Friday, 14 November 2014

UN ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ အပိုင်း ( ၁ )



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံများစွာမှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၉ ရက်မှ ၁၃ရက်အထိ မြန်မာနိုင်ငံတွင် ရှိနေကြပေမည်။ အဆို ပါအစည်းအဝေးသည် အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေးကိစ္စများအပြင် ကမ္ဘာ့အရေးအခင်း များပါ ထည့်သွင်းဆွေးနွေးကြမည့် ဧရာမအစည်းအဝေး တစ်ခုဟုဆိုပါက မမှားနိုင်ပါ။

အဆိုပါ အစည်းအဝေးပွဲကို လက်ခံကျင်းပပေးခြင်းသည် မြန်မာနိုင်ငံ၏ပုံရိပ်ကို ကမ္ဘာ့ အလယ်မှာ မြှင့်တင်ပေးနိုင်သကဲ့သို့ ဒေသတွင်းနိုင်ငံများ ကြားတွင်လည်း မြန်မာက ခေါင်းဆောင်နေရာမှ ဦးဆောင် ခွင့်ရမည့် မဟာအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ယင်းအစည်း အဝေးပွဲကြီး မစတင်ခင်ရက်ပိုင်းအလိုတွင် UN နှင့် EU အဖွဲ့တို့မှ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution) တစ်ခုကို လာမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် တင်သွင်းရန် အောက်တိုဘာ ၃၁ရက်က ထုတ်ပြန်ခဲ့ပါသည်။

ထိုမူကြမ်းတွင် ရခိုင်ပြည်နယ်ထဲကိုရောက် ရှိနေသောဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်နှင့် ဘင်္ဂါ လီအားလုံးကို ရိုဟင်ဂျာဟု တရားဝင် သုံးနှုန်းခွင့်ပေးရန် ဖော် ပြပါရှိသည်။ ယခုကဲ့သို့ မြန်မာနိုင်ငံက မင်္ဂလာယူနေသော အချိန်အခါသမယတွင် ယင်းမူကြမ်းကို ထုတ်ပြန်လိုက်ခြင်း သည် တိုက်ဆိုင်မှုတစ်ခု(သို့) လုပ်ကြံမှုတစ်ခုဟု တွေးတော မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက ဘင်္ဂါလီများကို မြန်မာ အစိုးရအနေဖြင့် နိုင်ငံသားပေးရန် ယခုထက်ပိုပြီး ဖိအား ပေးသွားမည့်အကြောင်းကို ပြီးခဲ့သောရက်ပိုင်းတွင် AP သတင်းဌာနသို့ ပြောကြားခဲ့ပြန်သည်။ မစ္စတာနမ်ဘီးယား က ''တန်းတူအခွင့်အရေးကိုအခြေခံပြီး နိုင်ငံသားဖြစ်ခွင့်ကို အပြည့်အဝပေးရမယ်''ဟု ဘင်္ဂါလီများအတွက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာအစိုးရသည် ဘာသာရေးကိုပစ်မှတ်ထား တိုက်ခိုက်နေသည်ဟူ၍လည်း သူကစွပ်စွဲထားပြီး ယင်းကိစ္စ အတွက် အထူးစိုးရိမ်မိကြောင်း ထပ်လောင်းပြောကြားခဲ့ ပြန်သည်။ မစ္စတာနမ်ဘီးယား၏ မှတ်ချက်စကားနှင့်ပတ် သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ကျော် က ''မြန်မာပြည်မှာ ဘာသာရေးကိုပစ်မှတ်ထားပြီး တိုက်ခိုက် မှုတွေ လုံးဝမရှိဘူး''ဟု ပြတ်ပြတ်သားသား ငြင်းချက်ထုတ် ခဲ့သည်။

သို့သော် UN နှင့် EU အဖွဲ့တို့မှ ထုတ်ပြန်ထားသော ဆုံးဖြတ်ချက်မူကြမ်းအရ မြန်မာအစိုးရသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တစ်စုံတစ်ရာဖြေရှင်းရမည့် အခြေ အနေမျိုးဖြစ်နေသည်။ ထိုမျှမက ယင်းညီလာခံသို့ တက် ရောက်မည့် အဖွဲ့ဝင်နိုင်ငံတော်တော်များများကလည်း ဘင်္ဂါ လီကိစ္စတွင် မြန်မာအစိုးရဘက်မှ ရပ်တည်ပေးမည် မဟုတ် ဟု ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပါသည်။ အထူး သဖြင့် အမေရိကန်ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံသည် ရေနံ အလျှံအပယ်ထွက်နေသော အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံ များကို မျက်နှာလိုမျက်နှာရဖြစ်စေရန် ဘင်္ဂါလီအရေးကို လူ့ အခွင့်အရေးစံနှုန်းတစ်ခုဖြင့် ပြောဆိုဝေဖန်လာနိုင်ပါသည်။
ယခုလောလောလတ်လတ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးသို့ တက် ရောက်လာသည့် သမ္မတအိုဘားမားကို ဘင်္ဂါလီကိစ္စထောက် ပြပြောဆိုစေရန် အမေရိကန် ဟား ဗတ်အစီရင်ခံစာက ဖိ အားပေးတိုက်တွန်းမှုများရှိနေသည်။ အကယ်၍ ယင်းတိုက် တွန်းချက်ကို အိုဘားမားက အာဆီယံအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလာပါက ပြည်တွင်း အမျိုးဘာသာစောင့် ရှောက်ရေး(မဘသ)ဆရာတော်ကြီးများ၏ ကန့်ကွက်ဆန္ဒ ပြမှုကို အသေအချာကြုံတွေ့ရမည်။

မဘသဦးဆောင်ဆရာတော်တစ်ပါးက ''မြန်မာသမ္မတ ရဲ့ အမေရိကားခရီးစဉ်မှာ သူတို့အမေရိကန်နိုင်ငံရဲ့ ပြည် တွင်းရေးကို ဘာတစ်ခုမှ ဝင်ရောက်စွက်ဖက်ခဲ့တာမရှိဘူး။ အခုအမေရိကန်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်မှာ ရခိုင်မှာ ရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသားဖြစ်ခွင့်တောင်းဆိုလာမယ် ဆိုရင်တော့ မဘသဆရာတော်တွေက သူ့ကိုဆန္ဒပြကန့်ကွက် သွားမှာပဲ''လို့ အတိအလင်းပြောဆိုထားသည်။

ကုလသမဂ္ဂတွင် ဘင်္ဂါလီကိစ္စကို နိုင်ငံတချို့မှ မည်သို့ ပင် ထောက်ခံပြောဆိုလာကြစေကာမူ မြန်မာနိုင်ငံ၏ သမိုင်း အခြေခံနှင့် ပြည်သူတို့၏သဘောထားကို လေးစားလိုက်နာ ရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေး သာအောင်ကဆိုသည်။ ထို့ပြင် အမေရိကန်သမ္မတအိုဘား မားမလာခင်အချိန်လေးတွင် အဆိုပါ EU ၏ Draft resolution ထွက်လာခြင်းသည် ရိုးသားမှုမရှိသော ကြိုတင်ကြံစည် ချက်တစ်ခု သာဖြစ်ကြောင်း သူကဆက်ပြောသည်။

''ဘယ် နိုင်ငံကမှ ဒီကိစ္စကိုဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ မြန်မာ နိုင်ငံရဲ့သမိုင်းအခြေခံနဲ့ ပြည်သူတွေရဲ့သဘောထားကို လေး စားဖို့လိုတယ်။ အခုအိုဘားမား မြန်မာနိုင်ငံလာတဲ့အချိန် လေးမှာပဲ ဒီကြေညာချက်ကထွက်လာတော့ ဒါဟာ ကြိုတင် ကြံစည်မှုပဲ။ အရင်တုန်းက ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံမလာခင်တုန်းကလည်း ဒီလိုပြဿနာတွေကြုံရ ဖူးတယ်။ သူတို့မလာခင်မှာ အဲဒီလိုကြေညာချက်တွေထွက် လာလို့လဲ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာတွေရှိတယ်''ဟု ပြောသည်။

ပြည်တွင်းလူ့အခွင့်အရေးဆောင်ရွက်နေသည့် Equality Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင် မျိုးမင်းကတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို အောက် တိုဘာလမှ ဒီဇင်ဘာလလယ်အထိ နှစ်စဉ်ပုံမှန်ကျင်းပလေ့ ရှိသောကြောင့် ယခုအာဆီယံ Summit ကျင်းပချိန်နှင့် တိုက် ဆိုင်နေခြင်းသာဖြစ်ကြောင်း သူ၏အမြင်ကို ရှင်းပြသည်။

''အမှန်က သမ္မတအိုဘားမားလာမယ့်အချိန်နဲ့ အချိန် ကိုက်လုပ်တာမဟုတ်ဘူး။ သမ္မတအိုဘားမား လာမယ့်အချိန် ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးမယ့် အချိန်နဲ့ တိုက်နေတာပါ။ နှစ်တိုင်းနှစ်တိုင်း ကုလသမဂ္ဂအထွေ ထွေညီလာခံကို အောက်တိုဘာလကနေ ဒီဇင်ဘာလလယ် မှာ ကျင်းပနေကျပါ။ အဲဒီကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးရမယ့် အချက်တစ်ချက်ကို ဆွေးနွေး ရတယ်။ ဒါနှစ်တိုင်းလုပ်နေကျ။ အိုဘားမားက အခုအာဆီယံ Summit အတွက်လာတော့ သွားပြီးတိုက်ဆိုင်သလိုဖြစ်သွား တယ်''ဟုဆိုသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်း တွင် မြန်မာနိုင်ငံအကြောင်းစဉ်းစားသည့် တတိယကောင်စီ ၏ Agenda တစ်ခုရှိသည်။ အကယ်၍ နိုင်ငံအတွင်း လူ့အ ခွင့်အရေးချိုးဖောက်မှုရှိပါက ၄င်းအချက်ကို သတ်မှတ်ပြီး ဆွေးနွေးမှုပြုလုပ်ရသည်။ အဆိုပါလုပ်ငန်းစဉ်ကို ၁၉၉၂ ခု နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် နှစ်တိုင်း ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံနှင့် သက်ဆိုင်သော UN General Assembly Resolution ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ် လာပုံအဆင့်ဆင့်ကို ဦးအောင်မျိုးမင်းက ဆက်လက်ရှင်းပြ ခဲ့သည်။

သူက ''အဲဒါထွက်ဖို့လုပ်ထုံးလုပ်နည်းဟာ နိုင်ငံတစ်နိုင်ငံ က အဲဒီမူကြမ်းကိုရေးဆွဲမယ်။ နိုင်ငံ ၂ဝကနေပြီး ပဏာမ ထောက်ခံရတယ်။ အဲဒါကို ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးတဲ့နေ့ရောက်ရင် တင် သွင်းခွင့်ရမယ်။ အဲဒီနိုင်ငံအရေအတွက် ထောက်ခံမှုမရှိရင် တင်သွင်းခွင့်မရဘူး။ ဒီမူကြမ်းကို နှစ်တိုင်းနှစ်တိုင်း ရေးလေ့ ရှိတာက ဥရောပသမဂ္ဂ(အီးယူ)ပေါ့။ ဒါက အစဉ်အလာအ တိုင်းပဲ။ ဒါကြောင့် သမ္မတကြီးက အီးယူအကြီးအကဲတွေနဲ့ တွေ့တဲ့အခါမှာ ဒီမူကြမ်းကို မတင်ပါနဲ့လို့ သူ့ဘက်ကတိုက် တွန်းခဲ့တာရှိတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာ Issue တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရလုပ်နေတာကို သူတို့ဘက်က သုံးသပ်တဲ့ ယူဆချက် တွေပါမယ်။ ဒီမူကြမ်းကို အီးယူကတင်တဲ့အချိန်မှာ အားလုံး က ထောက်ခံလို့ရှိရင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဆိုပြီး ထွက်လာမယ်။ ထောက်ခံတယ် မထောက် ခံဘူးဆိုတာကိုတော့ တင်တဲ့နေ့ကျမှသိရမှာပါ'' ဟုဆိုသည်။

ဤနေရာတွင် ဆုံးဖြတ်ချက်မူကြမ်းတွင် မည်သည့်အ ချက်များ ပါဝင်သည်ကို သိရှိရန် လိုအပ်ပါသည်။ သေချာ သည်မှာ ဘင်္ဂါလီတိုင်းကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပေးရန် သူတို့က တောင်းဆိုလိမ့်မည်ဟု မထင်ကြောင်းနှင့် တောင်းဆိုခဲ့ပါကလည်း ယင်းအချက်သည် လက်တွေ့မကျ သည့်အတွက် ထောက်ခံသော နိုင်ငံများစွာရှိလိမ့်မည်မဟုတ် ကြောင်း ဦးအောင်မျိုးမင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စတစ်ခု သည် ကုလသမဂ္ဂအဆင့်အထိဖြစ်လာသည်ကို ပြည်တွင်းနိုင်ငံ ရေးအင်အားစုများနှင့် ရဟန်းသံဃာများကလည်း လက်မခံ နိုင်ကြောင်း ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသည်။ ဒီမိုကရေစီလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သည့် နာမည်ကျော် ရွှေညဝါဆရာတော်က ''အစိုးရက ရခိုင်ပြည် နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို ၁၉၈၂နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့် ဥပဒေနဲ့အညီ စိစစ်နေတယ်။ ဒါကို ကုလသမဂ္ဂကအထွေထွေ ညီလာခံမှာ မဲခွဲဆုံးဖြတ်လို့ ထောက်ခံသည်ဖြစ်စေ၊ မထောက် ခံသည်ဖြစ်စေ ဘုန်းကြီးတို့ကတော့ ရခိုင်ပြည်သူတွေရဲ့ သ
ဘောထား အတိုင်း၊ မြန်မ ပြည်သူတွေရဲ့သဘောထားအတိုင်း အမြဲ ရှေ့က နေရပ်တည်ပေးမယ်။ အနောက်နိုင်ငံတွေက မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဘင်္ဂါလီတွေကို လူ့အခွင့် အရေးနဲ့အညီ လွတ်လပ်ခွင့်မပေးဘူးလို့ သူတို့ပြောရင် အဲဒီ လူတွေကို သူတို့နိုင်ငံကိုခေါ်သွားသင့်တယ်လို့ပဲ ပြောရမယ်'' ဟုဆိုသည်။

မကြာမီကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ရိုဟင်ဂျာအရေးခေါင်း စဉ်ဖြင့် ဆွေးနွေးမှု၊ မဲခွဲမှုများပြုလုပ်ခဲ့မည်ဆိုပါက ယင်းအ နေအထားမှာ မြန်မာနိုင်ငံအတွက် ပြောပလောက်သည့် အခြေအနေမျိုးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အထွေထွေ ညီလာခံသည် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပြောဆိုဝေဖန်မှု၊ မဲခွဲဆုံးဖြတ်မှုများကို ၁၉၉၁ခုနှစ်လောက် ကတည်းက ပြုလုပ်ခဲ့သော်လည်း စံတင်လောက်သည့် ထိ ရောက်မှုများစွာ မရှိခဲ့ပေ။

အပိုင်း(၂) ဆက်လက်ဖတ်ရှုပါရန်။
From:YMG

www.mmdailystar.com

အချုပ်အခြာအာဏာကို ထိပါးတာလား


****************************
မြန်မာနိုင်ငံသည် ရေမြေသဘာဝအရ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနိုင်ငံတို့နှင့် နီးနီးကပ်ကပ် ထိစပ်နေ သည်။ ထို့ကြောင့် ယင်းနိုင်ငံများနှင့် ရှေးပဝေသဏီကာ လမှာပင် ကူးလူးသွားလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယ ဘက်အခြမ်းမှ ကူးလာသူများကို ကုလားလူမျိုးဟူ၍လည်း ကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့လာကြသည့် အင်္ဂလိပ် လူမျိုးများအား ကုလားဖြူဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ ကြသည့် သမိုင်းအထောက်အထားများရှိသည်။ အထူးသ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် မိုင်ပေါင်းများ စွာ ထိစပ်နေသဖြင့် ဟိုဘက်အခြမ်းမှ ဒီဘက်အခြမ်းသို့ လယ်ယာ ဝင်ရောက်လုပ်ကိုင်မှုများရှိခဲ့သည်။

ထိုသို့ဘင်္ဂ လားဒေရှ့်မှ ဝင်ရောက်လာသူများကို ဘင်္ဂါလီများဟု ခေါ် ဆိုခဲ့ခြင်းဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်သူ့လွှတ်တော်တွင် တရားဝင် လာရောက်ဖြေကြား ရှင်း လင်းထားပြီးဖြစ်သည်။

၁၉၇၃ ခုနှစ် သန်းခေါင်းစာရင်း မှတ်တမ်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင် တိုင်းရင်း သားမဟုတ်သည့် နိုင်ငံခြားလူမျိုးများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီနှင့် နီပေါဟူ၍သာ ဖြည့်စွက်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး စာ ရင်းတွင် ရိုဟင်ဂျာဟူသော လူမျိုးကို ထည့်သွင်းထားခြင်း မရှိပါ။ ထို့ကြောင့် ယခု ရိုဟင်ဂျာဟု သူတို့ကိုယ်သူတို့ သုံး နှုန်းနေသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာသည့် နိုင်ငံခြား သား ဘင်္ဂါလီလူမျိုးများသာ ဆိုရမည်။ ထိုဘင်္ဂါလီလူမျိုး များကို ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းခေါ်ဆိုကြရန်နှင့် မြန်မာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အရေးဆို တောင်းဆိုလာခြင်းသည် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးသည့် ကိစ္စတစ်ခု သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း ညွန့်က ရှင်းပြသည်။

သူက ''ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ် သက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေ ကို ဆန့်ကျင်ပြီး အခုလို အထွေထွေညီလာခံမှာ တင်တယ် ဆိုရင် ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး တာပဲ။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် တွေက သန်းခေါင်စာရင်း မှတ်တမ်းတွေမှာ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားသား လူမျိုးများစာရင်းကို တရားဝင် ထုတ်ပြန်ထားတာ ရှိတယ်။ အဲဒါက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးတွေပေါ့။ အဲဒီမှာ ရိုဟင် ဂျာဆိုတာ လုံးဝမပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့နိုင်ငံ က တရားဝင်သတ်မှတ်ထားတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲ မှာလည်း ရိုဟင်ဂျာဆိုတာ မပါဘူး။ ကချင်လူမျိုးစုက ၁၁ ခု၊ ကယားလူမျိုးစုက ကိုးခု၊ ကရင်လူမျိုးစုက ၁၁ ခု၊ ချင်း လူမျိုးစုက ၅၃ ခု၊ ဗမာလူမျိုးစုက ကိုးခု၊ မွန်လူမျိုးစုက တစ်ခု၊ ရခိုင်လူမျိုးစုက ခုနစ်ခု၊ ရှမ်းလူမျိုးစု ၃၂ ခုဆိုပြီး အသီးသီးရှိပါတယ်။ အဲဒီ ရခိုင်လူမျိုးစုခုနစ်ခုကို ပြန်ကြည့် ရင် (ရခိုင်၊ ကမန်း၊ ခမွီး၊ ဒိုင်းနက်၊ မရနာကြီး၊ မြို၊ သက်)ဆိုပြီး ပါတယ်။ ရိုဟင်ဂျာဆိုတာ လုံးဝမပါဘူး။ ဒီလိုမပါ တဲ့ လူမျိုးကို တရားဝင် နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ EU ကပဲ တောင်းဆိုတောင်းဆို၊ အမေရိကန်ကပဲ ဖိအားပေးပေး၊ UN ကပဲ ဆုံးဖြတ်ချက် ချချ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါး တဲ့ကိစ္စဖြစ်တဲ့အတွက် အတိအလင်း ငြင်းပယ်ရမယ်''ဟု ပြောသည်။

ထိုရခိုင်လူမျိုးစုစာရင်းတွင် ပါဝင်သည့် ကမန်းလူမျိုး များသည် မူဆလင်ဘာသာကို ကိုးကွယ်ကြသူများ ဖြစ် သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် UN ကိုယ်စား လှယ်တော်ကြီးများ ပြောဆိုနေသော မြန်မာနိုင်ငံတွင် ဘာ သာရေးဖိနှိပ်မှု ပြုလုပ်နေသည်ဟူသည့် စွပ်စွဲချက်မှာ သံသ ယဖြစ်စရာ ကောင်းနေသည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ များတွင် မိမိ ယုံကြည် ကိုးကွယ်ရာဘာသာကို လွတ်လပ် စွာ ကိုးကွယ်ခွင့်ပြုကြောင်း အတိအလင်း ပြဋ္ဌာန်းခဲ့သည်။

ယခုကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့် ဘာသာဝင်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့မှ စ၍ နိုင်ငံတွင်း ရှိ နေသည့် ကိုးကွယ်ရာဘာသာအဖြစ် သတ်မှတ်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းပါရှိသည်။

ထို့ပြင် ပုဒ်မ ၃၆၃ တွင် လည်း နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်ဟု ရေးသား ထားပြန်ရာ UN အဖွဲ့နှင့် အနောက်နိုင်ငံများ၏ မြန်မာ နိုင်ငံအပေါ် ပြောဆိုဝေဖန်မှုများသည် မျှတသည်ဟု လက် ခံရန် ခက်ခဲလှပါသည်။

ယခုရက်ပိုင်းတွင် ထွက်ရှိလာသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဟားဗတ်အစီရင်ခံစာနှင့် EU Draft Resolution ဆုံးဖြတ်ချက်မူကြမ်းများသည် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနှင့် အချိန်ကိုက် ဖြစ်နေသည်မှာ မြန်မာပြည်သူများအတွက် စဉ်းစားစရာကောင်းနေသည်။ ယခင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစားများကဲ့သို့ပင် ယခု အစီရင်ခံစာတွင်လည်း ဘက်လိုက်မှုများ ရှိနေသဖြင့် သက် ဆိုင်ရာ အဖွဲ့အစည်းများကို ကန့်ကွက်ကြောင်း မစိုးရိမ် ဆရာတော် ဦးဝီရသူက မိန့်ကြားခဲ့သည်။

''အနောက်အုပ်စုက သတင်းထုတ်ပြန်တဲ့ အခါမှာ ဘက်လိုက်ပြီး ထုတ်ပြန်မှုတွေ အမြဲလုပ်ခဲ့တယ်။ ကိုယ့် နိုင်ငံသားတွေရဲ့ အရေးကို နိုင်ငံတကာက ဆုံးဖြတ်ခွင့် မရှိဘူး။ အဲဒီအဖွဲ့တွေက မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီ အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုရင် အဲဒီဘင်္ဂါလီ တစ် သိန်းလောက်ကို သူတို့နိုင်ငံသို့ ခေါ်သွားသင့်တယ်။ အဲဒီ လိုလုပ်ရဲရင် မြန်မာပြည်သူလူထုက သူတို့ ကုလသမဂ္ဂ အဖွဲ့ကို ကမ္ဘာတည်သရွေ့ ချစ်သွားကြမှာပါ''ဟု မိန့်ကြား ခဲ့သည်။

မည်သို့ပင်ဆိုစေ လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာပြည်အရေး ဆွေးနွေးကြသောအခါ ဘင်္ဂါလီကိစ္စသည် ထိပ်ဆုံးက ပါဝင်လာတော့မည်။ သို့ သော် အထွေထွေညီလာခံသည် ကမ္ဘာ့အရေးအရာများကို မည်မျှ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါသနည်း။ ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံအရ အထွေထွေညီလာခံသည် အဖွဲ့ဝင်နိုင်ငံတိုင်း တက်ရောက်ခွင့်ရှိသည့် အစည်းအ ဝေးတစ်ခုဖြစ်ပြီး ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ် ဖြေရှင်းရန် လုံခြုံရေးကောင်စီကဲ့သို့ အခွင့်အာဏာရှိသည့် အဖွဲ့အစည်း တစ်ခုမဟုတ်ပေ။ ထို့ကြောင့် အထွေထွေညီ လာခံသည် အဖွဲ့ဝင်နိုင်ငံတချို့မှ တင်လာသော ဆုံးဖြတ် ချက်မူကြမ်းများကို နိုင်ငံရေးအရ အသံထွက်အောင် ဝိုင်း ဝန်းဟစ်အော်ပေးသော အဖွဲ့အစည်းအဆင့်သာ ရှိသည်။

တရားလွှတ်တော်ရှေ့နေလည်းဖြစ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည့် ဦးသိန်းညွန့် က ''အခု ဘင်္ဂါလီကိစ္စကို ကုလသမဂ္ဂမှာ တင်သွင်းလာရင် မြန်မာနိုင်ငံကို ဖိအားတစ်ခု ရလာမယ်ဆိုတဲ့ သဘောပဲ ရှိတယ်။ ကုလသမဂ္ဂမှာ Action ယူနိုင်တာက လုံခြုံရေး ကောင်စီအဖွဲ့တစ်ခုပဲ ရှိတယ်။ အထွေထွေညီလာခံက နိုင်ငံ ရေးအရ ဘာညာပြောတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲရှိတာ။ လုံခြုံ ရေးကောင်စီလို အရေးယူဆောင်ရွက်နိုင်တာမှ မဟုတ် တာ။ ပြည်တွင်းမှာ အစ္စလာမ်ဘာသာကို ဖိနှိပ်နေတာတို့၊ လူနည်းစုကို ဖိနှိပ်နေတာတို့စတဲ့ သူတို့လိုချင်တဲ့ နိုင်ငံရေး အသံတွေကို ဖော်ပြနိုင်တဲ့ အဆင့်ပဲရှိပါတယ်။ ဒီအထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့အတွက် အ သွားထက်တဲ့ ဓား မဟုတ်ပါဘူး''ဟု ပြောပြသည်။

ကုလသမဂ္ဂမှာရော အာဆီယံအဖွဲ့ကြီးမှာပါ ရိုဟင် ဂျာ Issue ကို ပြောဆိုခဲ့ကြသည်မှာ အချိန်ကာလကြာပြီ ဖြစ်သည်။ အာဆီယံနိုင်ငံတချို့က ရိုဟင်ဂျာအရေးသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်နေသည်ဟူ၍ ပြောဆိုသည်အထိ လေသံပစ်ခဲ့ကြ သည်။ ပြီးခဲ့သောနှစ် ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးစုတို့အကြား ပဋိပက္ခဖြစ် ပွားပြီးချိန်တွင် UN အပါအဝင် လူသားချင်းစာနာမှု ခေါင်း စဉ်ဖြင့် ပြည်ပ INGO များစွာ ရခိုင်ပြည်နယ်တွင် ဝင် ရောက်လာခဲ့ကြသည်။ အမှန်စင်စစ် ရခိုင်ပဋိပက္ခကို စတင် မီးမွှေးသူများထဲတွင် ကုလသမဂ္ဂအဖွဲ့မှ ယင်းဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်နေသူများပါ ပါဝင်ပတ် သက်နေသည်ဟူသော သက်သေအထောက်အထားများ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ပဋိပက္ခနောက်ပိုင်း ဒုက္ခသည် များကို အကူအညီပေးရာတွင် ရခိုင်လူမျိုးများထက် ဘင်္ဂါလီ များကို ပို၍ ဘက်လိုက်ထောက်ပံ့ ကူညီနေသည်ဟူသော အသံများလည်း ဆူဆူညံညံ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားတို့သည် UN အပါအဝင် ပြည်ပ INGO များကို ယုံကြည်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင် က ''လူသားအချင်းချင်းမို့ လူသားချင်း စာနာမှုအကူအညီ များ ပေးအပ်တာကို လက်ခံနိုင်စရာရှိပေမယ့် သူတို့အား လုံးကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့ကတော့ မဖြစ် နိုင်ဘူး။ ကျွန်တော်တို့မှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ရှိတယ်။ အဲဒီဥပဒေမှာ ၁၈၂၄ ခုနှစ်မတိုင်ခင် သမိုင်းအ စဉ်အလာအရ တည်တည်တံ့တံ့ ခိုင်ခိုင်မာမာ နေထိုင်ခဲ့ တဲ့လူတွေကိုပဲ နိုင်ငံသား ဖြစ်ခွင့်ပေးရမယ်။ ဒါကို ကိုယ့် သဘောနဲ့ကိုယ် နိုင်ငံသားပေးပါလို့တော့ လာပြောလို့ မရ ဘူး။ ပြီးတော့ တိုင်းရင်းသားဖြစ်ဖို့ ကြိုးစားတာကိုလဲ လက်ခံ လို့မရဘူး။ ဒါကို ကုလသမဂ္ဂမှာ ဘာပဲပြောပြော သူတို့ ဘာသာ သူတို့ ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော်တို့က လုံးဝလက်မခံဘူး''ဟု UN နှင့် EU အဖွဲ့တို့မှ တင်သွင်း သော မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မူကြမ်း (Draft Resolution)ကို လက်မခံနိုင်ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုခဲ့သည်။
From:YMG

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...