားပါ လျက် အိုဘာမားက လက်မခံဘဲ ထပ်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းပြောလာ မယ်ဆိုရင် ကျွန်တော်တို့ ကန့်ကွက် ဆန္ဒပြသွားမယ်” ဟု ကျောင်းသားသမဂ်္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက မဇ္ဈိမကို ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ၂၀၁၂ ခုနှစ်အတွင်း ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်၌ ရိုဟင်ဂျာဟု သုံးနှုန်းပြောကြားမှု အချို့ရှိခဲ့၍ ရခိုင်အမျိုးသားကွန်ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ အိုဘားမားထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခြင်း တို့ ဆောင်ရွက်ဖူးသည်။

ထို့ကြောင့် ၎င်း၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟု ထပ်မံသုံးနှုန်းခြင်းရှိမရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးနှုန်းပါက ဆန္ဒပြပွဲလုပ်သည် အထိ ကန့်ကွက်ရန် ရခိုင်တိုင်းရင်းသား အဖွဲ့အချို့က စီစဉ်နေခြင်းဖြစ်သည်။

ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် ပါဝင်ခဲ့သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု က “အိုဘားမားအနေနဲ့ ဧည့် သည်တော် အဖြစ်နဲ့လာတဲ့အခါမှာ အဲဒီတိုင်းပြည်က ပြည်သူတွေ မနှစ်သက် တဲ့ အသုံးအနှုန်းကို မသုံးတာ ပိုကောင်းပါတယ်။ ယဉ်ယဉ်ကျေး ကျေးသုံးမယ်ဆိုရင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များလို့ သုံးရင်လည်း ဖြစ်တာပဲ” ဟု ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကမူ “အမေရိကန်သမ္မတဆိုတာမျိုးက အင်မတန်ကြီးတဲ့ရာထူးကို ရယူထားတဲ့သူ ဖြစ်တယ်။ ဒါမျိုးလူတစ်ယောက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုသုံးသင့်တယ်၊ မသုံးသင့်ဘူး ဆိုတာမျိုး မှတ်ချက်မပေးရဲပါဘူး။ သူသုံးသင့်တဲ့ စကားကို သူသုံးမှာပဲ။ သူပြောတဲ့ စကားကိုလည်း သူတာဝန်ယူမှာပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဆန္ဒပြသင့်တဲ့ ကဏ္ဍဆိုရင်တော့ ဆန္ဒပြ သင့်တယ်။ ဒါပေမဲ့လည်း ရခိုင်တစ်မျိုးသားလုံး ဆတ်ဆတ်ထိ မခံတဲ့ လက်မခံနိုင်တဲ့ အသုံးအနှုန်းမျိုးကို သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ပါတီ အနေနဲ့ ဒီအတိုင်းမနေပါဘူး။ တစ်ခုခု တုံ့ပြန်သွားမှာပါ”ဟု ဆိုသည်

ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင် ထူးအောင်က “သမ္မတ အိုဘားမားအနေနဲ့ ဒီအသုံးအနှုန်းကိုပဲ ထပ်ပြီးသုံးမလား။ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးနာမည်ကို သုံးနှုန်းပြောဆိုလာမယ် ဆိုရင်တော့ ကျွန်တော် တို့ဘက်ကလည်း ကန့်ကွက်သင့် ကန့်ကွက်မယ်။ ရှုတ်ချသင့် ရှုတ်ချရမယ်၊ ဆန်္ဒပြသင့် ရင်လည်း ဆန္ဒပြသွားမည်”ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ရခိုင်အမတ် ဦးဖေသန်း ကလည်း ထိုသို့ သုံးနှုန်းလျှင် မည်သူ့ကိုမဆို ကန့်ကွက်သင့် သည်ဟု ပြောသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက် ရန်ရှိပြီး နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန် မြို့သို့ လာရောက်ရန်ရှိနေ သည်။

ယင်းသို့ အချိန်တွင် အမေရိကန် သံရုံးမှတစ်ဆင့် ကြိုတင် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရန် စီစဉ်နေသည်ဟု ကိုရဲမင်း ဦးကဆိုသည်။

From: Mizzima

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...