Friday, 21 November 2014

ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် မြန်မာ ယူ ၂၀ ကစားသမားစာရင်း ထုတ်ပြန်

နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလား ယူ၂၀ ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်မယ့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ ၂၀ ကစားသမား စာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရွေးချယ်ခံရတဲ့ ကစားသမားတွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ပြီးတော့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပဏာမ မြန်မာ့ လက်ရွေးစင် ယူ၂၀ ကစားသမား စာရင်းမှာတော့ 

ဂိုး- မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ပြည့်စုံချစ် (ရတနာပုံ လူငယ်)၊ ဝေလင်းအောင် ( ရန်ကုန် လူငယ်)၊ နောက်တန်း - ထိုက်ထိုက်အောင် (ဧရာဝတီ)၊ နန်းဝေမင်း (ရန်ကုန်လူငယ်)၊ နိုင်လင်းထွန်း (မနောမြေ)၊ နန္ဒကျော် (မကွေး)၊ သီဟထက်အောင် (ဇေယျာရွှေမြေ)၊ ညီညီလွင် (KBZ)၊ ရဲရင့်အောင် (မြန်မာ ဘောလုံးအကယ်ဒမီ၊ မန္တလေး)
အလယ်တန်း - ရဲဝင်းလှိုင် (ရန်ကုန် လူငယ်)၊ စွမ်းထက်အောင် (ရန်ကုန်)၊ ငြိမ်းချမ်းအောင် (ရန်ကုန် ယူနိုက်တက်)၊ ကျော်မင်းဦး (ဧရာဝတီ)၊ အောင်သူ (ရတနာပုံ)၊ ကျော်ဇင်ဦး (နေပြည်တော် လူငယ်)၊ မျိုးကိုထွန်း (ရတနာပုံလူငယ်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်ဝင်း (မကွေးလူငယ်)
ရှေ့တန်း - သန်းပိုင် (ရန်ကုန် လူငယ်)၊ မောင်မောင်စိုး (မကွေး)၊ ဝေယံထိုက် (မြဝတီ အက်ဖ်စီ လူငယ်)၊ အောင်ကောင်းမာန် (ဧရာဝတီ လူငယ်)၊ မောင်မောင်လွင် (ဟံသာဝတီ) တွေပါဝင်နေပါတယ်။

From:The Voice

www.mmdailystar.com

ကမ္ဘာ့ပေးကမ်းမှုအများဆုံး နိုင်ငံများတွင် အမေရိကန်နှင့် မြန်မာ ထိပ်ဆုံးက နေရာယူ

ရန်ကုန်မြို့လယ်တစ်နေရာတွင် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်က စတုဒိသာကျွေးမွေးအလှူပေးနေစဉ် (ဓာတ်ပုံ- နစ်ကီ)
 
ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်သည့် အမေရိကန်သည် ကမ္ဘာပေါ်တွင် ပေးကမ်းကူညီမှုအများဆုံး နိုင်ငံဖြစ်နေခြင်းမှာ အံ့ဩစရာတော့မဟုတ်ပေ။ သို့သော် ယင်း ထိပ်ဆုံးနေရာကို ဘားမားခေါ် မြန်မာနိုင်ငံကလည်း အလားတူရရှိထားလေသည်။
ဒီမိုကရေစီကူးပြောင်းရေး ရုန်းကန်နေရသည့် လူ့အခွင့်အရေး ဖိနှိပ်မှုဖြင့် လုံးလည်ချာလည်လိုက်နေသည့် အစိုးရနှင့် သူ၏ သန်း ၅၀ သော လူထုအတွက် မဖြစ်နိုင်ဟု ထင်စရာရှိ နေသည်။ သို့သော် မြန်မာတို့သည် သူတို့ပိုင်ဆိုင်သောငွေကို အလှူအတန်းပြုရာတွင် အမြင့်မားဆုံးဖြစ်ကြောင်း ကမ္ဘာ့ပေးလှူခြင်းအညွှန်းကိန်း၏ (၅)ကြိမ် မြောက် နှစ်ပတ်လည်မှတ်တမ်းတွင် ဖော်ပြသည်။ ကမ္ဘာအနှံ့အလှူငွေများပေးနေသည့် Charitable Aid Foundation America က ယင်းစုံစမ်းသုတေသနပြုလုပ်ချက်ကို ပံ့ပိုးခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှ လူပေါင်းတစ်သိန်းသုံးသောင်းကျော်အား မေးမြန်းစုဆောင်းချက်များကို အလှူပေးခြင်း၊ လုပ်အားပေး ခြင်းနှင့် အခြားသူများအား ကူညီပေးလိုခြင်းဟု အချက်သုံးချက် အောက်တွင် ခွဲခြားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း မိမိမသိရှိသည့် သူစိမ်းများကိုကူညီခဲ့ခြင်းရှိ၊ မရှိ ကိုလည်း မေးမြန်းခဲ့သည်။ အမေရိကန်နိုင်ငံက ယင်းအချက် သုံးချက်စလုံးတွင် တစ်ခုတည်းသော ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်နိုင်ငံ ဖြစ်သည်။
အောက်ဆုံးရောက်နေသည့် နိုင်ငံမှာ ယီမင်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်တွင် လူဦးရေ၏ ၃ ရာခိုင်နှုန်း ကသာ လုပ်အားပေးခဲ့ကြသည်။
ကမ္ဘာတစ်ဝန်း လှူတန်းကြသည့် ပမာဏကပြီးခဲ့သည့်နှစ်က ထက် ၁ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ၂၀၁၃ ခုနှစ်အတွင်း လုပ်အားပေးသူလူပေါင်း ၃၂ သန်း ပိုလာခဲ့သည်။ လူစိမ်းကို ကူညီသူ လူဦးရေတွင်လည်း လူ ပေါင်း ၂၆ သန်းတိုးလာခဲ့ကြောင်း လေ့လာချက်အရ သိရသည်။
ချမ်းသာတိုင်းလည်း လှူဒါန်းသည်ဟုမဆိုနိုင်ပေ။ လှူဒါန်းမှု တွင် ထိပ်ဆုံးရောက်သည့်နိုင်ငံ ၂၀ အနက် ခြောက်နိုင်ငံကသာ ကမ္ဘာ့အချမ်းသာဆုံးထိပ်သီး ၂၀ (G-20)အုပ်စုဝင်နိုင်ငံများဖြစ်သည်။ စီးပွားရေးအလျင်အမြန် တိုးတက်လာနေသော နိုင်ငံများ ဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ နှင့် တရုတ်တို့တွင် တရုတ်နိုင်ငံ တစ်ခုတည်း၌သာ ပြီးခဲ့သည့်နှစ် တွင် ၁၀ မှ ၁၃ ရာခိုင်နှုန်းအထိ လှူဒါန်းမှုတိုးလာသည်။ ဥရောပသမဂ္ဂ နိုင်ငံတစ်ခုဖြစ်သည့် အီတလီကဲ့သို့ နိုင်ငံတွင်လည်း လှူဒါန်းပေးကမ်းခြင်း နည်းပါးနေသည်။ ယင်းနိုင်ငံတွင် ဖက်ဒရယ် အစိုးရက မွေးရာမှ သေသည်အထိ သူ့ပြည်သူများကို တာဝန်ယူစောင့်ရှောက်နေခြင်းဖြစ်သည်။
‘‘အခွန်တွေက အဲဒီနိုင်ငံတွေမှာ မြင့်လွန်းတယ်။ ဒါကြောင့် တစ်ယောက်ယောက်က တံခါးလာခေါက်ပြီး လှူဒါန်းဖို့ပြောရင် သူတို့က ရုံးကိုပေးပြီးပြီလို့ပဲ ယူဆထားကြတယ်’’ဟု Charitable Aid Foundation America ၏ ဥက္ကဋ္ဌ တက်ဟာ့တ်က ပြောကြားသည်။
မြန်မာနိုင်ငံသည် အလွန်ကိုပင် ထူးထူးခြားခြားလှူဒါန်းသည့် နိုင်ငံဖြစ်ပြီး မေးမြန်းသူ ၉၁ ရာခိုင်နှုန်းက ပုံမှန်အလှူဒါနပြုနေကြောင်း ပြောကြားကြသည်။ လူ ၁၀ ယောက်တွင် ကိုးယောက်က လှူဒါန်းမှုကို အားပေးသည့် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်သည်။ အလားတူ လူဦးရေရှိသည့် သီရိလင်္ကာနိုင်ငံတွင်လည်း ယင်းအကြောင်းကြောင့်ပင် အဆင့်(၉) ချိတ်နေသည်ဟု မေးမြန်းသုတေသနပြုသူများက ယူဆသည်။
တာခ်မန်နစ္စတန်က ကမ္ဘာ့ စီးပွားရေးတွင် နံပါတ် ၉၅ ချိတ် နေသော်လည်း ယင်းနိုင်ငံသားများ၏ လုပ်အားပေးချိန်က နံပါတ် (၁)တွင် ရှိနေသည်။ အလားတူပင် ယခင်ဆိုဗီယက်လက်အောက်ခံဖြစ်ခဲ့သည့် အူဘဲကစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့တွင်လည်း လုပ်အားပေးသူများပြားပြီး အမှတ်အတော်ပင် မြင့်ကြသည်။
ယင်းဒေသများတွင် စနေ တစ်ရက်ကို အခမဲ့လုပ်အားပေး ခြင်းဆိုသည့် ‘‘ဆာဘော့တ်နစ်’’ ခေါ် မျှဝေခြင်းယဉ်ကျေးမှုကြောင့် ဖြစ်ကြောင်း သိရသည်။ အချို့နေရာများတွင်မူ လုပ်အားမပေးမနေရစနစ်များ ချမှတ်ပြီး လိုအပ်နေသည့် နေရာများကို ဖြည့်ဆည်း နေသဖြင့် ယင်းသို့လုပ်အားပေး သူစာရင်းများပြားခြင်းလည်းဖြစ် နိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပေးထားသည်။
ဘယ်နိုင်ငံက အများဆုံးကူညီသလဲ
အမေရိကန်က လူစိမ်းများကို ကူညီရာတွင် ထိပ်ဆုံးကပြေး နေသည်။ အီရတ်က ကူညီပေးသည့်အပိုင်းတွင် ဒုတိယလိုက်သည်။ အီရတ်သားလေးယောက်တွင် သုံးယောက်က ပြီးခဲ့သည့်လအတွင်း လူစိမ်းတစ်ဦးကို အကူအညီပေးခဲ့ကြောင်း ပြောကြား သည်။
အစိုးရကို အယုံအကြည်နည်းသည့်နိုင်ငံများတွင် လူစိမ်းများကို ကူညီမှုပိုများသည်ဟု မစ္စတာတက်ဟာ့တ်က ဆိုသည်။ အစိုးရက သူ့ပြည်သူများကို ကူညီ နိုင်စွမ်းနည်းသည်ဟု ယုံကြည်ကြသည့်နိုင်ငံများတွင် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် လှူဒါန်းမှုတိုးလာနေသည်မှာ အံ့ဩဖွယ်ရာဟု သူက ယူဆသည်။ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်များတွင် လှူဒါန်းမှုများ ကျဆင်းသွားခဲ့ပြီး ယင်းအချိန်က နိုင်ငံတွင် စီးပွားရေးထိခိုက်နေချိန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးအရ ကွဲပြားနေကြသော်လည်း ပြည်သူများအကြား တစ်ပါးသူကိုကူညီလိုက်သည့် တူညီမှုများရှိနေသည်။
‘‘ဒီနိုင်ငံက နိုင်ငံရေးအငြင်းပွားမှုတွေကိုကြည့်ပြီး ဒီသဘောမတူချက်တွေက ကျွန်တော်တို့အားလုံးကြား ပျံ့နှံ့နေပြီလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါကမမှန်ပါဘူး။ အမေရိကန်က အမေရိကန်ပဲ။ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် ကူညီကြတယ်။ ခင်ဗျားဘာနိုင်ငံရေးကိုပဲလိုက်လိုက် ဒါကအရေး မကြီးဘူး’’
ပေးကမ်းလှူဒါန်းမှုက ပြီးခဲ့သည့်နှစ်အတွင်း တိုးလာနေချိန် တွင် ယင်းသို့ လှူဒါန်းကြသည့် အသက်အရွယ်က ၁၅ နှင့် ၂၉ နှစ် အကြားတွင် ကျဆင်းသွားသည်။ ယင်းသို့ဖြစ်ခြင်းက လူငယ်များအကြား အလုပ်လက်မဲ့ နှုန်းမြင့်၍ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
 သို့သော်  လူငယ်များက ငွေသားအဖြစ် လှူဒါန်းပေးကမ်းမှုနည်းသော်လည်း သူတို့၏အချိန်များကို လုပ်အားပေးသည့်နည်း ဖြင့် ကူညီဆောင်ရွက်ပေးကြသကဲ့သို့ လူစိမ်းများကိုလည်း သူတို့တတ်ကျွမ်းမှုများဖြင့် ကူညီကြသည်ဟု ဆိုသည်။
မစ်ရှင်ပိုင်းကော်ဖီဆိုင်တွင် ကော်ဖီဝယ်သောက်သူ အသက် (၂၆)နှစ်ရှိ မက်အီဗင်သည် ဆန်ဖရန်စစ္စကို နည်းပညာဝန်ထမ်း ဖြစ်သည်။ ကော်ဖီဝယ်ချိန်တွင် မကြာခဏပင် ကော်ဖီတစ်ခွက်စာ အပိုပေးပြီး မတတ်နိုင်သူကို ယင်းနေ့အတွက် ကော်ဖီတစ်ခွက် အလကားပေးရန် ကြိုတင်လှူ တတ်သည်။ ဘုရားဝတ်ပြုကျောင်းတွင် ထောင်နှင့်ချီသည့် ဆင်းရဲသားများအား ကျွေးမွေးရာတွင် တစ်လတစ်ကြိမ် သွားရောက်လုပ်အားပေးကူညီသည်။
‘‘ကျွန်မတို့ မျိုးဆက်ကပေးကမ်းတယ်ဆိုတာနဲ့ လူမှုအသိုင်းအဝိုင်းအတွက် ကူညီတယ်ဆိုတဲ့အပေါ် အမြင်နည်းနည်း ကွဲပါတယ်။ ပေးတာနည်းပေမယ့် လုပ်အားပေး ကူညီတာက ပိုများပါတယ်’’ ဟု မက်အီဗင်က ပြောကြားထားသည်။

From:7day

www.mmdailystar.com

တိုက် သုံး တိုက် နဲ့ ခွဲ သုံး ခွဲ

တိုက် သုံး တိုက်
=========
တည်ဆဲဥပဒေများအား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက် ။
အစိုးရ ဘာလုပ်လုပ် ကန့်လန့်တိုက် ။
နာမည်ကြီး ထင်ရှားလာအောင် အရွဲ့တိုက် ။
ခွဲ သုံး ခွဲ
=====
အစိုးရ နဲ့ တပ်မတော်ကို သွေးခွဲရေး ။
တပ်မတော် နှင့် ရဲတပ်ဖွဲ့အပါအဝင် ဝန်ထမ်းများအား သွေးခွဲရေး ။
တပ်မတော် နှင့် ပြည်သူလူထုအား သွေးခွဲရေး ။
လျော့ သုံး လျော့
===========
တပ်မတော် အင်အား လျော့ ရန်...
တပ်မတော် ဘတ်ဂျက် လျော့ရန်...
အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ....
တပ်မတော်က ပါဝင်မှုလျော့ရန်...
ပြ သုံး ပြ
======
ပြည်သူလူထု အသုံးချ ဆန္ဒပြ ...
ကျင့်ဝတ်မဲ့ဂျာနယ် အသုံးချ၍ လွဲမှားစွာရေးသားဖော်ပြ ...
လူပြိန်းကြိုက် လုပ်ဆောင်ပြ ...
ဆဲ သုံး ဆဲ
=======
အွန်လိုင်း ဖေ့စ်ဘုတ်ပေါ်မှာ ဆဲ ...
ပြည်တွင်းမှာ နေပြီး ဆဲ ...
ပြည်ပြေး လုပ်ပြီး ဆဲ ...
လုပ်ငန်းတာဝန် သုံးရပ်
=============
သပိတ်မှောက်ရန် ...
သပိတ်မှောက်ရန် မရှိက ဆန္ဒပြရန်...
သပိတ်မှောက်ရန် နှင့် ဆန္ဒပြရန် မရှိက ...
အစိုးရ နှင့် တပ်မတော်အား အပုတ်ချ၍ ထိုင် ဆဲရန် ...

From: Mg Kaung

www.mmdailystar.com

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ပြောကြားချက်


============
ဥက္ကဋ္ဌကြီးကိုမေးချင်သည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချိန်ဇယားနှင့်ပတ်သက်၍ မေးမြန်းချင်ပါ ကြောင်း၊ ယခုအချိန်တွင် ၂၁ ရက်နေ့တွင်ရေးသွင်းထားသည့်အကြံဥာဏ်များ၊ ထင်မြင် ချက် Report ကို အတည်ပြုရန် ဘယ်လိုဘယ်ပုံမျိုးနှင့် လွှတ်တော်တွင် အတည်ပြုမှာလဲရှင့် ပြီးတော့ Report ကို ၆ လအလိုမှာ ဥပဒေကြမ်းတင်သွင်း ရန်ပြောထားပါကြောင်း၊ ထို ဥပဒေကြမ်း တင်ရန် အတွက်လည်း
ဘယ်အချိန် ကာလမှာ ဥပဒေကြမ်းရေးဆွဲရန်ဘယ်လိုဆောင်ရွက် သွားမလဲ၊ နောက် တစ်ခါ ပြည်သူလူထု ဆန္ဒခံယူပွဲအတွက် ပြင်ဆင်
ဖို့ပါပြီးတော့ ၊ Carry ကော ဘယ်လိုလုပ်သွားမလဲ ရွေးကောက်ပွဲက
ကော်မရှင် ဥက္ကဋ္ဌကပြောပါတယ်၊ အောက်တိုဘာလကုန်(သို့မဟုတ်)
နိုဝင်ဘာ လဆန်း ဟုပြောပါကြောင်း၊ အချိန်ကအရမ်းကပ်နေပါကြောင်း၊ လွှတ်တော်မှာ ဒါကိုပြင်ဆင်ရန်အတွက် အခက်အခဲများရှိပါသလား၊ ဒီအချိန်ဇယားနှင့်ပတ်သက်ပြီး လွှတ်တော် မှာ သေသေချာချာဆောင်ရွက် ပြီးပြီလားဆိုသည်ကို သိချင်ပါကြောင်းမေးမြန်းသွားပါသည်။
မေးမြန်းသူ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်
========================
မှန်ပါတယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောသွားသည်က သမီးမေးသည့်မေးခွန်းပဲဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့သုံးသပ်ဆောင်ရွက်ပေးဖို့ အင်မတန်မှ
လေးနက်ပါကြောင်း၊ အင်မတန် လည်း အခက်အခဲများပါကြောင်း၊ ယနေ့ဒီတာဝန်ကို မိမိဥက္ကဋ္ဌအပေါ်မှာ ကျရောက်နေပါကြောင်း၊
ဥက္ကဋ္ဌ ဆိုသည့် နေရာတွင် နှစ်ခုလုံးပြော၍ ရပါကြောင်း၊
လွှတ်တော်ဥက္ကဋ္ဌ အပေါ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအပေါ်မှာပါ ကျရောက်နေခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ အပေါ်ကျ ရောက်တာကတော့ ရှင်းပါ ကြောင်း၊ ယနေ့လွှတ်တော်နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသည် ဒီလောက်ကြီးမားသည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် တော်တော်ကို ရုံးကန်နေရပါကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအနေဖြင့် ပြောမည်ဆိုလျှင် ခုနပြောခဲ့ပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်လာမည့် အသင်းအပေါ်မှာ အတည်ဖြစ်ပါကြောင်း၊ တချို့အသင်း အပေါ်ကို အမျိုးမျိုးဝေဖန် သည်များရှိပါကြောင်း၊ ဝေဖန်ပါစေ။ ဒါပေမဲ့ အဲဒီတုန်းကဘာလဲ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းမှုဆိုသည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ခဲ့ပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာသည့်နောက်ပိုင်း ရှေ့ဆက်သွားဖို့
ခရီးကတော့ ယနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင် စရာရှိ သည်ကိုပြင်မည်၊ ယနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာ သုံးသပ်ပြီး ပြင်စရာရှိတာပြင်မယ်၊ ထားစရာရှိတာ ထားမည်ဖြစ်ကြောင်း၊ သို့မှသာ ရှေ့ဆက် သွား၍ရမည်ဖြစ်ကြောင်း၊ ဒီတာဝန်ကြီးနှစ်ခု ကို ဆောင်ရွက်သည့် အခါတွင် စောစောက မေးသည့်မေးခွန်း တွင် ဆွေးနွေးမည့်ရက်သည် ၂၁ ရက်မဟုတ်တော့ဘဲ နိုဝင်ဘာလ
၂၅ ရက် နေ့တွင် အပြီး ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမည့် ဥပဒေကြမ်း ကြီးများအား နောက်တစ်
ပတ် လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုမည်ဖြစ်ကြောင်း၊ ထိုကထွက်ပေါ်လာသည့် ဥပဒေကြမ်း များကို လာမည့် ၂၀၁၅ မေလအတွင်းတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဲ့ဒီက
ထွက်ပေါ်လာ သည့်ဟာကို ၂၀၁၅ ရွေးချယ်တင်မြောက်ပွဲပြီးလို့
ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် စတင် ကျင်းပ သည့် နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြဋ္ဌာန်းလိုက် သည့် ပြဋ္ဌာန်းချက်များကို အတည်ပြုမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပြီးထွက်ပေါ်လာသည့် အဖြေပေါ်မူတည်ပြီးမှ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ ဒီလိုအချိန်ကိုက်ဝင်အောင်
ဝီရိယထားဆောင် ရွက်နေပါကြောင်း၊ ဖြစ်ပေါ် အောင်လည်း အားလုံးဝိုင်းပြီးတော့ အကူအညီပေးကြပါ။ Referendum (ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ) လုပ်တယ်ဆိုတဲ့ကိစ္စကလည်း အင်မတန်မှ ခက်ခဲသည့်ကိစ္စဖြစ်သည့်
အတွက် စနစ်တကျ ပြီးမြောက်သွားအောင် ဥပဒေများပြဋ္ဌာန်းပြီးဆောင်
ရွက်ဖို့ စီစဉ် ထားပါကြောင်း၊
မေးမြန်းသူ
=======
ဥက္ကဋ္ဌကြီးရှင့်။ မရှင်းလို့ပါ။ ဒါဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်
ဆင်သည့် ဥပဒေက ၂၀၁၅ ရွေးကောက်ပွဲပြီး မှပဲ ဖြစ်လာ မည့်သဘောလားရှင့်။ အဲ့ဒီတော့မှပဲ အတည်ပြုမည့်သဘောလားရှင့်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်
==========================
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မှန်ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ဒီသက်တမ်းမှာ ကြားပေါက် ခုနက ဖြေလိုက်သည့်
ဟာကို ဆောင်ရွက်မည် ဆိုလျှင် ယနေ့ခင်းကျင်းထားသည့် အုပ်
ချုပ်ရေး ဆိုင်ရာ အခင်းအကျင်း၊ ကျန်သည့်အခင်းအကျင်းတွေဟာ လည်း ပြောင်းလဲသွားလိမ့်မည်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ကြောင်း၊
မိမိတို့ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မည်။ ထွက်ပေါ်လာ သည့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့အတူ လွှတ်တော်သက်တမ်း စသည့် နောက်ပိုင်းမှာ ခုနကဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်သည့်ပြင် ဆင်ချက်တွေ ပေါ်မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊
မေးမြန်းသူ
============
ဥက္ကဋ္ဌကြီးရှင့်။ ထပ်ဆင့်မေးခွန်းလေးတစ်ခုလောက် မေးခွင့်ပြုပါ။ တချို့ပါတီတွေက ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် မည့်အချက်တွေပေါ်မှာ မူတည်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို
ဝင်သင့်/ မဝင်သင့် စဉ်းစားနေသည့်ပါတီတွေရှိပါတယ်ရှင့်။ ထိုပါတီတွေအတွက်က ဘယ်လိုများဖြစ်သွားမလဲရှင့်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်
=================================
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဒီပါတီတွေကတော့ သူ့သဘော သူဆောင်ပါလိမ့်မည်။ ဝင်ချင်ဝင်မည်။ မဝင်ချင်ရင်မဝင်ဘူးပေါ့။
မေးမြန်းသူ
=============
ဟုတ်ကဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကတော့ ၂၀၀၈ခုနှစ်နှင့် ဆက်သွားမည့်သဘောပေါ့နော်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်
==============================
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ရှင်းပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက ယနေ့ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေက သတ်မှတ်ထားသည့် ဥပဒေတွေ။ ပြီးသည့်အခါမှာ ဆိုင်ရာဆိုင်ရာဥပဒေတွေနှင့်တကွ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ပြင်နိုင်တယ်ဆိုလျှင် အဲ့ဒီပြင်နိုင်သည့်ဥပဒေတွေက ၂၀၁၅ ခုနှစ်အလွန် လွှတ်တော်ဖွဲ့စည်းပြီး ဒီအတိုင်းသယ်ဆောင်သွား မည်ဖြစ်ကြောင်းကို ပြန်လည် ဖြေကြားသွားပါသည်။


From: Pyithu Hluttaw - ပြည်သူ့လွှတ်တော်

www.mmdailystar.com

သတင်းထောက်လား... ? အတင်းထောက်လား... ?

သတင်းထောက်ဆိုတာ ဘာကိုခေါ်တာလဲ ( not for all )
-----------------------------------------------------
မနေ့က(၁၈.၁၁.၁၄)သထုံလမ်းကအဆင်မြင့်
ရုးံချုပ်မှာ အမျိုးသားပညာရေးဥပဒေအတွက်
ဆက်စပ်ဥပဒေ/နည်းဥပဒေများရေးဆွဲရေး
ပြည်ထောင်စုဝန်ကြီးနဲ့ပညာရေးအဆင့်မြင့်
တင်ရေးကြီးကြပ်မူကော်မတီကဆရာ/ဆရာမ
တွေဆွေးနွေးပွဲလုပ်ပါတယ်။
တဆက်တည်း(၁၅)ရက်နေ့က
တက္ကသိုလ်ဝန်းထဲကျော်ဝင်ဆန္ဒပြတာ/
(၁၆)ရက်နေ့ကကြေးသွန်းဘုရားမှာ
ဆန္ဒပြပွဲလုပ်ချိန်အဆင့်မြင့်ပညာဦးစီး
ဌာန(အောက်မြန်မာပြည်)ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးနဲ့တက္ကသိုလ်များကပါမောက္ခချုပ်
ဆရာ/ဆရာမတွေ တွေ့ဆုံခဲ့တဲ့အကြောင်း
ရှင်းလင်းပါတယ်။

ပြည်ထောင်စုဝန်ကြီးကပြောပါတယ်
ပြီးတော့ အသက်(၈၇)နှစ်ရှိပြီဖြစ်တဲ့
ဆရာကြီးဦးသန်းဦးက အမျိုးသားပညာရေး
ဥပဒေပါအချက်အလက်တချို့နဲ့ပက်သက်လို့
ရှင်းပြပါတယ်။
သိချင်တာမေးပါလို့လဲပြောပါတယ်။
ဆရာကြီးရှင်းပြတာကို/ဥပဒေကိုမသိထား
မဖတ်ထားတဲ့သတင်းသမားတချို့က
တလွဲတွေမေးကြတော့တာပါပဲ
ပြည်ပရုပ်သံတခုကဆိုအမှားမေးတဲ့
အပြင်တို့မီးရှို့မီးမေးခွန်းဘဲမေးတယ်။
ဘယ်တိုက်ဌာနကမသိတဲ့တယောက်ဆို
ဆရာကြီးလိုပညာပြည့်စုံတဲ့လူတယောက်ကို
ဆရာကြီးမှားနေပြီ ပြင်ပေးမှာလား
မပြင်ပေးမှာလားသိချင်တယ်။ဆရာကြီးက
focusမပြတ်ဘူးတောင်ပြောသေးတာ။
ကျောင်းသားဆန္ဒပြတဲ့အဖွဲ့က
ရှေနေ့လာမေးနေရင်တောင်
သူတို့ပိုက်ဆံစားထားရင်တောင်
အဲ့ဒီသတင်းထောက်လောက်ဒေါမနဿ
ထွက်နေမယ်မထင်ဘူး သူဆိုတာအင်နဲ့အားနဲ့
`ကျောင်းသားတွေကပြောတယ်
သပိတ်တိုက်ပွဲဆင်နွဲမယ်တဲ့
ကဲဘယ်လိုလုပ်ကြမလဲပေါ့´ဒါလဲပါသေးတယ်
ဆရာကြီး/ဆရာမကြီးတွေကခွင့်လွှတ်အပြုံးနဲ့
မေးသူသတင်းထောက်တွေနားလည်မူ
ကိုကြည့်ပြီးပညာတတ်များပီပီ
သတင်းထောက်တွေအရည်အချင်းကို
စိတ်ထဲကfocusဖြတ်နေကြလေရဲ့။
တီချယ်ကြီးဒေါ်မွန်မွန်တာ(ဥပဒေပညာဌာန/
ပါမောက္ခက ကျွန်တော့်ပါမောက္ခဆရာမကြီး
ဖြစ်ခဲ့တာမို့ ကျွန်တော်နဲ့ဒဂုံတက္ကသိုလ်အကြောင်း
ပြောကြတော့``ကလေးတွေနားမလည်တာသိပ်များတယ်။
တီချယ်ကြီးတို့တောင်ဂါရဝေါစ
တရားနဲ့ရိုရိုသေသေထားတဲ့ဆရာကြီးကို
ပြောဆိုနေတာများ´´တဲ့။
အမှန်ပြောရရင်ကိုယ်ကလဲမမေးသင့်တာတွေ
နားမလည်ဘဲမေးနေကြပြီး
တစ်တစ်ခွခွမှားတဲ့အချက်မရလို့
ပါချုပ်တွေကိုအသံ/မျက်နှာရိုင်းနဲ့
မေးနေကြတဲ့ကျွန်တော်ဘဝတူသတင်းထောက်တွေကိုကြည့်ပြီး
ရှက်လဲရှက်/စိတ်မကောင်းလဲဖြစ်ခဲ့တယ်
အုပ်ချုပ်သူနဲ့ပယောဂမကင်းလို့ဖြစ်ခဲ့တဲ့၈၈၈၈အရေးအခင်းနောက်ပိုင်း
ပညာသင်ခဲ့ကြတဲ့ခြေတဘောင်ကျိုး
ဘွဲ့ရစာမတတ်သူတွေလေ။ဥပဒေနားမလည်သူအများအပြားပေါ့။
ပါချုပ်တွေကသတင်းထောက်တွေလောက်မတတ်ထားဘူး/မှားနေတယ်ဆိုတဲ့
အပြုအမူတွေ ဝမ်းနည်းစွာကြားမြင်နေရတယ်
ကျွန်တော်ပြောချင်တာက မကျင့်သုံးအကောင်အထည်မဖော်ရသေးတဲ့
အမျိုးသားပညာရေးဥပဒေဟာဘယ်နိုင်ငံမှာမဆိုရှိပြီး
မြန်မာနိုင်ငံမှာတခါဘူးမှမရှိခဲ့တာပါ လိုအပ်ချက်တွေရှိနေရင်တောင်
အားလုံးဝိုင်းဝန်းပါဝင်ကာလမ်းကောင်းပေါ် တင်သင့်ပါတယ်။
နောက်တခါတိုင်းပြည်တဝှမ်း ဆန္ဒြပပွဲကနေအထိကရုဏ်းဖြစ်ရင်
ကျွန်တော်တို့နိုင်ငံမျိုးဆက် ပညာသင်လက်စကလေးတွေ
ကျွန်တော်တို့သင်ခဲ့ရတဲ့ ခြေတဘောင်ကျိုးပညာရေးအဖြစ်ဆိုးနဲ့ဘဲ
တိုးမယ်ဒါကြောင့်၈၈၈၈ကိုမမြင်ဘူး မမီခဲ့လို့မျက်စေ့ရှေ့မှာထပ်ဖြစ်မလားဆိုတဲ့
စိုးစိတ်နဲ့သတင်းထောက်အပေါင်းတို့ကလဲ ကိုယ့်ကိုယ်ကို
သတင်းသမားအဖြစ် Focusပြတ်ပါရန် မေတ္တာရပ်ခံမိတော့သည်။

From: Nay Zar

www.mmdailystar.com

KIA သူပုန်စခန်းမှာ လူ ၂၂ ယောက် ဘာ့ကြောင့် သေရသလဲ.... ?

၁၅.၁၁.၂၀၁၄
----------------
မိုးကောင်း - ဖားကန့်  ကားလမ်း ...
လုံးခင်းအနီး ၊ လယ်ပြင် မရောက်မီ ၅မိုင်ခန့် အကွာတွင် ...
ဂျလာရပ်စခန်းမှ ကေအိုင်အေ အင်အား ၄၀ ခန့် မှ ...
၁၄၃၀ ချိန်မှ ၁၅၃၀ချိန်ထိ ....
ကားလမ်းအား ပိတ်ဆို့ ၍ ဆက်ကြေးကောက်ခံခဲ့  ...

၎င်းဖြစ်စဉ်ကြောင့် ...
ကေအိုင်အေ ဂျာလာရပ်စခန်း ( ယခင်က မရှိ ) အား ...
ထိုနယ်မြေတွင်းမှ ဖယ်ရှားပေးရန် ...
ကချင်ပြည်နယ် နယ်/လုံ ၀န်ကြီးမှ ...
စာဖြင့် တရားဝင် အကြောင်းကြားခဲ့ .... ။
၁၆.၁၁.၂၀၁၄
---------------
မန်စီ ၊ ပလောင်ဒိန်ဆာ အနီးတွင် ...
စခန်းလဲလှယ်ရန် လာရောက်သော ...
ရှေ့ တန်းအမှတ် ( ၃၁၇ ) ခြေမြန်တပ်ရင်းမှ စစ်ကြောင်း အား ...
ကေအိုင်အေမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ ...
စစ်သည် ၄ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ ....
ထိုဖြစ်စဉ်အတွက် ...
ကချင်ပြည်နယ် နယ်/လုံ ၀န်ကြီးမှ ...
နောင် ထပ်မံမဖြစ်ပွားစေရေး ...
စာဖြင့် တရားဝင် အကြောင်းကြားခဲ့ ....။
၁၇. ၁၁.၂၀၁၄
----------------
မော်ဟန် ၊ နမ့်ချီးမော်အနီး တွင် ...
နယ်မြေခံတပ်၏ လှုပ်ရှားတပ်စုအား ...
၁၇၃၀ ချိန်ခန့် တွင် ...
ကေအိုင်အေမှ ချောင်းမြောင်းပစ်ခတ်သဖြင့် ...
တိုက်ပွဲ ၅ မိနစ်ခန့်  ဖြစ်ပွားခဲ့  ...
မိမိ ဘက်မှ အထိအခိုက်မရှိ ....။
၁၉.၁၁.၂၀၁၄
----------------
၀၂၀၀ချိန်ခန့်  လုံးတုံမှ ၇မိုင်ခန့် အကွာ တောတွင်း၌ ...
ညအိပ်ရပ်နား အခြေပြုနေသော ...
တပ်မတော် စစ်ကြောင်းအား တိုက်ခိုက်ရန် ...
ကေအိုင်အေ အင်အား ၁၀၀ ခန့် မှ ချဉ်းကပ်လာစဉ် ...
အဆိုပါ စစ်ကြောင်း၏ ကာကင်းများနှင့် စတင်ထိတွေ့ ရာမှ ...
နာရီဝက်ခန့်  တိုက်ပွဲဖြစ်ပွားခဲ့ ...
မိမိဘက်မှ အထိအခိုက်မရှိ ...။
ထိုနေ့  ၁၀၀၀ ချိန်ခန့် တွင် ...
ကျရပတ္တီး အကျော် ၊ နန့် ကျင်ချောင်းတစ်ဖက်ကမ်းတွင် ....
တပ်မတော် လှုပ်ရှားကွန်မန်ဒို တပ်စု နှင့် ...
ကေအိုင်အေတပ်ဖွဲ့ ( အင်အား စိစစ်ဆဲ ) တို့  ...
၁၀ မိနစ် ခန့်  ထိတွေ့ မှု ဖြစ်ပွား ....
မိမိ ဘက်မှ အထိအခိုက်မရှိ .... ။
ထိုနေ့  ၁၂၀၀ ချိန်ခန့် တွင်ပင် ...
ကရူးတံတား အနီး ဆမားလမ်းအား ပြုပြင်နေသော ....
တပ်မတော် စစ်ကြောင်းအား ...
ကေအိုင်အေ အင်အား ၁၀၀ ခန့် မှ ...
၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ပြီး ...
တိုက်ပွဲအား စတင်ခဲ့ ....
တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ်၂၀ ခန့် အကြာ ...
၁၂ ၂၀ ချိန်ခန့် တွင် ...
ခရာဘွန် နှင့်  နမ့်ဆန်ယန် တပ်မတော် စခန်းများမှ ...
ကေအိုင်အေ တပ်စခန်းများသို့  ...
လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ ...
လက်နက်ကြီး ကျည်တစ်ခုမှာ...
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအတွင်း ...
ကျရောက်ပေါက်ကွဲခဲ့ ....
ပစ်ခတ်မှုကြောင့် ...
ကေအိုင်အေ ဗိုလ်လောင်း ၂၂ ဦးသေဆုံး ...
၁၅ ဦး ဒဏ်ရာရရှိခဲ့  ... ။
From: Ye Moe

www.mmdailystar.com

မေလင်းခ (ခေါ်) မေမြတ်မျိုးဦး အကြောင်းတစေ့တစောင်း

တစ်ကယ်တော့ မေလင်းခ (ခေါ်) မေမြတ်မျိုးဦး အကြောင်းကို ရေးသားဖို့ အစီအစဉ်မရှိပါ။ သို့သော် မြန်မာအမျိုးကောင်း မိန်းကလေးများ အတုယူမမှားစေချင်၍ ယခုကဲ့သို့ တကူးတကရေးသားရခြင်း ဖြစ်ပါသည်။ တစ်ကယ်တော့ သူမကို ရင်းနှီးကျွမ်းဝင်၍ ရန်ငြိုးရှိ၍ မပုတ်ချခြင်းမဟုတ်ပေ။ သူမအား ကျွန်ုပ်မသိပါ ထို့နည်းအတူ သူမလည်း ကျွန်ုပ်ကို မသိပါ။


သူမ၏ နာမည် အရင်းမှာ မေမြတ်မျိုးဦး ဟု လေ့လာသိရှိရသည်။ လက်ရှိ ကျောင်းသားသပိတ်ကို ဦးဆောင် နေသူမှာ သူမ၏ ယောကျာ်း ဖြစ်သူ ရာဟုကျော်ကျော်မောင် (ခေါ်) ကျော်ကိုကို ဖြစ်ပါသည်။ အလျှင်သင့်၍ သူမ ယောကျာ်းအကြောင်းပါ ထည့်သွင်းဖော်ပြသွားပါမည်။

ကျော်ကိုကိုရော မေမြတ်မျိုးဦး ကော နှစ်ဦးစလုံးသည် အမှန်တစ်ကယ်တော့ ကျောင်းသားများ မဟုတ်ကြတော့ပေ။ ကျော်ကိုကိုက B.Com, M.Com ဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၀၇ ခုနှစ်တွင် ကျောင်းပြီးမြောက်ထားပြီး မေမြတ်မျိုးဦးမှာ B.A (English) ဖြင့် ရတနာပုံတက္ကသိုလ်မှ ပြီးမြောက်ထားသူများ ဖြစ်ကြသည်။

ကျော်ကိုကိုမှာ ၂၀၀၇ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် All Burma Federation of Student Unions (ABFSU) တွင် ဥက္ကဌ တာဝန်ထမ်းဆောင်ကာ ကျောင်းသားအချင်းချင်း သတ်ဖြတ်နှိပ်စက်သည့် (ABFDS) ဆက်သွယ်ကာ မြန်မာနိုင်ငံဆူပူမှုဖြစ်စေရန်အတွက် တောက်လျှောက်ပြုလုပ်ခဲ့သည်။ ပြည်တွင်းရှိ အတိုက်အခံပါတီများနှင့် ပြည်ပ UG များနှင့် ဆက်သွယ်ကာ တိုင်းပြည်ဆူပူမှု ပြုလုပ်ရန် အစဉ်အမြဲ အားထုတ်လျက်ရှိပါသည်။ ထို့နည်းအတူ သူ၏ ဇနီး မေးလင်းခ (ခေါ်) မေမြတ်မျိုးဦးမှာလည်း သူနှင့်အတူ ပူးပေါင်း ပါဝင်လုပ်ဆောင်လျက်ရှိသည်။

ကျော်ကိုကို ရော မေလင်းခ (ခေါ်) မေးမြတ်မျိုးဦး ရော ၂ဦးစလုံးသည် ထိုင်း-မြန်မာနယ်စပ်ရှိ (ABFDS) တွင် စစ်ပညာသင်တန်းများပြီးမြောက်ထားပြီးသားသူများဖြစ်ကြသည်။ ပြည်ပ အထောက်အပံ့ဖြင့်
မေးလင်းခ မှာ အနောက်နိုင်ငံများသို့လည်း ပညာတော်သင် သွားရောက်ခဲ့သည်။ ပြည်တွင်း၌ ဆူပူမှုပြုလုပ်ရန် အခါအခွင့်သင့်လျှင် သင့်သလို လှုံဆော်ပေးခြင်း၊ အခြား ပြည်နယ်နှင့်တိုင်းများသို့ သွားရောက်ကာ ကျောင်းသားလူငယ်များအား စည်းရုံးသိမ်းသွင်းကာ ကျောင်းသားများ ဆူပူမှုပြုလုပ်ရန် အမြဲလိုလို ဗကပ ၀ါဒမှိုင်းများ ဖြန့်ဝေခြင်း၊ သင်တန်းများ ပို့ချပေးခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းများကို
ပြည်ပအထောက်အပံ့ဖြင့် အလျင်းသင့်သလို ၄င်းတို့ ၂ဦးစလုံး လုပ်ဆောင်လျက်ရှိပါသည်။

ကျောင်းတက်စဉ်ကာလအတွင်း ကျောင်းပညာရေးကို အလေးမထားပဲ ကျောင်းပြေးကာ မိမိကိုယ်ကို (ဗကသ) အဖွဲ့ဝင် ရဲဘော်အဖြစ် ခံယူကာ တော်လှန်းရေး စာအုပ်များဖတ်ကာ ရူးသွပ်ခဲ့သည်။ သူများ ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်တွင် မေလင်းခသည် ကွန်မြူနစ် တော်လှန်းရေး
စာအုပ်များဖြင့်သာ အချိန်ကုန်ခဲ့လေသည်။ သို့သော် သူမအထင်မကြီးသော မြန်မာ့ပညာရေးမှ
ပေးအပ်သည့် ဘီအေဘွဲ့ကို အရှက်မဲ့စွာ တက်ရောက်ယူခဲ့ပေသည်။

၎င်းတို့ ၂ဦးသည် ပြည်ပရောက် ကျောင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သူ မိုးသီးဇွန် တည်ထောင်ထားသည့် လူဘောင်သစ် နဲ့လည်း ပြည်တွင်းတွင် အချိန်ကိုက်လှုပ်ရှားလျက်ရှိသည်။ တစ်ဖက်တွင်လည်း ကျော်ကိုကိုမှ နိုင်ငံတော်အတိုက်အခံပါတီဖြင့်လည်း တွေ့ဆုံကာ တိုင်းပြည်ဆူပူမှုဖြစ်စေရန် အချိန်ကိုက် လှုပ်ရှားလျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်။

အချုပ်အားဖြင့်ဆိုရသော် မေးလင်းခနှင့် သူ၏ယောကျာ်း ကျော်ကိုကိုတို့သည် ပြည်ပအထောက်အပံ့
များဖြင့် တော်လှန်းရေးသမိုင်းများ ဖတ်ကာ အေးချမ်းသာယာပြီး တိုးတက်ရန် ရှိသော မြန်မာနိုင်ငံ
တော်ကြီးကို အတိုက်အခံပါတီနှင့် ဘယ်ညာ လက်ဝါးရိုက်၍ တစ်ဖက်အတိုက်အခံပါတီမှ အမျိုးသားရေးကို တိုက်ခိုက်နေချိန်တွင် မိမိကိုယ်ကို ကျောင်းပြီးသွားသော်လည်း ကျောင်းသားယောင်ယောင်လုပ်ပြီး အသက်ငယ်ရွယ်သော အမှန်တစ်ကယ် ကျောင်းသားများကို သွေးထိုးမြှောက်ပင့် စည်းရုံးကာ ပြည်ပ
အထောက်အပံ့များစားသုံးပြီး ကျောင်းသားများကို ချနင်းကာ မြန်မာပြည် ဆူပူမှုဖြစ်စေရန် အခြားတစ်ဖက်မှ လုပ်ဆောင်လျက်ရှိကြောင်းကို သက်သေသာဓက ပုံများဖြင့် တွေ့ရှိ၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

သို့ပါသောကြောင့် တိုင်းပြည်တွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော တည်ဆဲဥပဒေအရ အစိုးရအဖွဲ့အစည်း အနေဖြင့် မြန်မာပြည်ငြိမ်းချမ်းစေရန်အတွက်လည်းကောင်း၊ အမှန်တစ်ကယ် ပညာရေးကိုလိုလားသော ကျောင်းသား ကျောင်းသူများ ဘ၀ရှေ့ရေးအတွက်လည်းကောင်း ကြည့်ရှု၍ ပြည်ပ အထောက်အပံ့စား လက်နက်ကိုင်များနှင့် ဆက်သွယ်ကာ ဆူပူမှုဖြစ်ရန်အတွက် လုပ်ဆောင်လျက်ရှိသော ပြည်ဖျက်များအား ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြလိုက်ပါသည်။

From: (PBNA Myanmar)

www.mmdailystar.com

အင်အားကြီးနိုင်ငံများ၏ ဖိအားပေးစွက်ဖက်မှုများ လက်မခံဟု ကာချုပ်ပြော

 မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်းနှင့် အင်အားကြီးနိုင်ငံကြီးများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက်ဆံခြင်းကို လက်မခံနိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဖိအားပေးဆက် ဆံမှုကိုလည်း လက်မခံဘဲ လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေဖြင့် ရပ်တည် နိုင်ရန် တပ်မတော်အနေဖြင့် ခိုင်မာစွာ လုပ်ဆောင်ပိုင်ခွင့် ရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံအား လုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်နေပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမပြုသလို မြန်မာနိုင်ငံ ရေးတွင်လည်း ပြည်ပမှ ဝင် ရောက်စွက်ဖက်ခြင်းကို လက်မခံကြောင်း နိုဝင်ဘာ ၁၇ ရက်က လာအို ကာကွယ်ရေးဝန်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အတွင်း အစိုးရ၊ အတိုက်အခံ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားလူငယ်များအား အချိန်ပေးတွေ့ဆုံခဲ့သော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်ဘက်တာဝန်ရှိသူများကို တွေ့ ဆုံခဲ့ခြင်းမရှိခဲ့ပေ။

ကန်သမ္မတ အိုဘားမားက အစိုးရတွင်း တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရမည် ဟု နိုဝင်ဘာ ၁၃ ရက်က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အမတ်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားမှုများအပြီး နိုဝင်ဘာ ၁၇ ရက်က အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာရောက်သည့် လာအိုကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမှုတွင် ကာကွယ်ရေးဦးစီးချုပ်က အင်အားကြီးနိုင်ငံများ၏ ဖိအားပေး ဆက်ဆံမှုနှင့် ပြည်တွင်းရေးစွက်ဖက်မှုကို လက်မခံကြောင်း တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာ-လာအိုနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပြောင်းလဲမှုမရှိနိုင်ကြောင်းနှင့် အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင်မှုမှာ မိမိတို့နိုင်ငံငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းလည်း ကာချုပ်က ပြောကြားခဲ့ သည်။

လာအိုကာကွယ်ရေးဝန်ကြီး၏ ပြန်လည်ဆွေးနွေးမှုတွင် ၎င်းတို့နိုင်ငံအတွင်းမှာလည်း နိုင်ငံရေးပျော့ကွက်အားနည်းချက်များအပေါ် မလိုလားသူ အတိုက်အခံများနှင့် NGO အမည်ခံသူများက တိုင်းပြည်ပြိုကွဲအောင် နှောင့်ယှက်တိုက်ခိုက်မှုများ ရှိနေကြောင်း ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံသည် တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို စစ်အစိုးရ လက်ထက်ကတည်းက ယခုဒီမိုကရေစီ အစိုးရလက်ထက်အထိ ကျင့်သုံးနေပြီး မြန်မာ၏ နိုင်ငံခြားရေးမူဝါဒအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများရှိခဲ့သည်။ ယနေ့အထိ အဆိုပါမူဝါဒကို ကျင့်သုံးခြင်းကြောင့် ကြားနေသည့်နိုင်ငံအဖြစ် နိုင်ငံတကာက စွပ်စွဲမှုများရှိနေပြီး အင်အားကြီးနိုင်ငံနှစ်ခုကြား ရပ်တည်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီဝင် နိုင်ငံရေးအနေအထားကို အားပြု၍ ထိရောက်သည့် နိုင်ငံခြားရေးမူဝါဒတစ်ရပ်ကို ကျင့်သုံးပါက နိုင်ငံတကာဆက်ဆံရေးတွင် ပိုမိုအကျိုးရှိမည်ဟု တိုက်တွန်းမှုများလည်းရှိထားသည်။

From:7day

www.mmdailystar.com

KIA ဖမ်းဆီးထားသော ရှမ်းနှင့် အခြားတိုင်းရင်းသား (၁၀၀)ကျော် ချုပ်နှောင်ခံထားရ

Photo: KIA ဖမ်းဆီးထားသော ရှမ်းနှင့် အခြားတိုင်းရင်းသား (၁၀၀)ကျော် ချုပ်နှောင်ခံထားရ

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ဖမ်းဆီးခံရသော မှော်သူမှော်သားများမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့တွင် ယနေ့အချိန်ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့၌ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) က ထုတ်ဖော်ပြောဆိုလိုက်သည်။

`` ထင်ကြေးနဲ့ပြောတာမဟုတ်ပါဘူး၊ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတွေဆီက အဖြေရပြီးတော့မှ ထုတ်ဖော် ပြောဆိုတာပါ၊ အတိအကျထပ်ပြောရရင် KIA အဖွဲ့က ဖမ်းထားပြီး ချုပ်နှောင်ခံထားရတဲ့ တိုင်းရင်းသား ၁၀၀ ကျော်ရှိ နေပါတယ် ´´ ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

KIA အဖွဲ့၊ တပ်ရင်း (၁၄) တွင် ချုပ်နှောင်ခံထားသော မှော်သူမှော်သား(၁၀၀)ကျော်တွင် ရှမ်းနီလူမျိုးများ အပါအ၀င် လီဆူး၊ ရ၀မ်၊ ကဏန်းနှင့် ပလောင်တိုင်းရင်းသားများ အဓိကဖြစ်ကြောင်း သိရသည်။

`` မူးယစ်ဆေးသုံးတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ အချုပ်ထဲ ထည့်ထားတယ်၊ ရိုးရိုးထည့်တာမဟုတ်ဘူး၊ ချိန်း ဘလောက်ကြိုးတွေနဲ့ သံခြေချင်းခတ်ပြီးတော့ ချုပ်ထားတာ၊ အစားအစာလည်း မ၀ရေစာကျွေးတာ၊ ကျန်ခဲ့တဲ့သူတွေ ကိုလည်း လွတ်မြောက်စေချင်ပါတယ်ဗျာ ´´ ဟု ပြန်လည်လွတ်မြောက်လာသော မိုးကောင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထားသူများတွင် ဒေသခံအမျိုးသမီးများလည်း ပါဝင်နေရာ (၃၀) ထက်မနည်းရှိကြောင်း၊ ကျန်းမာရေးချို့တဲ့မှုကြောင့် အချို့အမျိုးသမီးများမှာ အသက်ဆုံးရှုံးသွားရကြောင်း၊ ကျန်းမာရေးမကောင်းမှန်းသိလျက် KIA အဖွဲ့မှ ဆေးတစ်လုံးပင်မတိုက်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး သေအောင်သတ်နေခြင်းဖြစ်ကြောင်း တနိုင်းမြို့သို့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးထံမှ သိရသည်။

`` မူးယစ်ဆေးစွဲရင် ဆေးရုံကဆေးဖြတ်ပေးပါလိမ့်မယ်၊ တရားဥပဒေအရ အရေးယူဖို့ တရားရုံးရှိပါတယ်၊ KIA ဟာ ပြည်သူကို အဲဒီကိစ္စတွေလုပ်ပေးဖို့ တာဝန်ပေးခံထားရတဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းမဟုတ်ပါဘူး၊ ဖမ်းထားတာတွေ ပြန်လွှတ်ပေးဖို့ KIO ဆက်ဆံရေးရုံးကနေ ဆက်သွယ်အကြောင်းကြားထားပါတယ်၊ ပြီးရင် သမ္မတဆီစာပို့မှာပါ၊ မရရင် ဆန္ဒပြပြီး တောင်းဆိုဖို့လုပ်ထားပါတယ် ´´ ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသတွင် ဖမ်းဆီးခံရသော မှော်သူမှော်သားများမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့တွင် ယနေ့အချိန်ထိ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့၌ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) က ထုတ်ဖော်ပြောဆိုလိုက်သည်။

`` ထင်ကြေးနဲ့ပြောတာမဟုတ်ပါဘူး၊ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံတွေဆီက အဖြေရပြီးတော့မှ ထုတ်ဖော် ပြောဆိုတာပါ၊ အတိအကျထပ်ပြောရရင် KIA အဖွဲ့က ဖမ်းထားပြီး ချုပ်နှောင်ခံထားရတဲ့ တိုင်းရင်းသား ၁၀၀ ကျော်ရှိ နေပါတယ် ´´ ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

KIA အဖွဲ့၊ တပ်ရင်း (၁၄) တွင် ချုပ်နှောင်ခံထားသော မှော်သူမှော်သား(၁၀၀)ကျော်တွင် ရှမ်းနီလူမျိုးများ အပါအ၀င် လီဆူး၊ ရ၀မ်၊ ကဏန်းနှင့် ပလောင်တိုင်းရင်းသားများ အဓိကဖြစ်ကြောင်း သိရသည်။

`` မူးယစ်ဆေးသုံးတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ အချုပ်ထဲ ထည့်ထားတယ်၊ ရိုးရိုးထည့်တာမဟုတ်ဘူး၊ ချိန်း ဘလောက်ကြိုးတွေနဲ့ သံခြေချင်းခတ်ပြီးတော့ ချုပ်ထားတာ၊ အစားအစာလည်း မ၀ရေစာကျွေးတာ၊ ကျန်ခဲ့တဲ့သူတွေ ကိုလည်း လွတ်မြောက်စေချင်ပါတယ်ဗျာ ´´ ဟု ပြန်လည်လွတ်မြောက်လာသော မိုးကောင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ထားသူများတွင် ဒေသခံအမျိုးသမီးများလည်း ပါဝင်နေရာ (၃၀) ထက်မနည်းရှိကြောင်း၊ ကျန်းမာရေးချို့တဲ့မှုကြောင့် အချို့အမျိုးသမီးများမှာ အသက်ဆုံးရှုံးသွားရကြောင်း၊ ကျန်းမာရေးမကောင်းမှန်းသိလျက် KIA အဖွဲ့မှ ဆေးတစ်လုံးပင်မတိုက်ကြောင်း၊ ညှဉ်းပန်းနှိပ်စက်ပြီး သေအောင်သတ်နေခြင်းဖြစ်ကြောင်း တနိုင်းမြို့သို့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာသော မှော်လုပ်သားတစ်ဦးထံမှ သိရသည်။

`` မူးယစ်ဆေးစွဲရင် ဆေးရုံကဆေးဖြတ်ပေးပါလိမ့်မယ်၊ တရားဥပဒေအရ အရေးယူဖို့ တရားရုံးရှိပါတယ်၊ KIA ဟာ ပြည်သူကို အဲဒီကိစ္စတွေလုပ်ပေးဖို့ တာဝန်ပေးခံထားရတဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းမဟုတ်ပါဘူး၊ ဖမ်းထားတာတွေ ပြန်လွှတ်ပေးဖို့ KIO ဆက်ဆံရေးရုံးကနေ ဆက်သွယ်အကြောင်းကြားထားပါတယ်၊ ပြီးရင် သမ္မတဆီစာပို့မှာပါ၊ မရရင် ဆန္ဒပြပြီး တောင်းဆိုဖို့လုပ်ထားပါတယ် ´´ ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဌက ပြောကြားသွားသည်။

From: ညီသစ်(မြစ်ကြီးနား)

www.mmdailystar.com

နေမျိုးဇင် ကျောင်းသူ/ကျောင်းသားကလေးငယ်များအား ခုတုံးလုပ်၍ ဆူပူမှုဖြစ်ရန်ဆောင်ရွက်နေ


အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ
အား ခုတုံးလုပ်၍ဆူပူသည့် ပုံစံဖြစ်အောင် ဆောင်ရွက်နေခြင်း
=============================================
ကျောင်းသားများအား ကျောင်းသို့ သမ္ဗာန်ဆိပ်မှ ကျောင်းထိ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပို့ဆောင်ပေးမည်ဟု ပညာရေးမှ တာဝန်ရှိသူများမှ အာမခံသော်လည်း လက်မခံဘဲ ဆူပူသည့် ပုံစံဖြစ်အောင် နေမျိုးဇင်မှ ၀ါးခမောက်အလုံး ၇၀ ဝေပေးပါသည်၊


ဗကသ မှသီဟသန်းဝင်း၊ ကိုကို နှင့် (၇)ဦးတို့မှ ရောက်ရှိလာပြီး ကျောင်းသား(၂)ဦး လက်မောင်းတွင် ခွပ်ဒေါင်းတံဆိပ်ပါ လက်ပတ်ပက် တစ်ဦးကို ဦးခေါင်းတွင် ခေါင်းစည်းပေး၊ ပြီးလျှင် သွေးသစ္စာသီချင်းကို သင်ပေးခဲ့ပါသည်။

ကျောင်းသားများအား ကျောင်းတက်ခြင်းအား ပိတ်ပင်ထားခြင်းမရှိခြင်း၊လမ်းအား ဖွင့်ပေးမည်ဟု
ပြောသော်လည်း ၄င်း တို့၏ သမ္ဗာန်ဆိပ်အား ပြန်လည်ဖွင့်ရေးကို ဦးတည်၍ ကျောင်းသားများအား ခုတုံးလုပ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသတင်းရရှိသည်။



www.mmdailystar.com

သူရဦးရွှေမန်း၊ ဒါတွေ ထပ်ရှင်းပေးပါ။



စည်သူအောင်မြင့်

မဇ္ဈိမ သတင်းစာ၊ ၂၀-၁၁-၁၄။ စာ-၉။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ဟာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စ သူဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတဲ့ အချက်နဲ့ အချိန်ဇယားတွေ ပါဝင်နေတဲ့ အတွက် ဒီသတင်း တမဟုတ်ချင်း ပျံ့နှံ့သွားတာ တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်မျက်နှာတိုင်းလိုလိုမှာလည်း အဲဒီ သတင်း ဖော်ပြကြပါတယ်။ သူရဦးရွှေမန်း ပြောဆိုခဲ့တာတွေဟာ ရှင်းလင်းမှု ရှိပါရဲ့လား၊ ပြည်တွင်းထုတ် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကရော မှန်ကန်မှု ရှိပါရဲ့လား၊ ဘယ်လို မရှင်းမလင်းတွေ ရှိနေသေးလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် သတင်းစာတွေမှာ ခုလို ဖော်ပြထားပါတယ်။ ဒီမိုကရေစီ တူဒေး မှာ “ နောက်လာမည့် လွှတ်တော်သက်တန်းမှသာ အခြေခံဥပဒေကို ပြင်ဆင် အတည်ပြုနိုင်တော့မည်။” ။ အလဲဗင်း သတင်းစာ ခေါင်းစဉ်မှာ “ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ၂၀၁၅ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာသည့် အဖြေအပေါ် မူတည်ကာ ဆောင်ရွက်ရမည် ဟု သူရဦးရွှေမန်း ပြောကြား” ။ မဇ္ဈိမ မျက်နှာဖုံးမှာ “ အခြေခံဥပဒေ ပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ လွှတ်တော် အတည်ပြုမည်ဟုဆို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်” ။ သည်ဗွိုက်စ် သတင်းစာမှာ “ အခြေခံဥပဒေ ပြင်ဆင်ရေး နောင်လာမည့် အစိုးရလက်ထက်၌သာ အတည်ပြုမည်” ။ စံတော်ချိန် သတင်းစာမှာ “ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၂၀၁၅ မေလ တွင် ပြည်သူ့ဆန္ဒခံယူမည်၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်ဆင်သွားမည်ဟု ဆို။” ။ ဆဲဗင်းဒေး သတင်းစာမှာ “ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေပြင်ရန် ဆောင်ရွက်နိုင်မည်ဟု ဦးရွှေမန်းပြော” ဆိုပြီး ဖော်ပြထားကြပါတယ်။

ဒါနဲ့ပါတ်သက်ပြီး ဖွဲ့စည်းပုံပြင်ရေး အချိန်ဇယားကို သူရဦးရွှေမန်းက ပြောရာမှာ လက်ရှိ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်၊ ဒါကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မယ်၊ ထွက်ပေါ်လာမယ့် ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းတွေကို နောက်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံးဖြတ် အတည်ပြုမယ်၊ အဲဒီက ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တစ်ချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။ အဲဒါကို လာမယ့် ၂၀၁၅ မေလ အတွင်းမှာ ဆောင်ရွက်မယ်။ လို့ ဆိုထားပါတယ်။ ပြောရရင် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီးပြီဆိုရင် ဖွဲ့စည်းပုံ ပြင်ရေးကိစ္စ လုပ်ငန်းစဉ် အဆုံးသတ်ပါပြီ။ အဲဒီ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ ဘယ်နေ့ ဘယ်အချိန် အသက်ဝင်မလဲ ဆိုတာကိုလည်း အဲဒီ ဥပဒေကြမ်းတွေမှာ ပါပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဥပမာ အဲဒီ ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့စည်းပုံသည် ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော်ဇ။် ပထမဦးဆုံး အစည်းအဝေး စတင်ကျင်းပချိန် အသက်ဝင်သည်၊ ဆိုတာမျိုး ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ ပြင်ဆင်ပြီး ဖွဲ့စည်းပုံဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း စ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူရဦးရွှေမန်း ထပ်ပြောလိုက်တာတွေက အဲဒါကို ရှုတ်ထွေးသွားစေပါတယ်။ တစ်နေရာမှာ သူရဦးရွှေမန်းက “ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေအပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။” ဆိုတာမျိုး၊ သတင်းထောက် တစ်ယောက်က ထပ်ဆင့် မေးလိုက်တာကို သူက “ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ထွက်ပေါ်လာတဲ့အတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူပဲ လွှတ်တော်သက်တန်း စတဲ့ နောက်ပိုင်းမှာ အခုနက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မယ့်
ပြင်ဆင်ချက်တွေအပေါ် မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ပြောထားပြန်ပါတယ်။ ဒါကြောင့်လည်း သတင်းဌာန အသီးသီးဟာ ဖွဲ့စည်းပုံပြင်ရေးဟာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ မပြီးသေးဘူးလို့ ယူဆပြီး အထက်မှာ ဖော်ပြခဲ့တဲ့ ခေါင်းစဉ်တွေကို
ရေးသားဖော်ပြကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး သူရဦးရွှေမန်း ပြန်ရှင်းလင်းဖို့ လိုတာက ၂၀၁၅ ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမယ့် လွှတ်တော် စ တာနဲ့ ပြင်ဆင်ပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံ အသက်ဝင်မှာလား၊ ဒါမှမဟုတ် မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ် ဆက်လုပ်ရမှာလား၊ ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပဲ သမ္မတ ရွေးကောက်တင်မြှောက်တာတွေ၊ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာတွေ လုပ်ပြီးမှ ဖွဲ့စည်းပုံ ပြင်ရေး ဆက် လုပ်ရမှာလား ဆိုတာပါ။ ရှင်းရှင်းပြောရရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရွေးတာတွေ၊ ပြည်နယ်နဲ့ တိုင်း ၀န်ကြီးချုပ် ရွေးတာတွေ၊ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ကိစ္စတွေကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လုပ်မလား၊ ပြင်ဆင်ပြီးဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ လုပ်မှာလား ဆိုတာ သူရဦးရွှေမန်း အနေနဲ့ ရှင်းရှင်းလင်း ပြောဆိုဖို့ လိုပါတယ်။

နောက်ပြသနာ တစ်ခုက ခုလို ဖွဲ့စည်းပုံ ပြင်ရေး အချိန်ဇယား ကိစ္စ၊ ဖွဲ့စည်းပုံကို ပြီးတဲ့အထိ ပြင်မလား၊ ၂၀၁၅ နောက်ပိုင်းအထိ ပို့လိုက်မလား၊ ပြင်ဆင်ပြီး ဖွဲ့စည်းပုံ ဘယ်အချိန် အသက်ဝင်စေမလဲ ဆိုတာတွေကို သူရဦးရွှေမန်း ပြောဆိုနေတာဟာ ကိုယ့်တစ်ယောက်ထဲ သဘောနဲ့ ပြောနေတာလား၊ လွှတ်တော်ရဲ့ သဘောထားလား ဆိုတာကိုလည်း ရှင်းလင်းဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်တယောက်ထဲ သဘောနဲ့ ပြောလို့ရတယ်၊ လုပ်ကိုင် ဆုံးဖြတ်လို့ရတယ် ဆိုရင် သူရဦးရွှေမန်းဟာ လွှတ်တော် အထက်က ပုဂ္ဂိုလ် ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံးတစ်ခုကတော့ ပုဒ်မ ၄၃၆ ပြင်ရေး ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ ဘက်ကသာ သဘောတူရင် အောင်မြင်ပြီ ဆိုပြီး ပြောခဲ့တာပါ။ တကယ်တော့ လွှတ်တော်ထဲ ၇ ရာခိုင်နှုန်းပဲ ရှိတဲ့ အင်န်အယ်လ်ဒီ က တင်တဲ့ ၄၃၆ ပြင်ရေးမူကို ၅၄ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီက သဘောတူသယောင်ယောင် ပြောဆိုခဲ့ပါတယ်။ တကယ့်လက်တွေ့ အင်န်အယ်လ်ဒီ က တင်တဲ့ ၄၃၆ ပြင်ရေး၊ တနည်းအားဖြင့် တပ်မတော်သား အမတ်တွေ သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ ဖွဲ့စည်းပုံကို ပြင်နိုင်ရေး ဆိုတဲ့ မူကို ပြည်ခိုင်ဖြိုးပါတီက သဘောတူတာ မဟုတ်ပါဘူး။ သူတို့ ၄၃၆ ပြင်မယ် ဆိုတာ မဖြစ်စလောက် လေးပါ။ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ကိုယ့်ပါတီက သဘောမတူနိုင်တဲ့ ကိစ္စတစ်ခု တပ်မတော်ဘက်ကသာ သဘောတူရင် အောင်မြင်ပြီလို့ သူရဦးရွှေမန်း ပြောလိုက်တာဟာ မှန်ကန်မှု မရှိပါဘူး။ အင်န်အယ်လ်ဒီ နဲ့ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် အထင်အမြင်လွဲအောင်၊ ထိပ်တိုက်တိုးနေပြီးသားကို ပိုပြီးတင်းမာအောင် ပြောဆိုလိုက်သလို ဖြစ်နေပါတယ်။ ဒါကိုလည်း သူရဦးရွှေမန်းက ပြန်လည် ရှင်းလင်းပေးဖို့ လိုနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

From: Sithu Aung Myint

www.mmdailystar.com

ကျောင်းသားခေါင်းဆောင်လား၊ အကြမ်းဖက်သမားတွေလား


နိုဝင်ဘာလထဲမှာ အရေးပေါ်ကျောင်းသားအစည်းအဝေးလုပ်မယ်ဆိုကထဲက မျက်ခုံးက ခပ်လှုပ်လှုပ်ဖြစ်နေခဲ့တာမို့ အိမ်က သားတစ်ယောက်ကို အရိပ်တကြည့်ကြည့် လုပ်နေခဲ့တာတွေ အားလုံး အလကားဖြစ်ကုန်သည်။ ဒီကောင်က နဂို ကထဲက ကျောင်းစာကလွဲရင် အကုန်စိတ်ဝင်စားသည်။ သားသမီးမကောင်းမိဘခေါင်းဟု ဆိုလျှင်တော့ ဒီကောင် ညံ့ဖျင်း အသုံးမကျမှု အားလုံးဟာ ကျွန်တော်တို့ လင်မယားပေါ်တွင် အဓိက တာဝန်ရှိပါသည်။ အမြဲဆုံးမနေသည့် မိဘ၏ သားသမီးပင် ယခု ဆူပူမှုတွေကို ဦးဆောင်နေသူများမှာ ဘယ်လိုလူမျိုးတွေဆိုတာ မသိလျှင် ကျန်သည့် ကလေးများက တော့ အထူးပြောရန်ပင် မလိုတောပေ။



သပိတ်ကို ဦးဆောင်နေသည့် ၁၅ ဦးကော်မတီဝင်တွေက ဘယ်သူမှန်းလည်း ဩကျွန်တော့်သား သေချာမသိ။ ဘယ်လို ကောင်တွေ ဆိုတာလည်း လေ့လာပုံမရ။ ကျွန်တော့်သား နားလည်တာက ယခုဆူပူတာတွေကို အစိုးရကလက်ခံမည်။ ပြီးရင် ပညာရေးလွတ်လပ်ပြီ။ ဆံပင်ရှည်ထားမည်၊ နှစ်သက်ရာဝတ်စုံဖြင့် ကျောင်းတက်မည်။ အချိန်တန်လျှင် ကျောင်းပြီးမည်။ ဘာအနာဂတ်အစီအစဉ်မှ မရှိ။ သပိတ်ကို စတင်သူတွေရဲ့ နောက်ပိုင်း ရည်ရွယ်ချက်တွေကိုလည်း လုံးဝရိပ်စားမိပုံ မရသည့်အပြင် မိဘကို ကန့်လန့်တိုက်ပြီး တော်လှန်ရေးသမားယောာင်ယောင် လေသံ
ထွက်လာသဖြင့် အိမ်က မောင်းချလိုက်သည်။

ကျွန်တော့်သား ထွက်သွားပြီးနောက်ပိုင်း သပိတ်မှောက်သတင်းတွေကို ရုပ်သံသတင်းကော၊ စာစောင်သတင်းတွေမှာပါ ရှာဖတ်ကြည့်သည်။ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ဩဒီမိုကရေစီ ရဖို့လိုတယ်။ ဒါကြောင့် ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲ ၀င်မယ်ဆိုတဲ့ ကျော်ကိုကိုရဲ့ အင်တာဗျူးသတင်း၊ ကေအန်ယူ ပြောက်ကျားဝတ်တွေက သပိတ်အဖွဲ့တွေကို ငွေနဲ့ စားစရာတွေ လာပေးတဲ့သတင်း၊ ၈၈ ကျောင်းသားဟောင်းဆိုတဲ့ မြအေးတို့ မိန့်ခွန်းပြောတဲ့သတင်း ၊ ပညာရေးဝန်ကြီးရဲ့ ရှင်းပြပြောဆိုမှု သတင်းတွေနဲ့ သတင်းစာမှာပါတဲ့ ပညာရေးဥပဒေရှင်းလင်းချက်တွေကို လိုက်ဖတ်ကြည့်လေ ကျောင်းသားတွေရဲ့ ရှေ့ရေး ပိုပြီး ရင်လေးလာလေလေ ဖြစ်ခဲ့သည်။

နောက်ဆုံးသတင်းကို သိလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော့်သား အပါအ၀င် ဘယ်ကလေးကိုမှ ဒီသပိတ်ထဲမှာ ဆက်မပါနိုင်အောင် ရတဲ့နည်းနဲ့ တားမယ်လို့ ဆုံးဖြတ်လိုက်သည်။ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များ အားလုံးဟာ ဗြှီင်္ ကျောင်းသားအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိယုံမက အကြမ်းဖက်သင်တန်းတွေပင် တက်ပြီး သား ဖြစ်နေသည်။ ကာလအတန်ကြာ တောထဲတွင်ကျင်လည်ပြီး အခန်းကဏ္ဍပျောက်နေသည့် ထို အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုကို စတင်ဖို့ ဒီကျောင်းသားသပိတ်ကို စတင်နေတာလို့ အတိအကျသိလိုက်ရသည်။ ဒါတွင်မကသေးပါ။ ကေအန်ယူခွဲထွက် အကြမ်းဖက်အဖွဲ့တွေကလည်း တစ်နိုင်ငံလုံး ကျောင်းသား
သပိတ်နှင့်အတူ စစ်ရေးအစီအစဉ်တွေ စတင်ဖို့ ကြံနေကြသည်။ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေကလည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၄၃၆ ပြင်ဆင်ရေးကို ကျောင်းသားလှုပ်ရှားမှုတွေကို အမှီပြုပြီး လုပ်ဖို့ ပြင်နေကြသည်။ ဗီနိုင်းကားချပ်တွေကို ညတွင်းချင်း အပြီးရိုက်နေကြ သည့် အစီအစဉ်များကို ကြည့်ပြီး ၈ လေးလုံးလို အရေးအခင်းမျိုး ထပ်ဖြစ်မှာကို ကျွန်တော် စိုးရိမ်လှပါသည်။

ကျောင်းသားတွေရဲ့ ပညာရေးနှင့် အနာဂတ်အခွင့်အလမ်းတွေအတွက် အကြံပေးကူညီလျှင်တော့
ကျောင်းသား ခေါင်းဆောင် ဖြစ်ပြီး ကျောင်းသားတွေကို လမ်းပေါ်ထွက်အောင်လုပ်ပြီး တစ်နိုင်ငံလုံး ဆူပူမှုတွေဖြစ်အောင် လုပ်ရင်တော့ အကြမ်းဖက်သမားတွေသာ ဖြစ်ပါလိမ့်မည်။


From: HG

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...