Tuesday, 9 December 2014

သူ့နာမည် ဒေါ်ခင်သွယ်....

အမေနာမည်ကဒေါ်ခင်သွယ်ပါ။အခုရန်ကုန်မြို့လမ်းမတော်၊
လမ်းသစ်ရိပ်သာ၊တိုက်၃၊အခန်း၇မှာနေပါတယ်။
အမေကိုလွန်ခဲ့တဲ့၈၇နှစ်က ကျောက်တန်းမှာ ဖခင်ရှေ့နေ ဦးသွယ် 

မိခင် ဒေါ်ခင်တင့်(ဗမာသံတော်ဆင့်သတင်းစာ)ကဖွားမြင်ပါတယ်။
ငယ်စဉ်ကသံလျှင် BOC ကျောင်းမှာနေပါတယ်။
ငယ်စဉ်ကစာထူးချွန်ပြီးအားကစားလဲထူးချွန်ပါတယ်။
အသက် ၁၃ နှစ် ၇ တန်းမှာ ကမ္ဘာစစ်ဖြစ်တယ်။ကမ္ဘာစစ်ဖြစ်တော့ 

နှစ်ဖက်ဆွေမျိုးများစစ်ရှောင်ရင်းလာနေကြတော့အိမ်ဦးစီးအိမ်တော်
ထိန်းတာဝန်ကိုမိခင်ဆီကလွဲယူတယ်။
စစ်ကာလကအိမ်ကိုရဲဘော်၃ကျိပ်တွေအ၀င်အထွက်များတယ်။
လွတ်လပ်ရေးအတွက်စစ်စားရိပ်စည်းစိမ်တစ်ဝက်ထဲ့ဝင်တာရယ်။
ဝံသာနုဦးချစ်လှိုင်တူမအိမ်ဖြစ်တာရယ်အပျိုချောပေါတာကြောင့်ပေါ့။
ဗိုလ်မိုးကြိုးကဂျပန်တွေကိုအိမ်ရှေ့မည်သူမျှဖြတ်မသွားရတားထားတဲ့
အိမ်ပေါ့။အဖေရှေ့နေရဲ့လက်ထောက်ရှေ့နေကနောင်ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့အဖေပေါ့။
သူကိုအိမ်ကိုလာတဲ့ရဲဘော်၃ကျိပ်တွေကခင်ကြတယ်။
ဂျပန်တွေဆုပ်ခါနီးသတ်မည့်စာရင်းမှာဆရာတပည့်ပါတယ်။
တော်လှန်ရေးသမားတွေကြိုသတင်းပို့ လို့ လွတ်သွားတယ်။
စစ်ပြီးတော့ကျောင်းပြန်ဖွင့်တော့ ၈တန်းကစတက်ရတယ်။

စစ်ပြီးပထမဦးဆုံးစာမေးပွဲစစ်ဖို့ လုပ်တော့ ကျောင်းမှာ ၁၀ တန်း မက်ထရစ်မှာဖြေမဲ့သူမရှိဘူး။
ကျောင်းအုပ်က ဖြေနိုင်မယ်ထင်ရင်မည်သူမဆိုဖြေနိုင်တယ်ဆိုတော့
အမေက၀င်ဖြေမယ်ပြောတော့အားလုံးအံ့အားသင့်တာပေါ့။
အမေကစစ်အတွင်းအားရင်စာအမြဲဖတ်နေတော့ဖြေရဲတာပေါ့။
အမေကအတန်းအားလုံးဝင်ဖြေတယ်လေ။အတန်းအားလုံးအောင်တယ်။
စာမေးပွဲအောင်တော့ကျောက်တန်းအာသောကဆရာတော်က
သူကျောင်းမှာစာပြခိုင်းလို့ အာသောကကျောင်းမှာဆရာမလုပ်တယ်။
တက္ကသိုလ်တက်ဖို့ လုပ်တော့အဖေ့အမေနဲ့ အမျိုးတွေကသဘောမတူကြဘူး။
အဖိုးကတော့ကတိစည်းကမ်းတွပြောပြီးတက္ကသိုလ်တက်ခွင့်ပေးတယ်။
အမေရဲ့အဖေသူငယ်ချင်းအိမ်ကနေစတက်ရတယ်။
သူရဲ့သမီးကလဲတက္ကသိုလ်တက်တယ်လေ။
နောင်ဆရာဝန်ဒေါက်တာကြူကြူဆွေဖြစ်လာမည့်သူလေ။
သူတို့ တက္ကသိုလ်အစပိုင်းအတူတက်ခဲ့ကြတယ်။နောက်ပိုင်းနှစ်ဦးစလုံးသူတို့ 
တက်တဲ့အတန်မှာကွင်းဖြစ်ကြတယ်။
အဆောင်ရတော့အမေဆီသူမောင်ကအမြဲလာတယ်လေ။
မမကြူကိုကြီုက်လို့ ပေါ့။နောက်အင်္ဂလန်ဘုရင်မစစ်တက္ကသိုလ်သွားတက်ရတယ်။

အမေကဘွဲ့ ရတော့အင်္ဂလိပ်စာဘာသာတွဲ၂ခုအီကိုနဲ့ ဘွဲရတယ်။
သူနဲ့ အတန်းတူသူငယ်ချင်းတွေကနောင်မောင်စူးစမ်း၊ရဲမှုးကြီးဥက္ကာ၊ဗဟိုဘဏ်
ဒုဥက္ကဌဦးသန်းအောင်၊ဗိုလ်ချုပ်တင်ဦးဇနီးမောင်နှံတို့ ပေါ့။
ဘွဲ့ ရပြီးတော့အာသောကကျောင်းမှာဆရာမဆက်လုပ်တယ်။
စကော်လာခေါ်တော့ဆရာမအနေနဲ့ ဖြေတယ်။
မာစတာအတွက်တက္ကသိုလ်ကဖြေတယ်။၂ခုလုံးတစ်ပြိုင်တည်းရတယ်။နိုင်ငံတော်က ၂ခုစလုံးယူခွင့်ပေးတယ်။တစ်ခုကအင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာ၊နောက်တစ်ခုကမာစတာ။၂ခုစလုံးအမေရိကန်အစိုးရကပေးတာ။
ပထမဦးဆုံးအမေရိကန်အစိုးရစကော်လာ၂ထပ်ကွမ်းရသူပေါ့၊
မာစတာမှာသပ်မှတ်ချိန်အများကြီးစောပြီးတဲ့အပြင် ပါရဂူအကြိုအထိပြီးခဲ့တယ်။ပြန်လာတော့တက္ကသိုလ်ကသူဆရာ
ဒေါက်တာဦးထွန်းသင်(နောင်ကမ္ဘာဘဏ်ဒုဥက္ကဌ)က CSED ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာနမှာလူမှုစီးပွားရေးပညာရှင်အနေနဲ့ 
လာလုပ်ဖို့ ခေါ်လို့ ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာနမှာဝင်တယ်။
အဲဒီကာလမှာမိသားစုဝင်အားလုံးလမ်မတော်လမ်းသစ်အိမ်ရာသို့ ပြောင်းလာကြတယ်။တိုက်၈အခန်း၆အခန်းကိုညီမဒေါ်ရီရီသွယ်နာမည်ဖြင့်ရတယ်။

သူကအမျိုးသားစီမံကိန်းဌာနမှာအလုပ်စ၀င်ပြီးနောင်အဲ့ဒိဌာနအကြီးအကဲဖြစ်ခဲ့တယ်။
တော်လှန်ရေးကောင်စီခေတ်မှာ CSED ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာနအကြီးအကဲဦးသက်ထွန်းတာဝန်ပေးချက်အရ အမြတ်ခွန်အထူးအရာရှိ အဖြစ် ရုပ်ရှင်လုပ်ငန်းကိုတာဝန်ယူရတယ်။
ကျန်အမြတ်ခွန်အထူးအရာရှိများကစစ်ဗိုလ်အရာရှိများဖြစ်ပြီးတစ်ဦးတည်းသော
အရပ်သူအဖြစ်အမြတ်ခွန်အထူးအရာရှိအဖြစ်တာဝန်ပေးအပ်ခံရသည်
အမြတ်ခွန်အထူးအရာရှိတာဝန်ကာလမှာရုပ်ရှင်လုပ်ငန်းအကြီးအကဲအထူးအရာရှိ ဗိုလ်ကြီးတင်အေးဖြငိအိမ်ထောင်ကြတယ်။အိမ်ထောင်ကြစမှာဝန်ကြီးချုပ်ဝင်း
အရာရှိအိမ်ရာမှာနေရတယ်။
ခင်ပွန်းစစ်ဖက်ကအနားယူအရပ်ဖက်ပြောင်းတော့ခင်ပွန်းအခန်းပြန်အပ်ပြီး
မိသားစုဝင်များနဲ့ နီးရာလမ်းမတော်လမ်းသစ်အိမ်ရာစခန်းတိုက်၃အခန်း၇ မှာအမေအမည်ဖြင့်အခန်းရယူနေထိုင်ခဲ့တာယနေ့ တိုင်ခဲ့ပါတယ်။
ကျွန်တော့အဖေရှိသေးရင် ၉၇နှစ်တော့ရှိနေပြီ။အဖေကဗိုလ်ချုပ်အောင်ဆန်းထက်ငယ်တယ်။

ဒါပေမဲ့ အဖေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကသူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်သွေးသောက်တွေလေ။
တတိယကျောင်းသားသပိတ်တုံးကဗိုလ်ချုပ်အောင်ဆန်းက
အဖေကိုနယ်ခေါင်းဆောင်အနေနဲ့ တာဝန်ယူခိုင်းတယ်။
ရဲဘော်၃ကျိပ်ဖွဲ့ တော့နောက်ချန်အဖွဲ့ မှာထောက်လှမ်းရေး
သတင်းစုဆောင်းရေးတာဝန်ယူရတယ်။
ရဲဘော်၃ကျိပ်မြန်မာပြည်ထဲဝင်တော့ဂျပန်စကားပြန်တာဝန်ယူပြီး
ဂျပန်သတင်းထောက်လှမ်းပေးရတယ်။စစ်မှုထမ်းတာဝန်မပေးဘူး။
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတော့အဲ့ဒီနေ့ မှာပဲစစ်ထဲဝင်တယ်။
တပ်မတော်အကြီးအကဲတွေကအရာခံဗိုလ်ရာထူးနဲ့ 
တပ်မတော်ထောက်လှမ်းရေးဖွဲ့ ခိုင်းတယ်။ဖွဲ့ ပြီးတော့အဖေကို
ဗိုလ်သင်တန်းကျောင်းထောင်ဖို့ အတွက်စင်္ကာပူကအင်္ဂလိပ် စစ်ကျောင်းမှာစစ်ပညာသွားသင်ရတယ်။သူတို့ က ကုလားတွေနဲ့ တန်းတူထားကျွေးတယ်။လွတ်လပ်ရေးရတဲ့နေ့ 
ကစပြီးဥရောပအစာကျွေးတယ်။တစ်ဝိုင်းထဲအတူစားခွင့်ရတယ်။

သင်တန်းပြီးလိုမြန်မာပြည်ပြန်ရတော့ဗိုလ်သင်တန်းကျောင်း OTS မှာအရာခံဗိုလ်ဆရာလုပ်ရတယ်။အပတ်စဉ်၁၀အထိပေါ့။သင်တန်းမှာ
ဆရာလုပ်ရင်းဗိုလ်သင်တန်းဖြေတာ ၇ ကြိမ်ဖြေခဲ့ရတယ်။အပတ်စဉ် ၁၁ မှတက်ခွင့်ရတယ်။ဗိုလ်သင်တန်းဆင်းတော့စိတ်ဓါတ်စစ်ဆင်ရေးဌာနထောင်ဖို့ 
ဆရာဖြစ်သင်တန်းတက်ရတယ်။ပထမအသုတ်ပေါ့။
စိတ်ဓါတ်စစ်ဆင်ရေးဌာနကနေ ဗဟိုနိုင်ငံရေးတက္ကသိုလ်ထောင်ဖို့ ဆရာဖြစ်သင်တန်းတက်ရတယ်။
ပထမအသုတ်ပေါ့။အဖေကတိုက်ခိုက်ရေးတပ်မှာချင်း ၂ နဲ့ ၁၀၁ မှာပဲတာဝန်ယူဖူးတယ်။အဖေ့စစ်မှုထမ်းဘ၀မှာခွင့်တစ်ခါမှမယူဘူး
။ပြစ်ချက်မရှိဘူး။မော်ကွန်းဝင်မလျှောက်ဘူး။နိုင်ငံဂုဏ်ရည်မလျှောက်ဘူး။
စစ်မှုထမ်းကောင်းတံဆိပ်ပဲယူတယ်။နိုင်ငံတော်ဆီကနေခွင့်ရတဲ့
တိုက်ခန်းနဲ့ ဖုန်းပြန်အပ်တယ်။
အဖေသေတော့ ဘဏ်မှာ၃၄ကျပ်ပဲရှိတယ်။
တာဝန်ထမ်းဆောင်စဉ် ပဒုမ္မာ အရောင်းဆိုင်မှာဝယ်ခွင့်စာအုပ်ရပေမဲ့လိုသလောက်ပဲဝယ်တယ်
သူဘ၀မှာအလေးစားဆုံးကဗိုလ်ချုပ်အောင်ဆန်းပါ။

From:__ Thet Tun

www.mmdailystar.com

ဆယ်ကျော်သက်အရွယ်တွင် အဓမ္မပြုကျင့် ခံခဲ့ရကြောင်း လေဒီဂါဂါဖွင့်ဟ

အသက်၂၈နှစ်အရွယ် ရှိပြီဖြစ်သော ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက ၎င်းသည်
အသက်၁၉နှစ်အရွယ်တွင် ၎င်းထက် အသက်အရွယ်များစွာ ကြီးရင့်သည့် ဂီတထုတ်လုပ်
သူတစ်ဦး၏ အဓမ္မပြုကျင့်မှု ခံခဲ့ရသည်ဟု The Howard Stern Show ရေဒီယိုအင်တာဗျူး အစီအစဉ်အတွင်း ပြောကြားခဲ့ကြောင်း ဒေလီးမေးလ်သတင်းစာက ဒီဇင်ဘာ ၃ ရက်နေ့
တွင် ရေးသားခဲ့သည်။
"ကျွန်မဒီပျော်ရွှင်စရာကောင်းတဲ့အချိန်လေးကို တလွဲမကုန်ဆုံးစေချင်ပါဘူး။ ပျော်စရာ
ကောင်းတဲ့ အကြောင်းအရာတွေကိုပဲ ပြောကြရအောင်ပါ" ဟု အဆိုပါရုပ်သံအစီအစဉ်
အတွင်း ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းကို မေးမြန်းရာတွင် လေဒီဂါဂါက ယခုကဲ့သို့
ပြောကြားခဲ့သည်။
သို့ရာတွင် ရေဒီယိုအသံလွှင့်သူက ယင်းကိစ္စနှင့်ပတ်သက်၍ ပိုမိုစောင်းပေး မေးမြန်းခဲ့
သောအခါ လေဒီဂါဂါက ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဖြေကြားခဲ့သည်။
"ကျွန်မအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို နှစ်ပေါင်းများစွာကြာ
အောင် ကုစားခဲ့ရပါတယ်။ ကျွန်မဖြတ်သန်းခဲ့ရတဲ့ အရာတွေက ကျွန်မအတွက် သိပ်ကို
ခါးသီးလှပါတယ်။ အခုအချိန်မှာတော့ ဒီအကြောင်းအရာတွေ ပြန်တွေးပြီး ရီတောင်ရီ
ချင်ပါတယ်" ဟု ဂါဂါက ပြောသည်။
"ပြောရမယ်ဆိုရင် အဲဒီတုန်းက ကျွန်မအသက် ၁၉နှစ်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက
ကျွန်မ အတွေ့အကြုံသိပ်နုနယ်သေးတယ်" ဟု ဂါဂါက ဆိုသည်။ ၎င်းထက် အသက်
၂၀ခန့် ပိုကြီးသော လိင်မှုကျူးလွန်သူ အဆိုပါ ဂီတထုတ်လုပ်သူအား အမည်ထုတ်ဖော်ပြောကြားရန် မေးမြန်းသောအခါ လေဒီဂါဂါက ငြင်းဆန်ခဲ့သည်။
"ဘယ်သူလဲဆိုတာ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလူနာမည်ကို ထုတ်ဖော်ပြော
လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားသလို ခံစားရမှာ စိုးလို့ပါ " ဟု ၎င်းက
ပြောသည်။
မင်းသားတေလာကင်နေးနှင့် တွဲနေသည့် လေဒီဂါဂါသည် ယင်းအဖြစ်အပျက်ကို
မည်သည့်အချိန်တွင်မျှ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း
စိတ်အတွင်း မျိုသိပ်မနေနိုင်၍ ဖွင့်ဟပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လေဒီဂါဂါက ၎င်းအား အဓမ္မမှုကျူးလွန်ခဲ့သူကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သော်
လည်း အဆိုတော်ကီရှာ၏ရှေ့နေဖြစ်သူက လက်သည်တရားခံသည် ဂီတထုတ်လုပ်သူ
ဒေါက်တာလုခ်ဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုချက်များ ပေါ်ထွက်လာသောအခါ
လေဒီဂါဂါ၏ ကိုယ်စားလှယ်များက ယင်းအချက်ကို ငြင်းဆန်ခဲ့ကြသည်။
From:__MM TIme

www.mmdailystar.com

အသိဉာဏ်ပိုင်းချို့တဲ့သည့် အမျိုးသမီးများ စော်ကားခံနေရ

အိန္ဒိယတွင် အသိဉာဏ်ပိုင်း ချို့တဲ့သည့် အမျိုးသမီးများသည်
၎င်းတို့အား စောင့်ရှောက်ထားသည့် ဂေဟာများတွင် အခန်းတွင်း သော့ပိတ်ထားပြီး
လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနှင့် အခြားသော ညှဉ်းပန်းနျိပ်စက်မှုများခံရကာ တိရစ္ဆာန်
ထက်ဆိုးဝါးသည့် အခြေအနေဖြင့်နေထိုင်ရကြောင်း လူ့အခွင့်အရေးစောင့် ကြည့်လေ့
လာရေးအဖွဲ့တစ်ဖွဲ့၏ ဒီဖင်ဘာ ၃ ရက်နေ့တွင်ထုတ်ပြန်သည့်အစီရင်ခံစာကဆိုသည်။
အသိဉာဏ်ဗဟုသုတ အားနည်းသူများသည်လည်း လူအများ မထီမဲ့မြင်ပြုခြင်းကို ခံနေ
ရပြီး အရာရာကိုကြောက်ရွံ့နေကြရသလို အများတကာ၏ စွပ်စွဲပြောဆိုမှုများကိုလည်း
ခံနေကြရကြောင်း အဆိုပါ လူ့အခွင့်အရေးလေ့လာ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာ
က ဆိုသည်။
'တိရစ္ဆာန်ထက်ဆိုးရွားသည့် ဆက်ဆံမှု'ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းအစီရင်ခံစာ
သည် ယင်းသို့ပြုမူခံနေရသူ၊ အဖွဲ့အစည်းများတွင်လုပ်ကိုင်နေသည့် အမျိုးသမီးများနှင့်
မိန်းကလေး ၅၂ ဦးကို ဆရာဝန်အယောက် ၁၅၀ အပါအ၀င် မိသားစုဝင်များနှင့်အတူ
တွေ့ဆုံမေး မြန်းရာမှရရှိသည့် အချက်များကို အခြေခံပြီး ရေးသားထားခြင်းဖြစ်သည်။
(အေအက်ဖ်ပီ)
 
From:__Mm Time

www.mmdailystar.com

NLD ဗဟို ကော်မတီ အစည်း အဝေး တွင် သူရ ဦးရွှေမန်း ကို သမ္မတ တင်မြှောက် ရေး ဆွေးနွေး မည်



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမ အကြိမ် ဗဟို ကော်မတီ စတုတ္ထ အကြိမ် အစည်း အဝေး ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက် များ တွင် ရန်ကုန် မြို့ ၌ ကျင်းပ မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။ အစည်း အဝေး တွင် ၂၀၁၅ ရွေးကောက် ပွဲ နှင့် ပတ်သက် ၍ ဆွေးနွေး ဆုံးဖြတ် မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အား သမ္မတ မဖြစ် နိုင်ရန် တားမြစ် ထား သည့် ပုဒ်မ ၅၉ (စ) ကို ရွေးကောက်ပွဲ မတိုင်မီ မပြင်ဆင် နိုင်မည် မှာ သေချာ သွားပြီ ဖြစ်၍ NLD အနိုင် ရရှိ လျှင် သမ္မတ အဖြစ် ရွေးချယ် မည့် သူကို ဆွေးနွေး ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး က ပြောသည်။


NLD ပါတီ တွင် ဒုတိယ ခေါင်းဆောင် ဟူ၍ မရှိ သဖြင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ မဖြစ် နိုင်လျှင် သမ္မတ ရာထူး အတွက် NLD ပါတီ ဝင် မဟုတ် သူကို တင်မြောက် ကောင်း တင်မြောက် ဖွယ် ရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြောက် နိုင်ကြောင်း NLD ဗဟို ကော် မတီဝင် ဦးဟံသာ မြင့် က ရိုက်တာ သတင်း ဌာန ကို ပြောကြား ခဲ့ သည်။ ထို သတင်း ထွက်ပေါ် လာပြီး နောက် ဦးဟံသာ မြင့် က သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် NLD က တင်မြောက် မည်ဟု အမည် တပ် ၍ ပြောဆို ခြင်း မရှိ ဟု ငြင်း ဆို ခဲ့သည့် အတွက် ရိုက်တာ သတင်း ဌာန က အနည်းငယ် ပြင်ဆင် ခဲ့သော် လည်း အဓိပါယ် ပြောင်းလဲ ခြင်း မရှိ ပါ။ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြှောက် ရန် ဒေါ်အောင်ဆန်း စုကြည် နှင့် ဦးရွှေမန်း တို့ လျှို့ဝှက် အပေး အယူ လုပ်ထား သည် ဟူသော သတင်း များ လည်း ပေါ်ထွက် လာ ခဲ့ပြီး NLD ပါတီ က အပြင်း အထန် ကန့်ကွက် နေသော ပီအာ စနစ် ကို ဦးရွှေမန်း က အခြေခံ ဥပဒေ နှင့် မညီ ဆိုပြီး ရုတ် တရက် ပယ်ချ လိုက်သည့် အပြင် ဒေါ်အောင်ဆန်း စုကြည် ကလည်း ယတိ ပြတ် ငြင်းဆန် ခြင်း မရှိ သဖြင့် အဆိုပါ အယူ အဆ ပိုမို ခိုင်မာ လာ ပါသည်။

သို့သော် လည်း NLD ဗဟို ကော်မတီ ဝင် အများစု မှာ သူရ ဦးရွှေမန်း အား သမ္မတ အဖြစ် တင်မြောက် ရေး ကို သဘော တူ လက်ခံ နိုင်ခြင်း မရှိ ကြောင်း သိရ သည်။ “ဘယ်နှယ် ဗျာ၊ ပြိုင်ဖက် ပါတီ က တစ်သက် လုံး ကိုယ့်ကို နှိပ်ကွပ် လာတဲ့ စစ်တပ် က ဗိုလ်ချုပ်ကြီး ဟောင်း ကိုမှ သမ္မတ အဖြစ် တင်မြောက် ရေး ဆို တော့၊ ကျွန်တော် တို့ NLD မှာလဲ လူတော် တွေ ရှိ ပါတယ်။ ဒေါ်စု အရှိန် အဝါ ကြီးမား လွန်း လို့သာ မထင်ပေါ် နိုင်ကြ တာပါ။ ဦးရွှေမန်း လောက် တော့ လုပ်နိုင် ပါတယ်။ ပြော ရရင် လဒ လောက်တော့ ငှက်တိုင်း လှ ပါတယ်ဗျာ။ ပြီးတော့ ဒေါ်စု ကို ဦးရွှေမန်း က ဘယ်လို ကတိပဲ ပေးပေး၊ သူ သမ္မတ ဖြစ်ပြီးရင် လုပ်ချင် ရာ လုပ်လို့ ရတာပဲ၊ ကျွန်တော် တို့က ပါလီမန် ဒီမို ကရေစီ မဟုတ်ဖူး လေ၊ ပါလီမန် ဒီမိုကရေစီ မှာတော့ လွှတ်တော် ထဲမှာ ကိုယ့် ပါတီ က အများစု ဆိုရင် ဝန်ကြီး ချုပ် ကို အချိန် မရွေး အယုံ အကြည် မရှိ အဆို တင် ပြီး ဖြုတ် ချ လို့ ရတယ်။ အခု မြန်မာ နိုင်ငံ စနစ် မှာ လွှတ်တော် က သမ္မတ ကို ရွေး ပေမယ့် သမ္မတ ကို ပြန်ဖြုတ် ဖို့က အင်မတန် ခက် ပါတယ်။ အဲဒီ အချိန် ကျမှ ဦးရွှေမန်း နဲ့ ကျွန်မ ဒီလို လျှို့ဝှက် သဘော တူညီ ချက်တွေ ရှိ ပါတယ်။ ဒီ သဘော တူညီ ချက်တွေ ကို ချိုးဖောက် နေပါတယ် လို့ ပြောလို့ မရ ဘူး” ဟု NLD ဗဟို ကော်မတီဝင် တစ်ဦး က ပြော သည်။

“ဒါပေမယ့် လည်း ကျွန်တော် တို့ အနေ နဲ့ ဒေါ်စု ကို မလွန်ဆန် နိုင် ပါဘူး။ ဗဟို ကော်မတီ ဝင် အားလုံး သဘော မတူ လဲ ဒေါ်စု က လုပ် ဆိုရင် တော့ လုပ် ရမယ့် သဘော တော့ ရှိတယ်၊ ဒါပေမယ့် ဦးရွှေမန်း ကို သမ္မတ တင်မယ် ဆိုရင် ပါတီ တွင်း စည်းလုံး ညီညွတ် မှု ပြိုကွဲ မှာ တော့ အသေ အချာ ပဲ။ အကြီး အကျယ် နှစ်ခြမ်း ကွဲမယ်” ဟု ၄င်း က ဆိုပါသည်။

“ဒီ အစည်း အဝေး မှာ ဒီ ကိစ္စ ကို အပြတ် ရှင်းမယ် တော့ မထင် ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဥက္ကဌ ဖြစ်တဲ့ ဒေါ်စုရဲ့ သဘောထား ကို လွန်ဆန် နိုင် တဲ့သူ တစ် ယောက် မှ မရှိ ဘူး။ ဒေါ်စု ပြီးရင် NLD ပြီး တယ်။ အာဏာရှင် သဘော မျိုး တော့ မပြော ချင် ဘူး။ ဒါပေမယ့် ဒီ အတိုင်း ဖြစ် နေ တာပဲ။ ၂၀၁၀ တုန်း က ဒေါ်စု က မ၀င် ဘူး ဆိုတော့ ၀င်မယ့် ဒေါက်တာ သန်းငြိမ်း တို့၊ ဦး ခင်မောင် ဆွေ တို့၊ ဦးသိန်းညွန့် တို့ ကွဲထွက် သွား တယ်။ ကျန်တဲ့ သူ အကုန် လုံး က NDF ကို သစ္စာ ဖောက် တံဆိပ် ကပ် လိုက်တယ်။ NDF ၂၀၁၀ ရွေးကောက် ပွဲ မှာ နေရာ သိပ် မရတာ NLD ကြောင့် လည်း ပါတယ်။ အခု ပါတီ CEC ထဲ မှာ ဒေါ်စု ကို ပြန်ပြီး ထောက်ပြ နိုင်တာ၊ ထောက်ပြ ရဲတာ ဘယ်သူ ရှိ လို့လဲ။ အရင် တုန်း က ဦးဝင်းတင် က ထောက်တယ်။ ထောက်တော့ သူ သေကာ နီးတောင် ဒေါ်စု က သွား ကြည့်တာ မဟုတ် ဘူး။ နောက်မှ သူများ တွေ တိုက်တွန်း မှ၊ အားလုံး က ၀ိုင်းပြော မှ သွားတာ။ ဒေါ်စု ကို အတိုက် အခံ လုပ်ရင် ခင်ဗျား NLD ပါတီ ထဲမှာ ဘယ်လို မှ နေလို့ မရ ဘူး။ နောက်ဆုံး တော့ သူရ ဦးရွှေမန်း ကို ၂၀၁၅ သမ္မတ လောင်း ကိစ္စ ကလည်း ဒေါ်စု သဘော အတိုင်း ဖြစ်လာ မှာ ပဲ။ မကျေ နပ် ရင် NLD မှာ မနေ နဲ့ လေ နေပြည်တော် အုပ်စု က ပြော လိုက် လိမ့်မယ်” ဟု NLD ပါတီဝင် ဟောင်း တစ်ဦး က ပြော သည်။

NLD ပါတီ အတွင်း ဒေါ်စု ယုံကြည် အားထား ရသည့် နေပြည်တော် အုပ်စု နှင့် ဒေါ်အောင်ဆန်း စုကြည် ၏ အမြင် တွင် သဘော ထား တင်းမာ သူ များ ဟု သတ် မှတ် ထားဖွယ် ရာ ရှိသည့် ရန်ကုန် အုပ်စု ဟူ၍ (၂) ပိုင်း ကွဲနေသည့် သတင်း များ ထွက်ပေါ် လျက် ရှိ ရာ NLD ပါတီ ဗဟို ကော်မတီ အစည်း အဝေး သည် အဆို ပါ အုပ်စု (၂) စု အကြား ပြင်းထန် သော အားပြိုင်မှု တစ်ရပ် ဖြစ်လာ နိုင်ကြောင်း၊ နေပြည်တော် အုပ်စု မှာ သူမ နှင့် အနီးကပ် ရှိနေ သူများ ဖြစ်၍ နေပြည်တော် အုပ်စု က အသာစီး ရရှိ သွားဖွယ် ရာ ရှိကြောင်း သတင်း ရရှိ သည်။


From:__ ပြည်သူ့ အာဏာ

www.mmdailystar.com

အလှမယ် မေမြတ်နိုးကို တောင်ကိုရီးယားနိုင်ငံဘက်မှအနိုင်ပေးလိုက်ပြီ



ရန်ကုန်၊ ဒီဇင်ဘာ ၎

သရဖူအသိမ်း ခံရသောကိစ္စနှင့် ပတ်သက်ပြီး မေ မြတ်နိုးကို တောင်ကိုရီးယားနိုင်ငံမှ အနိုင်ပေးလိုက်ပြီဖြစ်ကြောင်း မေ မြတ်နိုး၏ေ ပြောကြားချက်အရ သိရ သည်။

''အခုတော့ မြတ်နိုးနိုင်သွားပါ ပြီ။ မြတ်နိုးဘက်က သတင်းစာရှင်း လင်းပွဲမှာ အမှန်တရားတွေပဲပြောခဲ့ တယ်ဆိုတာကိုလဲJ (Miss Asia Pac- ific World Super Talent Organi- zation rS CEO ) Choi Young Chul က ဝန်ခံလိုက်ပြီ။ ကိုရီးယား နိုင်ငံမှာလဲ အဲဒီသတင်းက တော် တော်ကို ဟော့ဖြစ်နေပါတယ်''ဟု မေမြတ်နိုးက ဆိုသည်။

မစ္စတာ Choi Young Chul မှာ သရဖူကိစ္စအပါအဝင် တခြားကိစ္စ ရပ်များနှင့်ပတ်သက်ပြီး မေမြတ်နိုး ကို တရားစွဲဆိုရန် ပြင်ဆင်နေသူဖြစ် ပြီး လက်ရှိတွင် ယင်းကိစ္စများနှင့် Organization တွင် ငွေကြေးအလွဲ သုံးစားပြုလုပ်မှုများကြောင့်လည်း တောင်ကိုရီးယားနိုင်ငံရှိFact-Finding Mission မှ စစ်ဆေးမေး မြန်းမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

''သူ့ကို ဘယ်နေ့ကစပြီးတော့ ခေါ်စစ်ဆေးတယ်ဆိုတာကိုတော့ မြတ်နိုး မသိပါဘူး။ မြတ်နိုးက ဒီဇင် ဘာ ၃ရက်နေ့ကမှ သိရတာပါ''ဟု မေမြတ်နိုးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် Miss Asia Pacific World 2014 အလှမယ်ပြိုင်ပွဲမှ Winner ဆုရှင် အလှမယ်မေမြတ် နိုးကို တောင်ကိုရီးယားနိုင်ငံ Miss Asia Pacific World Super Talent Organization မှ သြဂုတ် ၂၇ရက် တွင် သရဖူပြန်လည်သိမ်းခဲ့ခြင်းဖြစ် သည်။

သရဖူ ပြန်သိမ်းခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး မေမြတ်နိုးသည် စက် တင်ဘာ ၂ရက်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါသတင်း စာရှင်းလင်းပွဲတွင် မေမြတ်နိုးအားMiss Asia Pacific World Super Talent Organization မှ ဂုဏ်သိက္ခာ ကျဆင်းစေသည့်စကားများ ပြောဆို ခြင်း၊ အသက်မပြည့်သေးသည့် မိန်း ကလေးတစ်ယောက်အား စော်ကား ခြင်း၊ Miss Asia Pacific World သရဖူကို ခိုးယူထွက်ပြေးသည်ဟု စွပ်စွဲခြင်း၊ ဒေါ်လာ ၁၈ဝဝကုန်ကျခံ ပြီး ရင်သားခွဲစိတ်ပြုပြင်ထားသည်ဟု ပြောဆိုထားခြင်း အစရှိသည့် စွပ်စွဲ ချက်များအား အကျယ်တဝင့် ရှင်း လင်းပြောပြခဲ့ပြီး အဆိုပါပြောဆို ချက်များမှာလည်း မှန်ကန်သည်ဟု Choi Young Chul မှ တာဝန်ရှိသူ များစစ်ဆေးရာတွင် ဝန်ခံခဲ့ကြောင်း မေမြတ်နိုးက ပြောပြခဲ့သည်။

CEO Choi Young Chul သည် News Networks Korea ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အလှ မယ်ဆုရရှိသူများအတွက် စပွန်ဆာ ရရှိစေရေး၊ စီးပွားရေး၊ လုပ်ငန်းတချို့ နှင့် နိုင်ငံတကာမှ စပွန်ဆာများကို ခေါ်ယူခဲ့ခြင်းကြောင့် CEO Choi Young Chul ၏ News Networks Korea လုပ်ငန်းအား Fact-Finding Mission မှ ပိတ်ပင်ခဲ့သော်လည်း Choi Young Chul သည် ဝန်ထမ်း မရှိ၊ ရုံးခန်းမရှိဘဲ နိုင်ငံတကာမှ အ လှမယ်များအား လိမ်ညာပြီး စာချုပ် ချုပ်ဆိုရန်အတွက် အင်တာနက် က ဖေးများ၊ မိုတယ်များတွင် ပြောင်းရွှေ့ ၍ လုပ်ငန်းများအား ဆက်လက်လုပ် ကိုင်နေသူ ဖြစ်ကြောင်းကိုလည်း Miss Asia Pacific Super Talent of the World မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာထားသည်။

Choi Young Chul ၏ ငွေ အလွဲသုံးစားလုပ်ခြင်းများ၊ Miss Myanmar ၏ သရဖူကိစ္စနှင့် လိင် ပိုင်းဆိုင်ရာ ဖျော်ဖြေစေခိုင်းခြင်းတို့ ကြောင့် Supertalent of the World ၏ Organization Committee ၏ ဥက္ကဋ္ဌမှ News Networks Korea ၏ CEO Choi Young Chul အား ထိခိုက်နစ်နာသူများ၏ကိုယ်စား တ ရားစွဲဆိုမည်ဖြစ်ကြောင်းလည်း အ ဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေမြတ်နိုးကို တာဝန်ယူပို့ဆောင်ပေး ခဲ့သည့်ြMiss Global Myanmar Organization မှ National Director မလှနုထွန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ် ထားခြင်းကြောင့် မေးမြန်းခွင့် မရရှိ ခဲ့ပါ။

From:__ NN

www.mmdailystar.com

ပြစ်ဒဏ်ချမှတ်ခံရသော ဗိုလ်မှူး ကျော်စွာဝင်း ၏ ဖြစ်စဉ် အကျဉ်း ( ၁ )


------------------
တာဝန်ထမ်းဆောင်ခဲ့သည်က ရခိုင်ပြည်နယ် တစ်နေရာရှိ အင်ဂျင်နီယာတပ်တစ်ခုပြစ်မှုဖြစ်စဉ်များ
၁။ တပ်သားအဆင့် တစ်ဦး ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်မှ အစပြုသည်။
(က) ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို (၂၁) ရက်အတွင်း အထက်သို့တင်ပြရမည်ဖြစ်သော်လည်း မည်သို့မှ တင်ပြခြင်းမရှိဘဲ (၆) လ ကျော်သည့်တိုင် အဆိုပါ စစ်သည်၏ လစာ စရိတ်များကို ယင်းကိုယ်တိုင် ထုတ်ယူသုံးစွဲသည်
(ခ) ခွင့်မဲ့စစ်သည်ကိစ္စကို အရာခံဗိုလ်မှ သတင်းပို့သည့်အခါ ယင်း အရာခံဗိုလ်ကို ဆူပူကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက်ပြုကျင့်သည်
(ဂ) ခွင့်မဲ့ စစ်သည် ပြန်လာသောအခါတွင် မသိသလို ကျိုးကျွံပြုပြီး ဆက်လက်တာဝန်ထမ်းစေသည်
(ဃ) အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့် စစ်သည်က အရာခံဗိုလ်အား လက်သီးလက်မောင်းတန်း ကြိမ်းဝါးသည်ကို လစ်လျူရှုသည်။
ဤသည်တို့မှာပင် ပြစ်မှုထိုက်နေပြီဖြစ်လေသည်။
၂။ ပိုမိုကြီးလေးသော ပြစ်မှုများ
(က) အဆိုပါ စစ်သည် ပြန်လာပြီးနောက် တာဝန်ဆက်လက်ထမ်းဆောင်စဉ်ညအချိန် ရာခံဗိုလ်ရုံးခန်းအတွင်းဝင်ကာ ရိုက်နှက်ပြီး ဓာတ်ဆီလောင်း မီးရှို့သည်။
(ခ) အရာခံဗိုလ်သေဆုံးခဲ့ရသည်။
(ဂ) အရာခံဗိုလ်သေဆုံးရသည့်ဖြစ်စဉ်ကို သာမန် မီးလောင်မှုအဖြစ် အထက်ဌာနများသို့ လိမ်လည်တင်ပြသည်။
(ဃ) ယင်း ခွင့်မဲ့ပျက်ကွက်ဖြစ်သည့် စစ်သည် နောက်တစ်ကြိမ် ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်။
(င)ဤ ဖြစ်စဉ်ကိုလည်း အထက်ဌာနများသို့ အချိန်နှင့်တပြေးညီတင်ပြခဲ့ခြင်းမရှိပေ။
(စ)အရာခံဗိုလ်၏ သားဖြစ်သူမှ သည်းမခံနိုင်တော့ဘဲ တိုင်ကြားသည်။
(ဆ) ဤသည်တွင် အထက်ဌာနများမှ ဖြစ်စဉ်ကို သိပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးရန် ပြင်ဦးလွင်တပ်နယ်ရှိ တပ်/ဌာနချုပ် တစ်ခုတွင် တွဲဖက်ပြီးစစ်ဆေးစေတော့သည်။

ပုဒ်မ (၄၃၆) ဖျက်သိမ်းရန်ထောက်ခံကြောင်းလက်မှတ်ရေးထိုးသည့်အချိန်ကာလ နှင့် နေရာယင်းအား
ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးနေစဉ်ကာလ တွဲဖက်ထားသည့် ပြင်ဦးလွင်တပ်နယ်တွင်ဖြစ်သည်။
ထို့ကြောင့်
>>>အရာခံဗိုလ်တစ်ဦးအကြောင်းမဲ့ အသတ်ခံရခြင်းအမှုကို ထိန်ချန်သောကျော်စွာဝင်းသည် ယင်း၏ ပြစ်မှုများအတွက် အရေးယူခံရတော့မည်သေချာနေသည့်အချိန် ယူနီဖောင်းအပြည့်အစုံဝတ်၍ လက်မှတ်သွားထိုးလေသည်။
>>>အခြားတစ်ဘက် ပင်းသယောင် ဟန်ဆောင်သည်။

ဖြစ်စဉ်အစအဆုံးကို ကိုယ်တိုင် သုံးသပ်ကြည့်ကြပါခင်ဗျာ
ကျော်စွာဝင်းသည် အတော်ပင် ကောက်ကျစ်စွာ ပြုမူသွားသည်၊ ယင်းကိုယ်တိုင် အရေးယူခံရတော့မည် သိသည့်အချိန်ကာလတွင်မှ အခြားတစ်ဘက် ကူးသယောင်ထောက်ခံသယောင်လုပ်သွားသည် ကို ရှင်းရှင်းပြောရလျှင် အရေ၀င်ခြုံခြင်းဖြစ်လေသည်။
ဤသည်ကို မသိနားမလည်သူများက ၀ိုင်းအားပေးချင်အောင် ပုလင်းတူဗူးဆို့များက မြှောက်ပင့်ရေးသားပြီး သူကောင်းပြုနေကြလေသည်။
ထိန်ချန်ထားသည့်ဖြစ်စဉ်မှ ကွယ်လွန်သွားရှာသူ အရာခံဗိုလ်၏ မိသားစုနေရာမှ ၀င်ခံစားပါ။
အရေခြုံပူးသတ်ခံရသည့် ဘက်မှလည်း သေချာတွေးပြီး ကျော်စွာဝင်း ဘယ်လိုလည်း ဆိုသည်ကို စဉ်းစားကြည့်ကြပါကုန်လော့ခင်ဗျာ
သူ့လူကိုယ့်ဘက်သား/ ကိုယ့်လူ သူ့ဘက်သား ခွဲခြားနိုင်ကြပါစေကုန်သတည်း
အမြီးမသိခေါင်းမသိ ဘူမသိကိုးမသိ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူများ အဖြစ်မှ ကင်းလွတ်ကြပါစေသတည်း။

(ကျော်စွာဝင်းမိသားစုအတွက် အားနားစွာတောင်းပန်အပ်ပါသည်)


From:__ ကျော်လင်းညိမ်း

www.mmdailystar.com

သမ္မတကြီးအတွက် အမြဲမီးစိမ်းလျက်ပါ

လတ်တလော မြန်မာနိုင်ငံကို နော်ဝေဘုရင်လာရောက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရှိန်မြှင့်ဖို့တိုက်တွန်းတာမှ ရက်ပိုင်းပင်မရှိသေးပါ။ အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဆွေးနွေးဖို့ပင်မစရသေးပါ။ ကေအိုင်အေဦးစီးတဲ့ လူတတ်ကြီးတစ်ဖွဲ့က ရွှေဥာဏ်တော်စူးရှပြီးကြေညာချက်အသစ်တစ်ခုထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံကို
တောင်ပိုင်းနှင့် မြောက်ပိုင်း ခွဲပြီးစစ်ဇုန်ဒေသသတ်မှတ်လိုက်တယ်ဆိုတာပါပဲ။ မြောက်ပိုင်းကကေအိုင်အေ က ဂွမ်မော် ဦးစီးချုပ်၊ တောင်ပိုင်း က ကေအင်န်ယူကဘောကျော်ဟဲ က ဦးစီးချုပ်ဆိုပြီး
မြန်မာပြည်နှစ်ပိုင်းခွဲဖို့အတွက် မဟာစီမံချက် စတင်လာပါပြီ။

အစိုးရနဲ့တပ်မတော်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဘက်ကတစ်သွယ်၊ စစ်ရေးနည်းဖြင့်တစ်ဖုံအမျိုးမျိုးအလျော့ပေးဆက်ဆံခြင်းကြောင့် ရရှိလာတဲ့ယုံကြည်မှုကတော့ အားရစရာပါ။ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ထက် ခွဲထွက်ဖို့ အချိန်ပေးသလိုတောင်ရှိတဲ့သဘောပေါ်လွင်လာပါပြီ။ တပ်ဘက်ကလည်း ခံစစ်အနေအထားဖြင့် နေ့စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ နောက်ကျော ဓားနဲ့ထိုးခံပြီးကျဆုံး၊ သေဆုံးခဲ့တဲ့ ရဲဘော်တွေလည်းမနည်းလှတော့ပါ။ ဒီလိုလုပ်ရတာတောင် အားမရနိုင်သေးပဲ သူပုန်များစုရုံးပြီး ပြည်ဖျက်ဖို့ထပ်ကြံတော့ ဘယ်သူအလွန်လဲဆိုတာပေါ်လွင်နေပါပြီ။

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမစမီ၊ ဖက်ဒရယ်ပြည်ထောင်စုကိစ္စမဆွေးနွေးသေးမီဘာကြောင့် စစ်ဒေသတွေဖွဲ့ စစ်ရေးတပြင်ပြင်လုပ်ပြရပါသလဲ။ မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက် ရရင်ရ၊ မရရင်ချမယ်ဆိုတဲ့ သဘောတော့သက်ရောက်နေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်
ကလည်းကေအင်န်ယူအဖွဲ့နှင့် တွေ့ဆုံစဉ် ဖက်ဒရယ်တပ်မတော်ကို လက်သင့်မခံကြောင်း အတိအလင်းပြောထားပြီးလည်း ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရယူဖို့ရာအစိုးရ၊ တပ်မတော်နှင့် ပြည်တွင်းလက်နက်ကိုင်များ တွေ့ဆုံဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်ပါ။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှလည်းဝင်လုပ်ပေးလို့ရတဲ့ အရာမဟုတ်ပါ။ ထိုသို့သော အခြေအနေမှာ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုဖြင့် တည်ဆောက်ခြင်းထက် တိုင်းရင်းသားများဘက်က ဓားသွေးဖို့ကြိုးစားနေရင်တော့ လက်ဦးမှုယူရတော့မယ့် အခြေအနေဆိုက်ရောက်လာပါပြီ။

တိုင်းရင်းသားအဖွဲ့တွေတောင်းဆိုနေတဲ့ ဖက်ဒရယ်ဆိုတာလည်း အုပ်ချုပ်ရေးအာဏာနှင့် ဘဏ္ဍာရေး အာဏာအကန့်အသတ်ဖြင့် ခွဲဝေဆောင်ရွက်ခွင့်လို့ထင်ထားပေမယ့် လက်နက်ကိုပါမစွန့်လွှတ်ဘဲ ခါးပိုက်ဆောင် တပ်ဖွဲ့ပမာလုပ်ချင်ပြန်တော့ အစိုးရနဲ့ တပ်မတော်သာ အမုန်းခံဝင်မလုပ်ပေးရင် တိုင်းပြည်ပြိုကွဲရမယ့် အခြေအနေ ဖြစ်ပေါ်လာတော့မယ့်အနေအထား ဖြစ်လာပါပြီ။ မိမိနှင့် အမြင်မကြည်သူ၊ မိမိအပေါ် ရန်လိုဖို့ အမြဲကြိုးစားနေသူကို ဖျောင်းဖျပါတယ်။ မရရင်တော့ ထိပ်တိုက်မတွေ့အောင် ကြိုတင်လက်ဦးမှု ယူထိန်းသိမ်းရမှာဖြစ်ပါတယ်။ အခုအခြေအနေကို ဆက်ခွင့်လွှတ်နေရင်လည်း အနာဂတ်ကာလ မိမိတို့၏ မျိုးဆက်သစ်သားမြေးမြစ်
များလက်ထက် မြန်မာပြည်ဆိုတဲ့ပုံရိပ် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားဖို့ အချိန်ပေးပြီးတစ်ဘက်ကို ကြိုးစားခိုင်းမှာလား။ ကြိုတင်ကာကွယ်ခြင်းဖြင့် ပြည်ထောင်စုကြီး ရေရှည် တည်တံ့အောင် ထိန်းသိမ်းသွားမှာလားဆိုတဲ့ ပုစ္ဆာကိုဖြေရှင်းဖို့အချိန်ကျရောက်နေပါပြီ။ ဒီပုစ္ဆာကိုအသာတကြည် အလျော့ပေးမိရင်တော့ နောက်နှစ် ၁၀၀ တိုင်အောင် ကမ္ဘာမှာမြန်မာဟေ့လို့ ပြည်တွင်းစစ် အကြာဆုံး ဂုဏ်ကိုယူမလား၊ နှစ်အနည်းငယ်ဖြင့် ငြိမ်းချမ်းရေးကိုမလိုလားတဲ့ အာကျယ်နေတဲ့သူတွေကို ကြိုတင် ကာကွယ်ခြင်းသည် ထိရောက်သောကုသမှုဖြစ်သည်ဆိုတဲ့အတိုင်း လက်ဦးမှုယူပြီး နှိမ်နင်းမလားဆိုတာကို သမ္မတကြီးအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုပြီ ပြည်သူတွေဘက်ကတော့ အမြဲမီးစိမ်း ပြလျက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

From:__ ရဲကျော်သူ(ကျောက်ဆည်)

www.mmdailystar.com

တစ်လင်တစ်မယားစနစ်နှင့် ပြည်သူ့အသံ

မျိုးစောင့်ဥပဒေကြမ်းများကို ယခုရက်ပိုင်းအတွင်း အများပြည်သူသို့ ချပြခဲ့သည်။ ဒီဇင်ဘာ ၃ရက်က ချပြခဲ့သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ မြို့ပြနေ လူထုအကြား ကြိုဆို၊ ကန့်ကွက်၊ ဝေဖန်သံများ ညံသွားခဲ့သည်။
တရားဝင်အိမ်ထောင်ရှိလျက်နှင့် ထပ်မံလက်ထပ်ပါက ထိုသူကို ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ယင်းဥပဒေကြမ်းကဆိုသည်။ ယင်းဥပဒေကြမ်းအပေါ် အမျိုးသမီး၊ အမျိုးသား၊ ဥပဒေပညာရှင်တို့၏ ထင်မြင်ယူဆချက်များကို ယနေ့ ပြည်သူ့အသံကဏ္ဍတွင် စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာဘုန်းမြင့်ဝင်း
(ဌာနေကိုယ်စားလှယ်) (Burnet Institute)
တစ်လင်တစ်မယားစနစ်ပဲဖြစ်ဖြစ်၊ မယားပြိုင်ယူနိုင်တဲ့စနစ်ပဲဖြစ် ဖြစ် အရေးကြီးတာအပြုအမူပါပဲ။ စနစ်တစ်ခုကြောင့် ထိခိုက်မှုတွေရှိ တာမဟုတ်ဘဲ အပြုအမူကြောင့် ထိခိုက်မှုတွေရှိတာပါ။ ဥပဒေက လူ တွေကိုထိန်းကွပ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အပြုအမူက မျှတမှုတွေ ထိန်းကွပ်ဖို့အရေးကြီးတာပါ။ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တစ်လင်တစ်မယားစနစ်ရှိမှ HIV တို့၊ AIDS တို့ မကူးစက်နိုင်မှာမဟုတ်ဘူး လေ။ ဒီဥပဒေမှာ အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ် ခုကို တည်ဆောက်တဲ့နေရာမှာ မေတ္တာနဲ့ သစ္စာတရားပြည့်ဝမှသာ အိမ် ထောင်အရည်အသွေးပြည့်ဝမှာပါ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရ ရင် လိင်ဆက်ဆံတဲ့ လင်ခန်း၊ မယားခန်းကိစ္စတွေမှာပါ သစ္စာနဲ့ မေတ္တာ ပြည့်ဝမှသာ အိမ်ထောင်အရည်အသွေးပြည့်မှာပါ။ ဒီလိုသစ္စာနဲ့ မေတ္တာ မပါတဲ့ အိမ်ထောင်ရေးတွေအတွက်တော့ ဒီဥပဒေလိုပါတယ်။

ဦးဝင်းဆွေဦး
(တရားလွှတ်တော်ရှေ့နေ)
ဥပဒေတစ်ခုပြဋ္ဌာန်းတယ်ဆိုတာ နောက်ဆက်တွဲအကျိုးဆက်ကို ကြည့်ရတယ်။ ဒီဥပဒေ(တစ်လင်တစ်မယား)က အမှတ်တမဲ့ဆိုရင် ကောင်းတယ်ထင်ရတယ်။ တရားဝင်လက်ထပ်ချင်ရင် ပထမလူကိုကွာ ရမယ်။ ပြီးမှ လက်ထပ်ပေါ့။ အဲဒီလိုမဟုတ်ရင် ပြစ်မှုကျူးလွန်ရာရောက် မယ်။ ဒီတော့ နောက်ပိုင်းမှာ ဥပဒေကိုရှောင်တိမ်းတဲ့ ပြစ်မှုကျူးလွန်သူ တွေပေါ်လာလိမ့်မယ်။ ကျွန်တော်တို့ဥပဒေသဘောအရ ဥပဒေတစ်ခု ဟာ ရှိပြီးသားဥပဒေတွေနဲ့ မဆန့်ကျင်ဘဲ ချိန်ထိုးစဉ်းစားရမယ်လို့ နား လည်သဘောပေါက်ထားတယ်။ ဒါပေမဲ့ ဒီဥပဒေက အကျိုးထက် အဆိုး က ပိုများနိုင်တယ်။ ပထမလူကိုမကွာဘဲ နောက်တစ်အိမ်ထောင်ထူ မယ်ဆိုရင် အဲဒီလူကို ဘယ်သူက တရားလိုလုပ်ပြီး တရားစွဲမှာလဲ။ ရဲအရေး ပိုင်လား၊ ပထမအိမ်ထောင်က တရားလိုလုပ်မှာလား။ တကယ် တမ်း ဒီလိုဥပဒေကိုပြဋ္ဌာန်းတာထက် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာမှာ အမျိုးသမီးတွေကို ဖိနှိပ်ရာရောက်တဲ့အချက်တွေကိုပြင်ရမှာ။ ဥပမာ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာဥပဒေမှာ မိန်းမတစ်ယောက်က ယောက်ျား ကိုကွာချင်ရင် သုံးနှစ်တိတိစောင့်ပြီး ဒီယောက်ျားနဲ့ပတ်သက်မှုမရှိကြောင်းသက်သေပြမှကွာလို့ရတယ်။ ယောက်ျားကျတော့ ခြောက်လအထိ ဒီမိန်းမက မယားဝတ္တရားမကျေပွန်ဘူး။ သူ့အနားမှာမနေဘူးဆိုတဲ့ အကြောင်းသက်သေပြပြီးရင် ကွာလို့ရတယ်။ ဒါမမျှတဘူး။ ဒါတွေကို ခေတ်နဲ့အညီပြင်ကိုပြင်ရမှာ။ ဒီတစ်လင်တစ်မယားစနစ်ကိုတော့ ဒီလောက်ပဲပြောချင်တယ်။

ကိုထက်ပိုင်လင်း
(မြောက်ဥက္ကလာပ)
လောလောဆယ်မှာတော့ ဥပဒေကြမ်းပဲထွက်ရှိသေးတဲ့အတွက် ပြင်စရာ၊ ဆင်စရာတွေရှိဦးမှာပဲ။ ထပ်ဖြည့်စရာတွေလည်း ကျန်ဦးမှာ ပါ။ ပြီးတော့ နည်းဥပဒေလည်းထွက်ဖို့ကျန်သေးတဲ့အတွက် ဥပဒေမူ ကြမ်းအချောကိုကြည့်ပြီးမှပဲ လက်ခံတယ်၊ လက်မခံဘူးဆုံးဖြတ်သင့်ပါ တယ်။ ထောင်ဒဏ်ခုနစ်နှစ်အထိကျနိုင်တယ်ဆိုတဲ့အပေါ်မှာတော့ သိပ် မကြိုက်ဘူးဗျ။ ဒါပေမဲ့ ဒီနိုင်ငံမှာ မယားအများကြီးယူတဲ့လူက ရှားပါ တယ်ဗျာ။ ဘယ်မြန်မာမှ ပေါ်ပေါ်တင်တင်နှစ်ယောက်ယူတာမှမဟုတ် တာ။ ဒီတော့ မြန်မာမဟုတ်တဲ့ တခြားဘာသာတွေအတွက် ဒီနိုင်ငံမှာ နေရင် ဒီဥပဒေကို လိုက်နာရမယ်လို့ ပြဋ္ဌာန်းလိုက်တာပဲဖြစ်မယ်။

ခိုင်မြဲသာ
(တေးရေးဆရာ)
ဒီလိုမျိုးဥပဒေထုတ်မှ ပြုပြင်ရတာမျိုးမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးမှုအရ လင်ပြိုင်၊ မယား ပြိုင်ဆိုတာတော့ လက်မခံပါဘူး။ အခုလို ဥပဒေထုတ်တာကိုလက်ခံပါ တယ်။ ဒါပေမဲ့ လူနှစ်ယောက် ပေါင်းဖက်တာကို စာချုပ်စာတမ်းတွေနဲ့၊ ဥပဒေတွေနဲ့တော့ မဖြစ်စေချင်တာပါ။ ကျွန်တော်ကတော့ အနုပညာကိုချစ်တဲ့လူဆိုတော့ ချစ်ခြင်းတရားကို တန်ဖိုးထားတယ်။ နှလုံးသား ချင်းထပ်တူညီလို့ပေါင်းစပ်မယ့်ဘဝကို ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့တော့ မဖြစ်စေချင်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ဥပဒေမထွက် လည်း သိနေရမယ်လို့ထင်ပါတယ်။

ကိုကျော်ဇင်
(ဓာတ်ပုံဆရာ)
မယားပြိုင်လင်ပြိုင်ယူရင် ထောင်ဒဏ်ခုနစ်နှစ်ဆိုတဲ့ ဥပဒေက ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေမှာ တရားဝင်နှစ်ယောက်ယူ တာမရှိသလောက်ရှားတယ်။ မယားငယ်ယူတယ်ဆိုတာကလည်း မယားကြီးမသိအောင်ခိုးယူထားတာဆိုတော့ ဘယ်လိုလုပ်လိုက်ဖမ်းမလဲ။ တရားဝင်နှစ်ယောက်၊ သုံးယောက် တစ်ပြိုင်တည်းယူထားတယ်ဆိုရင် တော့ ထောင်ခုနစ်နှစ်ချသင့်တယ်။ တရားမဝင်ယူထားတာကို သွားဖမ်း တဲ့အခါကျမှ မဟုတ်ဘူးလို့ငြင်းလို့ရတယ်လေ။ နောက်တစ်ခုက စပွန် ဆာနဲ့ မွေးစားအဖေလုပ်ထားတာတွေလည်း အများကြီးရှိတယ်လေ။ လက်တွေ့မှာတော့ တရားဝင်မယားငယ်ထားတယ်ဆိုတာ အဆင့် အတန်းနိမ့်ပြီး အများအမြင်မှာ ကဲ့ရဲ့ခံကြရတာများတယ်။

ကိုသန့်ဇင်ဝင်း
(ကုမ္ပဏီဝန်ထမ်း)
တစ်လင်တစ်မယားစနစ်ဆိုတာ ဘာသာရေးအရရော၊ လူမှုရေး ဓလေ့ထုံးတမ်းစဉ်လာအရရောကောင်းတယ်။ ဒီဥပဒေကို သဘောကျ တယ်။ မိန်းကလေးတွေအတွက်လည်း တကယ်ကိုကောင်းတယ်။ တစ် လင်တစ်မယားပဲဆိုရင် လူမှုရေးအရှုပ်အထွေးမရှိတော့ဘူး။ အိမ်ထောင် သည်မဟုတ်ဘဲ သမီးရည်းစားတွေမှာတောင် နောက်တစ်ယောက်ပေါ် လာပြီဆိုရင် ပြဿနာရှိပြီလေ။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုးဆိုတာ မလုပ်ခင်ကတည်းက သေချာလေ့လာစဉ်းစားဆုံးဖြတ် ကြရတဲ့အရာတွေပါ။

ဇွဲရန်နိုင်
(ပန်းချီဆရာ)
တစ်လင်တစ်မယားစနစ်က မြန်မာ့ယဉ်ကျေးမှုနဲ့လည်းကိုက်ညီ တယ်။ အိမ်ထောင်ရှိအမျိုးသမီးတွေအတွက်လည်းကောင်းတယ်။ အား နည်းချက်အနေနဲ့ပြောရရင် ဒီဥပဒေသာတကယ်ပေါ်လာခဲ့ရင် အငယ် အနှောင်းထားတဲ့သူတွေလျော့သွားမလား၊ ပိုများလာမလားစိုးရိမ်စရာ ပါ။ လက်မထပ်ဘဲ အတူနေတဲ့သူတွေပိုများလာနိုင်တယ်။ မြန်မာ့ထုံးတမ်း စဉ်လာမှာတော့ တရားဝင်နှစ်ယောက်ယူတာရှားတယ်။ လက်ထပ်ပြီး သားယောက်ျားတစ်ယောက်က နောက်တစ်ယောက်ထပ်ယူဖို့ဆိုတာ တရားဝင်မဖြစ်နိုင်ဘူး။

ကိုလှမျိုးအောင်
(ကုမ္ပဏီဝန်ထမ်း)
ဒီဥပဒေပေါ်လာတာကြိုက်ပါတယ်။ ပြီးတော့လည်း တစ်လင်တစ် မယားစနစ်ဆိုတာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့လည်း ကိုက်ညီမှုရှိ တယ်လေ။ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်မယ်ဆိုရင် တော်တော်တန်တန် အပျော်ရှာချင်တဲ့၊ ဖောက်ပြန်ချင်တဲ့သူတွေ အထူးသဖြင့် ယောက်ျားတွေ အတွက်တော့ အထိန်းအကွပ်လေးဖြစ်သွားတာပေါ့။ ကိုယ့်ရဲ့မိသားစု အပေါ် ပိုပြီးတော့ခင်တွယ်စိတ်လေးတွေပေါ်လာနိုင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေအတွက်လည်း ကိုယ့်ရဲ့ခင်ပွန်းအပေါ် ပိုပြီးယုံကြည်စိတ် ချလာနိုင်ပါတယ်။

ဦးခင်မောင်သန်း
(ဆိုင်းတန်း) (တရားလွှတ်တော်ရှေ့နေ၊ မန္တလေးမြို့)
လူ့အခွင့်အရေးဆိုင်ရာအပိုင်းနဲ့ကျတော့မညီဘူး။ မြန်မာ့ဓလေ့ထုံး တမ်းအရဆိုလည်း မကိုက်ညီဘူး။ ရှေးဘုရင်တွေလက်ထက်ကတည်း က မယားပြိုင်ဆိုတာတွေရှိတယ်။ သူတို့ရဲ့အခွင့်အရေးတွေလည်းရှိ တယ်။ အခုထိလည်း ဥပဒေတွေမှာ ကျင့်သုံးဆဲပဲ။ အဲဒါကြောင့် အခု ထွက်လာတဲ့ဥပဒေက မြန်မာ့ထုံးတမ်းဥပဒေတွေကို တားဆီးပိတ်ပင်ရာ၊ မျက်ကွယ်ပြုရာရောက်နေတာကြောင့် သဘောမကျဘူး။ ဒီဥပဒေတွေ ကြောင့် အင်္ဂလိပ်လိုပြောရရင် living together တွေ၊ အမြှောင်တွေပို များလာနိုင်တယ်။ ဥပဒေတွေမှာတော့ အကောင်းအဆိုးအမြဲပဲဒွန်တွဲရှိ နေပေမယ့် ဒီဥပဒေမှာကျတော့ အကောင်းထက် အဆိုးကပိုများနေ တယ်။ မိန်းမတစ်ယောက်က အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကို သူနဲ့ငြိစွန်းဖူးပါတယ်ဆိုပြီး ငွေညှစ်တာမျိုးတွေတော့ လုပ်လို့မရတော့ဘူးပေါ့။

ဒေါ်သင်းသင်းအောင်
(ကျားမရေးရာအယ်ဒီတာ၊ မဇ္ဈိမမီဒီယာ)
ဒီဥပဒေတွေပေါ်ပေါက်လာတာဟာ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ကနေ တိုက်တွန်းလို့ သမ္မတက ရေးခိုင်းခဲ့တာဖြစ်တယ်။ ဒီလိုဥပဒေတွေရေးမယ်ဆိုပြီး စဖြစ်ကတည်းက မလုပ်သင့်ဘူးလို့ ကျွန်မ တို့ပြောခဲ့တယ်။ ဒါကို ဆက်ပြီးအတည်ပြုမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်။ မတူညီတဲ့ ဘာသာတွေကြား၊ လူ့အသိုင်း အဝိုင်းတွေကြားမှာ ပြဿနာတွေပိုပြီး တိုးပွားလာနိုင်တယ်။ လက်ထပ် တယ်ဆိုတာ လူမှုရေးအရ ထိခိုက်မခံတဲ့ကိစ္စ။ လူတစ်ဦးချင်းလွတ်လပ် ခွင့်နဲ့လည်း သက်ဆိုင်တယ်။ လက်ထပ်ထိမ်းမြားခြင်းနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေက နှစ်ပေါင်းများစွာရှိခဲ့ပြီးသား။ ကျင့်သုံးခဲ့ပြီးသား။ ဒါကို ဘာသာအားလုံးကို လွှမ်းခြုံပြီး တစ်တန်းတည်းထားလို့တော့ မရဘူး။ ဒီ ဥပဒေလေးခုထဲက တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ကတော့ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ အမျိုးသမီးအများစု လည်း ကြိုဆိုကြမယ်ထင်တယ်။ ယောက်ျားတွေကတော့ ကန့်ကွက်လိမ့် မယ်ထင်တယ်။

ကိုကျော်လင်းနိုင်
(Content Editor)
ဒီဥပဒေကိုသိပ်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ မိန်းမတစ်ယောက်  (ဒါမှမဟုတ်) ယောက်ျားတစ်ယောက်က အိမ်ထောင်ပြုထားရက်နဲ့ နောက်ထပ်အိမ်ထောင်ထပ်ပြုတယ်ဆိုတာ အပျော်ရှာချင်ရုံ၊ ဖောက်ပြန်ချင်ရုံ သက်သက်မဟုတ်ဘဲ တခြားအဆင်မပြေတဲ့အကြောင်းတွေအများကြီး ရှိနိုင်ပါတယ်။ ဥပဒေအတည်ပြုဖြစ်သွားရင်တော့ တချို့ကိစ္စတွေမှာ အကျိုးရှိလာနိုင်ပါတယ်။ ဥပမာအပျော်ရှာချင်တဲ့ကိစ္စတွေမှာ အဟန့် အတားလေးတစ်ခုဖြစ်သွားတာပေါ့။ မိန်းကလေးတွေအတွက်တော့ အားတက်စရာသတင်းတစ်ခုပါပဲ။ ဒါပေမဲ့ ဒီလိုမျိုးကိစ္စတွေဆိုတာက တော့ လုံးဝကွယ်ပျောက်သွားမှာမျိုးတော့မဟုတ်ဘူးလေ။ ကိုယ်ကိုယ် တိုင်သေချာစောင့်ထိန်းမှ အဆင်ပြေနိုင်မယ့်ကိစ္စလို့ထင်ပါတယ်။

မခင်မျိုး
(မန္တလေးမြို့ခံ)
ဥပဒေပြဋ္ဌာန်းပြီး တကယ်တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးဖောက် ပြန်တာကိုတော့ ဥပဒေအရ တားနိုင်မယ်မထင်ဘူး။ တစ်ဦးချင်းစီနဲ့ပဲ ဆိုင်ပါတယ်။ မြို့ပေါ်မှာဆိုရင် အခုလည်း တိတ်တိတ်ပုန်းယူထားတာ တွေ၊ လက်မထပ်ဘဲနဲ့ အတူတူနေတာတွေများကြီးပဲလေ။ အိမ်ထောင် ပြုပြီးသား မိန်းမတွေအတွက်တော့ သူ့အမျိုးသား တရားဝင်နောက်အိမ် ထောင်ပြုမှာ သိပ်မစိုးရိမ်ရတော့ဘူးပေါ့။ ဥပဒေပြဋ္ဌာန်းလိုက်လည်း သိပ်ထူးမှာမဟုတ်ပါဘူး။ ဒီအတိုင်းပဲသွားနေကြမှာပါပဲ။

ဦးအောင်ချို
(ကျောက်မျက်ကုန်သည်)
မြန်မာ့ယဉ်ကျေးမှုအရပဲကြည့်ကြည့်၊ လူ့ကျင့်ဝတ်အရပဲကြည့် ကြည့် ကိုယ့်မှာတရားဝင် ဇနီး၊ သားသမီးပေါ့။ အိမ်ထောင်ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုတာတို့၊ အိမ်ထောင်ရေးဖောက်ပြန်တာတို့က တော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဗုဒ္ဓဘာသာအရလည်း ဒါက အလေး ထားရမယ်။ ငါးပါးသီလထဲမှာလည်း ကာမေသုမိစ္ဆာစာရဆိုတာ ပါပြီး သားပဲ။ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လူ့ကျင့်ဝတ်ဖောက်ဖျက်တာတွေ ကိုတော့ ဥပဒေအရ ပြဋ္ဌာန်းအရေးယူသင့်တယ်။ ဥပဒေဆိုတာတော့ ကြိုက်သူ၊ မကြိုက်သူရှိမှာပဲ။ မကောင်းတာလုပ်တဲ့သူကတော့ ဥပဒေကို ကြိုက်မှာမဟုတ်ဘူး။ ဥပဒေနဲ့တားလိုက်တော့ နောက်အိမ်ထောင်ပြုတာ မျိုးတွေ၊ ဘာတွေတော့ တော်တော်လျော့နည်းသွားမယ်ထင်တယ်။ အကယ်၍ တစ်စုံတစ်ဦးက ဒီတစ်လင်တစ်မယားစနစ်ဥပဒေအရ အရေး ယူခံရပြီဆိုရင်လည်း ပြစ်ဒဏ်အကြီးအသေးဆိုတာထက် သူ့ရဲ့စရိုက် သဘာဝ၊ သူ့ရဲ့ကိုယ်ကျင့်တရားကို ဖော်ပြလိုက်သလိုဖြစ်သွားတဲ့အတွက် နောက်လူတွေ သင်ခန်းစာယူစရာဖြစ်တာပေါ့။

ဒေါက်တာညိုညိုသင်း
(ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
တစ်လင်တစ်မယားစနစ်က အကောင်းဆုံးပါပဲ။ မိန်းမလေး ယောက်လောက် တရားဝင်ယူခွင့်ပေးထားတဲ့နိုင်ငံတွေက သက်ဆိုင်ရာ ဘုရင်တွေကတောင် စနစ်ပြောင်းပြီး ဒီလိုတစ်လင်တစ်မယားစနစ်ကျင့် သုံးလာကြပြီ။ ဒီဥပဒေကြောင့် ကွယ်ရာမှာခြေရှုပ်တဲ့ကိစ္စတွေပိုဖြစ်လာ နိုင်တယ်ဆိုတာကတော့ လက်ခံနိုင်ဖို့ခက်တယ်။ ခြေရှုပ်တတ်တဲ့သူက တော့ ဥပဒေရှိရှိ၊ မရှိရှိရှုပ်မှာပဲ။

မသွဲ့ဇင်စိုး
(စတိုးဆိုင်ပိုင်ရှင်)
လူမှုရေးအရ၊ လူမျိုးရေးအရကြည့်ရင်လည်းကောင်းပါတယ်။ ဒီလို တွေရှိလာတော့ ယောက်ျားလေးတွေဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိလာမယ်လို့ထင်တယ်။ အထူးသဖြင့် ကြားထဲကနေ မြေစာပင်ဖြစ်ပြီး စိတ်ဒဏ်ရာရလာမယ့် ကလေးတွေလျော့နည်းလာမယ်။ တိတ်တိတ်ပုန်း ထားကြတယ်ဆိုတာကတော့ ဒီဥပဒေမရှိတုန်းကလည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ တရားဝင်အပြိုင်တော့မရှိတော့ဘူး။ အရင်ကဆို တရားဝင် မယား ပြိုင်ယူလို့ရှိရင်လည်း အရင်ယူခဲ့တဲ့ မိန်းမက အရှက်ရတယ်လေ။ ကလေးတွေရှိရင်လည်း ကလေးတွေစိတ်ထဲမှာ အနာတရရှိတာပေါ့။ ဒီလိုသာ ဥပဒေရှိလာရင် တိတ်တိတ်ပုန်းအဆင့်နဲ့ တက်လာလို့မရတော့ဘူး။


From:__7day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...