Wednesday, 26 November 2014

မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးများ၏ လူသိနည်းသည့် အချက်(၈)ချက်

၁။စက္ကန့် တိုင်း မြန်မာငွေ ၃.၄၇ ကျပ်ဝင်ငွေရှိပြီး ၁ ရက်တာ ကာလ အတွက် မြန်မာငွေ ၅၀၀၀ ကျပ်ရှိပြီး တစ်နှစ်တာဝင်ငွေ အတွက် ၁၈ သိန်းရှိသည်။

၂။အကယ်၍ သူသည် မြန်မာငွေ ၁၀ တန်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှ ပြန်ကောက် လိမ့်မည် မဟုတ်ပါအဘယ့်ကြောင့်ဆိုသော် အဆိုပါ ပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့် အတွင်းပင် သူသည် မြန်မာငွေ ၁၃ ကျပ်ပြန်လည် ရရှိခဲ့ပြီး ဖြစ်သောကြောင့်ပင်တည်း။

၃။မြန်မာနိုင်ငံ၏ ဘောလုံးကလပ် ဇေယာရွှေမြေမှ ဘောလုံးသမား ကျော်ကိုကို၏ ရန်ကုန်ယူနိုက်တက်သို့  ပြောင်းရွှေ့ ကြေးသည် အကယ်၍သိန်း ၁၅၀၀ ဖြစ်ခဲ့ပါမူ .... အဆိုပါ တန်ကြေး ရရှိရန် ၈၅ နှစ်မစား မသောက်ရပဲ နေရမည် ဖြစ်သည်..။

၎။သူတို့ ပိုင်ဆိုင်သော ၁ လတာ ၀င်ငွေဖြင့် ၁၀၀တန် နေကြာစေ့ ထုတ်များဝယ်ကျွေးလျင် လူပေါင်း ၁၅၀၀
သာကျွေးနိုင်မည် ဖြစ်သည်။

၅။အကယ်၍ သူတို့ ၏ တရက်တာ ပိုင်ဆိုင်မှု ၅၀၀၀ အားရန်ကုန်မြို့ တွင် Taxi စီးပါက မြောက်ဒဂုံနှင့် ရွှေတိဂုံအားအသွားတကြောင်းနှင့် အပြန်အတွက် ၁၀၀၀ ကျပ်အကြွေးတင်မည် ဖြစ်သည်။

၆။အကယ်၍ ရတနာပုံ ယူနိုက်တက်တွင် ကစားနေသော ဘောလုံးသမား ရန်ပိုင်၏ တစ်လတာ
ဝင်ငွေ ၁၅ သိန်း အား မှီရန် အတွက် ၁၀ လ မစားမသောက်ပဲစုရန်လိုသည်။

၇။တစ်လတာ ရရှိသော လစာအား ယူနီဖောင်း၃၀၀၀၀ တန် ၀ယ်ချူ ပ်မည် ဆိုပါက ၅ စုံသာ ရမည် ဖြစ်သည်။

၈။သို့ ရာတွင် မိန်းမရှိသော သူများအဖို့ သူတို့ ရရှိသောလစာသည် ဇနီးသည်အား အပ်နှံရသည် ဆိုပါက
လစာထုတ် ပြီးပြီးခြင်း အကုန်ပြောင်လေသည်။


From: ခြေလျင် စစ်သည်

www.mmdailystar.com

တိုင်းရင်းသားလက်နက်ကိုင်အချို့ KIA ရဲ့ အသုံးချခံဖြစ်နေပြီလား ?

ကချင်ပြည်နယ်မှာလတ်တလော ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဝေဖန်ချက်အမျိုးမျိုးကြားနေရပါတယ်။ တချို့ ကတော့ တပ်မတော်ကို အပြစ်တင်ကျသည်။ တချို့ကလည်း KIA ကိုအပြစ်တင်ကြသည်။ တချို့ကျပြန် တော့လည်း ငြိမ်းချမ်းစေချင်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျဆုံးသွားသော ၂၃ ယောက်အတွက် အထူးပင် ၀မ်းနည်းကြေကွဲမိပါတယ်။ တစ်ဆက်တည်းစဉ်းစားမိတာက တိုင်းရင်းသားလက်နက် ကိုင်အချို့ KIA အသုံးချခံ ဖြစ်နေပြီလားဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။

ဗိုလ်သင်တန်းကျောင်းပေါ်ကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ အကြောင်းအရင်းမရှိဘဲ ပစ်ခတ်ခဲ့တာ မဟုတ်ဘူး ဆိုတာ အားလုံးသိနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက်လောက်
ကတည်းက တပ်မတော် စစ်ကြောင်းတွေကို KIA ကနှောင့်ယှက်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။ ဆမား-ဂဂမ်လမ်းပြင်နေတဲ့ တပ်မတော်စစ်ကြောင်းကို KIA က လက်နက်ကြီးတွေနဲ့လာပစ်သွားတယ်။ ဒီတော့တပ်မတော်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ တယ်။ နောက်ဆုံး
ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်။ လက်ခုပ်ဆိုတာ တစ်ဖက် တည်းတီးလို့မမြည်သလို တိုက်ပွဲဆိုတာလည်း နှစ်ဦးနှစ်ဖက် ချိတ်ရှိလို့သာ
ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် သေဆုံးသူ ဗိုလ်လောင်း(၂၃)ယောက်ထဲမှာ KIA အဖွဲ့ဝင်တစ်ယောက်မှ မပါတာကတော့ အံ့အားသင့် စရာ ကောင်းနေပါတယ်။ ရခိုင်တပ်မတော် (AA) က ၈ ယောက်၊ ချင်းအမျိုးသားတပ်ဦး (CNF) က ၂ ယောက်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ၁၁ ယောက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)က ၂ ယောက်လို့ သိရပါတယ်။ ဗိုလ်သင်တန်းကျောင်းမှာ KIA နဲ့အတူမထားဘဲ သီးခြားခွဲထားရတဲ့ ရည်ရွယ်ချက်က တပ်မတော်ဘက်မှ
လက်နက်ကြီးတွေပစ်နေမှန်းသိပါလျက်နဲ့ ထိုးကျွေးတဲ့ သဘောလည်းဖြစ်နေပါတယ်။ သေချင်းသေ တိုင်းရင်းသားလက်နက်ကိုင်အချို့က အဖွဲ့ဝင်တွေပဲသေပါစေ၊ KIA မပါစေရဆိုတဲ့ အကြံအစည်ကလည်း အောင်မြင်သွားတယ်လို့ပြောနိုင်ပါတယ်။

ရန်စတာက KIA ၊ ခံရတော့ အခြား အဖွဲ့တွေဖြစ်သွားရပါတယ်။
ဒီတော့ KIA လှည့်ကွက်ထဲ တန်းတန်းမတ်မတ်ကို ၀င်လာတော့တာပါပဲ၊ KIA အဖွဲ့က သူ့တပ်ဖွဲ့ဝင် ဗိုလ်လောင်း မပါဘဲနဲ့ ဆုတောင်းပွဲတွေတခမ်းတနားလုပ်ပေးတယ်။ KBC လိုအသင်းတွေကလည်း ၀တ်ပြုဆုတောင်း သဂြိုင်္လ်ပွဲ တွေမှာ ဒေသခံ ပြည်သူတွေကို ဆွဲထည့်လာတယ်။

KBC ဆိုတာ KIA ရဲ့ကျောထောက်နောက်ခံပြု ငွေကြေးထောက် ပံ့နေတဲ့ အဖွဲ့ဖြစ်တာကြောင့် ဘာသာရေးကိုခုတုံးလုပ်ပြီး ပြည်သူကိုစည်းရုံးလိုက်တာဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်း သား မပါဝင်ဘဲ အခြားတိုင်းရင်းသားသေဆုံးတာကို လိုတာထက်ပိုပြီး ၀မ်းနည်းပူဆွေးပြနေတာက သဘာဝတော့ သိပ်မကျလှပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကို အမုန်းပွားအောင် သွေးခွဲလိုက်
တာပဲဖြစ်ပါ တယ်။

ကချင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် KIA ရော တပ်မတော်ပါ အတုံးအရုန်း ကျဆုံး ခဲ့ကြတယ်။ သွေးချောင်းစီးခဲ့ကြတယ်။ အဲဒီတုန်းက KIA တပ်ဖွဲ့ဝင်တွေအတွက် ဆုတောင်းပွဲတွေလုပ်ပေးခဲ့ ပါတယ်။ ဒါပေမယ့်တပ်မတော်သားတွေအတွက် KBC လိုအဖွဲ့ကရော ဒေသခံတွေကပါ ဆုတောင်းပွဲလုပ်မပေးခဲ့ကြ ပါဘူး။ တပ်မတော်သားတွေထဲမှာ ဗမာတစ်မျိုးတည်းမဟုတ်ပါဘူး၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကယား၊ ချင်း စတဲ့ တိုင်းရင်းသားအားလုံးပါတယ်။ ယခုကျမှ သေဆုံးသူ (၂၃)ယောက်အတွက် ဆုတောင်းပွဲလုပ်၊ ဆန္ဒတွေပြ၊ ကြေညာချက် တွေထုတ်တာကတော့ သွားလေသူတိုင်းရင်းသားအားလုံးရဲ့ မျက်နှာကို ထောက်သင့်ပါတယ်။

အရှင်းဆုံးပြောရရင် KIA က အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေကို အသုံးချနေတာပါ။ ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ မက်လုံးပေးနေတာ။ ပြီးရင်သူကပဲခေါင်းဆောင်လုပ်ပြီး အုပ်ချုပ်မှာ။ အခုလည်းသူ့တို့စတေးလို့ သေသွားတဲ့ ဗိုလ်လောင်း (၂၃)ယောက်ကို အကြောင်းပြုပြီး တပ်မတော်နဲ့ ရန်တိုက်ပေးနေပြန်ပါပြီ။ တိုက်ပွဲတွေ ပြန်ဖြစ်လေ သူ့အကြံအောင်မြင်လေပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ KIA အဖွဲ့က အပစ်မရပ်ချင်တဲ့အဖွဲ့ ဖြစ်နေ လို့ပါပဲ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေနဲ့ KIA အသုံးချခံဘ၀ကနေ လွတ်မြောက်အောင် ကြိုးစားပြီး အမှန်မြင်ကြ ရကြဖို့လိုပါပြီ။



From: ၀င်းမြင့်မောင်

www.mmdailystar.com

ကွာဟခြင်း (သို့ ) ကွာခြားခြင်း



မနေ့က Park Royal မှာ လုပ်တဲ့ ရွှေအသင်းနှစ်ပတ်လည်မှာ သတင်းထောက်တွေကို မတ်တပ်ရပ်စောင့်နေတုန်း Duty ကျတဲ့ ရဲတွေက ညည်းနေတာ နားစွင့်မိတယ်။

သူတို့ပြောနေတာက ''ဘယ်အချိန်ထိ စောင့်ရမလည်း မသိဘူးတဲ့။ အပြန်လမ်းစရိတ် မရှိဘူးကွာ'' တဲ့။ တစ်ယောက်က အားပေးတယ်။ မုန့်ဖိုးရချင်ရမှာပါတဲ့။ အင်း မရရင် ဘယ်လိုပြန်ရမလည်းဆိုတော့။ အားပေးနေတဲ့ တစ်ယောက်က ပါးစပ်ပိတ်သွားတယ်။ ဘေးနားကို ရောက်လာလို့ ကြည့်မိတော့ ရိုးရိုးတပ်သားတွေ။ အဲ့ဒါနဲ့ ဖိတ်စာထဲမှာပါတဲ့ အချိန်က ည ၉ ခွဲအထိလို့ ပြောလိုက်တော့။ တစ်ယောက်က အင်း ဒီညလည်း အိမ်မပြန်ဖြစ်လောက်ပါဘူး ညည်းတယ်။


ခဏနေတော့ တပ်သားတစ်ယောက်က ရေသန့်ဘူးအလွတ်လေး ကိုင်လာပြီး ညီလေး ဟိုတယ်ထဲမှာ ရေတောင်းလို့ရလားတဲ့။
မရလောက်ဘူး ခင်ဗျ။ Water cooler တောင် မတွေ့ဘူး ပြန်ပြောတော့
စိတ်ပျက်လက်ပျက်နဲ့ ပန်းခြုံထဲ ရေသန့်ဘူး အလွတ်လေးထိုးထည့်ပြီး
အေးပေါ့ ဟိုတယ်ကြီးပဲ ရေသန့်ဘူးပဲ ထားမှာပေါ့တဲ့။

စိတ်ထဲမှာ နင့်ခနဲ ဖြစ်မိသွားတယ်။

သူက ဆက်ပြောတယ်။ အိုဘားမားလာတုန်းက တစ်ပတ်တိတိ နေ့ရောညရော တပ်သားနှစ်ယောက်ပဲ ချပေးတယ်တဲ့။ တစ်ယောက်တစ်လှည့် မတ်တပ်ရပ်စောင့်ရ၊ ရေမချိုးရ အစားကောင်းကောင်းမစားရ ရေမသောက်ရနဲ့ ခွေတောင်လဲချင်တာ မနည်းထိန်းထားရတယ်တဲ့။ ကျွန်တော့်မျက်စိထဲ u 19 တုန်းက သုဝဏ္ဍကွင်းဘေးက တပ်သားတွေ တပ်ကြပ်တွေ ထမင်းစားနေတဲ့ ထမင်းထုပ်လေးကို မြင်မိတယ်။ သူ့မှာ ကလေးနှစ်ယောက်ရှိကြောင်း မိန်းမက အခု ကိုယ်ဝန်နဲ့ဖြစ်ကြောင်း တစ်ရစ်ရဘူးကြောင်း ပြသနာဖြစ်လို့ ပြုတ်သွားကြောင်း လက်ရှိလစာနဲ့ အဆင်မပြေကြောင်း ညည်းနေတော့

စိတ်ထဲမှာ ပိုနင့်သွားတယ်။

ပွဲက စတော့မယ်။ ကျွန်တော်လည်း အထဲဝင်တော့မယ်။ အဲ့ဒီအချိန် ဟိုတယ်ထဲ ဝင်လာတဲ့ကားက အဲ့ဒီရဲကို ကားဘယ်မှာ ရပ်ရမလည်းဆိုပြီး အထက်စီးလေသံနဲ့ မေးတော့ ကားပါကင်အောက်မှာ ရှိပါတယ် ခင်ဗျ လို ပြာပြာသလည်း ပြန်ဖြေတယ်။ ရဲတစ်ယောက်က ဟေ့ကောင် မင်းဂျူတီက အပြင်မှာ အထုခံနေရမယ်။ ဟိုတယ်ထဲ ကိစ္စသူ့ဘာသာ လုပ်လိမ့်မယ်ဆိုတော့ ရဲတပ်သားက ရယ်ကျဲကျဲနဲ့ May I Help You လေကွာတဲ့

ရင်ထဲမကောင်းတာနဲ့ လမ်းတစ်ဖက်မှာ မြင်နေရတဲ့ ဆိုင်လေးကို လမ်းကူးသွားပြီး
ရေသန့်ဘူးဝယ်တော့ နှစ်ဘူးပဲ ရှိတယ်။ ရှိတဲ့ နှစ်ဘူးကိုင်လာပြီး park royal ရှေ့ပြန်လာချိန်မှာ ထောင့်နားက ရဲတပ်သားလေးက ရေဆာငတ်မွတ်နေတဲ့ အကြည့်နဲ့ ရေဘူးနှစ်ဘူးကို လှမ်းကြည့်နေတော့ လှမ်းလက်စခြေလှမ်းတောင် တန့်သွားတယ်။

ခုနက ရဲတပ်သားဆီပြန်သွားပြီး ရေသန့် ၂ ဘူးပေးပြီး လှည့်ကြည့်တော့ ရဲတချို့ရဲ့ မျက်နှာတွေက ပျော်သွားသလိုပဲ။ သြော်ဒီရဲ ၅ ယောက်လောက်မှာ ရေတစ်ဘူးဖိုး ၃၀၀ တောင် မသုံးနိုင်ပါ့လား။

အဲ့ဒါနဲ့ အိတ်ထဲပါလာတဲ့ ကော်ဖီမစ်ထုပ် ၃၀ ပါတဲ့ အထုပ်ကို ထုတ်ပြီး အကိုတို့ သောက်လိုက်ပါဆိုပြီး ထပ်ပေးလိုက်တယ်။ ဟိုတယ်ထဲ ဝင်တဲ့ ကျွန်တော့်အတွေးထဲမှာ မိတ်ဆွေရဲမှူးတစ်ယောက်ပြောတဲ့ သုဝဏ္ဍကွင်းမှာ ရဲတွေထမင်းစားနေတဲ့ပုံကို တင်တဲ့သူ အရေးယူဖို့ စုံစမ်းနေတယ်။ သူတို့လည်း လိုအပ်ချက်ဖြည့်မပေးဘူး။ အရေးကျ ယူချင်တယ်။ ဒီလိုမျိုးတွေဖြစ်နေတာ အထက်က လူကြီးတွေ သိဖို့လိုတယ်ဆိုတဲ့ ပြောသံကို ပြန်တွေးနေမိတယ်။ ခဏနေတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သိန်းထောင်ကျော်တန်ကားကြီးနဲ့ ဝင်လာတယ်။ ပြီးရင် သူက park royal မှာ သီးသန့်ခန်းမှာ စိမ်ပြေနပြေ ထိုင်ဦးမယ်။ သူမပြန်မချင်း ထိုင်စောင့်ရမဲ့ ရေသန့်ဗူးဖိုး ၃၀၀ တောင် မသုံးနိုင်တဲ့ ရဲတပ်သားတွေ ၂၂ ရက်ညက အိမ်တောင် ပြန်ဖြစ်ကြရဲ့လားလို့ပဲ တွေးမိလိုက်တယ်။


From: ဖြိုးဝေဝင်း

www.mmdailystar.com

သရုပ်ဆောင် အိချောပိုနဲ့ စကားစမြည်

သရုပ်ဆောင် အိချောပို (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

 သရုပ်ဆောင်လူမင်း၊ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ မြင့်မြတ်နဲ့ ဒါရိုက်တာဝိုင်းတို့ စုစည်း တည်ထောင်ထားတဲ့ အနုပညာပျိုးခင်းဆိုတဲ့အမျိုးသမီးသရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ကနေ အိချောပို၊ ယုသန္တာတင်နဲ့ ရွှေမှုံရတီတို့ကို ရွေးချယ်ပြီးအနုပညာလောကထဲမှာ မြေတောင်မြှောက်ပေးခဲ့ပါတယ်။ အဲဒီ အမျိုးသမီးသရုပ်ဆောင်သုံးယောက်ထဲက အိချောပိုဟာ “ယောက်ျားကို ရောင်းစားမယ်”၊ “ဂျပန်ကား” စတဲ့ဇာတ်ကားတွေနဲ့ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူဖြစ်သလို၊ အကယ်ဒမီပွဲတက်တဲ့ အချိန်တိုင်းမှာလည်း သူ့ဖက်ရှင်တွေက ပရိသတ်တွေကို စိတ်ဝင်စားအောင် ဖမ်းစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ အိချောပိုရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်သိချင်မယ်ထင်တဲ့ အကြောင်းအရာတွေကို ဧရာဝတီ သတင်းထောက် မြတ်သူအောင်ကတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။   ။ အိချောပိုရဲ့အခုလတ်တလောအနုပညာလှုပ်ရှားမှုတွေသိချင်ပါတယ်။

ဖြေ။   ။ အိချော အခုကိုလူမင်းနဲ့ဒါရိုက်တာ ကိုစိုးကျော်ဆန်း ရိုက်တဲ့ဝင်ကစွပ်များဆိုတဲ့ ဇာတ်ကား ရိုက်နေပါတယ်။ အဲဒီကားမှာအိချောနဲ့ကိုလူမင်းနဲ့ကသမီးရည်းစားပေါ့။အဲ့ဒါကိုမကျွတ်သေးတဲ့ဝိညာဉ် ၄ ယောက်က အမျှအတန်း လိုချင်လို့ ကိုလူမင်းနားကိုကပ်ပြီးအိချောနဲ့အဆင်မပြေအောင်လိုက်ဖျက်တဲ့ပုံစံဇာတ်လမ်းလေးပါ။

မေး။   ။အိချောပို သရုပ်ဆောင် အသစ်ဘဝတုန်းကနဲ့ အခုပရိသတ်တွေ လက်ခံအားပေးလာတဲ့ အနုပညာရှင်တယောက် ဖြစ်လာတဲ့အချိန်ဘာတွေကွာသွားပြီလဲ။

ဖြေ။   ။ အိချောက အသစ်ဘဝတုန်းကတော့ ပရိသတ်တွေသိအောင်၊ချစ်အောင်အတတ်နိုင်ဆုံးကြိုးစား နေရတဲ့အချိန် ၊အခုချိန်မှာတော့ပရိသတ်တွေကအိချောကိုသိနေပြီ။ သိပြီးတာကိုမှပရိသတ်တွေမငြီးငွေ့အောင်၊ ပရိသတ်တွေ ချစ်နေအောင် ကိုယ့်ဘက်ကကြိုးစားနေရတဲ့ အချိန်ပေါ့နော်။

မေး။   ။အနုပညာလောကမှာအိချောပိုဆိုပြီး နေရာတခုရလာပြီဆိုတော့ ကျေနပ်နိုင်ပြီလား။

ဖြေ။   ။ အိချောက ကိုယ့်ကိုယ်ကိုယ် ဒီနေရာရောက်ရင် ကျေနပ်ပြီဆိုတဲ့စိတ်တော့မရှိဘူး။ အိချောက ဒီ အနုပညာ အလုပ်ကို ချစ်တဲ့အတွက် အိချော ဒီအနုပညာအလုပ်ကိုလုပ်ရင်းကြိုးစားနေမှာပါ။

မေး။   ။ ဟိုတလောက အိချောပိုနဲ့ပတ်သက်လို့ ဂယက် ရိုက်သွားသေးတယ်နော်။ မင်းသားတယောက်နဲ့ ခိုးရာလိုက်ပြေးသွားတယ်ဆိုပြီးလေ။ အဲဒီကိစ္စပရိသတ်ကိုဘာဟြေချင်လဲ။

ဖြေ။   ။ အဲဒါ တကယ်တော့မဟုတ်ပါဘူး။ ဒီလိုသတင်းထွက်ရအောင်လည်း အရင်ကတည်းက အိချောတို့ ကြိုက်နေတယ်ဆိုတဲ့ သတင်း မထွက်ဖူးဘူးလေ။ အဲဒါကရှုတင်နောက်ဆုံးရက်။ အဲဒီကားမှာပါတဲ့ ဇာတ်ပို့ ဇာတ်ရံတွေရော အကုန်ပါပါတယ်။ မုန့်သွားစားကြမယ်ဆိုပြီး မုန့်သွားစားရင်းနဲ့မှ ခရီးထွက်ဖြစ်လိုက်ကြတာ။ အမှန်က အိချောအစ်ကိုလည်းပါတယ်။သူ့ဘက်ကလည်းသူ့အစ်ကိုတွေရောပါတယ်။ ဇာတ်ပို့တွေရော၊ဆံပင်ဒီဇိုင်နာတွေရောပါ ကြတယ်။တကယ်ခိုးပြေးတယ်ဆိုရင်နှစ်ယောက်တည်းသွားမှာပေါ့။အဲဒါကြောင့်အိချောကမဟုတ်ဘူးလို့ပဲ ငြင်းချင်ပါတယ်။
အဲဒီသတင်းကြားတော့အိချောလည်းအရမ်းလန့်သွားတယ်။ ဟယ်..ငါတို့ခိုးပြေးတာလည်း မဟုတ်ဘဲဆိုပြီး ဖုန်းဟြေပြီးတောင် ရယ်ကြသေးတယ်။တကယ်လည်းမဟုတ်ဘဲနဲ့ဘယ်သူက မွှေပြန်ပြီလဲမသိပါဘူး ဆိုပြီးပေါ့။ သွားတာဆိုရင် လည်းနှစ်ယောက်တည်းသွားတဲ့ဓာတ်ပုံယူခဲ့၊ ခိုးပြေးတာဆိုရင် နှစ်ယောက်တည်း ဓာတ်ပုံယူခဲ့ဆိုတော့မရှိဘူးလေ။ အိချောတို့ဘယ်သွားသွားအုပ်စုလိုက်ပဲ၊ ပထမတော့အရမ်းဒေါသထွက်တယ်၊ နောက်တော့လည်း ရယ်နေရတာ ဆိုတော့ ရယ်ပဲရယ်ချင်နေတယ်။ ဟုတ်မှမဟုတ်တာကို။

မေး။   ။ အိချောပိုကအနုပညာပျိုးခင်းကတက်လာတဲ့မင်းသမီးဆိုတော့၊ တကယ်လည်း အောင်မြင်လာတော့ အနုပညာပျိုးခင်းကိုဘယ်လိုမြင်လဲ။

ဖြေ။   ။ အနုပညာပျိုးခင်းက အစ်ကိုတွေရဲ့ စေတနာတွေကြောင့် အိချောတို့တတွေ ဒီလိုပရိသတ်က အသိအမှတ် ပြုလာတယ်။အခုထပ်တင်တဲ့အနုပညာပျိုးခင်းကဂျူနီယာသုံးယောက်ကိုလည်းဒီလိုတွေ ဖြစ်စေချင်တယ်။ အိချောတို့ကလည်းအတတ်နိုင်ဆုံးလက်တွဲခေါ်မယ်။ နောက်ပြီး ပရိသတ်တွေချစ်လာတာလည်း အနုပညာပျိုးခင်းက အစ်ကိုတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။

မေး။   ။ အနုပညာရှင်တယောက်  ဖြစ်လာပြီဆိုရင်ဘယ်လိုပုံစံနဲ့နေထိုင်သင့်တယ်လို့အိချောပိုထင်လဲ။

ဖြေ။   ။ အနုပညာရှင်တယောက်ဆိုတာအစစအရာရာကိုထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်တယ်လို့ အိချော ထင်ပါတယ်။ အသွားမတော်တလှမ်း၊အစားမတော်တလုတ်ဆိုတဲ့စကားပုံလိုပေါ့။ဘာရယ်မဟုတ်ဘူးဆိုပေမယ့်အနုပညာသမားတွေမို့ဒီလိုသတင်းထွက်သွားတာပေါ့။အပြင်ကသူငယ်ချင်းတွေ၊ ကျောင်းသား ကျောင်းသူတွေ သွားကြလာကြ ဆိုရင် သတင်းထွက်မှာမဟုတ်ဘူးလေ။အိချောတို့လိုအနုပညာရှင်တွေကအစစအရာရာဂရုစိုက်သင့်တယ်လို့အိချောထင်တယ်။အဲဒီလိုကိစ္စလေးတခုရှိခဲ့တဲ့အတွက် တော်တော်ဆင်ခြင်ရမယ်ဆိုတာအိချောလည်းနားလည်သွားပါပြီ။

မေး။   ။ အိချောပိုရှုတင်သွားရင်မိသားစုဝင်တွေအဖော်လိုက်ပေးတတ်တာဘာကြောင့်လဲ။

ဖြေ။   ။ အိချောကို ဟိုးငယ်ငယ်လေးကတည်းက မိဘတွေက မောင်နှမတွေထဲမှာ ပိုဂရုစိုက်တယ်။ အဖေကဆိုရင်အစ်ကိုနဲ့ညီမ ဘယ်သွားသွား နည်းနည်းလွှတ်ပေးသေးတယ်။ အိချောကို ဆိုရင်လိုက်ဂရုစိုက်တယ်။ အိချောက အားနာတတ်တယ်။ ပြီးတော့ယုံလွယ်တယ်၊ ကိုယ်နဲ့ဘယ်လောက် ရန်ဖြစ်ထားထား၊ ဘယ်လောက်ပဲ အမြင်ကတ်နေနေ၊ကိုယ့်ကိုရယ်ပြလိုက်ရင်အဟုတ်ကြီးထင်ပြီး ပျော်သွားရော။ အဲဒီလို စိတ်မျိုးရှိတော့ အဖေတို့က စိတ်မချဘူးပေါ့နော်။ကိုယ့်ကို ကောင်းတာလုပ်တာလား၊မကောင်းတာလုပ်တာလားလည်းမသိဘူး။ကိုယ်ကအကောင်း မြင်တတ်တဲ့စိတ်ရှိနေတော့အဲဒါလည်းပါမယ်၊စိတ်မချဘူး၊အိချောနောက်ကိုအမြဲတမ်းလိုက်တယ်။

မေး။   ။ ပရိသတ်တွေရှေ့မှာစံပြဖြစ်အောင်အိချောပိုဘယ်လိုနေထိုင်လဲ။

ဖြေ။   ။ အဓိကကတော့ အနုပညာပေါ့၊ အိချောကိုပရိသတ်တွေချစ်အောင် အိချောအနုပညာကို အမြဲတမ်းကြိုးစားပြီး လုပ်တယ်။ နောက်ပြီး လိုအပ်ချက်တွေ မဖြစ်အောင်လည်း အိချောကြိုးစားနေပါတယ်။ အိချော ဂုဏ်သိက္ခာကိုလည်း အတတ်နိုင်ဆုံးထိန်းသိမ်းတယ်။  ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတာ ထိန်းသိမ်းသင့်တဲ့အရာလေ။ မထိန်းသိမ်းလို့လည်း မရတဲ့အတွက်အတတ်နိုင်ဆုံးထိန်းသိမ်းတယ်။
နောက်ပြီး အင်တာနက်တွေမှာရေးတယ်။ပျိုးခင်းကမင်းသမီးတွေနဲ့ဘယ်လိုဆိုပြီးတော့ ရေးတာတွေလည်း ရှိတယ်။အိချောတို့လည်းဖတ်ရပါတယ်။ဒါပေမယ့်လေအဲဒါတွေကအိချောတို့ကိုဒီအစ်ကိုတွေဘယ်လိုစေတနာထားတယ်ဆိုတာကိုယ်တွေပဲအသိဆုံး။ကိုယ်တွေအပေါ်မှာဘယ်လို စေတနာသန့်သန့်နဲ့ လုပ်ပေးတယ်ဆိုတာ၊ ပျိုးထောင် ပေးတယ်ဆိုတာအိချောတို့ကအသိဆုံး ဖြစ်တဲ့အတွက်အိချောတို့ကအများကြီးတော့မဖြေရှင်းချင်ဘူး။
ရှုတင်တွေမှာဆိုရင်အစ်ကိုတွေကဆူတာပဲ။ ဖြစ်စေချင်တဲ့စိတ်တွေနဲ့ပေါ့။အဲဒါကိုအိချောအမြဲတမ်း ပြန်ပြီး သတိရတယ်။သူတို့စေတနာထားပြီးလုပ်ပေးတဲ့အတွက်တချို့အထင်မှားနေတာတွေက မဟုတ်ပါဘူး လို့အိချောဟြေချင်ပါတယ်။

မေး။   ။ အိချောပိုအနေနဲ့အနုပညာအလုပ်တခုကိုလက်ခံလိုက်ပြီဆိုရင်ဘယ်လိုပြင်ဆင်လဲ။

ဖြေ။   ။ အဓိကက စေတနာပဲ။အနုပညာတခုကိုလက်ခံလိုက်ပြီဆိုရင် စေတနာလေးနဲ့ ငါ ဘယ်လို လုပ်ပေးလိုက်ရင်ဘယ်လိုလေးတော့အဆင်ပြေမယ်၊မသိရင်လည်းသိတဲ့ဆရာတွေကို မေးတယ်။ အိချောဘယ်အရာမဆို စေတနာလေးအမြဲထည့်ပြီးလုပ်ပါတယ်။

မေး။   ။ အိချောပိုကအရွယ်ရောက်တဲ့မိန်းမပျိုတယောက်အနေနဲ့ချစ်သူရည်းစားရှိပြီလို့ ပြောလို့ရမလား။

ဖြေ။   ။ ချစ်သူရည်းစား ဆိုတာ၁၅၀ဝ မေတ္တာပေါ့နော်။ ဒါက ရှောင်လွှဲလို့ရတဲ့ အရာမဟုတ်တဲ့အတွက် အိချောတို့လည်းရှိလာနိုင်တယ်ပေါ့နော်။တနေ့နေ့တချိန်ချိန်မှာတော့ရှိလာမှာပဲ။ ငြင်းလို့လည်းရမှာ
မဟုတ်ဘူးလေ။ ဒါကိုအိချောကမရှိပါဘူးလို့မငြင်းပါဘူး။

မေး။   ။ ဘယ်လိုယောက်ျားမျိုးကိုကိုယ့်ဘဝအတွက် ရွေးချယ်မယ်လို့အိချောပိုဆုံးဖြတ်ထားလဲ။

ဖြေ။   ။ အိချောနဲ့ စိတ်တူကိုယ်တူရှိပြီး အိချောကိုနားလည်ပေးနိုင်တဲ့သူ၊ ဂရုစိုက်ပေးနိုင်ဆုံးသူ၊ ဘယ်လိုပဲဖြစ်ဖြစ် အိချောအပေါ်မှာစိတ်အများဆုံး ပေးထားနိုင်တဲ့သူကိုပဲအိချော ရွေးမှာပါ။

မေး။   ။ အိချောပို ရွေးချယ်မယ့်သူကအပြင်ကလူ ဖြစ်မလား၊အနုပညာလောကထဲကလူ ဖြစ်မလား။

ဖြေ။   ။ အဲဒါကတော့ဖူးစာကံပါပဲ၊ ဟြေလို့မရပါဘူး။ ကိုယ်ကအနုပညာလောကထဲက လူကိုကြိုက်ရင်လည်း ဖူးစာမဆုံရင်ညားချင်မှညားမှာလေ။ အပြင်ကလူကိုကြိုက်ရင်လည်း ဖူးစာမဆုံရင်ညားချင်မှညားမှာပါ။အဲဒါကြောင့် ဟြေလို့မရသေးပါဘူး။

မေး။   ။ အိချောပိုရဲ့ဘဝမှာအရေးအကြီးဆုံးကဘာလို့ထင်လဲ။

ဖြေ။   ။ အိချောဘဝမှာ အရေးအကြီးဆုံးကဆိုရင် မိသားစုရယ်၊ အိချောဝါသနာပါတဲ့ အနုပညာအလုပ်ရယ်ပေါ့။ တခြားအရေးကြီးတာကတော့အချိန်တန်ရင်ရှိလာမှာပေါ့ (ရယ်လျက်)။

မေး။   ။ အိချောပိုကဆက်ဆံရေးကောင်းတဲ့မင်းသမီးတယောက်လို့ ဟြေသံကြားရတယ်၊အဲဒါဟုတ်လား။

ဖြေ။   ။ အိချောကတော့ အတတ်နိုင်ဆုံး ဆက်ဆံရေး အကောင်းဆုံးဖြစ်အောင်နေပါတယ်။ စီနီယာတွေအပေါ်မှာ  လေးစားပြီးဂျုနီယာတွေအပေါ်မှာအဆင်ပြေအောင်အိချောအမြဲကြိုးစားမှာပါ။

မေး။   ။ အိချောပိုရဲ့ပရိသတ်တွေကိုဘာဟြေချင်သေးလဲ။

ဖြေ။   ။ အိချောရဲ့ ပရိသတ်တွေကို အိချော ကျေးဇူးတင်ပါတယ်။ ပြီးတော့အိချောတို့ကို အားပေးခဲ့သလို နောက်ဂျုနီယာအသစ်တွေကိုလည်းအားပေးကြပါလို့ တောင်းဆိုချင်ပါတယ်။
 
 
From:ဧရာဝတီ

www.mmdailystar.com

အမေရိကန် ဂီတ AMA ဆုပေးပွဲ ဘယ်သူတွေ ဘာဆုတွေရသွားသလဲ

တေးဂီတ ဆုပေးပွဲတွေထဲမှာ ကမ္ဘာ့တလွှား နာမည်အကြီးဆုံးတွေထဲက ဆုတခုဖြစ်တဲ့ အမေရိကန် ဂီတ ဆုပေးပွဲကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျလိစ်မြို့မှာ တနင်္ဂင်္င်္နွေနေ့ က ကျင်းပခဲ့ပါတယ်။ 



 ဓာတ်ပုံ- AMA

အခု နှစ်အတွက် The 2014 American music awards (AMA) ဟာ ၄၂ ကြိမ်မြောက် ဖြစ်ပါတယ်။ 

အမျိုးသမီး ပရိသတ်တွေ အသည်းစွဲဖြစ်တဲ့ ဗြိတိန်က လူငယ် ၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ One Direction က ဆု ၃ ခု ရသွား ခဲ့ပါတယ်။ 

စည်ကားလှပြီး လူကြိုက်များတဲ့ ဂီတဖန်တီးသူတွေ အသီးသီးဟာ ထိုက်ထိုက်တန်တန် ဆုတွေ ရကြတာဖြစ် တယ်လို့ သတင်းတွေက ရေးကြပါတယ်။ 

ဆုပေးပွဲနေ့က မြင်ကွင်းတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 









အခုနှစ် AMA ဆုရစာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ 


From:ဧရာဝတီ

www.mmdailystar.com

မြန်မာဝတ်စုံနဲ့ ဂျပန်မင်းသမီးများ

အခုနောက်ပိုင်း မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားအနုပညာရှင်တော်တော်များများဟာ မြန်မာ့ရိုးရာ ၀တ်စုံလေးတွေကို မက်မက်စက်စက်ဝတ်ဆင်လို့ မြန်မာပြည်တွင်းမှာ သွားလာလှုပ်ရှား နေကြတာကို သတိ ထားမိလာပါတယ်။



ဓာတ်ပုံများ - Htun Htun Oo focus ဖေ့ဘုတ်မှ


သိပ်မကြာသေးခင်က လာသွားတဲ့ ကိုရီးယား K-pop အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE- 1 အဖွဲ့လာတုန်းကလည်း အဲ့ဒီ အဖွဲ့ဝင်အဆိုတော်တွေဟာ မြန်မာဝတ်စုံကို သေချာစွာ ၀တ်ဆင်ပြီး ရွှေတိဂုံဘုရားဖူးခဲ့ကြတာ ကိုရီးယားမှ ကိုရီးယားဖြစ်နေတဲ့ မြန်မာပရိတ်သတ်တွေရဲ့ အသည်းကို စွဲကိုင်လိုက်သလိုဖြစ်သွားခဲ့ပါသေးတယ်။

ကဲ အခုလည်း မြန်မာနိုင်ငံကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတဲ့ ဂျပန် မင်းသမီး နှစ်ယောက်ကလည်း ထိုးနည်းလည်းကောင်းပါပဲ။ မြန်မာဝတ်စုံကို ကျကျနန ၀တ်ဆင်လို့ ရွှေတိဂုံဘုရားပေါ်တက်ခဲ့ကြတဲ့ သူမတို့ရဲ့ ဓာတ်ပုံလေးတွေကို ဖေ့ဘုတ်မှာ မြင်ရသူ ပရိတ်သတ်တွေကတော့ ချီးကျူး ထောပနာ ပြု ကြလို့ပေါ့။

သူတို့ဟာ မြန်မာဝတ်စုံတွေကို မြန်မာပြည်တွင်းသွားတဲ့ နေရာတော်တော်များများကို ၀တ်ဆင်သွားလေ့ရှိတာကို တွေ့ရပါတယ်။ ဒါဟာလည်း မြန်မာပရိတ်သတ်ကို စည်းရုံးနည်းတမျိုးပဲ မဟုတ်ပေဘူးလား။ မြန်မာဝတ်စုံ ကို နိုင်ငံခြားသူတယောက်အနေနဲ့ အခုလို မြတ်မြတ်နိုးနိုး ၀တ်ဆင်ပြလိုက်လေတော့ မသိတဲ့သူတောင် သတိထား မိလာမှာ အမှန်ပါပဲ။

ဒီ ဂျပန်မင်းသီး နှစ်ဦးရဲ့အမည်တွေကတော့ Ms Rina Takeda နဲ့ Ms Yuko Fueki တို့ပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ Sony Entertainment နဲ့ Living Sound Entertainment က မြန်မာ ဒါရိုက်တာ ဦးဂျော်မရန်နဲ့ ဂျပန် ဒါရိုက်တာတွေ ပူးပေါင်းရိုက်ကူးမယ့် Yangon Runway အက်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြမှာပါ။ ဒီဇာတ်ကားမှာ သူတို့ နှစ်ဦးအပြင် ဂျပန်မင်းသားကြီး Sonny Chiba (ဆန်နီချီးဘား) နှင့် မြန်မာသရုပ်ဆောင်တွေပါ ပါဝင်မယ်လို့သိရပါတယ်။




From:ဧရာဝတီ

www.mmdailystar.com

Dance for Life ပါတီပွဲ ဖျော်ဖြေမှုပုံစံပြောင်းမည်



ပထမအကြိမ် Dance for Life ပါတီညမြင်ကွင်း (ဓာတ်ပုံ- စိုင်းဇော်/ ဧရာဝတီ)

 HIV/ AIDS ဝေဒနာသည်တွေကို ရည်ရွယ်လှူဒါန်းမယ့် ပရဟိတ ပါတီပွဲတခုဖြစ်တဲ့ Dance For Life ပါတီကို လာမယ့် ဒီဇင်ဘာလ ၆ ရက် စနေနေ့မှာ ပြုလုပ်သွားမှာပါ။

ဒီပွဲကို ရန်ကုန်မြို့ သိမ်ကြီးဈေး D ရုံ က 69 Club မှာ ပြုလုပ်ပါမယ်။

ဒါဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတကြိမ်တုန်းကတော့ ဇွန်သဉ္ဖာ၊ ဇာဇာထက်၊ ကဗျာကိုကိုတို့ရဲ့ Sexy အကအလှတွေနဲ့ လူသိများသွားတဲ့ ဒီပါတီပွဲဟာ အခုတခေါက်မှာတော့ အဆိုတော်တွေရဲ့ ဖျော်ဖြေရေးပုံစံ အနေနဲ့ပဲ သွားဖို့ရှိပါတယ်တဲ့။

“ရံပုံငွေပွဲဖြစ်လို့ အဆိုတော်တွေလည်း မေတ္တာနဲ့ လာဖျော်ဖြေပေးမှာပါ။ ဒီတခေါက်ပွဲပုံစံကတော့ အရင်တခေါက် ပုံစံမျိုးနဲ့ မတူတော့ပါဘူး။ ကွဲပါမယ်။ ပွဲပြီးသွားရင်လည်း ပထမတခါလိုပဲ HIV/ AIDS ဝေဒနာသည်တွေအတွက် သွားလှူ မှာပါ” လို့ စီစဉ်သူတဦးဖြစ်တဲ့ Lola က ပြောပါတယ်။

အဆိုတော်တွေအနေနဲ့ ဟဲလေး၊ ငယ်ဆူး၊ စစ်သွေး၊ ထွေးထွေး ၊ Show D & Zay Ya တို့ဖြစ်ပြီး မော်ဒယ်လ် ခင်မီမီကိုနဲ့ ဘေဘီမောင်တို့လည်း သီဆိုဖျော်ဖြေပေးကြမှာပါ။ အကအဖွဲ့အနေနဲ့ Girl’s Universal အဖွဲ့က ဖျော်ဖြေမယ်လို့သိရပါတယ်။

ဝင်ကြေးအနေနဲ့ ကျပ် တသောင်း သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်အနေနဲ့ ၀ယ်ယူမယ်ဆိုရင်တော့ ကျပ် ၆ ထောင် ပါတဲ့။ ပွဲချိန်ကတော့ ညနေ ၃ နာရီကနေ ည  ၁၀နာရီအထိပါ။

Sexy Model တွေရဲ့ Sexy အကတွေနဲ့ ပွဲဦးထွက် လူသိများခဲ့တဲ့ Dance for Life ပါတီပွဲ ဒီ တခေါက်လည်း ပွဲဆူဦးမလားဆိုတာ မကြာမီ လာမည် မျှော်လို့ပဲ ပြောထားပါရစေ။ 
 
 
From:ဧရာဝတီ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...