Tuesday, 6 October 2015

မလုပ်သင့်ပါ

ဒါကတော့ admin ရဲ့ အမြင်လေးပါ
ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်
မြန်မာနိုင်ငံရဲ့ အကြီးဆုံးအတိုက်ခံ ပါတီရဲ့
တံဆိပ်ကို ၀တ်ပြီး ခုလို ဖြစ်နေတာကြီးတော့
တော်တော်ရုပ်ဆိုးလွန်းပါတယ် ......
စိတ်မကောင်းခြင်းများစွာဖြင့်.................
admin
 mmdailystar.com

www.mmdailystar.com

ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာ ကိုးကွယ်ခဲ့သလဲ



မန်မာနိုင်ငံမှ ပြည်ပထွက်ခွါပြီး သက်တမ်းတလျှောက်နေထိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘာသာ ကိုးကွယ်ခဲ့သလဲ ဆိုတာကို လူထုအနေဖြင့် ပွင့်ပွင့်လင်းလင်း သိရှိရန် အချိန်တန်ပြီ ဖြစ် ကြောင်း အမျိုး ဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး မြန်မာအမျိုးသားလူငယ်များ က ထုတ်ဖော်ကြေညာလိုက်ကြောင်း သတင်းရရှိသည်။
အမျိုးစောင့်ဥပဒေ လေးခုတွင် တစ်ခုအပါအ၀င် ဖြစ်သော ဗုဒဘာသာမိန်းမများထိမ်းမြား လက်ထပ်ခြင်း ဥပဒေအပြင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေတို့ကို ဒေါ်အောင်ဆန်း စုကြည် မည်သည့်အတွက်ကြောင့် ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်နေရပါသလဲ ဆိုတဲ့အဖြေကို ရှာဖွေရင်း ဤသို့ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“အဓိကအချက်က ဒီဥပဒေတွေဟာ မြန်မာနိုင်ငံသားအားလုံးအတွက် သာတူညီမျှ ငြိမ်းချမ်းစေလိုတဲ့ ရည်ရွယ်ချက်၊ ပဋိပက္ခတွေ မဖြစ်စေလိုတဲ့ ရည်ရွယ်ချက်၊ သံသယတွေ ကွယ်ပျောက်စေလိုတဲ့ ရည် ရွယ်ချက်တွေနဲ့ ဆရာတော်ကြီးတွေက အမြော်အမြင် ရှိရှိ လုပ်ဆောင်ခဲ့တာပါ။ ဒါကို ဒေါ်အောင်ဆန်း စုကြည် ဒီလောက်အထိ ခါးခါးသီးသီး ဖြစ်နေရသလဲ ဆိုတာကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်ခဲ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရစ်ယာန်ထုံးတမ်းနဲ့အညီ လက်ထပ်ခဲ့တာ ဖြစ်နေပါတယ်။ ခရစ်ယာန်ဘာသာမှာ မညီတဲ့ ထမ်းပိုး မထမ်းရ ဆိုတာ ရှိပါတယ်။ ဒါကို ခရစ်ယာန်ဘာသာဝင်တွေ အားလုံး သိကြပါတယ်။ ထမ်းပိုးမညီရင် ထမ်းလို့ မရပါဘူး။ ထမ်းပိုး မညီရင် ထမ်းခွင့် မပြုပါဘူး။ ဆိုလိုတာက ခရစ်ယာန်ဘာသာဝင် မဟုတ်တဲ့သူတစ်ဦးနဲ့ ခရစ်ယာန် ဘာသာဝင်တစ်ဦးကို သင်းအုပ်ဆရာက ဘုရားကျောင်းမှာ လက်ထပ်ပေးလို့ မရပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ဟာ ကျမ်းစာဖတ်ပြီး ကတိပြုတယ်။ ခရစ်ယာန်ဘုန်းကြီးက အတည်ပြုပြီး ကောင်းချီးပေး တယ်။ ထိမ်းမြားလက်ထပ်ခြင်းအမှုကို ပြုပေးခဲ့တယ်။ ဒါဆိုရင် အဲဒီလက်ထပ်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်က ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်နေသလား။ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကာလမှာ ဗုဒ္ဓဘာသာ ၀င် တစ်ဦး ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလို ဘာသာကူးပြောင်းသွားပြီး တဲ့နောက်မှာ လက်ထပ်ပေးခဲ့တယ် ဆိုလို့ရှိရင် သူဟာ လက်ရှိအချိန်အထိလည်း ခရစ်ယာန်ဘာသာ ၀င် ဖြစ်နေတုန်းပဲ လို့ ပြောနိုင်ပါတယ်။ သံဃာတွေကို ကန်တော့နေတာပဲ။ ဗုဒရုပ်ပွားတော်တွေကို ဦးချနေတာပဲ။ အခု ဗုဒ္ဓဘာသာဝင် မဟုတ်လား လို့ မေးရင် ဘုရားကျောင်းမှာ ကျမ်းစာဖတ်၊ ကောင်းချီးပေးခြင်းကို ခံယူ၊ ခရစ်ယာန်ထုံးတမ်းနဲ့အညီ လက်ထပ်ခြင်းအမှုကို ပြုထားသူတစ်ယောက် ဟာ ထာဝရဘုရား၊ သန့်ရှင်းသောဝိဥာဉ်တော်၊ မယ်တော်၊ ခရစ်တော် အစရှိသဖြင့် ယုံကြည်စွာ ကိုးကွယ်နေဆဲ ဟုတ်သလား၊ မဟုတ်ဘူးလား ဆက်ပြီး လေ့လာခဲ့ပါတယ်” ဟု အမျိုး ဘာသာ သာသနာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး မြန်မာအမျိုးသားလူငယ်များအဖွဲ့မှ ကိုနန္ဒရဲခေါင် က ပြောသည်။
“ဒီတော့ နောက်ပိုင်း လုပ်ဆောင်ချက်တွေကို ပြန်ကြည့်တဲ့အခါ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးနဲ့ တွေ့ဆုံခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေမှာ တွေ့လာခဲ့ရပါ တယ်။ ဒီထဲမှာ ဘုန်းတော်ကြီးနဲ့အတူ ဘုရားကို အာရုံပြုနေတဲ့ ဓါတ်ပုံတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီး ရဲ့ ကောင်းချီးပေးခြင်းကို ခရစ်ယာန်ထုံးတမ်းနဲ့အညီ ခံယူနေတဲ့ ဓါတ်ပုံတွေ တွေ့ရှိလာခဲ့ရပါတယ်။ ဒီကနေ့ အမျိုးစောင့် ဥပဒေတွေကို ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်နေတာဟာ သူကိုးကွယ်ခဲ့တဲ့၊ တစ်ချိန်က ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ ကိုးကွယ်ခဲ့တဲ့ အခြားဘာသာတစ်ခုရဲ့ ရှုထောင့်ကနေကြည့်ပြီး လုပ်နေသလား ဆိုတဲ့ သံသယစိတ်က ကြီးထွားလာခဲ့ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းမှာ ကျမ်းစာ ဖတ် ကတိသစ္စာပြု ထိမ်းမြားလက်ထပ် ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့လို ဗုဒဘာသာဝင်တွေဟာ လိမ် ညာပြီးတော့ပဲ ဖြစ်ဖြစ်၊ မသိကျိုးကျွံ ပြုပြီးတော့ပဲ ဖြစ်ဖြစ် လုပ်လို့ မရပါဘူး။ ခရစ်ယာန်ဘာသာကို ၀င်ကိုဝင်ရပါတယ်။ ဘာသာဝင် ဖြစ်မှ ဒီလို လုပ်ပေးလို့ ရပါတယ်။ ဒါမှ ထမ်းပိုးညီတယ် လို့ ခေါ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခရစ်ယာန်ထုံးတမ်းတွေ ကျွန်တော်တို့ လေ့လာထားပြီးပါပြီ။ ဒါကြောင့် ဒီကနေ့ ခိုင်မာပြီဆိုမှ ထုတ်ဖော်ပြောရခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။
“နိုင်ငံခြားမှာနေလို့ နိုင်ငံခြားသားနဲ့ ယူတာ အပြစ် မဟုတ်ဘူး။ ကောင်းပြီ ဒါကို ထားဦးတော့။ နိုင်ငံခြားသားနဲ့ ယူဖို့ သူတို့ ဘာသာကို ကူးပြောင်းလိုက်ရတယ်။ အခုတော့ မဟုတ်တော့ပါဘူး ဆိုပြီး ပြောချင်ပြောလိမ့်မယ်။ ဒီမှာ ကျွန်တော်တို့ မေးစရာ ရှိလာပြီ။ နိုင်ငံတော်ကို ဦးဆောင်ချင်ပါတယ်၊ သမ္မတ ဖြစ်ချင်ပါတယ် ဆိုပြီး ကြေညာထားတယ်။ ရွေးကောက်ပွဲ အနိုင်ရအောင်လည်း လုပ်နေတယ်။ ဒီလို လူမျိုးက ဘယ်ဘာသာဝင်လဲ ကျွန်တော်တို့ တိတိကျကျ သိဖို့ လိုလာပြီ။ ဘယ်ဘာသာတွေ ကူးပြောင်းပြီး ကိုးကွယ်ခဲ့သလဲ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိရမှ ဖြစ်မယ်။ ဘာမှမဖြေရှင်းဘဲ တစ်ချိန်က ကိုးကွယ်ခဲ့တဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာကို ကိုးကွယ်နေပါတယ် ဆိုတဲ့ ဓါတ်ပုံတွေ ပြရုံနဲ့ အဖြေက ထွက်မလာဘူး။ ဘာဖြစ်လို့ မေးရသလဲ။ ဗုဒ္ဓဆိုတာ အာရှတိုက်ရဲ့ ရာဇကုမာရ်ပါပဲ ဆိုတဲ့ စကားကို အိန္ဒိယ ခရီးစဉ်မှာ ပြောခဲ့တယ်။ ဗုဒ္ဓဘုရားဆိုတာ သာမန်ပါပဲ ဘာမှမထူးပါဘူး ဆိုတဲ့ စကားကို အဲဒီ ခရီးစဉ်မှာပဲ ပြောခဲ့တယ်။ ဒါတွေက အထောက်အထား အခိုင်အမာ ရှိနေပါတယ်။ ဒီတိုင်းပြည်ကို ဦးဆောင်ချင်ရင် ဒီတိုင်းသူပြည်သားတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အသိပေးဖို့ လိုမယ်။ ပြည်သူကို လူလို သဘောထားဖို့ လိုတယ်။ လွှတ်တော် အီးမေးလ်ဆာဗာ အဖောက်ခံရတယ်။ သူပို့တဲ့ အီးမေးလ်တွေ ဆိုပြီး ထွက်လာတယ်။ ဘာတစ်ခုမှ ရှင်းတာ လင်းတာ မရှိဘူး။ သူ မဟုတ်ဘူး ဆိုရင် ချက်ချင်း ရှင်းလေ့ရှိတဲ့ ဒီပါတီက ဘာသံမှ ထွက်မလာတာဟာ တစ်ခုခု ပတ်သက်မှု ရှိနေလို့ပဲ။ ဒီအတိုင်းပဲ ယူဆတယ်။ အခုလည်း မိုက်ကယ်အဲရစ်နဲ့ ယူတဲ့အချိန်မှာ ဘယ်ဘာသာဝင် ဖြစ်နေသလဲ ဖြေဖို့ လိုပါတယ်။ လူထုကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ဝေ့လည် ကြောင်ပတ် ဖြေကြားမှုတွေ မလိုချင်ပါဘူး” ဟု ၄င်းက ပြောသည်။
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးသောဘိတကလည်း “ဘုန်းကြီးတို့အနေနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်နေတာပါ။ ဘယ်ပါတီ၊ ဘယ်လူပုဂ္ဂိုလ်အတွက်မှ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ အမေရိကန်မှာ ပုပ်ရဟန်းမင်းကြီးကို တစ်နိုင်ငံလုံးက ဘယ်လို ဂါရ၀ ပြုသလဲ။ လွှတ်တော်မှာရော သမ္မတအိမ်ကိုပါ ပင့်ဖိတ်ပြီးတော့ ဖူးတွေ့ကြတယ်။ ကျူးဘား-အမေ ရိကန် ဆက်ဆံရေးကို ပုပ်ရဟန်းမင်းကြီးက လုပ်နေတာ။ ဒီရက်ပိုင်းမှာပဲ ဗာတီကန်နန်းတော်မှာ ပုပ် ရဟန်းမင်းကြီးနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ လိင်တူလက်ထပ်တဲ့ကိစ္စကို ခွင့်ပြုသင့်-မသင့် ဆွေးနွေးနေကြပြီ။ လှေစီးဒုက္ခသည်တွေကိစ္စမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတွေ ပါဝင်နေကြ တယ်။ ဒါက နိုင်ငံတကာမှာ ဖြစ်နေတာ။ ပြည်တွင်းကို ကြည့်လိုက်ဦး။ ကာဒီနယ် ချားစ်လ်မောင်ဘို ပြောတဲ့ ရွေးကောက်ပွဲ မဲ ဘယ်လိုထည့်ရမလဲ ဆိုတဲ့ ကြေညာချက်ကို 7Day တို့လို ပြည်တွင်း မီဒီယာ တွေမှာ ထည့်နေကြပြီ။ NLD ပါတီက ဥပဒေအဖွဲ့ခေါင်းဆောင် ဦးကိုနီနဲ့ မူဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဆိုရင်လည်း မူဆလင်တွေ မဲ ဘယ်လို ပေးရမလဲ ဆိုတာတွေကို ဖြန့်ချိဟောပြော နေကြပြီ။ ဘုန်းကြီးတို့ကိုပဲ ဘာဖြစ်လို့ တိုက်ခိုက်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မီဒီယာတွေကို မေးချင်ပါတယ်။ ချားစ်လ်မောင်ဘို၊ ဦးကိုနီနဲ့ ဟောပြောနေတဲ့သူတွေကို ဘာဖြစ်လို့ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးတယ် မပြောကြတာလဲ။ နောက်တစ်ချက် ပြောချင်သေးတယ်။ သုသဏ အားကစားရုံကို NLD ပညာရေးရန်ပုံငွေပွဲ ခွင့်မပြုဘူး။ မဘသ ကျတော့ ခွင့်ပြုပေးတယ် ဆိုပြီး NLD ခေါင်းဆောင်တွေ ထောက်ပြနေတာ ရှိတယ်။ ဘုန်းကြီးတို့က ပြန်ထောက်ချင်ပါတယ်။ မဘသ က တိုင်းပြည်အတွက်လုပ်နေတာ။ NLD က သူ့ပါတီအကျိုးစီးပွားအတွက် ငွေရဖို့ လုပ်တာ။ တူသလား။ NLD နဲ့ မဘသ နှိုင်းယှဉ်စရာလား။ ဘာသာရေးအဖွဲ့အစည်းကြီးတစ်ခုကို ကြေးတန်းတိုက် ခြေရာတိုင်းတာ ဗုဒဘာသာဝင်တွေ ဟုတ်ရဲ့လား။ အခု ထွက်လာတဲ့ မင်္ဂလာဆောင်ချိန်မှာ ဘယ် ဘာသာဝင် ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း ပြန်ရှင်းရလိမ့်မယ်။ ဒီလို ဖြစ်ရပ် ရှိခဲ့တာကြောင့် အမျိုး စောင့် ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်နေလေသလား၊ ကိုယ်ကိုယ်တိုင်က ဒါတွေ ချိုးဖောက်ခဲ့လို့ ဒီလောက်ထိအောင် ကန့်ကွက်နေတာလား စဉ်းစားစရာ ဖြစ်နေတာတော့ အမှန်ပဲ” ဟု မိန့်ကြားသည်။
ပုံ(၁) ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ ဗုဒ္ဓဘာသာထုံးတမ်း လက်ထပ်ပွဲ
ပုံ(၂) မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရစ်ယာန်ထုံးထမ်း လက်ထပ်ပွဲ
ပုံ(၃) မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရစ်ယာန်ထုံးထမ်း လက်ထပ်ပွဲ
ပုံ(၄) ဘုန်းတော်ကြီးဒက်စ်မွန်တူးတူးနှင့် ဒေါ်အောင်ဆန်းစုကြည် အာရုံပြုနေပုံ
ပုံ(၅) ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်အား ကောင်းချီးပေးနေပုံ
ပြည်သူ့အာဏာ

ဦးတင်ဦး မဘသ ကိုဘာကြောင့်တိုက်ခိုက်ရသလဲ?


27-9-2015
မြန်မာနိုင်ငံရဲ့ အတိုက်အခံပါတီကြီး တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ နာယက၊ စစ်ဗိုလ် ချုပ်ဟောင်း ဦးတင်ဦးဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ ကြတဲ့ (မဘသ) အဖွဲ့က ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေ ကို ပေါ်ပေါ်ထင်ထင်ပဲ ဝေဖန်ပြောဆို တိုက်ခိုက်မှုတွေ ပြုလုပ်လိုက်ပါတယ်။ NLD ပါတီရဲ့ သဘောထားမှန်ကို ပြသလိုက်ခြင်းဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစု အနေနဲ့ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။
ဦးတင်ဦးဟာ တစ်ချိန်က မြန်မာ့တပ်မတော်မှာ ကာချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး ဦးနေ၀င်းအစိုးရလက်ထက် လာဘ်ပေးလာဘ်ယူမှုတွေကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နေချိန် လာဘ်စားမှုတစ်ခု ကြောင့် ၁၉၇၆ ခုနှစ်မှာ ကာချုပ်ရာထူးကနေ အနားပေးခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ အဲဒီနောက် NLD ပါတီကို တည်ထောင်ခဲ့သူစာရင်းမှာပါလာခဲ့ပြီး လက်ရှိအခြေအနေမှာတော့ NLD ရဲ့ သက်ကြီး ပုဂ္ဂိုလ်အနေနဲ့ ပါတီ နာယက တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
NLD နာယကကြီး ဦးတင်ဦးဟာ ဒေါ်စုရဲ့ ညွှန်ကြားချက်အောက် ကနေ တည်ဆဲအစိုးရအဆက်ဆက်နဲ့ တပ်မတော်ကို ဝေဖန်ရေးလုပ်ရင်း စစ်တပ်ရဲ့အားနည်းချက်တွေကို အမြဲ ဝေဖန်နေပေမယ့် ၎င်းကာချုပ်ဖြစ် ခဲ့စဉ်က တပ်မတော်ပြုပြင်ပြောင်းလဲရေးအတွက် ဘာတစ်ခုမှမလုပ်ခဲ့ဘူးလား ဆိုတဲ့ မေးခွန်းတွေနဲ့အတူ တန်ပြန်ဝေဖန်မှုတွေကိုလည်း ခံနေရဆဲဖြစ် ပါတယ်။ အမျိုးသားရေးကို သစ္စာမဖောက်ဘူးလို့ ကျိန်ဆိုထားတဲ့ တပ်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အမြင့်ဆုံးရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ ဖူးသူတစ်ဦးအနေနဲ့ အခုချိန်မှာ အမျိုးဘာသာ သာသနာ မကွယ်ပျောက်ရေး အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဆရာတော်တွေ သံဃာတော်တွေကို ကလေးကလားဆန်စွာ ဝေဖန်တိုက်ခိုက်ခြင်း
ကလည်း NLD နာယကအပေါ် ပြည်သူတွေ မျက်မုန်းကျိုးစရာဖြစ် လာခဲ့ပါတယ်။ ဦးတင်ဦးအနေနဲ့ ပါတီနာယက၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါလျက် ဘာသာသာသနာကို မထောက်ရှုဘဲ အခုလိုစကားကို အထိန်းအကွပ် မရှိ ပြောဆိုလိုက်ခြင်းဟာ NLD ပါတီရဲ့ လောင်းရိပ်ကြောင့်လား? ကိုယ်တိုင်အမျိုးမစောင့်ခဲ့တဲ့ ပါတီဥက္ကဋ္ဌ ဒေါ်စု ရဲ့အရှိန်အ၀ါကြောင့်လားဆိုတဲ့ မေးခွန်းတွေ လည်း ပေါ်ထွက်လာခဲ့ပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့အနေနဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကို နှောင့်ယှက်နေတယ်လို့ နာယက ဦးတင်ဦးက မီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။ တကယ်တော့ မဘသ ဆိုတာ ဘယ်ပါတီ၊ အဖွဲ့အစည်းရဲ့ ကျောထောက်နောက်ခံမှမရှိဘဲ ဘာသာ သာသနာအကျိုး အတွက် သာ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါ တယ်။ ရွေးကောက်ပွဲမှာလည်း ဘာသာ သာသနာအတွက် အကျိုးပြုမယ့် ပါတီ ကိုသာ မဲထည့်ဖို့ ဆော်သြခဲ့တာဖြစ်ပါတယ်။ ဒါကို NLD ပါတီက ၎င်းတို့ကို မဘသ က နှောက်ယှက်နေတယ်လို့ ထုတ်ဖော် ပြောဆို လိုက်တာဟာ NLD အနေနဲ့ ဘာသာ သာသနာအကျိုးကို မဆောင်ရွက်နိုင် ဘူးလို့ တစ်ဖက် လှည့်ပြောဆိုရာလည်း ရောက်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးမရောယှက်သင့်ဘူးလို့ အနောက်အုပ်စုက ကြေညာချက်ထုတ် ခဲ့ပါတယ်။ တစ်ဆက်တည်းမှာ ဘဲ ဒေါ်စုက အဲဒီလိုစကားမျိုးကို မဲဆွယ်ပွဲတစ်ခုမှာပြောခဲ့ပါတယ်။ ဗဟိုအလုပ်မှု ဆောင် ဦးဥာဏ်ဝင်းကလည်း ၁၉၈၂ အက်ဥပဒေ ဟာ ပြင်သင့်တဲ့ ဥပဒေလို့ဆိုလိုက်ပါတယ်။ အဲဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ မညီဘူးလို့လဲ ဒေါ်စုကိုယ်တိုင်က ပြောကြားထားတာမျိုးရှိပါတယ်။ မကြာခင်မှာပဲ ဦးကိုနီက မွတ်စလင်တွေအနေနဲ့ ၎င်းတို့ရဲ့ အကျိုးကို ဖြည့်ဆည်းပေးမယ့် ပါတီကိုသာ မဲပေးသင့်တယ်လို့ ဆိုလိုက်ပြန် ပါတယ်။ နောက်တော့ ပါတီနာယက ဦးတင်ဦးက မဘသ အဖွဲ့ဟာ NLD အောင်နိုင်ရေးကို နှောက်ယှက်နေ တယ်လို့ မီဒီယာတွေကတစ်ဆင့် ဝေဖန်တိုက်ခိုက်မှုတွေ ပြုလိုက်ပါတယ်။
NLD ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ လူ့အခွင့်အရေးဆိုတဲ့စကားကို ဗန်းပြပြီး ဘာတွေကြံစည်နေသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။ အမျိုးသားရေးကို မျက်ကွယ်ပြုလာတဲ့ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေ ကို ပြည်သူတွေ ကလည်း နားလည်လာပြီး NLD အပေါ်မှာ ဝေဖန်ရှုတ်ချ မှုတွေလုပ်လာခဲ့လို့ ပြည်သူထောက်ခံမှုလည်း သိသိ သာသာကျဆင်း လာလျက်ရှိပါတယ်။ NLD အနေနဲ့ ရှက်ရမ်းရမ်းပြီး မဘသ အဖွဲ့ကို တိုက်ခိုက်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ NLD ပါတီဝင်တွေနဲ့ ထောက်ခံ သူတွေဟာ အွန်လိုင်းစာမျက်နှာတွေကသာ ဆရာတော်တွေ ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုမှုတွေ ပြုခဲ့ရာကနေ အခုအခါမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကပါ မဘသကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာတာတွေက NLD ရဲ့ အနာဂတ်ရည်မှန်းချက်မှာ အမျိုးဘာသာ သာသနာ အကျိုး ဆိုတဲ့ စီမံချက်မပါဝင်ခြင်းကြောင့်လားလို့ပဲ မေးခွန်း ထုတ်ရတော့မှာဖြစ်ပါတယ်….။
ဝံသာနု
မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး
www.mmdailystar.com

မဲဆွယ်ခွင့် ရပ်ဆိုင်းထားသော RCSS ထိန်းချုပ် နယ်မြေများ ပြန်လည်ခွင့်ပြု

ရှမ်းပြည်နယ်ရှိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ထိန်းချုပ်နယ်မြေများ အတွင်း၌ မဲဆွယ်မှု ခေတ္တရပ်ဆိုင်း ထားရာ မှ ပြန်လည်ခွင့်ပြု၍ နိုင်ငံရေးပါတီများ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ခိုလမ်၊ ကျောက်မဲ၊ မိုင်းပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေး မြို့နယ်များ အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်း ထား ရန် RCSS က ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
RCSS က မဲဆွယ်စည်းရုံးခွင့် ရပ်ဆိုင်းထားသည့် နေရာများတွင် ပြန်လည်စည်းရုံးနိုင်ပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ပါတီများကို အောက်တိုဘာလ ၁ ရက်က အသိပေး အကြောင်းကြားလာသည်ဟု ရွေးကောက်ပွဲတွင် ထို နယ်မြေ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) က ပြောပြသည်။
“ကျနော်တို့ကို ပြန်လည် ရုပ်သိမ်းပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မိတ္တူ ပို့ပေးထားတယ်။ မဲဆွယ်ခွင့် ပိတ်ထားတုန်းကတော့ သူတို့ခွင့်ပြုတဲ့ နေရာတွေမှာပဲ မဲဆွယ်တာပေါ့။ ကျနော်တို့ရဲ့ လုံခြုံရေးအခြေအနေကလည်း ရှိသေးတယ် ဆိုတော့လေ။ အဓိကကတော့ မြို့ပေါ်တွေပေါ့။ အခုတော့ မဲဆွယ်လို့ရပြီဆိုတော့ မဲဆွယ်စည်းရုံးရေးကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိတယ်”ဟု SNDP မှ ဦးစိုင်းလှကျော်က ပြောသည်။
အလားတူ မဲဆွယ်ခွင့် ခေတ္တပိတ်ထားသည့် ရက်များအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေနှင့် မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို ပုံမှန်အတိုင်း သွားရောက်မဲဆွယ်မှုများ ရှိနေကြောင်းနှင့် ယခုကဲ့သို့ ပြန်လည်လုပ်ဆောင်ခွင့် ရသည့်အတွက် လည်း မဲဆွယ်စည်းရုံးရေး ကို ထပ်မံမြှင့်တင်သွားမည် ဖြစ်ကြောင်း NLD ပါတီ ကျောက်မဲ မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးတင်မောင်သိန်းကလည်း ပြောဆိုသည်။
“ကျနော်တို့ သွားနေတဲ့ နေရာတွေမှာလည်း သူ့နေရာနဲ့သူမှာ တပ်တွေအသီးသီး ရှိပါတယ်။ ဒါပေမယ့် သူတို့တွေ ကျနော်တို့သွားနေ တာကို အနှောင့်အယှက် ပေးတာမျိုးတော့ မရှိပါဘူး။ သူတို့ ဖြစ်စဉ်က ရှမ်းတောင်ဘက်ခြမ်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ပြင်းပြင်း ထန် ထန် ဖြစ်ပြီးတော့မှ ဒီဘက်ကို ဂယက်ရိုက်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ကျနော်တို့ ဆက်ပြီးလည်း မဲဆွယ်မှုတွေ လုပ်ဆောင် သွားမှာပါ”ဟုလည်း ဦးတင်မောင်သိန်းက ဆိုသည်။
RCSS က မဲဆွယ်ခွင့် ပိတ်ပင်ထားသည့် နယ်မြေများတွင် အဓိက ယှဉ်ပြိုင်ရမည့် ပါတီများမှာ SNDP ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)နှင့် NLD ပါတီတို့ ဖြစ်သည်။
SNLD အနေဖြင့် မဲဆွယ်စည်းရုံးခွင့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်နေပြီး မဲဆွယ်နိုင်သည့်နေရာ အများစုတွင် နယ်မြေခံ ပါတီဝင် ကိုယ်စားလှယ်လောင်းများက ပုံမှန်မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း SNLD မှ ဦးစိုင်းညွှန့်လွင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ် ၀မ်ကောင်းကျေးရွာ အနီးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ပြောက်ကျားတပ်ဖွဲ့များရှိရာ နေရာများတွင် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်သလို တဘက်ကလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ကြောင်း RCSS/SSA ဘက်က ပြောဆို ထား သည်။
ထိုသို့ နယ်မြေ မငြိမ်ချမ်းမှုကြောင့် RCSS က ပါတီများကို မဲဆွယ်စည်းရုံးခွင့် ခေတ္တ ရပ်ဆိုင်းခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက RCSS ၏ ခိုလမ်မြို့နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆက်ဆံရေးရုံး တာဝန်ခံနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ၀င်းမင်းထွန်းတို့ ကွန်ဟိန်းမြို့နယ်တွင် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် နှစ်ဘက်သဘောတူ ကတိပြုခဲ့ခြင်းဖြစ်ကြောင်း RCSS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၌ အောက်တိုဘာ ၄ ရက်တွင် ပြည် ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ တွေ့ဆုံခဲ့ရာတွင် RCSS/SSA ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
www.mmdailystar.com

ပလောင်သောင်းကျန်းသူများနှင့် မြန်မာ့တပ်မတော် တိုက်ပွဲ ဆက်လက်ဖြစ်ပွား


၂၀၁၅ ခုနှစ် အောက်တိုဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်စံကျေးရွာနှင့် ပန်ဖျက်ကျေးရွာကြားတွင် ယနေ့အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁၂း၃၀ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၇၁၇) နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇)တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ 
တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြ သွားပါမည်။
အဆိုပါဒေသတွင် မြန်မာ့တပ်မတော်မှ ပန်ကွမ်ကျေးရွာ၊ ပန်ဖျက်၊ မန်စံ ကျေးရွာတို့တွင် တပ်ရင်း တစ်ရင်းစီ ထိုးစစ်ဆင် ရောက်ရှိလာပြီး တိုက်ပွဲပိုမို ဖြစ်ပွားရန် အခြအနေရှိနေသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

www.mmdailystar.com

အမျိုးသား တိုးတက် မြင့်မားရေး ပါတီ ပုသိမ်ရုံး ဦးဝီရသူ ဖွင့်လှစ


The Irrawaddy
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အမျိုးသား တိုးတက်မြင့်မားရေး ပါတီ(NPP)တိုင်းရုံး ဖွင့်ပွဲတခုကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပ ခဲ့ရာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးဝီရသူ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဦးဝီရသူနှင့်အတူ ရန်ကုန်တိုင်း မဘသ ဦးဆောင် ဆရာတော် ဦးပါမောက္ခလည်း ပါဝင်ပြီး NPP ပါတီ တိုင်းရုံး လာရောက် ဖွင့်လှစ်ပေးရ ခြင်းမှာ မိမိ၏သြ၀ါဒကို ခံယူပြီးတည်ထောင်ခဲ့သော ပါတီဖြစ်သည့်အတွက် အားပေးသည့်အနေဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။
အောက်တိုဘာ ၅ ရက်နေ့ နေ့လည်ပိုင်းက ကျင်းပသည့် အမျိုးသား တိုးတက်မြင့်မားရေးပါတီ(National Prosperity Party) ၏ ဧရာဝတီတိုင်းရုံး ဖွင့်ပွဲအခမ်းအနားသို့ ပါတီဝင်တချို့နှင့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင် တချို့လည်း တက်ရောက်ခဲ့ပြီး ဆရာတော် ဦးဝီရသူနှင့် ဦးပါမောက္ခတို့က ပါတီတိုင်းရုံးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းပါတီ၏ ဆောင်ပုဒ်မှာ“အမျိုးသားရေး ဦးစားပေးမည် NPP” ဖြစ်ပြီး တိုင်းရုံးဖွင့်ပွဲ အခမ်းအနား၌ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး သီချင်းများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ
www.mmdailystar.com

ဦးကိုနီ၊သို့မဟုတ်ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင်ဖန်တီးသူ



၂၀၁၅ ရွေးကောက်ပွဲကာလနီးကပ်လာသည့်နှင့်အမျှ နိုင်ငံရေးပါတီအသီးသီးအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့ကစလို့ မဲဆွယ်စည်းရုံးခြင်းများကိုဆောင်ရွက်နေပြီးဒီကာလဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေချိန် အမြင့်တက်ဆုံးအချိန်လည်းဖြစ်ပါတယ်။ ပါတီအသီးသီးရဲ့ မဲဆွယ်ဟောပြောချက်များကို နိုင်ငံပိုင်မီဒီယာများ၊ နိုင်ငံပိုင်သတင်းစာများမှ ၎င်းတို့၏ အာဘော်အတိုင်းထုတ်လွှင့်ဖော်ပပေးနေသလိုပါတီအသီးသီးကလည်းမြေပြင်တွင် မဲဆွယ်စည်းရုံးမှုများအဆက်မပြတ်ဆောင်ရွက်နေတာကြောင့် ပါတီတစ်ခုချင်းစီရဲ့ မဲဆွယ်စည်းရုံးမှုများအပေါ် ပြည်သူလူထုကလေ့လာအကဲဖြတ်နေကြချိန်လည်းဖြစ် ပါတယ်။

အဲဒီအချိန်မှာဘဲ ၂၀-၉-၂၀၁၅ ရက်နေ့မှာဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်း၊ အမှတ်(၉၇)ရှိ Park Royal ဟိုတယ်၊ ရတနာခမ်းမမှာသမဂ္ဂကွန်ရက်၊ မြန်မာ-မွတ်စလင် လူမှုအကျိုးဆောင်ကွန်ရက်၊ အလင်းစက်ဝန်း (SY) အထောက်အကူပြု ကွန်ရက်တို့မှ ဦးဆောင်ပြီးအပြည်ပြည်ဆိုင် ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနှင့် မြန်မာ-မွတ်ဆလင်တို့ ၏ အခန်းကဏ္ဍဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကိုဟာဂျီဦးအေးလွင်၊ ဒေါက်တာ မြင့်သိန်း(ခ) ငြိမ်းချမ်းလုလင်၊ ဦးသိန်းဝင်းအောင်၊ ရှေ့နေဦးကိုနီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ထွန်းကြည်၊ စည်သူမောင်(ဗကသနှုတ်ထွက်) အပါအ၀င် အင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲဒီဆွေးနွေးပွဲမှာရှေ့နေဦးကိုနီက မွတ်စလင်ဘာသာဝင်များအားလုံး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မွတ်စလင်များမှ NLD ပါတီကိုပုံအောပြီးမဲပေးခဲ့ကြ၍သာ NLD ပါတီအနိုင် ရခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင်လည်း NLD ပါတီကိုမဲပေးကြရန်နှင့် ဘာသာရေးဆိုင်ရာအစွန်းရောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

ရှေ့နေဦးကိုနီဟာစစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာ၊ ရွာသားတစ်ဦး ဖြစ်ပြီးကသာအထက(၁)မှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ B.A(Law) ဘွဲ့ကိုလည်းကောင်း၊ ၁၉၇၆ ခုနှစ်မှာ L.L.B ဘွဲ့ကိုလည်းကောင်းရရှိခဲ့ပါတယ်။ ၎င်းနောက် အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့သလိုရန်ကုန် အဝေးသင်တက္ကသိုလ်နည်းပြ ပညာသင်ဌာနတွင်လည်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဥပဒေအကြံပေးအဖြစ် NLD ပါတီသို့ ၀င်ရောက်ခဲ့ပါတယ်။ ဦးကိုနီဟာ NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပါတီအကြိုက် အကြံပေးဆောင်ရွက် မှုများဟန်ပြပြုလုပ်ခဲ့သော်လည်း ၎င်း၏မူလရည်ရွယ်ချက်အတိုင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အဓိကဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားအဖြစ်လက်ခံရေးကို NLD ပါတီကို
အသုံးချပြီးတစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။

ယခုအခါ ၂၀-၉-၂၀၁၅ ရက်နေ့က ပြုလုပ်ခဲ့သောဆွေးနွေးပွဲမှာလည်းအစိုးရမှသန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များ ဘယ်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသည်ကိုဖော်ပြထား ခြင်းမရှိကြောင်း၊ လက်ရှိလူဦးရေအရ မိမိတို့အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ အချိုးအစားအရပြောရလျင် လွှတ်တော်အမတ် ၆၆၀ ဦးရှိလျှင် မိမိတို့မွတ်စလင် ၆၆ ဦးဖြစ်ရမည်ဖြစ်ကြောင်းလွှတ်တော်ထဲတွင် မွတ်စလင်အမတ်ပြောလျှင် မီဒီယာများကတစ်ဆင့် တစ်ကမ္ဘာလုံးသိသွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ မွတ်စလင်လူမျိုးများ၏ အခွင့်အရေးများ၊ ဘာသာရေးဆုံးရှုံးမှုများကိုနားလည်ပေးနိုင် သည့် NLD ပါတီကိုမဲပေးရန်လိုအပ်ကြောင်း၊ အစိုးရကလည်းမဲကွဲအောင်ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်သွားပါကတရားဥပဒေစိုးမိုးရေးတွင် ခွဲခြားဆက်ဆံမှု များအားနည်းသွားနိုင်ပြီး အစ္စလာမ်ဘာသာဝင်များ ဘာလုပ်ရမည်ကိုစဉ်းစားသင့်ကြောင့် ပြောကြားခဲ့ပါ တယ်။
ဒါ့အပြင် ဆွေးနွေးပွဲပါအချက်များနှင့်ပတ်သက်၍ Myanmar Muslim Media မှတစ်ဆင့် "၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာအစ္စလာမ်ဘာသာဝင်တွေ ဘယ်သူကိုမဲပေးသင့်သလဲ " ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ခွဲကာအွန်လိုင်းမှတစ်ဆင့် ဖော်ပြလျက်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ယခင်ကတည်းကလွတ်လပ်စွာကိုးကွယ်ခွင့်နှင့်အတူဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင် များအေးချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်းနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ၀င်များအကြား မကြာခဏပဋိပက္ခများဖြစ်ပွားခဲ့ကြပါတယ်။ လက်တလောပဋိပက္ခများအနက် မိတ္ထီလာ၊ လားရှိုး၊ မန္တလေးပဋိပက္ခများသည် လှုံ့ဆော်မှုတစ်ခုရှိသည်နှင့် သာမန်အချိန်တွင်ပင် ပဋိပက္ခများဖြစ်ပွားခဲ့ တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။

ယခုလိုရွေးကောက်ပွဲနီးကပ်လာချိန်၊ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချိန်တွင် ဦးကိုနီ၏ ဘာသာရေးအသုံးချမဲဆွယ်မှုများ၊ အစ္စလာမ်ဘာသာဝင်များ လွှတ်တော်အတွင်းရောက်ရှိရေးကြိုးပမ်းမှုများ နှင့် ရွေးကောက်ပွဲတွင် NLD ပါတီမဲနိုင်၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပါက အစ္စလာမ်ဘာသာဝင်များ ဘာသာလုပ်ရမည်ကိုစဉ်းစားသင့်ကြောင်းတိုက်တွန်းပြောကြားမှုများဟာဘာသာရေးပဋိပက္ခများမဖြစ် ဖြစ်အောင်ဆောင်ရွက်နေသည်မှာပေါ်လွင်လျက်ရှိပါတယ်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပျက်စီးအောင် ရည်ရွယ်၍ ဘာသာရေးပဋိပက္ခများဖန်တီးနေသောရှေ့နေဦးကိုနီအား ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဘာသာရေးပဋိပက္ခများမဖြစ်ပွားစေရေးအတွက် ဥပဒေနှင့်မညီသော၊ ဘာသာရေးအစွန်းရောက်သောပြောဆိုမှုများမပြုသင့်ကြောင်းသတိပေးလိုက်ပါတယ်။

မျိုးချစ်မောင်
www.mmdailystar.com

မျိုးစောင့်ဥပဒေဆိုသည်မှာ အပေါ်ယံဆန်သည့် အပေါစား နိုင်ငံရေးဟု NLD ပါတီ သုတေသနမှူးဆို


NLD ပါတီမှ သုတေသနမှူး ဆိုသူ မျိုးရန်နောင်သိန်းက သံတော်ဆင့်ဂျာနယ်နှင့်အင်တာဗျူးတွင် မျိုးစောင့်ဥပဒေဆိုသည်မှာ အပေါ်ယံဆန်သည့် အပေါစား နိုင်ငံရေးဟု ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့ကြောင်း သတင်း ရရှိသည်။
“ဘုန်းကြီးတို့အနေနဲ့ ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ရဟန်းရှင်လူ ပြည်သူတွေ တစ်ခဲနက် ထောက်ခံလက်မှတ်ရေးထိုးထားတဲ့ မျိုးစောင့်ဥပဒေအပေါ် NLD ပါတီရဲ့ တာဝန်ရှိသတစ်ဦးက ဒီလိုမျိုး ပုတ်ခတ် စော်ကားလာတာကိုတော့ လက်မခံနိုင်ဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကအစ တစ်နိုင်ငံလုံးက အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ သံဃာထုတစ်ရပ်လုံးကို အပေါစားတွေလို့ မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောလိုက်တာလို့ပဲ နားလည်ပါတယ်။ ဒီဒကာကြီး ပြောတဲ့ စကားအတွက် NLD ပါတီက တာဝန်ယူဖို့ လိုတယ်။ ကာယကံရှင်အနေနဲ့ ရဟန်းသံဃာတွေကို ပြန်ပြီး ၀န်ချတောင်းပန်ဖို့ လိုတယ်။ ဘုန်းကြီးတို့အနေနဲ့ NLD ပါတီကလုပ်နေတဲ့ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံတဲ့ ကိစ္စမှာ ဘာမှ ၀င်ပြီး ဝေဖန်တာ မလုပ်ခဲ့ဘူး။ ဘုန်းကြီးတို့ကို လာမေးတဲ့ ဒကာ၊ ဒကာမတွေကိုတောင် မိမိသဘောဆန္ဒနဲ့ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ခုဟာက ဘုန်းကြီးတို့ လုပ်နေကိုင်နေတာတွေကို ရှုတ်ချတာကတော့ တရားလွန်လာပြီလို့ပဲ ပြောရမှာပဲ” ဟု အင်းစိန်ရွာမ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
“မြန်မာတွေ အလုပ်သွားလုပ်နေတဲ့ ဆော်ဒီမှာ မြန်မာမိန်းကလေးတွေကို မယူရဘူး အမိန့်ထုတ်တယ်။ မလေးရှားမှာ မြန်မာတွေ လူမသိသူမသိ အသတ်ခံရတယ်။ ဘရူနိုင်းမှာ ရှီးယားလော ပြဌာန်းပြီး သူ့ဘာသာအတွက် ဆောင်ရွက်နေတယ်။ NLD ပါတီ ဘာတစ်ခွန်း ပြောခဲ့သလဲ။ မလေးရှားမှာ မြန်မာတွေ ဒုက္ခရောက်တော့ သီတဂူဆရာတော်ကြီး ကိုယ်တိုင် သွားရောက်ပြီး ကူညီခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဘာတစ်ခု ကူညီခဲ့ဘူးသလဲ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အမျိုးသားရေး အင်အားစုတွေပဲ ကူညီစောင့်ရှောက်ခဲ့တာ။ NLD ပါတီ အသံတောင် မကြားရဘူး။ နိုင်ငံအတွက် လိုအပ်ချက်အရ သံဃာတော် တွေ စုစည်းပြီး ကြိုးပမ်းနေတာဟာ သံဃာတော်တွေ အကျိုးတစ်ခုမှ မပါဘူး။ အင်းစိန်ရွာမ ဆရာတော် ဘုရားကြီး ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးမစကား ပြောထားပြီးသား။ ဒါကို NLD ပါတီက ခုလို လုပ်လာတာဟာ ကိုယ်တိုင်ကိုယ်ကျ နာယူထားတဲ့ ရွာမဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားတယ်။ ဆရာတော်ဘုရားကြီးလည်း စိတ်မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ကတိ မတည်ဘူး ဆိုပြီး စိတ်နွမ်းနေတယ် လို့ သိရှိရတယ်။ သူ ပြောထားပြီးရဲ့နဲ့ ခုလို ထပ်ပြီး စော်ကားလာတာကိုတော့ ကျွန်တော်တို့ သည်းမခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒီကိစ္စကို ကြေကြေလည်လည် ဖြစ်အောင် ပြန်ဖြေရှင်းမှကျွန်တော်တို့ ကျေနပ်နိုင်မယ်။ NLD လုပ်ပေါက်က ခဏခဏ ရှိနေပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့ အပြတ် စိန်ခေါ်သွားမယ်” ဟု အမျိုးသားရေးကွန်ရက် National Network မှ ဦးဆောင်သူတစ်ဦးက ပြောသည်။
www.mmdailystar.com

ရှမ်းမြောက်KIA,တပ်ရင်း(၉)နှင့်တိုက်ပွဲဖြစ်


(Lachid Kachin)
ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ 
တပ်ရင်း (၉)ဒေသ ဒီမာ၊ နှောင်အိန် တွင်
ယနေ့ (၆.၁၀.၂၀၁၅)ရက်နေ့ နံနက် ပိုင်း
မှစတင် ကာ ၎င်းဒေသ သို့ ထိုးစစ်ဆင်
ကျူးကျော်ဝင်ရောက်လာသော မြန်မာစစ်
တပ် (တပ်ရင်း စုံစမ်းဆဲ)နှင့် ကေအိုင်အေ
တပ်ရင်း(၉)၏တပ်ခွဲ(၃)တပ်ဖွဲ့ ဝင်များနှင့်
တိုက်ပွဲ ဖြစ်ပွားနေ ကြောင်းသတင်းရရှိ
ပါသည်။
ယမာန်နေ့(5,10,2015)ရက်နေ့ တွင်
လည်း ကေအိုင်အေတပ်ရင်း(၉)နှင့်
မြန်မာတပ်တို့ ဟူဖျတ် တွင်တိုက်ပွဲ
ဖြစ်ပွား ခဲ့ကြောင်း လည်း ထပ်မံသိရှိရ
ပါသည်။

www.mmdailystar.com

FUA နှင့် ကာချုပ်ရူးနေသူများ.......


လက်ရှိ လက်နက်ကိုင်ထားသော တိုင်ရင်းသားအဖွဲ့များသည်...
Federal Union Army ဖွဲ့စည်းပြီး အလှည့်ကျ ကာချုပ်လုပ်ချင်ကြသည်...
ငြိမ်းချမ်းရေးလမ်းစဉ်ကို အကြောင်းပြ၍ တစ်နေရာစာရရန် ဖျာခင်းလာကြသည်...AA .TNLA တို့ကဲ့သို့...အချိန်မီ လက်နက်ကိုင်၍ သူပုန်ဖွဲ့လာကြသည်.....ထို့ထက်ဆိုးသည်မှာ အချို့မှာ အစွန်းရောက်၍ ခွဲထွက်လိုကြခြင်းဖြစ်သည်....ပြည်ထောင်စုကို ဖြိုခွဲ၍ ကိုယ်ပိုင်နိုင်ငံ ထူထောင်လိုကြသည်......
မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်၍သော်လည်းကောင်း ဒေသခံတိုင်းရင်းသားများကို ဆက်ကြေးကောက်၍သော်လည်းကောင်း စစ်အင်အား ဖြည့်တင်းတည်ဆောက်၍ အစိုးရနှင့် တပ်မတော်ကို ခြိမ်းခြောက်လာကြသည်....
တိုင်းရင်းသား လက်နက်ကိုင်အဖွဲံအားလုံးစုပေါင်း၍ တပ်မတော်ကို တိုက်ခိုက်လျှင် အနိုင်ရမည်ဟု ယူဆနေကြသည်....ပြည်ထောင်စုကို ဖြိုခွဲ၍ ခွဲထွက်နိုင်မည်ဟု ယူဆနေကြသည်....သူတို့မေ့နေသည်မှာ လက်ရှိတပ်မတော်သည် ထို အကြောင်းအရာများကို ကြိုတင်ရိပ်စားမိခဲ့သောကြောင့်ပင်...စစ်အစိုးရကာလအတွင်းကပင် တပ်အ သစ်များစွာကို တိုးချဲ့ဖွဲ့စည်းခြင်း...ခေတ်မီလက်နက်များ တပ်ဆင်ခြင်းတို့ကို ပြုလုပ်ခဲသည်....လွတ်လပ်ေ၇းရပြီးစကာလတွင်ရောင်စုံသူပုန်တို့သောင်းကျန်း၍ တပ်မတော်တပ်ရင်းအချို့ပါတောခိုသွားကြသည်....ရန်ကုန်အင်းစိန်အထိ တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားချိန်မှာ တပ်မတော်ဟာ ရှိစုမဲ့စု တပ်ရင်း ၄ ရင်းနဲ့ လက်နက်ဆိုလည်း မ၇ှိမဲ့ရှိမဲ့အစုတ်လေးတွေကို ပြင်ဆင်ပြီး ပြန်လည် တိုက်ထုတ်ခဲ့ရပါတယ်....ဒီကနေ့ အချိန်မှာတော့ တပ်မတော်ဟာ အဲ့တုန်းက အချိန်တွေကလို အဖြစ်ခံမှာ မဟုတ်တော့ပါဘူး...တပ်မတော်သည်လည်း ဗမာများဖြင့်ချည်း ဖွဲ့စည်းထားသည်မဟုတ်ပါဘဲ တိုင်းရင်းသားပေါင်းစုံတို့လည်း ယခုချိန်ထိ တာဝန်ထမ်းဆောင်လျှက်ရှိနေပေသည်.....၂၀၁၃ လောက်အထိ ပြည်သူတွေဟာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား အခြေအနေကို အများကြီး မသိခဲ့ကြပါဘူး.....ဒီနေ့အချိန်မှာတော့ Social Media ရဲ့ အရေးပါမှုကနေတဆင့် သတင်းစီးဆင်းမှု မြန်လာချိန်မှာတေ့ အရင်အခြေအနေနဲ့မတူ ပြည်သူတွေ မျက်စေ့ပွင့်လာကြပါတယ်...ဒီအကျိုးဆက်ကတော့ အရင်က တပ်မတော်နဲ့ လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ရင် ဘာသိဘာသာ ကိုယ်နဲ့မဆိုင်သလို နေခဲ့သူတွေ ခေါင်းထောင်လာကြပါတယ်...တိုင်းရင်းသားတွေ ဘာလဲ....ဆိုတဲ့မေးခွန်းတွေ ထုတ်လာကြပါပြီ...အရင်လို တစ်ဘက်ပိတ် အစိုးရ ဘာလုပ်လုပ် ကြည့်မရသူတွေလည်း တော်တော်များများ အမြင်ပြောင်းလဲလာကြပါပြီ...မည်သည့်နိုင်ငံတွင်မျှ မရှိသော မကျင့်သုံးသော အလှည့်ကျကာချုပ်စနစ်နှင့် ဖက်ဒရယ် တပ်မတော်ကို စည်းလုံးသည့် ပြည်ထောင်စုကို ချစ်မြတ်နိုးသော တိုင်းရင်းသားများအပြင် မည်သည့် ပြည်သူကမျှ လက်ခံလိမ့်မည် မဟုတ်ကြောင်းကို အာဏာယစ်မူးနေသော လက်နက်ကိုင်ခေါင်းဆောင်များနှင့် အစွန်းရောက်နေသူများ သိနားလည်ဖို့လိုပါတယ်...
...........
ပုံကတော့ FUA ရူးနေသူများမှ သူတို့စုပေါင်းပြီး တပ်မတော်ကို စိန်ခေါ်လို့ရတဲ့သဘော ပြောထားခြင်းဖြစ်ပါတယ်...

www.mmdailystar.com

ဦးကိုနီ၊သို့မဟုတ်ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင်ဖန်တီးသူ


၂၀၁၅ ရွေးကောက်ပွဲကာလနီးကပ်လာသည့်နှင့်အမျှ နိုင်ငံရေးပါတီအသီးသီးအနေဖြင့် စက်တင်ဘာလ ၈ ရက်နေ့ကစလို့ မဲဆွယ်စည်းရုံးခြင်းများကိုဆောင်ရွက်နေပြီးဒီကာလဟာ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးရေချိန် အမြင့်တက်ဆုံးအချိန်လည်းဖြစ်ပါတယ်။ ပါတီအသီးသီးရဲ့ မဲဆွယ်ဟောပြောချက်များ ကို နိုင်ငံပို င် မီဒီယာများ၊ နိုင်ငံပိုင်သတင်းစာများမှ ၎င်းတို့၏ အာဘော်အတိုင်းထုတ် လွှင့်ဖော်ပြပေးနေသလို ပါတီ အသီးသီးကလည်းမြေပြင်တွင် မဲဆွယ်စည်းရုံးမှုများအဆက်မပြတ်ဆောင်ရွက်နေတာကြောင့် ပါတီတစ်ခု ချင်းစီရဲ့ မဲဆွယ်စည်းရုံးမှုများအပေါ် ပြည်သူလူထုကလေ့လာအကဲဖြတ်နေကြချိန်လည်းဖြစ် ပါတယ်။


အဲဒီအချိန်မှာဘဲ ၂၀-၉-၂၀၁၅ ရက်နေ့မှာဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်း၊ အမှတ်(၉၇)ရှိ Park Royal ဟိုတယ်၊ ရတနာခမ်းမမှာသမဂ္ဂကွန်ရက်၊ မြန်မာ-မွတ်စလင် လူမှု အကျိုးဆောင်ကွန်ရက်၊ အလင်းစက်ဝန်း (SY) အထောက်အကူပြု ကွန်ရက်တို့မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင် ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်   ရေးနှင့် မြန်မာ-မွတ်ဆလင်တို့ ၏ အခန်းကဏ္ဍဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲ ကို ဟာဂျီဦးအေးလွင်၊ ဒေါက်တာ မြင့်သိန်း(ခ) ငြိမ်းချမ်းလုလင်၊ ဦးသိန်းဝင်းအောင်၊   ရှေ့နေဦးကိုနီ၊  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ထွန်းကြည်၊ စည်သူမောင်(ဗကသနှုတ်ထွက်) အပါအ၀င် အင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ အဲဒီဆွေးနွေးပွဲမှာရှေ့နေဦးကိုနီက မွတ်စလင်ဘာသာဝင်များအားလုံး ၂၀၁၂ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲတွင် မွတ်စလင်များမှ NLD ပါတီကိုပုံအောပြီးမဲပေးခဲ့ကြ၍သာ NLD ပါတီအနိုင် ရခဲ့ခြင်းဖြစ်ကြောင်း၊ ယခုရွေးကောက်ပွဲတွင်လည်း NLD ပါတီကိုမဲပေးကြရန်နှင့် ဘာသာရေးဆိုင်ရာအစွန်းရောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။


ရှေ့နေဦးကိုနီဟာစစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာ၊ ရွာသား တစ်ဦး ဖြစ်ပြီးကသာအထက(၁)မှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ် ၀င်တန်းအောင်မြင် ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ B.A(Law) ဘွဲ့ကိုလည်းကောင်း၊ ၁၉၇၆ ခုနှစ်မှာ L.L.B ဘွဲ့ကိုလည်းကောင်းရရှိခဲ့ပါတယ်။ ၎င်းနောက် အမှုလိုက်ရှေ့နေ အဖြစ် ဆောင်ရွက်ခဲ့သလိုရန်ကုန် အဝေးသင်တက္ကသိုလ်နည်းပြ ပညာသင်ဌာန တွင်လည်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဥပဒေအကြံပေးအဖြစ် NLD ပါတီသို့ ၀င်ရောက်ခဲ့ပါတယ်။ ဦးကိုနီဟာ NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပါတီအကြိုက် အကြံပေးဆောင်ရွက် မှုများဟန်ပြပြုလုပ်ခဲ့သော်လည်း ၎င်း၏မူလရည်ရွယ်ချက်အတိုင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အဓိကဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီလူမျိုးများကို နိုင်ငံသားအဖြစ်လက်ခံရေးကို NLD ပါတီကိုအသုံးချပြီး တစ်စိုက် မတ်မတ်ဆောင်ရွက်ခဲ့ပါတယ်။ယခုအခါ ၂၀-၉-၂၀၁၅ ရက်နေ့က ပြုလုပ်ခဲ့သောဆွေးနွေးပွဲမှာလည်းအစိုးရမှသန်းခေါင်စာရင်းကောက် ယူရာတွင် အစ္စလာမ်ဘာသာဝင်များ ဘယ်မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသည် ကိုဖော်ပြ ထား ခြင်းမရှိကြောင်း၊ လက်ရှိလူဦးရေအရ မိမိတို့အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်းရှိကြောင်း၊ အချိုးအစား အရပြောရလျင် လွှတ်တော်အမတ် ၆၆၀ ဦးရှိလျှင် မိမိတို့မွတ်စလင် ၆၆ ဦးဖြစ် ရမည်ဖြစ်ကြောင်းလွှတ်တော်ထဲတွင် မွတ်စလင်အမတ်ပြောလျှင် မီဒီယာများကတစ်ဆင့် တစ်ကမ္ဘာလုံး သိသွားမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ မွတ်စလင်လူမျိုးများ၏ အခွင့်အရေးများ၊ ဘာသာရေးဆုံးရှုံး မှုများကိုနားလည်ပေးနိုင် သည့် NLD ပါတီကိုမဲပေးရန်လိုအပ်ကြောင်း၊ အစိုးရကလည်းမဲကွဲအောင် ဖန်တီးနေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်သွားပါကတရားဥပဒေစိုးမိုးရေးတွင် ခွဲခြားဆက်ဆံမှု များအားနည်းသွားနိုင်ပြီး အစ္စလာမ်ဘာသာဝင်များ ဘာလုပ်ရမည်ကို စဉ်းစား သင့်ကြောင့် ပြောကြားခဲ့ပါ တယ်။


ဒါ့အပြင် ဆွေးနွေးပွဲပါအချက်များနှင့်ပတ်သက်၍ Myanmar Muslim Media မှတစ်ဆင့် "၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာအစ္စလာမ်ဘာသာဝင်တွေ ဘယ်သူကိုမဲပေးသင့်သလဲ " ခေါင်းစဉ်ဖြင့် အပိုင်းလိုက်ခွဲကာအွန်လိုင်းမှတစ်ဆင့် ဖော်ပြလျက်ရှိပါတယ်။ဗုဒ္ဓဘာသာဝင်များအများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ယခင်ကတည်းကလွတ်လပ်စွာကိုးကွယ်ခွင့်နှင့်အတူဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင် များအေးချမ်း စွာအတူယှဉ်တွဲနေထိုင်ခဲ့ကြသော်လည်းနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ၀င်များအကြား မကြာခဏပဋိပက္ခများဖြစ်ပွားခဲ့ကြပါတယ်။ လက်တလောပဋိပက္ခများအနက် မိတ္ထီလာ၊ လားရှိုး၊ မန္တလေးပဋိပက္ခများသည် လှုံ့ဆော်မှုတစ်ခုရှိသည်နှင့် သာမန်အချိန်တွင်ပင် ပဋိပက္ခများဖြစ်ပွားခဲ့ တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။


ယခုလိုရွေးကောက်ပွဲနီးကပ်လာချိန်၊ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချိန်တွင် ဦးကိုနီ၏ ဘာသာရေးအသုံးချမဲဆွယ်မှုများ၊ အစ္စလာမ်ဘာသာဝင်များ လွှတ်တော်အတွင်းရောက်ရှိရေးကြိုးပမ်း မှုများ နှင့် ရွေးကောက်ပွဲတွင် NLD ပါတီမဲနိုင်၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပါက အစ္စလာမ်ဘာသာဝင်များ ဘာသာလုပ်ရမည်ကိုစဉ်းစားသင့်ကြောင်းတိုက်တွန်းပြောကြားမှုများဟာဘာသာရေးပဋိပက္ခများမဖြစ် ဖြစ်အောင်ဆောင်ရွက်နေသည်မှာပေါ်လွင်လျက်ရှိပါတယ်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပျက်စီးအောင် ရည်ရွယ်၍ ဘာသာရေးပဋိပက္ခများ ဖန်တီးနေသော  ရှေ့နေဦးကိုနီအား ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် ဥပဒေနှင့်မညီသော၊ ဘာသာရေးအစွန်းရောက်သောပြောဆို မှုများမပြုသင့်ကြောင်းသတိပေးလိုက်ပါတယ်။



From:__ မျိုးချစ်မောင်

www.mmdailystar.com

နှစ်ခါလာ နှစ်ခါလုံး အနင်းခံရတဲ့ အိုဘားမား

ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးသည် အောက်တိုဘာ ၅ ရက်က ဟင်္သာတမြို့နယ် ကျေးရွာအချို့၌ မဲဆွယ်စည်းရုံးခဲ့ပြီး ရဲကွင်းကျေးရွာသို့ ရောက်ရှိချိန်တွင် အိုဘားမား
နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတောပေါ့ဟု ပြောဆို မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။

"နိုင်ငံရေးစနစ် ပြောင်းလဲမှုကို ဘယ်သူတွေ အသိအမှတ်ပြုလဲဆိုတော့ ဟိုအရင်တုန်းက စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေတဲ့ ပြောင်းမှာ မဟုတ်ပါဘူးဆိုတဲ့ နိုင်ငံကြီးတွေ အသိအမှတ် ပြုလာတယ်။ အဆက်အသွယ် လုပ်လာတယ်။ အဲဒီအတွက် ဟိုးအရင်တုန်းက ကျွန်တော်တို့ကို ကုလသမဂ္ဂနယ်ပယ်မှာ အပြစ်တွေ တင်နေတယ်။ အရေးယူဖို့ လုပ်နေတယ်ဆိုတဲ့ နိုင်ငံကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာလည်ကြတယ်။
မစ္စတာ အိုဘားမား။ သူလာတယ်။ နှစ်ကြိမ်တောင် လာတယ်။ နှစ်ကြိမ်လာတော့ ဘာဖြစ်လဲ။ နှစ်ကြိမ် အနမ်းခံရတာပေါ့" ဟု ဦးဋ္ဌေးဦးက ရဲကွင်းကျေးရွာ၌ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးပွဲတွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဋ္ဌေးဦး၏ ပြောစကားတွင် ပါဝင်သော "နှစ်ကြိမ် အနမ်းခံရတာပေါ့" ဟူသည့် ပြောဆိုချက်သည် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခဲ့စဉ် နှုတ်ဆက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်။

ဦးဋ္ဌေးဦး နည်းတူ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်လည်း သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှုတ်ဆက်နေသော ဓာတ်ပုံတစ်ပုံကို ဗီနိုင်းပိုစတာထုတ်ပြီး မေးခွန်း
ထုတ်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း ဦးသိန်းအောင် ဗီနိုင်းပိုစတာ ကိုင်ဆောင်ထားသော ဓာတ်ပုံနှင့်တကွ ပြောဆိုထားသည့် Facebook Status တစ်ခု ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က လူမှုကွန်ယက်
စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ဖူးသည်။  ထိုသို့ ပျံ့နှံခဲ့ပြီး ၁၅ ရက်အကြာ ဟင်္သာမြု့နယ်တွင် မဲဆွယ် စည်းရုံးမှု၌ ဦးဋ္ဌေးဦး၏ တရားဝင် ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဋ္ဌေးဦးက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် လည်းကောင်း၊ ဦးသိန်းအောင်က ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) အင်္ဂပူမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
www.mmdailystar.com

ပြောင်းလဲချိန်တန်လို့ ကျွန်တော် NLD ကို မဲမပေးပါ

Aung Htut Thet

လူတစ်ချို့က အပြောင်းအလဲကို လိုချင်လို့ NLD ကို မဲပေးမယ် ပြောတယ်။ ကျွန်တော်ကတော့ NLD က အပြောင်းအလဲကို မဖော်ဆောင်နိုင်ဘူးထင်လို့၊ NLD မပါမှ အပြောင်းအလဲဖြစ်မယ်ထင်လို့၊ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံက ပြောင်းလဲချိန်တန်နေပြီ ဖြစ်လို့ NLD ကို မဲမပေးပါလို့ ပြောချင်တယ်။
NLD က ၁၉၈၈ ကနေဖွဲ့စည်းခဲ့တာ အခုဆိုရင် ၂၇ နှစ်ကျော်ပါပြီ။ စဖွဲ့ထဲကနေ အခုထိ ဘာလုပ်ဖို့လဲ ဆိုတာ မေးရင် ဒီမိုကရေစီဆိုတာ ခဏထား၊ အာဏာရရေးအတွက်ဆိုတာ ကျွန်တော်ယုံတယ်။ NLD ကို ဖိနှိပ်ခဲ့တယ် လို့ ပြောကြတယ်။ ဖိနှိပ်ခဲ့ရအောင် လုပ်ခဲ့တယ်ဆိုတာလဲ ကျွန်တော်သိတယ်။ အချိန်တိုင်း စကားမတည်ခဲ့တာ NLD ကိုယ်တိုင်ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ ၂၀၁၂ မှာ ပြန်ဝင်လာတယ်။ ကြားဖြတ်မှာ အနိုင်ရပေမယ့် NLD က ခွဲထွက်လာတယ်ဆိုတဲ့ NDF လောက်တောင် ဒီ ၃ နှစ်အတွင်း ဘာမှ မလုပ်နိုင်ခဲ့တာ လွှတ်တော်မှတ်တမ်းတွေ ပြန်ဖတ်ရင် သိသာပါတယ်။
အခုရွေးကောက်ပွဲအတွက် NLD ရဲ့ ကြေညာစာတမ်းထွက်လာတယ်။ အစိုးရဖွဲ့ဖို့ ပြောတယ်။ သမ္မတ ဘယ်သူ လုပ်မယ်ဆိုတာတောင် မကြေညာနိုင်တဲ့ ပါတီ၊ သမ္မတလောင်းဖြစ်နိုင်ခြေတောင် မမှန်းဆနိုင်တဲ့ပါတီက အစိုးရ ဖွဲ့နိုင်မယ်ဆိုတာလဲ ကျွန်တော် မယုံပါဘူး။
တိုင်းရင်းသားအရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကို NLD က အကောင်အထည်ဖော်နိုင်မယ်ဆိုတာ ကျွန်တော် လက်မခံဘူး။ ဘယ်တုန်းကမှ အဲဒီအရေးတွေကို တစ်စွန်းတစ်စလေးတောင် မလုပ်ခဲ့တဲ့ပါတီက ရွေးကောက်ပွဲကျမှ ဒီအရေးတွေအကောင်အထည်ဖော်ပါ့မယ် ပြောတာ ဘယ်လိုမှ ယုံကြည်မပေးနိုင်ပါဘူး။ ပင်လုံနဲ့ဖယ်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးပြီး သယံဇာတတွေကို ခွဲပေးမယ်ဆိုတဲ့ ကြေညာချက်နဲ့တင် သယံဇာတကြွယ်ဝတဲ့ပြည်နယ်တွေက တိုင်းရင်းသားတွေအကြိုက်မဲဆွယ်တယ်ဆိုပြီး ကျွန်တော်သုံးသပ် လိုက်တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြိုးစားမယ်ဆိုတာတော့ ကြေညာချက်ထဲ မပါလဲ အားလုံးသိပြီးသားပါ။ အခြေခံမူကိုပြင်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ်ဆိုတဲ့ စကားလုံးနဲ့ မြန်မာကိုတောင် ဘားမားလို့အမြဲသုံးနှုံးခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်အပေါ် ကျွန်တော် မယုံကြည်ပါဘူး။ တည်ငြိမ်အေး ချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကလွဲရင် ဘာပြည်ထောင်စုမှ မပြောင်းလဲချင်တဲ့အတွက် ကျွန်တော် NLD ကို မဲမပေးပါဘူး။
အုပ်ချုပ်မှုစနစ်မှာ ၀န်ကြီးဌာနတွေကို လျော့ချမယ်ဆိုတာ လက်ခံပေမယ့် NLD က လျော့ချမယ့် အစီအစဉ်ကို ကျွန်တော်သဘောမကျပါဘူး။ အစိုးရဖွဲ့ပြီး ၀န်ကြီးအဆင့်လုပ်နိုင်တဲ့သူတောင် လက်ရှိမတွေ့သေးတဲ့ပါတီက ၀န်ကြီးဌာနတွေလျော့ချပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ စကားလုံးဟာ ယုတ္တိရှိတယ်လို့ မထင်ပါဘူး။အဂတိ ကင်းစင်အောင်လုပ်မယ် ဆိုပြီး ပြောပေမယ့် တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ ၃ နှစ်သက်တမ်းမှာ ဘာအဂတိကင်းစင်မှုမှ မဆောင်ရွက်နိုင်တာကလဲ သက်သေရှိနေပါတယ်။
ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ဘယ်လိုဆောင်ရွက်မယ်ဆိုပြီး ကြေညာပေမယ့် လက်ရှိတပ်မတော်နဲ့ ရဲတပ်ဖွဲ့ အနေအထားကို စော်ကားတဲ့အသုံးအနှုံးတွေကြောင့် စိတ်ပျက်မိပါတယ်။ တပ်မတော်ကို ဂုဏ်သိက္ခာရှိအောင် NLD မှ လုပ်နိုင်သယောင် ကြေညာတာဟာလဲ တပ်မတော်ကို စော်ကားသလို ဖြစ်စေတယ်။ အဆိုးဆုံးကတော့ အစိုးရဖွဲ့မယ်၊ တပ်မတော်နဲ့နိုင်ငံတော်ကာကွယ်ရေး ယန္တရားတစ်ခုလုံးကို အုပ်ချုပ်မှုမဏ္ဍိုင်အောက်မှာ ထည့်မယ် ဆိုတာနဲ့ ဖယ်ဒရယ်ထူထောင်မယ်ဆိုတဲ့ စကားဆက်စပ်မှုဟာ တိုင်းပြည်ပြိုကွဲစေလောက်တဲ့အထိ အခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။
နိုင်ငံခြားဆက်ဆံရေးမှာဆိုရင်လည်း စစ်မှန်သောဒီမိုကရေစီအခြေခံများဘက်က ခိုင်မာစွာရပ်တည်မယ်ဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံရဲ့ကျင့်သုံးနေတဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို လုံးဝပျက်စီးစေလို့ လက်မခံ နိုင်ပါဘူး။ အနောက်မျှော်ဝါဒကို ကျင့်သုံးမယ်ဆိုတာ အလွန်သိသာနေပါတယ်။
ပညာရေးနဲ့ပတ်သက်လာရင် ဖယ်ဒရယ်ပြည်ထောင်စုမူနဲ့အညီ တိုင်းရင်းသားဘာသာစကားနှင့်ယဉ်ကျေးမှု အပေါ် အားပေးမြှင့်တင်နိုင်မည့် ပညာရေးစနစ်ကို ကျင့်သုံးမယ်ဆိုတာဟာလဲ လက်တွေ့နဲ့ကင်းကွာပြီး အကောင်အထည်ဖော်နိုင်မယ့်သူ မရှိတဲ့ ကြေညာချက်လို့ပဲ မြင်ပါတယ်။
နောက်ဆုံးပြောရရင် အစောပိုင်းဒွိဟဖြစ်နေတဲ့ NLD ကို အားပေးသင့် မပေးသင့်ဆိုတဲ့ စဉ်းစားမှုဟာ NLD ရဲ့ ကြေညာစာတမ်းဖတ်ပြီးတဲ့အချိန်မှာ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ပြောင်းလဲဖို့ အချိန်တန် နေပါပြီ။ ပါတီပေါင်းစုံပါဝင်ပြီး ဟန်ချက်ညီတဲ့အစိုးရတစ်ရပ် ဖြစ်တော့မယ့်အချိန်မှာ ကိုယ့်မဲတစ်ခုကြောင့် နောက်ကြောင်းပြန်ဆွဲမယ့် ပါတီကို အာဏာမပေးနိုင်တော့ပါဘူး။
ကျွန်တော်တို့နိုင်ငံက ပြောင်းလဲဖို့အချိန်တန်နေပြီဖြစ်လို့ ကျွန်တော် NLD ကို မဲမပေးပါ။
ဦးတိမ်
www.mmdailystar.com

ဓါတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတာ မဟုတ်ကြောင်း ကာချုပ်ပြော



တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ဓါတုလက်နက်တွေ အသုံးပြုနေတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်မှာ ရှိလည်း မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေအတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာဖြစ်ပါတယ်။
"ကျနော်တို့အပေါ်မှာ စွပ်စွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုမှ တိုက်ခိုက်နေတဲ့အပေါ်မှာ ဓါတုလက်နက်တွေ သုံးတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး၊ ရှိလည်း မရှိပါဘူး၊ မကြာသေးခင်ကာလ ကျနော်ကို အနောက်နိုင်ငံ သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုလာပြီးတွေ့ပါတယ်၊ ကျနော့်ကို မေးပါတယ်၊ခင်ဗျားတို့ဆီမှာ ဓါတုဗေဒ အဆိပ်သင့်လက်နက်တွေရှိတယ်လို့ သုံးနေတယ်လို့ပြောတယ်၊ အဲ့ဒါဘယ်လိုမှတ်ချက်ပေးချင်သလဲ မေးတဲ့အခါမှာ ခင်ဗျားကြိုက်သလို စုံစမ်းလို့ရတယ်၊ ဆိုတော့ ကြိုက်သလိုလုပ်ပါလို့ ခင်ဗျားသံသယရှိတဲ့နေရာ ကျနော်ကိုပြပါ၊ ကျနော်အကုန်လုံးပြဖို့ အဆင့်အသင့်ရှိတယ်၊ သို့သော်လည်းပဲ လျှို့ဝှက်အပ်တဲ့နေရာအတွက် ကျနော်တို့တွေက ပြလို့တော့မရဘူး၊ ကျန်တဲ့ဟာတွေ ခင်ဗျားတို့ကို အသိပေးမယ်လို့ ကျနော်ကပြောတယ်"
ဓာတုလက်နက် မပြန့်ပွားဖို့အတွက် တပ်မတော်အနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်နေပြီး ဓါတုလက်နက် အသုံးပြုမှုမရှိကြောင်း ကုလသမဂ္ဂကိုလည်း တရားဝင် ပြောကြားထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်လောက်က ဓာတုလက်နက်ထုတ်လုပ်ဖို့ သုသေတန ပြုလုပ်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အဏုမြူ လက်နက်တွေဝယ်ဖို့ တပ်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာလည်း မှားနေကြောင်း တပ်မတော်အနေနဲ့ စိတ်ကူးစိတ်သန်း မရှိကြောင်းလည်း ပြောပါတယ်။ အဏုမြူ နည်းပညာဟာ လူသားတွေအကျိုးအတွက်သာ ဖြစ်ရမယ်ဆိုတဲ့ သဘောထားမျိုးသာ တပ်မတော်မှာရှိကြောင်းလည်း ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အစိုးရဌာနဝန်ထမ်း ၈ဝဝ ကျော်နဲ့ တွေ့ဆုံခဲ့ပြီး ကျောင်းသုံးကွန်ပျူတာတွေကို ကျပ်သိန်း ၁၇ဝဝ ကျော်ဖိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
RFA Burmese

www.mmdailystar.com

KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးထားသည့် ကချင်လူမျိုး၂၅ ဦး အနက် အသက် အရွယ်ကြီးရင့်သူ ၁၀ ဦး ပြန်လည်လွတ်မြောက်


အောက်တိုဘာလ ၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာအနီးတစ်ဝိုက်မှ လူသစ် အဖြစ်ဖမ်းဆီးထားသည့် လယ်ယာ လုပ်ကိုင်နေသူ ကချင်လူမျိုး ၂၅ ဦး အနက် အသက်အရွယ်ကြီးရင့်သူ ၁၀ ဦးမှာKIA အဖွဲ့ထံမှစက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနှင့် ကျန်လူငယ်များအား ဖမ်းထားဆဲဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
“ ဒီဒေသမှာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးနေကြတာပါ၊ ဒါကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ချောင်းတစ်လျှောက်မှာ ရိုးရိုးသားသားနဲ့ လယ်ယာလုပ်ကိုင်နေတဲ့ ကချင်လူမျိုး ၂၅ ယောက်ကိုလည်း သူတို့စခန်းကို ဇွတ်အတင်းဖမ်းခေါ်သွားတယ်၊ အဲလိုဖမ်းထားတဲ့ လူသစ်တွေထဲက အသက်အရွယ်ကြီးတဲ့ ၁၀ ယောက်ပြန်လွတ်လာတယ်၊ သူတို့စခန်းမှာ မြက်ပေါက်ခိုင်းတယ်၊ ဆက်သွယ်ရေးမြောင်းတွေလည်း တူးခိုင်းတယ်၊ သစ်ခုတ် ၀ါးခုတ်တာတွေလည်း ခိုင်းတယ်၊ အစားအသောက်ကျတော့ ၀အောင်မကျွေးဘူး၊ နှိပ်စက်လိုက်၊ ခိုင်းလိုက်လုပ်နေတာ၊ မသေရုံတမယ် အရမ်းခိုင်းတာ၊ ကျန်တဲ့လူငယ်တွေကို လူသစ်ဆက်လုပ်ခိုင်းတယ်၊ ကြောက်လို့သာလုပ်နေရတာ၊ ဆန္ဒမပါတော့ ထွက်ပြေးချင်မှာပဲ’’ ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။
KIA အဖွဲ့သည် လယ်ယာလုပ်ကိုင်သူများအား အကြောင်းအမျိုးမျိုးပြကာ လူသစ်အဖြစ် ဖမ်းဆီးခြင်းနှင့် ကျေးရွာများအနီး မိုင်းထောင်ခြင်းတို့ကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းနန်ဗျူကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
နော်ဂျာ
www.mmdailystar.com

တရုတ်က ရှမ်းမြောက်ဒေသမှာ မြေဧက ၂သိန်းကျော် ငှားရမ်းဖို့ ကမ်းလှမ်းခဲ့


အောက်တိုဘာလ ၅ ရက်၊ ၂၀၁၅
တရုတ်အစိုးရက ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ သူထောက်ပံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေထားဖို့ မြေဧက ၂သိန်းကျော်ကို နှစ် ၉၀ စာချုပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ ငှားရမ်းဖို့ ကြိုးစားခဲ့တယ်လို့ ခိုင်လုံတဲ့ ကချင်သတင်းရပ်ကွက် ကဆိုပါတယ်။
ဒီအစီအစဉ်ကို ဆောင်ရွက်ဖို့ တရုတ်ဟာ ၂၀၁၃ ခုနှစ်ကတည်းက KIA ထံ ချဉ်းကပ်ခဲ့တာဖြစ်ပြီး၊ ဒါပေမယ့် အစီအစဉ်ကို KIA က လုံးဝလက်မခံဘူးလို့ သိရပါတယ်။
တရုတ်လိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအဖွဲ့တွေဟာ ၀၊ ကိုးကန့်နဲ့ တခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်နိုင်ပြီး၊ အဲဒီလို ထားရှိခြင်းဖြင့် တရုတ်ရဲ့ နယ်စပ်လုံခြုံရေးကိုလည်း ကာကွယ်ပြီးသားဖြစ်တယ်လို့ ကချင်သတင်းရပ်ကွက် က ဆိုပါတယ်။
မုံးကိုး ဒေသဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့ဒေသကို အခြေချစဉ်က တရုတ်နယ်စပ်ဖြတ်ကျော်ကာ စတင် သိမ်းပိုက်ခဲ့တဲ့ နေရာဖြစ်ပြီး ၊ အခုအခါမှတော့ ဒီနယ်မြေမှာ ကချင်တပ်မဟာ(၄)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ကိုးကန့်လက်နက်ကိုင်တွေ ထိန်းချုပ်လှုပ်ရှား ရာနေရာ လည်းဖြစ်ပါတယ်။
ဧရာဝတီ
www.mmdailystar.com

ဖားကန့်တွင် ရှမ်းနီပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်တွင် ရှမ်းနီပါတီဝင်တစ်ဦး ပစ်သတ်ခံရ
အောက်တိုဘာလ ၅ ရက်၊ ၂၀၁၅
ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာတွင် နေထိုင်သော တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)၀င် တစ်ဦးဖြစ်သည့် ဦးထွန်းလွင်သည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်၌ ၎င်း၏ နေအိမ်တွင် သေနတ်ကိုင် လူနှစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“ ဆုံးသွားပါပြီ အခုရေခဲတိုက်ထဲမှာ။ သေနတ်ဒဏ်ရာ ငါးချက်တွေ့ပါတယ်။ “ ဟု ဖားကန့်မြို့နယ် ဆေးရုံသို့ ရောက်ရှိနေသော ဖားကန့်မြို့နယ် TNDP ပါတီဥက္ကဌ ဦးခင်မောင်လွင်ကပြောကြားသည်။
ဦးထွန်းလွင်၏ TNDP ပါတီဝင်အမှတ်မှာ ၀၁၈၈၇၇ ဖြစ်ကြောင်းလည်း သိရသည်။
ဖြစ်စဉ်မှာ ဦးထွန်းလွင်သည် နတ်မှော်ကျေးရွာ နေအိမ်တွင် ညီဖြစ်သူနှင့် ရှိနေစဉ် ရေမဆေးဝတ်စုံဖြင့်လူနှစ်ဦးသည် ကျောက်အရောင်း အ၀ယ် ပြုလုပ်လိုသည့်ပုံစံဖြင့်လာရောက်ပြီး ကျောက်ကြည့်ရန်ကြောင်းပြ၍ အပြင်သို့ခေါ်ထုတ်သည်ကို ငြင်းဆန်သဖြင့် သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ ပထမလာတုန်းက လေးယောက်လာခေါ်တယ်။ ကျောက်ပြချင်လို့ပါဆိုပြီး။ မလိုက်တော့ နောက်တစ်ကြိမ် နှစ်ယောက်ပြန်လာပြီး အိမ်ပေါ်တက်သွား တယ်။ အဲ့ဒီအချိန် ဦးထွန်းလွင်က အိမ်ပေါ်မှာထိုင်နေတာ။ ခေါ်တာ မလိုက်တော့ ပြန်ဆင်း လာကြတယ်။ တစ်ယောက်က ဆိုင်ကယ်စက် အသင့်နိုးထားပြီး တစ်ယောက်က လေကားထိပ်ကနေ ပစ်သွားတာ။ “ ဟု ဖြစ်စဉ်အား စုံစမ်းလေ့လာထားသူ ဒေသခံတစ်ဦးကဆိုသည်။
အခင်းဖြစ်နေစဉ် ဦးထွန်းလွင်၏ ညီဖြစ်သူမှာ အိမ်အောက်လှေကားအနီးတွင် ရှိနေကြောင်းလည်း သိရသည်။
ဦးထွန်းလွင်သည် မကြာမီးအချိန်အတွင်း က ကျောက်အောင်ထားသည်ဟု သတင်းထွက်နေပြီး အခွန်ပေးဆောင်ရန် ဆင့်ခေါ်သဖြင့် ၁၇.၉.၂၀၁၅ တွင်တစ်ကြိမ် ၂၅.၉.၂၀၁၅ နေ့ရက်တွင်တစ်ကြိမ် ကောင်ဆန် ကျေးရွာတွင် KIA သယံဇာတရုံးမှ တာဝန်ရှိများနှင့် သွားရောက်တွေ့ဆုံကာ ဖြေရှင်းခဲ့ရကြောင်း လိုက်ပါခဲ့သူ တစ်ဦးကပြောကြားသည်။
အဆိုပါဖြစ်စဉ်များရှိထားပြီး ယခုအကြိမ်တွင်လည်း အရပ်ဝတ် ကချင်တိုင်းရင်းသား စကားပြော အမျိုးသားများက လာရောက်ပစ်ခတ်သဖြင့် ဒေသခံများက KIA အဖွဲ့ကဖြစ်နိုင်ကြောင်း သုံးသပ်မူများလည်း ရှိနေကြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ည ကိုးနာရီ ၁၅ အချိန်ခန့်က KIA Technical Team မှ ဗိုလ်မှူးကြီးခွန်နောင် အား ဖုန်းဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်အား ဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စအား သိရှိခြင်းမရှိသေးကြောင်းနှင့် ပြန်လည်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း ရှမ်းနီအသံဂျာနယ်သို့ ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် ပြန်သူ့ရဲဌာနမှ ပုဒ်မ ၃၀၂ ဖြင့် အမူဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဖားကန့်မြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက အဆိုပါကိစ္စအား ပါတီဗဟိုသို့ တင်ပြထားကြောင်းသိရသည်။
ရှမ်းနီအသံဂျာနယ်က ပါတီဥက္ကဌ ဦးစိုင်းဌေးအောင်အား ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပါ။
မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း အမူမှန်ကို သွားရောက်စုံစမ်းမည်ဖြစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းနီအသံဂျာနယ်သို့ပြောကြားသည်။
Copy by # The Voice of Shan-Ni
www.mmdailystar.com

အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးမည့်အဖွဲ့ကို လက်မှတ်မထိုးမီ သုံးရက်အလိုတွင် မတရားအသင်းမှ ပယ်ဖျက်ပေးမည်ဟုဆို



အောက်တိုဘာလ ၆ ရက်၊ ၂၀၁၅

တစ်နိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအား လက်မှတ်မထိုးမီ သုံးရက်အလို တွင် မတရားအသင်းအဖြစ်မှပယ် ဖျက်ကြောင်း ကြေညာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းကပြောကြားသည်။

အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်ရှစ်ဖွဲ့အကြား NCA လက်မှတ်ရေးထိုးပွဲ အကြို ညှိနှိုင်းအစည်းအဝေးတွင် ယင်း ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ အထွေထွေအတွင်းရေး မှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက လည်း မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးမည်ဟု အစိုးရက ပြောကြောင်း သတင်းထောက် များအား အတည်ပြုပြောကြားခဲ့ သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အစိုးရအကြား NCA လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ် သည်။

‘‘လက်မှတ်ထိုးမယ်လို့ အ ကြောင်းပြန်တဲ့သူတွေကို မတရား အသင်းကနေ ဖျက်မှာပါ။ အခုထိ အစိုးရဆီ တရားဝင်ဘယ်သူမှ အကြောင်းမပြန်သေးဘူး။ မကြေ ညာခင်မှာ တရားဝင်စာနဲ့ပေနဲ့ လက်မှတ်ထိုးမယ်လို့ ပြောတဲ့သူ တွေကို ကြေညာမှာပါ’’ဟု မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက ပြောသည်။

NCA စာချုပ်၊ အခန်း(၆)၊ အပိုဒ် ၂၄(ခ)၌ ‘သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်ကိုင်အဖွဲ့အ စည်းများအားလုံးကို မတရား အသင်းအဖြစ် ကြေညာထားခြင်း မှ ပယ်ဖျက်ရေးဆက်လက်ဆောင် ရွက်ရန် သဘောတူသည်။ ဤ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးကြသူများနှင့် ပတ်သက်မှု ရှိသည့် မည်သည့်ပုဂ္ဂိုလ် (သို့မ ဟုတ်) မည်သည့်အဖွဲ့အစည်းကို မျှ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေအရ သော်လည်း ကောင်း၊မတရားအသင်း အက် ဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်ခြင်းမပြု လုပ်ရန် သဘောတူသည်’ဟူ၍ ပါ ရှိသည်။

၁၉၀၈ ခုနှစ် အိန္ဒိယအက် ဥပဒေ ၁၄ ဖြစ်သော မတရား အသင်းများအက်ဥပဒေအောက် တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို အစိုးရကထည့် သွင်းထားခဲ့သည်။ ပြည်နယ်များ နှင့် နယ်စပ်ဒေသများတွင် ယခင် အစိုးရသက်တမ်းတစ်လျှောက် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁၊ ၁၇/၂ တို့ဖြင့်ဖမ်းဆီးထိန်း သိမ်းခံခဲ့ရသူ အများအပြားရှိခဲ့ သည်။ သို့သော် ယခုဦးသိန်းစိန် လက်ထက်တွင်မူ မတရားအသင်း အဖြစ်မှ မပယ်ဖျက်ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များ၊ ခေါင်းဆောင်များကို သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး များ၊ အစိုးရအဖွဲ့ကိုယ်စားလှယ် များက အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအ ရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်အမျိုး သားလွတ်မြောက်ရေးပါတီ (ALP) ၊ ပအိုဝ်း အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) ဆို သည့် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ က အစိုးရနှင့် NCA ရေးထိုးမည် ဟု သဘောထားထုတ်ပြန်ထား သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၁ အဖွဲ့အနက် ‘၀’ လက် နက်ကိုင်အဖွဲ့ UWSA နှင့် မိုင်း လားလက်နက်ကိုင်အဖွဲ့ NDAA တို့ကမူ လက်မှတ်မရေးထိုးဟု ကြေညာခဲ့သည်။ နာဂလက်နက် ကိုင်အဖွဲ့(NSCN-K)မှာလည်း လက်မှတ်ရေးထိုးရာတွင် မပါဝင် သေးဟုဆိုသည်။ ရှမ်းပြည်တပ် မတော်တောင်ပိုင်း RCSS/SSA အနေဖြင့် လက်မှတ်ထိုး၊မထိုး စဉ်းစားနေဆဲဖြစ်၍ အတည်မပြု နိုင်သေးဟုဆိုသည်။

ကျန်အဖွဲ့များသည်NCAကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် ရေးထိုးနိုင်ရေး တောင်းဆိုခဲ့ကြ သည်။ သို့သော် သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကိုသာNCA ရေးထိုးရန် ဖိတ်ခေါ်ခဲ့သည်။ အား လုံးပါဝင်ရေး သဘောတူညီချက် မရ၍ NCA လက်မှတ်မထိုးသေး ခြင်းဖြစ်သည်ဟု ကျန်အဖွဲ့များက ဆိုကြသည်။

NCA လက်မှတ်မထိုးသော အဖွဲ့များအနေဖြင့် မတရားအ သင်းအဖြစ် ဆက်လက်သတ်မှတ် ခံရမည်ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပသည့် အခါ ပါဝင်ဆွေးနွေးခွင့်ရမည် မဟုတ်ဘဲ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု အစိုးရကဆိုသည်။

NCA လက်မှတ်ရေးထိုးပွဲ၌ အဖွဲ့အစည်းအချို့သာ လက်မှတ် ရေးထိုးသည့်အတွက် NCA သည် ပြီးပြည့်စုံသည့် အနေအထားတွင် မရှိနိုင်ဟု တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၃ ရက်၌ ကြေညာချက်ထုတ်ခဲ့သည်။

7Day News Journal

www.mmdailystar.com

မွတ်ဆလင်နိုင်ငံဖြစ်သွားသော ဗုဒ္ဓဘာသာနိုင်ငံများ သမိုင်းအကျဉ်း"


မည်သူမဆို ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ သမိုင်းဟူသည် လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့မရပါ။ ယနေ့ ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံသည် ဘာကြောင့် သာသနာကွယ်ခဲ့ရသနည်း။ ရဟန်းတို့ စာပေမသင်ကြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို လေ့လာအားထုတ်မှုမရှိ၍လော အစားအစာရှားပါး၍လော၊ အနာရောဂါဘေးကြောင့်လော၊ ထေရဝါဒ၊ မဟာယန ဂိုဏ်းဂဏကွဲပြား၍လော၊ ဗုဒ္ဓဘုရားရှင်၏ သားတော် ရဟန်းတော်များ အချင်းချင်းခိုက်ရန် ဒေါသဖြစ်၍လော၊ အထက်ပါ အကြောင်း အရာများကြောင့် မဟုတ်ပါဘဲ မွတ်ဆလင်များ၏ နှစ်ရှည်လများ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ကျောင်းတိုက်တွေကို မီးရှို့ခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရလေသည်။
မြန်မာနိုင်ငံမှာ အချို့သော ပြက္ခဒိန်များသည် နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာပုံဟူ၍ အုတ်ရိုးမျှသာရှိသောပုံကို မကြာခဏထုတ်ဝေတာရှိပါတယ်။
ထိုနာလန္ဒာတက္ကသိုလ်ကျောင်းတိုက်ကြီးသည် စာသင်သားရဟန်းနှစ်သောင်းကျော်ရှိပါတယ်။ အခြားသော ဝိက္ကမသီလာတက္ကသိုလ်၊ ဇဂန္ဒလတက္ကသိုလ် ကြီးများလည်း အများအပြားရှိခဲ့ပါသည်။ မဂိုဘုရင်အော်ရန်ဇစ်ဟာ ယင်းတက္ကသိုလ်ကြီးများကို မြင်းစစ်သည်များနှင့် ဝိုင်းဝန်းတိုက်ခိုက်ပြီး ရဟန်းတွေကို အရှင်လတ်လတ် မီးရှို့သတ်ကြပါတယ်။ ကျောင်းတိုက်ကြီးတွေကို မီးရှို့ ဖျက်ဆီးခြင်းကြောင့် ရဟန်းတော်တွေအားလုံး သေပွဲဝင်ခဲ့ရတာပါ။ သမိုင်းသုတေသီတို့ အဆိုအရ ယင်းတက္ကသိုလ်ကြီးများ ပိဋကတ်စာပေများကို မီးရှို့ဖျက်ဆီးရာတွင် လနှင့်ချီ၍ ကြာညောင်းခဲ့ရကြောင်း သိရပါတယ်။
အင်ဒိုနီးရှား မလေးရှားစတဲ့နိုင်ငံတွေသည် ကျွန်းငယ်သုံးထောင်ကျော်ဖြင့် ဝိုင်းရံထား၍ လွန်စွာ သာယာလှပါတယ်။ အင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ တံခါးပေါက်လည်းဖြစ်၍ ကမ္ဘာ့ကုန်သွယ်ရေကြောင်း၏ သော့ချက်လည်းဖြစ်၍ စည်ပင်ဖွံ့ဖြိုးပါတယ်။ ၄င်းနိုင်ငံတို့သည် တစ်ချိန်က သီရိဓမ္မာသောကမင်းကြီး၏ သာနာပြုမှုကြောင့် (၃)ရာစုမှစ၍ ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့ပါတယ်။ (၇)ရာစုတွင် လင်းတန်းမြို့နန်းတည်သော သီရိဝိဇယမင်းလက်ထက်မှ ဗုဒ္ဓသာသသနာ အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။သီရိဝိဇယ တက္ကသိုလ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ စာသင်ရဟန်းတော်များ သိန်းနှင့်ချီ၍ ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိခဲ့ရပါတယ်။ ကမ္ဘာ့အကြီးဆုံး အနုပညာလက်ရာအမြောက်ဆုံး ဗောဓေါဗုဒ္ဓေါ စေတီကြီးကိုလည်း တည်ထားကိုးကွယ် ခဲ့သည်။ ဗုဒ္ဓသာသနာထွန်းကားပြီး နှစ်ပေါင်း(၁၅၀၀) ကျော် ခန့်ကြာသောအခါ အာရပ်မွတ်ဆလင်ကုန်သည်တို့သည် ရေကြည်ရာ မြက်နုရာ ရှာ၍ အရောင်းအဝယ်ဖြင့် ရောက်လာကြပြီး အချေချနေထိုင်ခြင်းကို လုပ်လာကြသည်။ ရိုးသားသော ကျွန်းသူကျွန်းသားတွေအပေါ် လူဖောက်သာသနာပြုနည်းဖြင့် အဓမ္မသာသနာပြုကြသည်။ မွတ်ဆလင်ဘာသာဝင်များလာသောအခါ ဗုဒ္ဓဘာသာဝင် ဘုရင်ဖြုတ်ချကာ စူလ်တန်မွတ်ဆလင်ဘုရင် များကိုတင်၍ မွတ်ဆလင်နိုင်ငံအဖြစ် ကြေငြာသည်။ ဗောဓေါဗုဒ္ဓေါစေတီတော်ကြီးကိုလည်း ဖျက်ဆီးလိုက်ကြ၏။ ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဗုဒ္ဓဘာသာကိုးကွယ်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအရေးယူ ထောင်ချခြင်းများကို ပြုလုပ်လာသည့်အတွက် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတွေမှာ မွတ်ဆလင်တို့ရောက်ပြီး နှစ်ပေါင်း(၂၅၀)ခန့်နှင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရပါတယ်။ မွတ်ဆလင်တို့ ဖျက်ဆီးခဲ့သော ဗောဓေါဗုဒ္ဓေါစေတီကြီးကို ၁၉၈၃ခုနှစ်က ကုလသမဂ္ဂထိန်းသိမ်းပြုပြင်ထားသောကြောင့် ယခုတိုင်ရှိနေပါသေးတယ်။
အာဖဂန်နစ္စတန်နိုင်ငံသည် ဟိန္ဒူကုရှ၊ တောင်တန်းစသည်တို့ဖြင့် ဝန်းရံထားသော တောတောင်ထူထပ်သော နိုင်ငံဖြစ်သည်။ ရာသီဥတု ကောင်းမွန်ချိန်တွင် ဆီးနှင်းများဖုံလွှမ်းသော တောင်တန်းကြီးများ အလှကြောင့် အလွန်သာယာပါသည်။
သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုကြောင့် ၂၀၀-B.C စ၍ ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ နေရာဖြစ်ခဲ့သည်။ ဗုဒ္ဓစာပေများတွင် ထင်ရှားသော မိလိန္ဒမင်းခေါ် မီးနန္ဒားသည် ကဗူးမြို့၌ ထီးနန်းစိုက်ပြီး သာသနာတော်ကို လွန်းစွာကြည်ညိုထောက်ပံ့ခဲ သဖြင့် တရားစောင့်သော မင်းဟု ကျော်ကြားခဲ့သည်။ ပေသုံးရာခန့်ရှိသော ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ကျောက်တောင်ခါးပန်းမှာ ထုလုပ်၍ တည်ထားကြသည်။ A.D-200 သို့ရောက်သောအခါ အာရပ် မွတ်ဆလင်တို့ ဝင်ရောက်ပြီး တိုက်ခိုက်သတ်ဖြတ်၍ ဗုဒ္ဓဘာသာဝင်အားလုံး အမြစ်မကျန်ဖြိုဖျက်ခံရပါတယ်။ ဘုရား စေတီပုထိုးများသည် အုတ်ပုံ ပြာပုံဘဝ ရောက်သွားပါတယ်။ မြင့်မားသော ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အလှမ်းမှီသမျှ ဖျက်စီး ပစ်ကြပါတယ်။ ရုပ်ပွားတော်ကြီး တချို့သည် ကြီးမားခိုင်ခန့် အထက်ပိုင်းကို မဖျက်စီးနိုင်ကြပေ။
၂၀၀၁ခုနှစ် ဦးပိုင်းရောက်လာသောအခါ အိုစမာဘင်လာဒင်နှင့် တာလီဘန်ခေါင်းဆောင် မူလာမိုဟာမက်အိုမာတို့ ဦးဆောင်သော မွတ်ဆလင်အစိုးရအဖွဲ့သည် ဗုဒ္ဓရုပ်ပွားတော်များအား သူတို့ဘာသာနှင့် မညီညွတ်ဟုဆိုကာ ဒုံးကျည်နှင့် ပစ်ဖတ်ဖျက်ဆီးကြပါတယ်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာရဲ့ အထိမ်းအမှတ်ရုပ်ပွားတော်မြတ်ကြီးဖြစ်လို့၊ ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် မဖျက်ဆီးဘို့ ဝိုင်းဝန်မေတ္တာရပ်ခံသော်လည်း အရာမရောက်ဖြစ်ခဲ့ပါတယ်။ ဤဖြစ်ရပ်ကား ဘာမျှ မကြသေးပါ။ အတိတ်သမိုင်းက မွတ်ဆလင်တို့ကြောင့် ဗုဒ္ဓဘာသာနိုင်ငံများဟာ မွတ်ဆလင်နိုင်ငံများဖြစ်ခဲ့ရသည့်ကို သံဝေဂ ယူပြီး အမျိုး ဘာသာ သာသနာအတွက် အချိန်ရှိခိုက် ကြိုးစားသင့်လှတော့၏။ ယခုအချိန်မှာမှ သံဝေဂမယူသေးဘဲ အမျိုး ဘာသာ သာသနာကို မျက်ကွယ်ပြုပြီး စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတွေမှာ စည်းကမ်းမဲ့နေမည်ဆိုပါလျှင် နောင်မျိုးဆက်သစ်လေးများ၏ လက်ထက်ရောက်သည့်အခါ မွတ်ဆလင်တို့၏ ဓားမိုး အုပ်ချုပ်ခြင်းကို ခံရမည်ဖြစ်ပေသည်။ မဖြစ်ဘူးဟု မည်သူမျှ ပြောမရပါ။ အင်ဒို၊ မလေး၊ စတဲ့နိုင်ငံတွေတုန်းကလည်း ဒီလိုမျိုး ထင်ခဲ့မည်မဟုတ်ပါ။ သို့သော် တကယ်ဖြစ်လာခဲ့ပေသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မင်းနိုင်
www.mmdailystar.com

သျှမ်းပြည်တပ်မတော် SSPP/SSA (ဝမ့်ဟိုင်း) ဌာနချုပ်အနီးသို့ အစိုးရတပ်များ ပိုများလာ


အောက်တိုဘာ ၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် ဒေသများ၌ အစိုးရတပ်များ ပိုမိုများပြားလာသည့်အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA တာ့ဖါဆောင်တံတားအား တိုက်ခိုက်ခြင်း တနှစ်ပြည့် လာသည့်ကာလ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ ဝမ့်ဟိုင်းသို့ အသွားလမ်းခရီး၌ ဒေသခံများအားရှောင်တခင် စစ်ဆေးခြင်းများ ၊ အင်အားဖြည့် လှုပ်ရှားခြင်းများ ၊ တရက်ထက် တရက်ပိုမို များပြားလာနေ ကြောင်း ဌာနချုပ် အရာရှိများ ကပြောသည် ။
“ မိုင်းဇံဘက်က နေလာတဲ့တပ်က နမ့်မော်နုတ်တူ့ မှာ ၂၀၀ ကျော်၊ မိုင်းခန် မှာ ၁၀၀ ၊ နောင်ယာ့ဆိုင်း မှာ ၅၀ ခန့်၊ ပူးလိုင်း မှာ ၄၀ လောက် ထူးထူးခြားခြား လှုပ်ရှားလာနေတယ် ”- ဟု SSPP/SSA ပြောရေးဆို ခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောပါသည် ။
မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်မူ မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုးနေထိုင်ကြောင်းလည်း သိရသည် ။
ထို့အတူ အမည်မဖေါ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးကလည်း ယနေ့မှာပင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်းတကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းတကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟုလည်း သိရသည် ။
၂၀၁၄ အောက်တိုဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏တာ့ဖါဆောင် တပ်စခန်း ၊ ကောင်းမဟင်တန် ၊ ကောင်းစဝ်မိန်း ၊ ကောင်းမုံမိန်း ၊ ကောင်းမိုက်ညောင် ၊ နမ့်ပုတ် စသည့် တပ်စခန်း များအား စစ်အင်အား အလုံးအရင်းနှင့် တိုက်ခိုက်သည်မှာ တနှစ်ပြည့်သည့် အချိန်လည်း ဖြစ်သည် ။
စစ်ရေးလေ့လာသူ တော်လှန်ရေးသမားဟောင်း တဦးဖြစ်သည့် ဦးစိုင်းဆိုင် က - “ NCA လက်မှတ် ရေးထိုးရေး ကိစ္စနဲ့ ပဲဆိုင်တယ်ထင်တယ် ။ မထိုးတဲ့ အထဲမှာ SSA ဝမ့်ဟိုင်း လဲ ပါနေတော့ သူ့ ကို ဖိအားပေးဖို့ ဖြစ်နိုင်တယ် ။ တိုက်ချင်မှ တိုက်မှာပါ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောဆိုသုံးသပ်ပါသည် ။
အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။
မည်သို့ပင်ဆိုစေ မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။
ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောက်စီ UNFC အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်သေးသည့် တပ်ဖွဲ့ ၁၀ ဖွဲ့တွင် ပါဝင်သည် ။

သျှမ်းသံတော်ဆင့်
www.mmdailystar.com
Related Posts Plugin for WordPress, Blogger...