Thursday, 8 October 2015

အရူးဘစိုး ဘစိုးအရူး

အမှန်အတိုင်း ၀န်ခံရရင် ...
အခုနောက်ပိုင်း ဒေါ်စုရဲ့  ပြောစကားတွေကို ...
တဖြည်းဖြည်းနဲ့  ဥာဏ်မီတော့ဘူး ...
ဒီရက်ပိုင်းအတွင်း ....
အိန္ဒိယ ရုပ်သံအစီအစဉ် To The Point ကို ...
ပြောတဲ့  စကားတွေကတော့ ...
နားထောင်ရတဲ့ သူကိုပါ ...
ရူးကြောင်ကြောင် ဖြစ်သွားစေတယ် ...
ဘာလို့ လဲ ?
NLD ရွေးကောက်ပွဲနိုင်လို့  အစိုးရဖြစ်ရင် ...
အစိုးရ အဖွဲ့ ခေါင်းဆောင်က သူပဲ လို့  ..
ဒေါ်စုက ထုတ်ပြောတယ် ...
အိန္ဒိယ ရုပ်သံက ပြန်မေးတယ် ....
ခင်ဗျား သမ္မတ မဖြစ်ရင် ...
အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာမလဲတဲ့  .....
ဒေါ်စု ပြန်ဖြေတာက ...
ဘာလို့မဖြစ်နိုင်ရမလဲ ...
နိုင်ငံကို ဦးဆောင်ဖို့ သမ္မတ ဖြစ်ဖို့ လိုလို့လား တဲ့  ...
အိန္ဒိယ ရုပ်သံက ရှင်းအောင်ထပ်မေးတယ် ....
ဒါဆို ဒါဟာ ဒေါက်တာမန်မိုဟန်ဆင်း သမ္မတဖြစ်ခဲ့တုံးက ...
အိန္ဒိယမှာ ဆိုနီယာဂန္ဒီရဲ့ အခန်းကဏ္ဍလိုမျိုးပေါ့ တဲ့  ...
( ဆိုနီယာဂန္ဒီဟာ အီတလီနိုင်ငံဖွား အိန္ဒိယအမျိုးသမီး ...
၁၉၉၁ မှာ လုပ်ကြံခံရလို့ သေဆုံးသွားတဲ့  ...
အိနိံ္ဒယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့  ဇနီး ...
သူဟာ အဲဒီအချိန်ကစလို့  ...
အိန္ဒိယနိုင်ငံရေးမှာ ထင်ရှားခဲ့တယ် ...
လက်ရှိ အိန္ဒိယ အမျိုးသား ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ ဖြစ်တယ် ...
အဲဒီနေရာကို သူယူထားတာ ၁၉၈၈ ကတည်းက ဖြစ်တယ် ...
သူအနေနဲ့  အီတလီမှာမွေးခဲ့သူဖြစ်လို့  ...
အိန္ဒိယ ၀န်ကြီးချုပ်ဖြစ်ဖို့ အတွက် ...
ပြသနာတွေ အများကြီးရှိနေတယ် ...
ဒါကြောင့် သူ ၀န်ကြီးချုပ် လုပ်လို့ မရဘူး ....
သို့ သော် အိန္ဒိယမှာ တက်လာတဲ့ အစိုးရအဆက်ဆက်ဟာ ....
သူ့ အကြံဥာဏ်ကို ယူကြရတယ် ...
သူ ဟာ လက်ရှိအချိန်အထိ ...
အိန္ဒိယ နိုင်ငံရေးမှာ သြဇာကြီးတဲ့  ....
ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် တည်ရှိနေတယ် ...
ဒါကို ရည်ရွယ်ပြီး ဒီလိုပုံစံလားလို့  ...
အိန္ဒိယ ရုပ်သံက မေးတာဖြစ်တယ် ... )
ဒေါ်စု ပြန်ဖြေတာက ရှင်းတယ် ...
မဟုတ်ဘူး တဲ့  ...
အပြည့်အစုံက ဒီလို ....
မဟုတ်ပါဘူး။ အဲဒီလိုမျိုး မဟုတ်ပါဘူး ....
ရှင်စောင့်ကြည့်ပါ ....
ကျမတို့ ရွေးကောက်ပွဲကို ရာနှုန်းပြည့် နိုင်တယ်လို့ မျှော်လင့်ပါ ...
အဲဒီနောက် ကျမစိတ်ထဲရှိတာ ရှင်သိရမှာပါ .... တဲ့  ...
ဒါ ဒေါ်စုဖြေတာ ...
ဒါနဲ့ ဟိုက ထပ်မေးတယ် ...
အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်တဲ့ အခြေအနေ တစ်ရပ်ရှိရင် ....
အဲဒီအစိုးရရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဟုတ်ဟုတ် မဟုတ်ဟုတ် ...
ဒေါ်အောင်ဆန်းစုကြည် ဖြစ်မယ်ဆိုတာလား ... ?
ဒေါ်စု က ပြန်ဖြေတယ် ...
.“သိပ်မှန်တာပေါ့ ....
NLD အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင်ဟာ ကျမပဲ ဖြစ်ဖို့ရှိတာပေါ့ ....
ဘာဖြစ် လို့လဲဆိုတော့ ...
ကျမက ကျမပါတီရဲ့ ခေါင်းဆောင် ဖြစ်နေလို့ပဲ” တဲ့  ....
ဒေါ်စု ပြောစကားအားလုံးကို နားထောင်ပြီးချိန်မှာ ...
ဒီလို သဘောပေါက်မိတယ် ...
အန်အယ်လ်ဒီ ပါတီက နိုင်ရင် ...
သူ့ ဆီက တင်တဲ့ သမ္မတ တက်လာမယ် ....
အဲဒီ သမ္မတက အစိုးရအဖွဲ့ ကို ဖွဲ့ စည်းမယ် ....
ပြီးရင် အဲဒီ သမ္မတ ဦးစီးတဲ့  အစိုးရအဖွဲ့ ကို ...
သူက ဦးဆောင်မှာ ....
ရှင်းရှင်းပြောရင်တော့ အဓိပ္ပာယ်က ဒီလိုရတယ် ...
ဒေါ်စု ချုပ်ကိုင်မယ့် ရုပ်သေးအစိုးရ ...
ဒါဆို သေချာသွားပြီ ...
ဒေါ်စုလိုချင်တာ ဒီမိုကရေစီမဟုတ် ...
သမ္မတ ကဲ့ သို့ နေရာ ...
သူ့ ခြေသူ့ လက် ...
စိတ်ကြိုက်လုပ်နိုင်မယ့်  အာဏာရှင်နေရာ ...
ဒါပဲ ဖြစ်တယ် ...
ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ..
သမ္မတဟာ မိခင်ပါတီရဲ့ တာဝန်တွေကို မထမ်းဆောင်ရဘူး ...
အဓိပ္ပာယ်က ...
တိုင်းပြည်တာဝန် သမ္မတတာဝန်ကို ထမ်းဆောင်ရာမှာ ...
ပါတီရဲ့ အရိပ်က လွတ်စေချင်တာ ...
အခုဟာက သူ့ ပါတီနိုင်ရင် ...
တက်လာတဲ့  သမ္မတရော ...
အစိုးရအဖွဲ့ ကိုရော သူဦးဆောင်မှာတဲ့  ...
သေချာပါတယ် ...
မဟုတ်ဘူး ဆောရီး ...
သူ မရူးဘူး ...
သူက နိုဘယ်ဆုရှင် ..
ကမ္ဘာသိ မြန်မာသိ အင်္ဂါဂြိုလ်သိ ...
ဒီမိုကရေစီ ရဲ့  အိုင်ကွန်...
ဖြစ်နိုင်တာကတော့ ....
ကျွန်တော်ပဲ ရူးတာနေမှာ ...
ရူးပြီ ...မူးပြီ ...
ချာချာလည်ပြီ ...
ငိုးမ ဘစိုး ... ရူးပြီလေ ...
frown emoticon frown emoticon frown emoticon frown emoticon frown emoticon .....
( ရဲမိုး )




www.mmdailystar.com

ဟင်္သာတတက္ကသိုလ်အနီးရှိ အခန်းလုံကော်ဖီဆိုင်ဆယ်ဆိုင်ခန့်ဖွင့်လှစ်



ဟင်္သာတ အောက်တိုဘာ ၇

ဟင်္သာတတက္ကသိုလ်အနီးနှင့် တက္က သိုလ်ရှေ့ မြို့ပတ်ကားလမ်းမကြီးဘေးတစ်ဖက်တစ်ချက်ရှိခြံကျယ်ကြီးအချို့တွင် အခန်းလုံများဖြင့် ကော်ဖီနှင့်စားဖွယ်စုံဆိုင်များ ၁၀ ဆိုင်ဝန်းကျင် ဖွင့်လှစ်ထားသည်ကိုတွေ့ရှိရကြောင်း ကျောင်းသားမိဘများနှင့်ရပ်ကွက်နေထိုင်သူများကပြောကြားသည်။

အဆိုပါ အခန်းငယ်များတွင် လူငယ်များ အဖွဲ့လိုက် သောက်စားနေခြင်း ၊ ချစ်သူစုံတွဲများ၏ မဖွယ်မရာ နေထိုင်မှုများကို လည်းတွေ့ရှိရသဖြင့် ပညာရေးကိုထိခိုက်နိုင်ခြင်း၊ အချိန်မတိုင်မီအိမ်ထောင်ပြုရခြင်းစသည့် မလိုလားအပ်သောအခြေအနေများကို တားဆီရန် သက်ဆိုင်ရာများက အခန်းလုံများထားရှိသည့် ကော်ဖီဆိုင်များကို လိုအပ်သလို အရေးယူသင့်ကြောင်း ၎င်းတို့ကဆိုသည်။

"ဆိုင်ခန်းအရေအတွက်က ၁၀ ဆိုင်ကျော်မယ်ထင်တယ် ၊ အရင်ကဖွင့်ခဲ့တဲ့ဆိုင်တွေကတော့ အရိပ်ရရုံလောက်ပဲဆောက်ထားတယ် ခုနောက်ပိုင်းဆိုအချို့က လုံခြုံတဲ့အဆင့်ဆောက် ထားတော့ ကော်ဖီဆိုင်ဆိုပေမယ့် အပြင်ကဝယ်လာတဲ့ မူးယစ်စေတဲ့အရာတွေလည်းလုပ်လို့ရတယ်
မဖြစ်သင့်တာတွေလည်း စိတ်ကွယ်ရာမှာဖြစ်နိုင်တယ် အရိပ်ရရုံဆောက်ထားသင့်တယ်" ဟုအင်္ဂပူမြို့ခံ ကျောင်းသားမိဘ ဦးအောင်စိန်ကပြောကြားသည်။

စက်တင်ဘာလအတွင်းက ကြံခင်းမြို့နယ်မှဟင်္သာတမြို့နယ်သို့လာရောက်၍ သားဖြစ်သူ၏ပညာရေးအခြေအနေကိုလာရောက်ကြည့်ရှုရာ နေထိုင်ရာအဆောင်တွင်မရှိသဖြင့် သူငယ်ချင်းများကတွေ့ခဲ့သည့် ဆိုသည့် ကော်ဖီဆိုင်တစ်ဆိုင်ကိုလိုက်သွားရာ သားဖြစ်သူက ချစ်သူမိန်းက
လေးနှင့်လုံခြုံသည့်အခန်းတွင် ထိုင်လျက်တွေ့ရှိရပြီး အခြားကျောင်းသူကျောင်းသားစုံတွဲများကိုလည်းတွေ့ရှိခဲ့ရသဖြင့် စိတ်ထဲမကောင်းဖြစ်ခဲ့မိကြောင်း ကျောင်းသားမိဘဖြစ်သူဦးကံမြင့်ကပြောဆိုသည်။

ဟင်္သာတတက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် ကော်ဖီဆိုင်ဖွင့်ထားခြင်းသာဖြစ်ပြီးဥပဒေမဲ့လုပ်ငန်းများလုပ်ကိုင်ခြင်းမရှိသည့်အပြင် ကျောင်းသားများအကျင့်ပျက်စေမည့်နည်းလမ်းများဖြင့်ကော်ဖီရောင်းချခြင်းမဟုတ်ကြောင်း၊ အလုံအခြုံဖြစ်နေသည့်အခန်းဆိုသည်မှာလည်း ဘန်ဂလိုငယ်လေးများကို အရိပ်ရစေရန် ဇာစိမ်းများကပ်ထားခြင်းသာဖြစ်ပြီး အတွင်းအပြင် အပြန်အလှန်မြင်နိုင်သည့် အနေအထားများ သာဖြစ်ကြောင်း၊ အမှန်တကယ်စိစစ်သင့်ခြင်းမှာ ကော်ဖီဆိုင်များမဟုတ်ဘဲ အခြားလိုင်စင်စည်းကမ်းပျက်ဆိုင်များသာဖြစ်ကြောင်း ကော်ဖီဆိုင်ဖွင့်ထားသည့် အမည်မဖော်လိုသည့်လူငယ်တစ်ဦးကပြောကြားသည်။

ကော်ဖီဆိုင်များကိစ္စကို စည်ပင်သာယာရေးအဖွဲ့ရုံးဖုန်းထံဆက်သွယ်မေးမြန်းရာ အမှုဆောင်အရာရှိ မရှိသဖြင့် ဖြေကြားနိုင်ခြင်းမရှိဟုဆိုသဖြင့် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးရုံထံမေးမြန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စိစစ်ခိုင်းပါမည်ဟု တာဝန်ရှိသူတစ်ဦးကဖြေကြားသည်



www.mmdailystar.com

လုပ်ခလစာ နှင့် အချိန်ပိုကြေးများ မရရှိသောကြောင့် ဗစ်တိုးရီးယားကုန်တိုက် အလုပ်သမားများ ဆန္ဒပြ


ရန်ကုန်၊ အောက်တိုဘာ ၇
အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ် နှင့်အချိန်ပိုကြေးများ မရရှိသည့် လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီးဗစ်တိုးရီးယား ကုန်တိုက်မှ အလုပ်သမား ၃၀၀ ဝန်းကျင် သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းအလုပ်သမားများထံမှ သိရှရသည်။
လုပ်သက်နှစ်အလိုက် လစာ ၄သောင်းကျပ်မှ ၆ သောင်းအထိ ရရှိနေသည့်ဝန်ထမ်းများသည် ပိတ်ရက်မရှိ အချိန်ပြည့် လုပ်ကိုင်နေရပြီးတနင်္ဂနွေနေ့အတွက် အချိန်ပိုကြေး ၂၂၀၀ ကျပ်သာရရှိကြောင်း၊ အောက်တိုဘာလ ၆ရက်နေ့က ထုတ်ပေးသည့် စက်တင်ဘာလ လစာတွင် အလုပ်သမား ဥပဒေအရ ပြဌာန်းချက်များအတိုင်း ပါဝင်လာခြင်းမရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း အလုပ်သမားများကပြောဆိုသည်။
ကုန်တိုက်ဝန်ထမ်းများသည် နံနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရပြီးတစ်လလျှင် ၃ရက်အထက် အလုပ်ပျက်ကွက်ပါက လစဉ် ထောက်ပံ့ကြေးအဖြစ် ပေးထားသည့် ကျပ်လေးသောင်းကို အဖြတ်ခံရသည့်အပြင် ပျက်သည့်ရက်အလိုက် အခြေခံလစာထဲမှ အချိုးချ၍ ထပ်မံအဖြတ်ခံခြင်းများ ကြုံတွေ့နေရကြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုလှိုင်သူထွေးက ပြောဆိုသည်။
"မနက် ၉နာရီကနေ ည၉ နာရီထိဆင်းရတယ်။စားသောက်ချိန် တစ်နာရီကိုနုတ်မယ်ဆိုရင် Overtime က နေ့တိုင်း ၃ နာရီလောက်ဆင်းရတယ်။ကျွန်တော်တို့ကတော့ တစ်လကို ၃၆၀၀ နဲ့ တွက်တဲ့ နှုန်းထားရယ်၊ Overtime ကြေးရယ်၊ အလှည့်ကျ နားရက်လေးရချင်တယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အလုပ်သမားများ၏ တောင်းဆိုနေမှုကြောင့် အလုပ်ရှင်များနှင့်အလုပ်သမားကိုယ်စားလှယ်များမှာ
လှိုင်သာယာမြို့နယ်အလုပ်သမားညွှန်ကြားရေးမှုးဦးစီးဌာနတွင်ဆွေးနွေးညိနှိုင်းလျက်ရှိသည်။
"ကျွန်တော်တို့ဘက်က ဥပဒေအရ အဆင်ပြေအောင်လုပ်ပေးသွားမှာပါ" ဟု အလုပ်သမား ညွှန်ကြားရေးမှုးဦးစီးဌာန သို့ လာရောက်ဆွေးနွေးသူဗစ်တိုးရီးယားကုန်တိုက် အထွေထွေမန်နေဂျာ ဦးလှမောင်က ပြောဆိုသည်။
အစိုးရက တရားဝင်သတ်မှတ်ထားသည့် တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ်မရရှိမှု ၊ စနေ့နေ့တွင် နေ့လည် ၁၂ နာရီထက် ကျော်လွန် အလုပ်လုပ်ရပါကအချိန်ပိုကြေး မရရှိမှု များ ကြောင့် လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများ ဆက်တိုက် ဆန္ဒပြလျက်ရှိနေကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရှိရသည်။
တရားဝင်သတ်မှတ်ထားသည့် နှုန်းထားနှင့် အလုပ်သမားများရရှိသည့်နှုန်းထားများ တိုက်ဆိုင် စစ်ဆေးနိုင်ရန် စက်တင်ဘာလနှင့် အောက်တိုဘာလနှစ်လစာ ဝန်ထမ်းလစာချေပေးမှု စာရွက်စာတမ်းများကိုအလုပ်သမားညွှန်ကြားမှုဦးစီးဌာနက စက်ရုံများကို တောင်းခံလျက်ရှိနေသည်။


www.mmdailystar.com

ရုရှား ရေတပ်မှ ISIS တပ်ဖွဲ့ အား ချေမူန်း

ရုရှ လေတပ်ကတော့ ဆီးရီးယားအရေးမှာ တိုက်ရိုက်ပါဝင်လာပါပြီ။ ဆီးရီးယားနိုင်ငံထဲမှ ISIS ပစ်မှတ်တွေကိုဝင်တိုက်ရင်း ဆီးရီးယား သမ္မတ အာဆတ် ဘက်မှ ရပ်တည် ဝင်ကူနေပါပြီ။
အမေရီကန်အနေနဲ့ အတော် ခံရခက်သောအနေထားဖြစ်ခဲ့ရပါတယ်။ စီးပွားရေးပြန်လည်ဦးမော့လာသောရုရှ သည် ၂၀၀၅ ခုနစ်မှစပြီး ယခင်ဆိုဗီယက်ပြည်ထောင်စုခေတ်က မဟာမိတ် နိုင်ငံများနှင့် ရင်းနှီးနွေးထွေးအောင် စစ်ရေး စီးပွားရေး လမ်းများဖောက်ခဲ့ပါတယ်။
လစ်ဗျား၊ ဆီးရီးယား၊အီဂျစ်၊ အာဖရိကဒေသ၊ ပင်လယ်နက် ဒေသများတွင် စစ်အခြေစိုက်စခန်းများပြန်လည်ဖွင့်လစ်နိုင်ရန်ကြိုးပမ်းလာခဲ့သည်။ 
အမေရီကန်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း တစ်ဦးတည်းမဟာအင်အားကြီး အနေထားဖြင့် တစ်ကမ္ဘာ လုံးကိုလွှမ်းမိုးချုပ်ကိုင် ခဲ့ရသည့်အနေထားကို ထိပါးမခံနိုင်သောကြောင့် လစ်ဗျား၊ ဆီးရီးယား၊ အာဖရိကဒေသ၊ဘော်လ်ကန်ဒေသ၊ ပင်လယ်နက်ဒေသများကို မတည်ငြိမ်ဖြစ်အောင်ဖန်တီးကာ ပြည်တွင်းစစ်မီးတောက်လောင်စေသည့်နည်းဖြင့် ရုရှ၏ မဟာဗျူဟာသစ်များအရာမထင်အောင်ဖန်တီးလာခဲ့သည်။ ယခုလက်ရှိ လစ်ဗျားနိုင်ငံ မှာ အမေရီကန်၏ အာဏာရှင်ဖြုတ်ချရေးခေါင်းစဉ်တပ် ဝင်စွပ်ဖက်မူကြောင့် နိုင်ငံပြိုကွဲလုနီးပါး ပြည်တွင်းစစ်မီးတောက်လောင်နေသည်မှာ ယနေ့ထိပါ။ ဆီးရီးယား ကိုလည်း အာဏာရှင်ဖြုတ်ချရေးခေါင်းစဉ် တပ်ကာ ပြည်တွင်းစစ်မီးတောက်လောင်စေပြီး သူပုန်ဖက်မှ ထောက်ပံ့အားပေးကူညီရင်း ရုရှ ၏ မဟာဗျူဟာများကို ကြိုတင်ရိုက်ချိုးအထိနာစေခဲ့သည်။
အမေရီကန်၏ ကမ္ဘာအားတစ်ဦးတည်းချုပ်ကိုင်နိုင်ရေးအတွက် မဟာဗျူဟာအရ အရေးပါသည့်ဒေသများမှ နိုင်ငံများရှိပြည်သူများ၏ ကံကြမ္မာ မှာ အတိဒုက္ခရောက်ရခြင်းဖြင့်သာ ကြုံတွေ့နေရသည်ကများလှပေသည်။
ရုရှ အနေဖြင့်လည်း တစ်ဦးတည်းဗိုလ်ကျစိုးမိုးသည့် ကမ္ဘာ အားပြောင်းလဲလိုသည်။
အားကြီးသည့် ဝက်ဝံကြီး နိုးထ အင်အားပြ ကာ စည်းဝိုင်းထဲဝင်ရောက်ဖို့ ရည်ရွယ်လျက်ရှိနေပါသည်။
အမေရီကန်၏ ဒီမိုကရေစီ အရေခြုံ တစ်ကမ္ဘာလုံးအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေး မဟာဗျူဟာ ရေရှည် မှာ အလုပ်ဖြစ်နိုင်ပါတော့မလားးးး



်SED
www.mmdailystar.com

ဒီချုပ်ဟောပြောပွဲအနီး သစ်ပင်ရှိပျားအုံ ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက်သူအချို့ ပျားတုပ်ခံရပြီး ဟောပြောပွဲရပ်ဆိုင်း

မကွေးတိုင်း ချောက်မြို့ နယ် စလေတိုက်နယ်အတွင်းရှိ ဥယျာဉ်ကျေးရွာ ရှင်ပင်စာကြို ဘုရားဝင်းအတွင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး ဟောပြောပွဲပြုလုပ်နေစဉ် အနီးရှိ မန်ကျည်းပင်ပေါ်မှ ပျားအုံကြီးကို ခဲဖြင့်ပစ်ခတ်ခံရ၍ တက်ရောက် လာသည့် ပရိသတ်အချို့ ပျား တုပ်ခံရသောကြောင့် အစီအစဉ် မပြီးမီ ဟောပြောပွဲ ရပ်တန့်ခဲ့ရ ကြောင်း ချောက်မြို့ ဒီချုပ်အောင် နိုင်ရေးအဖွဲ့မှ သတင်းရရှိသည်။အောက်တိုဘာ ၆ ရက်နေ့ လယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ခြောက်ဦးခန့် ပျားတုပ်ခံရကာ တစ်ဦးမှာ နားအတွင်းထိ ပျားဝင် သွားသဖြင့် ဆေးရုံတက်၍ ထုတ်ခဲ့ရကြောင်း ချောက် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးဝင်းက ပြော သည်။
‘‘ပါတီ အောင်နိုင်ရေးအ တွက် ဖျော်ဖြေအစီအစဉ်လည်း ပါတယ်။      ‘‘ပါတီအောင်နိုင်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်လည်း ပါတယ်။ နောက် ကိုယ်စားလှယ် လောင်းမိတ်ဆက် အစီအစဉ် လည်း လုပ်မယ်ပေါ့၊ စီစဉ်ထားခဲ့ တာ။ သီချင်းနှစ်ပုဒ်လောက်အပြီး ပဲရှိဦးမယ်။ အဲဒီမန်ကျည်းပင်ကြီး အောက်က ပရိသတ်တွေ ရုတ် ရုတ်သဲသဲဖြစ်တယ်။ ပျားတွေ တုပ်ခံရတယ်ပေါ့။ အဲဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်အောင် မိတ်ဆက်တာ တောင် မလုပ်တော့ဘဲ ရပ်နားခဲ့ တယ်’’ဟု ၎င်းက ပြောသည်။
www.mmdailystar.com

"နတ်မောက်သမိုင်း ရိုင်းမှာစိုးတယ်..."


တိပိဋကဓရဆရာတော်ကြီးတွေ ၊ ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးတွေကိုယ်တိုင် ထောက်ခံဆန္ဒပြုထားတဲ့ အမျိုးစောင့်ဥပဒေကို အခုထိကန့်ကွက်နေသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု"မှ "အမေစု"လို့ မျက်စိမှိတ် ကိုးကွယ်ပြီး သံဃာတွေကိုစော်ကားနေသေးတဲ့ "လူ့အခွင့်အရေးသမားတွေ"ကို နတ်မောက်သမိုင်း ရိုင်းမှာ ကျန်မှာ စိုးလို့ မေ့ထားတဲ့ တချို့အချက်တွေ အမှန်အတိုင်းသိစေရအောင် ဖော်ကောင်ဘညွန့်ပြန်လုပ်လိုက်ပါတယ် ။
ကျွန်တော် (၁၉၄၇) ဗိုလ်ချုပ်ကွယ်လွန်ချိန်ကစပြီး ရှင်းရမယ် ။ အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည် (၂)နှစ်သမီးပဲ ရှိသေးတယ် ။ (၁၆/၁၇)နှစ်မှာ အင်္ဂလန် အောက်စ်ဖို့ဒ်တက္ကသိုလ်ရောက်တယ် ၊ ခင်ဗျားတို့သိပြီးသားနော် ။
ဒါဆို - ၁၉၄၈ လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်နေ၀င်းအစိုးရ အာဏာသိမ်းတာ ၁၉၆၂ နော် ၊ ဗိုလ်ချုပ်အောင်ဆန်း သေပြီး (၁၅)နှစ်ကြာမှ ဗိုလ်နေ၀င်းအာဏာ စရတာ ၊ အဲဒီအချိန် စုကြည် ဘယ်နှစ်နှစ်ရှိပြီလဲ??? (၁၇)နှစ်ရှိပြီ ၊ ခင်ဗျားတို့ဘယ်လောက်ညာညာ သမိုင်းဆိုတာ အချိန်၊ရက်စွဲတွေနဲ့ဖွဲ့တည်ထားတာ ။
မှတ်ထား - နုတင်-ဆွေငြိမ်း အကွဲမှာ ဒေါ်ခင်ကြည်က ဦးနု(ဖဆပလ)ဘက်က ထောက်ခံ မဲဆွယ်ပေးခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ရော ၊ ဦးစောလို လူယုတ်မာတွေသတ်လို့ အောင်ဆန်းမျိုးဆက်ပြတ်မှာစိုးလို့ရော ၊ ဒီအကြောင်းတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေရင်း မစ္စတာနေရူးရှိတဲ့ အိန္ဒိယနိုင်ငံကို သံအမတ်ကြီးအဖြစ်နဲ့ ဦးနုကိုယ်တိုင်ခန့်အပ်လွှာလက်မှတ်ထိုးပြီး ပို့ခဲ့တာ ။ (ဘာတဲ့ - ခင်ဗျားတို့ဒီမိုတွေပြောနေတာ - ဒေါ်စု အင်္ဂလိပ်နဲ့ရတာ အာဏာရှင်နေ၀င်းက အင်္ဂလန်ကိုပို့လို့)တဲ့ ။ ကျုပ်က "မဆလ"ပါတီကို အပြုတ်တိုက်ခဲ့တဲ့ "၈၈၈၈"ကျောင်းသား ၊ ဒါပေမယ့် မဟုတ်တာနဲ့တော့ ကျုပ်လာမဆွယ်နဲ့ ။
အင်္ဂလန်အောက်စ်ဖို့တက္ကသိုလ်ပညာတော်သင်ရတော့ သူနဲ့ဒါမှတန်တယ် ပို့ပေးပါ ပူဆာခဲ့ချိန်က ဒေါ်ခင်ကြည် တားမရ ၊ မစ္စတာနေရူးက ကလကတ္တားတက္ကသိုလ်လဲရှိပါတယ် ၊ တဂိုးရဲ့ ရှန်တိနိကေတန် ဒီမိုကရေစီကျောင်းတော် ကြီးလဲရှိပါတယ်လို့ နားချတာတောင် သူမ နားမ၀င်ခဲ့ ၊ ဒီလိုနဲ့ အောက်စ်ဖို့ဒ်ရောက်သွားတာ ။
သူမ အင်္ဂလန်ရောက် သွားချိန် ဒီမှာ ရန်ကုန်အစိုးရဘ၀နဲ့ ပြည်တွင်းစစ်မီးဝိုင်းနေတာ ဗမာ့တပ်မတော်က အသည်းအသန်ကာကွယ်နေရချိန်ပဲ ဖြစ်တယ် ။ သူမ အိန္ဒိယမှာ ၊ အင်္ဂလန်မှာ ၊ တက္ကသိုလ်မှာ ဘယ်သူနဲ့ဘာတွေဖြစ်လို့ ဘယ်သူနဲ့ ဘယ်လို ရသွားမှန်း မြန်မာပြည်က စိတ်ဝင်စားဖို့အချိန်တောင်မရခဲ့တာပါ ။ သူမ လင် မျိုးနွယ် နယ်ချဲ့တွေ သပ်လျှို သွေးခွဲ ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်ကြောင့် တိုင်းရင်းသားတွေရော မြန်မာတွေပါ ငိုကြွေးပူဆွေး နေရတဲ့အချိန်ပေါ့ ။
မိခင်ကြီးဒေါ်ခင်ကြည် ကျမ်းမာရေးကိစ္စနဲ့ မြန်မာပြည်ပြန်လာတာ ၊ ဒီမှာအရေးတော်ပေါ်နေ ၊ ခေါင်းဆောင် မျှော်နေ ၊ အဖေ့အရှိန်အ၀ါနဲ့ အဆင်သင့်တက်ရုံ ၊ ဒီအချိန် ညီမလေးအရေးအခင်းကြားပိတ်မိနေလို့ ငါဘာကူညီပေးရမလဲ လို့ စိုးရိမ်စိတ်နဲ့ပြန်လာတဲ့အကိုကြီးကို သူမ တုံ့ပြန်လိုက်ပုံက ( အကို ပြန်တော့ ၊ ကျမလုပ်မယ် ) တဲ့ ။ ဒီမှာ ဘာမှမသိ တဲ့ နောက်ပေါက်ဒီမိုတဖက်ပိတ်လေးတွေ - ငါတို့မျှော်တာ အမျိုးဖျက်တဲ့မိန်းမတယောက်ကို မဟုတ်ဘူးကွ ၊ မြန်မာ့ သွေးစစ်စစ် ၊ ဗိုလ်ချုပ်သားကြီး ဦးအောင်ဆန်းဦးကို မျှော်ခဲ့တာ ။
ဟောပြောပွဲတွေမှာ အဖေ့အကြောင်း ခဏခဏထည့်ပြောတတ်ပေမယ့် အကိုကြီးအကြောင်းတော့ တခွန်းမှ "မဟ" ခဲ့ဘူး ။ (သူ့ထက်သာတဲ့ စီနီယာဆိုတာ ပြည်သူတွေမြင်သွားမှာစိုးလို့လား) ထားပါတော့ ၊ အဖေ့ကြောင်းပြော အဖေ့ကို ချစ်တယ် ၊ လေးစားတယ်ဆိုရင် အဖေက (ကိုကြီးနု)လို့ တလေးတစားခေါ်ခဲ့တဲ့ ဦးနုကြီးကို အာဏာရူးအဖိုးကြီးလို့ ဘာကြောင့် ခေါ်ခဲ့ပါသလဲ ??? (၀ိဓူရ သခင်ချစ်မောင်က မိုက်လိုက်တဲ့သမီးရယ် တဲ့ ၊ ယူကြုံးမရပြောခဲ့ရှာတယ်)
အခု "ဦးအောင်ဆန်းဦး"အကြောင်းပြောမယ် ။ ဗိုလ်ချုပ်က ရှင်းရှင်းပဲ ၊ တနှစ်တယောက်မွေးတာ ။ အောင်ဆန်းစုကြည် အထက်မှာ အောင်ဆန်းလင်း (ရေနစ်သေသွားရှာတယ်) ၊ သူ့အထက် အကိုအကြီးဆုံး ကိုအောင်ဆန်းဦး ၊ စုကြည်နဲ့ အထက်/အောက် ညီမလေးက မွေးပြီးပြီးချင်းဆုံးတယ် ။ ဗိုလ်ချုပ်ခမျာ သမီးငယ်လေးအတွက် မျက်ရည်ကိုချုပ်လို့ နိုင်ငံ့အရေးအတွက် အစည်းအဝေးတက်ခဲ့ရရှာတယ် ။
ဒီတော့ ဗိုလ်ချုပ်ကွယ်လွန်ချိန် အောင်ဆန်းဦး (၄)နှစ်/(၅)နှစ်သား လောက်ပဲရှိသေး ။ ဗိုလ်ချုပ်သားအကြီးဆုံး ၊ ရန်သူတွေဝိုင်းနေတာ ၊ အာရှကြယ်ပွင့်ကြီး မျိုးဆက်တော့ အပြတ်မခံနိုင် ဘူးဟဲ့ ဆိုပြီး တောင်အာရှ (အင်ဒိုချိုင်းနားကျွန်းဆွယ်) မဟာမိတ်တပ်ပေါင်းစုဗိုလ်ချုပ်ကြီး လော့ဒ်မောင့်ဘက်တန် - ( မြန်မာပြည် လွတ်လပ်ရေးအတွက် အောင်ဆန်းကိုယုံကြည်စွာ လုံးဝလွတ်လပ်ရေးပေးဖို့ ပါလီမန်နဲ့ နန်းရင်းဝန်အက်တလီကို တိုက်တွန်းခဲ့သူ) အဲဒီဗိုလ်ချုပ်ကြီးက အောင်ဆန်းဦးကို အပြီးအပိုင် မွေးစားခဲ့တာ ။
ကဲ - စုကြည်ထက်အရင် အင်္ဂလန်ကိုရောက်တာ ၊ နောက် မောင့်ဘက်တန်ထောက်ခံချက် ၊ သူ့ကိုယ်ပိုင်စွမ်းဆောင်ချက် နဲ့ အမေရိကန် မရိန်းတပ်ဗိုလ်မှုးအဆင့်ထိ ဖြစ်ခဲ့တာ အဲဒါ(၁၉၈၈)မှာဖြစ်နေပြီ ။ လူပျိုပေါက်ဘ၀ လော့ဒ် တယောက်ရဲ့မွေးစားသား ၊ လူလားမြောက်တော့ အမေရိကန်မရိန်းတပ်ဗိုလ်မှုး ၊ အင်္ဂလန်သူ ၊ အမေရိကန်သူ နာမည်ကျော်မိန်းမချောတွေ ၀ိုင်းဝိုင်းလည်နေချိန်မှာ လူပျိုကြီးဂုဏ်ကိုထိန်းလို့ မျိုးနွယ် စောင့်ခဲ့ရှာတယ် ။
ဒီအချိန် - သူ့ညီမ အင်္ဂလန်သားနဲ့ မျိုးနွယ်တိုက်ပွဲကျသွားပြီ ၊ ဗိုလ်ချုပ်မြေးတွေ ကပြားဖြစ်ရပြီ ဆိုတဲ့ အချိန်မှာ သူနဲ့ အဆက်အသွယ်မပြတ်တဲ့ သူ့ငယ်သူငယ်ချင်းတွေက အင်္ဂလိပ်စာပြဆရာမ ၊ မန္တလေး "ဖဆပလ"အမတ်ရဲ့သမီး မြန်မာအမျိုးသမီးတယောက်နဲ့ တွေ့ပေးခဲ့တယ် ။ သူက အာဏာတွေ ၊ ရေရှည်အမွေတွေ ဘာမှတွေးတာမဟုတ်ဘူး ၊ ရိုးရိုးလေးပဲ အဖေ့ချွေးမ မြန်မာဖြစ်ရမယ် - ဒီအတွေးနဲ့ သူတို့လက်ထပ်ခဲ့ကြတယ် ။
အခု အငြိမ်းစား အမေရိကန်ရေတပ်ဗိုလ်မှုးကြီးဘ၀နဲ့ ဘယ်မှာ နေတယ်ထင်သလဲ ။ ကြီးပွားရာကြီးပွားကြောင်း ရန်ကုန်လဲ သူမရွေးခဲ့ ၊ တိုးတက်ရာတိုးတက်ကြောင်း နေပြည်တော်လဲ သူခြေမချခဲ့ ၊ မြန်မာတို့ရဲ့အစ မဟာပုဂံ က ရွာလေးတရွာမှာ သူ့အဖေစကားအတိုင်း ရိုးသားစွာ ခြံစိုက်စားနေလေရဲ့ ။ တစ်ခုတော့ ကြိုပြောထားမယ်နော် ။ အမေရိကန်မရိန်းတပ်ဗိုလ်မှူးကြီးအဆင့် ထိရောက်ခဲ့သူတယောက်ရဲ့ ၀င်ငွေဟာ ခန့်ခန့် ငြားငြားနေနိုင်တဲ့အဆင့်အထိတော့ရှိတယ်ဆိုတာ ကြိုပြောလိုက်မယ် ။
ဒါတွေပြောနေရတာ ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နတ်မောက်သမိုင်းရိုင်းမှာစိုးလို့ ပြောနေရတာ ။ သူအမျိုးဖျက်ခဲ့တာ ဗိုလ်ချုပ်သွေးမို့တကြိမ်ခွင့်လွှတ်မယ်လို့ ကျုပ်တို့စာနာနိုင်တယ်။(ခေါင်းဆောင် ငတ်နေလို့ပါ) ဒါပေမယ့် သူ့အမှားသူဝန်ခံ သံဝေဂယူပြီး အမျိုးကိုဆထက်တပိုးတိုးစောင့်လို့ အမျိုးစောင့်ဥပဒေ ပြည်သူ တွေအတွက် ထောက်ခံပေးရမဲ့အစား မိန်းမဥာဏ်နဲ့ရှက်ရမ်းရမ်းပြီး အပြင်းအထန်ကန့်ကွက်တော့ သူမကြောင့် သံဃာတော်တွေလဲ စော်ကားဆဲဆိုခံနေရပြီ ။ စိတ်ဝမ်းတွေလဲကွဲကုန်ကြပြီ ။
ဟိုတုန်းကစစ်အာဏာရှင်တွေ လုပ်ခဲ့သမျှကို ခုအစိုးရနဲ့ မဆီမဆိုင်ရောပြီး အပြစ်ပုံချချင်တယ်ဆိုရင် ၊ အခု သူမ လုပ်ရပ်တွေအတွက်လဲ သူမ တာဝန်ယူရမယ် ။
ကဲ - ကျုပ် ပြောချင်တာ ပြောပြီးပြီ ။ ခင်ဗျားတို့ ဗိုလ်ချုပ်ပေးတဲ့ လွတ်လပ်ရေးအမွေ ခွစားနေတဲ့ မြန်မာပြည်သူတွေ ကို ကျုပ် မေးခွန်းလေးတွေ မေးပါရစေ ။ - - - - -
(၁) ၂၀၁၆ မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်မဲ့လူရဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ကို စတင် မေးပါရစေ ၊ ခင်ဗျား - မြန်မာ့ခေါင်းဆောင်ဖြစ်ခဲ့ရင် ( မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား)
(၂) ခင်ဗျားတို့ကိုယ်တိုင်လဲ သိပ်မသေချာ ၊ ရလာဒ်အရ အကွဲကွဲ အပြားပြား ဖြစ်လာပြီး ညွန့်ပေါင်း ဖွဲ့ရ တော့မယ်ဆိုရင် - ခင်ဗျားတို့ - ပါတီကြီးဝါဒကိုင်စွဲပြီး ညွန့်ပေါင်းမဖွဲ့နိုင်ပဲ ပြည်သူကို အကွဲအပြဲ ဒုက္ခညွန်ထဲ ဆွဲထည့်ရက်ကြဦးမှာလား ။
(၃) ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော် ဖြစ်တည်မှုနဲ့ မျိုးစောင့်ဥပဒေ ဆက်နွယ်နေပါတယ် ။ နောက်တက်မဲ့သမ္မတဟာ - မျိုးစောင့်ဥပဒေ(၄)ရပ်ကို ဖျက်ဆီးပြီး ဗုဒ္ဒဘာသာမြန်မာနိုင်ငံတော်အဖြစ်ကို ဖျက်ဆီးဖို့ (မြန်မာဖြစ်လျက်နဲ့) တွေးရက်၊ကြံရက်သူ ဖြစ်နေပါသလား ။
(၄) ဗိုလ်ချုပ်အမွေ မြန်မာပြည်ကို စောင့်လေမျိုးနွယ်မှ မကျေပွန်ခဲ့သူဆီကို ခင်ဗျားတို့ တဒင်္ဂသာယာမှု အခွင့်အရေး အတွက် ၀ကွက်ထိုးအပ် နိုင်ကြပါသလား ။
ဒါကိုဖြေနိုင်ပြီဆို - ခင်ဗျားတို့ ဘယ်သူ့ကိုမဲပေးသင့်လဲ ၊(ဘယ်သူ့ကိုမဲမပေးသင့်ဘူးလဲ) လိပ်ပြာသန့်စွာရွေးနိုင်ပြီလို့ ကျုပ်ယူဆပါတယ် ။

သခင် ခက်ထန်

www.mmdailystar.com

“ကျွန်တော်တို့ဒေါသတွေ အလုပ်မဖြစ်ဘူး”


တပ်မတော်ထဲမှာ ဆက်သွယ်ရေးဟာ အသက်လို့ ပြောလေ့ရှိကြပါတယ်။ 
လွန်ခဲ့တဲ့အနှစ် ၃၀ ဝန်းကျင်လောက်က အခုခေတ်လို မိုဘိုင်းဖုန်းတွေကိုင်
ရဖို့ဆိုတာ အိပ်မက်တောင်မက်ရဲတဲ့ဘဝမှမဟုတ်တာ။
အခုတော့ဖြင့် ရှေ့တန်းရောက်တပ်မတော်သားတွေ တောင် ဒီနေ့စခန်း မှာ
 တောကောင်တစ်ကောင်လောက် ပစ်ခတ်စားသောက်တဲ့အခါမှာတောင်
 လိုင်းမိတဲ့နေရာမျိုးဆိုရင် “စားကြ ပါဦးလား” တွေ ဘာတွေတစ်ကမ္ဘာလုံးကို အသိပေးနိုင်ပါပြီ။
အဲဒီကာလက တပ်ခွဲတစ်ခွဲလုံးမှာ ဆက်သွယ်ရေးစက်တစ်လုံးပါတော့ စစ်
ဆင်ရေးလည်း ဒီစက်၊ သာရေးနာရေးလည်းဒီစက်၊ နောက်တန်းကို ငါးပိကြော်၊ 
ဆေးလိပ်၊ ကိုးပါးဆေးမှာလည်း ဒီစက်ပါပဲ။ ကိုယ်ပြောမယ့်အကြောင်းအရာထဲ
မှာ လုံခြုံရေးမကျိုး ပေါက်အောင်၊ ရန်သူမရိပ်စားမိအောင်တော့ ပြောရတာပေါ့။ 
ရှေ့တန်းမှာ ဆက်သွယ်ရေးစက်တစ်မျိုးတည်းကို အားကိုးရသလို နောက်တန်း
ရောက်တော့လည်း ဒုတိယကမ္ဘာစစ်လက်ကျန်ဖုန်းအိုကြီးတွေကို လက်ထိပ်
တွေနာအောင်လှည့်ပြီး လိပ်ခေါင်းးထွက် လုနီးပါး အော်ပြောရပါတယ်။ တကယ်
တော့ ဆက်သွယ်ရေးဆိုတာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မိုင်ပေါင်းများစွာသွား
ရမယ့် ခရီးစဉ်တချို့ကို ချုံ့ပစ်လိုက်နိုင်တာမဟုတ်လား။
အင်္ဂလိပ်စကား Communication ကို ဆက်ဆံရေး/ ဆက်သွယ်ရေး စသဖြင့် 
ဘာသာပြန် သုံးနှုန်းလေ့ရှိပါတယ်။ Oxford အဘိ ဓာန်မှာတော့ methods of 
sending information, especially telephones, radio, computers, etc. 
or roads and railways လို့ ဖေါ်ပြထားပါတယ်။ တကယ်တော့ Communication
 ဆိုတာ နေရာတိုင်းမှာအရေးကြီးတယ်လို့ဆိုချင်ပါတယ်။ ဒီနေ့ခေတ်မှာ 
Communication လိုပဲ အရေးကြီးလာတဲ့စကားလုံးက Media ပါ။ Media ကို 
Oxford မှာ the main ways that large numbers of people receive information
 and entertainment, that is television, radio, newspapers and the Internet လို့ ဖေါ်ပြပါတယ်။
မျက်မှောက်ခေတ်မှာ မိမိနိုင်ငံ/ အဖွဲ့အစည်းတစ်ခုခုရဲ့ လှုပ်ရှားမှုအကြောင်းတွေ
ကို လူတွေသိစေချင်တာပဲဖြစ်ဖြစ် မိမိနဲ့သဘော ထားမတိုက်ဆိုင်တဲ့အကြောင်း 
အရာတစ်ခုခုကို တခြားသူတွေသိအောင် ဖြန့်ဝေချင်တာပဲဖြစ်ဖြစ် မီဒီယာကို 
အသုံးပြုလေ့ရှိပါ တယ်။ မီဒီယာသမားက မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းတွေကို
 စုံစမ်းထောက်လှမ်း၊ ရေးသား၊ တည်းဖြတ်ပြီး ဘယ်နည်းနဲ့ပဲ ထုတ်လုပ်ဖြန့်ချိတာ
ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးသိအောင်ထုတ်လွှင့်တဲ့အခါ အင်္ဂလိပ်လိုထုတ်လွှင့်တာ
များပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ၂၀၁၂ မှာ ရခိုင်-ဘင်္ဂလီအရေးအခင်းဖြစ်ပြီးတဲ့
နောက်ပိုင်း မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုး စသဖြင့် ဘင်္ဂလီ အရေးအခင်းတွေ ဆက်တိုက်
ဖြစ်ခဲ့တာ အားလုံးအသိပါ။ ၁၉၅၁ ခုနှစ် ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်၊ အလယ်
 သံကျော်ရွာ မှာ ကျင်းပခဲ့တဲ့ မွတ်ဆလင်ညီလာခံကစလို့ ဒီကနေ့အချိန်အထိ လှုပ်
ရှားနေတဲ့ မွတ်ဆလင်တချို့ရဲ့ လှုပ်ရှားမှုတွေအကြောင်း ကတော့ စာအုပ်မျိုးစုံမှာ ဖတ်နိုင်ပါတယ်။
ရိုဟင်ဂျာဆိုတာ အလယ်သံကျော်ညီလာခံအပြီးမှာဖန်တီးလုပ်ကြံခဲ့တဲ့ နာမည်တစ်ခု မှန်း
 မြန်မာနိုင်ငံသားတွေသိပေမဲ့ ကမ္ဘာက မသိပါဘူး။ ရခိုင်ပြည်နယ်ထဲက အခု
ပြောတဲ့ဘင်္ဂလီတွေဟာ နေထိုင်လာတဲ့နှစ်တွေကြာလာလို့ ဥပဒေနဲ့အညီ နိုင်ငံသား
ခံယူပိုင် ခွင့်ကိုတောင်းဆိုနေတာမဟုတ်ဘဲ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံ ရဖို့
 တောင်းဆိုနေတာဖြစ်ပါတယ်။ ရခိုင်ဒေသကို ဖဲ့ထုတ် ပြီး နိုင်ငံတစ်နိုင်ငံ ထူ
ထောင်ဖို့အထိ ကြံစည်နေတာလည်း သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရင် သိသာပါတယ်။
 သူတို့လှုပ်ရှား မှုအားလုံးအတွက် အစ္စလာမ်မစ်နိုင်ငံတွေ က ငွေကြေးအထောက်အပံ့ပေးပါတယ်။
၂၀၁၂ ရခိုင်-ဘင်္ဂလီ အရေးအခင်းကစလိုက်တဲ့ အရေးအခင်းတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ရခိုင်တွေ၊
 မြန်မာတွေက နီးရာဓားဆွဲကြသလို ဖေ့ဘွတ်ခ်ထဲကနေ အားပါးတရဆဲတဲ့နည်းနဲ့တုံ့ပြန်ကြတယ်။
 ဘင်္ဂလီတွေက ဘယ်လိုတုံ့ပြန်ကြသလဲ။ ဘင်္ဂ လီတွေဟာ ဒီအရေးအခင်းတွေအတွက်
 အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းနဲ့ တုံ့ပြန်ကြပါတယ်။
မနေ့က လှည်းတန်း၊ ရာပြည့်ကနေ မျိုးသာထက်ရေးတဲ့ “လန်ဒန်ဘီဘီစီရောက် မြန်မာ
 သတင်းထောက်” ဆိုတဲ့စာအုပ်လေး ဝယ် လာပါတယ်။ စာအုပ် အခန်း (၄) ဘီဘီစီကို
 မကျေလည်ကြသူများဆိုတဲ့အခန်းကိုဖတ်ရင်း ကျွန်တော်တို့လူမျိုးတွေ အတော်ကြီး ကိုလိုသေးပါလားဆိုတာ
 သိလိုက်ရတယ်။ ဘီဘီစီသတင်းထောက် အင်နာဂျုံးစ် ဆို သူရေးတဲ့ သတင်းဟောင်းတစ်ပုဒ်မှာ 
ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းထားတဲ့ အပြင် မြန်မာ့မြေပုံမှာ လူနည်းစုရိုဟင်ဂျာလို့ပါ ထည့်သွင်းပြ
သခဲ့တဲ့အတွက် ဘီဘီ စီ မြန်မာဌာနကို လှမ်းပြီးကန့်ကွက်တာတွေ၊ ဆဲဆိုတာတွေ၊ 
အပုပ်ချတာတွေ လုပ် လာကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း တရား လွန်ဖြစ်လာတဲ့အတွက်
 ဘီဘီစီမြန်မာ ဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကို ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
ဒီနေရာမှာ ဘီဘီစီအသံလွှင့်ဌာနက မှန်ကန်ရိုးသားတယ်/ မရိုးသားဘူးဆိုတာ 
ဆုံးဖြတ်ချက်ချပြောဆိုမှာ မဟုတ်ပါဘူး။ ဘီဘီစီ က မွတ်ဆလင်တွေဆီက ငွေကြေး
 အထောက်အပံ့ယူသလား/ မယူဘူးလားဆိုတာလည်း ကျွန်တော်တို့ မသိနိုင်ပါဘူး။ 
ဒါပေမဲ့ ဘီဘီစီအပါအဝင် နိုင်ငံခြားသတင်းဌာနတွေသာမက ပြည်တွင်းသတင်းဌာန 
တချို့ကတောင် ဘင်္ဂလီကို ရိုဟင်ဂျာအဖြစ် ပုံဖေါ် ရေးသားကြတာကိုတော့ သတိထားမိပါတယ်။
အခုပြောတဲ့ ရခိုင်-ဘင်္ဂလီ အရေးအခင်းမှာ ဘီဘီစီသတင်းထောက်တွေကမေးရင် ရခိုင်တွေဘက်က
 ရခိုင်လွှတ်တော်ကိုယ်စား လှယ်တွေ၊ ရခိုင်ပြည်နယ်က အစိုးရ အာဏာပိုင်တွေ၊
 ဒေသခံဘုန်းတော်ကြီးတွေလောက်ကပဲဖြေကြားလေ့ရှိပြီး ဘင်္ဂ လီတွေဘက် ကတော့
 ဘီဘီစီမြန်မာဌာနကို တယ်လီဖုန်းအခါခါဆက်ပြီး ဘယ်နေရာ မှာတော့ ဘာတွေဖြစ်နေပါပြီ။ 
လူတွေဘယ်လောက်ထိ အောင်သေကုန်ကြပါပြီ။ အိမ်တွေမီးလောင်ကုန်ပါပြီ။ 
ကလေးတွေ ဒုက္ခရောက်ကုန်ပါပြီ။ ဘယ်သူ့ကိုမေးပါ
ဆိုပြီး တယ်လီဖုန်းနံ ပတ်တွေ အထပ်ထပ်ပေး၊ ဘယ်သူ့ကိုမေးပါဆိုပြီး ငိုယိုပြီး
တောင်းပန်၊ တယ်လီဖုန်းမကိုင်မချင်း တဂွမ်ဂွမ်နဲ့ အဆက်မပြတ်ဆက် ပြီးတော့
 ရည်ရွယ်ချက်ရှိရှိနဲ့ မီဒီယာကို ကောင်းကောင်းအသုံးချခဲ့ကြောင်း သိရပါတယ်။
တချို့အကြောင်းအရာတွေမှာ အဖြစ်မှန်ဟုတ်နေပေမဲ့ ပိုပိုသာသာထည့်ပြော တာ
တွေ၊ သေဆုံးနဲ့ အပျက်အစီး ကိန်းဂဏန်းတွေကို မြှင့်ပြီးပြောတာတွေ စနစ်တကျ
ဆောင်ရွက်ခဲ့ပါတယ်။ ဘီဘီစီအနေနဲ့ အချိန်ကိုက်ထုတ်လွှင့်ရတဲ့ အသံလွှင့်အစီ
 အစဉ်ဖြစ်လို့ အတတ်နိုင်ဆုံး စိစစ်သုံးစွဲရတာဖြစ်တယ်လို့ဆိုပါတယ်။
သတင်းရင်းမြစ်တစ်ခုရဲ့ ခိုင်ခန့်မှု၊ ယုံကြည်ရမှုကို လန်ဒန်ရုံးထဲကနေ ထိုင်ပြီးတော့
 ဆုံးဖြတ်ရတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလို့ ဆိုပါတယ်။ မှန်ပါတယ်။ ဆိုလိုချင်တာက 
ဘင်္ဂလီတွေဟာ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ခေါင်းဆောင်မှုကောင်းကောင်းနဲ့
 အဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ကိုင်ကြတာဖြစ်ပါ တယ်။ သူတို့ဟာ
 မီဒီယာအထာကို ကောင်းကောင်းနားလည်သဘောပေါက်ထားတဲ့သူတွေလို့ ဆိုပါတယ်။ 
ပြီးတော့ ဘင်္ဂလီတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့
 မီဒီ ယာတွေအပြင် အနောက်နိုင်ငံက အစိုးရ တွေ၊ လွှတ်တော်အမတ်တွေ၊ အခွင့်အရေး
 လှုပ် ရှားတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ကောင်းကောင်းချဉ်းကပ်ခဲ့တာလို့သိရပါတယ်။
အဲဒီလို ချဉ်းကပ်ပြီး သူတို့ဘက်က အခိုင်အမာတည်ဆောက်ထားတဲ့ ဇာတ်လမ်းနဲ့ သမိုင်းကြောင်းတွေကို
 အင်္ဂလိပ်ဘာ သာစကားနဲ့ ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်ကြတယ် လို့ဆိုပါတယ်။ ဒါ့ကြောင့်
 အခုပြောတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဟာ ဘင်္ဂလီ စကား
ကို အလေးထားပြီး အရေးတယူကိုင်တွယ်ဆောင်ရွက်ကြတာလို့ သိရပါတယ်။
အင်္ဂလိပ်ဘာသာစကားအပြင် တခြားဘာ သာစကားတွေနဲ့လည်း သတင်းအချက်
 အ လက်တွေ ဖြန့်ဝေနေတဲ့အတွက် ကမ္ဘာတစ်ဝန်းက မီဒီယာပေါင်းစုံကလည်း အဲဒီ သတင်း
တွေကို မြိုင်မြိုင်ဆိုင်ဆိုင်ရေးသားတင်ဆက်ဖို့ စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်တို့ ရခိုင်တွေ၊ မြန်မာတွေက ဘာတွေလုပ်နေကြပါသလဲ။ 
ဟုတ်ကဲ့ အားတက်သရောဆောင်ရွက်ကြပါ တယ်။ ဖေ့စ်ဘွတ်ခ်ကနေ ပျစ်ပျစ်နှစ်
နှစ် ရိုင်းရိုင်းစိုင်းစိုင်း ဆဲတာပါ။ ဘင်္ဂလီတွေလို ပလီစိခြောက်ချက်နဲ့ ငိုယိုပြီး မီဒီယာကို 
ဆက်သွယ်လာတဲ့ ရခိုင်/ မြန်မာ တစ်ယောက်မှမရှိဘူးလို့ဆိုပါတယ်။ ဘီဘီစီမြန်မာ ဌာနရဲ့စာမျက်နှာပေါ်မှာ
 ဆဲလွန်းအားကြီးလွန်းလို့ ဘလော့လိုက်ရသူလည်း မနည်းဘူးလို့သိရပါတယ်။ 
ရခိုင်/ မြန်မာတွေ မိုးမွှန်အောင်ဆဲနေတဲ့ အချိန်မှာ ဘင်္ဂလီတွေက လူမှုကွန် ရက်ပေါ်မှာ
 ဓာတ်ပုံအစစ်တွေရော၊ အတုတွေပါရောပြွန်း ပြီး မြန်မာ/ အင်္ဂလိပ်လိုပါ တန်ပြန်ချေပချက်တွေ၊
 သမိုင်းကြောင်းဆိုင် ရာအထောက် အထားတွေနဲ့ ရှင်းလင်းတင်ပြလာတာတွေ ဆောင်ရွက်ကြပါတယ်။
ဘင်္ဂလီတွေဘက်က မီဒီယာတွေကနေတဆင့် ကမ္ဘာတစ်ဝန်း သတင်းအချက်အလက်
တွေ လိမ်ညာဖြန့်ဖြူးနေပေမဲ့ ရခိုင်တွေ၊ ဒေသခံမြန်မာတွေ၊ တခြားမြန်မာတွေဘက်
က သမိုင်းကြောင်းအထောက်အထား ခိုင်ခိုင်လုံလုံ၊ တိတိကျကျနဲ့ ပြန်လည်ချေပ နိုင် 
တာအတော်လေးနည်းပါးတယ်လို့သိရပါတယ်။ ရခိုင်တွေထဲမှာတော့ ရခိုင့်သမိုင်း
ကြောင်းကို ခြေခြေမြစ်မြစ် ကျေကျေလည်လည် နဲ့ အင်္ဂလိပ်ဘာသာနဲ့ရော မြန်မာ 
ဘာသာနဲ့ပါ ပြောဆိုနိုင်တာဆိုလို့ ဂျပန်နိုင်ငံ၊ ကန်နာ့တက္ကသိုလ်မှာ အမှုထမ်းနေတဲ့ 
သမိုင်း ပညာရှင် ဒေါက်တာချမ်းအေး တစ်ယောက်ပဲရှိတယ်လို့ဆိုပါတယ်။ 
ဆရာဒေါက် တာချမ်းအေးတစ်ယောက်တည်းနဲ့လည်း ကမ္ဘာ့ မီဒီယာပေါင်းစုံမှာ 
လိုက်ပြောဖို့ မဖြစ်နိုင်သလို မီဒီယာတွေနဲ့ ချိတ်ဆက်ထားနိုင်မှုကလည်း အားနည်းတယ်လို့ 
ထောက်ပြထားပါ တယ်။ "သတင်းဂျာနယ်တွေ၊ သတင်းမီဒီယာတွေကသာ အမျိုးသား
ရေးကို ဇောင်းပေးမထားရင် တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ ဘင်္ဂလီတွေရဲ့ သတင်း
မီဒီယာ ပိုင်းကိုထိုးဖေါက်မှုဟာ ပိုပြီးအားကောင်းလာမှာဖြစ်တယ်" လို့ ဆိုပါတယ်။
ဘင်္ဂလီတွေက ပေါက်မြောက်ထိရောက်အောင် ပြောဆိုနိုင်ပေမဲ့ ရခိုင်နဲ့ မြန်မာတွေ 
ဘက်မှာ ပြောသူမရှိသလောက်နည်းပြီး ပြော တဲ့အခါမှာလည်း ပြည်တွင်း/ ပြည်ပ
က မီဒီယာတွေမှာ ခြေခြေမြစ်မြစ်နဲ့ ဒေါသမထွက်ဘဲ ကိုယ့်ဘက်က အမှန်ဖြစ်
ကြောင်းပြော နိုင်တဲ့သူ မရှိသလောက်ရှားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ နှစ်ဘက်ယှဉ်ပြောကြေးဆိုရင် ရခိုင်/ မြန်မာဘက်မှာ လုံ လောက်တဲ့ 
လူအရေအတွက်နဲ့ အချက်အလက်တွေ အလွန်နည်းပါးနေသေးကြောင်း ဘီဘီစီ ဝန် ထမ်းဟောင်း 
ကိုမျိုးသာထက် က ထောက်ပြပြောဆိုထားပါတယ်။
ဒီတော့ ခြုံကြည့်လိုက်ရင် ဘင်္ဂလီတွေဟာ သူတို့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ ရိုဟင်ဂျာ 
နာမည်နဲ့ နယ်မြေတစ်ခုဖဲ့ထုတ်ပြီး နိုင်ငံ တစ်နိုင်ငံထူထောင်ဖို့အရေးအတွက် လွန်ခဲ့တဲ့နှစ်
ပေါင်းများစွာကတည်းက စနစ်တကျကြိုတင်အကွက်ချစီမံပြီးသားဖြစ်တယ်။ ဒီအတွက် 
မည်ကာမတ္တမဟုတ်တဲ့ တကယ့်ပညာတတ်တွေမွေးထုတ်ထားပြီး အဲဒီပညာတတ်တွေ
 ရဲ့ခေါင်းဆောင်မှုနောက်မှာ တညီတညွတ်တည်း ရှိနေတယ်။
သူတို့ဝါဒဖြန့်ချင်တဲ့အကြောင်းအရာတွေကို အင်္ဂလိပ်ဘာသာအပါအဝင် ဘာသာအများ အပြား
 နဲ့ ထိထိရောက်ရောက် ဝါဒဖြန့်ချိနိုင်အောင် နိုင်ငံတကာမီဒီယာတွေ၊ အနောက်န
နိုင်ငံအစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့် အရေးလှုပ်ရှားသူတွေကို အသေကပ် ထားပြီး
 ဝါဒဖြန့်လေ့ရှိတယ်။ ဒီလို ဝါဒဖြန့်နိုင်ဖို့ သူတို့ဖန်တီးထားတဲ့ သမိုင်းလိမ်ကို 
အထောက်အကူဖြစ်စေမယ့် အထောက်အထားတွေ၊ ဓာတ်ပုံတွေ (အစစ်ဖြစ်စေ၊ လုပ်
ကြံထားတာဖြစ်စေ) နဲ့ တခြားအချက်အလက် တွေကို စနစ်တကျနဲ့ ကြိုတင်စုဆောင်း
ပြီး အချိန်ကိုက်အသုံးချတယ်။
ကျွန်တော်တို့ ရခိုင်/ မြန်မာတွေကတော့ အဆဲကိုပဲ ပိုပြီးအားသန်ကြပါတယ်။ လုပ်ကြံဖန် တီးတဲ့သူကို 
သူတို့လို စနစ်တကျပြန် လည်တုံ့ပြန်နိုင်စွမ်းမရှိခဲ့ကြဘူးဆိုတာ ကျွန်တော် တို့ဝန်ခံကြရမယ်။ 
ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း မညီညွတ်မှုဟာလည်း ဘင်္ဂလီ
တွေအတွက် မဟာအခွင့်အလမ်းကောင်းကြီးတစ်ရပ်ဖြစ်သွားပါတယ်။ မှတ်မှတ်ရရ ပညာရှင်တစ်ယောက်
 မဟုတ် ပေမဲ့ ကျွန်တော်ညဉ်မီသလောက် မီးကျိုးမောင်းပျက် အင်္ဂ လိပ်စာနဲ့ ဆောင်းပါးလေးငါးပုဒ်လောက်
 လူမှုကွန်ရက်ကနေ တုံ့ပြန်ရေး သားခဲ့ပါတယ်။ ရှဲတဲ့သူနည်းလို့ မနေနိုင်အားကြီးတာနဲ့ 
အင်္ဂလိပ်လိုရေးတင်ထားတာကို ရှဲပေးကြပါ လို့ မေတ္တာရပ်ခံမှ တချို့က ဝင်ပြီး ရှဲပေးကြတယ်။
ထောက်ပြတဲ့သူက ထောက်ပြ သွားပြီးပါပြီ။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ တစ်ခု ခုပြောတိုင်း
 ဒေါသ တကြီးနဲ့ ပြန်တုံ့ပြန်တဲ့နည်းဟာ အောင်မြင်ဖို့လွယ်ကူမှာမဟုတ်ပါ။ သူတို့စနစ်တကျ စီမံချက်နဲ့လုပ်သလို
 ကျွန်တော်တို့ကရော စနစ်တကျစီမံချက်နဲ့ မတုံ့ ပြန်နိုင်တော့ဘူးလား။ အချိန်မီပါသေးတယ်။ 
စနစ်တကျဖွဲ့စည်းတည်ဆောက်ပြီး အမိမြေ
ကို ကာကွယ် သင့်ပါပြီ။ အစိုးရကိုယ်တိုင်က အမြော်အမြင်ကြီးကြီး စိတ်ဝင်တစား နဲ့ ဆောင်ရွက်မယ်ဆိုရင်
 အများကြီး အကျိုးသက်ရောက်မှု တွေ ရှိနိုင်ပါတယ်။
ဒီကနေ့ကမ္ဘာပေါ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အကြမ်းဖက်မှုတွေလုပ်နိုင်ပါတယ်၊ အဓိကရုဏ်း
တွေဖြစ်အောင် လှုံ့ဆော်ဖန်တီးနိုင်ပါ တယ်၊ လူကုန်ကူးမှုတွေလုပ်နိုင်ပါတယ်၊ ပလီ စိခြောက်ချက်နဲ့ 
ငိုချင်းရှည်လံကြုတ်ဇာတ်လမ်းတွေ ဖြန့်ဝေနိုင်ပါတယ်၊ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကို ထိကပါးရိကပါး
 လုပ်နိုင်ပါတယ်၊ ဘင်္ဂလီတွေကတော့ ခေတ်
ပေါ်ဆက်သွယ်ရေးပစ္စည်းနဲ့ အင်္ဂလိပ် ဘာသာစကားကို ကောင်းကောင်းအသုံးချပြီး
 စနစ်တကျစီမံချက်တွေချမှတ်လို့ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖေါ်ခဲ့ ပြီးပါပြီ။
 ရှေ့ဆက်လည်း ဒီ့ထက်အကွက်စိတ်တဲ့ လှုပ်ရှားမှုမျိုးတွေလာနိုင်ပါသေး
တယ်။ အကြမ်းဖက်သမားဆိုတာ မျက်နှာမှာ အဝတ်စည်းလို့ ခန္ဓာကိုယ် ပတ်လည်
မှာ ဗုံးခါးပတ်ချိတ်ပြီး ရုပ်ရှင်တွေ၊ သတင်းတွေထဲကလို လာချင်မှလာတော့မှာပါ။ 
နက်က်တိုင်နဲ့ အနောက်တိုင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ဆင်ပြီး အလွန်နူး ညံ့ချိုသာအဆင့်မြင့်တဲ့ 
အင်္ဂလိပ်စကားပြောရင်း ကိုကာ ကိုလာသောက် ကြက်ကြော် စားရင်းလည်း ဝင်လာနိုင်ပါတယ်။
ကျွန်တော်တို့ဘာတွေလုပ်ပြီးပြီလဲ။ ဘာတွေလုပ်မှာလဲ။ သေချာ တာကတော့ ကျွန်တော်တို့ဒေါသတွေ 
အလုပ်မဖြစ်ဘူးဆိုတာပါပဲ။
ရဲကျော်သူရ
ညွှန်း - လန်ဒန်ဘီဘီစီရောက် မြန်မာသတင်းထောက်၊ မျိုးသာထက်


www.mmdailystar.com
Related Posts Plugin for WordPress, Blogger...