Saturday, 22 November 2014

ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာတို့ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားဟု သတိပေး

တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာတို့သည် အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ခြေ မြင့်မားသော ထိပ်တန်း ၁၃ နိုင်ငံ စာရင်းတွင် ပါဝင်လာကြကြောင်း နောက်ဆုံး ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်ကိန်းအစီရင်ခံစာက ဖော်ပြထားသည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို သြစတြေးလျ အခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုက ထုတ်ပြန်ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံး၏ ၈၂ ရာခိုင်နှုန်းသော အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် အဓိက ငါးနိုင်ငံစာရင်း ထွက်ပေါ်လာပြီး နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ ဖြစ်ကြသည်။

အာရှနိုင်ငံများတွင် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ပိုမြင့်သည့် နိုင်ငံများမှာ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး ယင်းနိုင်ငံများတွင် ခွဲထွက်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများ ရှိနေသည်။

“ကမ္ဘာအနှံ့ အကြမ်းဖက်ဝါဒ ခေါင်းထောင်လာနေတယ် ဆိုတာကို လက်ခံရမှာပါ။ အာဖရိကမှာလည်း ဒီအတိုင်းပါပဲ။ ၂၀၁၃ ခုနှစ်က အကြမ်းဖက်မှုကြောင့် သတ်ခံရတဲ့ လူအရေအတွက်ထက် ယခုနှစ်မှာ ၄၀ ရာခိုင်နှုန်း ပိုများလာပါတယ်” ဟု ကော်လိုရာဒို တက္ကသိုလ်မှ ပညာရှင် ဒန်အဲရစ်ခ်ဆင်က ပြောကြားသည်။

အကြမ်းဖက်သမား ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းများမှာ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ခြင်းနှင့် ခွဲထွက်လိုခြင်းတို့ကြောင့် ဖြစ်သည်ဟု ယင်းအစီရင်ခံစာက သုံးသပ်ထားသည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ရပ်ရွာအသိုင်းအဝိုင်းချင်း ကောင်းမွန်သော ဆက်ဆံရေး အားပျော့ခြင်းနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းလက်ခံပေးခြင်းတို့ အားနည်းခြင်းတို့ကြောင့် အကြမ်းဖက် အန္တရာယ် ရှိလာသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူရွန်ဒီ၊ ဗဟိုအာဖရိက စသည့် နိုင်ငံများက ထိပ်ဆုံးမှ ဦးဆောင်လျက် အကြမ်းဖက်သမားတို့ မျက်စိကျသည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခြင်း ဖြစ်ပြီး မြန်မာ၊ သီရိလင်္ကာနှင့် ယူဂန္ဓာတို့က နောက်ဆုံးအဆင့်မှ ပါဝင်သည်။

အကြမ်းဖက်ဝါဒက တိုက်ရိုက်သက်ရောက်ခြင်း မရှိသော နိုင်ငံများစာရင်းလည်း ပါဝင်ပြီး ယင်းနိုင်ငံများတွင် အာဆီယံဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သော စင်ကာပူလည်း ပါဝင်သည်။

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ ညွှန်ကိန်း GTI သည် ယင်းဝါဒ၏ ပထဝီဖြန့်ကြက်မှု သဘောတရားကို သုံးသပ်ခြင်း ဖြစ်သည်။


From:The Voice

www.mmdailystar.com

Gay ဇာတ်သွင်းပြီး စော်ကားခဲ့သူ လူယုတ်မာတစ်ဦးကြောင့် ဘ၀ပျက်ခဲ့ရသော လူငယ်လေးတစ်ယောက်၏ ခံစားချက် (Only Men)

လူ့ဘ၀မှာလည်းအမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။ လာပြန်ပြီ တစ်ယောက်…။

ဝင်ခွင့်ပြုပါ
ဆရာ...

အော်…
ဟုတ်ကဲ့ ၀င်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။ ဆေးခန်းထဲ ၀င်လာသူမှာ
အသက် ၂၀ ၀န်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး တစ်ယောက်။
ဒါပေမယ့် သူမျက်နှာမှာ စိုးရိမ်စိတ်တွေ ညှိုးငယ် သိမ်ငယ်နေတဲ့ အရိပ်ရောင်တွေတော့ သန်းနေပါတယ်။

သူက
ထိုင်ခုံမှာ ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်…။ ပြီးမှ သူက သူ့ကို အချိန်
နည်းနည်း ပေးပါလို့ တောင်းဆိုပါတယ်….။ ဆေးခန်းကလည်း လူနာ ရှင်းနေတော့ ဆရာဝန်လည်း ခေါင်းညိမ့်ပြီး
သူပြောတာကို နားထောင်ပေးဖို့ အသင့် ပြင်လိုက်ပါတယ်….။

ကျနော်က
ကိုမျိုးပါ ဆရာ။ အခု အသက် ၂၁ နှစ်ပါ။ ရေကြောင်းတက္ကသိုလ် တက်နေပါတယ်။ ကျောင်းပြီးလို့
သင်္ဘောတက်မယ်လုပ်မှ အခုဆေးက မအောင်ဘူး ဆရာရယ် ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး။ အိမ်ကိုလည်း
မပြောရဲဘူး ဖြစ်နေတယ်။

သူ့မျက်နှာ
တစ်ခုလုံး ညှိုးကျ သွားပါတယ် …။ မျက်ရည်တွေလည်း မျက်ဝန်းထဲအပြည့်…။ ကျနော်က အရင်ကတည်းက
ဘ၀ဆုံးပြီးသားပါ ဆရာ။ သူပြောတာကို ဆရာဝန် နားမလည်လိုက်ပါ။

ကျနော်က
ဘ၀ပေး ကံမကောင်းခဲ့ဘူး ဆရာ…။ ကျနော်က ယောက်ျားစင်စစ်ကနေ ယောက်ျားချင်း ကြိုက်တဲ့သူ(ဂေး)
ဖြစ်နေတယ်လေ…. ဂေးတွေရဲ့ အကြောင်းတွေကို သိနေပြီးသားဖြစ်တဲ့ ဒေါက်တာ မင်းနိုင် အတွက်တော့
ဘာမှ မမှုတော့ပါ… ခေါင်းညိမ့်ပြီးသာ ဆက်နားထောင် နေခဲ့ပါတယ်။

ကျနော့်တို့
မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။… ဖေ့ဖေ့သူငယ်ချင်းပါ။ သူက ဖေဖေနဲ့
အသက် အတူတူ ပါပဲ။ စီးပွားရေး သမားပါ၊ ဖေဖေတို့နဲ့ အလုပ်အတူတူ လုပ်ကြရင်း မိသားစုနဲ့
အရမ်းကို ရင်းနှီး သွားတာပါ….။ သူက လူပျိုကြီးပါ။ သူက ကျနော်တို့အိမ်ကို အမြဲ ၀င်ထွက်နေကျပါ…၊
အိမ်ကလည်း သူ့ကို အပြင်လူလို့ မသတ်မှတ်ဘူးလေ… ဆွေမျိုးရင်းချာလိုပဲ သဘောထားပါတယ်…။
သူကလည်း ကျနော်တို့ မောင်နှမတွေကို ဦးလေးအရင်းတွေ နီးပါး ကောင်းရှာပါတယ်။ ဒါပေမယ့်
သူမှာ ရှိတဲ့ လူမသိတဲ့ အကျင့်ဆိုးကိုတော့ ကျနော်ကလွဲပြီး ဘယ်သူမှ မသိဘူးလေ။ သူက ကျနော့်ကို
ဂေးဇာတ် သွင်းခဲ့တဲ့သူပါ။

ကျနော့်
၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ဘာသာ ပါတယ်လေ။ အောင်စာရင်းထွက်တဲ့ နေ့က သူက ကျနော့်ကို
ဆုချမယ်ဆိုပြီး မြို့ထဲက ဒဂုံစင်တာကို ခေါ်သွားပါတယ်…။ MK က Arrow ရှပ်တစ်ထည် ၀ယ်ပေးပါတယ်။.ပြီးတော့
Mr. Guiter မှာ ညစာ လိုက်ကျွေးပါတယ်…။ ပြီးမှ ပြန်ကြမယ်ပေါ့။ သူက သူ့ကားနဲ့ဆိုတော့
အိမ်ကလည်း စိတ်ချတယ်လေ။ အရင်ကလည်း ဒီလိုပဲ သွားနေကျဆိုတော့ ဘာမှ မပြောဘူးလေ။ ကျနော့်ကိုလည်း
အောင်စာရင်း ထွက်တဲ့နေ့ဆိုတော့ အိမ်ကဘာမှ မပြောဘူးလေ။ လျှောက်လည်ချင်လဲ လည်ပါစေပေါ့။
ညစာ စားပြီးတော့ သူက ကျနော့်ကို အိမ်ပြန်မပို့ပေးပဲ သူ့အိမ်ကို ခဏ၀င်ဖို့ ခေါ်ပါတယ်။
အရင်တည်းက သူ့အိမ်ကို သွားနေကြဆိုတော့ ကျနော်လည်း လိုက်သွား ခဲ့ပါတယ်။ သူ့အမေနဲ့က ကျနော်က
မြေးအဖွားလို ဖြစ်နေတာကိုး….။ အဖွားက အသက် ၇၀ ကျော်နေပြီ နားမကောင်းဘူးလေ။ သူ့အိမ်ရောက်တော့
ည ၉ နာရီလောက် ရှိပြီဗျ…။ သူက ကျနော့်ကို ကိုကာကိုလာ တိုက်တယ်…။ ရေငတ်နေတော့ ကျနော့်လည်း
အကုန် သောက်လဲတာပေါ့….။ ပြီးတော့ အရမ်း အိပ်ချင်လာပြီး ဘာမှမသိတော့ဘူး ဆရာ….။


၁၂ နာရီလောက်မှ ကျနော့် မျက်လုံး ပြန်ဖွင့် လာနိုင်တယ်လေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
ကျနော်က သူ့အခန်းထဲမှာ ရောက်နေတယ်လေ…။ ပြီးတော့ ကန်တော့ပါစေရဲ့ ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့
နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ….
ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့်
ဘ၀တစ်ခုလုံး မိုးမှောင် ကျခဲ့တဲ့ နေ့ပေါ့ ဆရာ….။ ကျနော့်မှာ ၁၀ တန်းအောင်လို့ ပျော်လို့တောင်
မ၀သေးပါဘူး…. ငိုချလိုက်ပါတယ်… လောကကြီးကို လုံးဝ စိတ်ကုန်ခဲ့ပါတယ် ဆရာ…..။

သူက
ခဏကြာတော့ အခန်းထဲကိုဝင်လာပြီး မသိသလိုနဲ့ နေပါတယ်…။ ကျနော်လည်း သူ့ကို အရမ်းမုန်းတီးနေတော့
ဘာစကားမှ မပြောချင်ဘူးလေ… ဒါနဲ့ ကျနော် သူ့ကို အိပ်ပြန်ပို့ပေးဖို့ ပြောခဲ့ပါတယ်… သူက
ကြည်ကြည်ဖြူဖြူပဲ ပြန်လိုက်ပို့ ပေးပါတယ်…။

သူပေးခဲ့တဲ့
အင်္ကျီကိုလည်း ကျနော်လုံးဝ မယူခဲ့ပါဘူး။ အဲဒီညက ကျနော် အိမ်ပြန်ရောက်တော့ ကျနော့်ကိုယ်
ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ….
။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က
ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။ ကျနော့်ဘ၀ ပျက်ခဲ့တာကို
ဘယ်သူကမှ မသိကြတာလေ ဆရာ……. ကျနော် ဘယ်သူ့ကို သွားတိုင် ပြောရမှာလဲ ဆရာ… ပြီးတော့ အဲလိုထုတ်ပြောဖို့
ကျနော့မှာ လုံးဝ ပြောမထွက် ဘူးလေ….။ အဲဒီလူကြီးကိုလည်း သတ်ချင်နေတယ်….။ အဲဒီရက်ကတော့
တော်တော်လေး သေလုမြောပါး ခံစားခဲ့ရတယ် ဆရာ….။

နောက်
ကျနော် ကျောင်းတက်ခဲ့ပါတယ်…။ ကျောင်းတက်နေတုန်း ဖေဖေက မန္တလေးမှာ ကားအက်ဆီးဒန့်နဲ့ ဆေးရုံတက်လိုက်
ရတယ်လေ… မိသားစုတွေက ဖေဖေ့ကို သွားကြည့် ကြတယ်လေ..။ ကျနော်က စာမေးပွဲရှိလို့ မလိုက်သွားရဘူး။
ဒါကိုမေမေက ကျနော့ကို စိတ်မချလို့ဆိုပြီး အဲဒီဦးလေးကို အိမ်မှာ လာအိပ်ဖို့ ပြောခဲ့တယ်လေ….။
အစကတော့ ကျနော်က မသိခဲ့ပါဘူး…။ ကျောင်းကပြန်လာမှ ဧည့်ခန်းထဲမှာ သူအကြာကြီး နေတာကို
သတိထား မိသွားတာပါ။

တစ်အိမ်လုံးမှာလဲ
ထမင်းချက်ပေးတဲ့ အမကြီးရယ် ကျနော်ရယ် အဲဒီဦးလေးရယ်ပဲ ရှိတာလေ။ သူက ညအထိ မပြန်တော့မှ
သူဒီမှာ ညအိမ်တော့မယ် ဆိုတာကို သိလိုက်ရတာပါ၊ ကျနော့ အတွက်တော့ ငရဲကျနေ သလိုပဲလေ…။
ကျနော်က တံခါးကို လော့ချပြီး စာကျက် နေခဲ့ပါတယ်….။ ည ၁၁ နာရီလောက်မှာ ကျနော် အိပ်ယာဝင်ခဲ့
ပါတယ်…။ ည ၂ နာရီလောက် တရေးလဲနိုးရော အဲဒီဦးလေးကြီးက ကျနော့် အိပ်ယာထဲ ရောက်နေတယ်လေ…..
ပြီးတော့ ကျနော့်ကိုလည်း သူထပ်စော်ကား ထားပြန်တယ်လေ…. ကျနော့်အတွက်တော့ ပြေးလို့ မလွတ်တော့ဘူးလေ။
မေမေက သူ့ကို အိမ်က သော့တွေ အကုန်ပေးခဲ့တာကိုး…။

သူက
ကျနော့ကို တကယ်ချစ်ပါတယ်တဲ့..။ ကျနော့ကိုလည်း မိဘတွေကို မပြောပါနဲ့တဲ့။ အမျိုးမျိုး
ပြောတယ်လေ။ ပြီးတော့ ကျနော့်ကို သူက လက်ထပ်မယ်တောင် ပြောသေးတယ်။ ကျနော်က ဒါမျိုးတွေကို
တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး…။ နောက်တော့သူက ယောင်္ကျားချင်း မဖွယ်မရာ လုပ်နေတဲ့ ပုံတွေနဲ့
ဗွီဒီယိုတွေကို ကျနော့်ကို ပြတယ်လေ….။ သူက ပြောသေးတယ် ဒါက ခေတ်မီတဲ့ နိုင်ငံတွေမှာပဲ
ရှိတာတဲ့။

ကျနော်
အကြိမ်ကြိမ် ငြင်းပါတယ်… ဒါပေမယ့် မရခဲ့ဘူးလေ.. ပိုဆိုးတာက ဖေဖေ့အက်ဆီးဒန့်မှာ အိမ်က
ငွေတော်တော် ကုန်သွားတယ်လေ။ နောက်ဆုံး ကျနော့ ကျောင်းစရိတ်တောင် အိမ်က မတတ်နိုင်တော့ဘူး။
အဲဒီမှာ သူက ကျနော့်ကို နေ့တိုင်းကျောင်းကို သူ့ကားနဲ့ လိုက်ပို့ ပေးတယ်လေ။ အိမ်က မထောက်ပံ့
နိုင်တာကိုလည်း သူက သိနေတယ်လေ…. မေမေတို့နဲ့က လူရင်းတွေ ဖြစ်နေတာကိုး။ သူက ကျနော် ကျောင်းမုန့်ဖိုးလည်း
ပေးတယ်။ လိုတဲ့ စာအုပ်တွေ စာရွက်စာတမ်း တွေကိုလည်း ၀ယ်ပေးတယ်လေ… ဒီလိုနဲ့ ကျနော် ပထမနှစ်
အောင်ခဲ့တာပါ။ ဒုတိယနှစ်မှာ ဖေဖေ ဆုံးသွားပါတယ်။ အရင် ကားအက်ဆီးဒန့် ပြီးတည်းက ဖေဖေ့
ကျန်းမာရေးက မကောင်းပါဘူး၊ ဖေဖေဆုံးတော့ သူကပဲ ကျနော်တို့ မိသားစုကို ထောက်ပံ့ ခဲ့တယ်လေ။
ဒီတော့ သူလိုချင်တာကို ကျနော်က ကိုယ်နဲ့ရင်းပြီး ပေးခဲ့ရတယ်ဆရာ။

ဒီလိုမျိုးတွေကို
အရမ်းမုန်းပေမယ့် မိသားစုကို ထောက်ပံ့နေတဲ့ သူ့အလိုကို ကျနော် လိုက်ခဲ့ ရတယ်လေ။ သူတောင်းဆိုလာတိုင်း
ကျနော် မညင်းသာ ခဲ့ပါဘူး။ သူအိမ်ကိုလည်း သွားဖြစ်တယ်။ သူ့အိမ်မှာက သူ့အတွက် လွတ်လပ်တယ်လေ…..
အဖွားကလည်း အသက်ကြီး နားကလေး ဆိုတော့ သူ့အကြိုက်ပဲလေ။ နောက်ဆုံးတော့ ကျနော့်ကိုယ်ကျနော်
ဂေးအဖြစ် ခံယူလိုက်မိပါတယ်။

ကျနော်
လူပျိုစဖြစ်တည်းက ဒီလိုအဖြစ်မျိုးတွေကို တစ်ခါမှ မတွေးထားမိပါဘူး။ ထင်လည်း မထင်ထား
ခဲ့ဘူးလေ။ ကျနော့်စိတ်ကိုလည်း ကျနော် ပြန်မေးကြည့် မိတယ်လေ။ ငါတကယ် ဒီလို ဂေးဖြစ်သွားပြီလား
ဆိုပြီးတော့. ကျနော် တတိယနှစ်မှာ ရည်းစာထားဖို့ ကြိုးစားပါတယ်။ ကောင်မလေး တစ်ယောက်ကို
လိုက်ခဲ့ပါတယ်။ ၂ လလောက် ကြာတော့ ချစ်သူတွေ ဖြစ်သွား ခဲ့ပါတယ်။ ကျနော် ကျနော့ချစ်သူကို
ချစ်လို့တော့ ရတယ်ဆရာ….။ ဟိုလိုမျိုးတော့ ဘယ်လိုမှ တွေးလို့ကို မရဘူး….။ သူ့ဘက်က အခွင့်ရေးတွေ
ပေးခဲ့တာတောင် ကျနော့် ဘက်က စိတ်လုံးဝ မလာခဲ့ဘူးလေ။ အဲဒီမှာ ကျနော့်ကိုကျနော် နားလည်ခဲ့ပါတယ်…
ကျနော့်ကို ကျနော် ဂေးလို့ ခံယူခဲ့ပါတယ်။ ကောင်မလေးကိုလည်း အဆက်ဖြတ်ခဲ့ ပါတယ်။ အဲဒီ
ဦးလေးကြီးနဲ့ပဲ နှစ်ပါးသွား နေခဲ့တယ် ဆရာ။ ဒါပေမယ့် အဲဒီဦးလေးကြီးက နှစ်ဖက်ချွန်လေ..
မိန်းမလည်း ပွေတယ်…. မော်ဒယ် ငယ်ငယ် လေးတွေနဲ့လည်း တွဲတယ်လေ…။ တစ်ခါတစ်လေ သူ့အခန်းကိုပါ
ခေါ်လာတယ်….

ကျနော့်
ကျောင်းပြီးတော့ သူက ကျနော့်ကို သင်္ဘောတင်ပေးမလို့ Agent နဲ့ ချိတ်ပေးပါတယ်။ ပြီးမှ ဆေးစစ်တာပါ
ဆရာ…။ အခုတော့ ကျနော့် ဘ၀က နှစ်ခါနာပဲလေ….. မေမေ့ကိုလည်း မပြောပြရဲဘူး။ ဆရာ… မေမေက
နှလုံးရောဂါသည်လေ…. ကျနော့်မှာ ညီမလေးလည်း ရှိသေးတယ်လေ…။ ကျနော်က ညီမလေးအပေါ် တာဝန်ရှိတယ်လေ…။
ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော့် ဘ၀ကို မေမေနဲ့ ညီမလေးအတွက်ပဲလို့ သတ်မှတ် ထားခဲ့တာပါ။
ဒီဦးလေးကိုလည်း မိသားစုကို ထောက်ပံ့ထားတဲ့ မျက်နှာနဲ့ သူ့လိုအင်ကို ဖြည့်ပေး နေခဲ့တာပါ။
ကျနော့် သူ့ကိုတော့ ပြောပြ ထားပါတယ်…။ သူ့က အစကတော့ အကြောက်အကန် ငြင်းပါတယ်။ သူက သန့်တယ်
ဘယ်သူနဲ့မှ မရှုပ်ဘူး ပေါ့လေ။ ကျနော်ကသာ တခြားလူတွေနဲ့ လိုက်ရှုပ်လို့ HIV ကူးတယ် ပေါ့လေ။
ကျနော် သူ့ကို သွေးစစ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက မစစ်ခဲ့ဘူးလေ။ နောက်ဆုံး
အတင်းအကြပ် ပြောမှ စစ်တော့ သူ့မှာလည်း HIV ပိုး ရှိနေတယ်လေ….။ ဒီတော့မှ ကျနော်လည်း
သူ့ဆီက ကူးတယ် ဆိုတာကို သိလိုက်ရတာပါ။

သူကတော့
ကျနော့် တစ်ဘ၀လုံးကို အညွှန့် ချိုးရုံသာမက ကျနော့် နာမည်ကိုပါ အမည်းစက် ထက်တွေ ဆင့်နေအောင်
လုပ်ခဲ့တယ်လေ။ ကျနော် ဘာဆက်လုပ်သင့်လဲ ဆိုတာကို အကြံပေးပါဦး ဆရာ……။

အားကိုးတကြီးစိတ်နဲ့
သူ့မျက်လုံးတွေက ဆရာဝန်ကို တောင်းပန် နေရှာလေရဲ့။ ဆရာဝန်လည်း ဖြစ်သင့်တာတွေ… လုပ်သင့်တာတွေကို
တစ်ခုချင်း ပြောနေလေရဲ့…။

ဆရာဝန်ရဲ့
အသုံးတော်ဖြစ်တဲ့ ကျုပ် ဘောလ်ပင်ခမျာမှာတော့ ရင်ထဲ မချိသာဘူးလေ..


ဒီလိုလူငယ်လေးတွေ ဒီလိုဘ၀ကိုရောက်အောင် လုပ်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ? ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဒီလို လူငယ်လေးတွေကို ဘယ်သူက ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလဲ?


သူတို့ ဒီဘ၀မျိုး မရောက်ခင်မှာ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပေးမယ့် နားတွေရော လောကကြီးမှာ
အဆင်သင့် ရှိနေပြီလား?


သူတို့ကို ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ပေးမယ့် ဥပဒေတွေရော ရှိနေပြီလား?


ဒီလို ကလေးသူငယ်ကို အဓမ္မ ပြုကျင့်တာတွေကိုရော ဘယ်သူတွေက ဆန့်ကျင် တိုက်ဖျက်ပြီး ကလေး
သူငယ်တွေရဲ့ အခွင့်ရေးအတွက် တိုက်ပွဲဝင် ပေးကြမှာလဲ?

ကျနော်မောင်ဘောလ်ပင်
ဒီလိုတွေးနေတုန်းမှာပဲ ဆရာဝန်က ကျနော့် ခေါင်းကို အဖုံးနဲ့ စွပ်ပြီး ကျနော့်ကို စာအုပ်ကြားထဲ
ညှပ်ထားခဲ့ပြီး ဆေးခန်းသိမ်းလိုက်ပါတယ်။

ရေးသူ--လမင်းကို

From: HIM

www.mmdailystar.com

မပြောသင့်တာကို ပြောလို့ သရဲအခြောက်ခံရတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ် (နှလုံးရောဂါရှိလျှင် မဖတ်ပါနှင့်)

လွန်တာလေးများရှိရင် တောင်းပန်ပါတယ်..

ကျွန်တော် ကိုယ်တွေ့ လေးရေး ပေးပါရစေဗျာ... ကျွန်တော် အခု အသက်၃၀ ရှိပါပြီ... နာမည် ကတော့ ကိုထူး လို့ ခေါ်ကြပါတယ်... ကျွန်တော် ဆေးကျောင်းသားဘ၀တုန်းက သရဲခြောက်ခံခဲ့ ရတဲ့ အကြောင်းလေး ပြောပြပါ့ မယ်.. ဆေးကျောင်းသား ဘဝက ကိုယ်တွေ့ လေးပေါ့ နော်... ကျွန်တော်တို့ ကျောင်းက သူများဆေးကျောင်းတွေလိုမဟုတ်ပါဘူး... ထူးတာက ကျောင်းဆောင်ဘေးမှာ ရင်ခွဲရုံ တည်ဆောက်ထားတာပါ... ကျွန်တော် 2nd MB စတက်တဲ့ နှစ်မှာ နာနာဘာဝ ဆိုတာကို ကိုယ်တွေ့စပြီးမြင်ဘူးခဲ့တာ ဘဝ နဲ့ ချီပြီးပြောရင်လဲ ပထမဆုံးကိုယ်တွေ့ ပါ...

ကျွန်တော်တို့  ဒုတိယနှစ် ကျောင်းသင်ခန်းစာမှာ ခန္ဓာဗေဒ ဘာသာရပ်ပါပါတယ်... လူ တစ်ကိုယ်လုံးဖွဲ့စည်းပုံ ကို ခေါင်းအစ ခြေအဆုံး စာတွေ့ ရော လက်တွေ့ပါ သင်ကြားရတာပါ... လက်တွေ့ ချိန်ဆို ကျောင်းဘေး က အလောင်းတွေ (ဖော်မလင်)စိမ်ထားတဲ့ ရင်ခွဲ ရုံ မှာ သွားပြီး တစ်လောင်းကို ၅ယောက်နှုန်းနဲ့ ဆရာတွေလဲ ခွဲစိတ်ပြပြီး သင်တဲ့ ကျွန်တော်တို့ လဲ ကိုယ်တိုင် ခွဲ ခြမ်းပြီး လူ့ ခန္ဓာဗေဒကို အကြွမ်းတဝင် ဖြစ်အောင်၊ ကြည့်ချင်တဲ့ ကလီစာ တွေဖြတ်၊ မလိုတဲ့ ကြွက်သားတွေလှီးထုတ်၊ အကြော အရိုး ပါမကျန် လေ့လာ ကြရပါတယ်... အလောင်းတွေ ခမျာလဲ အသက်မဲ့နေပေလို့ ပဲ.. အသက်သာရှင်ရင် ကျွန်တော်တို့ကို ထတောင်ရိုက်လောက်တယ်.. ဟဟ .. ကျွန်တော်တို့  လက်တွေ့ ၃ ပတ်အပြီးမှာတော့ တစ်စစီ နီးပါးဖြစ်လို့  ရောက်ခါစနဲ့မတူတော့ဘဲ တော်တော်လည်း ပုံပျက်သွားပါပြီ..

တကယ့်အဖြစ်အပျက်ကတော့ အလောင်း အသစ်ရင်ခွဲရုံ ရောက်တဲ့နေ့ နဲ့ ကျွန်တော်တို့ Pratical စတဲ့နေ့ မှာပေါ့... ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ် စာသင်ချိန်ပြီးပြီးချင်း ရင်ခွဲရုံဘက် ထွက်လာခဲ့တယ်... ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူဗျ... စာသင်ချိန်သာ အိပ်ငိုက်ချင်ငိုက်တာ လက်တွေ့ဆိုလို့  ကတော့ အလောင်းတွေကို လှီးလိုက် ချွတ်လိုက် ထိုးလိုက် ဆွလိုက်နဲ့ တော်တော်တက်ကြွသဗျ... ဟဟ.. အစောဆုံးရောက်သွား တဲ့ အတွက် ကောင်းတာက လတ်လတ်ဆတ်ဆတ် အဖြစ်ဆုံး အလောင်းကို ရွေးခွင့် ရတာဗျ... ရင်ခွဲရုံလည်း ရောက်ရော အဲဒီမှာ လူနာတင်ကား တစ်စီး ရပ်ထားတာဗျ... ဟာ.. ပွပြီပေါ့ အလောင်းအသစ် လာပို့ ပြီပေါ့... ဝမ်းသာအားရနဲ့ လူနာတင်ကားဆီ သွားကြည့်ကြတာပေါ့...


စတာက အဲဒီမှာ... အလောင်းကတော့ ဖွားသီလရှင်တစ်ပါးရဲ့  အလောင်းဗျ... ကျောင်းပေါ်မှာ တစ်ပါးထဲ ပျံတော်မူ နေတာတဲ့... အပုပ်နံ့ရလို့ သွားကြည့်မှ ပျံလွန်တော်မူတာကို သိကြပြီး ခန္ဓာလှူ ထားမှန်းသိလို့  ကျောင်းကို တိုက်ရိုက်သယ်လာကြတာတဲ့...
ဟုတ်တော့ဟုတ်တယ်.. တော်တော် အနံ့  ပြင်းတယ်... လူရဲ့ အပုတ်နံ့က တစ်ခြားသတ္တဝါတွေထက် ၁၀ ဆ လောက်ကိုပြင်းတယ်... နှာခေါင်းထဲကို တန်းတိုးတာပဲ... ဖွားသီလရှင်ကြီးက နေမကောင်းလို့  ဆံမပယ်ဖြစ်တာ ကြာပြီထင်တယ်... ဆံပင်တွေက ငုတ်စိ လေးတွေ ထိုးထိုးထောင်ထောင်နဲ့ တော်တော်ရှည်နေတယ်... အဝတ်အစားကလဲ အိမ်နေရင်း... အဲလေ ကျောင်းနေရင်းဝတ်တဲ့ဟာ ထင်ပါတယ်... ယောဂီရောင်အတွင်းခံ ခပ်နွမ်းနွမ်းလုံချည်လဲ ခပ်စုတ်စုတ်လေး လွှမ်းလို့ပေါ့... ကျွန်တော်လည်း ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ရလိုက်တဲ့အပုပ်နံ အီအီကြီးကြောင့် စိတ်ရှုပ်သလို စိတ်ပျက်သလို ဖြစ်ပြီး ပါးစပ်ကမပြောသင့်တဲ့ စကားတွေ ရုတ်တရက်ထွက်လာပြီး ဘေးက သူငယ်ချင်းကို ပြောလိုက်မိတယ်..


" ကျော်ကြီး ကြည့်ပါဦးကွာ... မယ်သီလရှင်လည်း ပြောသေးတယ်.. ဆံပင်ကလည်း ကျို့တို့ ကျဲတဲ.. အဝတ်စား ကလဲစုတ်ပြတ်သတ်နေတာပဲ... သီလရှင်ဝတ်စုံလည်း မဟုတ်... အရပ်ကလဲ ပုတက်တက်နဲ့... ဘာမှကို ကြည်ညိုစရာ မရှိဘူး... လန်ကြုတ်သီလရှင်ဘဲနေမှာပါကွာ... " ဆိုပြီး ပြောလိုက်မိတယ်...
ပြီးတော့  ဆရာတွေရောက်လာလို့  ရင်ခွဲရုံထဲဝင် ထုံးစံအတိုင်း ခွဲစရာရှိတာ ခွဲပြီး အဆောင်ပြန်လာကြတာပေါ့... ညရောက်တော့ မှ နောင်တရဖို့အကြောင်း ဖန်လာတော့တာပဲ...
ညရောက်လာတော့ ထုံးစံအတိုင်းစာကျက်ပြီးတဲ့ အချိန်မအိပ်ကြသေးဘဲ သူငယ်ချင်းကျော်ကြီးနဲ့ ထွေရာလေးပါးပြောနေလိုက်တာ တော်တော်လေးညဉ့် နက်မှ စကားစပြတ်သွားတယ်... ကျွန်တော်တို့က အဆောင်နေကျောင်းသားတွေ ဆိုတော့ သူငယ်ချင်းနဲ့က ကုတင်ချင်းကပ်ရပ်ပေါ့... ကျွန်တော်တို့နေတာက ဒုတိယထပ် အဆောင်က Hall ဆိုတော့ တစ်ခန်းမှာ ၁၀ ယောက် လောက်နေကြရတာ ... ကုတင်တွေကလည်း ကပ်လို့ပေါ့... ကုတင်တစ်လုံးပေါ်ကနေ တစ်လုံး ခုန်ကူးသွားလိုက်ရင်တောင် အခန်းအဝင်ဝကို ရောက်ပါတယ်... နောက်ပြီး ကျွန်တော့် ကုတင်ခေါင်းရင်းတည့်တည့်မှာ မှန်ပြတင်းပေါက်ရှိတယ်... ညဆို လေ အရမ်းဝင်လို့  ပိတ်ထားတတ်ပါတယ်...

အဲဒီညမှာပဲ အခန်းမီးတွေ ပိတ် အိပ်တဲ့လူကလည်း အိပ်နေပါပြီ... ကျွန်တော်လည်း ချက်ချင်းအိပ်လို့  မပျော်သေးတော့ လက်ကလေး ရင်ဘတ်ပေါ်တင် အတွေးနယ်ချဲ့ နေမိတာ ဘယ်အချိန်ထိကြာသွားလည်း မသိပါဘူး.. ခြင်ထောင် အပြင်က အမှောင်ရိပ်ထဲမှာ ကုံးကုံးကွကွနဲ့ မဲမဲ သဏ္ဍန် တစ်ခု.... အသက်ရှူသံလို တရှုးရှူးအသံပြုပြီး ကျွန်တော့်သူငယ်ချင်း ကျော်ကြီး ရဲ့ခြင်ထောင်ဘေးမှာတလှုတ်လှုတ်လုပ်နေပါတယ်... ခဏအကြာမှာ သူငယ်ချင်းရဲ့ခြင်ထောင်ထဲမပြီး ဝင်သွားသယောင် ဝိုးတိုးဝါးတား စိတ်ထဲမှာ ထင်လိုက်မိလို့  ရုတ်တရက်သူငယ်ချင်းအတွက်စိတ်ပူသွားပြီး ခေါင်းအုံးအောက်က ဓါတ်မီးကို ဖြေးဖြေးလေးဆွဲလိုက်တယ်... ကိုယ်တိုင်ကလဲ တော်တော် လေးလန့်သွားပြီး ချွေးစေးတွေတောင် ထွက်နေတယ်... လှုပ်ရှားမှုကလည်း တကယ့်ကို နှေးနှေးလေးပါ...

လက်က ခေါင်းအုန်းအောက်ရောက်ဖို့ကို တော်တော်ကြာနေတယ်လို့ ခံစားရတယ်... ဓါတ်မီးကိုလည်း စမ်းမိရော အရမ်းအားတက်သွားပြီး ခလုတ်လေးကို အသာလေးဖိပြီး ဖွင့်... ပွင့်လည်း ပွင့်ရော... ရုတ်တရက် ဗြူံးဆို.. ကျွန်တော့် ခြင်ထောင်ထဲ က ချက်ခြင်းပြီး စောစောက မဲမဲသဏ္ဍန်ကြီး ဝင်သွားတဲ့နေရာလောက်ကနေ သူငယ်ချင်း ခြင်ထောင်ကို ဆတ်ခနဲ မပြီး မီးထိုး ကြည့်တော့ သကောင့်သားမောင်ကျော်ကြီးက စောင်ကြီးခေါင်းမြီးခြုံလို့  တုပ်တုပ်မှ မလှုပ် အိပ်နေလိုက်တာ.. ကျွန်တော်လည်း သက်ပြင်းချ.ပြီး တခြားလူတွေနိုးသွားမှာစိုးလို့ လေသံလေးနဲ့ ..
" ဟေ့ကောင်.. ဟေ့ကောင်... " ဆိုပြီး ခေါ်လည်းခေါ် ... စောင်လည်း ဆွဲချလိုက်တော့မှ.. ကိုယ့်ဆရာက မအိပ်သေးဘူးဗျ... တစ်ခါမှ မစိတ်တဲ့ သူ့ခေါင်းရင်းက လူရှိန်ပုတီးကြီး လည်ပင်းမှာစွပ်လို့  ကျွန်တော့်ကိုလည်း ပုတ်ခပ်ပုတ်ခပ်မျက်လုံးအစုံ နဲ့ ကြည့်နေတာ များ ရီတောင်ရီချင်စရာ.. ရုပ်ကိုက.. ကျွန်တော် အခုပြန်တွေးကြည့်ရင် ပြန်မြင်ယောင်ပြီး အခုရယ်ချင်စိတ်ပေါက်တယ်... ကျွန်တော်လဲ လေသံနဲ့...


" စောစော က မင်းကုတင်ထဲ မည်းမည်းအရိပ်ကြီး ဝင်သွားလို့ငါ စိတ်ပူလို့ ကွ " လို့ လဲပြောရော.. မောင်ကျော်ကြီး က ငေါက်ကနဲ ထပြီး တခစ်ခစ်နဲ့ အသံအုပ်ပြီး ရယ်ပါလေရော... ဒါနဲ့ကျွန်တော်လည်း ဒီကောင်အပများမှီနေသလား... ငါပြောတာ ဘာရယ်စရာပါလို့လဲ ဆိုပြီး တွေးလဲတွေး ကြောက်လဲကြောက်ပေါ့.. နောက် လေသံအုပ်ပြီးမေးတော့မှ..
".. စောစောက အပြင်မှာ မင်းတွေ့တာက ငါကွ.. ငါဘာလို့  အပြင်ထွက်ပြီး တရှုးရှူးလုပ်ရသလဲ ဆိုတော့ အပုပ်နံရလို့  ကုတင်ပတ်ပြီး ရှာရင်းရှုကြည့်နေတာတဲ့... ပြီးမှ အနံ့ က မင်းကုတင်ဘက်ကမှန်းလဲသိရော ငါလည်း လန့်ပြီး စောင်ခေါင်းမြီးခြုံ ပုတီး လည်မှာ ပတ်ပြီး ဘုရားစာရွတ်ပြီး ကြိုးစားပြီးအိပ်ဖို့  လုပ်နေတာ... " တဲ့..


ကျွန်တော်လည်း... " အဲဒီအပုပ်နံ့ .. ငါ့ကုတင်ဘက်က ရတာနဲ့ပဲ အရမ်းကြောက်ရရောလား.. " ဆိုပြီး မေးပြန်တော့မှ ကျော်ကြီး က သူတွေ့လိုက်တဲ့ အကြောင်းအရာကို စ ဆုံး ပြော ပြတာ...
" ညက ဒို့ နှစ်ယောက် ပေါက်ကရပြောပြီး အိပ်ရာ ဝင်တော့ ချက်ခြင်းအိပ်မပျော်သေးတာနဲ့ ဟိုလှိမ့် ဒီလှိမ့် လုပ်နေတုန်း အခန်းဝ တစ်ယောက်ယောက် ဝင်လာသလို စိတ်ထင်မိလို့  မျက်စိ တဝက်လောက် ဖွင့် ကြည့်လိုက်တော့  လူမှလူရိပ်စစ်စစ် .. ဒါပေမယ့် ဝင်လာတဲပုံက လမ်းလျှောက်သလို မဟုတ်ဘဲ ဘုတ်စကိတ် ပေါ် လူတက်စီးလာသလို တောင့်တောင့်ကြီး ရွေ့ လာတာကွ... ထူးခြားတာက အဲဒီအရိပ်က တော်တော်ပုပု သေးသေးလေး... ခန့် မှန်း ငါတို့ ရင်ခေါင်းလောက်ဘဲရှိမယ်ကွ... ပြီးတော့ မင်းနဲ့ငါ့ ခြေရင်းလောက်လဲရောက်ရော ရုတ်တရက်ရပ်နေပြီး ငါ မျက်တောင်တစ်ခါလေး ခတ်မိပါတယ် ပျောက်သွားရော... ငါလည်း ကြောက်တာမှ အသက်တောင်မရှုမိဘူးထင်တာပဲ... ပြီးလဲပြီးရော အပုပ်နံကြီးရလာတာပဲကွာ... နေ့လည်က ရတဲ့အနံ့လိုမျိုးကြီး ရလာလို့ ငါ့ စိတ်ပုတီးကို လည်ပင်းကောက်စွပ် အရိပ်ကြီးက တို့ခြေရင်းမှာ ပျောက်သွားတာဆိုတော့ ငါလဲတုန်နေတဲ့ ဒူးနှစ်ဖက်ကို အနိုင်နိုင်ထိန်းပြီး ခြင်ထောင်ထဲက ကြိုးစားထွက်... ဘေးပတ်လည်ကို လေ့လာ ကြည့်တာနေတာကွ... ဒါနဲ့ မင်းကုတင်ဘက်ဆီ က အပုပ်နံ့ စူးခနဲ တစ်ခါလဲထပ်ရရော ငါလည်း ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ ခြင်ထောင်ထဲ ပြန်ဝင်ပြီး အခုလို ကွေးနေတာ မင်းရောက်လာတဲ့အထိပဲကွ... " ဟု ရှည်လျှားစွာရှင်းပြပြီး ကျွန်တော် နာရီကြည့်လိုက်မိတော့ နံနက် ၃ နာရီ ရှိလေပြီ။


ကျွန်တော်လည်း သူငယ်ချင်းပြောပြသမျှကို ယုံရခက် မယုံရခက် တွေဝေနေပြီး ကိုယ့်ခုတင်ကိုယ်ကြောက်ကြောက်နဲ့ ပြန်အိပ်ရတာပေါ့.. မှေးခနဲ အိပ်ပျော်မယ်ကြံတုန်း ကျွန်တော်သတိထားမိလိုက်တာ ကျွန်တော့်ခေါင်းအုံး အလွန်အမင်း ပျော့ပြောင်းနေခြင်းပါ.. ကျွန်တော်လဲ မသင်္ကာံတာနဲ့ ခေါင်းအုံးအစွန်ဘက်ကို ခေါင်းရွေ့ကြည့်ပေမယ့် ခေါင်းအုံးက မဆုံးနိုင်ဘဲ ခုတင်အစွန်းကို လူသာ ရောက်သွားတယ် ခေါင်းအုံးက အဆုံးဆိုတာမရှိဘူး.. ဒါနဲ့ ဒီဘက်ပြန်လှိမ့်ကြည့်တော့လဲ မဆုံး... သိလိုက်ပါပြီ ... ငါ့ခြင်ထောင်ထဲ ငါမရှိတုန်း ဟိုပုကွကွ အရိပ်ဆိုတာကြီး ဝင်နေပြီဆိုတာကိုပေါ့... ပထမဆုံး သိလိုက်ပြီဆိုတာနဲ့ သတိရမိတာက ထွက်ပြေးဖို့ပေါ့... အားကုန်ထလိုက်တယ်...

ဒါပေမယ့် ခေါင်းက ခေါင်းအုံးနဲ့မခွာနိုင်ဘူး... တစ်ကိုယ်လုံး လှုပ်နိုင်တယ်.. ခေါင်းလုံးဝ မထောင်နိုင်ဘူး ကပ်နေတယ်... နောက်တော့အော်ဖို့ သတိရလာတယ်... ပါးစပ်ဟပြီး ကျော်ကြီးရေ လုပ်ပါဦးဟ လို့  ရင်ခေါင်းသံနဲ့ အသားကုန်အော်ပေမယ့် လည်ခေါင်းကြီးက ပျော့စိစိဖြစ်ပြီးတော့ တစ်ခုခုက ဆုတ်ညှစ်ထားသယောင်ပေါ့... နောက်မှ ဘုရားစာ ရွတ်ဖို့  သတိဝင်လာတာ.. အဲဒီအချိန်မှာ စရွတ်ဖို့စဉ်းစားတာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပေါ့... ဒါပေမယ့် အစကို မေ့နေပြန်ရော.. စိတ်ထဲမှာရွတ်နေပြီ.. ပါးစပ်ကြီးက အစ ရှာမရတာ... ဘယ်လိုကြီးလဲ မသိပါဘူးဗျာ.. ခံစားချက်က စိတ်နဲ့ လူမကပ် သလိုလို... ကိုယ်ကိုကိုလဲ အားမရ ဒေါသထွက်လာတယ်.. စိတ်ထဲမှာဖြစ်ပြီး အသံမထွက်တဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းလာတယ်.. အဲဒီခံစားချက်ကြီးက စက္ကန့်ပိုင်းအတွင်းအမျိုးမျိုး ဖြစ်နေတာနော်...

 နောက်ထပ်အတွေးက အမေ အဖေ ဆိုပြီး အော်ဖို့  ကြိုးစားမိပြန်ရော.. လုံးဝ အသံ မထွက်ဘူးဗျာ.. ထွက်လာတာက မျက်ရည်တွေနဲ့ လက်မဝက်လောက်ရှိမယ့် ကြက်သီးလုံးကြီးတွေ တစ်ကိုယ်လုံးပဲ.. နောက်ဆုံး ခြေကုန်လက်ပန်းကျလုလုဖြစ်တော့မှ ရုတ်တရက် ပါးစပ်က ထွက်လာတဲ့ စကားလုံးက ကျွန်တော့်ကိုကယ်လိုက်တာ.. ကျွန်တော် အကျယ်ကြီး အော်မိတာက (မြတ်စွာဘုရား ကယ်တော်မူပါ)...တဲ့ ... ဘယ်လောက်တောင်အံသြဖို့ကောင်းသလဲဆို လူက ငေါက်ခနဲ ထိုင်နိုင်သွားတယ်ဗျာ... တစ်ယောက်ထဲ ကြောက်လည်းကြောက် မျက်ရည်တွေလည်းကျမိလို့  ရှက်လဲရှက် ဒေါသကလဲထွက် နဲ့ ပြဿနာဒီလောက်ရှာတဲ့ ခေါင်းအုန်းတွေ့ရောပေါ့ကွာ ဆိုပြီး ခေါင်းရင်းတံခါးမှန်ကို ဖွင့် ခေါင်းအုံးကို မ ပြီး ကော်ရစ်တာကို လွှင့်ပြစ်လိုက်တာ ဖုတ်ဆိုတဲ့ အသံနဲ့ ခေါင်းအုံးက ကော်ရစ်တာကြမ်းပြင်မှာ လိမ့်ခနဲ လျောကျသွားတယ်... ပထမတစ်လိမ့်က ခေါင်းအုံး ပုံ...ဒုတိယတစ်လိမ့်မှာတော့ ကော်ရစ်တာမီးရောင်ဖျော့ဖျော့ အောက်မှာ မြင်လိုက်ရတာကတော့
 ယောဂီရောင် အောက်ခံအကျီကြီးဖြစ်နေတယ်ဗျ... ကျွန်တော်လဲ တံခါးအမြန်ပြန်ပိတ်.. အခန်းထဲရှိရှိသမျှ မီးချောင်းတွေ အကုန်လိုက်ဖွင့်ပြီး ကုတင်ပေါ်မှာထိုင်ပြီးရသမျှတွေ ရွတ်ဖတ်နေလိုက်တာ အခန်းဖော်တွေနိုးလာတဲ့ မနက်ဝေလီဝေလင်းထိပေါ့...

မနက် ၆ နာရီလောက်ရောက်တော့မှ လူတွေနိုးထ လှုပ်ရှားတာ သေချာမှ ကော်ရစ်တာကို အရဲစွန့်ပြီး ညက လွှင့်ပြစ်လိုက်တဲ့ ခေါင်းအုံးကို သွားပြန်ကြည့်တော့ရဲတော့တယ်.... ထူးဆန်းတာနောက်တစ်ခု တွေ့ ပြန်ပါရော... ခေါင်းအုံးဆီကနေ မနေ့ က ကျွန်တော်ရခဲ့ တဲ့ ပုပ်အက်အက် အနံကြီး ထောင်းထောင်းထနေလိုက်တာဗျာ... မနက်စောစောစီးစီး စိတ်ထဲမှာတောင် နဲနဲအော်ကလီဆန်သွားသလိုပဲ.. ဒါပေမယ့် ထူးခြားတာက ကျွန်တော်ကလွဲရင်ဘယ်သူမှ ဒီအနံ့ကို မရကြတာပဲ...နောက်တစ်ခုက ခွဲစိတ်တဲ့နေရာမှာထားတဲ့ ဖွားသီလရှင်အလောင်းမှာလည်း အပေါ်ကလွှမ်းထားတဲ့ ယောဂီရောင် အကျီကလည်း အောက်ကိုလွင့်ကျနေတယ်.. တိုတို ပြောရရင် ဒီခေါင်းအုန်းကို ကျော်ကြီး အကူအညီနဲ့ပဲ ဖွားသီလရှင် အလောင်းရဲ့  ခေါင်းအောက်ပြန်ထည့်ပြီး လှူဒါန်းပါတယ်...

စော်ကား မိတဲ့အတွက်လဲခွင့်လွှတ်ပါလို့ ပြောပြီးကြောက်ကြောက်နဲ့ ခေါင်းကိုအသာမ ခေါင်းအုံးကိုထိုးထည့် ပါးစပ်ကလည်း တောင်းပန် ဇောချွေးလဲနှစ်ယောက်သား ပြန်နေကြပေမယ့် အသက်မဲ့ ဖွားသီလ ခန္ဓာကိုယ်ကြီးကတော့ အေးစက်တောင့်တင်းငြိမ်သက်ပြီး ညက သူမဟုတ်သလိုနဲ့ နောက်လာမယ့် PRATICAL group တွေအတွက်အသင့်အနေထားပေါ့ဗျာ....

From: Htoo Myat

www.mmdailystar.com

လိင်ဖျော်ဖြေမှုနဲ့ ဘ၀ရပ်တည်နေရရှာတဲ့ အပျော်မယ်လေးများ၏ နောက်ကွယ်က ဆင်းရဲဒုက္ခ

တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ကောင်မလေးတယောက် ခေါ်ချင် တဲ့အကြောင်း ကိုအကြီးကောင် ကို ပြောလိုက်တယ်။နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေး တယောက် အပြင် ထွက်လာတယ်။
“အစ်ကို သူပဲ။အားလုံးအဆင်ပြေတဲ့ ကောင်မလေးပါ။မနက်မိုးလင်း တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့ကိုအကြီးကောင်က ကိုကိုအောင် ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေးလိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။
အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ကြတယ်။
ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းနားက ရပ်ကွက်ထဲ မှာ နေတဲ့သူပါ။ သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို လိင်အလုပ်သမ ဘ၀ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ၀င်တဲ့ ၀င်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။
သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာက အထည်ချုပ် စက်ရုံတရုံမှာ အလုပ်စလုပ်ခဲ့တာ ၈ လ ကျော် လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။
“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ်တာ ကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန်ထောက် ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။
ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အလုပ်သမတွေ အတွက်က လမ်းဘေးလိင်အလုပ်သမ တွေထက် ပိုလုံခြုံတယ် လို့ သူက ဆက်ပြောတယ်။
မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမ၀င်အနှိပ်ခန်းတွေ ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာ ကို တွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။
“ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ် ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာနဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက်သေး ဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။နောက်တယောက်ထပ်ခေါ်သွားတယ်။ကျနော် က ခေါင်းတွေ လိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှား ယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် လိင်အလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။
သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့အပြင် တခါတခါ တာမွေလမ်း ဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက် လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။
“တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်း ထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင်မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေလမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေ ကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။ ကျမတို့နေရာက လိင်အလုပ် သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှ မဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။
အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ လိင်အလုပ် သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ လိင်အလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေ တဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ လိင်အလုပ်သမတွေကို စီမံချက်နဲ့ အများ အပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း လိင်အလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။
“တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှပေးမှာ မဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကား မှုတွေ လည်း ရှိတယ်။ နယ်ဘက်မှာဆို ပိုဆိုးတယ်။ လိင် ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ၀ိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။
ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် လိင်အလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်း အပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘ၀ ရပ်တည်ရေးနှင့် မိသားစု အရေး များကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေများကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။
အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ၀င်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင် တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ၀င်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။
ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ လိင်လုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။
အသက် ၄၀ ကျော် အရွယ်ရောက်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ၀င်လာခဲ့ကြတဲ့သူတွေ အများစု က ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများ ရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။
“မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။ ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာ ပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ် မလဲ” လို့ သူက ဆိုတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။
တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ လိင်ဖျော်ဖြေရေး သက်သက် သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း လိင်ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ လိင်ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။
“အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။ တခါနေ ရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ လိင်ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီ က ကောင်မလေးတွေက ကွန်ဒုံးမပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။
အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ် ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။
ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လုပ်ကိုင် နေကြသူတွေဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။
ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။
မြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။ အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ လိင်အလုပ်သမတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ၀. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။ အဲဒီလို ငွေကြေးတိုက်ရိုက် ယူတဲ့ လိင်အလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။
အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ် တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအ ထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။
တချို့ အနှိပ်ခန်းက လိင်အလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။
“ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သ လိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက လိင်ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။ အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေ ရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။
လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများ စုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြ တယ်လို့ သူက ဆက်ပြောတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ်ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် လိင်အလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
“တကယ်တော့ လိင်အလုပ်သမတွေ တော်တော်များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက် တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘ၀ထဲ မှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

From:ဧရာဝတီ

www.mmdailystar.com

ကဲ ဖေ့ဘုတ် အရမ်းသုံးနေတဲ့ ကိုကို မမတို့ ဒါလေးကို ဖတ်ကြည့်လိုက်ပါ

လွန်ခဲ့တဲ့ နှစ်အနည်းနဲ့ ယှဉ်ရင် အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာတွေဟာ ကျွန်ုပ်တိုရဲ့နေ့ စဉ်ဘဝတွေမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုလို ဖြစ်လာပါတယ်။ မရှိမဖြစ်လိုအပ်ချက်ကတဆင့် ဆေးစွဲသလိုစွဲလန်းတဲ့ အဆင့်အထိ ရောက်သွားခဲ့ရင်တော့ အကျိုးဆုတ်ယုတ်မှုတွေ အများကြီးဖြစ်စေနိုင်လို့  ဆိုရှယ်မီဒီယာတွေကို လိုအပ်တာထက် အသုံးမချမိဖို့ လိုပါတယ်။

၁) အကြောင်းအရင်းနားလည်အောင်ကြိုးစားပါ။
ဆိုရှယ်လ်နက်ဝေါ့ခ်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွီတာတို့ မှာ ၄၊ ၅ နာရီလောက်ကြာအောင် Refresh ခဏခဏလုပ်ပြီးအချိန်ပြည့် အသုံးပြုနေပါသလား။ ဒီလိုအကျိုးမရှိတဲ့လုပ်ရပ်တွေအတွက် အချိန်ကုန်နေရတဲ့ အကြောင်းအရင်းကိုသင်သိပါသလား။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် ဆိုရှယ်မီဒီယာကို အသုံးပြုနေတာမဟုတ်ဘဲ အကြောင်းမရှိ ဆိုရှယ်လ်နက်ဝေါ့ခ်ကိုအမြဲမပြတ်ဝင်ရောက်ကြည့်ရှုနေရင်တော့ သင့်ရဲ့ မသိစိတ်က ဆိုရှယ်လ်မီဒီယာအပေါ် တဖြည်းဖြည်းစွဲလန်းနေမိသူဖြစ်လာနိုင်ပါတယ်။ ပထမဦးဆုံးသင်ဘာကြောင့် ဆိုရှယ်လ်နက်ဝေါ့ခ်ကိုအသုံးပြုနေသလဲဆိုတဲ့ အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပါ။ အကြောင်းအရာတစ်ခုခုက သင့်စိတ်ထဲမှာထင်ကျန်တတ်စေပါသလား။ ဒီလိုဖြစ်ရခြင်းကတော့ ဆိုရှယ်မီဒီယာစွဲလန်းမှုတွေရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သင်ရဲ့ စဉ်းစားတွေးခေါ်မှုများကိုပြောင်းလဲစေနိုင်ရုံသာမကပဲ နေ့စဉ်ဘ၀ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

၂) အချိန်သတ်မှတ်ထားပါ။
အင်တာနက်အသုံးပြုချိန်ကိုသတ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် အလုပ်အချိန်နဲ့ မိသားစုအတွက်အချိန်တွေမှာဆိုရှယ်လ်မီဒီယာကိုအသုံးများလေ့ရှိကြပါတယ်။ ဒီလိုအလုပ်အချိန်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ ဆုံနေချိန်မှာဆိုရှယ်လ်နက်ဝေါ့ခ်အသုံးပြုနေခြင်းကိုအချိန် အကန့် အသတ်နဲ့ ထားရှိပေးသင့်ပါတယ်။

၃) ဆိုရှယ်လ်နက်ဝေါခ်အသုံးပြုမယ့်အချိန်မှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလုပ်ပါ။
ဆိုရှယ်လ်မီဒီယာအပေါ် အာရုံလွှဲချင်ရင် ၀ါသနာပါတဲ့ အားကစားတစ်ခုလုပ်ပြီး အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ စာဖတ်တာ ဝါသနာပါရင်တော့ စာအုပ်နဲ့ စာဖတ်ပါ။ အွန်လိုင်းပေါ်မှာ စာဖတ်မယ်ဆိုရင်တော့ ဆိုရှယ်လ်နက်ဝေါ့ခ်အားလုံးကို ပိတ်ထားပြီး ဖတ်သင့်ပါတယ်။ ဒီလိုဆိုရှယ်လ်နက်ဝေါခ်နေရာမှာ ဝါသနာပါတာတစ်ခုခုကို အစားထိုးလိုက်တာကနေ့ စဉ်ဘဝတိုးတက်ရေးအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

၎) ဆိုရှယ်လ်မီဒီယာကိုဦးစားမပေးပါနဲ့ ။ဆိုရှယ်လ်မီဒီယာကို ဘယ်တော့မှ ဦးစားမပေးသင့်ပါဘူး။ သင်ရဲ့ အလုပ်၊ မိသားစု နှင့် ကျန်းမာရေးတွေကိုဥပေက္ခာပြုပြီး ဆိုရှယ်လ်မီဒီယာကိုဦးစားပေးရင် အကျိုး ဆုတ်ယုတ် မှုတွေပဲဖြစ်လာနိုင်တာကြောင့်မလို့ ဆိုရှယ်လ်မီဒီယာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ ဆိုရှယ်လ်မီဒီယာတွေကို အားလပ်ချိန်တွေမှာသာဖျော်ဖြေရေးတစ်ခုအနေနဲ့  အသုံးပြုသင့်ပါတယ်။
From: Trend Myanamr

www.mmdailystar.com

စာပေဟောပြောပွဲမှာ စာပေပညာသန့်သန့်ကိုသာပြော။ ကိုယ်ကျိုးအတွက် မဆိုင်တဲ့နေရာမှာ အသုံးချလိုက်ထဲက မှားနေပြီ။ကံကြီးထိုက်သောသူမှာ ပြေဖို့ရာမရှိ။ ငရဲတွင် အပြစ်ဆပ်ရန်သာရှိသည်။

စာပေ ဟောပြောပွဲ မှာ စာပေပညာဗဟုသုတနဲ့သက်ဆိုင်တာပဲ မပြောဘဲ နိုင်ငံရေးလိုလို၊ ဘာသာ သာသနာ သန့်စင်ရေးပုဂ္ဂိုလ်လိုလို၊ ပါတီကြော်ငြာ မဲဆွယ်သလိုလို၊ ကုလားအားရအောင် လေလည်သလိုလိုနဲ့ ပတ်ရမ်းလိုက်ထဲက စမှားနေပြီ။ စာပေဟောပြောပွဲမှာ စာပေပညာသန့်သန့်ကိုသာပြော။

ကိုယ်ကျိုးအတွက် မဆိုင်တဲ့နေရာမှာ အသုံးချလိုက်ထဲက မှားနေပြီ။

NLD သည် အတိုက်အခံပါတီ။ အတိုက်အခံပါတီအနေနဲ့ လက်ရှိအာဏာရအုပ်စုကိုသာတိုက်မှ အတိုက်အခံပါတီ ပီသမည်။ သို့သော် အမျိုးသားအကျိုးလုပ်ဆောင်နေသူများ၊ ဘာသာသာသနာကိုသာ တိုက်ရဲသည်။

လိုရင်းကို တည့်မပစ်တတ် မပစ်ရဲဘဲ ကြောင်တောင်တောင် အကွက်များနှင့် တိုင်းပြည်ခေါင်းဆောင်နေရာ တက်လှမ်းမည်ကြံသည်မှာ လူထုအတွက် အမှန်စင်စစ် အားကိုးဖွယ် မဖြစ်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ယနေ့မြန်မာအတွက် မည်သည့်အချိန်တုန်းကမျှ မရခဲ့ဖူးသော အခွင့်အရေး တချို့ ရလာခဲ့သည်။ သို့သော် လက်ရှိတွင် ခေါင်းဆောင်မှာ အောက်ခြေကို မနိုင်တော့။ တောင်းပန်ရသည်။ ယခု ထင်လင်းဦးအကြိမ်တွင် ပါတီနှင့်မဆိုင်ပါဟူ၍ပင် စာထုတ်ရသည်။ ကိုယ့်ပါတီတွင်းပင် ကိုယ်မနိုင်တော့။ တိုင်းပြည်အတွက် အားကိုးရန် အားလျော့ဖွယ် ကောင်းလွန်းလာသည်။ ခေါင်းဆောင် ခုထက် ပိုသန်မာဖို့ လိုသည်။

လက်ပံတောင်းတောင်အရေးတွင် ရှေ့လူတို့ ကာယကံရှင်တို့ ဖင်မနိုင်ဘဲ ပဲဟင်းစားခဲ့သမျှ ၎င်းကိစ္စနှင့် ဖာသိဖာသာနေသော ဒေါ်အောင်ဆန်းစုကြည် ဆွဲသွင်းခံရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စစ်ဆေးစေသည်။ ပြည်သူများ အားတက်ကြသည်။ အမေလာပြီ။ သို့သော် ရလာဒ်အဖြေမှာ အားလုံးသိပြီးကြသည့်အတိုင်းဖြစ်သည်။ ထိုစဉ်ကသာ ပြည်သူတို့ဆန္ဒလယ်တီသိမ်မဖျက်ရေးနှင့် အမေ့ပါဝါ ပြည်သူ့အင်အား ပေါင်းလိုက်လျှင် အဖြေတစ်မျိုးပြောင်းသွားနိုင်သည်။

အမေမကာကွယ်နိုင်ခဲ့။ မတိုက်နိုင်ခဲ့။

မြန်မာပြည် ဘယ်သူတက်တက် အာဏာရှင်တို့ကို တွန်းလှန်နိုင်မှ အလုပ်ဖြစ်မည်။

သာသနာ သန့်တည်ပွားရေး ရှေးရှုသော ပုဂ္ဂိုလ်ဖြစ်လိုလျှင် ၂၂၇သွယ်သော သိက္ခာပုဒ်တို့ကိုစောင့်ထိန်းသည့် ဘုရားသားတော်အစစ် အလျင်ဖြစ်အောင် ပြောင်းလဲသင့်သည်။ ၅ပါးသီလမျှ နေ့စဉ်မလုံနိုင်သော လူဝတ်ကြောင်အနေဖြင့် ဖင်မယားအပ်။

အာပတ်သင့်သော ရဟန်းပင် ပါရာဇိက မကျလျှင် အာပတ်ဖြေ၍ ပြေနိုင်သည်။ ပါရာဇိက ကျလျှင်သော်မှ လူဝတ်လဲလျှင် ပြေရာပြေကြောင်းဖြစ်သည်။

ကံကြီးထိုက်သောသူမှာ ပြေဖို့ရာမရှိ။ ငရဲတွင် အပြစ်ဆပ်ရန်သာရှိသည်။

ထင်လင်းဦး ပေးသော ကုသိုလ်အမျှ တစ်တိုင်းပြည်လုံး ဘယ်နှယောက် ရဖူးသည် မသိ။ အကုသိုလ်အမျှကတော့ တိုင်းပြည်နဲ့အဝှမ်း ရသွားရှာကြပြီ။ ဒါလား ပညာရှိလုပ်ရပ်။ စေတနာမှန်လျှင် စေတနာနှင့်တန်သောစကားသာ သုံးနှုန်းအပ်သည်။ ဒေါနှင့်မာန်နှင့် အရူးချီးပန်းသာ ပြောတတ်လျှင် ရွာသာကြီး စိတ္တဇ ဆေးရုံနှင့်သာ အသင့်လျော်ဆုံးဖြစ်သည်

From: M M Kyaw Min

www.mmdailystar.com

သမ္မတ ဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်း


ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့သမ္မတကြီးခင်ဗျား။ ကျနော်တို့ ဗွီအိုအေကို အခုလို တွေ့ဆုံ မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမ္မတကြီးကို အခုလို ကျန်းကျန်းမာမာနဲ့တွေ့ရတဲ့အတွက်လည်း ၀မ်းသာပါတယ်ခင်ဗျ။ ကျနော် ပထမဆုံး မေးချင်တာကတော့ သမ္မတကြီးရဲ့ ပထမ အစိုးရသက်တမ်းပေါ့နော်၊ ပထမ သက်တမ်းက အခုလာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီ…. ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးပြီ ဆိုလို့ရှိရင် သက်တမ်းက ဒါ…. ပြီးဆုံးတော့မယ်ပေါ့။ ဒီသက်တမ်း ကာလအတွင်းမှာ ဒါ…. သမ္မတကြီးတို့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး ကျေနပ်အားရမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေအပြင်ကို တချိန်က တင်းမာနေခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေဖက်ကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ၊ စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးတာတွေ လုပ်လာခဲ့တယ်။ ဒါကိုလည်း ဟို…. အစောပိုင်းမှာ တော်တော်လေး ချီးကျူး ပြောဆိုမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဒီလပိုင်း၊ ဒီရက်ပိုင်းအတွင်းမှာတော့ ဒီ…. မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဟာ နောက်ဆုတ် မသွားဘူး ဆိုရင်တောင်မှဘဲ၊ တန့်နေတယ် ဆိုတဲ့ ဝေဖန်မှုလေးတွေ တချို့ထွက်တာ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိပါမလဲခင်ဗျား။
သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဆင့် (၃) ဆင့် ကျနော်တို့ ကြိုးပမ်းပြီးတော့ ကျနော်တို့ လုပ်နေတာပေါ့။ ပထမအဆင့်ကတော့ (First Wave) ပေါ့။ First Wave ဆိုတာတော့ သွေးထွက်သံယိုမှုတွေ မရှိပဲနဲ့၊ ညင်ညင်သာသာလေးနဲ့ ပြောင်းလဲနိုင်ဖို့အတွက်ကို ဒါ….. ကျနော်တို့ စတက်တက်လာခြင်း ဒီဟာကို ကြိုးစားပြီးတော့ ကျနော်တို့ လုပ်တာပေါ့။ ဒါ First Wave ပါပဲ။ နောက်တခါ Second Wave ကတော့၊ ကျနော်တို့ ဘာတွေ ကျနော်တို့ ပြုပြင်ပြောင်းလဲမလဲ။ အဲဒီတော့ ပြုပြင် ပြောင်းလဲရမယ့်ဟာတွေက ကျနော်တို့ နိုင်ငံရေးအရ ကျနော်တို့ ပြုပြင်ပြောင်းလဲရတဲ့ဟာမျိုး။ စီးပွားရေးအရ ကျနော်တို့ ပြုပြင် ပြောင်းလဲတာတွေ။ နောက်တခါ အုပ်ချုပ်ရေးအရ ကျနော်တို့ ပြုပြင်ပြောင်းလဲတာတွေ။ ထပ်ဆောင်းပြီးတော့ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက်က ပုဂ္ဂလိကကဏ္ဍကို မြင့်တင်ပေးမှ ဒါ….. တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်မယ်ဆိုတော့ အဲဒီတော့ ပုဂ္ဂလိကကဏ္ဍမြင့်တင်ရေးပါ အပါအ၀င် ဒီ (၄) ချက်ကို ဒုတိယ ကျနော်တို့ Second Wave အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ကျနော်တို့ အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်နေတာပေါ့။ အဲဒီတော့ ဒီ….. Third Wave မှာတော့ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ ဒီ လက်တွေ့ လုပ်နိုင်တဲ့ဟာတွေ ဘယ်လောက် ကျနော်တို့ လုပ်နိုင်သလဲ။ Results တွေပေါ့။ Results တွေ ဘယ်လောက်လောက် လုပ်နိုင်မလဲ။ အဲဒီတော့ Results တွေကို ပြန်လည်ဖော်ထုတ်ပြီးတော့မှ ဒီလောက်တော့ လုပ်နိုင်တယ်၊ ရှေ့ကို ကဲဆက်ပြီးတော့ တွန်းပြီးတော့ တို့လုပ်ကြရအောင် ဆိုပြီးတော့ Third Wave က ဒီအတိုင်း ကျနော်တို့ သွားနေတာ။ ကျနော်ထင်ပါတယ်၊ Third Wave လုပ်ရင်းနဲ့ပဲ ကျနော်တို့ရဲ့ သက်တမ်းကလည်း ပြီးမြောက်သွားမယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီတော့.. တိုးတက်တာတွေလည်း ရှိတာ အမှန်ပါဘဲ။ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဒါတွေ ရင်ဆိုင်ရတာလည်း ဒါတွေ အမှန်ပါဘဲ။
မေး။ ။ အပြင်ဖက်ပိုင်းမှာ အခု အဓိကအားဖြင့် ဝေဖန်ကြတယ်ဆိုတဲ့ သဘောကတော့ ဥပမာအားဖြင့်၊ ဒါ….. ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စ၊ နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စ၊ နောက် အထူးသဖြင့် ဒီ….. အပစ်အခတ် ရပ်စဲရေးလို ကိစ္စမျိုးတွေပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေးလိုကိစ္စမျိုးတွေမှာဆိုရင်၊ အစောပိုင်းက သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ပထမဆုံး ဦးစားပေး အနေနဲ့က သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ ဒါ…. အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ သွားမယ်ဆိုတာ ဒါ…. နိုင်ငံတော်ရဲ့ ဦးစားပေး မူဝါဒတရပ်အနေနဲ့ ချပြီးလုပ်နေတယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒီလို လုပ်နေတဲ့ ကြားထဲကပဲ အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ အထူးသဖြင့် ကချင်အဖွဲ့တွေနဲ့ပေါ့နော်၊ KIO အဖွဲ့နဲ့ဆိုလို့ရှိရင် ကချင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ဖက်က ထိခိုက်တာကြားရသလို၊ မနေ့ကဆိုလို့ရှိရင်လည်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကချင်အဖွဲ့က ဗိုလ်လောင်းသင်တန်းက လူငယ်လေးတွေ (၂၀) ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး ကျနော်တို့ ကြားရတယ်။ ကြားရတယ်ဆိုတော့ ဒီကိစ္စမျိုးတွေကို တားဆီးနိုင်ဖို့၊ ဒါမမှဟုတ် ဒီကိစ္စတွေကို ကာကွယ်နိုင်ဖို့ ဒီကိစ္စတွေကနေပြီးတော့ ပဋိပက္ခကြီးကြီး ထပ်ပြီးဖြစ်မသွားစေဖို့ဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ အရေးတကြီး ဘာများလုပ်ချင်သလဲ၊ အရေးတကြီး ဘာများပြောချင်တာရှိလဲခင်ဗျ။
သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့ ဒီဟာလေး ရှင်းရမယ်ဆိုရင်၊ အခြေခံကတော့ ငြိမ်းချမ်းရေး ရရှိရေးကိစ္စဟာ ကျနော်တို့ရဲ့ ဒီ….. ပြည်သူ အများစုရဲ့ ဆန္ဒပေါ့လေ၊ ပြောကြမယ်ဆိုရင် ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို ကျနော်တို့ အစိုးရကနေပြီးတော့ ပြည်အများစု ဆန္ဒဖြစ်သလို၊ ကျနော်တို့ အစိုးရရဲ့ ဆန္ဒလည်းဖြစ်တယ်။ ဒါကို ကျနော်တို့ ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကြဖို့အတွက်လည်း နှစ်ဖက်က အကြိမ်ပေါင်းများစွာ ကျနော်တို့ ဒါ….. တွေ့ဆုံပြီးတော့ ကျနော်တို့ ဆွေးနွေးကြတယ်။ သို့သော်လည်း တချို့အပိုင်းလေးတွေက ကျနော်တို့ အလျှော့ အတင်းလေးတွေ ရှိတယ်။ အလျှော့အတင်းလေးတွေလည်း တချို့ လျှော့ပေးနိုင်တာတွေ လျှော့ပေးနိုင်တယ်။ တချို့ မပေးနိုင်တဲ့ဟာလေးတွေလည်း ပြန်ပြီးတော့ စဉ်းစားကြ ပြုကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကျနော်တို့ ရပ်အောင်လုပ်ချင်တယ်။ ရပ်စဲချင်တယ်။ ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာလည်း ဟို….. တစ်ဖက်ထဲကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ နှစ်ဖက်မှာ ဒါ…. ပြဿနာလေးတွေ ရှိပါတယ်။ နှစ်ဖက်မှာ ပြဿနာတွေ ရှိတယ်။ အဲဒီတော့ သူ့ဖက် ကိုယ့်ဖက်၊ ဟိုလူကလွန်တယ်၊ ဒီလူကလွန်တယ်နဲ့ ဒါတွေကို ကျနော်တို့ ပြောနေလို့ရှိရင်လည်း ကျနော်တို့ ပြီးဆုံးမှာ မဟုတ်တော့ဘူး။ သို့သော်လည်း ဒီကနေ့အထိကတော့ ခင်ဗျားပြောသလိုပဲ ပစ်ခတ် တိုက်ခိုက်မှုလေးတွေ ရှိသေးလို့ ဒီလိုတွေ ကျနော်တို့ ဖြစ်နေတာ။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲဖို့အတွက် ကျနော်တို့ နည်းလမ်းတွေ ရှာကြတယ်။ ဘယ်လိုတွေ လုပ်ကြမလဲ။ တပ်ကိုလည်း ကျနော်တို့ ပြောတာပါပဲ။ တဖက်ကိုလည်း ကျနော်တို့ ညှိတာပါပဲ။ တပ်ကိုဆိုလို့ရှိရင်လည်း မင်းတို့ စခန်းတွေကိုသွားပြီးတော့ တိုက်တာ ပြုတာ ဘာညာ မင်းတို့လုံးဝ မလုပ်နဲ့။ သို့သောလည်းပဲ၊ လူဆိုတာကတော့ ကိုယ့်အသက်တော့ ကိုယ်က ကာကွယ်ပိုင်ခွင့်တော့ ရှိရမှာကိုး။
ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ယုံမှအပ ကျန်တာ ဘာမှမလုပ်နဲ့။ ဒါတွေလည်း တပ်အပိုင်းက သူတို့ လိုက်နာပြီးတော့ ဆောင်ရွက်နေပါတယ်။ သို့သော်လည်း မြေပြင်မှာ အောက်ခြေမှာကျတော့ တချို့ကိစ္စလေးတွေက ဟိုလူကစပစ်တယ်၊ ဒီလူက စပစ်တယ်နဲ့ ဒီပြဿနာလေးတွေ ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုရှင်းနိုင်ဖို့အတွက်က စောင့်ကြည့် လေ့လာတဲ့အဖွဲ့ ကျနော်တို့က ဒါကို တည်ဆောက်ရမယ်။ နောက်တခုက ကျနော်တို့ ခုနကလို ဆက်ဆံရေးစခန်းတွေ ထားရမယ်။ အဲဒီတော့ ဆက်ဆံရေးစခန်းတွေလည်း ကျနော်တို့ ဒါ…. ထားဖို့အတွက် ဒါတွေလည်း ကျနော်တို့ နှစ်ဖက် ဆုံးဖြတ်ထားပြီးပါပြီ။ စောင့်ကြည့်လေ့လာတဲ့အဖွဲ့နဲ့ စောင့်ကြည့်ပြီးတော့ သူကတော့လွန်တယ်၊ သူကမှားတာ၊ အဲဒီတော့ နောက်တခါ ဒါမျိုးမဖြစ်အောင် ဂရုစိုက်မယ်၊ စသည်အားဖြင့် ဒီအဖွဲ့တွေလည်း ဖွဲ့စည်းပြီးတော့ ကျနော်တို့က လုပ်ထားပြီးပြီ။ လုပ်ထားပြီးပြီဆိုတော့ ဒါတွေနဲ့ ကျနော်တို့က မဖြစ်အောင် ထိန်းသွားရမှာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကျနော်တို့ကလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်ကလည်း ထိခိုက် ကျဆုံးမှု ဘာညာ ရှိတယ် ပြုတယ်ဆိုရင် ဟို….. တိုင်းပြည်အတွင်ဘဲ နစ်နာတာကို။ တစ်ဖက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ် ပြုတယ်ဆိုရင် တိုင်းပြည်ကဘဲ နစ်နာတယ်။
ဦးသန်းလွင်ထွန်း။ ။ ဒါနိုင်ငံသားတွေဘဲ။
သမ္မတ ဦးသိန်းစိန်။ ။ နှစ်ဖက်စလုံးက မဖြစ်စေချင်ဘူး။ အဲဒီတော့ တပ်ကိုတော့ ကျနော်ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခုနကလို ဖြစ်တဲ့ ပြုတဲ့ကိစ္စတွေကို ခင်ဗျားတို့ ခုနကလို အင်တာဗြူးလုပ်လိုက်ပါ။ မှန်မှန် ကန်ကန်နဲ့ ပြည်သူတွေလည်း သိသွားရအောင်။ ဖြစ်တယ်ဆိုတာ နှစ်ဖက်မှာ ပြဿနာရှိလို့ ဖြစ်ကြတာကိုး။ တစ်ဖက်ထဲပစ်ယုံနဲ့မဟုတ်ဘူး၊ နှစ်ဖက်ပစ်လို့ ဒါ…. ပြဿနာ ဖြစ်ကြတာကိုး။ ဒီလိုဖြစ်တာတွေက ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ဟာတွေကို သွားပြီးတော့ ခုနကလို အနှောက်အယှက်ဖြစ်စေတယ်။ ကျနော်တို့ရဲ့ ခုနကလို ပထမခြေလှမ်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို သွားပြီးတော့ ဒါ…...ခုနက အကျိုးသက်ရောက်မှုတွေ ရှိစေတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ မဖြစ်စေချင်ဘူး၊ နှစ်ဖက်ကို။
မေး။ ။ ဒါနဲ့ဆက်စပ်လို့ပဲပေါ့နော်၊ တခြား ကျနော်တို့ ဒီ….. မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ်ကို အများကစောင့်ကြည့်ပြီးတော့၊ လေ့လာ ပြီးတော့ ဝေဖန်ကြတဲ့၊ ဟို….. တိုင်းတာကြတဲ့ အခြေအနေတခုပေါ့။ အဲဒါက ဒီ….. အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ပြည်သူ့လွှတ်တော်ရဲ့ဥက္ကဋ္ဌ ကြီး သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတခုက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ တပ်မတော်ရဲ့ အခန်းကဏ္ဍအပြင်ကို သမ္မတကြီးအနေနဲ့လည်း တပ်မတော်အပေါ်မှာ သမ္မတကြီး အနေနဲ့လည်း သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ် တဦးတယောက်အနေနဲ့ သမ္မတကြီးတို့ရဲ့ စေတနာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ဆိုလို့ရှိရင် အခြေခံဥပဒေ ပြောင်းလဲရေးဟာ ဖြစ်လာနိုင်ပါတယ် ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ အဲဒီတော့ သမ္မတကြီးအနေနဲ့ တပ်မတော်ကို သြဇာသုံးပြီးတော့ ဘယ်လိုများ တိုက်တွန်းပေးနိုင်ပါသလဲ၊ ဘယ်လို အခြေခံဥပဒေ ပြောင်းလဲရေး၊ အထူးသဖြင့်ပေါ့နော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ (၄၃၆) ပြောင်းလဲရေးမှာ ဘာတွေများ တိုက်တွန်းပေးနိုင်သလဲ၊ ဘာတွေများ တိုက်တွန်းပေးဖို့ ရှိသလဲဆိုတာလေးကို တစ်ချက်လောက် ပြောပြပေးပါလား။
ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက တာဝန်အရှိဆုံးကတော့ လွှတ်တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ အစိုးရကလည်း ဘာလုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျနော်တို့ ပြောလို့မရဘူး။ တပ်ကလဲသွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့ မရပါဘူး။ တပ်ကို ကျနော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ ကျနော်ပြောလည်း ဘာမှ အဓိပ္ပါယ် မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျား မပြင်နဲ့ဗျာဆိုလို့လဲ လွှတ်တော်ထဲကနေ အတည်ပြု ဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ၊ ခုနကလို။ ဒါပြင်ပါဗျာ ဆိုလို့လဲ လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲ ဆုံးဖြတ်တယ်၊အဓိကကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ။ သမ္မတရဲ့ အဆုံးအဖြတ်လည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်လဲ မဟုတ်ဘူး။ ဒါကို ဒီကိစ္စ ပြင်ဖို့ မပြင်ဖို့ကိစ္စက သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို သွားပြီးတော့ ပြောစရာလည်း ကျနော်တို့ ဒါ….. မရှိပါဘူး။ အကြောင်းလဲ မရှိဘူး။ အဲဒီတော့ အဓိက အရှင်းဆုံးကလည်း ဒီအတိုင်းပါပဲ။
ပထမဦးဆုံးက ခုနကလို လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်ကပဲ ပြင်သင့်တယ်၊ မပြင်သင့်ဘူး၊ ဒါကို ခုနကလို ဟုတ်လား သူ့ Procedure လည်း ပေးထားပြီးဖြစ်တယ်။ ဒီ Procedure အတိုင်း လုပ်သွားဖို့လိုတယ်။ လွှတ်တော်ထဲမှာ ပြင်လို့ရတဲ့ဟာတွေကိုပြင်၊ ပြင်လို့မရတဲ့ဟာတွေကျလို့ရှိရင် ခုနကလို ဟိုဒင်းနဲ့ Referendum လုပ်ပါဆိုပြီးတော့ ဟိုထဲမှာ အတိအကျ ပြောထားတာပဲ။ ပြင်ဆင်ရေး မပြင်ဆင်ရေးက တိုက်ရိုက် သမ္မတတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုက်ရိုက် ကျနော်တို့က ပတ်သက်မှု မရှိပါဘူး။
မေး။ ။ သမ္မတကြီးက မကြာသေးခင်ကပဲ သမ္မတကြီးရဲ့အိမ်တော်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးပါတဲ့သူ (၁၄) ဦးကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲက အချိန်သတ်မှတ်ချက်အရကော၊ အခြေအနေ အချိန်အခါ အရရော လေ့လာသူတွေရဲ့ အနေအထားအရကတော့ သဘောထားအမြင် နက်နက်ရှိုင်းရှိုင်း ဖလှယ်တဲ့အဆင့်ကို မရောက်ခဲ့ဘူး၊ တွေ့ဆုံတဲ့သဘောလောက်ပဲ ရှိခဲ့တယ်၊ ရှေ့ဆက်တိုးရဦးမယ့် အနေအထားမျိုး ရှိနေတယ်လို့ သုံးသပ်တာ ကျနော်တို့ ကြားပါတယ်။
တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါ….. လူထုလေးစားရတဲ့၊ ဒီမိုကရေစီအရေး တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ခေါင်းဆောင် တဦးအနေနဲ့က အစဉ်တစိုက်တောင်းဆိုနေတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတဲ့ သဘောမျိုး၊ ဒါမျိုး ဖြစ်စေချင်တယ် ဆိုတာကိုဘဲ ဆက်ပြောနေတော့၊ ဒီ လေးပွင့်ဆိုင် တွေ့ဆုံဖို့ တောင်းဆိုမှုအပေါ်ကို သမ္မတကြီးအနေနဲ့ ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်ပေးချင်လဲခင်ဗျ၊ ဒါဟာ ဖြစ်လာနိုင်မယ့် အနေအထားရှိပါသလား။
ဖြေ။ ။ ခင်ဗျားမေးတဲ့ မေးခွန်းက အင်မတန် မေးသင့် မေးထိုက်တဲ့ မေးခွန်းပါဘဲ။ အဲဒီတော့ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သဘောထားခြင်း တူတာတွေရှိသလို၊ မတူတာတွေ ကျနော်တို့ ရှိမှာပါဘဲ။ အဲဒီတော့ တူတာတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ကြရအောင်။ မတူတာတွေကို ကျနော်တို့ ခုနကလို ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းနဲ့ ကျနော်တို့ ဒီအတိုင်း ကျနော်တို့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ကျနော်တို့ လုပ်သွားကြရအောင်ဆိုတာ ဒါ….. ကျနော်တို့ရဲ့ မူဝါဒပါဘဲ။ ကျနော်တို့ မူဝါဒပါ။
ကျနော်တို့ ဒီအထဲမှာ အချင်းချင်းမပြောနဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းနဲ့တောင်မှ ဒီမူဝါဒနဲ့ ကျနော်တို့ လုပ်သွားတာပါ။ မတူတာတွေရှိတယ်၊ ကွဲပြားခြားနားမှုတွေကို ကျနော်တို့ လက်ခံရမယ်။ တူညီတာတွေလည်း ကျနော်တို့ရှိတယ်။ တူညီတာတွေကို တွဲပြီးတော့ လုပ်ကြမယ်။ မတူညီတာတွေကျလို့ရှိရင် ခုနကလို တစ်ယောက်နဲ့ တစ်ယောက် အနိုင်အရှုံးတွေနဲ့ ပထုတ်ပစ်မယ့်အစား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းနဲ့ ဒီအတိုင်း ကျနော်တို့ လုပ်သွားကြရအောင်။ ဒါ ကျနော်တို့ရဲ့ အခြေခံ မူပါဘဲ။ နောက်တစ်ခုက ခုနကလို ဆွေးနွေးဖို့အတွက် ကျနော်တို့ကို တောင်းဆိုလာတယ်။ (၄) ယောက် တွေ့ကြ ပြုကြမယ်ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒီတော့ တိုင်းပြည်တပြည်လုံးရဲ့ အရေးကိစ္စဟာ ကျနော်တို့ (၄) ယောက်ထဲနဲ့ ဆွေးနွေးပြီးတော့ ကျနော်တို့ အဆုံးအဖြတ်ပေးမှာလား။ တိုင်းပြည်တပြည်လုံးရဲ့ကိစ္စကို ကျနော်တို့ (၄) ယောက်နဲ့ ဆွေးနွေးပြီးတော့ အဆုံးအဖြတ် ပေးတာ၊ ဆွေးနွေးတာဟာ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတခု။ သို့သော်လည်း ဒီ (၄) ယောက်ထဲနဲ့ ဆွေးနွေးကြမယ်၊ ပြုမယ်၊ အဆုံးအဖြတ်ပေးကြမယ်ဆိုရင်တော့ ဒါကတော့ ကျနော်ကတော့ မပြည့်စုံဘူးလို့ ကျနော် ထင်တယ်။ မပြည့်စုံဘူး ထင်တဲ့အတွက်ကြောင့် ကဲ….. တာဝန်ရှိတဲ့လူတွေကို ကျနော်တို့ ချဲ့လိုက်ကြရအောင်။ ဒါ….
ပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင် အစိုးရပိုင်းက ကျနော်လည်းတက်တယ်၊ ဒုသမ္မတ (၂) ယောက်လည်း တက်တယ်။ လွှတ်တော်ပိုင်းကဆိုရင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတက်တယ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတက်တယ်။ နောက်တခါ ပါတီတွေ။ ပါတီတွေဆိုရင် အခု ကျနော်တို့ ပြန်ကြည့်လိုက်လို့ရှိရင် ပါတီက - ပါတီ (၄၀) ကို ကိုယ်စားပြုထားတဲ့အဖွဲ့ (၅) ဖွဲ့ ပါတယ်။ ပါတီ (၄၀) ကို ကိုယ်စားပြုထားတဲ့အဖွဲ့ (၅) ဖွဲ့ ပါတယ်။ အဲဒီ ပါတီခေါင်းဆောင်တွေလည်း ကျနော်တို့ တက်တယ်။ တပ်မတော်ကဆိုလည်း ကာကွယ်ရေးဦးစီးချုပ်တက်တယ်၊ ဒုချုပ်လည်း တက်တယ်။ အဲဒီတော့ (၄) ယောက်နဲ့ စာလို့ရှိရင် ဒီလူတွေဟာ ခုနကလို များများနဲ့ပိုပြီးတော့ ဆွေးနွေးတာက တိုင်းပြည်အတွက် ပိုပြီးတော့များ မကောင်းဘူးလား၊ ခုနကလို။ ဟုတ်တယ်မဟုတ်လား။ (၄) ယောက်ထဲဆိုတော့ ကျနော်တို့ ကျဉ်းလည်း ကျဉ်းမြောင်းတယ်။ အများနဲ့ ကျနော်တို့ ဆွေးနွေးကြရအောင်။ ဆွေးနွေးဖို့ဆိုတာကတော့ မှန်တဲ့လက္ခဏာ။ သို့သော်လည်း အများနဲ့ဆွေးနွေးတာက တိုင်းပြည်အတွက်က ပိုပြီးတော့ အကျိုးရှိမယ်ဆိုပြီးတော့ ဒါ….. ကျနော့်ရဲ့ ခံယူချက်အရ ကျနော်တို့ ဒီလို ဟိုဒင်းလုပ်တာပါဘဲ။ ဆွေးလည်း ဆွေးနွေးပြီးပြီ။ ဒါဟာ ရုပ်ပြအနေနဲ့ ကျနော်တို့ ဆွေးနွေးတာ မဟုတ်ဘူး။ အဲဒီ အစည်းဝေးမှာလည်း ပြောလိုက်တယ်။ မကြာ မကြာ ကျနော်တို့ တွေ့ကြရအောင်။ မကြာ မကြာ ဆွေးနွေးရအောင်။ ဒါဟာ ကျနော့်ရဲ့ နိုင်ငံရေး စေတနာပါဘဲ။
မေး။ ။ အချိန်အပိုင်းအခြားအရ ဒါဆိုလို့ရှိရင် (၄) ပွင့်ဆိုင် မဖြစ်နိုင်ဘူးဆိုရင်၊ (၁၄) ပွင့်ဆိုင်ပေါ့နော်။
ဖြေ။ ။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ဘူး။ သို့သော်လည်း ကျနော်တို့ ခုနကလို၊ ပုဂ္ဂိုလ်ချင်းကတော့ တယောက်ထဲလည်း တွေ့နေကြတာ၊ တဦးချင်းတွေ တွေ့နေကြတာ ရှိတာဘဲ။ အဲဒီတော့ ( ၄) ယောက်ထဲ ဆွေးနွေးမယ့် အစား၊ အများနဲ့ ဆွေးနွေးတာက ပိုပြီးတော့ ကောင်းမလားဆိုပြီး ဒီ Concept နဲ့ ကျနော်တို့ သွားနေတာပါ။
မေး။ ။ ဒီ အများနဲ့ ဆွေးနွေးပွဲက ဘယ်တော့လောက်မှာ ဆက်ဖြစ်မလဲ။ ဘယ်တော့လောက် ထပ်လုပ်ဖို့ ရှိဦးမလဲခင်ဗျ။
ဖြေ။ ။ ကျနော်ထင်တယ်။ အချိန်တော့ ကျနော်တို့က သတ်မှတ်ထားတာတော့ မရှိဘူး။ ခန ခန ကျနော်တို့ တွေ့နိုင်လေ ကောင်းလေပါဘဲ။ ကျနော့်သဘောထားကတော့ ဒီအတိုင်းရှိတယ်။ ဒီလူတွေကလည်း ပုဂ္ဂိုလ်ချင်းအရ တစ်ဦးချင်း ကျနော်တို့ ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်တွေပါဘဲ။ ပါတီဆိုလို့ရှိရင် ဒါ အားရစရာကောင်းတယ်။ ကျနော်တို့ ပါတီ (၄၀) ကို ကိုယ်စားပြုတဲ့အဖွဲ့တွေ တက်လာတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း (၄) ပွင့်ဆိုင် ဆွေးနွေးဖို့ဆိုတဲ့ဟာကို သူတောင်းဆိုတာကလည်း ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ခုနကလို သူတို့ လက်မှတ်ထိုးပြီးတော့ ဒီလို တောင်းဆိုတာပါ။ ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တောင်းဆိုတာဖြစ်တယ်။ သူတစ်ယောက်ထဲထက် ကျန်တဲ့ပါတီဥက္ကဋ္ဌတွေလည်း ပါတာက ပိုပြီးတော့ မကောင်းဘူးလား။ ကျနော်တို့ကတော့ ဒီ….. ဟိုဒင်းအတိုင်းကို ယူဆပြီးတော့ ဒါ တိုင်းပြည်အတွက်ပါဘဲ။ အများနဲ့ဝိုင်းပြီးတော့ ဆုံးဖြတ်တာက ပိုပြီးတော့ ကျနော်တို့က ဒါ….. ပိုပြီးတော့ ပြည့်စုံတယ်ပေါ့။ ပိုပြီးတော့ အချက်အလက်တွေ ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ကျနော်တို့ ရမယ်။ ဆိုတော့ - ဒီအမြင်နဲ့ ကျနော်တို့က ဒါကို လုပ်တာပါ။ အဲဒီတော့ နောက်ထပ်လည်း ကျနော်တို့ တွေ့မယ် ပြုမယ်။ တွေ့ဖို့ ပြုဖို့လည်း အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ ကျနော်တို့ တွေ့သွားမှာပါ။
မေး။ ။ အခု ပထမဦးဆုံး တွေ့ဆုံပွဲ အပြီးမှာပေါ့နော်၊ တကယ်လို့များ နောက်တခါ ဒီလိုပဲ (၁၄) ဦး ထပ်တွေ့ကြမယ် ဆိုလို့ရှိရင် အကြောင်းအရာကို သတ်သတ်မှတ်မှတ်နဲ့ ဘယ်လို ဦးစားပေးအကြောင်းအရာ ဆွေးနွေးကြဖို့ ရှိနိုင်မလဲခင်ဗျ။
ဖြေ။ ။ ကျနော်ထင်တယ်၊ အဲဒီမှာတော့ ကျနော်တို့ အချက် (၃) ချက်ကို ကျနော်က ဟိုဒင်း လုပ်ပေးထားပါတယ်။ ဒီအချက် (၃) ချက်နဲ့ ပတ်သက်ပြီးတော့ ခုနကလို တိုင်းရင်းသားစည်းလုံညီညွတ်ရေးကိစ္စတွေ၊ ငြိမ်းချမ်းရေး ရရှိရေးကိစ္စတွေ၊ တိုင်းပြည်ရဲ့ ခုနကလို ဒီ….. တည်ငြိမ်အေးချမ်းရေးကိစ္စတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ။ အဲဒီတော့ အဓိကကတော့ တိုင်းပြည်တစ်ပြည်မှာ ကျနော်တို့ တိုင်းပြည်အနေနဲ့ကတော့ ဒီကိစ္စတွေကတော့ အရေးအကြီးဆုံးပါဘဲ။ နောက်တခါ ကန့်သတ် ပိတ်ဆို့ထားတာ မရှိပါဘူး။ ပြောချင်တဲ့ဟာ ပြောလို့ရပါတယ်။ ခင်ဗျားတို့ ဆွေးနွေးချင်တဲ့ဟာကို ဆွေးနွေး။ သို့သော်လည်း အချိန်ကတော့ ကျနော်တို့ စဉ်းစားတယ်။ အချိန်ကျတော့ ဒီဆွေးနွေးတင်မဟုတ်ပါဘူး။ ကျနော်တို့ ဟို….. နိုင်ငံတကာ ဆွေးနွေးပွဲကြီးတွေမှာလည်း ဒီအတိုင်းပါဘဲ၊ အချိန်လေးကို ကန့်သတ်ပေးတယ်၊ အများကြီးဆိုတော့။ ဒါတောင်မှ ကျနော်တို့ တစ်ယောက်ကို ၂ မိနစ်၊ ၃ မိနစ်လောက် ဆွေးနွေးကြ၊ ပြုကြတာဆိုတော့ (၁၄) ယောက်ဆိုတော့ ခင်ဗျား မြောက်ကြည့်ပေါ့ဗျာ။ အချိန်အများကြီး ကျနော်တို့ ဟိုဒင်းဖြစ်ပါတယ်။ အဲဒီတော့ ကန့်သတ်ထားတာ၊ ချုပ်ခြယ်ထားတာ မရှိဘူး။ ဆွေးနွေးချင်တဲ့ဟာကို ခင်ဗျားတို့ ဆွေးနွေးလို့ရတယ်။ ကျနော်ကတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ဆွေးနွေးမယ်။ ကျနော့်အပိုင်ကတော့ ကျနော်က ဒီလိုပြောတယ်။ ဒါတွေကလည်း တိုင်းပြည်တစ်ပြည်အတွက် အကုန် အကျုံးဝင်တဲ့ကိစ္စတွေပါဘဲ။ တော်တော်လည်း သူတို့ဆွေးနွေးကြတာပါ၊ ပွင့်ပွင့်လင်းလင်း။ တပ်မတော်အပိုင်းကလည်း တချို့ကိစ္စလေးတွေကို လျှော့ပေးဖို့၊ ပြုပေးဖို့ တပ်မတော်နဲ့လည်း ဒီလို မျက်နှာချင်းဆိုင်ပြီး ပြောကြ ပြုကြတာတွေ ရှိပါတယ်။ ဒါက အင်မတန်ကောင်းပါတယ်။ အများနဲ့ဆွေးနွေးကြတော့ ကျယ်ကျယ်ပြန့်ပြန့် ပိုဖြစ်လာတာပေါ့။
မေး။ ။ အထူးသဖြင့်တော့ ဒီ….. အစိုးရအဖွဲ့တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ တိုင်းပြည် တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးက ဦးစားပေးလုပ်ရမယ့်ကိစ္စဆိုတော့ ဒီအချက်အပေါ်မှာပဲ နိုင်ငံတကာက အထူးတလည် စိုးရိမ်ပြီးတော့ စောင့်ကြည့်ဝေဖန်တယ်၊ ပြောဆိုကြတဲ့ ကိစ္စတွေပေါ်မှာ ဘာတွေပါလဲဆိုတော့ ဒီ….. လူနဲစုအရေး၊ အဲဒါအပြင်ကို မကြာသေးခင်ကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရော၊ သမ္မတ အိုဘားမားပါ ပြောသွားတဲ့ သူတို့အခေါ် ရိုဟင်ဂျာပေါ့နော်၊ ရိုဟင်ဂျာ၊ ဒီဘက်က ဘန်ဂါလီအရေးကိစ္စမှာ နိုင်ငံတော်အစိုးရရဲ့ ကိုင်တွယ်ပုံ၊ သူတို့ရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်။ အလားတူဘဲ၊ မြန်မာပြည် ပြည်တွင်းမှာ ဒီ….. ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေနဲ့ အတည်မငြိမ်ဖြစ်မှုတွေပေါ့နော်၊ အဲဒါမျိုးလေးတွေ ရှိနေတယ်ဆိုတော့ အစိုးရအဖွဲ့အနေနဲ့ရော ဒီကိစ္စတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ ဘယ်လို လုပ်ဆောင်ထားတာတွေ ရှိနေလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့ အစိုးရပိုင်းကတော့ ခုနကလို ကျနော်တို့ရဲ့ Constitution မှာလည်း ပါပါတယ်။ ကျနော်တို့ ခုနကလို လူမျိုး ခွဲခြားတာ မရှိစေရဘူး။ ဘာသာခွဲခြားတာ ကျနော်တို့ မရှိစေရဘူး။ ကျနော်တို့ဆီမှာ ဘာသာကြီး (၄) မျိုး ကျနော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ သို့သော်လည်း ဒီဟာကို ခုနကလို ပဋိပက္ခအသွင်နဲ့ဆောင်အောင် ခုနကလို ပြည်တွင်းကရော၊ ပြည်ပကရော လှုံ့ဆော်နေတာတွေ ခင်ဗျားတို့လည်း အသိပါ။ ဒီဟာတွေ မဖြစ်နိုင်အောင် အစိုးရကတော့ တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ ကျနော်တို့ ထိန်းနေတယ်။ တစ်ဖက်ကလည်း ကျနော်တို့ မိန့်ခွန်းတွေမှာ ထည့်ထည့်ပြီး ပြောနေတာတွေရှိတယ်။
တစ်ဖက်ကလည်း လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီလို ပဋိပက္ခတွေ မဖြစ်အောင်ဆိုပြီးတော့ ဖိဖိစီးစီးနဲ့ ကျနော်တို့ လုပ်နေတာတွေရှိတယ်။ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးက ဒီ ဥပဒေ ဖောက်ဖျက်တဲ့လူတွေကို ထိထိရောက်ရောက်နဲ့ ကျနော်တို့ အရေးယူတာတွေ ဘာတွေ ကျနော်တို့ ဒါတွေ လုပ်နေပါတယ်။ ပြည်ပက ဒီကနေ့ သူတို့စိုးရိမ်နေသလို ဟိုဒင်း ရခိုင်ဖက်မှာလည်း ကျနော်တို့ဒါတွေ မရှိပါဘူး။ တချို့ကတော့ ညှဉ်းပန်းလို့၊ နှိပ်စက်လို့၊ လှေတွေနဲ့ ထွက်ပြေးကြတယ် ပြုကြတယ်ဆိုတာ ဒါကို သတင်းတွေက ချဲ့ကားပြီးတော့ ဒါကို ရေးကြ ပြုကြတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအထဲကနေ ထွက်ပြေးဖို့အတွက်နေနေသာသာ ခုနကလို ဒီအထဲမှာ နေချင်ကြတဲ့သူတွေက များပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်၊ လုပ်ကိုင် စားသောက်လို့ရတယ်။ စားဖို့သောက်ဖို့အတွက် လယ်ယာတွေရှိတယ်၊ နေထိုင်ဖို့အတွက် မပူရဘူး။ ဆိုတော့ ဒီကနေပြီးတော့ ထွက်ပြီး ပြေးကြ၊ ပြုကြတယ်၊ ညှဉ်းပန်းနှိပ်စက်လို့ ဘာညာဆိုတာ ဒါတွေက တချို့ ဟိုဒင်းဖြစ်တဲ့သူတွေနဲ့ သဘောထားအမြင်တမျိုးနဲ့ ကျနော်တို့ ဒီလိုတွေ ထင်ယောင် ထင်မှားဖြစ်အောင် ရေးကြ ပြုကြတာပါ။ ဒီကနေ့အထိ ရခိုင်ပြည်နယ်မှာ ဘာမှ ကျနော်တို့ ဆိုးဆိုးရွားရွား မရှိပါဘူး။ သူ့ဟာနဲ့သူ အေးအေးချမ်းချမ်းနဲ့ပဲ။
ပြည်ပကအဖွဲ့တွေဆိုလိုရှိရင်လည်း ကူညီသင့်တာတွေကို ၀ိုင်းပြီးတော့ ကူညီနေပါတယ်။ ကူညီတဲ့နေရာမှာတော့ ကျနော်တို့ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ၊ ဒီမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ သူတို့ရဲ့ အမြင်တွေ ကျနော်တို့ တမျိုးမမြင်အောင် မျှမျှတတလေးနဲ့ လုပ်ပေးပါ။ ဟိုဘက်မှာ ဒါတွေကူညီတယ်ဆိုရင်လည်း ဒီဘက်မှာ ဒါတွေ ကူညီပေး။ ဆိုတော့ လက်မခံတွေ ဘာတွေလည်း မရှိပါဘူး ဒီကနေ့တော့။ အဲဒီ ကျနော်တို့ တာဝန်ရှိတဲ့သူတွေကလည်း ကျနော်တို့ အောက်ခြေအထိ ဆင်းဆင်းပြီးတော့ အမြဲတမ်း ကျနော်တို့ ထိတွေ့ပြီးတော့ ဟိုဒင်း လုပ်နေပါတယ်။ အဲဒီကတော့ ဒီ….. ရခိုင်အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ တွေ့နေတယ်။ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ တွေ့နေတယ်။ တစ်ဖက်ကလည်း ကျနော်တို့ ဒီ….. ဟုတ်လား မူဆလင်ဘာသာဝင်တွေဖြစ်တဲ့ ဒီ ဘင်္ဂါလီတွေနဲ့ ကျနော်တို့ တွေ့နေတယ်။ တစ်ဖက်ကလည်း ခုနကလို UN Agency အဖွဲ့တွေနဲ့၊ MS အဖွဲ့တို့ ဘာတို့ဆိုတာလည်း အခု ကျနော်တို့ ဒါ လုပ်နေတယ်။ ဟိုတုန်းကတော့ ဒါ အထင်အမြင် လွဲမှားမှုတွေနဲ့ ဒီလိုတွေ ဖြစ်ကြ ပြုကြတယ်။ အဲဒါ အကုန်လုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားရှိတာပေါ့။
ရခိုင်ပြည်နယ်ကလည်း ကျနော်တို့ သိသလောက်ကတော့ အခုကတော့ အေးအေးချမ်းချမ်းပါဘဲ။ ပြည်တွင်းမှာလဲ ဘာသာရေးအရ လှုံ့ဆော်တာတွေ ဘာတွေရှိတယ်။ ဒီလှုံ့ဆော်တဲ့ဟာတွေကတော့ ပဋိပက္ခအသွင်ဆောင်အောင် လှုံ့ဆော်နေတာတွေက မကောင်းဘူးပေါ့ဗျာ။ ဒါတွေကတော့ ကျနော်တို့ မလုပ်သင့်တဲ့ကိစ္စတွေ။ ဒါတွေကို မလုပ်ဖို့အတွက်လည်း ကျနော်တို့က ဟုတ်လား…… ဒီ သတင်းတွေ ဘာတွေထဲမှာ ကျနော်တို့ ထည့်ပြီးတော့ ပြောတယ် ပြုတယ်။ တကယ် ကျနော်တို့ ဟိုဒင်းဖြစ်လာလို့ရှိရင်လည်း အန္တရာယ်ဖြစ်လောက်အောင် လုပ်လာတယ်ဆိုလို့ရှိရင်လည်း ဥပဒေအရ ကျနော်တို့က ဒါ လုပ်ရမှာပါ။ တရားဥပဒေ စိုးမိုးရေးက၊ တရားဥပဒေနဲ့အညီ လုပ်ကြ ပြုကြရမှာပဲ။
မေး။ ။ အဲ့ဒီတော့ အထူးသဖြင့် ဒီရခိုင်ပြည်ကိစ္စ နောက်ပြီးတော့ ပဋိမက္ခဖြစ်နေတဲ့နေရာတွေကိစ္စတွေမှာ ဆိုရင် ဒီလိုအထင်လွဲ အမြင်လွဲဖြစ်နေတဲ့ကိစ္စတွေ၊ သတင်းမှားကိစ္စတွေကို ကျွန်တော်တို့ သတင်းသမားတွေ အနေနဲ့လည်း ၀င်ပြီးတော့ ကြိုးစားပြီးတော့ တတ်နိုင်သမျှ အမှန်တရားကို ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်၊ အဲ့ဒီတော့ သမ္မတကြီးတို့ဘက် ကလည်း သတင်းလွပ်လပ်ခွင့်ပိုင်းကို ဦးစားပေးပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ဒါကတော့ မေးခွန်းလေးမေးရင်းနဲ့ ပန်ကြားတယ်ဆိုတဲ့ သဘောပါ။
ဖြေ။ ။ ကျွန်တော်တို့က ဟို….. အကျိုးတရားကို ရှေ့ရှုပြီးးတော့ပေါ့နော်၊ ပြည်သူတွေကို ခုနကလို မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့ အသိပေးချင်တယ်။ ပြည်သူတွေကို ခုနကလို မှန်မှန်ကန်ကန်နဲ့ ပညာပေးချင်တယ်။ ပြည်သူတွေရဲ့ ခုနကလို မှန်ကန်တဲ့ ဦးတည်ချက်တွေ ဖြစ်လာစေချင်တယ်။ ပြည်သူတွေရဲ့ အတွေးအခေါ်တွေ ဟုတ်လား မှန်ကန်တဲ့ ကျွန်တော်တို့ အတွေးအခေါ်တွေ ဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့က ၀မ်းသာအားရနဲ့ လက်ခံရမှာပါ။ ဘယ်သူဘဲ မဟုတ်ပါဘူး။ ခင်ဗျားတို့ အဖွဲ့တင်မဟုတ်ပါဘူး။ ကျန်တဲ့ ဘယ်အဖွဲကို မဆို ခုနကလို ပြည်သူတွေကို အမှန်အကန်အတိုင်း ကျွန်တော်တို့ သိစေချင်တယ်။ အမှန်အကန်အတိုင်းမြင်စေချင်တယ်။ မှန်ကန်တဲ့လမ်းကြောင်း ကို ခုနက လို ကျွန်တော်တို့ ပို့စေချင်တယ်။ ဒါ ကျွန်တော်တို့ရဲ့ ဆန္ဒပါဘဲ။ ဒါ….. ခင်ဗျားတို့ မီဒီယာတွေက ကျနော်တို့ ဒီလိုလုပ်ပေးတယ်ဆိုတာတွေဟာ ကျွန်တော်တို့အတွက် ဒါ ကူညီပေးတယ်လို့တောင် ကျွန်တော်တို့က ပြောလို့ရမှာပါ။
မေး။ ။ အခုဆိုလို့ရှိရင် သမ္မတကြီးက ကျွန်တော်တို့ကို တွေ့ဆုံပြီးတော့ ခွန်စိုက်အားစိုက်နဲ့ ဖြေကြားပေးတယ်။ လုပ်ငန်း ကိုင်ငန်းတွေလည်း သွားသွားလာလာနဲ့ ကျန်းကျန်းမာမာနဲ့ လုပ်ဆောင်ပေးနေတာ မြင်ရတော့ ၀မ်းသာပါတယ်။ အလားတူဘဲ အစောက ပြောခဲ့သလို ဒီ ၂၀၁၅ ရွေးကောက်ပွဲအောင် အောင်မြင်မြင်ပြီးသွားပြီဆိုရင်တော့ ဒါ….. သမ္မတကြီးရဲ့ ပထမသက်တမ်းက ကုန်ဆုံးပြီပေါ့နော်။ ကုန်ဆုံးပြီဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ ဒုတိယ သက်တမ်းမှာရော ထပ်ပြီင်္းတော့ တာဝန်ထမ်းချင်တဲ့ ဆန္ဒရှိပါသလားခင်ဗျ။ တကယ်လို့များ တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် အခု လုပ်ခဲ့တဲ့ အခြေအနေတွေထက် ပိုပြီးတိုးတက်လာအောင် ဘယ်နေရာတွေမှာ ဘာတွေများ လုပ်ဆောင်ဖို့ စိတ်ကူးရှိသလဲ၊ ဘာတွေများလုပ်နိုင်မလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အခု ကျွန်တော် ကတော့ ကျွန်တော်တင်မဟုတ်ပါဘူး၊ ဘယ်သူဘဲ ခုနကလို တိုင်းပြည်ခေါင်းဆောင်အနေနဲ့ တက်လာတက်လာ တိုင်းပြည် အကျိုးရှိမယ့် အလုပ်တွေကိုတော့ ဆက်ပြီးတော့ ကျွန်တော်တို့ တွန်းပြီးတော့ ကျွန်တော်တို့က သွားစေချင်တယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီကနေ့လုပ်နေတာဟာ ဟုတ်လား ဒီပန်းတိုင်ကနေစထွက်ပြီးတော့ ခရီးလမ်းတခုကိုတော့ ကျနော်တို့ ရောက်နေတာတော့ သေချာပြီ။ ဘယ်နေရာအထိ ရောက်နေတယ်ဆိုတာ အတိအကျ ကျွန်တော်တို့ မပြောနိုင်ပေမယ့် တနေရာကိုတော့ ကျနော်တို့ ရောက်နေပြီ။ ပန်းတိုင်မှာတော့ မဟုတ်တော့ဘူး။ စပြီးတာထွက်တဲ့ နေရာတော့ မဟုတ်တော့ဘူး။ တနေရာရာကိုတော့ ကျွန်တော်တို့ ရောက်နေပြီ။ ဒီရောက်နေတဲ့ဟာကို တိုင်းပြည်အတွက် ကောင်းအောင် နောက်တက်လာတဲ့သူက ရှေ့ကို ဆက်ပြီးတော့ တွန်းသွားပေးဖို့ လိုပါတယ်။ အရင်လုပ်ထားတဲ့ အလုပ်တွေ အကုန်ဖျက်၊ တစ်ကပြန်စဆိုရင် ဘာဘဲဖြစ်ဖြစ်တိုင်းပြည် နစ်နာမှာ။ ဒါတခုဘဲ ကျွန်တော်တို့က စိုးရိမ်ပါတယ်။ ဘယ်သူဘဲဖြစ်ဖြစ် ကျွန်တော်တို့ တက်လာတက်လာ။ ဘယ်သူဘဲဖြစ်ဖြစ် တိုင်းပြည် အကျိုးရှိတဲ့ အလုပ် လုပ်တယ်ဆိုရင် ကျွန်တော်တို့က ဒါ ကျွန်တော်တို့က သဘောကျတာပေါ့ဗျာ။ ခုနကလို။ နော်။
မေး။ ။ ကျွန်တော်က မေးထားတာက သမ္မတကြီးကိုယ်တိုင်သာ ဒုတိယ သက်တမ်းမှာဆက်လုပ်ခဲ့ရမယ်ဆိုရင် ဆက်လုပ်ဖို့ရော ဆန္ဒရှိသလား၊ လုပ်ခဲ့မယ်ဆိုရင် ဘာတွေများ ထပ်ပြီးတော့ အထူးတလည် အာရုံထားဆောင်ရွက်ရမယ့် ကိစ္စလေးပေါ့။
ဖြေ။ ။ အဲဒီတော့ ကျနော် ဆက်ပြီးတော့ လုပ်ဖို့ မလုပ်ဖို့ ဆိုတာ၊ ဒီကိစ္စလည်း ကျွန်တော် အမြဲတမ်းဘဲ ပြောပါတယ်။ ကျွန်တော်ကတော့ ခုနကလို ကျွန်တော့်ရဲ့ အသက်အရွယ်၊ ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ နားချင် ပြုချင်တယ်ပေါ့။ သို့သော်လည်း ခုနကလို တိုင်းပြည်က ဘယ်လိုတွေဖြစ်လာမလဲ။ ဒါတွေလည်း ကျွန်တော်ကြည့်ရမယ်။ ဒီကနေ့ တာဝန်ရှိတဲ့ လူတယောက်အနေနဲ့ပေါ့။
တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ။ နော် ဒါတွေကိုကျွန်တော်တို့ ကြည့်ရပါမယ်။ အဲ့တော့ ဆက်ပြီးတော့ လုပ်မယ်မလုပ်ဘူးဆိုတာကတော့ ကျွန်တော့မှာ ဆုံးဖြတ်ချက်တော့ ဟို မရှိပါဘူး။ သို့သော်လည်း ကျွန်တော်ဘဲလုပ်လုပ် ဘယ်သူဘဲ လုပ်လုပ် ခုနက ကျွန်တော်ပြောသလိုပါဘဲ၊ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ဟာတွေ။ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ဟာတွေက ဘာတွေလည်းဆိုတော့ တစ်အချက်က တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိအောင် ကျွန်တော်တို့ လုပ်ချင်တယ်ပေါ့နော်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ လုပ်စေချင်တယ်။
နောက်တခုက တိုင်းပြည်ရဲ့ လူမှု အကျိုးစီးပွါးတွေ တိုးတက်လာအောင် ကျွန်တော်တို့ လုပ်စေချင်တယ်။ လူမှုစီးပွါးဘ၀ ဆိုတဲ့ နေရာမှာ တိုင်းပြည် ခုနကလို ကြွယ်ဝ ချမ်းသာဖို့အတွက် ပထမဦးစားပေးက ဆင်းရဲ နွမ်းပါးတဲ့သူတွေ၊ မတောင့်မတ မကြောင့်မကြဘဲနဲ့ ခုနကလို စားနိုင်သောက်နိုင်အောင်၊ ထိုက်သင့်တဲ့ ပုံမှန်ဝင်ငွေတွေလေးရအောင်၊ သူတို့ သားသမီးလေးတွေ ခုနကလို ကျောင်းတက်နိုင်အောင်၊ နောက်တခါ နေထိုင်မကောင်းဖြစ်တဲ့အခါမှာ ဆေးဝါးကုသနိုင်အောင်၊ ဒါ အခြေခံ ကျွန်တော်တို့ လိုအပ်ချက်ပါဘဲ။ တဖက်က အခြေခံလိုအပ်ချက်ကို ကျွန်တော်တို့ ဦးစားပေးပြီးတော့ လုပ်စေချင်တယ်။ ဒုတိယကတော့ ခုနကလို တိုင်းပြည် စီးပွါးရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့မှာ အခြေခံကောင်းတွေ ရှိတယ်။ ဒီအခြေခံကောင်းတွေကို ခုနကလို ကျွန်တော်တို့ အကျိုးရှိရှိနဲ့ အသုံးချပြီးတော့မှ ကျွန်တော်တို့ရဲ့ ခုနကလို တိုင်းသူပြည်သားတွေအတွက်၊ ကြွယ်ဝချမ်းသာဖို့အတွက်၊ ဒါတွေကို ကျနော်တို့ ဘယ်သူဘဲ တက်လာတက်လာ ဆက်ပြီးတော့ လုပ်သွားစေချင်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျ။
ဦးသိန်းစိန်။ ။ အိုကေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ခင်ဗျားတို့ကိုလည်း
From:VOA

www.mmdailystar.com

တပ်မတော်မှ KIA အား ရာဇသံပေး

တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ်ဖြစ်သည့် လုံခြုံရေး တာဝန်များ လဲလှယ်ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင် ဖောက်လုပ်ခြင်းများအား သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါအားလျော်စွာ ကြိုတင် အသိပေးခြင်း၊ ပုံမှန်ဆောင် ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်)အဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဇွန်၁ရက်၊ စက်တင်ဘာ ၁၃၊ ၂၆ရက်နှင့် အောက်တိုဘာ ၂၇၊ ၂၈ ရက်တို့တွင် မိုးမောက် မြို့နယ်၊ လွယ်ဂျယ်မြို့ နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ (KIO) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့သည်။

နိုဝင်ဘာ ၁၆ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ ရွာအနီး နယ်မြေလုံခြုံရေး အတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက် နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့်စောင့်ဆိုင်းနေသော ကေအိုင်အေ (ကချင်)အဖွဲ့ တစ်ဖွဲ့မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် လေးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ မှတစ်ဆင့် ကေအိုင်အေ (ကချင်)အဖွဲ့ထံ သတိပေး အကြောင်းကြားခဲ့ သော်လည်း နိုဝင်ဘာ ၁၇ရက်နေ့ ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာ အနီးအရောက် ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား ၈ဝခန့်သည် အရပ် မျက်နှာ အသီးသီးမှ လက်နက်ကြီး/ လက်နက်ငယ်များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် တစ်ဦး ထပ်မံထိခိုက် ဒဏ်ရာရခဲ့သည်။

သို့ဖြစ်၍ နိုဝင်ဘာ ၁၈ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး တို့အတွက် မိမိဘက်မှ စတင်ပစ်ခတ် တိုက်ခိုက် မှု မဖြစ်ပွားစေရေး အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ်လုပ်ဆောင်၍ အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ် နိုင်ရေး ပြည်နယ် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ (KIO) ထံ ထပ်မံအကြောင်းကြား ခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းမှလည်း နယ်မြေအတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ်မှုအပေါ် နှောင့်ယှက်ပစ်ခတ်ခြင်း မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ် သလို တန်ပြန် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အသိပေး ခဲ့ကြောင်း သိရပါသည်။

သို့သော် ကေအိုင်အေ(ကချင်) အဖွဲ့အနေဖြင့် နိုဝင်ဘာ ၁၉ရက် နံနက် ၁၁နာရီခန့်တွင် မိမိ တပ်မတော်မှ ပုံမှန်ပြုလုပ် ဆောင်ရွက်မှုဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းအတွက် ဆမားလမ်းခွဲ- ဂဂမ်လမ်း ပိုင်း ဖောက်လုပ်နေသော စစ်သည်များနှင့် မြေထိုးယာဉ်အား လက်နက်ကြီး များဖြင့် ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည်တုံ့ပြန် ပစ်ခတ် ခဲ့ရကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေလုံခြုံရေး ဆောင်ရွက် ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင် ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန်အတွက် အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့သော်လည်း ကေအိုင်အေ(ကချင်)အဖွဲ့ အနေဖြင့် လက်အောက် အဖွဲ့များ အား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသတွင်း စစ်ရှိန်မြင့်မားစေ သော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန်သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်း အတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်သည့် နိုင်ငံရေး သဘောတူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသတွင်း စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT)တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ တစ်ဖက်မှလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ်အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက် အကူ လမ်းဖောက် လုပ်ခြင်းများကို ပုံမှန်ဆောင် ရွက်လျက်ရှိရာ ကေအိုင်အေ (ကချင်)အဖွဲ့ အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်သည့် စစ်ကြောင်းများအား ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ဝန်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

From: မြ၀တီ

www.mmdailystar.com

'' ကျေးဇူးတင်ပါတယ် ... သမ္မတကြီး ''



လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူနည်းစုဆန္ဒအလေးထားရေး စတဲ့စကားလုံး လှလှလေးတွေဟာ ကြားရတဲ့အခါ နားဝင်ပီယံတော့ ရှိတာအမှန်ပါပဲ။ ဒါပေမယ့်လို့ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေပြီး ဒီလူ့အခွင့်အရေးဆိုတဲ့စကားလုံးအဓိပ္ပာယ်နောက်က နောက်ခံ သမိုင်းကြောင်းကိုတော့ အနည်းဆုံးသိထားသင့်တာပေါ့။ အတိတ်သမိုင်းကြောင်းမသိဘဲ... ပစ္စုပ္ပန်မှာ ဘာမှလုပ်လို့မရသလို၊ အနာဂတ်အတွက်လည်း ကြိုတင်မျှော်တွေးသုံးသပ်ချက် ထုတ်လို့မရပါဘူး၊ ရခဲ့မယ်ဆိုရင်လည်း အဲဒီသုံးသပ်ချက်ဟာ တစ်လွဲချည်းပဲဖြစ်နေပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံမှာ အတိတ်သမိုင်းကို ဂဃနဏမသိဘဲ ခါတော်မီနိုင်ငံရေးသမားတွေ၊ စာနယ်ဇင်းသမားတွေ၊INGOအဖွဲ့အစည်းတွေ အစိုးရသစ်လက်ထက်မှ တော်တော်များလာတာ သတိထားမိလာပါတယ်။ ဒါ့အပြင် အတိတ်သမိုင်းမှာ ဇာတ်ရုပ်တစ်ရုပ်အဖြစ် ပါဝင်ခဲ့တဲ့သူတွေထဲက တစ်ခိျု့ဟာ သမိုင်းဖြစ်ရပ်ကို အမှန်မမြင် မသုံးသပ်တတ်တဲ့လူတွေပါတွေ့လာရတော့ ပိုရင်လေးမိ တယ်ဗျာ။ ကျွန်တော်က နိုင်ငံရေးသမားတစ်ဦးမဟုတ်သလို၊ နိုင်ငံရေးသိပံ္ပပညာရှင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ... အခိျု့ကိစ္စတွေမှာတော့ လေနဲ့ဝမ်း ကွဲသဗျာ။

အခုတလော ပွက်လောညံနေတဲ့အသံတွေထဲက ဘင်္ဂါလီအရေးကလည်း တစ်ခုအပါအ၀င် ဖြစ်နေပါတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး၊ ကိုယ့်သမိုင်းနဲ့နည်းနည်းမှမအပ်စပ်၊ မပတ်သက်တဲ့လူတွေက ဘာသာရေး၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်၊ လုပ်ဇာတ်တွေခင်းပြီး အကြံကြီးကြံနေကြလို့ အမျိုး ဘာသာ သာသနာအတွက် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်နေရမယ့် အချိန်မှာ နိုင်ငံပုံရိပ်လို့ပြောနေကြတဲ့လူတစ်ဦးက လူ့အခွင့်အရေးကိုအလေးထားပါ၊ လူကိုလူလို့မြင်ပါ၊ လူနည်းစု
အရေးကိုအသိအမှတ်ပြုပါတဲ့ဗျာ ကောင်းရော ... ။ တစ်ခိျု့ကိစ္စတွေမှာ လူ့ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး
တွေနဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားနိုင်ငံရေး စတဲ့အချက်တွေနဲ့သွားပြီး ၀ိရောဓိ ဖြစ်တတ်တဲ့
သဘောရှိပါတယ် ... ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီဘိုးအေလို့ သတ်မှတ်ခြင်း ခံထားရတဲ့ အမေရိကန်လိုနိုင်ငံမှာတော့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေးယှဉ်လာရင် တော့ လူ့အခွင့်အရေးပဲလေဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ သမိုင်းအထောက်အထားတွေ အများကြီးရှိပါတယ်။
တောင်ပိုင်းသားတွေခွဲထွက်ဖို့ ကြိုးစားလို့ဖြစ်ပွားခဲ့ရတဲ့ အမေရိကန်ပြည်တွင်းစစ်ကြီးက အဓိကသမိုင်း သက်သေအဖြစ် တွေ့ရမှာပါ။

အမေရိကန်သမ္မတဟောင်း လင်ကွန်းက ပြောခဲ့ဖူးတဲ့စကားလေးပါ။ '' ဒီဥပဒေကို လေးစား လိုက်နာနေရလို့ တိုင်းပြည်ကြီးအစိတ်စိတ်အမွှာမွှာကွဲသွားမှာထက်စာရင် ဒီတစ်နေရာလေးမှာတော့ ဥပဒေကိုကျော်လွှားရတာမျိုး ကျုပ်ရွေးချယ်ရမှာပါပဲ '' တဲ့ဗျာ။ တိုင်းပြည်အကျိုးနဲ့ယှဉ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ဥပဒေတွေကို ကျော်လွှားပြီးလုပ်မယ်လို့ဆိုလိုတာလို့ပဲ ကျွန်တော်နားလည်ပါတယ်။

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(Asia-Pacific Economic Cooperation APEC)ထိပ်သီး
ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင်ဒုက္ခသည် တွေကို
မြန်မာနိုင်ငံက အမြန်ပြန်လက်ခံဖို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid က တောင်းဆို တာကို သမ္မတကြီး ဦးသိန်းစိန်က ပယ်ချခဲ့တယ်ဆိုတဲ့သတင်းကို င်္ခေနဘသသု လူမှုစာမျက်နှာတွေပေါ်မှာ
တွေ့လိုက်ရတော့ ၀မ်းသာလိုက်တာဗျာ။ နိုင်ငံအနောက်ဘက်တံခါးတွေ ဂျက်ကောင်းကောင်းချထား လျက်ရှိတုန်းပဲလို့ထင်မိပါတယ်။ ဒါကိုပဲ လူ့အခွင့်အရေးသမားတွေက ထောက်ပံ့ကြေးငွေတွေစားထားပြီး ပလုပ်ပလောင်းလေသံတွေနဲ့ ထအော်ကြသေးတယ်ဗျာ။ သမ္မတကြီးက ကိုယ့်နိုင်ငံသားမဟုတ်သူတွေကို လက်မခံဘူးလို့ ပယ်ချခဲ့ပေမယ်လို့ နိုင်ငံအတွင်းမှာရှိတဲ့မွတ်စလင်လူနည်းစုတွေကို နိုင်ငံသားစိစစ်
ပေးသွားဖို့ရှိပါတယ်တဲ့။ အမေရိကန်သမ္မတလို တိုင်းပြည်အကျိုးအတွက်ဆိုရင် သတ်မှတ်ဥပဒေကိုလည်း ချိုးဖောက်တန်ရင် ချိုးဖောက်မည်လို့မလုပ်ပါဘူး။ သတ်မှတ်ဥပဒေနဲ့ညီရင် လက်ခံပါတယ်တဲ့ဗျာ။ ၃ နှစ်သားဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့သုံးသပ်ကြည့်မယ်ဆိုရင် သက်တမ်းနဲ့လုပ်ရပ်ကို အသိအမှတ် ပြုကြရမှာပါ။ ဒါကြောင့်ဗျာ အနောက်တံခါးဂျက်တွေကို ခိုင်သထက်ခိုင်အောင်လုပ်ပေးခဲ့တဲ့ သမ္မတကြီးကို နိုင်ငံသားတစ်ယောက်အနေနဲ့ တစ်ခွန်းလောက်တော့ဂုဏ်ပြုလိုက်ပါရစေ။ '' ကျေဇူးတင်ပါတယ် ... သမ္မတကြီး '' လို့ ...။




From: ကိုဇေယျာ

www.mmdailystar.com

ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး ကျေးရွာနေ ဦးလဂျာတူးဝျာ တို့သည် ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဦးအင်ဂိန်နော်ဂျာတွင် ယာ လက်မောင်းရိုးကျိုး၊ ယာပေါင်ရင်း ပေါက်ပြဲ ဒဏ်ရာနှင့် ဦးလဂျာတူးဝျာတွင် ဝဲဘက် ခြေဖနောင့် ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာ များအား မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။



From: mm forward

www.mmdailystar.com

KIA မှ ၂၂ ဦး သေဆုံးမှု တပ်မတော်မှ မှန်ကန်သော သတင်းထုတ်ပြန်ချက် ထုတ်ပြန်

လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်အား ကေအိုင်အေ အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ သဖြင့် ထိခိုက် ဒဏ်ရာရမှုများ ရှိကြောင်း သိရှိရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် နိုဝင်ဘာ ၂၀
တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ် ဖြစ်သော လုံခြုံရေးတာဝန်များ လဲလှယ် ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါ အားလျော်စွာ ကြိုတင် အသိအပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇွန် ၁ ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆ ရက်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာ ကျေးရွာအနီး နယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်းနေသော ကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည်လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ကေအိုင်အေ အဖွဲ့ထံ သတိပေး အကြောင်း ကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာအနီး အရောက် အင်အား ၈၀ ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံ ဒဏ်ရာရခဲ့သည်။
သို့ဖြစ်ရာ မိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူ များ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေးနှင့် အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန် ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) ထံ နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံ အကြောင်း ကြားခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းကလည်း နယ်မြေ အတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ် နေမှုအပေါ် နှောင့်ယှက် ပစ်ခတ်မှု မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက် သွားမည်ဟု အသိပေး အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။
သို့သော် ကေအိုင်အေ အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့် တွင် တပ်မတော်မှ ပုံမှန် ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ - ဂဂမ်လမ်းပိုင်း လမ်းဖောက် လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်အား လက်နက်ကြီးများဖြင့် ထပ်မံ လာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ် သတိ ပေးခဲ့သော်လည်း ကေအိုင်အေ အဖွဲ့အနေဖြင့် လက်အောက် အဖွဲ့များအား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသအတွင်း စစ်ရှိန် မြင့်မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒ ဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်မည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသ အတွင်း စစ်ရှိန် လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း၊ တစ်ဖက်ကလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက်အကူ လမ်း ဖောက်လုပ်ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိရာ ကေအိုင်အေ အဖွဲ့အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ကြောင်း များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ၀န်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

From: MOI Portal

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...