Friday, 9 October 2015

(KNU) အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း နှင့် အင်တာဗျူး


ရန်ကုန်၊ ၉ အောက်တိုဘာ ၂၀၁၅၊ MID NEWS
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဒွိဟဖြစ်ပေါ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက် မည့် အခြေအနေ၊ ရွေးကောက်ပွဲကာလ အခြေအနေများကို KNU အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း နှင့် တွေ့ဆုံ၍ MID NEWS မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ထိုးတော့မယ်။ လက်မှတ်မထိုးရသေးတဲ့ KIA, SSPP/SSA နဲ့ တိုက်ပွဲတွေ ဖြစ်နေသလို TNLA နဲ့လဲ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုလို တိုက်ပွဲတွေဖြစ်နေတော့ NCA လက်မှတ်ထိုးကြမယ့် အပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်လား။
ဖြေ။ ။ ထိခိုက်မှုမရှိဘူးလို့ ကျနော် အဲဒီလိုမြင်ပါတယ်။ တစ်အချက်ကတော့ NCA ဆိုတာ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး ဆိုတာ ကျနော်တို့လိုလားတဲ့ Version။ ကျနော်တို့ ဖြစ်စေချင်တဲ့ဆန္ဒ၊ ကျနော်တို့ ရည်မှန်းချက်။ ဒါကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ တကယ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေမယ်ဆိုရင် ဒါကိုရပ်သွားအောင်လို့ ကျနော်တို့ လုပ်ရမယ့် အပိုင်းဖြစ်တယ်။ အခုဟာက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် ကျနော်တို့နဲ့ အစိုးရနဲ့ တစ်ဖွဲ့ချင်း လက်မှတ်ထိုးတဲ့အဖွဲ့တွေ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီးတော့ NCA ကိုထိုး။ ဒါနိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ အတွက်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းထားတဲ့ဟာကို စနိုင်တဲ့အပိုင်းက စသွားပြီးတော့ တစ်ပြည်လုံး ရပ်ဆိုင်းသွားအောင် လုပ်ရမှာဖြစ်တယ်။NCA ဆိုတာ တစ်ပြည်လုံး အပစ်ခတ်ရပ် စဲရေး ခရီးစဉ်ကိုသွားအောင် လုပ်ရမယ့် အနေအထားဖြစ်တယ်။ ဒီတိုက်ပွဲတွေရှိနေလို့ပဲ NCA ဆိုတာရှိနေတာ။ ဒီလိုတိုက်ခိုက် မှုတွေရှိနေလို့ NCA ကို မထိခိုက်ပါဘူး။
မေး။ ။ အခုထိတွေ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြောကြတာ NCA ကို လက်မှတ်ထိုးအောင် ဖိအားပေးနေတဲ့ သဘောလို့ သုံးသပ်ကြတယ်။ တချို့ကတော့ NCA ကို မထိုးနိုင်အောင် လှည့်ကွက်နဲ့ တိုက်နေတာလို့ဆိုတယ်။ အဲဒီအပေါ်မှာ ရော သုံးသပ်ပေးပါဦး။
ဖြေ။ ။ ကျနော်တို့ စတင်ညှိနှိုင်းမှု မရှိခင်ကတည်းက တိုက်ပွဲတွေက ရှိနေတာပါ။ ဒီ NCA ညှိနှိုင်းမှ တိုက်ပွဲဖြစ်လာတာ မဟုတ် ဘူး။ တိုက်ပွဲဆိုတာကလဲ အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်တယ်။ တကယ် လက်နက်ကိုင်တိုက်တယ် ဆိုတာက တကယ့် နိုင်ငံရေး ရည်မှန်းချက်နဲ့ အဖွဲ့အစည်းတွေရှိသလို၊ သူ့အဖွဲ့နဲ့ သူ့ရည်မှန်းချက်နဲ့ ရှိတဲ့အဖွဲ့တွေလဲရှိတယ်။ NCA ကိုထိုးဖို့ တိုက်ပွဲနဲ့ က တွန်းအားပေးလို့မရဘူး။ တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းက သပ်သပ်ရှိမယ်။ အခုကလည်း ကာကွယ်ရေးဦးစီးချုပ်က သူကိုယ်တိုင် NCA မှာ လက်မှတ်ထိုးမယ်ဆိုတဲ့ အတွက်ကြောင့် တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကို တစ်ဘက်နဲ့ တစ်ဘက် စွပ်စွဲကြမယ်ဆိုရင်၊ ဒီတိုက်ပွဲကလဲ ရပ်သွားမှာမဟုတ်ဘူး။ ပိုပြင်းထန်ရုံပဲရှိတယ်။
မေး။ ။ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက NCA မှာ လက်မှတ်ရေးထိုးတော့မယ် ဆိုတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျဆုံးသွားပြီ။ ကရင်တော်လှန်ရေးက ပြီးဆုံးသွားပြီလို့ ဆိုကြတယ်။ အဲဒီအပေါ်မှာ မှတ်ချက်ပေးပါဦး။
ဖြေ။ ။ လူတစ်ဦးချင်း အမြင်က အမျိုးမျိုးရှိနေတာပေါ့။ ဖေ့စ်ဘွတ်ရေးနေတဲ့ သူတွေက မြို့တွင်းကသူတွေပါ။ တကယ့်တော ထဲမှာ နေနေရတဲ့သူတွေ၊ စစ်ဘေး၊ စစ်ဒဏ် ခံနေရတဲ့သူတွေက မပြောပါဘူး။ စစ်ပွဲရဲ့ဒဏ်ကို မခံဘူးတဲ့သူတွေ၊ ပြည်ပမှာ ရောက်နေကြတဲ့သူတွေက ပြောနေကြပါလိမ့်မယ်။ တကယ့်တိုက်ပွဲ အန္ဒိဌာရုံ ခံစားနေကြတဲ့သူတွေ၊ တကယ့် တိုက်ပွဲကြားမှာ ရှိနေကြတဲ့သူတွေက ငြိမ်းချမ်းရေးကို လိုလားကြတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခတွေခံစားနေကြတာ ပြည်သူလူထုပဲဖြစ်တယ်။ အထူးသဖြင့် ငြိမ်းချမ်းတဲ့ဒေသမှာရှိတဲ့ ပြည်သူတွေကြတော့ ငြိမ်းချမ်းမှုကို ထပ်ပြီးတော့ မလိုလားကြဘူး။ မငြိမ်းချမ်းတဲ့ ဒေသမှာ နေခဲ့တဲ့ ပြည်သူတွေသာ ငြိမ်းချမ်းမှုကို လိုလားနေကြတယ်။ ကျနော်တို့မှာ မူလကတည်းကိုက ကရင့်အမျိုးသားရဲ့ လှုပ်ရှားမှုက နိုင်ငံရေး ပြဿနာဖြစ်တယ်။ စစ်ရေးနဲ့ဘယ်တော့မှ အဖြေရှာလို့မရဘူး။ နိုင်ငံရေးနည်းနဲ့သာ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်။ လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်တယ်ဆိုတာ အစိုးရကိုဖြိုချဖို့၊ နိုင်ငံတော်အာဏာကို သိမ်းဖို့အတွက် မဟုတ်ပါဘူး။ ကျနော် တို့ အမျိုးသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်စုံဖို့အတွက် ကိုယ့်အဖွဲ့စည်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ခုခံကာကွယ်ဖို့ အတွက် လိုအပ်တဲ့ အနေအထားတစ်ခုအရ။ နိုင်ငံတော်အုပ်ချုပ်တဲ့ အစိုးရဘက်ကလည်း လက်နက်အင်အား သုံးတယ်ဆိုတာလဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်၊ ကိုယ့်ပြည်သူလူထုကို ကာကွယ်ဖို့အတွက်။ ကျနော်တို့ လက်နက်ကိုင်လမ်းစဉ် ဆောင်ရွက်ခဲ့ တာလဲ ဒီအတိုင်းဖြစ်တယ်။ ဒါပေမယ့် တစိုက်မတ်မတ် လက်ခံပြီးတော့ ချထားတဲ့မူကတော့ ဒီပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ နိုင်ငံရေး ပြဿနာတွေ ရှင်းရမယ်။ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားရမယ်။ ဒါကို လတ်တလော ပြောနေတာ က လူတစ်ဦးချင်းရဲ့ အမြင်ဆိုတော့ ဘာမှပြောစရာ မရှိပါဘူး။
မေး။ ။ NCA ကို လက်မှတ်ရေးထိုးပြီးသွားရင် ကရင်ပြည်နယ်က လူထုအတွက် ဘယ်လိုဆောင်ရွက်မှုတွေ ပေးမလဲ။
ဖြေ။ ။ စာချုပ်မှာလဲ သဘောတူထားတယ်။ အပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကတည်းက ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေဒေသ အတွင်းမှာ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အုပ်ချုပ် တာဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဒီသဘောတူညီချက်အရ ကျနော်တို့ရဲ့ တာဝန်ရှိတဲ့အပိုင်းကို ဆက် လုပ်မယ်။ နောက်တခု ကျနော်တို့က မတရားအသင်းက ပယ်ဖျတ်ခံရပြီးရင် ကျနော်တို့ ပြည်သူလူထုနဲ့ ကရင်အမျိုးသားနဲ့ ကိုယ့်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ့်ဒေသရဲ့ ပြန်လည်ထူထောင်ရေး၊ ပိုမိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ တိုက်ပွဲထက်စာလို့ ရှိရင် ကိုယ့်ဒေသ ငြိမ်းချမ်းရေး၊ ပြန်လည်ထူထောင်ရေး အရင်ထက်စာရင် ပိုလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ လက်မှတ်ထိုးပြီး မတရားအသင်းကလည်း ပယ်ဖျက်ပြီးရင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကို ဘယ်လိုပံ့ပိုး ကူညီမလဲ။
ဖြေ။ ။ လတ်တလောမှာ ကျနော်တို့ KNU သဘောထားမှာ အခုရွေးကောက်ပွဲက အရေးကြီးပါတယ်။ နောက်ငြိမ်းချမ်းရေးနဲ့လဲ ဆက်စပ်မှုရှိပါတယ်။ ဒီမိုကရေစီ ထူထောင်လို့ရှိရင် ပြည်သူလူထု စိတ်ဆန္ဒအရ ရွေးကောက်လိုက်တဲ့ သူတွေက အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ရွေးကောက်ပွဲက နိုင်ငံတော်အစိုးရကလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ကျနော်တို့ လက်နက်ကိုင်အဖွဲ့ နဲ့တော့ ဆက်စပ်မှုမရှိဘူး။ သူတို့ (နိုင်ငံရေးပါတီ) ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးထားတယ်။ ကျနော်တို့ဒေသ အတွင်းမှာ လုံခြုံရေးကို မထိခိုက်တဲ့နေရာ အကုန်လုံးကို လုပ်ခွင့်ပေးပါတယ်။ ပြီးလို့ရှိရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ဝင်ရောက်မစွက်ဖက်ဖို့ ဝင်ရောက်နှောင့်ယှက်မှု မပြုလုပ်ဖို့ ကျနော်တို့ ညွှန်ကြားထားတယ်။ နောက်တစ်ခုက ပြည်သူလူထုတွေ ကလဲ မဲပေးပိုင်ခွင့်ရှိတယ်။ သူတို့ဆန္ဒအရ ကြိုက်တဲ့သူကို မဲပေးနိုင်တယ်။ သူတို့ကြိုက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတယ် ဆိုတာ ကို ရှင်းပြထားပြီး ဖြစ်ပါတယ်။
မေး။ ။ မတရားအသင်းက ပယ်ဖျက်ပြီးသွားရင် တပ်ဖွဲ့ဝင်တွေ မဲပေးခွင့်ရရှိအောင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ ကျနော်တို့က အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ ကျနော်တို့ဒေသမှာ မဲပေးပိုင်ခွင့်မပြောနဲ့ မှတ်ပုံတင်တောင် မရှိတာ။ မှတ်ပုံတင်လုပ်ဖို့ဆိုတာ အချိန်ကမပေးခဲ့ဘူး။ အခု အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် ပေးမယ်ဆိုရင်တော့ လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေ တောထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ မှတ်ပုံတင်တွေ လုပ်လို့ရမယ်ဆိုရင် မဲပေးခွင့်ရှိမှာပါ။ အခုလောလောဆယ်မှာတော့ တော်တော်များများက မဲပေးပိုင်ခွင့် မရှိဘူး။
မေး။ ။ ဖြည့်စွက်ပြောဖို့ရှိရင် ပြောပြပေးပါ။
ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကတော့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ကြတော့မယ်။ ရေးထိုးပြီးရင် စာချုပ်မှာပါတဲ့ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ လက်တွေ့ပြရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အစိုးရက အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်က တကယ့် မျှော်မှန်းသလိုဖြစ်ဖို့က တာဝန် ရှိတယ်။ ဒီလိုဖြစ်မှလဲ ပြည်သူလူထုက ယုံကြည်မှုရှိမယ်။ ငြိမ်းချမ်းရေးကိုလဲ သွားမယ်။ ငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာက အခက်အခဲလဲရှိတယ်။ အချိန်လဲ ယူရမှာဖြစ်တယ်။

www.mmdailystar.com

Professional Army


စစ်သားတွေဖြစ်စေချင်တဲ့ တပ်မတော်
ဦးကိုကိုကြီး(၈၈ မျိုးဆက်) ကပြောတယ်
တပ်မတော်ဟာ professional တပ်မတော် ဖြစ်သင့်တယ်တဲ့
မှန်တာပေါ့
ဖြစ်သင့်တာပေါ့
ကျွန်တော်တို့က ပိုတောင်ဖြစ်ချင်တယ်ဗျ
. . .
စစ်သား စစ်ပဲတိုက်ချင်တယ်
အရေးအခင်းတွေ အမုန်းခံပြီး လိုက်မထိန်းချင်ဘူး
ရထားလမ်း ကားလမ်း မဖေါက်ချင်ဘူး
ပြည်သူ့အကျိုးပြု လုပ်ငန်းလား
လုပ်နေတယ်လေ
တိုင်းပြည် ကာကွယ်ဖို့ လေ့ကျင့်နေတယ်
ဒီ့အပြင် ကိုယ်နဲ့မဆိုင်တာ ဝင်မပါချင်ဘူး
သစ်ပင်မစိုက်ချင်ဘူး
စပါး မစိုက်ချင်ဘူး
ဝက်မွေး ကြက်မွေး နွားမွေး မလုပ်ချင်ဘူး
စစ်ဆင်ရေးပြီးရင် အေးအေးဆေးဆေးပဲနားချင်တယ်
ပြည်သူမချစ်ရင်နေပါစေ
ပြည်သူမုန်းမှာတော့ ဘယ်စစ်သားမှ မလိုလားပါဘူး
. . .
ဒါပေမယ့် စစ်သုံးဝေါဟာရမှာ Professional Army ဆိုတာတော့မရှိဘူးဗျ
ကမ္ဘာမှာ စစ်တပ် သုံးမျိုးပဲရှိတယ်
1.Mercenary Army
2.Regular Army နဲ့
3.Patriotic Army ဆိုတာပါ
. . .
Mercenary Army လား
ဖြစ်ချင်တာပေါ့ဗျာ
အီရတ်မှာ ပွဲကြမ်းခဲ့တဲ့ အမေရိကန်တွေရဲ့
Black Water လို ကြေးစားတပ်တွေမျိုးလေ
ပိုက်ဆံပေး တောင်းသလောက်သာပေး
အကုန်လက်ရဲဇာတ်ရဲ တိုက်ပေးမယ်
တောင်းသလောက် မပေးနိုင်ဘူးလား
ထပ်မပြောနဲ့တော့ ပြန်တော့
အဲ့လိုမျိုးတပ်တွေပေါ့
ဘယ်လောက်မိုက်သလဲနော့
. . .
နောက် Regular Army
ဖြစ်ချင်တာပေါ့ဗျာ
နိုင်ငံတနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ ကာကွယ်ရေးတပ်ဖွဲ့ကြီးပေါ့
လစာရိက္ခာ အပြည့်ပေးထားတယ်
ကောင်းကောင်းစား
ကောင်းကောင်းအိပ်
ကောင်းကောင်းလေ့ကျင့်
အဲ တိုင်းပြည်အတွက်လိုအပ်လာပြီဆိုရင်တော့
လာခဲ့တော့ တိုက်ကြတော့
သားပစ် မယားပစ်တိုက်တာပေါ့ဗျာ
ထိုင်းစစ်တပ်က ဗိုလ်တစ်ယောက်လစာ ရှစ်သိန်းကျော်
တောင်ကိုရီးယားစစ်တပ်က ဗိုလ်မှူးတစ်ယောက်လစာ ၇၅ သိန်း
အငြိမ်းစားဆို ၂၅ သိန်း
Regular Army တွေပြောပါတယ်
စားဝတ်နေရေး ဘာမှကို ပူစရာမလိုဘူး
ပြည်သူ့အကျိုးပြုလုပ်ငန်းလား
နိုး နိုး လာမခိုင်းနဲ့
ကိုယ့်တပ်ထဲက မြောင်းတောင်
အရပ်သား company တွေ လာဖေါက်တာ
သူတို့ဆီက ဗိုလ်လောင်းအဆောင်တွေ
ကြမ်းတိုက် မှန်တိုက်တာက အစ
အလုပ်သမားပဲလုပ်တာလေ
စစ်တိုက်ရန်
စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်
ဒါပဲရှိတယ် အပိုစာသားတွေမပါဘူး
ကဲ ဘယ်လောက်မိုက်လဲဗျာ
. . .
နောက်တစ်ခု Patriotic Army
တကယ့် Patriotic Army အစစ်အမှန်ကြီးကို ပြမယ်
ကျုပ်တို့အာရှစစ်တပ်တွေ အကုန် လန့်ရတဲ့
ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ကြီးဖြစ်တဲ့
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပါပဲ
ကျွန်တော်တို့ဆီမှာလိုပဲ သူ့ကို နိုင်ငံတော်ရဲ့အဓိက အင်အားကြီးအဖြစ်သတ်မှတ်ထားပြီး
အထိကရုဏ်းတွေဖြိုခွင်းရေး
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး
နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးတယ်
PLA လမ်းဖေါက်တယ်
PLA ရေဘေးကယ်ဆယ်ရေးတွေ လုပ်တယ်
PLA အထိကရုဏ်းတွေနှိမ်နင်းတယ်
PLA ကောင်းတဲ့အခါကောင်းတယ်
PLA ရက်စက်ရင်လဲ သူ မတူဘူး
ဆန္ဒပြကျောင်းသားကို တင့်ကားနဲ့ကျိတ်ပစ်တာ
ဒါပေမယ့် PLA လုပ်သမျှ စစ်ကော်မရှင်က တာဝန်ယူတယ်
ဒီမှာလို ကိုယ့်ကို လူတွေမုန်းမှာစိုးလို့ ဟိုလူ့လွှဲချ ဒီလူ့လွှဲချ မလုပ်ဘူး
. . .
PLA လမ်းဖေါက်တယ်
PLA တံတားဆောက်တယ်
ဒါပေမယ့်
PLA ဖက်ထိပ်မလုပ်ဘူး
တပ်တွင်း မြောင်းဖေါ် အမှိုက်သိမ်းကအစ
အရပ်သား အလုပ်သမားလုပ်တယ်
PLA က စစ်ဗိုလ်လစာ ၁၂ သိန်းကျော်တယ်
ရိက္ခာနဲ့ ခံစားခွင့်တွေပေါင်းလိုက်ရင်
ဘာမှကို ပူစရာ မလိုတာ
ကျွန်တော်တို့က သူများ ပင်ပန်းဆင်းရဲတာကိုတော့ အတုယူကြတယ်
ခံစားခွင့်ကြတော့ အတုမယူဘူးလေ
. . .
ထိုင်းနယ်စပ်မှာဆို ကွာခြားချက်က သိပ်ကိုသိသာတယ်
သူတို့ဆီက စခန်းတွေ ရိက္ခာလာချရင် ရဟတ်ယာဉ်နဲ့
ကျွန်တော်တို့ဆီက မိုင်းကွင်းတွေကြားထဲ တောတိုးတုန်း
၁၉၈၀ လောက်ကလည်း ဒီလိုပဲ
ခုလည်း ဒီလိုပဲ
ငါတို့တုန်းကလည်း တောတိုးတာပဲ
မင်းတို့လည်း ငယ်တုန်းရွယ်တုန်း တိုးလိုက်ဦး ဆိုသလိုပေါ့လေ
zero level ကကို မတက်တော့ဘူး
သို့သော် Patriotic ဖြစ်နေတဲ့အခါကျတော့ ပြန်ပြောခွင့် စောဒက တက်ခွင့်မရှိဘူး
မျိုးချစ်တပ်မတော်ဖြစ်သည်
အပင်ပန်းအဆင်းရဲခံနိုင်သော တပ်မတော်ဖြစ်သည်လေ
. . .
တချိန်က နိုင်ငရဲ့ အခြေအနေ
ပြည်နယ်တိုင်း သူပုန်ထတာတွေကြောင့်
စစ်နိုင်ခြင်းဖြင့်သာ အဆုံးအဖြတ်ပေးနိုင်တယ်
ဒါ့ကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဏက သိပ်ကိုအရေးပါလာပါတယ်
ဒါကို နိုင်ငံရေးသမားတွေ မသိဘူး မဟုတ်ဘူး သိတယ်
မသိချင်ယောင်ဆောင်နေတာပါ
အဲ့သည်တုန်းက စစ်တပ်မပါလို့မရတဲ့ အခြေအနေကိုး
. . .
တဖက်နဲ့တဖက် မယုံမကြည်ဖြစ်ရာက
ရန်သူတွေဖြစ်လာကြတဲ့အချိန်မှာ
နိုင်ငံအတွက် တကယ့်ကို စေတနာနဲ့ အလုပ်လုပ်တဲ့သူတွေ နိုင်ငံရေးသမားတွေ ထောင်ကျတယ်
နယ်စပ်မှာ ဘဝပျက်တယ်
တဖက်ကလည်း စစ်တပ်ရဲ့စစ်သားကောင်းကြီးတွေ တိုက်ပွဲတွေမှာကျတယ်
သူရဲကောင်းတွေ ကန်းတယ် ပြတ်တယ် ဒုက္ခိတဖြစ်တယ်
နိုင်ငံရေးသမားတွေဖက်က လူလည်တွေက
ဒေါ်လာစားတွေဖြစ်တယ်
နိုင်ငံတကာလှည့်အလှူခံတယ်
ချမ်းသာကုန်တယ်
စစ်တပ်ဘက်က လူလည်တွေက
ပါမစ်တွေနဲ့ ချမ်းသာတယ်
ကန်ထရိုက်တွေနဲ့ သူဌေးတွေဖြစ်ကုန်တယ်
တိုင်းရင်းသားလက်နက်ကိုင်တွေလဲ
ဘာထူးလဲ
အောက်ခြေက သူပုန်လေးတွေ
သေတယ် ပြတ်တယ် ငတ်တယ်
သူပုန်ဗိုလ်ချုပ်တွေ မိန်းမဆယ်ယောက် မကရှိတယ်
ယိုးဒယားမှာ သူဌေးစာရင်းဝင်တယ်
. . .
တွေးကြည့်ရင် ရင်နာစရာနော်
ဒါ့ကြောင့် စားပေါက်ပိတ်မှာစိုးတဲ့
လူလည်တွေက
ဒီအစွန်းနှစ်ဖက် ပြေလည်သွားမှာ
လုံးဝ လုံးဝ မလိုလားဘူး
အမြဲတမ်း ပြဿနာကို ဖန်တီးတယ်
သတိထားကြည့်ရင် သိနိုင်ပါတယ်
ဒါ့ကြောင့်
ငါ စစ်သား ဒီကောင်တွေကို အထင်မကြီးဘူး
ဆိုတဲ့စိတ်တွေရယ်
စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး ဆိုတဲ့
အစွန်းရောက်အမြင်တွေ လျှော့သင့်ပါပြီ
တိုင်းပြည်တည်ဆောက်ရေးအတွက် ပူးပေါင်းသင့်ပါပြီ
. . .
နောက်ဆုံးအနေနဲ့
ဦး ကိုကိုကြီး ပြောတာ
ပြန်ဆက်ရမယ်ဆို
ဦး ကိုကိုကြီးကို တိုက်ရိုက် ပြောချင်တယ်
တပ်မတော်က professional ဖြစ်သင့်တယ် ဆိုတဲ့
အကြံပေးသလိုလို
ထောက်ပြသလိုလို
ဈေးဆစ်သလိုလို မရဲတရဲနဲ့ မပြောပါနဲ့
ကျုပ် အာဏာရရင် တပ်မတော်ဟာ Professional တပ်မတော် ဖြစ်ကိုဖြစ်စေရမယ် လို့ အာမခံလိုက်
ကျုပ်တို့ တပ်မတော်သားတွေ နဲ့သူတို့မိသားစုဝင်တွေရဲ့ မဲတိုင်းဟာ ခင်ဗျားအတွက်ဖြစ်ကိုဖြစ်နေပါလိမ့်မယ်ဗျာ
ကိုဆေး
www.mmdailystar.com

မသေမချင်း မှတ်ထားစေချင်တယ်


ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။
အခုလည်း NLDက မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က
၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊
၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊
၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့ တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊
၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့ နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်းဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။
-----------------------------
မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။
၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။ အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက် လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။မြတ်ဗုဒ္ဓက သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့ ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။ သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။
၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့ ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို မထောက်ပံ့ကြသလဲ။ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့် ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့် ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။ အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊ ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးလျင် ကလေး(၈)ယောက်လောက်မွေးပြီး တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။(၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။
၃။ ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ ကြိုးစားအားထုတ်နေကြသူများလည်း မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။တကယ့်လို့ ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင် ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊ ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့ ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့ ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။
၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။ ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒ္ဓဘာသာကတော့ မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့ သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက် ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။ တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊ အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။
ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက် ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း မှတ်ထားစေချင်ပါတယ်။

(ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သော-မှ)

www.mmdailystar.com

ယခုအချိန်မှာ အမျိုးစောင့်ဥပဒေထက်အရေးကြီးသော အရာမရှိ .



အမျိုးစောင့်ဥပဒေမလိုအပ်သေးဘူးဆိုသူများကို မေးလိုပါတယ်။
ပညာရည်မြင့်မားဖို့ . . .
အချိန်ဘယ်လောက်ပေးရမယ်ထင်သလဲ . . .။
ကိုယ်ကျင့်တရားကောင်းဖို့ကရော . . .
အချိန်ဘယ်လောက်ပေးရမယ်ထင်သလဲ . . .။
ပါးစပ်ကပြောတော့ အလွန်လွယ်တဲ့အလုပ်ပဲ။

ယခုအချိန်မှာ မြန်မာနိုင်ငံသူ/သားအချို့ ဘယ်လောက်ထိ အတိဒုက္ခရောက်နေသလဲဆိုတာ သိနေပါရဲ့နဲ့ ပြောထွက်ရဲကြတယ်။
ဟိုကမွှေ၊ ဒီကနှောက်နဲ့ တစ်ယောက်ပြီးတစ်ယောက် အစားခံနေရတာ ဥပဒေနဲ့မှ မတား၊
ဘာ ပညာနဲ့တားမလဲ . . .။

ခေတ်အဆက်ဆက် မဲ့ခဲ့တဲ့ပညာ၊ ခေတ်အဆက်ဆက် ပျက်ပြားနေတဲ့ ကိုယ်ကျင့်တရားကို ဥုံဖွ ပညာတတ်စေ၊ ကိုယ်ကျင့်တရားကောင်းစေဆိုပြီး လုပ်လို့ရတာမဟုတ်ဘူး။ ဒီတော့ မမီတော့တဲ့ သူတွေအတွက် ဥပဒေနဲ့မှ တားဆီးလို့ရတော့မှာပေါ့ ။
အဲသည်လိုမှ မတားဆီးဘဲ ပညာမဲ့တဲ့လူတွေကို ပညာတတ်အောင်၊ ဆင်းရဲတဲ့လူတွေကို ချမ်းသာအောင်၊ ကိုယ်ကျင့်တရား မကောင်းတဲ့လူတွေကို ကိုယ်ကျင့်တရားကောင်းအောင် လုပ်ဆောင်နေရင်း အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်နဲ့ ကြွေကုန်မှာပေါ့ . ။

နိုင်ငံတော်ကြီးတစ်ခုလုံးကို လူပြောင်းတာနဲ့ စနစ်ကောင်း၊ ချက်ချင်းကြီး အားလုံးကောင်းလာတော့မယ်ထင်တာကတော့ လက်ခံလို့မရတဲ့ အတွေးအခေါ်ပဲ။

မ ဘ သ ဟာ အမျိုးစောင့်ဥပဒေပေါ်ထွန်းဖို့
တစ်ခုထဲလုပ်နေတာမဟုတ်ဘူး။
ဗလငါးတန်ပြည့်စုံအောင်လည်း လုပ်နေတာပဲ။
အမျိုးစောင့်ဥပဒေကို အရင်ဆုံးအသည်းအသန်လုပ်ရခြင်းက ပညာနိမ့်ပါးသော၊ ဘာသာရေးယုံကြည်မှုနည်းပါးသော မိရိုးဖလာများနဲ့ ငွေမက်သူများအတွက် အရင်ဆုံး ခြံခက်တဲ့သဘောမျိုးဖြစ်တယ်။ ဒါကိုနားလည်ပါ။

ဒီအချိန်မှာ ဘယ်သူသမ္မတဖြစ်ဖြစ်၊ ပေါင်းရမှာပဲ။
ကြံ့ ဖွံ့က သမ္မတဖြစ်လို့ အမျိုးစောင့်ဥပဒေပေါ်ပေါက်လာတာလဲမဟုတ်ဘူး။
လွှတ်တော်ထဲက အမတ်တွေက မဲခွဲဆုံးဖြတ်လို့ ပေါ်ပေါက်လာတာ။
သူတို့မကြိုက်ရင် (မကြိုက်တဲ့သူများရင်) ပေါ်လာစရာလည်း အကြောင်းမရှိဘူး။
ဒါဟာနိုင်ငံရေး လှည့်ကွက်လို့ပြောရင် ရူးနေလို့ပဲ။

ဒီဥပဒေ ပြဋ္ဌာန်းဖို့အတွက် အားလုံးမှာ အခွင့်အရေးရှိနေတာပဲ။ အဲဒီအခွင့်အရေးကို ဘာလို့မယူတာလဲ . . .။
လှည့်ကွက်ဆိုရင်လည်း အဲဒီလှည့်ကွက်ကို ဘာလို့မသုံးတာလဲ . . .။

အမျိုးစောင့်ဥပဒေကြောင့် သမ္မတကြီးဦးသိန်းစိန် မျက်နှာရပြီးအမျိုးစောင့်ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် အကဲ့ရဲ့ ခံရတာဟာ အမျိုးစောင့်ဥပဒေရဲ့ အပြစ်မဟုတ်ဘူး။ ဘယ်သူ့အပြစ်လဲ . . .

အမျိုးစောင့်ဥပဒေကြောင့်လို့ မြင်နေတဲ့သူတွေကတော့ မလိုအပ်ဘူးတို့၊အရေးမကြီးတာတို့ အစရှိသည်ဖြင့် မစားရအမဲ သဲနဲ့ပတ်သလိုမျိုး ကိုယ်လိုရာဆွဲပြောနေမှာ အသေအချာပဲ။ အောင်မြင်ပြီးမှ ဘာလို့များ ကန့်ကွက်နေတော့မှာလဲ . အောင်မြင်စွာပြဋ္ဌာန်းပြီးမှ ဘာလို့ အရေးမကြီးတဲ့သဘောမျိုးကို ပြောနေတာလဲ . . ။

ဘာပဲပြောပြော . . .
မ ဘ သ အဖွဲ့ ကြီးရဲ့
ပထမခြေလှမ်းဟာ အားလုံးထက်အရေးကြီးတဲ့ အမျိုးစောင့်ဥပဒေ . . .
ဒုတိယခြေလှမ်းတွေ လှမ်းလာတော့မှာ . . . (စွပ်စွဲသူများဘလော့မည်)
ဝေဖန်တာမစောပါနဲ့ . . .

www.mmdailystar.com

တိုက်ခိုက်ရန် အသင့်ရှိ စစ်သည်အင်အား စာရင်းတွင် မြန်မာ့ တပ်မတော်က အဆင့် ၁၅နေရာ၌ ရပ်တည်


စစ်အင်အား အကြီးဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၄၄နေရာတွင် ရပ်တည်နေခဲ့သော်လည်း တိုက်ခိုက်ရန် အသင့်ရှိသည့် စစ်သည် အင်အားရှိသော နိုင်ငံများ စာရင်းတွင်မူ အဆင့် ၁၅နေရာ၌ ရပ်တည်နေခဲ့ကြောင်း Globle Firepower၏ ကမ္ဘာတစ်ဝန်း ကောက်ခံခဲ့သော အချက်အလက်များ အရ သိရသည်။
Globle Firepower၏ ယခုစစ်တမ်း ကောက်ခံချက်များသည် ကမ္ဘာတစ်ဝန်း သတင်းစာ၊ ရုပ်သံလိုင်း၊ မီဒီယာများနှင့် CIAနှင့် အခြားသော အဖွဲ့အစည်းပေါင်း များစွာ၏ သတင်း အချက်အလက်များပေါ် မူတည်၍ အပြီးသတ် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် တိုက်ခိုက်ရန် အသင့်ရှိသော စစ်သည်အင်အား စာရင်းတွင် စစ်သည် ၄၀၆၀၀၀ဖြင့် အဆင့် ၁၅နေရာတွင် ရပ်တည်နေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ အထက်တွင် အရှေ့တောင်အာရှ နိုင်ငံ အချို့လည်း ရပ်တည်နေခဲ့သည်။
တိုက်ခိုက်ရန် အသင့်ရှိနေသော စစ်သည်အင်အား စာရင်းတွင် တရုတ်နိုင်ငံက စစ်သည်အင်အား ၂၃၃၃၀၀၀ဖြင့် အဆင့် ၁နေရာတွင် ရှိနေပြီး အမေရိကန်က စစ်သည်အင်အား ၁၄သိန်းရှိပြီး အဆင့်(၂)ဖြင့် လည်းကောင်း၊ အိနိ္ဒယနိုင်ငံက စစ်သည်အင်အား ၁၃၂၅၀၀၀ ဦးရှိပြီး အဆင့်(၃)ဖြင့် လည်းကောင်း၊ ရုရှားနိုင်ငံက စစ်သည်အင်အား ၇၆၆၀၅၅ရှိပြီး အဆင့်(၄)ဖြင့် လည်းကောင်း၊ ၄င်းတို့၏ နောက်တွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့မှ အသီးသီး ရပ်တည်လျက် ရှိသည်။
ကမ္ဘာ့စစ်အင်အား အကြီးဆုံး နိုင်ငံများ စာရင်းတွင်မူ မြန်မာနိုင်ငံမှာ အဆင့် ၄၄နေရာတွင်သာ ရှိပြီး ၄င်း၏အထက်တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား နိုင်ငံက အဆင့် ၁၂၊ ထိုင်းနိုင်ငံက အဆင့် ၂၀၊ အဆင့်၂၁ နေရာတွင် ဗီယက်နမ်၊ အဆင့် ၂၆ နေရာတွင် စင်ကာပူ၊ အဆင့် ၃၅နေရာတွင် မလေးရှား၊ အဆင့် ၄၀နေရာတွင် ဖိလစ်ပိုင်နိုင်ငံတို့က အသီးသီး ရပ်တည်နေပြီး ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၂၆ နိုင်ငံကို တွက်ချက်၍ အဆင့်များ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆင့် သတ်မှတ်ချက်များသည် အချက်အလက်ပေါင်း ၅၀ပေါ်တွင် အခြေခံပြီး တွက်ချက်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ တွက်ချက်မှုများတွင် နျူကလီးယား ပိုင်ဆိုင်မှု၊ လတ်တလော နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ၏ အခြေအနေ၊ လက်နက် ရောင်းချနိုင်မှုကို ထည့်သွင်း တွက်ချက်ခြင်း မရှိဘဲ ပထ၀ီဝင် အနေအထားနှင့် ကျန်းမာရေး၊ စီးပွားရေး တို့ကိုမူ ထည့်သွင်း တွက်ချက်ထားကြောင်း Globle Firepower (GFP)တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ရေး အသုံးစရိတ် အသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံGDP၏ ၅ရာခိုင်နှုန်းကို အသုံးပြုပြီး အမေရိကန်၊ ရုရှားတို့နှင့် တူညီလျက်ရှိသည်ဟု Wikipediaတွင် ဖော်ပြထားခဲ့သည်။

www.mmdailystar.com

"လသာဒီချုပ် ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရ"


(ရန်ကုန်၊ အောက်တိုဘာ ၉)
ဒေါက်တာအောင်သူ၊ ဒေါ်ခင်မို့မို့အောင်နှင့် ဦးကျော်မင်းဟန် တို့၏ဓါတ်ပုံများ ပါဝင်သည့် လသာမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၊ လွှတ်တော် ကိုယ်စားလှယ်အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံထားရသည်ကို ယနေ့ မနက်ကတွေ့ရှိရပါတယ်။
မဲဆွယ်စည်းရုံးခွင့် စတင်ခွင့်ပြုလုပ်သည့် စက်တင်ဘာလ ပထမအပတ် မှစတင်ကာ ပြည်နယ်နဲ့အတိုင်းအသီးသီးမှာ ရှိတဲ့နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ် ဆိုင်းပုဒ်တွေဟာဆိုရင်လည်း အခုလိုပဲ ဖျက်ဆီးခံရမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ မဲဆွယ် စည်းရုံးရေးပြုလုပ်ရာမှာ ယခုလို ပြိုင်ဘက် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု အပေါ်မှာ နှောက်ယှက်ဖျက်ဆီးမှု မပြုလုပ်ဘူး ဆိုတာကို ကတိက၀တ်ပြုပြီး ရေးဆွဲထားတဲ့ ကတိက ၀တ်စာချုပ်(CODE OF CONDUCT) ကို လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခို်င်ရေးပါတီ အပါအ၀င် အခြားနိုင်ငံရေးပါတီတွေ ကလည်း ပါဝင်လက်မှတ် ထိုးထားခဲ့ပါတယ်။
ယခုလို ကတိက၀တ်စာချုပ်ကို လိုက်နာခြင်းမရှိဘဲကိုယ့်ရဲ့ ပြိုင်ဘက်ပါတီ အပေါ်ကို နှောက်ယှက်ဖျက်ဆီးမှုပြုလုပ်တာဟာ ရွေးကောက်ပွဲအတွက် ရုပ်ဆိုး အကျဉ်းတန်ခြင်းဖြစ်တယ်လို့လည်း ပါတီအချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်း


မကြာသေးခင် ရက်ပိုင်းများက တပ်မတော်နှင့် တိုက်ပွဲငယ်အချို့ ဖြစ်ပွားခဲ့သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Nation Ceasefire Agreement- NCA တွင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်ခြင်းကို ကြိုဆိုအပ်ပေသည်။
ထို့အတူ မူလကပင် NCA တွင် လက်မှတ်ရေးထိုးရန် သဘောတူ ဆုံးဖြတ်ထားပြီးသား ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဦး (DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့၏ ငြိမ်းချမ်းရေး လိုလားမှုကိုလည်း အထူးတလည် အသိအမှတ်ပြုရမည် ဖြစ်သည်။
နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်ရာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဗွေဆော်ဦး ရရှိရေးမှာ အထူးအရေးကြီးလှသည်။
ပြည်တွင်းစစ်မီး မငြိမ်းပါက ငြိမ်းချမ်းမှု မရနိုင်သည့်အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများလည်း အောင်မြင်စွာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်သည့်အပြင် တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကိုလည်း လျှော့ချသွားရန် မလွယ်ကူနိုင်ကြောင်း နိုင်ငံရေးသီအိုရီများက အတိအလင်း ပြဆိုထားပြီး ဖြစ်သည်။
ဆိုလိုသည်မှာ ပြည်တွင်းစစ် ဖြစ်ပွားနေသော နိုင်ငံတိုင်းတွင် စစ်ဘောင် ကျယ်လာလေ့ရှိပြီး ပြည်တွင်းစစ်မီး ငြှိမ်းသတ်နိုင်မှသာ စစ်ဘောင်ကျဉ်းသွားကာ ဒီမိုကရေစီ ရေခံမြေခံများ ရှင်သန်လာနိုင်သည်ဆိုသော နိုင်ငံရေးသိပံ္ပ သီအိုရီကို ဆိုလိုရင်းဖြစ်သည်။
စစ်ဘောင်ဟု ဆိုရာတွင် တရားဝင် ဖွဲ့စည်းထားသည့် တပ်မတော်အပြင် အစိုးရကို လက်နက်ကိုင် ပုန်ကန်ဆန့်ကျင်သော အဖွဲ့အစည်းများလည်း အကျုံးဝင်နေရာ စစ်ဘောင်ကျဉ်းသွားရန် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးတွင် တာဝန်ရှိပေသည်။
ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ကမကထပြု ဆော်သြ ဆောင်ရွက်နေသည့် အစိုးရ အနေနှင့်လည်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြောင်း ပြသသည့်အနေနှင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒေသခံ ပြည်သူများအား လက်မှတ်ရေးထိုးခြင်းကြောင့် မည်သို့ အကျိုးကျေးဇူးများ ခံစားရရှိနိုင်ကြောင်း လက်တွေ့လုပ်ရပ်များဖြင့် သက်သေပြပေးရန် အထူးတာဝန်ရှိပေသည်။
တပ်မတော် အနေနှင့်လည်း NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရေရှည်တွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး လက်မှတ်မရေးထိုးသေးသည့် လက်နက်ကိုင်အဖွဲ့များ အပေါ်တွင်လည်း သဘောထားကြီးစွာဖြင့် စိတ်ရှည်စောင့်ဆိုင်းပေးရန် လိုအပ်မည်ဖြစ်သည်။
ထို့အတူ လက်မှတ်ရေးထိုးရန် မဆုံးဖြတ်ရသေးသော လက်နက်ကိုင်အဖွဲ့များသည်လည်း အားလုံး ပူးပေါင်းပါဝင်ရေး ဆိုသည့် မူတစ်ခုအပေါ်တွင် ပုံသေအထိုင်ထားခြင်းမျိုးထက် လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိသော ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အခြားနည်းလမ်းတစ်ခုကိုလည်း စဉ်းစားထားသင့်လှပေသည်။
မည်သို့ပင်ဖြစ်စေ လောလောဆယ်အားဖြင့် စိတ်ကူးစံနှုန်းနှင့် အလားသဏ္ဌာန်တူသည့် အားလုံးပါဝင်ရေး All Inclusive လမ်းကြောင်း မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်ခြေ အရှိဆုံး အခြားနည်းလမ်းတစ်ခု The Best Alternative အနေနှင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ စေ့စပ်ညှိနှိုင်းပေးသူများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များနှင့် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေသော မြန်မာ့တပ်မတော်တို့ကို ပထမအဆင့် ငြိမ်းချမ်းရေးခြေလှမ်း စတင်သူများအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပေသည်။
အယ်ဒီတာ (၈-၁၀-၂၀၁၅)

www.mmdailystar.com

ဝက်သားလာရောင်းသည့် ထိုင်းလင်မယားကို မွတ်စလင် သောင်းကျန်းသူများ ပစ်သတ်



ထိုင်းနိုင်ငံ ပဌာနီခရိုင်၊ နွန်ချော့ဒေသမှာ မနက်ခင်းဈေးထဲ ၀က်သားလာရောက် ရောင်းချတဲ့ လင်မယား ၂ ဦးကို မွတ်စလင်သောင်းကျန်းသူတွေက အောက်တိုဘာ ၈ ရက် မနက်မှာ သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ခဲ့ပါတယ်။
မနက် ၅ နာရီကျော် ဈေးကိုအလာ ဒီလင်မယားမောင်းနှင်လာတဲ့ ကားကို သောင်းကျန်းသူတွေက အမ်-၁၆ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဆွီဘီချူချီခန် (၆၉ နှစ်) နဲ့ ဇနီး နူ အန်ဆရီ (၆၂ နှစ်) တို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကလည်း အဲဒီနေရာကနေ ၂ ကီလိုမီတာအကွာမှာ ခုလိုပဲ အလစ်ဖမ်း တိုက်ခိုက်ခံရဖူးတယ်လို့ ရဲတွေက ပြောပါတယ်။
အဲဒီမွတ်စလင်သောင်းကျန်းသူတွေဟာ သူတို့ရဲ့ငွေတွေနဲ့ ပစ္စတိုသေနတ် တလက်ကိုလည်း ခိုးယူသွားခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။ 


www.mmdailystar.com

ကုလားများ ခိုးဝင်လျက်ရှိဆဲ

စစ်တွေမြို့နယ်မှ ဘင်္ဂလီများတင်လာသည့်ကား
ထွက်ခွာလာကြောင်းသတင်းပေးချက်အရဝိုင်းဝန်း
ပိတ်ဆို့ရှာဖွေရာစစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်း
မင်းပြားမြို့နှင့် ၇မိုင်အကွာ သံရှင်ကျေးရွာရဲကင်းရှေ့
တွင် ၅-၁၀-၂၀၁၅ ည ၁၀နာရီခန့်အချိန်တွင်ဖမ်းဆီး
ရမိခဲ့ပါတယ် စစ်ဆေးချက်အရ တစ်သိန်းစီကြိုတင်
ငွေပေးထားပြီးကျန်ငွေကို ရန်ကုန်မှပေးချေမည်ဟု
သိရပါတယ် ကားသမားဖြစ်သောမြင့်ဇော်ဝင်းနှင့်အောင်
စိုးဝင်းတို့နှစ်ဦးနှင့်အတူဘင်္ဂလီ၎ဦးအားအမှု့ဖွင့်
အရေးယူထားပါတယ်

www.mmdailystar.com

ကိုရဲမိုး ဖေ့ဘုတ် စာမျက်နှာမှ

လက်ရှိအခြေအနေမှာ ...
ပါတီကိုကြည့်ပြီး မဲပေးရမယ်ဆိုရင် ...
NLDကို ကျွန်တော် မဲ ပေးမှာ မဟုတ်ဘူး ...
ဘာကြောင့် မဲမပေးသလဲဆိုတဲ့  ....
အကြောင်းပြချက် ၊ ယုံကြည်ချက် ...
ကျွန်တော့်မှာ ခိုင်ခိုင်လုံလုံရှိတယ် ....
ပထမဆုံး အကြောင်းပြချက်ကတော့ ...
=======================
ဘယ်ပါတီကိုမှ တောင်ပြိုကမ်းပြို ....
တစ်ပါတီတည်း အင်အားကြီး မနိုင်စေချင်လို့ ပဲ ...
ပြည်ခိုင်ဖြိုး တစ်ပါတီတည်း ...
လွှတ်တော်ထဲမှာ အင်အားကြီးခဲ့တော့ ...
ပိုင်ဆိုင်မှုတွေ တင်ပြဖို့ ဆိုတဲ့  အဆို ...
ခွက်ခွက်လန် ရှုံးခဲ့ဖူးတယ် ...
ဒါ ဘာလို့ လဲဆိုတော့ ...
တစ်ပါတီတည်း အင်အားကြီးနေလို့  ဖြစ်ခဲ့တာ ....
ပြည်ခိုင်ဖြိုးထဲမှာက ...
အရင်စစ်အုပ်ချုပ်ရေးတုန်းက စားခဲ့ဝါးခဲ့တဲ့  ....
စားဖားကြီးတွေ အတော်များများ ပြန်ပါနေတယ် ...
( ကောင်းတဲ့ သူတစ်ချို့ လဲ ရှိပါတယ် ...
သို့ သော် မီးများ မီးနိုင် ရေများရေနိုင်ပဲ ... )
သူတို့ လူတွေပဲ လွှတ်တော်ထဲ ကြီးစိုးနေတော့ ...
တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆိုတစ်ခု ...
လွှတ်တော်မှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့ရတယ် ....
NLD တစ်ပါတီထဲ အင်အားကြီးလာခဲ့ရင် ...
တစ်ချို့ အဆိုတွေ အဲဒီလိုပဲ ဖြစ်လာနိုင်တယ် ....
(ဥပမာ ၁၉၈၂ နိုင်ငံသားအက်ကို ပြင်ဆင်ဖို့ အဆိုတင်တာမျိုး )
၂၀၁၆ လွှတ်တော်မှာ ဒါမျိုး ထပ်မဖြစ်စေချင်တော့ဘူး ....
လွှတ်တော်ထဲမှာ မျှခြေတစ်ခု ဖြစ်နေစေချင်တယ် ...
ဒုတိယအချက်ကတော့ ...
===============
NLD လုပ်မယ့်  ပြုပြင်ပြောင်းလဲမှုတွေထဲက တစ်ချို့ ကို ...
ကျွန်တော် လုံးဝ သဘောမတူနိုင်လို့  ...
ဘာတွေလဲဆိုတော့ ...
၁။ ၁၉၈၂ နိုင်ငံသား ဥပဒေ ...
ဒီ ဥပဒေကို အန်အယ်လ်ဒီက ပြင်ဖို့ ရာခိုင်နူန်း အတော်များနေတယ် ...
သူ့ အယူအဆက ဘင်္ဂါလီ ပြသနာဟာ ...
တစ်ခုခုတော့ ဖြေရှင်းမှရမယ် ...
အဲဒီ တစ်ခုခုဟာ ၁၉၈၂ အက်ကို လျော့ပေါ့ပြီး ...
ဘင်္ဂါလီတွေနဲ့  ညှိနိုင်းမယ့်သဘော ဖြစ်ပုံရနေတယ် ....
ကျွန်တော် သဘောမတူနိုင်ဘူး ...
၁၉၈၂ အက်ကို ပြင်တာကိုလဲ လက်မခံနိုင်ဘူး ...
၂။ ပုဒ်မ ၄၃၆ ...
ဒီပုဒ်မကို ပြင်မယ်လို့ အတိအလင်းထုတ်ပြောထားတယ် ...
၄၃၆ ဟာ အခြေခံဥပဒေကြီး တစ်ခုလုံးရဲ့  ကီးဖြစ်တယ် ...
၄၃၆ ကိုပြင်လိုက်တာနဲ့  ...
အခြေခံဥပဒေထဲက ပုဒ်မတွေကို စိတ်ကြိုက် ပြင်ခွင့်ရသွားမယ် ...
ဥပမာ ကာလုံ ၊ တစ်မတ်သား စသဖြင့် စသဖြင့် ...
ကာလုံ ကို လူတွေ မကြိုက်ကြဘူး ...
တစ်မတ်သားကိုလဲ ထိုနည်းလည်းကောင်းပဲ ...
ကျွန်တော်ကတော့ ...
လက်ရှိအချိန်မှာ ...
ကာလုံတို့ တစ်မတ်သားတို့ ရှိသင့်တယ်လို့ ယူဆတယ် ...
ဘာလို့ လဲ ဆိုတော့ ...
ဒီကာလဟာ ခေတ်ပြောင်း စနစ်ပြောင်းကာလ ....
လူတွေဟာ တော်လှန်ရေးအဖျားတက်နေတယ် ...
အပြောင်းအလဲကို အရူးအမူးလိုချင်နေတယ် ...
ကျွန်တော်က တစ်ဆင့်ချင်းပြောင်းဖို့ လိုတယ် ထောက်ပြတယ် ...
ဥပမာ အီဂျစ်ကိုကြည့် ...
အီရတ်ကို ကြည့် ...
ဆီးရီးယားကို ကြည့် ...
ဆိုဗီယက်က ဂိုဗာချော့ရဲ့  ပယ်ရီစထရွိုက်ကာ ကိုကြည့် ...
အာရပ်နွေဦးဟာ ငါးနှစ်လောက်အကြာမှာ ....
အားလုံး စုတ်ပြတ်သတ်သွားခဲ့ပြီ ...
ဒီနိုင်ငံတွေရဲ့  နိုင်ငံရေးရေခံမြေခံတွေဟာ ...
ကျွန်တော်တို့ နဲ့  သိပ်ဆင်တယ် ...
လက်နက်ကိုင်အုပ်စုတွေ အများကြီးရှိတာ ...
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ မတည့်တာ စသဖြင့် စသဖြင့် ...
NLD ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ...
အတော် စိတ်အားထက်သန်နေတယ် ...
ဒီပြုပြင်ပြောင်းလဲမှုတွေထဲမှာ ...
ကောင်းတာတွေ ပါနေသလို ဆိုးတာတွေလဲ ပါနေတယ် ....
ဆိုးတာတွေ အရှိန်မသပ်နိုင်ပဲ ...
တိုင်းပြည်ဗရုတ်သုတ်ခဖြစ်ပြီး ...
ကောင်းတာလေးတွေတောင် မခံစားလိုက်ရမှာ ...
ကျွန်တော် ကြောက်တယ် ....
ဒါကြောင့် သူ့ စိတ်တိုင်းကျ အကုန်လျှောက်ပြင်ဖို့  ခွင့်မပြုချင်ဘူး ...
သူ့ ကို ကန့် သတ်ထားမယ့်  ...
ကာလုံတို့  တစ်မတ်သားတို့ ...
( လတ်တလောမှာ ) ရှိနေစေချင်သေးတယ် ...
ဒီလိုထောက်ပြတော့ ဘာဖြစ်လဲ ...
ဘာမှမဖြစ်ဘူး ....
ထောင်နဲ့ ချီတဲ့  အဆဲတွေသာ ကျွန်တော်ရလာခဲ့တယ် ...
grin emoticon grin emoticon grin emoticon grin emoticon grin emoticon
ဒါဆိုရင် ကျွန်တော်သဘောပေါက်သွားပြီ ...
လူများစုဟာ Heat တက်နေတယ် ...
Mob Psychology သဘောတရားတွေအရ ....
ဒီအချိန်မှာ ဘာပြောပြော လက်ခံမှာမဟုတ်ဘူး ...
စပ်ကူမတ်ကူးကာလမှာ ...
ဒီလို Heat တက်ကြမယ်မှန်း ...
ဘယ်လို ဖျောင်းဖျဖျောင်းဖျ ...
လက်ခံကြမှာ မဟုတ်မှန်း အရင်ပုဂ္ဂိုလ်တွေကလဲ ...
ကြိုတင်ခန့် မှန်းပြီး ဖြစ်ဟန်ရှိတယ် ...
ဒါကြောင့် လွှတ်တော်နဲ့  အစိုးရရဲ့  လုပ်ပိုင်ခွင့်ကို ကန့် သတ်မယ့်  ...
တစ်မတ်သားတို့ ကာလုံတို့  ထည့်ပြီး ...
စနစ်တကျ အချိန်းအပြောင်းလုပ်သွားတာ ဖြစ်မယ် ...
ချုပ်ပြောရရင် ...
ဒီအချက်တွေကြောင့် ...
တစ်ဆင့်ချင်းပြောင်းတာကို ကြပ်မတ်စောင့်ကြည့်ပေးမယ့် ...
ကာလုံလို တစ်မတ်သားလို အဖွဲ့ တွေ ...
အစိုးရထဲ လွှတ်တော်ထဲမှာ (ခဏ) ရှိနေတာကို ...
ကျွန်တော် သဘောတူတယ် ...
ဒီအခင်းအကျင်းကို ခြိမ်းခြောက်နိုင်တဲ့  ပုဒ်မ ၄၃၆ ပြင်ဖို့ ကိစ္စ ...
ကျွန်တော် သဘောမတူဘူး ....
ဥပမာအနေနဲ့  ဒီနှစ်ခုကို ရေးပြတာ ...
ကျန်တာတွေလဲ ရှိသေးတယ် ...
သို့ သော် စာရှည်နေတော့မယ် ...
ထားတော့ ....
တတိယအချက်က ...
==============
NLD ဟာ တပ်မတော်ကို အမြင်စောင်းနေတယ် ...
မေစုက တပ်ကို ဒီလောက်ချစ်ပါတယ်ပြောနေတာ ...
ဘညာသာရကာ လာမပြောနဲ့  ....
သူက စင်ပေါ်မှာပဲ ပြောနေတာ ...
လက်တွေ့ ကျတော့ ကျွန်တော် အကြိမ်ကြိမ်ထောက်ပြခဲ့သလို ...
တပ်မတော် ရဲ့ ရပ်တည်မှုကို ခံစားမှုကို ...
သူ နားမလည်ဘူး ...
သူ့ လူအများစုလည်း ထိုနည်းလည်းကောင်းပဲ ....
တပ်ကလူတွေ သေတော့ အသံတစ်စက်မှ မထွက်ဘဲ ...
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အမြောက်မှန်တော့မှ ...
ဝမ်းနည်းပါတယ်တို့  အဖြစ်မှန်ကို ဖော်ထုတ်ပေးပါ ထလုပ်ခဲ့တယ် ...
NLD ဗဟိုကော်မတီကကို ကြေငြာချက် ထုတ်ခဲ့တာ ....
ဒီအချက်တစ်ချက်ထဲနဲ့  ...
NLD ဟာ တပ်မတော်အပေါ် စာနာနားလည်မှုရှိပါတယ်လို့  ...
ကျွန်တော်တို့ ဘယ်လိုယုံကြည်ရမလဲ ???
သူတို့ အာဏာရလာရင် လက်နက်ကိုင်အဖွဲ့ တွေကို ...
ဖေဘာပေး ...တပ်မတော်ကို နှိပ်ကွပ်မထားပါဘူးလို့  ...
ကျွန်တော်တို့ ဘယ်လို ယုံကြည်ရမလဲ ?
ဒီလို အနေအထားကို ကျွန်တော် စိတ်ပူတယ် ...
ဒါကြောင့် အန်အယ်လ်ဒီကို ...
တစ်ပါတီတည်း အင်အားကြီး မနိုင်စေချင်တာ ....
စတုတ္ထအချက်က ....
=============
NLD အစိုးရ ဖြစ်လာရင် ...
တိုင်းပြည်မငြိမ်မသက်ဖြစ်မယ့် လက္ခဏာတွေကို မြင်နေရတယ် ....
အမျိုးသားရေး အုပ်စုတွေနဲ့  NLD ဟာ ...
အတော်ကို ခါးခါးသီးသီး ဖြစ်နေတယ် ...
လတ်တလော အတည်ဖြစ်သွားတဲ့  ....
မျိုးစောင့် ဥပဒေ လေးခု ကို ...
NLD က ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့တာ ...
အဲဒီတော့ သူ အာဏာရလာရင် ...
လွှတ်တော်ထဲကို အင်အားအလုံးအရင်းနဲ့  ၀င်လာရင် ....
ဒီ ဥပဒေတွေကို ပြန်ပြင်မယ့် အနေအထား ရှိနေတယ် ...
ဒါဟာ အမျိုးသားရေး အင်အားစုတွေ နဲ့  ...
အကြီးအကျယ် ပြသနာတက်မယ့် အနေအထား ဖြစ်တယ် ...
NLD အနေနဲ့  တစ်ခုသဘောပေါက်ရမှာက ...
အမျိုးသားရေးအုပ်စုတွေဟာ ....
တစ်စထက်တစ်စ အားကောင်းလာနေတယ် ...
သူတို့ အင်အားဟာ လစ်လျူရူလို့ ရတဲ့ အနေအထား ...
လုံးဝ မဟုတ်တော့ဘူး ....
ဒီအင်အား သိန်းဂဏန်းလမ်းပေါ်တက်လာရင် ....
အစိုးရအဖွဲ့  တစ်ခုအနေနဲ့  အတော်ဂွကျမယ် ...
သံဃာတော်တွေလဲ အများကြီးပါနေတော့ ...
ပြသနာဟာ အကြီးကြီး ဖြစ်လာမှာ ...
ကျွန်တော်ကတော့ ...
အရေးအခင်းတွေ အဓိကရုဏ်းတွေ ...
ထပ်မလိုချင်တော့တာ အမှန်ပဲ ...
နောက်တစ်ခုက တပ်နဲ့ လဲ အဆင်မပြေတဲ့ ပြသနာ ...
စစ်ဖြစ်နေတဲ့  တိုင်းပြည်မှာ ...
တပ်နဲ့ အစိုးရ အဆင်မပြေဖြစ်နေရင် ...
ဖြစ်လာမယ့်  နောက်ဆက်တွဲ အကျိုးဆက်တွေဟာ အများကြီးပဲ ....
ချုပ်ပြောရရင် ...
NLD အစိုးရအဖွဲ့ ဟာ ...
အင်စတီကျူးရှင်းကြီး နှစ်ခုနဲ့  ပြသနာတက်နေမှတော့ ....
တိုင်းပြည် မတည်မငြိမ်ဖြစ်တော့မှာတော့ သေချာတယ် ...
ဒီ အချက်လေးချက်ကြောင့် ...
ကျွန်တော့် အနေနဲ့  NLD ကို တောင်ပြိုကမ်းပြို မနိုင်စေချင်ဘူး ...
ဒါဆို ဘယ်လို ဖြစ်စေချင်လဲ ... ?
===================
သုံးဆယ်နဲ့  လေးဆယ်ရာနူန်းကြား နိုင်စေချင်တယ် ...
( ဒီစကားဟာ ၂၀၁၂ခုနှစ်လောက်ကတည်းက
ကျွန်တော်တွင်တွင်ပြောလာခဲ့တာ )
ဒါဆို အထက်မှာတင်ပြခဲ့တဲ့  ပဋိပက္ခတွေ ...
အတော်လေး နည်းသွားမယ် ....
သုံးဆယ် နဲ့ လေးဆယ်ကြားပဲ မဲရှိလို့  ...
၁၉၈၂ နိုင်ငံသားအက်ကို ပြင်ချင်ရင် ...
တစ်ခြားပါတီတွေရဲ့  သဘောတူညီချက် ယူရမယ် ...
မျိုးစောင့်ဥပဒေတွေကို ပြင်ချင်ရင် ....
တစ်ခြားပါတီတွေရဲ့  သဘောတူညီချက်ယူရမယ် ...
သူ အစိုးရမဖွဲ့ နိုင်ပေမယ့်  ...
အစိုးရ လုပ်ချင်တာ လုပ်လို့ မရအောင် ...
သူကောင်းကောင်းထိန်းချုပ်ထားလို့  ရတယ် ....
Check&Balance စနစ်တွေ ပိုအားကောင်းလာမယ် ...
တိုင်းပြည်အတွက် အကျိုးရှိမယ့် ဥပဒေတွေ ..
အများအပြား ပြဋ္ဌာန်းနိုင်လာမယ် ...
မဟုတ်တဲ့ ဥပဒေတွေလာတင်ရင်လဲ ...
တစ်မတ်သား နဲ့  ကျန်ပါတီ အင်အားစုတွေပေါင်းပြီး ...
အတည်မဖြစ်အောင် ကန့် ကွက်လို့ ရတယ် ....
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ...
ဘယ်ပါတီ ဘယ်အင်စတီကျူးရှင်းကိုမှ ...
ထင်ရာစိုင်းခွင့် ပါမစ်ပေးမထားချင်တော့ဘူး ....
လူတွေဟာ ပြောင်းလဲတတ်တယ် ...
အာဏာရရင် ပိုပြောင်းလဲကုန်တယ် ...
ဒေါ်စုရဲ့ အကျင့်စာရိတ္တကို သံသယမရှိပေမယ့် ...
သူ့ နားမှာ ၀န်းရံနေတဲ့  သူတွေကို ဘယ်သူ အာမခံမလဲ ?
တစ်ပါတီထဲ အင်အားကြီးနေရင် ...
သူ့ လူ ကိုယ့်လူ မျက်နှာလိုက်မှုဆိုတာ ရှိလာမှာပဲ ...
လက်ရှိမှာ စနစ်ဟာ ပြောင်းလဲသွားပြီ ...
စစ်အုပ်ချုပ်ရေးကနေ ...
လွှတ်တော် ၊ တရားရုံးချုပ် ၊ အစိုးရ အဖွဲ့  သီးခြားကွဲထွက်သွားပြီ ...
၅နှစ် သက်တမ်းရဲ့ နောက်ဆုံးပိုင်းမှာ ...
အစိုးရနဲ့  လွှတ်တော် တို့  ပိုပြီးအသက်ဝင်လာတယ် ...
အရှိန်ရစပြုလာတယ် ...
အခုလာမယ့် ၅ နှစ်မှာ ဒီထက်ပိုကောင်းလာမယ် ...
ဒီလိုပဲ မျှော်လင့်တယ် ...
ဟာ ... မင်းဟာက ဖွတ်တွေ အစိုးရ ပြန်ဖွဲ့ နိုင်မယ့် ကိစ္စပဲ ...
ငိုးမ ရဲမိုး အဘဘောမ ... ဒီလို ဆဲချင်ဆဲနိုင်တယ် ...
မှန်တယ် ဖွတ်တွေတော့ အစိုးရပြန်ဖွဲ့ ကောင်း ဖွဲ့ နိုင်မယ် ...
သို့ သော် အရင် ပုံစံ အစိုးရမဟုတ်နိုင်တော့ ...
သူ မဟုတ်တာလုပ်တာနဲ့  ...
လွှတ်တော်ထဲမှာ ဒေါင်းတွေ အုံလိုက်ကျင်းလိုက် ...
ဝိုင်းဆိတ်တာခံရမယ့် အစိုးရပုံစံ ဖြစ်လိမ့်မယ် ...
ကျွန်တော့် အနေနဲ့  သေချာတာကိုပဲ ဖြစ်စေချင်တယ် ...
အမေစု တက်ရင် ပြောင်းလဲပြီလို့ ကြွေးကြော်ပြီး ...
တကယ်တန်းကျတော့ ဆူပူမှုတွေ အဓိကရုဏ်းတွေနဲ့  ပြောင်းလဲပြီး ...
အားလုံး မျိုးကန်းကုန်ရင် ဘယ်နှယ့်လုပ်မလဲ ?
နိဂုံးချုပ်ပြောရရင်တော့ ...
ကျွန်တော်သာ ကော့မှူးမှာရှိခဲ့ရင် ....
ဒေါ်စုကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ ဗဟန်းမှာရှိခဲ့ရင် ...
ဒေါ်ညိုညိုသင်းကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ ဘုတ်ပြင်းမှာရှိခဲ့ရင် ...
ဦးချစ်သန်းကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ သက္ကင်္န်းကျွန်းမှာရှိခဲ့ရင် ...
ဦးသိန်းညွှန့် ကို မဲပေးဖြစ်လိမ့်မယ် ...
ကျွန်တော်သာ မိုင်းဆတ်မှာ ရှိခဲ့ရင် ...
ဦးလင်းဇော်ထွန်းကို မဲပေးဖြစ်လိမ့်မယ် ....
ကျွန်တော်တို့ က ...
တိုင်းပြည်ကို တိုးတက်စေချင်တာ မဟုတ်လား ?
လူကောင်းတွေ အလုပ်လုပ်မယ့်သူတွေ ....
လွှတ်တော်ထဲရောက်မလာပဲ ...
ဘယ်နှယ့်လုပ် တိုင်းပြည်တိုးတက်မလဲ ?
ခင်ဗျားတို့ ကြိုက်တဲ့ ပါတီကို ...
လူကို မဲပေးလို့ ရတယ် ...
ခင်ဗျားတို့ ယုံကြည်ချက်အတိုင်းလုပ်တာ ...
ဘယ်သူမှ ကန့် ကွက်စရာအကြောင်းမရှိ ....
ကျွန်တော်ကတော့ လူပေါ်ကို ကြည့်ပြီးပဲ မဲပေးမယ် ...
NLD ဖြစ်ဖြစ် ..
ပြည်ခိုင်ဖြိုးဖြစ်ဖြစ် ...
NDF ဖြစ်ဖြစ် ...
တသီးပုဂ္ဂလ ဖြစ်ဖြစ် ပေါ့ ... ။
( ရဲမိုး )

www.mmdailystar.com

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကျေးလက်တွင်နေ၊ ကျေးလက်တွင်ကြီးပြင်းလာပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည့်အတွက် ပြည်သူများ၏ဘဝကိုစာနာနားလည်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၈- နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကျေးလက် တွင်နေ၊ ကျေးလက်တွင်ကြီးပြင်းလာပြီး ပြည်သူကြားမှ ပေါက်ဖွားလာသည့်အတွက် ပြည်သူများ၏ဘဝကို စာနာနားလည်သော နိုင်ငံ့ခေါင်း ဆောင် တစ်ဦးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်း ရေးမှူးဦးတင်နိုင်သိန်းက ပြောကြားလိုက်သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီး မြို့ရှိ တောင်ကြီးအဝေရာ မီးပုံးပျံကွင်း တွင် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ပါတီဥက္ကဋ္ဌဟာ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ဟာ ကျေးရွာမှာနေ၊ ကျေးရွာမှာ ကြီးပြင်းလာပြီး ပြည်သူကြားက ပေါက်ဖွားလာတဲ့အတွက် ပြည်သူတွေရဲ့ ဘဝကို စာနာနားလည်တဲ့ နိုင်ငံ့ခေါင်းဆောင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်သမ္မတ တာဝန်စတင်ယူတဲ့အချိန်ကစပြီး ပြည်သူတွေ ရဲ့ လူမှုစီးပွားဘဝတိုးတက်အောင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ် ငန်းစဉ်ကို လေးနှစ်ကျော်ကာလအတွင်းမှာ သိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေရရှိအောင်ဆောင်ရွက်ပေးခဲ့တာကို မိဘပြည် သူများအသိဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုများကို အောင်မြင်စွာဖော် ဆောင်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးဖော်ဆောင်ပေးနိုင် တဲ့ ခေါင်းဆောင်လဲ ဖြစ်ပါတယ်''ဟု အဆိုပါကိုယ်စားလှယ် လောင်းမိတ်ဆက် ပွဲတွင် ပြောကြားခဲ့သည်။
ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေး မှူးက လက်ရှိအစိုးရအနေဖြင့် ပြည်သူများလိုလားတောင့်တနေသည့် ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်အောင် အဆင့်သုံးဆင့် ဖြင့်ဆောင် ရွက်ခဲ့ကြောင်း ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုထူထောင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက် မည်ဟု ပြောကြားခဲ့သည်။
'လာမည့်ငါးနှစ်ကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကနေပြီး ဒီမိုကရေစီရှင် သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာလာတဲ့အဆင့်ကို တက်လှမ်းရာမှာ တိုင်းရင်းသားအားလုံး တန်းတူညီတူရှိရေးအတွက် ဖက်ဒရယ်စနစ် ကိုအခြေခံတဲ့ ပြည်ထောင်စု ထူထောင်တည် ဆောက်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အခြေခံအုတ်မြစ်ခိုင်မာအောင် အခြေခံ ဥပဒေမှာ ပြင်ဆင်ဖြည့်စွက် သွားမှာဖြစ်ပါ တယ်။ အလားတူ တိုင်းရင်းသားပြည်သူတွေ ရဲ့လိုအင်ဆန္ဒဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားတိုးတက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူမှုကာကွယ်စောင့်ရှောက် ရေးတို့ ကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းကပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ပြည် ခိုင်ဖြိုးပါတီ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲမှု တတိယအဆင့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။
ပထမအဆင့်အနေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲနိုင်ရန် အကြို ပြင်ဆင်မှုအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တိုင်းရင်းသားအလွှာမျိုးစုံဖြင့်ညှိ နှိုင်းရေး ဆွဲပြဋ္ဌာန်းပြီး ၂၀၁၀ ရွေးကောက် ပွဲ ပြုလုပ်ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ပါတီဥက္ကဋ္ဌနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်ပြီး ညင်သာ ချောမွေ့စွာပြောင်းလဲပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတကာမှ အသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံ တကာဆက်ဆံရေး တိုးတက်ကောင်း မွန်ခဲ့ ကြောင်းကို ဦးတင်နိုင်သိန်းက ဆက်လက် ပြောကြားသည်။
''လာမည့်ငါးနှစ်ကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရဲ့ တတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာလာ တဲ့အဆင့်ကို ကူးပြောင်းတက်လှမ်းရေးပဲ ဖြစ်ပါတယ်''ဟု ဦးတင်နိုင်သိန်းက ထပ် လောင်းပြောကြားသည်။


www.mmdailystar.com

အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်တစ်စင်း ပြန်လည်ထွက်ခွာ


နေပြည်တော်၊ အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS KHUKRI သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ သန်လျင် သီလ၀ါဆိပ်ကမ်း MITT တံတားမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် အရာရှိ၊စစ်သည်၊ မိသားစုများမှ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံရေတပ်မှ CDR P SASIKUMAR ဖြစ်သူဦးစီး၍ အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

www.mmdailystar.com

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ဗဟိုဌာနချုပ်ကို တိုက်ခိုက်ဖို့ တပ်မတော်အကြောင်းကြား

အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက (SSPP/SSA) ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေကို ဆုတ်ခွာသွားဖို့နဲ့ မဆုတ်ခွာဘူးဆိုရင် ဝမ်ဟိုင်းဗဟိုဌာနချုပ်ကို တိုက်ခိုက်မှာဖြစ်ကြောင်း အစိုးရဘက်က သတိပေးညွန်ကြားလိုက်တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။အစိုးရတပ်တွေအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်လိုတဲ့အတွက် ဒီကနေ့မနက်ပိုင်းက အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးတစ်ဦးက တယ်လီဖုန်းဆက်ပြောလာတာဖြစ်တယ်လို့ အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလ ကပြောပါတယ်။"ဒီနေ့မနက် ၉ နာရီ ဝန်းကျင်လောက်မှာ အရှေ့အလယ်ပိုင်း ဗိုလ်မှူးကြီးက ဖုန်းဆက်လာတယ်၊ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာကနေ ဖယ်ပေးဖို့ပေါ့၊ ဆုတ်မပေးရင် ဝမ်ဟိုင်းကို တိုက်မယ်လို့ ပြောခဲ့တယ်"ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၇၂ လက်အောက်ခံ တပ်တွေ ပြီးခဲ့တဲ့ရက်တွေထဲက တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဗိုလ်မှူးကြီးစိုင်းလကတော့ ရှမ်းပြည်မြောက်ပိုင်းတပ်တွေအနေနဲ့ လက်ရှိနေရာကနေ ဆုတ်ခွာသွားမှာမဟုတ်တဲ့ အတွက် အစိုးရဘက်က ဝမ်ဟိုင်းဌာနချုပ်ကို တိုက်ခိုက်လာရင် ပြန်ပြီးခုခံသွားမယ်လို့ ပြောပါတယ်။

www.mmdailystar.com

“အမျိုးစောင့်ဥပဒေ ဈေးဦးပေါက်တော့မည်”




မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ အခန်း(၂)၊ ပုဒ်မ (၄)မှာ အသက်(၁၈)နှစ်ပြည့်ရမည်။ မိဘသဘောမတူလျှင် အသက်(၂၀)ပြည့်ရမည်။ ဒီအချက်နှင့်လည်း ငြိနေပြီ။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ အခန်း(၄)၊ ပုဒ်မ(၁၁) အိမ်ထောင်ရှိလျက် အတိအလင်းနောက်တစ်ယောက် ထပ်ယူခြင်း လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်းခြင်း မပြုရ။ ဒီအချက်နှင့်လည်း ငြိနေပြီ။
တရားခံ မွတ်ကုလားကို ခြေရာခံမိဖို့ပဲ လိုတော့သည်။ လောလောဆယ် မိခင်ကြီးခမျာမှာတော့ သောကတွေ ဖြေမဆည် ဖြစ်နေရပြီပေါ့။
အောင်ပန်းမြို့၊ အရိန္ဒမ မစိုးရိမ်ကျောင်းဆရာတော် အရှင်ဣန္ဒာစရိယထံ အကူအညီတောင်းသော မိခင်ကြီး ဒေါ်နွယ်နီ၏စာကို ပူးတွဲတင်ပြလိုက်ပါသည်။
=========================================================
သို့
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
ရိုသေစွာ ဦးခိုက်လျှောက်ထားအပ်ပါသည်ဘုရား။
တပည့်တော်၏ သမီးဖြစ်သူ မလျှမ်းပပအိနြေ္ဒအား အောင်ပန်းမြို့ ညောင်ပင်တောင်ရပ်ကွက်နေ မောင်လှစိုး (အစ္စလာမ်ဘာသာဝင် အိမ်ထောင်ရှိသူ)က ၁၀.၉.၂၀၁၅ နေ့တွင် ဖျားယောင်းခိုးယူပေါင်းသင်းခဲ့ပါသည်ဘုရား။
တပည့်တော်မ၏ သမီးဖြစ်သူ မလျှမ်းပပအိနြေ္ဒမှာ အသက် (၁၈)နှစ် မပြည့်သေးပါဘုရား။ အသက်(၁၈)နှစ်မပြည့်သေး၍ ဆင်ခြင်တုံတရားလည်း မရှိသေးပါဘုရား။ ကျန်းမာရေးအားဖြင့် နှလုံးရောဂါရှိသူလည်း ဖြစ်ပါတယ်ဘုရား။
ထိုခိုးယူပေါင်းသင်းခြင်းကိစ္စနှင့်ပတ်သက်၍ ၁၈.၉.၂၀၁၅ နေ့တွင် ကလောရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ပါသည်ဘုရား။ ကလောရဲစခန်းမှ ရဲအရေးပိုင်သောအမှုမဟုတ်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ရန် ညွှန်ကြားခဲ့ပါသည်ဘုရား။
၂၁.၉.၂၀၁၅ နေ့တွင် ကလောမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တိုင်ကြားခဲ့ရာ ၁.၁၀.၂၀၁၅ နေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုခဲ့ပါသည်ဘုရား။ တရားရုံးမှ ရက်ချိန်းပေးထားရာ ၁.၁၀.၂၀၁၅ နေ့တွင် တရားခံမောင်လှစိုးမှာ တရားရုံးသို့ လာရောက်ခြင်းမရှိခဲ့ပါဘုရား။ တရားခံ၏ မိခင်ဖြစ်သူနှင့် ညီမဖြစ်သူသာ လာခဲ့ပါသည်ဘုရား။ တရားသူကြီးမှာ တရားခံဖြစ်သူ မလာရောက်ခြင်းအကြောင်းကိုမေးမြန်းရာ တရားခံ၏ မိခင်ဖြစ်သူက သူ့သားမှာ အိမ်တွင်မရှိကြောင်း မည်သည့်ဒေသတွင်ရှိနေကြောင်း မေးမြန်းရာ၌ မသိရှိကြောင်း ဖြေကြားသွားပါသည်ဘုရား။ တရားခံမပါ၍ ဤအမှုကိုစစ်ဆေးရန် ၁၅.၁၀.၂၀၁၅ နေ့တွင် ထပ်မံရုံးချိန်းပါသည်။
တပည့်တော်မစိုးရိမ်သည်မှာ နှလုံးရောဂါရှိသူ သမီးဖြစ်သူအား မောင်လှစိုးမှ တရားခွင်ကိုရှောင်တိမ်း၍ ဘာသာခြား လူမျိုးခြားများ အများနေထိုင်ရာဒေသသို့ ခေါ်သွား၍ အစ္စလာမ်ဘာသာကို အတင်းအဓမ္မ သိမ်းသွင်းခြင်းဖြစ်မည်ကို စိုးရိမ်ပါသည်ဘုရား။ အစ္စလာမ်ဝါဒအရ ဂျီဟဒ်လုပ်မည်ကိုလည်း စိုးရိမ်ပါသည်ဘုရား။
တပည့်တော်မ၏ သမီးဖြစ်သူအား ကလောမြို့တို့တွင် မရှိတော့ဟု သိရှိသောအခါ ကလောမြို့နယ် ရဲစခန်းသို့ လူပျောက်တိုင်ကြားပါသော်လည်း တပည့်တော်မ၏သမီး မည်သည့်ဒေသတွင်ရှိ၍ မသိရပါ။ မောင်လှစိုး၏ အသိုင်းအဝိုင်းများမှလည်း တပည့်တော်မ၏သမီးအား မတွေ့နိုင်အောင် သိုဝှက်လိမ်လည်ထားပါသည်ဘုရား။
သို့ပါသောကြောင့် တပည့်တော်မ၏သမီးအား အမြန်ဆုံးပြန်တွေ့ရှိရေး ယခုအခါ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပြီးသည်အားလျှော်စွာ တရားရုံး၏ ဆုံးဖြတ်ချက်များ မှန်ကန်ပါစေရန် အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်များမှ စွမ်းနိုင်သမျှ ကူညီပေးပါရန် ရိုသေဦးခိုက်လျှောက်ထားအပ်ပါသည်ဘုရား။
ဒေါ်နွယ်နီ
ရပ်ကွက် ၃၊ ကလောမြို့နယ်
ရှမ်ပြည်နယ်တောင်ပိုင်း
www.mmdailystar.com
Related Posts Plugin for WordPress, Blogger...