Monday, 17 November 2014

ဝမ်းနည်းကြေကွဲ ထိတ်လန့်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန် မြန်မာသရဲဇာတ်ကားကို အမေရိကန်မှာ လာပြဖို့ ကမ်းလှမ်း

သရုပ်ဆောင် သူထူးစံ၊ ခွန်းဆင့်နေခြည်တို့ သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်တဲ့ မိုင်တိုင် ၂၆ ရုပ်ရှင်ဇာတ်ကားကြီးကို အမေရိကားမှာ သွားရောက်ပြသသွားမယ့်အကြောင်း သရုပ်ဆောင် ခွန်းဆင့်နေခြည်ကို မေးမြန်းကြည့်မိတဲ့အခါမှာတော့ ‘အစ်မတို့ရဲ့ မိုင်တိုင်၂၆ ဇာတ်ကားကို New Year ကျရင် အမေရိကားမှာ စတင်ပြသမှာ ဖြစ်ပါတယ်။ အဲဒီအပြင် နယူးယောက်မြို့ ဆန်ဖရန်စ္စကို၊ လော့အိန်ဂျလိစ်၊ ဖရော်ရီဒါ စတဲ့မြို့တွေမှာလည်း ပြသသွားအုံးမှာဖြစ်ပါတယ်။

မိုင်တိုင် ၂၆ဇာတ်ကား ကိုအမေရိကားမှာ သွားရောက်ပြသဖို့အတွက် ကမ်းလှမ်းခြင်းခံရတာပါ။ အဲဒီလိုကမ်းလှမ်းခြင်းခံရတဲ့ အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ မိုင်တိုင်၂၆ ဇာတ်ကားကိုပြသတဲ့အပြင် သီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေရအုံးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အ၀တ်အစားပိုင်း နဲ့ပတ်သက်ပြီး သေချာကြိုတင် ပြီးပြင်ဆင်နေပါတယ်။ ဒီဇင်ဘာ ၂၈ရက်နေ့ မှာသွားရမှ ဖြစ်လို့ ဒီဇင်ဘာ ၂၉ရက်နေ့ အကယ်ဒမီပွဲကိုတော့ မတက်ရောက်နိုင်တော့ပါဘူး။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကြားနေရတာတော့ န၀ရတ်နဲ့ ချောရတနာလို့တော့ ကြားပါတယ်။ သူတို့သရုပ်ဆောင် ထားတာတွေကလည်း ကောင်းကြပါတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။
From: Trend Myanmar

www.mmdailystar.com

စစ်သားတွေနေတဲ့အဆောင်မှာ ခြောက်တဲ့သရဲမ(ဖြစ်ရပ်မှန်)

(ကိုအေးချမ်းအောင် ပြောပြတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ပါခင်ဗျာ)

ကျွန်တော်က စလုံးမှာနေနေတာပါ
PR(permanent residant) ရထားတာဆိုတော့ စလုံးဥပဒေအရ စစ်မှုမထမ်းမနေရ နှစ်နှစ် ထမ်းရတယ် ဒီလိုနဲ့ စစ်မှုထမ်းတော့ camp မှာသွားနေရတယ်လေ camp ဆိုတာလဲ training သီးသန့်ဆိုတော့ စလုံးမှာမထားဘဲ စလုံးနဲ့ မလှမ်းမကမ်းက ကျွန်းမှာ သွားနေရတယ်။ မသွားခင်တော့ သူငယ်ချင်းတွေ စစ်မှုထမ်းပြီးတဲ့ လူတွေကပြောတာပေါ့ သရဲခြောက်တယ် သတိထား ဘုရားရှိခိုး အိပ်ပေါ့။ ကျွန်တော်သရဲ တွေကို မယုံမကြည်မလုပ်ပါဘူး။ ကြောက်လည်းမကြောက်ဘူး။ ရှိတာတော့ယုံတယ်။
အကယ်လို့ တွေ့ခဲ့သည်ရှိတယ် စိတ်ကိုဘယ်လို ပြင်ဆင်ရမလဲ ကြောက်စိတ်မဖြစ်မောင် ဘယ်လိုထိန်းချုပ်ရမလဲ အမြဲ စဉ်းစားတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ training စဆင်းရတာပေါ့။ training ဆင်းတဲ့သူတွေမှာ တစ်ချို့က ကျန်းမာရေးအခြေအနေကြောင့်မလုပ်နိုင်တဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ အဖွဲ့ မှာ နှစ်ယောက်ပါတယ်။ နေ့တိုင်းနီးပါး ဆေးခန်းသွားပြရတယ်ကြာတော့ သူတို့ sergeant တွေက OOT(out of training)ဆိုပြီး တံဆိပ်လေး ကပ်ပေးထားလိုက်တယ်။ OOT ဆိုတော့ ညာဆိုဘာမှ လုပ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ training လုပ်ရင် လုပ်ရတဲ့ ပစ္စည်းတွေ သယ်ပေးရတာတို့
လျှော်ပီးသား အိပ်ယာခင်းတွေ ပြန်သယ်ရတာတို့လောက်ပဲလုပ်ရတော့တယ်။ အဲဒီ နှစ်ယောက်တည်းက တစ်ယောက်က သရဲတွေကို မြင်ရတယ်လို့ပြောတယ်။ မြင်ရတယ်ဆိုတာကလည်း သရဲက ပြလို့မြင်ရတာမဟုတ်ဘဲ သူ့မျက်စိကိုက မြင်ရတာ။ ဒါတောင်မကသေးဘူး သရဲနဲ့စကားတောင်ပြောလို့ရတယ်ဆိုပဲ။ အစကတော့ကျွန်တော်လည်းမယုံဘူး။
အခုမှဇာတ်လမ်းကစတာ တစ်နေ့ကျွန်တော်တို့ အခန်းထဲ ဆံပင်အဖြူ အရှည်ကြီးတစ်ပင် တွေ့တယ် တွေ့တဲ့ သူက သူ့ဟာ ကိုယ့်ဟာ ဆိုပြီး စနေသေးတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၆ယောက်နေရပါတယ်။

ပြီးတော့ စလုံးမှာ စစ်မှုထန်းတဲ့ ပထမ လေးလ ကို အကုန်လုံး ကတုံးတုံး ရပါတယ်။ ပြီးတော့ camp မှာလည်း မိန်းကလေး ကဟင်းချက်တဲ့ အဖွားကြီးတို့ office မှာထိုင်တဲ့ မိန်းကလေူ တွေရှိပါတယ်။ ဒါပေမယ်သူတို့ တွေက တပ်သား တွေအဆောင်ကို လာလို့မရပါဘူး။ ထူးဆန်းတာ ဆံပင်က ဘယ်ကရောက်လာတာလဲ။ စစပိုင်းတော့ဘယ်သူမှသတိမထားမိဘူး။ နောက်ပိုင်းရက်တွေမှာ သရဲမြင်ရတယ်ဆိုတော့ တစ်ယောက်ကပြောတယ် အခန်းတွေရှေ့ကနေ ကောင်မလေး တစ်ယောက်ဖြတ်ပြေးသွားတာမြင်တယ်တဲ့ ကောင်မလေး က အရမ်းကြောက်လန့်နေတယ်တဲ့။ တော်တော်စဉ်းစားရခက်တာက ယောက်ျားလေး တွေ စစ်မှုထမ်းတဲ့ အဆောင်မှာ မိန်းကလေူသရဲ ရှိတယ်ဆိုတာပဲ။

 တော်တော်ကြာလာတဲ့တစ်နေ့ ကျွန်တော် တို့ training တွေပြီးလို့ အဆောင်ကို ပြန်တက်လာတယ်။ ကျွန်တော်တို့ အဆောင်က ၅ထပ်ရှိတယ် ။ အပေါ်ဆုံးထပ်ပဲ။ကျွန်တော်အပေါ်ထပ်ရောက်ခါနီးမှာ အသံကြားလိုက်ရတယ် "get out, get out from here. Don't come." ဆိုပြီးအမိန့်ပေးတဲ့ အသံနဲ့ ဗျာ။ အသံကတော့ရင်းနှီးတယ်။ သရဲမြင်ရတယ်ဆိုတဲ့ငောင်ရဲ့အသံ။ သူဘယ်သူ့ကိုပြောနေတာလဲဆိုတာတော့ မသိဘူး ကျွန်တော်က ၄ လွှာမှာပဲရှိသေးတာကိုး။ ဒါနဲ့အပေါ်တက်လာရော လှေခါးဆင်းတဲ့ အသံတွေကြားရပြီး ကျွန်တော့်ကိုဝင်တိုက်သွား တာ ကျွန်တော်တောင်လဲကျတော့မလို့ကံကောင်းတယ်။ အဲဒါနဲ့အပေါ်ကိုအမြန်ပြေးတက်သွားပြီး ဟိုတစ်ယောက်ကိုမေးတော့ သရဲမလေးတဲ့ အဆောင်ပေါ်ရောက်လာလို့ အော်ထုတ် လိုက်တာတဲ့ ဒီတစ်ခါတော့သူမြင်ရတယ် စကားပြောလို့ရတယ်ဆိုတာ မယုံလို့မရတော့ပါဘူး။ ဒါနဲ့ကျွန်တော်လည်း စစနောက်နောက်နဲ့ နောက်တစ်ခါတွေ့ရင် အဲဒီသရဲမလေး ကိုမေးလိုက်ကွာ မြန်မာလိုပြောတတ်လားလို့ ပြောလိုက်တယ်။

 ဒီလိုနဲ့ကျွန်တော်တို့ field camp ထွက်ရမယ့်ရက်ရောက်လာတယ် ၅ ရက်လောက်ကြာမယ်။ တောထဲမှာပဲနေရမှာ အဆောင်ပြန်လို့မရဘူး။ OOT နှစ်ယောက်က ပဆောင်မှာကျန်ခဲ့တာပေါ့ အဲဒီမှာစတာပဲ။ ညဘက် ရောက် သရဲမမြင်ရတဲ့တစ်ယောက်က အိမ်သာသွားတတ်တယ်တဲ့ အိမ်သာတတ်ပြီး ပြီး လက်ဆေးနေတဲ့ အချိန် မှန်ထဲ ကနေသရဲကိုလှမ်းမြင်လိုက်ရတယ် တဲ့။ သရဲက အိမ်သာ တံခါးပေါက်ဝမှာ မတ်တပ်ကြီးရပ်နေတာတဲ့။ ကောင်မလေးတော့မဟုတ်ဘူး ။ မိန်းမကြီးတဲ့။ ခေါင်းကြီးငုတ်ထားပြီး မျက်နှာကို ဆံပင် အဖြူအရှည်ကြီးနဲ့ ဖုံးထားတယ်တဲ့။ တစ်ကိုယ်လုံးအဖြူဝမ်းဆက်တဲ့။ သူလှည့်ကြည့်တော့ မမြင်ရတော့ဘူးတဲ့ သူလည်းကြောက်လို့ နောက်တောင်လှည့်မကြည့်ဘူး ပြေးတာဆိုပဲ။ ကျွန်တော်တို့ပြန်ရောက်လာတော့ သူပြန်ပြောပြတာပဲ။ ဒါနဲ့ ကျွန်တော်အိမ်သွားတိုင်း အမျှဝေတယ် အနှောက်အယှက်မပေးပါနဲ့ပေါ့။

နောက်ဆုံး ညရောက်တော့ အဲဒီ မိန်းမကြီးပဲဖြစ်မယ် ကျွန်တော်အိပ်နေတုန်း ကုတင်လာ လှုပ်တယ်။ ကုတင်က နှစ်ထပ်ကုတင်။ ကျွန်တော်က အောက်မှာ အိပ်တာ ဆိုတော့ အပေါ်ကတစ်ယောက်လှုပ်တယ်ပဲထင်တာ နောက်တော့ ဆောင်ပါလာလှန်တယ်။ကျွန်တော်လည်း အမျှပဲပေးဝေ ပြီး မနှောက်ယှက်ဖို့ပြောမှ ငြိမ်သွားတယ်။ ကျွန်တော်ထင်တာတော့ လာနှုတ်ဆက်တာလားမသိဘူး။
ဒါကတော့ ကျွန်တော်ကြုံခဲ့ ရတဲဘ စလုံးကအဖြစ်အပျက်လေးပါ။ လုပ်ကြံဖန်တီးထားတာမဟုတ်ပါ။ မယုံကြည်ပါက အိမ်သာမှာ အခြောက်ခံရတဲ့ သူငယ်ချင်းအကောင့်ရှိပါတယ်။ Singaporean. ပါ။ သူ့ကိုမေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

(ဇာတ်လမ်းရေးသားပြောပြပေးသော ကို အေးချမ်းအောင်ကို အက်ဒမင်များမှ အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျာ....)
Post By:မောင်မိုးတိမ်.
By သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

From:News Myanmar

www.mmdailystar.com

အိုဘားမားခရီးစဉ်အတွင်း နွေးထွေးစွာ ကြိုဆိုခဲ့သဖြင့် အစိုးရနှင့် ပြည်သူကို ကျေးဇူးတင်ကြောင်း အမေရိကန်သံရုံးထုတ်ပြန်

 နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံရှိ နေပြည် တော်နှင့် ရန်ကုန်မြို့များသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် သမ္မတအိုဘားမားကို မြန်မာအစိုး ရနှင့် ပြည်သူလူထုမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန်ရန်ကုန်သံရုံးမှ နိုဝင်ဘာ ၁၄ ရက်တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲ တွင် နေပြည်တော်နှင့် ရန်ကုန်တို့ ရှိ အာဏာပိုင်များ၊ မြို့တော်သူ၊ မြို့တော်သားများအနေဖြင့် ၎င်း တို့သမ္မတအား နွေးထွေးစွာ၊ ဂုဏ် ပြုကြိုဆိုမှုများနှင့်   အောင်မြင် သောခရီးစဉ်ဖြစ်ရန် အစွမ်းကုန် ကူညီပေးခဲ့ကြကြောင်း၊ ရန်ကုန် သို့ လည်ပတ်စဉ် လိုအပ်သည့် အထူးအစီအစဉ်များနှင့် လမ်းများ စွာ အသုံးပြုခွင့်ပေးခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ အဆင် မပြေမှုများ တွေ့ကြုံခဲ့မှုအပေါ် တောင်းပန်ကြောင်း၊ တစ်နေကုန် လမ်းတစ်လျှောက် လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့မှုများနှင့် နားလည်ပေး မှုများကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင်အမေရိကန်သမ္မ တမြန်မာနိုင်ငံတွင်ရှိနေခဲ့သည့် ၂ ရက်အတွင်း နိုင်ငံတွင်းရှိ   နိုင်ငံ ရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့ အစည်းခေါင်းဆောင်များနှင့် လူ ငယ်များကို တွေ့ဆံခဲ့သည်။
သမ္မတအိုဘားမားက ဤတိုင်းပြည်၏ ကြီးမားသည့်အလား အလာကို သိနားလည်လာကြရန် လုပ်ဆောင်စရာ များစွာရှိသေး ကြောင်း၊ အမေရိကန်ပြည်ထောင် စုသည် လာမည့်ရက်များ၊ နှစ်များ အတွင်း၌လည်း မိတ်ဖက်တစ်ဦး၊ ဆွဲဆောင်စည်းရုံးသူတစ်ဦးအနေ ဖြင့် ၎င်း၏ ခိုင်မာသော ကာလ ရှည်ထားခဲ့သည် သံန္နိဋ္ဌာန်ကို စွန့် လွှတ်မည်မဟုတ်ကြောင်းဖော်ပြ ခဲ့သည်။

From:7day

www.mmdailystar.com

စစ်ကျွန် ပညာရေး ဥပဒေ ဆိုတာဘာလဲ... သိချင်သူများ..... !!

အမျိုးသားပညာရေး ဥပဒေ ကို …
ကျွန်ပညာရေး ဥပဒေ …
စစ်ကျွန် ပညာရေး ဥပဒေဆိုတဲ့  ....
အသံတွေ ထွက်လာတော့ …
မျက်ကလူးဆန်ပြာ ဖြစ်ပြီး …
ကမန်းကတန်း ထရှာ ...
ဖတ်မိရ ပြန်ပါတယ် …..
ဘာတွေတွေ့ ရလဲဆိုတော့ ....
အမျိုးသားပညာရေး ဥပဒေမှာ …
အခြေခံမှု ၁၃ ချက် ပါဝင်တာတွေ့ ရပါတယ် …
အရေးကြီးတဲ့ အချက်တွေက …
ဒီအချက်တွေ ဖြစ်ပါတယ် …
# လူမူရေး စီးပွားရေးမှာ ....
လက်တွေ့ အသုံးချနိုင်တဲ့  ပညာရေး ဖြစ်ရမယ် …
# တက္ကသိုလ် ကောလိပ်များဟာ ....
လွတ်လပ်သော စီမံခန့် ခွဲခွင့်နဲ့  ရပ်တည်နိုင်ရမယ်...
# ကျောင်းသားတွေဟာ ...
ကိုယ်ဆန္ဒရှိတဲ့ တက္ကသိုလ်ကို တက်နိုင်တယ် …
တက္ကသိုလ်က သတ်မှတ်ထားတဲ့  ...
အရည်အချင်း နဲ့ တော့ ပြည့်မီရမယ် ...
# ကျောင်းများမှာ ...
ဘာသာရေး နဲ့  နိုင်ငံရေး စွက်ဖက်မူ မရှိစေရဘူး...
# မသင်မနေရ ...
အခမဲ့  မူလတန်း ပညာရေးစနစ် ကျင့်သုံးရမယ်...
# ပညာရေးအဆင့်တိုင်း နဲ့ ပညာရပ်နယ်ပယ်တိုင်းမှာ ….
အဆင့်အတန်းသတ်မှတ်ပြီး …
အရည်အသွေးကို အာမခံနိုင်တဲ့  စနစ်ကို ဆောင်ရွက်မယ် …
# ပညာရေးဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့  …
လူမှု ဘ၀မြင့်မားရေးကို ဆောင်ရွက်မယ် …
သူတို့ ရဲ့ စွမ်းရည်မြင့်လာတာနဲ့ အမျှ …
ဗဟိုချုပ်ကိုင်မှုကို လျော့ချသွားမယ် …
ဒီလိုမျိုး ပါဝင်တာ တွေ့ ရပါတယ် ....
ဒီဥပဒေမှာ ....
ပညာရေး စနစ်ကို သုံးမျိုး ပိုင်းခြားထားပါတယ် …
အခြေခံပညာရေး ...
နည်းပညာ နှင့် သက်မွေးပညာရေး နဲ့  …
အဆင့်မြင့် ပညာရေး တို့ ဖြစ်ပါတယ် …
အခြေခံပညာရေး
==========
အခြေခံပညာကို ....
မူလတန်း ၊ အလယ်တန်း နဲ့  …
အထက်တန်းဆိုပြီး ....
အဆင့်သုံးဆင့်ပိုင်းခြားတယ် …
၁၂ နှစ် သင်ယူရမယ် …
အဆင့်တစ်ခုစီအတွက် သင်ယူတတ်မြောက်မှုကို ….
စစ်ဆေးအကဲဖြတ်ခံရမယ် …
အင်္ဂလိပ်စာကို မူလတန်းက စသင်ယူရမယ် …
နည်းပညာ နှင့် သက်မွေးပညာရေး
====================
အမျိုးအစား လေးမျိုးခွဲခြားပါတယ် …
မူလတန်းအောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
အလယ်တန်း အောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
အထက်တန်း အောင်တဲ့ သူတွေ တက်နိုင်တဲ့  ပညာရေး
မည်သူမဆို တက်နိုင်တဲ့  ပညာရေး တို့ ဖြစ်ပါတယ် ….
ဒီသင်တန်းတွေရဲ့ သင်ရိုးညွှန်းတမ်း …
သင်တန်းကာလ နဲ့  ...
အပ်နှင်းမယ့် ဒီပလိုမာ အမျိုးအစားတို့ ကို …
သက်ဆိုင်ရာ ၀န်ကြီးဌာနက သတ်မှတ်မှာ ဖြစ်ပါတယ်…
အဆင့်မြင့်ပညာရေး
============
ကျောင်းတွေအားလုံး ….
လွတ်လပ်စွာ အုပ်ချုပ်ခွင့် စီမံခန့် ခွဲခွင့် ရှိတယ်...
သင်လိုတဲ့ ပညာရပ်နဲ့ ကျောင်းကို ….
လွတ်လပ်စွာရွေးချယ်သင်ယူနိုင်တယ် …
သို့ သော် ကျောင်းက သတ်မှတ်တဲ့  ….
အရည်အချင်းတော့ ပြည့်မီရမယ် …
ကျောင်းတွေဟာ …
သုတေသနနဲ့  ပညာရပ်ဖွံ့ ဖြိုးမှုကို ဦးစားပေးရမယ် …
အဆင့်မြင့် ပညာရေးမှာ ….
အဝေးသင်စနစ်ကိုလည်း ထည့်သွင်းကျင့်သုံးမယ် …
=================================
ဒီဥပဒေထဲမှာ ပါတဲ့ ....
အခြား အရေးကြီးတဲ့ အချက်တွေကတော့ …
၁။ ပညာရေး ဆုံးခန်းမတိုင်ခဲ့သူတွေ …
ဆက်လက်သင်ယူနိုင်အောင် စီစဉ်ပေးရမယ် …
၂။ မသန်စွမ်းသူများအတွက် ….
အထူးပညာရေးကျောင်းတွေ ဖွင့်လှစ်မယ် ..
ပုဂ္ဂလိကကိုလဲ ဖွင့်ခွင့်ပြုမယ် …
၃။ အရေးပေါ်အခြေအနေ ဖြစ်နေတဲ့  …
ဒေသက ကလေးတွေအတွက် …
ရွေ့ လျားစာသင်ကျောင်းတွေ စီစဉ်ပေးရမယ် …
၎။ အခြေခံပညာအဆင့်မှာ မြန်မာဘာသာ …
ဒါမှမဟုတ် အင်္ဂလိပ်ဘာသာ နဲ့ သင်ယူနိုင်တယ် ..
နှစ်ဘာသာလုံး နဲ့  သင်ယူချင်လည်း ရတယ် …
လိုအပ်ရင် တိုင်းရင်းသား ဘာသာစကား တစ်ခုခု နဲ့  …
တွဲဖက် သင်နိုင်တယ် …
၅။ မိဘတွေဟာ ကလေးတွေကို ….
မသင်မနေရပညာရေးစနစ် …
မူလတန်းအဆင့် ပြီးဆုံးသည်အထိ ကျောင်းထားရမယ် …
၆။ ဥပဒေ နဲ့  အညီ ဖွင့်လှစ်ထားတဲ့  …
ဘယ်ကျောင်းမှာမဆို …
ကိုယ့် ကလေးကို အပ်နိုင်တယ် ….
၇။ ကျောင်းဆရာတွေဟာ စာသင်ဖို့ အတွက် ….
သတ်မှတ်ထားတဲ့  ဘွဲ့  ၊ ဒီပလိုမာတွေ ရရှိရမယ် …
၈။ ဆရာတစ်ဦး မှာ ရှိရမယ့် အရည်အချင်းတွေကို …
သူသင်ကြားမယ့် အဆင့်အလိုက် …
ဝန်ကြီးဌာနက သတ်မှတ်ပေးမယ် …
၉။ ပညာရေးအဆင့်တိုင်းအတွက် …
အရည်အသွေး အကဲဖြတ်မှုကို …
ကျောင်းတွင်းကရော အပြင်ကပါ စစ်ဆေးမယ် …
၁၀။ စစ်ဆေးရမယ့် စံနူန်းတွေကို …
အမျိုးသားပညာရေးကော်မရှင်က သတ်မှတ်ပေးပြီး …
စစ်ဆေးမယ့် ကော်မတီကို ဖွဲ့ စည်းပေးမယ် …
၁၁။ ကျောင်းတွေဟာ …
ပြည်တွင်းပြည်ပက အလှူငွေနဲ့  …
ပစ္စည်းတွေကို လက်ခံနိုင်တယ် …
ဒီငွေတွေကို ပညာရေးကိစ္စကလွဲလို့  ….
တစ်ခြားနေရာ မသုံးရဘူး …
ဘယ်လို သုံးစွဲတယ်ဆိုတာကိုလည်း စစ်ဆေးခံရမယ် …
==============================
ပြသနာတက်နေတာက ….
ဒီကိစ္စ ဖြစ်ပါတယ် ……
အမျိုးသား ပညာရေးကော်မရှင် ဖွဲ့ စည်းပြီး …
ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ် ဆိုလို့ ပါ …
ကောင်းပြီ ….
အမျိုးသား ပညာရေးကော်မရှင်ကို …
ဘယ်လို ဖွဲ့ စည်းလဲ ကြည့်ရအောင် …
အမျိုးသား ပညာရေးကော်မရှင်ကို …
အစိုးရက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဌ …
( ဒု သမ္မတ လို့ ဆိုပါတယ် )
သက်ဆိုင်ရာဝန်ကြီးများ ၊ တိုင်းရင်းသား ပညာရှင်များ …
အခြား သင့်လျော်သော ပုဂ္ဂိုလ်များ နဲ့ ဖွဲ့  စည်းပြီး ….
ပြည်ထောင်စုလွှတ်တော် ကို တင်ပြ အတည်ပြုရပါမယ် …
လွှတ်တော်က အချိန်မရွေး ….
ဒီကော်မရှင်ကို ပြင်ဆင်ဖွဲ့ စည်းနိုင်ပါတယ် …
ကော်မရှင်က ဘာတွေလုပ်ပိုင်ခွင့်ရှိလဲဆိုတော့ …
ပညာရေးမူဝါဒတွေ အခြေခံမူများ ….
ပညာရေးစီမံကိန်းများနှင့် ပတ်သက်ပြီး ...
သုံးသပ်အကြံပြု လမ်းညွှန်ခြင်း ….
ပညာရေး အရည်အသွေး ...
စံချိန်စံညွှန်းသတ်မှတ်ဖို့ အတွက် …
လိုအပ်သော မူဝါဒများ ချမှတ်ခြင်း …
ပြည်တွင်းပြည်ပ …
ငွေကြေးအထောက်အပံ့ နှင့်ပတ်သက်သော ...
မူဝါဒများ ချမှတ်ခြင်း …
ပြည်တွင်းပြည်ပကျောင်းများ ….
ဖွင့်လှစ်ခြင်း ရပ်ဆိုင်းခြင်း ….
ပိတ်သိမ်းခြင်းနှင့် ပတ်သက်သော မူဝါဒများ ချမှတ်ခြင်း …
တက္ကသိုလ် ကောလိပ်များ၏ ….
လွတ်လပ်စွာ စီမံခန့် ခွဲမှုကို မထိခိုက်စေဘဲ …
မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနိုင်းပေးခြင်း…
ဒါတွေကို လုပ်ဆောင်မယ်လို့  သိရပါတယ် …
ဆန္ဒပြနေတဲ့ သူတွေ မကျေနပ်တာက …
ဒီအမျိုးသား ပညာရေးကော်မရှင် ရှိနေတဲ့ အချက်ကို …
လက်မခံကြတာလို့ သိရပါတယ် …
ကျွန်တော့် အမြင်ကတော့ …
ဒီ အမျိုးသားပညာရေး ဥပဒေဟာ ..
ဗဟိုချုပ်ကိုင်မှု ....
အတော်အသင့်ရှိနေသေးတာ မှန်ပါတယ် …
သို့ သော်လည်း …
တစ်ဆက်တည်း တွေးမိလာတာက …
ကိုယ့်ဆီက ကျောင်းတွေကရော …
အစိုးရက လုံးဝ ၀င်မပါတော့ဘဲ …
မင်းတို့  လုပ်ချင်တာ လုပ်ကြတော့လို့  …
လွှတ်ပေးရလောက်အောင် ….
အဆင့်မြင့်နေကြပါပြီလား ?????
သင်ချင်ရာသင်တော့ ဆိုတဲ့ အချိန်…
ကျောင်းတွေမှာ မဟုတ်တရုတ်တွေ လျောက်သင်ပြီး …
နိုင်ငံရေး ဘာသာရေး ….
အစွန်းရောက် ကလေးတွေ ပေါ်ထွက်မလာပါဘူးလို့  …
ဘယ်သူများ တာဝန်ယူပါသလဲ ????
အမျိုးသား ပညာရေး ဥပဒေဟာ …
ပြည်နယ်နဲ့ တိုင်း ၁၄ခု အတွက် ခြုံငုံဆွဲရတာပါ …
ရန်ကုန်နဲ့  မန်းလေးတင် …
ကွက်ကွက်လေး စဉ်းစားလို့ မရပါဘူး …
ဥပမာ တစ်ခုပေးပါမယ် …
ဘူးသီးတောင် မောင်တောက ...
ပုဂ္ဂလိကကျောင်းတစ်ခုကို …
အစိုးရထိန်းချုပ်မှု အောက်က …
လွှတ်ပေးသင့်ပါပြီလား ????
ဒီမေးခွန်းကို အမှန်အတိုင်း ဖြေကြည့်ပါ ….
ဒီ အချက်တွေ ထည့်မစဉ်းစားဘဲ ….
မျက်လုံးစုံမှိတ်ပြီး ….
ကျွန်ပညာရေး ဥပဒေ လို့  …
တွင်တွင် ထအော်နေတာကတော့ …
သောက်ကဲပိုလွန်းတယ်လို့ ပဲ ….
ထင်မြင်ယူဆမိပါကြောင်း …။ ။
( ရဲမိုး )

From:Ye Moe

www.mmdailystar.com

ပညာရေး ပြဿနာလော ၊ ကျောင်းသား ပြဿနာလော



. အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ထူးထူးခြားခြား ကျောင်းသားထုရဲ့ ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပွားခဲ့တယ်.. သူတို့တောင်းဆိုတာကတော့ စာမေးပွဲ ဖြေဆိုချိန်မှာ လွတ်လပ်စွာ စာကူးချခွင့် ပေးဖို့ပါ.. ပထမတော့ ကြားရသူအပေါင်း အံသြဘနန်း ဖြစ်ခဲ့ကြပေမဲ့ သေချာ
လေ့လာကြည့်ကြတော့မှ အဖြစ်မှန်ကို သိကြရတယ်..


အိန္ဒိယနိုင်ငံ ပညာရေးစနစ်မှာ ငွေပေးရင် ဘာမဆိုရတဲ့ အသံမျိုးတွေ ထွက်နေခဲ့တာ ကြာပါပြီ.. ဒီပြည်နယ်မှာတော့ အဆိုးဆုံးလို့ ဆိုရပါမယ်.. အစိုးရပိုင်းနဲ့ ရင်းနှီးသူ.. ငွေကြေးချမ်းသာသူ.. အာဏာရှိအသိုင်းအဝိုင်းက သားသမီးများတို့ဟာ ပညာသင်ကြားရေးမှာ အခြားသူများထက် အခွင့်အရေး ပိုရကြတယ်.. အဆိုးဆုံးကတော့ အတန်းတင်စာမေးပွဲ ဖြေဆိုချိန်များမှာ ဖြေဆိုရတဲ့စာများကို ကူးချကြတာပါပဲ.. အချို့ဆိုရင် စားပွဲခုံပေါ် ဓားတင်ထားတတ်ကြပါတယ်..

ဒီလိုအဖြစ်အပျက်တွေကို မလွန်ဆန်နိုင်လို့ ဆရာဆရာမများကလဲ မျက်နှာလွှဲ နေရပါတယ်.. ကြာတော့ အတူစာသင်ကြားရတဲ့ အခြားကျောင်းသားတွေရဲ့ စိတ်ထဲမှာ မကျေနပ်ချက်တွေ ဖြစ်လာတယ်.. ထိရောက်စွာ အရေးယူချင်ရင်လဲယူ.. မဟုတ်ရင် ဒီအခွင့်အရေးကို အခြားကျောင်းသားများကိုလဲ
ပေးရမယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်မှု့ တွေ ဖြစ်လာရပါတယ်..

ပြည်နယ်လွှတ်တော်အထိ ဆွေးနွေးရတဲ့ အဆင့်ထိ ရောက်လာခဲ့ပြီး အခုတော့ ပျားလဲစွဲသာ ရှဉ်လဲ့လျှောက်သာ.. အနေအထားမျိုးဖြစ်အောင် ပြည်နယ်တွင်း လွတ်လပ်စွာ ဖြေကြားခွင့် ပေးထားပေမဲ့
နိုင်ငံတော် အဆင့်ထိ ဆွေးနွေးဖို့ အနေအထားနဲ့ သက်ဆိုင်ရာများလဲ ခေါင်းခြောက်နေကြပါတယ်..

ဒီနေ့ကမ္ဘာမှာ ရှေ့တန်းရောက်နေကြတဲ့ နိုင်ငံကြီးတွေမှာ ပညာရေးပြဿနာတွေ ရှိနေပါတယ်.. ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေမှာ ပညာသင်ကြားခွင့်ရဖို့ ပညာထူးချွန်မှု့ ရယ်.. ငွေကြေးချမ်းသာ ကြွယ်ဝမှု့ ရယ် လိုအပ်ပါတယ်.. ကမ္ဘာ့ အထင်ကရ တက္ကသိုလ်ကြီးတစ်ခုက ဘွဲ့တစ်ခုကိုရယူဖို့ဆိုတာ သာမန်ကျောင်းသား တစ်ယောက်အတွက် အိမ်မက်တစ်ခုလိုပါပဲ.. ဒီအခွင့်အရေး မရလို့ ဒါဟာမမျှတမှု့ တစ်ခုလို့
ပေါက်ကွဲနိုင်လို့ရမလား...?

အချို့အရာတွေဟာ မျက်နှာလွှဲလိုက်ရတာ များပါတယ်.. အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ
ကျောင်းပြီးဆုံးအောင် မတက်နိုင်တဲ့ ကျောင်းသားအရေအတွက်တွေ များလာနေပါတယ်.. ကြိုးစားသူများအတွက် ပညာရေးဆိုင်ရာ အခွင့်အရေးတွေ ရှိနေပေမဲ့ သာမန်လူတန်းစား
ကျောင်းသားအများစုကတော့ လုပ်ငန်းခွင်ထဲရောက်ကြပြီး ဒီအတိုင်းနေလိုက်ကြတာ များလာပါတယ်.. အဆိုးဆုံးကတော့ မူးယစ်ဆေးဝါးသုံးစွဲမှု့  များလာခြင်းနဲ့အတူ လူငယ်တွေ လမ်းလွှဲ လိုက်ကုန်ကြပါတော့တယ်..

အင်္ဂလန်နိုင်ငံက ထင်ရှားတဲ့ ပုဂ္ဂလိက ကောလိပ်တွေမှာ တက်ရောက်နေသူ အများစုက ပြည်ပနိုင်ငံသားများ ဖြစ်ကြသလို အချို့ကောလိပ်များမှာ လူစားထိုး ဖြေကြားပြီး ဒီပလိုမာ.. ဘွဲ့..တွေ ယူသွားကြတာမျိုး ရှိပါတယ်.. အာရပ်ကမ္ဘာက ငွေကြေးချမ်းသာကြွယ်ဝသူ အချို့ဟာ ဒီလိုဘွဲ့တွေ အများဆုံးယူကြပါတယ်..

ပညာရေးမှာ ရှေ့တန်းရောက်အောင် အမြဲကြိုးစားနေတဲ့ ကနေဒါနိုင်ငံမှာတောင် ပညာရေးဟာ ဘယ်သူ့အတွက်လဲဆိုတဲ့ နိုင်ငံသားတွေရဲ့ မေးခွန်းမျိုးတွေ ထွက်ပေါ်နေပါပြီ.. အရင်ကတော့ ဘွဲ့တစ်ခုရ.. ပြီးတဲ့အခါမှာ လုပ်ငန်းခွင်ဝင်.. အားလုံးဟာ အဆင်ပြေစွာ ရှိခဲ့ပေမဲ့ ယခုအခါမှာ သိပ်ကိုခက်ခဲလာ
သလို ငွေကြေးက စကားပြောလာပါပြီ..

မြန်မာနိုင်ငံ ပညာရေးစနစ်မှာလဲ ၁၉၈၀ ပြည့်နှစ်များက ဆေးကျောင်းသား တစ်ယောက်ရဲ့ ပညာသင်ကြားရေးစရိတ်နဲ့ ယခုခေတ် ဆေးကျောင်းသား တစ်ယောက်ရဲ့  ပညာသင်ကြားရေး စရိတ် လုံးဝကွာခြားသွားပါပြီ.. ဒီလိုပဲ မြန်မာနိုင်ငံမှာ ဆရာဝန်တစ်ယောက် ဖြစ်ဖို့ စရိတ်ထက် အခြားပြည်ပနိုင်ငံများမှာ ဆရာဝန်တစ်ယောက် ဖြစ်ဖို့စရိတ်ဟာ ဆယ်ဆမက ကွာခြားသွားပါပြီ..

ယနေ့အများသူငါ ဝေဖန်ပြောကြားနေတဲ့ မြန်မာ့ပညာရေးစနစ် တကယ်နောက်ကောက်ကျနေလား.. ဘယ်သူကများ ယတြဘူတကျကျ နှိုင်းယှဉ်ဝေဖန်ကြမလဲ.. ပြီးခဲ့တဲ့နှစ်က အင်္ဂလန်နိုင်ငံမှာ
မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ ဆရာဝန်ပေါက်စလေးနဲ့ အာရှလက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေး အဖွဲ့အစည်းတစ်ခုရဲ့ ဒါရိုက်တာ လူငယ်တစ်ယောက်အကြောင်းတို့နဲ့ပဲ ယှဉ်ထိုးကြည့်ရအောင်.. သူတို့နှစ်ယောက်ကစလုံးက မန္တလေးသား.. မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်းတွေ.. သာမန်မိသားစု
ဘဝကပဲ ပညာသင်ကြားခွင့်ရလာသူတွေ...

.....ဆက်ရန်......


From: အက်ရှင်ဘဘဒီမို

www.mmdailystar.com

ရှမ်းရိုးရာ မသိုးသင်္ကန်းကပ်လှူပွဲသို့ KIA အဖွဲ့မှ နှောင့်ယှက်ပစ်ခတ်



နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ တရုတ်ဘုံကျောင်းအနီး ဘောလုံးကွင်း၌ ရှမ်းရိုးရာမသိုးသင်္ကန်းကပ်လှူပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ သေနတ်ဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါပွဲတော်အား ည ၉ နာရီခွဲချိန်ခန့်တွင် စတင်ကျင်းပရာ ရှမ်းတိုင်းရင်းသားများမှ ဗျောက်အိုး၊ မီးရှူး/မီးပန်းများဖြင့် အဆက်မပြတ်ပစ်ဖောက်၍ ကျင်းပနေချိန် KIA အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဗျောက်အိုးသံတွေ၊ မီးရှူး/မီးပန်းဖောက်တာတွေက ဆူညံနေတာပေါ့၊ အဲဒီပွဲတော်ကို ဆင်နွှဲနေတဲ့ လူတွေကတော့ မသိနိုင်ပါဘူး၊ သူတို့ သေနတ်နဲ့လှမ်းပစ်တာ ဆယ်ချက်လောက်တော့
ရှိမယ်ထင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အဖွဲ့သည် တရုတ်ဘုံကျေုာင်း၏ အနောက်ဘက်တောင်ကုန်းတွင် အခြေပြုလှုပ်ရှားနေကြောင်း၊ ယင်းအဖွဲ့ပစ်ခတ်သော ကျည်များသည် ၀မ်တိန်မြို့၊ မြေစာရင်းရုံးဘက်ခြမ်းအုတ်နံရံသို့ လာရောက်ထိမှန်ခဲ့ရာ လက်မ၀က်ခန့် ကျည်ထိမှန်အပေါက်ဖြစ်သွားခဲ့ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒါဟာ ရှမ်းတွေရဲ့ပွဲတော်ကို နှောင့်ယှက်တာပဲလေ၊ အုတ်နံရံကို မှန်လို့တော်သေးတာပေါ့၊ ပွဲတော်မှာ ပျော်နေတဲ့လူတွေ လာမှန်ရင်ဘယ်လိုလုပ်မလဲ၊ KIA အဖွဲ့ဟာ ရှမ်းတွေအပေါ် အမျိုးမျိုးဒုက္ခပေးနေတာ အခုလို ရိုးရာပွဲတော်ကိုတောင် မရှောင်တာကတော့ တရားလွန်လွန်းတယ်”ဟု ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောကြားသွားသည်။

From: ကောင်းစံ(ရှမ်း/မြောက်)

www.mmdailystar.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျီ-၂၀ ထိပ်သီး အစည်းအဝေး အပိုင်း (၁) ဆွေးနွေးပွဲသို့ တက်ရောက်

ဘရစ္စဘိန်း နိုဝင်ဘာ ၁၅
ယနေ့ ဒေသစံတော်ချိန် ညနေ (၃) နာရီတွင် ဘရစ္စဘိန်းကွန်ဗင်းရှင်း စင်တာ (BCEC) ၌ ဂျီ- ၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံ/ အစိုးရအဖွဲ့ အကြီးအကဲ များအား ကြိုဆိုခြင်း အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ တိုနီ အဘော့တ်က ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး အပိုင်း(၁)၊ "ကမ္ဘာ့ စီးပွားရေး တိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးမှုအား မြှင့်တင်ပေးခြင်း" ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ၏ စည်းလုံး ညီညွတ်မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသာစွာ တိုးတက်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး တာဝန် ထမ်းဆောင် ချိန်တွင် ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ ဦးတည်ချက်ကို သတ်မှတ်ခဲ့ကြောင်း။

အာဆီယံဒေသ၏ တိုးတက်မှုနှုန်းသည် နှစ်စဉ် ပျမ်းမျှ ၅% ထက် ကျော်လွန်ခဲ့ကြောင်း၊ လူဦးရေ ၆၀၉ သန်းရှိသည့် ဈေးကွက်ကြီး ဖြစ်နေပြီး စုစုပေါင်း ထုတ်ကုန် တန်ဖိုး ဂျီဒီပီ သည် အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ ရှိကြောင်း၊ လာမည့် နှစ်များတွင် ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း။

အာဆီယံ စီးပွားရေးအသိုက်အ၀န်း ထူထောင်ခြင်းဖြင့် ဒေသတွင်း ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် ငွေကြေးများ လွတ်လပ်စွာ စီးဆင်းစေနိုင်မည် ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများလည်း လွတ်လပ်စွာ ရွှေ့ပြောင်း လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားချိန် ကာလတွင် အာဆီယံ စီးပွားရေး မဏ္ဍိုင် အနေဖြင့် ဦးစားပေး ကဏ္ဍ သုံးရပ် ဆောင်ရွက်ရာတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့ ပါဝင်ကြောင်း၊ မေခရိုစီးပွားရေး ဖွံ့ဖြိုးမှုကို ကြိုးပမ်းရာမှာ အာဆီယံနှင့် ဂျီ ၂၀ တို့ တူညီသည့် ရည်မှန်းချက်ကို ရှေ့ရှုသွားနေကြောင်း။

ထို့ကြောင့် အာဆီယံ အနေဖြင့် ဘရစ္စဘိန်း စီမံချက် လုပ်ငန်းစဉ်ကို ကြိုဆိုကြောင်း၊ ယခု နှစ် ဂျီ ၂၀ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ပုဒ် ဖြစ်သည့် Strong, Sustainable and Balanced Growth သည် နိုင်ငံများအကြား ဆင်းရဲချမ်းသာ ကွာဟမှုနှင့် မညီမျှမှု တို့ကို လျော့ချနိုင်မည် ဖြစ်ကြောင်း၊ အာဆီယံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံများအတွင်း ဖွံ့ဖြိုးမှု၏ အသီးအပွင့်ကို မျှတစွာ ခံစားနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း။

ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးသည့်အတွက် အာဆီယံဒေသတွင်း လူငယ်စွန့်ဦး တီထွင်သူများ ပေါ်ပေါက်ရေး ကို ဆောင်ရွက်လျက် ရှိကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲ ခေါင်းဆောင် များနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် ဘရစ္စဘိန်း ကွန်ဗင်းရှင်း စင်တာ (BCEC) မှ Gallery of Modern Art သို့ ရောက်ရှိပြီး ဂျီ-၂၀ ထိပ်သီး အစည်းအဝေး ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတသည် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် ခေါင်းဆောင်များ၏ အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး ယဉ်ကျေးမှု ဖျော်ဖြေပွဲသို့ ဆက်လက် တက်ရောက်ခဲ့သည်။

From:သမ္မတရုံး

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...