Monday, 12 October 2015

တအာင်းဒေသတိုက်ပွဲဆက်လက်ပြင်းထန် ယနေ့တစ်ရက်တည်းတိုက်ပွဲ ၂ ကြိမ်ထပ်မံ ဖြစ်ပွား'



၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်

တအာင်းဒေသ၊ တပ်မဟာ (၃) နယ်မြေ၊ မိုးမိတ်မြို့နယ်၊ မောလုံကျေးရွာနှင့် မောနွှဲကျေးရွာကြားတွင် ယနေ့အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၀၇း၀၀ နာရီ အချိန်မှ ၀၇း၂၀ နာရီအချိန်အထိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း ၃၆၇ နှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရှိရသေးပါ။

ထို့အပြင် တပ်မဟာ ၁ နယ်မြေ ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာအနီး တွင်လည်း ယနေ့ နေ့လည် ၁၀း၃၀ နာရီ အချိန်မှ ယခုအချိန်ထိ တိုက်ပွဲထပ်မံဖြစ်ပွားနေဆဲဖြစ်သည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
မြန်မာ့တပ်မတော်ဖက်မှ စစ်ကူအင်အား ထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်။


www.mmdailystar.com

အလုံပိတ် ဆိုင်ခန်းများ ဖျက်သိမ်း

အွန်လိုင်းသတင်းများကိုစောင့်ကြည့်နေပါတယ်
အွန်လိုင်းပေါ်တင်ခဲ့သည့်ဧရာဝတီတိုင်းဟသာင်္တ
တက္ကသိုလ်နားကအလုံပိတ်ဆိုင်ခန်းတွေကိုတာဝန်
ရှိသူများဝင်ရောက်စီးနင်းပြီး အလုံပိတ်ဆိုင်ခန်းများကို
ဖျက်သိမ်းခိုင်းခဲ့ကြောင်းသိရပြီး မလိုက်နာပါက ဆိုင်ကို
ပိတ်သိမ်းအရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်



www.mmdailystar.com

ကိုရဲမိုး ဖေ့ဘုတ်စာမျက်နှာမှ

=============
NCA ဘာလဲ ဘယ်လဲ ?
==============
ရေးသားသူ - ရဲမိုး ( နေရီ ) 
_______________________________

NCA ရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ?
---------------------------------------
NCA ရဲ့ အရှည်ဟာ Nationwide Ceasefire Agreement ဖြစ်တယ် ။ မြန်မာလိုတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တယ် ။ အစိုးရနဲ့  အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့  အဖွဲ့ တွေကြား ငြိမ်းချမ်းရေးရယူဖို့ အတွက် ကနဦး အပစ်အခတ်ရပ်စဲရန် စတင်ချုပ်ဆိုတဲ့  စာချုပ်ဖြစ်တယ် ။

NCA ကို ဘာကြောင့် ပြုလုပ်ကြသလဲ ?
--------------------------------------------

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်က စတင်တယ် ။ သက်တမ်းအားဖြင့် ၆၈ ကြာမြင့်နေပြီဖြစ်တဲ့  ကမ္ဘာအရှည်ဆုံး ပြည်တွင်းစစ်ကြီးတစ်ခုဖြစ်တယ် ။ ပါလီမန် အစိုးရ ၊ တော်လှန်ရေးကောင်စီ ၊ ဆိုရှယ်လစ်အစိုးရ ၊ စစ်အစိုးရ ၊ ဦးသိန်းစိန် အစိုးရ စသဖြင့် အစိုးရအဆက်ဆက်ပြောင်းလဲသွားပေမယ့်  ဒီစစ်ကို ဒီနေ့ အထိ အပြီးမသတ်နိုင်သေးဘူး ။ ၁၉၄၈ ခုနှစ်ကနေ စလို့  ၂၀၁၅ ခုနှစ်အထိ တိုင်းပြည်ရဲ့ တစ်နေရာရာမှာ တိုက်ပွဲတစ်ခုတော့ နေ့ တိုင်းဖြစ်နေတဲ့ အနေအထားဖြစ်တယ် ။ ဒီ အနှစ် ၇၀ နီးပါး စစ်ဒဏ်ကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ် ၊ သယံဇာတတွေဆုံးရှုံး ၊ စစ်အသုံးစားရိတ်တွေ မြင့်တက် ၊ နှစ်ဘက်စစ်သားတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်တယ် ။ ဒီစစ်ပွဲကြီးကို အပြီးရပ်စဲချင်တဲ့ အတွက် ကနဦး အနေနဲ့  အစိုးရ နဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့  ညှိနိုင်းကြပြီး ဒီ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ ကြိုးစားလာကြတာဖြစ်တယ် ။

NCA မထိုးခင်က အခြေအနေ ဘယ်လိုရှိလဲ ?
-------------------------------------------------

၁၉၈၈ ခုနှစ် မတိုင်မီပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အကန့် အသတ်ရှိတယ် ။ အပစ်အခတ်ရပ်စဲရေးတွေဟာလည်း ကာလတိုတစ်ခုအတွင်းမှာပဲ ပြန်လည်ပျက်ပြယ်သွားတာကို တွေ့ ရတယ် ။ ၁၉၈၈ မှာတော့ စစ်အစိုးရ တက်လာခဲ့တယ် ။ စစ်အစိုးရဟာ ၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ခေါင်းဆောင်တဲ့  တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ကို ဦးဆောင်စေပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် စေ့စပ်ညှိနိုင်းခဲ့တယ် ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း အဖွဲ့ ပေါင်း ၄၀ နဲ့  အပစ်အခတ်ရပ်စဲခဲ့တာကို တွေ့ ရတယ် ။ ဒါပေမယ့် ၁၉၉၄ မှာ ကေအိုင်အို နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က လွဲလို့  ဘယ်အဖွဲ့ အစည်းနဲ့ မှ တရားဝင် လက်မှတ်ရေးထိုးတာကို မပြုလုပ်ခဲ့ဘူး ။ ကေအိုင်အို နဲ့  ပြုလုပ်ခဲ့တဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရဘက်ကရော ကေအိုင်အိုဘက်ကပါ လျှို့ ဝှက်ထားဖို့  နှစ်ဘက်သဘောတူညီခဲ့ကြတယ် ။ ဒီ အဖွဲ့ ပေါင်း ၄၀ ထဲမှာ တစ်ချို့ ဟာ စကတည်းက လက်နက်စွန့် ဖို့ သဘောတူခဲ့ကြပြီး တစ်ချို့ ကတော့ အပစ်အခတ်ရပ်စဲထားတဲ့  လက်နက်ကိုင်အဖွဲ့ အဖြစ်ပဲ ဆက်လက်ရပ်တည်ခဲ့ကြတယ် ။

စစ်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ချင်းနဲ့ သာ သဘောတူညီချက်ရယူပြီး တပ်ပေါင်းစု အနေနဲ့  ညွှန့် ပေါင်းအဖွဲ့ အနေနဲ့  ဆွေးနွေးဖို့ ကိုတော့ ငြင်းဆန်ခဲ့တယ် ။ ဒီစာနဲ့ ရေးမထားတဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူချက်မှာ ယေဘုယျအားဖြင့် ၁။ကိုယ့်ဒေသကို ဖွံ့ ဖြိုးအောင်လုပ် ၂။ မူးယစ်ဆေးဝါး မလုပ်နဲ့  ၃။ နိုင်ငံရေးဆွေးနွေးတာကို နောက်တက်လာမယ့် အရပ်သားအစိုးရနဲ့  ဆွေးနွေး ၊ သူတို့ က စစ်အစိုးရ ဖြစ်လို့  နိုင်ငံရေးဆွေးနွေးလို့ မရဘူး ဆိုတဲ့  အချက်သုံးချက် ပါဝင်တယ်လို့ ဆိုတယ် ။

ဒီအပစ်အခတ်ရပ်စဲရေးဟာ အံသြစရာကောင်းလောက်အောင် အချိန်ရှည်ကြာပြီး မကျိုးပေါက်ခဲ့ဘူး ။ အသေးအဖွဲ ပစ်ခတ်မှုလေးတွေ အနည်းငယ်ရှိခဲ့ပေမယ့်  KNPP ၊ MNDAA အဖွဲ့  နှစ်ခုနဲ့ ပဲ အပစ်အခတ်ရပ်စဲရေးပျက်ခဲ့တယ် ။ကျန်တဲ့ အဖွဲ့ အားလုံးနဲ့  အနှစ်နှစ်ဆယ်နီးပါး အပစ်အခတ်ရပ်စဲရေးတည်မြဲခဲ့ပြီး ကမ္ဘာ့ သမိုင်းတစ်လျောက် အကြာဆုံး အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့  နိုင်ငံဖြစ်လာခဲ့တယ် ။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်  ဦးစီးတဲ့  တပ်မတော်ထောက်လှမ်းရေး အဖွဲ့ ဖျက်သိမ်းခံရတယ် ။ဒီထောက်လှမ်းရေးတပ်ဖွဲ့ ကို ဖျက်သိမ်းခဲ့မှုဟာ စစ်အစိုးရ နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြား ဆက်ဆံရေးကို အနည်းနဲ့ အများထိခိုက်သွားခဲ့တယ် ။ အသစ်ဖွဲ့ စည်းလိုက်တဲ့  စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က အရာရှိတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့  ဖျက်သိမ်းလိုက်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အဟောင်းကြား ယခင်ကရှိခဲ့တဲ့  ဆက်ဆံရေးမျိုးကို ချက်ချင်းမတည်ဆောက်နိုင်ခဲ့ဘူး။ စစ်အစိုးရဟာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ လုပ်နေပြီ ဖြစ်တဲ့ အတွက် ၂၀၀၈ ခုနှစ်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေ အသစ်တစ်ခု ပေါ်ထွက်လာတယ် ။ ဒီ အခြေခံဥပဒေအရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဟာ တရားမ၀င်နိုင်ဘူးလို့  တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက ယူဆခဲ့ကြတယ် ။

စစ်အစိုးရဘက်က ဒီပြသနာကို ဖြေရှင်းဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို Border Guard Force ( BGF ) ဆိုတဲ့ နယ်ခြားစောင့်တပ်တွေ အဖြစ် ပြောင်းလဲ ဖွဲ့ စည်းဖို့ အကြံပြုခဲ့တယ် ။ BGF တပ်ဖွဲ့ တွေဟာ လက်နက်စွန့် စရာမလို ။ လက်ရှိ
တိုင်းရင်းသားတပ်မှူးတွေနဲ့ ပဲ ဖွဲ့ စည်းမယ် ။ တပ်မတော်ဘက်က အရာရှိငယ်သုံးဦးနဲ့  အခြားအဆင့် ၂၇ ဦးသာ ပါဝင်မယ် ဆိုတဲ့ ဖွဲ့ စည်းပုံ ဖြစ်တယ် ။ စစ်အစိုးရအနေနဲ ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့  မဆန့် ကျင်တဲ့ တပ်မတော်မဟုတ်သော လက်နက်ကိုင်တပ်များအဖြစ်ရပ်တည်နိုင်ဖို့  ဒီ BGF တပ်ဖွဲ့ တွေကို ဥပဒေကြောင်းရာနည်းလမ်းအရ အဆိုပြုခဲ့ဟန်ရှိတယ် ။ ဒါပေမယ့် တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေအနေနဲ့ ကတော့ သင့်တော်တဲ့ နိုင်ငံရေးအဖြေတစ်ခုမရရှိသေးဘဲ တပ်မတော်နဲ့  သွားရောက်ပေါင်းစည်းလိုခြင်း မရှိခဲ့ကြဘူး ။

၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ စစ်အစိုးရ နဲ့  ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတဲ့  အဖွဲ့ ပေါင်း ၄၀ အနက် လက်နက်စွန့်  / ပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းပြီး အစိုးရနဲ့  အပြည့်အ၀ပူးပေါင်းသွားတဲ့  အဖွဲ့ ၁၅ဖွဲ့ ရှိတယ် ။ ၂၀၀၈ အခြေခံဥပဒေအသစ် ပေါ်လာတဲ့  အချိန်မှာ လက်နက်ကိုင် အဖွဲ့  ၂၅ဖွဲ့ ကျန်တယ် ။ ဒီ ၂၅ ဖွဲ့ ထဲမှာ ၅ဖွဲ့ ဟာ BGF နယ်ခြားစောင့်တပ်တွေ အဖြစ်ပြောင်းလဲဖွဲ့ စည်းဖို့ သဘောတူခဲ့တယ် ။ ၁၅ဖွဲ့ ကတော့ ပြည်သူ့ စစ်တွေအဖြစ် အသွင်ပြောင်းခဲ့တယ် ။ ၅ဖွဲ့ ကတော့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ဒီအတိုင်းရှိနေခဲ့တယ် ။၂၀၁၁ ဦးသိန်းစိန် အစိုးရအဖွဲ့  တက်လာချိန်မှာတော့ အဲဒီ လက်ကျန် အဖွဲ့ ငါးဖွဲ့ အပြင် အဖွဲ့ ၁၁ဖွဲ့ ဟာ တပ်မတော်နဲ့  စစ်ဖြစ်နေကြတုန်းဖြစ်တယ် ။အခြားအဖွဲ့  အသေးလေးတွေလဲ အနည်းငယ် ကျန်ရှိနေတယ် ။ ဒါဟာ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် NCA မစတင်မီ ရှိနေခဲ့တဲ့  နောက်ခံအခြေအနေဖြစ်တယ် ။

NCA ကို ဘယ်လို အစပျိုးခဲ့သလဲ ?
------------------------------------------

၂၀၁၁ ခုနှစ် မတ်လမှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့  အစိုးရသစ် တက်လာခဲ့တယ် ။ ဒီအစိုးရဟာ ၂၀၁၁သြဂုတ်လ တစ်ရက်နေ့ မှာ တစ်ပြည်လုံးမှာ ရှိတဲ့  တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်တဲ့  ငြိမ်းချမ်းရေးကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ် ။ ဒီထုတ်ပြန်ချက်ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးစီးတဲ့  တော်လှန်ရေးကောင်စီက ၁၉၆၃ ဧပြီ ၁ရက်နေ့ မှာထုတ်ပြန်ခဲ့တဲ့  တောတွင်းလက်နက်ကိုင်အဖွဲ့ အားလုံးကို ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းချက် ရဲ့ နောက်ပိုင်းမှာ ပထမဆုံးပေါ်ထွက်လာတဲ့  တရားဝင်ငြိမ်းချမ်းရေး ကမ်းလှမ်းချက်လည်း ဖြစ်တယ် ။

ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့  အတွက် သမ္မတဦးသိန်းစိန်ဟာ အဖွဲ့ ၂ဖွဲ့ ဖွဲ့ စည်းခဲ့တယ် ။ အဖွဲ့ တစ်ဖွဲ့  ကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးသိန်းဇော် ၊ ပြည်ခိုင်ဖြိုး နာယက ဦးအောင်သောင်းတို့ နဲ့  ဖွဲ့ စည်းခဲ့တယ် ။ကျန်အဖွဲ့ တစ်ဖွဲ့ ကိုတော့ ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဖွဲ့ စည်းစေခဲ့တယ် ။ ယေဘုယျအားဖြင့် ဦးသိန်းဇော်တို့ အဖွဲ့ ဟာ စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီး အဖွဲ့ တွေဖြစ်တဲ့  UWSA ၊ NDAA ၊ NSCKK ၊ SSPP ၊ DKBA ၊ KNU/KNLA ( Peace Council ) ၊ KIO ၊ ABSDF စတဲ့ အဖွဲ့ တွေနဲ့  ဆွေးနွေးပြီး ဦးအောင်မင်းတို့ အဖွဲ့ ကတော့ စစ်အစိုးရလက်ထက်မှာကတည်းက အပစ်အခတ်ရပ်လို့ မရဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့တဲ့  KNU ၊ NMSP ၊ RCSS ၊ KNPP ၊ PNLO ၊ CNF ၊ ALP တို့ နဲ့  တွေ့ ဆုံဆွေးနွေးကြရမှာဖြစ်တယ် ။

ဒီအဖွဲ့ နှစ်ဖွဲ့ ရဲ့  ကနဦးတွေ့ ဆုံညှိနိုင်းမှုတွေအရ ယခင်စစ်အစိုးရ လက်ကျန် အဖွဲ့ ငါးဖွဲ့ ထဲက UWSA နဲ့  NDAA တို့ ဟာ ၂၀၁၁ စက်တင်ဘာမှာ ပြုလုပ်တဲ့  ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ စတင်ပါဝင်လာကြသလို ယခင်ကတည်းက အပစ်ရပ်မရဘဲ တိုက်ပွဲဖြစ်နေတဲ့  RCSS ၊ KNU လို အဖွဲ့ တွေနဲ့ လဲ ၂၀၁၁ ဒီဇင်ဘာနဲ့  ၂၀၁၂ ဇန်န၀ါရီလတွေမှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို စတင်လက်မှတ်ရေးထိုးနိုင်ခဲ့တယ် ။

၂၀၁၂ မေလ၃ရက်နေ့ မှာ နိုင်ငံတော် သမ္မတဟာ သူကိုယ်တိုင်ပါဝင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ( UPCC ) ကို ဖွဲ့ စည်းတယ် ။ UPCC မှာ အဖွဲ့ ဝင် ၁၁ ဦး ရှိတဲ့ အနက် ၉ဦးဟာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ( ကာလုံ ) အဖွဲ့ ဝင်တွေ ဖြစ်လို့  လုံခြုံရေးနှင့် ပတ်သက်သော မူဝါဒပိုင်းဆိုင်ရာတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့  အာဏာအရှိဆုံး ကော်မတီတစ်ခု ဖြစ်လာတယ် ။ UPCC ကနေ ဒုတိယ သမ္မတ ဦးဆောင်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး အလုပ်ကော်မတီ ( UPWC ) ကို ဆက်လက်ဖွဲ့ စည်းတယ် ။ UPWC မှာ ဒုဥက္ကဌ သုံးဦးပါဝင်ပြီး တစ်ဦးဟာ သမ္မတရုံး အမှတ် ၄ ၀န်ကြီး ဦးအောင်မင်း ဖြစ်လာတယ် ။

၂၀၁၂ အောက်တိုဘာမှာတော့ သမ္မတရဲ့  အမိန့် နဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန ( MPC ) ကို ဖွဲ့ စည်းတယ် ။ MPC ဟာ အစိုးရတစ်ပိုင်း NGO တစ်ပိုင်းအဖွဲ့ အစည်းဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ရံပုံငွေနဲ့  NGO အဖြစ် လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်တယ် ။ MPC ရဲ့  အမှုဆောင်တွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အဆင့်မြင့် အရာရှိ ၁၃ ဦးပါဝင်ပြီး ကျန်သူတွေကတော့ ပြည်ပနိုင်ငံများမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတဲ့ ပညာရှင်တွေ ၊ အစိုးရကို တော်လှန်ခဲ့ကြတဲ့  သူပုန်ဟောင်းတွေ ဖြစ်တယ် ။ UPWC ရဲ့ ဒုဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းဟာ MPC ရဲ့  ထောက်ခံမှုနဲ့  အစိုးရအဖွဲ့ ရဲ့ စေ့စပ်ညှိနိုင်းရေး အကြီးအကဲ ဖြစ်လာခဲ့တယ် ။UPCC နဲ့  UPWC တို့ ဖွဲ့ စည်းပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အလွှာသုံးရပ်ကို အစိုးရက ကြေငြာတယ် ။ အဲဒီအလွှာသုံးရပ်ဟာ ၁။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၂။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၃။ လွှတ်တော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတို့ ဖြစ်တယ် ။

NCA ကို ဘယ်လိုကြိုးပမ်းခဲ့ကြသလဲ ?
--------------------------------------------

ကနဦးဆွေးနွေးမှုတွေဟာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက စတယ် ။ပြည်နယ်အဆင့် ငြိမ်းချမ်းရေးကော်မတီတွေမှာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ပြည်နယ်ရှေ့ နေချုပ် ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ရုံးအကြီးအကဲတို့ ပါဝင်တယ် ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့် ဖို့ ရည်ရွယ်တာဖြစ်တယ် ။ဒီအဆင့်မှာ ရိုးရှင်းပြီး အရေးကြီးတဲ့  နိုင်ငံရေးကိစ္စတွေ မပါဝင်ဘူး ။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောတူဆွေးနွေးတဲ့  အချက် ၅ချက်ရှိတယ် ။ အဲဒီအချက်တွေကတော့ ၁။အပစ်အခတ်ရပ်စဲထားရန် ၂။ သတ်မှတ်ဧရိယာအပြင်ဘက်တွင် လက်နက်ကိုင်ဆောင်ခြင်း မပြုရန် ၃။နှစ်ဘက်စလုံးက သတ်မှတ်ထားသည့်ဧရိယာများအတိုင်း ဆက်လက်ထားရှိရန် ၄။ နှစ်ဘက်သတ်မှတ်ထားသည့်နေရာဒေသများတွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန်နှင့် ၅။ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲရက်ကို သတ်မှတ်ရန်တို့ ဖြစ်တယ် ။ ပြည်နယ်အဆင့်သဘောတူညီချက်ကို အစိုးရဘက်က ကာကွယ်ရေးဝန်ကြီးနဲ့  ပြည်နယ် နယ်/လုံ ၀န်ကြီးက လက်မှတ်ရေးထိုးတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း အလားတူအဆင့်ရှိတဲ့  ခေါင်းဆောင်က လတ်မှတ်ရေးထိုးတယ် ။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကို ဆက်ဆွေးနွေးကြတယ် ။ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အပစ်အခတ်ရပ်စဲရေးခေါင်းစဉ်ထက် ပိုပြီး ကြီးမားကျယ်ပြန့် စွာ ဆွေးနွေးကြတယ် ။ ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမှုတွေဟာ လက်နက်ကိုင်တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ သိပ်မကွဲပြားပေမယ့်  ပြည်ထောင်စုအဆင့် ဆွေးနွေးမှုတွေမှာ တစ်ဖွဲ့ နဲ့  တစ်ဖွဲ့ အလေးထားဆွေးနွေးတဲ့  ခေါင်းစဉ်တွေ ကွဲပြားလာတယ် ။ အကြမ်းဖျဉ်းအားဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ စစ်ရေးကိစ္စ ၊ စစ်မဲ့ ဇုန် ၊ စစ်ဇုန် ၊ ကြားခံနယ်မြေ ၊ လက်နက်ကိုင်ဆောင်သွားလာခြင်း ၊ လူသစ်စုဆောင်းမှု ၊ကလေးစစ်သား ၊ အဓမ္မလုပ်အားပေးခိုင်းစေမှု ၊လူ့ အခွင့်အရေး ၊ စီးပွားရေးကိစ္စများ ၊မူးယစ်ဆေးဝါး ၊ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးမှု ၊ ဒုက္ခသည်များ ၊ အကျဉ်းသားများ ၊ ဥပဒေကြောင်းရာကိစ္စများ ၊ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ စတဲ့ အချက်တွေ ပါဝင်ကြတယ် ။

၂၀၁၃ အောက်တိုဘာလ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုက ဗိုလ်ချုပ်ဂွမ်မော်က တိုင်းရင်းသား လက်နက်ကိုင်အားလုံးပါဝင်တဲ့  အစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုရာက အစိုးရ စေ့စပ်ညှိနိုင်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက သဘောတူခဲ့ ပြီး ၃၀.၁၀.၂၀၁၃ ရက်ကနေ ၂.၁၁.၂၀၁၃ ရက်နေ့ အထိ လိုင်ဇာမြို့ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ ပါဝင်တဲ့ ညီလာခံကိုကျင်းပခဲ့တယ် ။ ဒီညီလာခံကနေ အဖွဲ့ ပေါင်း (၁၆) ဖွဲ့ ပါဝင်တဲ့  Nationwide Ceasefire Coordination Team (NCCT) ကို တိုင်းရင်းသားတွေဘက်က ဖွဲ့ စည်းပြီး တိုင်းရင်းသား တပ်ပေါင်းစုရဲ့  ကိုယ်စားလှယ်အဖွဲ့ အနေနဲ့  အစိုးရဘက်က UPWC နဲ့  စတင်ဆွေးနွေးခဲ့ကြတယ် ။

UPWC နဲ့ NCCT တို့ အကြား NCA ညှိနိုင်းမှုဆိုင်ရာ အစည်းအဝေးဟာ ၈.၃.၂၀၁၄ ရက်နေ့ မှာစတင်တယ် ။၃၁.၃.၂၀၁၄ မှာ NCA မူကြမ်းရရှိခဲ့တယ် ။ ၈.၄.၂၀၁၄မှာ နှစ်ဘက်လုံးကတင်ပြလာတဲ့  NCA စာချုပ်များကို ပေါင်းစည်းပြီး စာချုပ်တစ်ခုတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ် ။ NCA ပထမမူကြမ်းမှာ အချက်၁၀၄ချက် ဆွေးနွေးကြပြီး ၄၉ ချက်သဘောတူညီမှုရခဲ့တယ် ။ ဒုတိယမူကြမ်းမှာ ၅၅ ချက်ဆွေးနွေးပြီး ၂၄ ချက် သဘောတူညီမှု ရခဲ့တယ် ။ တတိယမူကြမ်းမှာ ၃၁ချက်ဆွေးနွေးပြီး ၂၆ ချက် သဘောတူညီမှု ရခဲ့တယ် ။
စတုတ္ထမူကြမ်းမှာ ၅ချက်ဆွေးနွေးပြီး သဘောတူညီမှု မရခဲ့ဘူး ။ ပဉ္စမမူကြမ်းမှာ ၈ချက်ဆွေးနွေးပြီး ၈ချက်လုံးသဘောတူညီမူ ရခဲ့ရာက ၇.၈.၂၀၁၅ မှာ NCA စာချုပ် မူချောကို အတည်ပြုနိုင်ခဲ့တယ် ။

၉.၉.၂၀၁၅ ရက်နေ့ မှာ နိုင်ငံတော် သမ္မတက NCA ကို အဖွဲ့ အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တယ် ။ ၄.၁၀.၂၀၁၅ ရက်နေ့  မှာ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးကြတဲ့  အဖွဲ့  ၁၆ဖွဲ့  အနက် အဖွဲ့ ၈ဖွဲ့ က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြတယ် ။ လက်မှတ်ရေးထိုးမယ့် အဖွဲ့ တွေက KNU ၊ KNLA - PC ၊PNLO ၊ ABSDF ၊ CNF ၊ RCSS\SSA ၊ ALP ၊ DKBA တို့  ဖြစ်ကြပြီး ကျန်ခဲ့မယ့် အဖွဲ့ တွေဟာ KIO ၊ UWSA ၊NDAA ၊ KNPP ၊ SSPP ၊ NMSP ၊ NSCN-K ၊ PSLF တို့ ဖြစ်ကြတယ် ။ ငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကနေ NCA အတည်ဖြစ်တဲ့ အထိ တွေ့ ဆုံဆွေးနွေးမှု စုစုပေါင်း အကြိမ် ၅၀၀၀ (ငါးထောင်) လောက်လုပ်ခဲ့ရတယ်လို့  ဆိုတယ် ။

NCA ထဲမှာ ဘာတွေပါသလဲ ?
-----------------------------------

NCA စာချုပ်ဟာ အခန်းပေါင်း (၇)ခန်း ၊ အပိုဒ်ပေါင်း (၃၃)ပိုဒ် ပါဝင်တယ် ။ စစ်ဘက်ဆိုင်ရာအချက်အလက် (၅၅) ချက်ပါဝင်တယ် ။ နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅ ) ချက်ပါဝင်တယ် ။ လူမှုစီးပွားဘ၀နဲ့ သက်ဆိုင်တဲ့  အချက်အလက် (၂၃ ) ချက်ပါဝင်တယ် ။ အခန်းလိုက် ပါဝင်မှုတွေကတော့ အခန်း(၁) အခြေခံမူများ ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း ၊ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ၊ အခန်း(၆) ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ အခန်း(၇) အထွေထွေတို့ ဖြစ်ကြတယ် ။

NCA သဘောတူညီချက်တွေအရ NCA လက်မှတ်ရေးထိုးပြီး ၂၄နာရီအတွင်းမှာ NCA ကို လက်မှတ်ရေးထိုးပြီးပြီ ဖြစ်ကြောင်း အောက်ခြေအဆင့်ဆင့်ကို အသိပေးရမှာဖြစ်တယ် ။ ၅ရက်အတွင်း စာချုပ်ပါ အချက်အလက်တွေကို အောက်ခြေအထိ ရှင်းပြရမယ် ။ ၁၄ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနိုင်းအစည်းအဝေးခေါ်ရမယ် ။ ဒီအစည်းအဝေးကနေ ကော်မတီ နှစ်ခု ဖွဲ့ စည်းမယ် ။ ပထမတစ်ခုက JMC ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ၊ ဒုတိယ တစ်ခုက UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ တို့ ဖြစ်တယ် ။

JMC မှာ နှစ်ဘက်အဖွဲ့ အစည်းက ကိုယ်စားလှယ်တွေ ၊ အများယုံကြည်လေးစားတဲ့ ပုဂ္ဂိုလ်တွေပါဝင်မှာဖြစ်တယ် ။ နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တွေနဲ့  အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းကိုယ်စားလှယ်တွေဟာ လေ့လာသူ ၊ အကြံပေး ၊ နည်းပညာအထောက်အကူပြု စသဖြင့် သင့်တော်သလို ပါဝင်လာမှာ ဖြစ်တယ် ။ JMC တွေကို နိုင်ငံအဆင့် ၊ ပြည်နယ်အဆင့် ၊ ဒေသဆိုင်ရာအဆင့် ကော်မတီတွေဆိုပြီး ဖွဲ့ စည်းသွားမှာ ဖြစ်တယ် ။ JMC တွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားဖို့ စောင့်ကြည့် ထိန်းချုပ်သွားမှာ ဖြစ်တယ် ။

UPDJC ဟာ NCA လက်မှတ်ရေးထိုးတဲ့ အချိန်ကနေ ရက်ပေါင်း၆၀ အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများနှင့်အတူ ပူးတွဲပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲရမှာဖြစ်တယ် ။ NCA လက်မှတ်ရေးထိုးချိန်ကနေ ရက်ပေါင်း ၉၀ အတွင်း ပထမဆုံးနိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကို စတင်ကျင်းပရမှာဖြစ်တယ် ။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အစိုးရ ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကိုယ်စားလှယ် ၊ တရားဝင်နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်၊တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့  အခြားပါဝင်သင့်သူများ အားလုံးပါဝင်မှာ ဖြစ်တယ် ။ဆွေးနွေးပွဲ ရလာဒ်တွေအရ ပြည်ထောင်စုညီလာခံကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ် ။

NCA က ဘာတွေကို အာမခံလဲ ?
----------------------------------------

NCA စာချုပ် အခန်း(၆) ပုဒ်ခွဲ ၂၄ (က) အရ NCA ကို လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေဟာ NCA ကိုဆောင်ရွက်မှုကြောင့် အရေးမယူဘူးလို့  အစိုးရက အာမခံတယ် ။ပုဒ်ခွဲ (ခ) အရ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ တွေကို မတရားသင်းအဖြစ် ကြေငြာထားခြင်းက ပယ်ဖျက်ပေးမယ် ။ လက်မှတ်ထိုးတဲ့ အဖွဲ့ (သို့ ) လူတွေနဲ့  ပတ်သက်တဲ့  ဘယ်သူကိုမှ ဘယ်အဖွဲ့ အစည်းကိုမှ မတရားသင်း ဥပဒေနဲ့ သော်လည်းကောင်း ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း အရေးမယူဖို့ အာမခံတယ် ။ ပုဒ်ခွဲ(ဂ) အရ လက်မှတ်ရေးထိုးတဲ့  အဖွဲ့ တွေထဲက မတရားသင်း အက်ဥပဒေနဲ့  ယခင်တုန်းက အရေးယူခံထားရတဲ့  သူတွေရှိရင် လွတ်မြောက်ဖို့ အတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့ အာမခံထားတယ် ။

NCA ကို ဘယ်တော့ လက်မှတ်ရေးထိုးမလဲ ?
-----------------------------------------------------

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ၁၅ရက်နေ့  နေပြည်တော် MICC2 မှာ လက်မှတ်ရေးထိုးမယ် ။ သက်သေတွေအနေနဲ့  ပြည်တွင်းကရော ပြည်ပကပါ တက်ရောက်ကြမယ် ။ အစိုးရဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေဘက်က ဖိတ်ကြားမယ့်သူတွေလဲ ရှိတယ် ။ ကေအန်ယူက ဖိတ်ကြားမယ့်အထဲက ဒေါ်အောင်ဆန်းစုကြည် နဲ့  ဦးခွန်ထွန်ဦးတို့ ကတော့ မတက်နိုင်ဘူးလို့  ငြင်းဆန်ထားတယ် ။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ အဖွဲ့ ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးဘူး ။

www.mmdailystar.com

အမေရိကန်နှင့် စစ်ဖြစ်ရန် အသင့်ဖြစ်နေပြီဟု ဧရာမ စစ်ရေးပြ အခမ်းအနားတွင် မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား




ပြုံယမ်း၊ အောက်တိုဘာ ၁၁
မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် အာဏာရ အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧရာမ စစ်ရေးအင်အားပြ အခမ်းအနားပြုလုပ်ရာ ယင်းအခမ်းအနားတွင် ငယ်ရွယ်သည့် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်က မိမိတို့ တိုင်းပြည်သည် အမေရိကန်ပြည်ထောင်စုဘက်က စတင်လုပ်ဆောင်လာမည့် မည်သည့်စစ်ပွဲမျိုးကိုမဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဧရာမ စစ်ရေးပြ အခမ်းအနားကြီးကို ပြုံယမ်းမြို့ရှိ ကင်အီဆွန်းရင်ပြင် (မြောက်ကိုရီးယား ခေါင်းကိုင်ဖခင်ကြီး၏ အမည်ဖြင့် မှည့်ခေါ်ထားသည့် ရင်ပြင်) တွင် ပြုလုပ်ခဲ့ပြီး လက်ရှိခေါင်းဆောင် ကင်ဂျုံအန်က တက်ရောက်မိန့်ခွန်းပြောဆိုရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကင်ဂျုံအန်နှင့်အတူ မြောက်ကိုရီးယား စစ်ဗိုလ်ချုပ်ကြီးများ၊ တရုတ်ကွန်မြူနစ်ပါတီမှ ထိပ်တန်းအရာရှိ လောင်ဆူရှန်းတို့လည်း တက်ရောက်ခဲ့ကြသည်။
Reuters သတင်းဌာန ဖော်ပြချက်အရ စစ်ရေးပြ အခမ်းအနားတွင် ကင်ဂျုံအန်နှင့် လောင်ဆူရှန်းတို့သည် ရယ်ရယ်မောမောဖြင့် တီးတိုးစကား ပြောဆိုခဲ့ကြကြောင်း၊ ဘေးနားရှိ ပြုံယမ်း ကွန်မြူနစ်အစိုးရ အရာရှိကြီးများလည်း ၎င်းတို့နှင့်အတူ ပျော်ရွှင်ရယ်မောနေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
“အလုပ်သမားပါတီကြီးရဲ့ တော်လှန်ရေး စစ်အင်အားရဲ့ အဓိပ္ပာယ်ဟာ အမေရိကန်ပြည်ထောင်စုဘက်က လုပ်ဆောင်လာမယ့် စစ်ပွဲမှန်သမျှအတွက် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု လူငယ်ကွန်မြူနစ် ခေါင်းဆောင်ဟုလည်း သတ်မှတ်ပြောဆိုခံထားရသူ ကင်ဂျုံအန်က ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ပြောဆိုသည်။
ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်ရေးပြ အခမ်းအနားသို့ ကင်ဂျုံအန် တက်ရောက်နိုင်ခဲ့ခြင်း မရှိသော်လည်း ယခုနှစ်တွင်မူ တက်တက်ကြွကြွဖြစ်လျက် ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကမူ မြောက်ကိုရီးယား အနေနှင့် ရန်စပြုမူမှုများ မပြုလုပ်ရန် တိုက်တွန်းပြီး ယင်းနိုင်ငံ၏ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာနေမည်ဟု ဆိုသည်။
“တောင်ကိုရီးယားနိုင်ငံက မဟာမိတ်တွေနဲ့ ကျွန်တော်တို့ အနီးကပ် အဆက်အသွယ် လုပ်ထားပါတယ်၊ တောင်ကိုရီးယားနိုင်ငံရဲ့ ကာကွယ်ရေးအတွက် အခိုင်အမာ လုပ်ဆောင်သွားမယ်လို့လည်း ဆုံးဖြတ်ထားပြီးသားပါ” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဘီလ်အာဘန်က ဆိုသည်။
မြောက်ကိုရီးယား၏ လတ်တလော ထုတ်ဖော်ပြောဆိုချက်များသည် တင်းမာမှုများကို ပိုမိုဖြစ်ထွန်းစေနိုင်သည် ဖြစ်ရာ အလားတူ ပြုမူပြောဆိုမှုများ မပြုလုပ်ရန် တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။
“မြောက်ကိုရီးယားရဲ့ မိုးတစ်လုံး၊ လေတစ်လုံး ပြောဆိုမှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အန္တရာယ် ဖြစ်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။
ယခုနှစ် ဧရာမ စစ်ရေးပြ အခမ်းအနားတွင် အမေရိကန်နှင့် စစ်ဖြစ်ရန် အသင့်ဖြစ်နေပြီဟု ကင်ဂျုံအန်က ဆိုသော်လည်း နိုင်ငံ၏ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှု မပြုပေ။
www.mmdailystar.com

အသက်ကို ဉာဏ်စောင့်နိုင်ပါစေ KIA


အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၅
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၁၉၀၀ နာရီ တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စု လမ်း၊ VeVe တိုက်ခန်းအမှတ် (၁) ရှိ GI Group Express ယာဉ်လိုင်းဂိတ်သို့ KIO မှ ဆက်ကြေး ကောက်ခံသည့်စာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီ နေ့က GI Group Express ရဲ့ ဂိတ်မှူး ဦးသန်းမြင့်ထွန်း ဂိတ်အတွင်းရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဂိတ်အတွင်းသို့ စာအိတ်တစ်အိတ် အားပစ်ပေးခဲ့ပြီး အဖြူရောင် အာရာဖတ်ယာဉ် (နံပါတ်မပါ) ပေါ်သို့ တက်ကာ ပြည်ထောင်စုလမ်းမကြီးအတိုင်း စွမ်စော် ရပ်ကွက် ဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်းသိရှိရပါတယ်။
စာအိတ်အားဖွင့်ဖောက်ကြည့်ရှုရာ KIOတောင်ပိုင်း တိုင်း တပ်မဟာ(၄)၊တပ်မဟာမှူးအမည်ခံ လက်မှတ် ရေး ထိုးထားသည့် ဆက်ကြေးတောင်းစာ ဖြစ်နေခဲ့ တယ်လို့ သိရပါတယ်။ စာပါအကြောင်းအရာမှာ အခွန်ဆောင်ရန် အကြောင်းကြားခြင်းခေါင်းစဉ်တပ်၍ KIO တပ်မဟာ (၄)ဟာမိမိတို့ ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်စည်းကြပ် ကောက်ခံခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်းနှင့် GI Group (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး)သည်လည်း KIO မှသတ်မှတ်သည့် စည်းကြပ် အခွန်များကို စက်တင်ဘာလ ၂၈ ရက်နေ့မတိုင်မီ မပျက်မကွက် ထမ်းဆောင်ရန် အကြောင်းကြားကြောင်း ပါရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ် ၀၉၃၀၅၇၇၆၈၂ နဲ့ တရုတ်ဖုန်းနံပါတ် ၂၅၉၂၅၄၅၆၆၃၀ ကိုလည်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ KIO တပ်မဟာ(၄)ရဲ့ အကြောင်းကြား စာကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ GI Group Express မှလည်း KIO ရဲ့ ဆက်ကြေးတောင်းစာ ပေးပို့မှုကို ရဲစခန်းသို့ ချက်ခြင်းအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ KIO အဖွဲ့၏ မူဆယ်မြို့ပေါ်သို့ အလားတူဝင်ရောက်၍ ဆက်ကြေးကောက်ခံစာများ ပေးပို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဖျက်အမှောက် လုပ်ငန်းများ မပြုလုပ်နိုင်စေရေး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။
KIO/KIA သမိုင်းကြောင်းကို လေ့လာကြည့်လျှင်လည်း စတင်ဖွဲ့စည်းစဉ်ကပင် လူမျိုးကြီးဝါဒကို အကြောင်းပြ၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ အများပြည်သူပိုင် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများ ပြည်သူ ပိုင်ငွေတိုက်များကို ဝင်ရောက်စီးနင်း၍ လက်နက်အင်အားတောင့်တင်းအောင်ဖြည့်ဆည်းကာ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းများဆောင်ရွက်ခဲ့ကာ သမိုင်းဆိုးရှိခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်း စားရေး တစာစာဟစ်ကြွေးနေတဲ့ KIO/KIA အဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ကချင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ယာဉ်များ၊ လူနှင့် အိမ်မွေးတိရစ္ဆာန်များမကျန် ဆက်ကြေး၊ အခွန် အခကောက်ခံလာမှုရဲ့ အကျိုးဆက်ကတော့ KIO/KIA ခေါင်းဆောင်ကြီးများ အဆမတန်ကြွယ်ဝချမ်းသာ လာမှုနှင့် အိမ်နီးချင်းနိုင်ငံများတွင် စည်းစိမ်အပြည့်ဖြင့် အခြေချနေထိုင်ခွင့်များရရှိခဲ့ကြပြီး ဒေသခံတို့ဘ၀ ကတော့ဆင်းရဲနွမ်းပါးကာ စစ်ရှောင်ဒုက္ခသည်များ ဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် KIO/KIA အဖွဲ့အတွင်း က လက်အောက်ငယ်သားများ၊ ဒေသခံလူငယ်အများအပြားဟာ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်ခဲ့ရုံ သာမက ကချင်ပြည်နယ်ဟာ KIO/KIA ကြောင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးနှင့် အမှောင် တွေဖုံးလွှမ်းရာ ပြည်နယ်တစ်ခုဖြစ်လာခဲ့ပါတယ်။
လက်ရှိအစိုးရနှင့် ခေတ်အဆက်ဆက်အစိုးရများက ကချင်ပြည်နယ်မှ တိုင်းရင်းသားညီအစ်ကိုများ ငြိမ်းချမ်းမှု အသီး အပွင့်တွေ ခံစားနိုင်ဖို့ မည်မျှပင်ကြိုးစားဆောင်ရွက်စေကာမူ KIO/KIA ခေါင်းဆောင်ကြီးများကတော့ ၎င်းတို့ အသက်မသေသရွှေ့ ဒေသခံတိုင်းရင်းသားများနဲ့ ကချင်ပြည်နယ်အပေါ် သေနတ်ပြောင်းဝက အာဏာဖြင့် လက်ဝါးကြီးအုပ် အမြတ်ထုတ်နေအုံးမှာ ဖြစ်ပါတယ်။ KIO/KIA ရဲ့ မပြောင်းလဲတဲ့ သဘော တရားကို သိရှိထားပြီးဖြစ်တဲ့ တပ်မတော်စစ်ကြောင်းများဟာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း KIO/KIA ရဲ့ အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်၊ ဗုံးခွဲခဲ့တဲ့အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် ပြတ်ပြတ်သားသား ကာကွယ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမူဆယ်မြို့မှာ ပြောင်ပြောင်တင်းတင်းဆက်ကြေးကောက်ခြင်းနဲ့ အများပြည်သူပိုင် ဘဏ်များကို ဗုံးခွဲနေတဲ့ KIA တပ်မဟာ(၄)ဟာ လောက်ကိုင်ဒေသတိုက်ပွဲများမှာလည်း MNDAA (ကိုးကန့်)သောင်းကျန်းသူ များဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် KIA တပ်မဟာ(၄)ကို စတင်အရေး ယူတိုက်ခိုက်နေပြီလို့ သိရှိရပါတယ်။ KIO/KIA အဖွဲ့ဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ ကချုင်ပြည်နယ် အတွင်းက ပြည်သူလူထုအပေါ် အဘက်ဘက်က ငဲ့ညှာထောက်ထားနေမှုကို အခွင့်ကောင်းယူ၍ အွန်လိုင်း မီဒီယာကတစ်ဆင့် ဝါဒဖြန့်မှုနှင့် လူသားတံတိုင်းကာရံလို့ ၎င်းတို့သက်ဆိုးရှည်အောင် နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တဲ့ အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့ဟာ အချိန်တန်တော့လည်း ပျက်စီးသွားခဲ့ရပြီး ၎င်းတို့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ နောက်ဆုံးဇာတ်သိမ်းဟာလည်း မလှပခဲ့တာသက်သေရှိပါတယ်ဆိုတာ KIO/KIA ခေါင်းဆောင်တို့ သတိရသင့်ပြီဖြစ်ပါတယ်။
ဒါကြောင့် KIO/KIA အဖွဲ့အနေဖြင့် ဒေသခံတွေအပေါ် နှစ်ပေါင်း ၆၀ ကျော် နည်းမျိုးစုံဖြင့် အနိုင်ကျင့်၊ လက်ဝါး ကြီးအုပ် အမြတ်ထုတ်တာတွေရပ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လို့လက်မှတ်ရေးထိုးခဲ့ရင်တော့ အသက်ကို ဉာဏ်စောင့်နိုင်ပါသေးကြောင်း အကြံပေးလိုက်ပါရစေ။
စိုင်းဝေလင်းအောင်(တောင်ကြီး)

www.mmdailystar.com

KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးမှုကြောင့် လယ်ယာလုပ်ကိုင်နေသည့် ရွာသားများ ထွက်ပြေးတိမ်းရှောင်


အောက်တိုဘာလ ၁၂ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာတွင်နေထိုင်သော လယ်ယာလုပ်ကိုင်နေသည့် ဒေသခံ တိုင်းရင်းသားများအား KIA အဖွဲ့မှ လူသစ်အဖြစ် အဓမ္မဖမ်းဆီးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 
တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာသို့ အောက်တိုဘာလ ၉ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွာသား ၂ဦးအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။
“၀ါရာဇွပ်ကျေးရွာနဲ့ ပတ်ဝန်းကျင်တစ်ဝိုက်ကို KIA အဖွဲ့တွေရောက်လာပြီး လယ်တဲတွေမှာ လယ်ယာလုပ်ကိုင် နေတဲ့ ဒေသခံတွေကို လူသစ်အဖြစ် အဓမ္မလိုက်ဖမ်းနေတာ၊ လုပ်ငန်းရှင်တွေဆီကလည်း ဆက်ကြေး ကောက်တယ်၊ ရွာအနေနဲ့လည်း ပေးရတယ်၊ ရိက္ခာဆိုလည်းပေးရတယ်၊ ရွာသားတွေကိုလည်း ရိုက်ပုတ် နှိပ်စက်တယ်၊ ရွာသား ၂ ယောက်ကိုလည်း ဖမ်းခေါ်သွားတယ်၊ ဆက်ကြေးမပေးလို့တဲ့ဗျာ၊ လူသစ်သင်တန်း တက်ခိုင်းပြီး သူတို့စခန်းမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့လေ၊ ဒါမျိုးတော့ မဖြစ်သင့်ဘူး၊ အဲဒါမျိုးတွေ လုပ်ချင်လို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ကို အမျိုးမျိုးရှောင်လွဲနေတာ ဖြစ်မှာပေါ့ ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြ ချက်အရ သိရသည်။
KIA အဖွဲ့သည် ဒေသခံတိုင်းရင်းသားများအပေါ် လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်း ဆက်ကြေးငွေကောက် ခံခြင်း၊ လူငယ်များအား လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းများကို အမြဲလိုလို ပြုလုပ်လာ သည့်အတွက် ကျေးရွာများရှိ လယ်ယာလုပ်ကိုင်နေသည့် လူငယ်များမှာ ကြောက်လန့်၍ မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။
နော်ဂျာ


www.mmdailystar.com

ကွတ်ခိုင် - တာမိုးညဲသွားကာလမ်းအနီးတွင် KIA အဖွဲ့ထောင်ထားသောမိုင်း (၁)လုံးအား အစိုးရတပ်မှ ဖော်ထုတ် သိမ်းဆည်းရမိ



12-10-2015

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့၊ ကွတ်ခိုင် - တာမိုးညဲသွားလမ်း အနီးတွင် KIA ထောင်ထားသော အဝေးထိန်းစနစ်သုံးမိုင်း ၁ လုံးအား အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီချိန်တွင် အစိုးရတပ်မှ ဖော်ထုတ်သိမ်းဆည်း ခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးမှပြောပါသည်။

ကွတ်ခိုင်မြို့၊ ရပ်ကွက်(၇) နမ့်ဟူးစုစည်းရွာ၊ ဘုန်းကြီးကျောင်းအ၀င်လမ်း၊ ကွတ်ခိုင် - တာမိုးညဲသွားကားလမ်း တောင်ဘက်တွင် လမ်းပြုပြင်ရန် ချထားသော ကျောက်ပုံအနီးတွင် KIA အဖွဲ့မှ ထောင်ထားသည့် မသင်္ကာ ဖွယ်ရာပစ္စည်းတစ်ခုတွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သဖြင့် အစိုးရတပ်မှ သွားရောက် စစ်ဆေးရာ အလျား ၇ လက်မ၊ အနံ ၄ လက်မခန့်ရှိ ပလပ်စတစ်ထမင်းဘူးခွံအတွင်း ဘောစေ့ ၅၀၀ ခန့်အား ဖယောင်းလောင်း၍ ထည့်ထားသည့် ဒေသန္တရလုပ်မိုင်း ကိုယ်ထည် ၁ ခု၊ ဗူးခွံအတွင်းထည့် ထားသည့် အလျား ၄ လက်မ၊ အနံ ၃ လက်မခန့်ရှိ အ၀ါရောင် ယမ်းမှုန် ၁ ထုပ်၊ ဓာတ်ခဲအသေး ၅ လုံးထည့် ဆားကစ်အုံ ၁ ခု၊ လျှပ်စစ်ဒီတိုနေတာ ၁ ခု စသည့် မိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးထံမှသိရသည်။

အဆိုပါ KIA အဖွဲ့သည် ကွတ်ခိုင် - တာမိုးညဲ သွားလမ်းကြောင်းပေါ် တွင် ဖြတ်သန်းသွားလာမည့် အစိုးရ စစ်ကြောင်းနှင့် ယာဉ်တန်းများ အား ဖောက်ခွဲတိုက်ခိုက်ရန် ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံရွာသားများမှ ပြောကြားခဲ့သည်။

ယခုလို KIA အဖွဲ့အနေဖြင့် ဒေသခံကျေးရွာနှင့် မှော်လုပ်ငန်းနေရာများ သာမက အများပြည်သူသွား ကားလမ်း၊ ရထားလမ်းနဲ့ သင်္ဘော ဆိပ်ကမ်းတွေအထိ မိုင်းထောင်ခြင်းများကြောင့် ဒေသခံရွာသားတွေမှာ မကြာခဏ မိုင်းနင်းမိပြီး အသက်များဆုံးရှုံးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လုပ်ရပ်များမှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး ပွဲပျက်ပြားအောင် တမင်ပြုလုပ်နေသလိုဖြစ်နေကြောင်း ကွတ်ခိုင်မြို့ခံ ကျောင်းဆရာ တစ်ဦးက ပြောပါသည်။

ဆိုင်းနောင်(ဖားကန့်)

www.mmdailystar.com

အပစ်ရပ်စာချုပ်စောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်း


အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၅
တိုက်ပွဲများဖြစ်ပွားနေ သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစည်း၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်(NCA) စောင့်ကြည့် လေ့လာရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်မြောက်ပိုင်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့် လေ့လာခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို လားရှိုးမြို့တွင် အောက်တို ဘာ ၈ နှင့် ၉ ရက်က ပြုလုပ်ခဲ့ပြီး နောက် NCA စောင့်ကြည့်လေ့လာ ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ် သည်ဟု အလုပ်ရုံဆွေးနွေးပွဲဖြစ် မြောက်ရေးကော်မတီဝင် ဦးဇဲ ဒေါင်ကပြောသည်။
‘‘ရှမ်းပြည်နယ်မြောက်ပိုင်း မှာ NCA လက်မှတ်မထိုးတဲ့သူရှိ သလို ထိုးမယ့်အဖွဲ့တွေလည်း ရှိ ပါတယ်။ ထိုးမယ့် အဖွဲ့တွေက ထိုးပြီးတဲ့အခါ စာချုပ်အပေါ် သူ တို့ဘယ်လိုလိုက်နာမလဲ။ မလိုက် နာဘူးလဲ။ အဲဒါစောင့်ကြည့်ဖို့ လို အပ်လို့ ကော်မတီဖွဲ့လိုက်တာပါ’’ ဟု ဦးဇဲဒေါင်က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မ တော် (KIA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ တအောဝ်းအမျိုးသား လွတ် မြောက် ရေးတပ်မတော်(TNLA) နှင့် ကိုးကန့်တပ်ဖွဲ့(MDNAA)တို့ အခြေစိုက်ပြီး အစိုးရတပ်မတော် နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေ သည်။ တိုက်ပွဲအတွင်း အရပ်သား များ သေဆုံး၊ ဒဏ်ရာရခဲ့သည်။
NCA စောင့်ကြည့်လေ့လာ ရေးအဖွဲ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ ပလောင်စာ ပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လီဆူ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း အပြင် ဒေသတွင်း နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ် ၂၇ ဦးဖြင့်ဖွဲ့စည်းလိုက်သည်ဟု ငြိမ်းဖောင် ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးဆော့က ပြောသည်။

www.mmdailystar.com

တပ်သားသစ် စုဆောင်းမှုကြောင့် ဒေသခံ ၂၀၀၀ကျော် မြိုင်ကြီးငူသို့ ထွက်ပြေးတိမ်းရှောင်နေရ




အောက်တိုဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ

ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တပ်သားသစ် စုဆောင်းမှုကြောင့် အောက်တိုဘာလ ၂ရက်မှ ၁၀ရက်နေ့အထိ လှိုင်းဘွဲမြို့ နယ်၊ မြိုင်ကြီးငူသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဖာပွန်မြို့နယ်ရှိ ကျေးရွာ ၁၅ရွာမှ ဒေသခံ ရွာသူရွာသား ၂,၄၄၅ဦး ရှိသွားပြီဟု ၎င်းတို့အား ကူညီပံ့ပိုးနေကြသူများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသူများမှာ ဖာပွန်မြို့နယ်ရှိ ရွှေဖလားကျ၊ ဟတ်ကြီး၊ မြင်းတပြေး၊ ပိုင်လာ၊ သောလယ်ထာ့၊ ဝါ့မုလော၊ မယ်ညော၊ စာကောလော်၊ ကွင်းတလ၊ မယ်ပရီ၊ မဲကလား၊ ရေပူ၊ ပြည့်စုံ (လဲပွယ်)၊ ကွီးလောချနှင့် ရှမ်းတောင် စသည့်ကျေးရွာ များမှ အိမ်ထောင်စု ၃၇၈စုရှိပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇေ ဝဏ္ဏလှိုင်က ပြောသည်။

“ဒီမှာရောက်တော့ ကျနော်တို့ လှိုင်းဘွဲမြို့နယ်ကနေပြီးတော့ အချိန်နဲ့တပြေးညီ ပြည်နယ်အစိုးရကို တင်ပြပြီးတော့ ရောက်တယ် ဆိုတာနဲ့ တန်းပြီးတော့ ထောက်ပံ့မှုတွေပေးနိုင်အောင် လုပ်နေပါတယ်။ သူတို့တွေ ဒုက္ခသည်လို့လည်း သုံးနှုန်းရတာ တစ်မျိုး လေး ဖြစ်တယ်ပေါ့။ တခြားဒေသတွေလို တိုက်ပွဲကြောင့်၊ သဘာဝဘေးဒဏ်ကြောင့် မဟုတ်ဘူး။ စိုးရိမ်စိတ်တစ်ခုကြောင့် သူတို့ တွေ ခဏတိမ်းရှောင်လာတဲ့ သဘောမျိုးပေါ့။”ဟု ဆိုသည်။

တပ်သားသစ်ကောက်ခံသည့် အဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ တပ်မဟာ(၅) နယ်မြေ၌ လှုပ်ရှားနေသည့် ဗိုလ်ဖားမီးဆိုသူ ဦးဆောင်သော အဖွဲ့ကဖြစ်ပြီး စစ်သားစုဆောင်းရာတွင် မသွားနိုင်ပါက မိသားစုဝင်များကို ဖမ်းဆီးခြိမ်းခြောက် ခြင်း၊ ငွေကြေး အဆမတန် ကောက်ခံခြင်းများ လုပ်ဆောင်သောကြောင့် ရွာ၌ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်သည်ဟု ရှောင်တိမ်းလာသူထဲမှ စောမောထာ့က ပြောသည်။

ပြည့်စုံရွာသူကြီး စောမောထက “စစ်သားဖမ်းလို့ ထွက်ပြေးလာတာပါ။ အစက ဖမ်းတာ မဟုတ်ဘူးလေ။ စည်းရုံးပုံစံမျိုးနဲ့ လုပ် တယ်။ လုပ်မရတော့ ဖမ်းတယ်။ ကျနော်တို့ကို ဖမ်းဆွဲတာလည်း ကျနော်လည်းပါတယ်။ အဲဒီမှာ ၄-၅-၆ရက် သွားနေရတယ်။ ကျနော့်မှာ သားလူပျိုရှိတယ်။ သားမှမရှိတာ သားဘန်ကောက်မှာပဲလေ။ ဒီမှာလာနေတာလည်း လာချင်လို့ လာတာ မဟုတ်ဘူး လေ။ ကြောက်လို့လာတာ။ ရွာက အေးချမ်းရင် ပြန်ချင်တာပေါ့။”ဟု ကရင်ဘာသာဖြင့် ကေအိုင်စီသို့ ပြောသည်။

ယခုလ အောက်တိုဘာ ၁၅ရက်နေ့တွင် ကေအဲန်ယူ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးကြမည်ဟု စီစဉ်နေသည့် တပြိုင်နက်တည်း ကရင်ပြည်နယ် နေရာအချို့တွင် ပစ်ခတ်မှုများနှင့် စစ်ရှောင်ရွာသားများ ဖြစ်ရှိလာခြင်းလည်း ဖြစ်သည်။

KNU တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကလည်း “ရွာသားတွေ ထောင်ချီထွက်ပြေးတဲ့ကိစ္စကိုတော့ ကျနော်တို့ သိရ တယ်။ ဒီကိစ္စက စစ်သားစုဆောင်းမှုဆိုတဲ့ ကိစ္စအသေးအဖွဲလေးကို အမှိုက်ကအစ ပြဿဒ်မီးလောင်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ သတင်းရဲ့ နောက်ကြောင်းဆက်ကို ပြန်ကြည့်ရင် ကတိုင်တိ၊ ကမမောင်း လမ်းမလျှောက်မှာ BGF တပ်ရင်း ၃ရင်း၊ ရတခ တိုင်း က စစ်တပ်ကလည်း တပ်ရင်း ၃ရင်းလောက် ၀င်ရောက်လှုပ်ရှားတာရှိတယ်။ လူထုကို သူတို့ရှေ့ထုတ်တယ်။ ဒီအကြောင်းရင်း တစ်ခုတည်းနဲ့ ထွက်ပြေးရတယ်ဆိုတာက စဉ်းစားစရာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် မြိုင်ကြီးငူရှိ ဇိနမာရ်အောင် ရေပြန်ကျွန်းဘုရားကြီး အဆောက်ဦးတွင် ထွက်ပြေးတိမ်းရှောင်သူများအား ခိုလှုံ စရာများ စီစဉ်ထားပြီး စားနှပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် အ၀တ်အစားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်နယ်ခြားစောင့် (BGF)၊ ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတို့က ထောက်ပံ့ကူညီပေးထားသည်။ အလားတူ အောက်တိုဘာလ ၁၀ရက်နေ့ကလည်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်အဖွဲ့က ဆန်အိတ် ၃၀၀၊ ဆီပါကင် ၆၀နှင့် ပြည်နယ် အစိုးရအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ မာမားခေါက်ဆွဲ၊ ကျောင်းသုံးစာအုပ်၊ ကျောင်းသုံးဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ သွား ရောက်လှူဒါန်းပေးခဲ့သည်။

အဆိုပါ တပ်သားသစ်ကောက်ခံသည့်ကိစ္စကို အချိန်မီ ကိုင်တွယ်ဖြေရှင်းမှု မလုပ်ဆောင်နိုင်ပါက ဖာပွန်မြို့နယ်ရှိ ယင်းဒေသခံ ရွာသားများသည် မြိုင်ကြီးငူဒေသသို့ ထပ်မံ ထွက်ပြေးလာနိုင်မည့် အခြေအနေရှိကြောင်း ၎င်းဒေသအခြေစိုက် လူမှုကယ်ဆယ် ရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။
www.mmdailystar.com

၅ နှစ်အတွင်းမှာ နွားဖြစ်သွားနိုင်တယ်


NLDအာဏာရလို့  ၅နှစ်အုပ်ချုပ်ရင်
အမျိုးဘာသာ ကွယ်နိုင်သလားမေးတယ်
၅ နှစ်လောက်နဲ့ကွယ်မယ် လို့ တော့ ကျုပ်လဲ
လက်မခံ ပါဘူး
ဒါပေမဲ့ လည်း
၅နှစ်ကို အရင်းပြုပြီး ကုလားတွေက အခွင့်ရေး
အသုံးချပြီး တရားမဝင်ဗလီတွေကို
ပြန်ဖွင့်နိုင်ဖို့ ကြိုးစားမယ်
ဘာသာရေး လွတ်လပ်ခွင့် အကြောင်းပြ
ဗလီ တွေ အသစ်ဆောက်မယ်
၅နှစ် ဆိုတဲ့ အချိန် ကသူတို့ အတွက်
နောင် နှစ်ပေါင်းများစွာအတွက်
အသုံးချဖို့  လုံလောက်ပါတယ်
လူအခွင့်ရေးအကြောင်းပြပြီး
ဘင်္ဂလီတွေအတွက် အခွင့်ရေးတောင်းမယ်
ပြည်တွင်းမှာအခြေချနိုင်အောင်လုပ်မယ်
မှတ်ပုံတင် တွေ ထုတ်ပေးခိုင်းမယ်
တိုင်းရင်းသား ဖြစ်ခွင့်တောင်းမယ်
မျိုးစောင့်ဥပဒေ ကို ပယ်ဖျက်ခိုင်းမယ်
NLDဆိုတာလဲ လူအခွင့်ရေးသာပြောလိုက်
အကုန်လက်ခံ တတ်တော့ ကုလားအလိုလိုက်မှာပဲ
ပြည်သူတွေ အကုန် ထ ဆန္ဒမပြရင်သူတို့ လုပ်မှာပဲ
ကုလားမှာက ဘာသာရေးအတွက် ထောက်ပံ့ပေးမဲ့
နိုင်ငံတွေက အများကြီး တကယ်လုပ်ခွင့်ရမယ်ဆို
မြန်မာပြည် ဘုန်းကြီးကျောင်းပေါတာသနားတယ်
ကုလားတွေက ဗလီတလုံးဆောက်ဖို့ 
အချိန်လပိုင်းပဲ ယူမှာ ဆောက်ခွင့်ပေးမဲ့အစိုးရသာ
ရှိပါစေ သူတို့ က ငွေပေါတယ်
ရေနံထွက်နေသ၍
အစ္စလာမ်ဘာသာ ခေါင်းမော့နေအုံးမှာပဲ
၅ နှစ်မှာ ဗုဒ္ဓဘာသာ မကွယ်နိုင်ပေမဲ့
နောင်နှစ်ပေါင်းများစွာအတွက်
အမျိုးဘာသာ ဝါးမျို ဖို့ အတွက် အခြေခံဖို့ 
အုတ်မြစ်ချ နိုင်သွားမယ်
၅ နှစ်အတွင်း
၁/ ဘုန်းကြီးကျောင်းတွေ စိတ်ကြိုက်
ဆောက်ခွင့် ရှိသလို ဗလီတွေဆောက်ခွင့်ပြုကြည့်လေ
၂/ ကုလားလဲ လူပဲ မြန်မာတွေလို အခွင့်ရေးပေး
ဘင်္ဂလီ တွေသာ ပြည်တွင်းမှာသွားချင်ရာသွားခွင့်ပြုကြည့်လေ
၃/ လူ အခွင့်ရေး အကြောင်းပြ ပြီး ကုလားတွေအတွက်
ကာကွယ်ပေးမဲ့ဥပဒေ တွေကို လက်ခံပေးကြည့်လေ
၎/ အစ္စလာမ် ဘာသာနိုင်ငံတွေ အကုန်လုံး
သံရုံးတွေ ဖွင့်ခွင့်ပေးကြည့်လေ
၅/ OIC ရုံးလက်ခံ ပေးကြည့်လေ
NLD အာဏာရရင်တော့ အထက်က အခွင့်ရေး
အကုန်ပေးမှာပါ လူ့ အခွင့်ရေးသိပ်အလေးပေးတော့
သူတို့ လက်ထက်ကြ ပေးမှာသေချာတယ်
၅နှစ် အတွင်းကုလားတွေက လဲသေချာလုပ်ပြီး
နောင်နှစ်ပေါင်းများစွာ အမျိုးဘာသာကို
ဝါးမျို ဖို့ ရာ အားထုတ်တောမှာပါ
အဆိုးဆုံးကတော့ NLDအာဏာရရင်
အရင်ဆုံး အဖျက်ခံရမှာက အမျိုးစောင့်ဥပဒေပါ
၂/ (၅၉) စ
၃/ (၈၂)နိုင်ငံသားဥပဒေ
၎/ ဖွဲ့စည်းပုံခြေ /ဥ
၅/ လွတ်တော်ထဲက (၂၅)စစ်သားအမတ်
ဒါတွေအကုန် ဖျက်ခံရရင်
ဘယ်ခွေးသားလာလာ သမ္မတလုပ်ခွင့်ရပြီ
နိုင်ငံသားနဲ့တိုင်းရင်းသား မခြားတော့ဘူးပေါ့
ရေနံတွေ အသုံးဝင်နေသ၍ အစ္စလာမ်ဘာသာ
ခေါင်းထောင်နေအုံးမှာ
ရေနံ ဆီများ အသုံးမဝင်မှ
အစ္စလာမ်ဘာသာ ငုတ်တုတ်မေ့မယ်ဗျား
ရေနဲ့ မောင်းတဲ့ စက်တွေမြန်မြန်ပေါ်ပါစေ
အမေရီကန်လဲ မွတ်တွေကို မပြောရဲ။
ဒုတိယကမ္ဘာစစ်တုန်းက သင်္ခန်းစာအရ
ရေနံ တွေကို အမေရိကန်က အထူလိုအပ်ဆဲံ။
သူနိုင်ငံတွက် ခက်နေတာရေနံလိုအပ်တာ။
အကြမ်းဖက်သမားမှန်းသိသောလဲ
အပြစ်ရဲရဲ မပြောရဲ။
Credit: Naing Aung
www.mmdailystar.com

ကေအိုင်နှင့် မြန်မာ့တပ်မတော် နောက်ဆုံးအခြေနေများ


KIAလက်နက်ကိုင်အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအပြစ်အခတ် ရပ်စဲရေးစာချုပ် NCAတွင်လက်မှတ်မထိုးဟုငြင်းဆိုပြီးနောက် အပြစ်မဲ့ရှမ်းတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်းများအား ဆိုးရွားစွာ ပြုလုပ်လျက်ရှိသည်။
၂၀၁၂ခုနှစ်က မြန်မာ့တပ်မတော်နှင့်KIAတို့၏ ပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်က တပ်ရင်းတစ်ရင်းသာစေလွှတ်ခဲ့ပြီး လိုင်ဇာမြို့အနီးရှိ စစ်ရေးအရ အရေးပါသော ပွိုင့်တောင်ကုန်းများအားသိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် သမ္မတဦးသိန်းစိန်၏ ထိုးစစ်ရပ်အမိန့်ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ထပ်မံတိုက်ခိုင်းခြင်းမပြုပဲ လိုင်ဇာမြို့အနီးတွင်ပင် တပ်စွဲထားခဲ့သည်။
သို့သော် သမ္မတကြီး၏ ထိုးစစ်ရပ်အမိန့်ကို အခွင့်ကောင်းယူ၍ KIAအဖွဲ့သည် သစ်မှောင်ခိုလုပ်ငန်းမှ ရရှိသောငွေဖြင့် လက်နက်စုဆောင်းခြင်း၊ အပြစ်မဲ့ရှမ်းတိုင်းရင်းသားများအား ဖမ်းဆီးခြင်းဖြင့် KIAအဖွဲ့အား ကြီးထွားအောင် ကြိုးစားခဲ့ကြသည်။
KIAအဖွဲ့ကို သြဇာလွှမ်းမိုးမှုရှိသည့် KBC(ကချင်ခရစ်ယာန်သာသနာပြုအဖွဲ့)သည်လည်း KIAအဖွဲ့အား နောက်ကွယ်မှ ဒုက္ခသည်အမည်တပ်ကာ ငွေအင်အားပံ့ပိုးပေးခြင်း၊ ကချင်လူငယ်လေးများအား Sunday Schoolဟုအမည်တပ်ကာ ဘာသာရေး လူမျိုးရေးမှိုင်းတိုက်ခြင်း၊ နိုင်ငံတကာသို့ သတင်းတုများ ဖြန့်ဝေခြင်း၊ KIAအဖွဲ့စစ်ရေးအရ အရေးနိမ့်နေချိန်တွင် ဒုက္ခသည်အမည်တပ်ကာ ကယ်ထုတ်ခြင်၊း နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီရယူပေးခြင်း စသည်များကို အစီအစဉ်တကျ လုပ်ဆောင်လျက်ရှိသည်။
ရှမ်းခေါင်းဆောင်များကလည်း KIAအဖွဲ့၏ ဆက်ကြေးကောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကမ္ဘာ့ကုလသမ္မဂအဖွဲ့ထံ တိုင်ကြားထားသည်ဟု သိရသည်။
၂၀၁၂ခုနှစ်က တပ်ရင်းတစ်ရင်းသာ စေလွှတ်ခဲ့သော မြန်မာ့တပ်မတော်သည် ယခုရက်ပိုင်းတွင် ကုန်လမ်းရေလမ်းများမှ ထပ်မံ၍ တပ်းရင်းနှစ်ရင်းအားဖြည့်ခဲပြီး ယခုလည်း စစ်အင်အား(၂၀၀)ကျော်ကို လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီးသို့စေလွှတ်ခြင်းမှာ KIAဌာနချုပ်ကို သိမ်းပိုက်တော့မည်လားဟု ပြည်သူများက မေးခွန်းထုတ်လျှက်ရှိသည်။

www.mmdailystar.com

ကိုရဲမိုး ဖေ့ဘုတ်စာမျက်နှာမှ

တစ်ချို့ ကိစ္စတွေဟာ ...
ပြန်ရှင်းရတာလဲ ကလေးကလားနိုင်တယ် ...
မရှင်းဘဲနေတော့လဲ အချိန်ကြာလာချိန် ...
အမှားတွေဟာ အမှန်ဖြစ်လာတယ် ...
အဓိက ပြသနာကတော့ ...
ကိုယ်ထောက်ခံတဲ့  ပါတီခေါင်းဆောင်ကို ...
အမွှမ်းတင်ချင်တာက စတယ် ...
အမွှမ်းတင်ရင်းတင်ရင်း အရှိန်လွန်သွားရာကနေ ...
တစ်ဖက်အုပ်စုကို အပုတ်ချတဲ့  ကိစ္စတွေ ဖြစ်လာတယ် ...
ပထမတော့ တကယ်ဖြစ်ခဲ့တာတွေ ပြောတာပဲ ....
နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့  အရှိန်လွန်ပြီး ....
ထိုးဇာတ်တွေ လုပ်ဇာတ်တွေနဲ့  ....
ဇာတ်က နာသထက် နာလာတယ် ...
၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီမှာ ....
မြေပေါ်မြေအောက် အုပ်စုတွေ ... အနောက်အုပ်စုတွေပေါင်းပြီး ...
ဒေါ်စုရဲ့ ပုံရိပ်ကို အလွန်အမင်းမြှင့်တင်ပေးလာတယ် ...
ဒေါ်စုကို ရှေ့ တန်းကို ထိုးတင်ခဲ့တယ် ...
၁၉၈၈ နှစ်မှာ မြန်မာပြည် ပြန်ရောက်လာတဲ့ ဒေါ်စုဟာ ...
၂၆.၈.၁၉၈၈ ရွှေတိဂုံလူထု ဟောပြောပွဲက စလို့ ...
နိုင်ငံရေးကို ၀င်ရောက်ခဲ့တယ် ....
၂၀.၇.၁၉၈၉ မှာ နေအိမ်အကျယ်ချုပ် ချခံရတယ် ...
ဘာလို့ လဲဆိုတော့ ၁၉.၇.၁၉၈၉ အာဇာနည်နေ့ မှာ
အာဇာနည်ကုန်းကို ချီတက်ကြဆိုပြီး လူထုကိုမြှောက်ပေးခဲ့လို့  ....
စစ်အစိုးရက ငါးယောက်တစ်တွဲလာပြီး ဂါရ၀ ပြုကြပါ ....
လူအုပ်စုနဲ့  မလုပ်ပါနဲ့  ...
လုပ်ရင် လူစုခွဲရမယ်လို့  အကြိမ်ကြိမ်ကြေငြာခဲ့တယ် ...
အန်အယ်လ်ဒီက ဆက်မြှောက်ပေးတယ် ...
မတရားတဲ့  အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ ...
ဘာညာဆိုတဲ့  ဆောင်ပုဒ်တွေဟာ ...
အဲဒီတုန်းက ထွက်လာခဲ့တာ ...
၁၉.၇.၁၉၈၉ မနက်မှာမှ ...
NLD ဟာ ကြေငြာချက်တစ်ခု ကမန်းကတန်း ထုတ်တယ် ...
သူတို့ မပါတော့ဘူး အစီအစဉ်ဖျက်လိုက်ပြီ ဆိုတဲ့  ကြေငြာချက် ...
လူထုကတော့ မသိတော့ဘူး ... အချိန်မမီတော့ဘူး ...
ချီတက်တယ် ... ဟိုကလဲ သေနတ်နဲ့ ပစ်တယ် ...
သေတယ် အများကြီးဖမ်းခံရတယ် ...
ဒါနဲ့  အမျိုးသားထောက်လှမ်းရေးက ဒေါ်စုအိမ်ကို ၀င်စီးပြီး ...
ဒေါ်စု ... ခင်ဗျား အကျယ်ချုပ် နဲ့ နေဆိုပြီး လုပ်ခဲ့တာ ....
၁၉၉၀ မှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲနိုင်တယ် ...
၁၉၉၁ မှာ ဒေါ်စု နိုဗယ်ဆုရတယ် ...
တောင်အာဖရိကမှာ ...
အသားအရောင်ခွဲခြားမှု ပပျောက်ရေးအတွက် ...
ဘ၀တစ်လျောက်လုံး တိုက်ပွဲဝင်နေတဲ့  နယ်ဆင်မန်ဒဲလားဟာ ...
အဲဒီအချိန်မှာ ထောင်ကျနေတာ ၂၈ နှစ်ရှိခဲ့ပြီ ....
မန်ဒဲလား နိုဗယ်ဆုရတာ ၁၉၉၂ ...
ထားတော့ ....တစ်ချို့ ကိစ္စတွေဟာ ...
အတိတ်မှာ ထားခဲ့တာပဲ ကောင်းတယ် .....
၁၉၉၀ နှောင်းပိုင်းက စလို့  ...
တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အပုတ်ချကြတဲ့  ...
ဝါဒဖြန့် ချိရေး စစ်ကြီး ဖြစ်ခဲ့ကြတယ် ....
ဒေါ်စုတို့ ဘက်က BBC ၊ VOA လို ရေဒီယိုတွေသုံးတယ် ...
အမှားအမှန်ရောထားတဲ့  သတင်းတွေ ကောလဟာလတွေ ....
အစိုးရကို သရော်တဲ့ ပုံပြင်တွေ အဆက်မပြတ် ထုတ်လွှင့်တယ် ....
စစ်အစိုးရဘက်ကလဲ နိုင်ငံပိုင်သတင်းစာတွေသုံးပြီး ...
ဒေါ်စု နဲ့  အန်အယ်လ်ဒီကို ပြန်တိုက်ခိုက်တယ် ...
ထားပါတော့ ...
စကားတွေ ရှည်ကုန်ပြီ ....
ကျွန်တော် ပြောချင်တာ တစ်ခုပဲ ရှိတယ် ...
ဒေါ်စုဟာ ထက်မြက်ပြီး စိတ်ဓာတ်ကြံ့ ခိုင်တဲ့ အမျိုးသမီးဖြစ်တယ် ...
ပင်ကိုယ်လဲ အရည်အသွေးရှိတယ် ...
လက်ရှိ အခြေအနေမှာ နိုင်ငံတကာက လေးစားကြတဲ့  ....
ခေါင်းဆောင်တစ်ဦးလဲ ဖြစ်တယ် ...
ရွေးကောက်ပွဲ အနိုင်ရဖို့ တာစူနေတဲ့  ...
အတိုက်အခံပါတီ ခေါင်းဆောင်လဲ ဖြစ်တယ် ....
ဆိုလိုတာက သူ့ ပုံရိပ်ကို ...
တကူးတက ထပ်မြှင့်ပေးစရာမလိုတော့ဘူး ...
လုပ်ဇာတ်တွေ ထိုးဇာတ်တွေခင်းပြီး ...
အိုဗာတင်းဖျော်တဲ့ ကိစ္စဟာ ...
တော်ရုံပဲ ကောင်းတယ် ....
တစ်ဘက်က ကာယကံရှင်တွေလဲ သေသေးတာမှ မဟုတ်ပဲ ....
၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း ...
တပ်မတော်ထောက်လှမ်းရေး ဖျက်သိမ်းချိန်မှာ ...
ရန်ကုန်မြို့ မှာ ထောက်လှမ်းရေးတပ် ၁၅ တပ် ရှိတယ် ...
ဗထလ၊အကူ၁၊အကူ၂၊ လခတ
ထလတ ၆၊၇၊၁၂၊၁၄၊၂၆၊၃၀
ရေ ၁၊၂၊၃ လေ ၁၊၂ တို့ ပဲ ....
အဲဒီထဲကမှ ထလတ ၁၂ ဟာ ...
ဒေါ်စုနေအိမ် လုံခြုံရေးတာဝန်ယူရတယ် ...
တပ်မှူးက ဗိုလ်မှူးနေစိုး
တပ်ဖွဲ့ မှူး အရာရှိ ၅ယောက် ရှိတယ် ....
ဒေါ်စုအိမ်ရှေ့ မှာ ၁၂ က ရုံးဖွင့်ထားတယ် ...
နေ့ ရောညပါ တစ်ချိန်လုံး ...
အဆိုင်းတွေနဲ့  တာဝန်ထမ်းဆောင်ရတယ် ...
ဒေါ်စု လုံခြုံရေးကိုပါ တာဝန်ယူရတာ ...
( အကယ်လို့ များ ဒေါ်စု အိမ်မှာရှိနေတုန်း အသတ်ခံခဲ့ရရင် ...
အရင်ဆုံး မျိုးကန်းမှာ စစ်အစိုးရပဲ ဖြစ်တယ်ဆိုတာ ...
စစ်အစိုးရက ကောင်းကောင်း သဘောပေါက်ပြီးသား ဖြစ်တယ် )
ဒီ ထောက်လှမ်းရေးရုံးကို ဒေါ်စုတို့ လဲ သိတယ် ....
တက္ကသိုလ်ရိပ်သာလမ်း လုံခြုံရေးကိုလဲ ...
၁၂ကပဲ ကွပ်ကဲတယ် ....
ပြောချင်တာက ...
ဒီဖြစ်စဉ် ဖြစ်ခဲ့တယ်ဆိုရင် ...
ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်ခုနှစ်မှာ ဖြစ်ခဲ့တာလဲ ....
တစ်ခါမှ မကြားဖူးလို့  မေးကြည့်တာဖြစ်တယ် ...
၁၂ မှာတာဝန်ကျခဲ့တဲ့  ထောက်လှမ်းရေးအရာရှိဟောင်းတွေ ....
အခုထိ အပြင်လောကမှာ ...
အရှင်လတ်လတ် ငုတ်တုတ်ကြီး ရှိနေသေးတယ် ...
ပြန်မေးလို့ ရတယ် ... ရှင်းလို့ ရတယ် ...
အရင်လဲ ပြောဖူးတယ် ...
ကြိုက်တာလုပ်လို့ ရတယ် ...
ကြိုက်သလို အမွှမ်းတင်လို့ ရတယ် ...
သို့ သော် သမိုင်းကို မပြင်နဲ့  ...
လုပ်ဇာတ်တွေ မခင်းနဲ့  ဒါပဲ ပြောချင်တယ် ။ ။
( ရဲမိုး )

www.mmdailystar.com

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ



ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရတာကို အရေးယူပေး ဖို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရွေးကောက် ပွဲကော်မရှင်ကို တိုင်ကြားမယ်လို့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က ပြောပါ
တယ်။
ဒီရက်ပိုင်းအတွင်းမှာ တောင်ကြီးနဲ့ ပင်လောင်းမြို့နယ်မှာထောင်ထားတဲ့ ပအမဖ ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်တွေ ဖျက်ဆီးခံလိုက်ရတာလို့ ပအမဖ ပါတီ 
ဒုဥက္ကဌ ခွန်မျိုးမြင့်ဦးက ပြောပါတယ်။
"ဖျက်ခံရတာ၂ နေရာပေါ့နော်၊ ပထမနေရာက တောင်ကြီးမြို့မှာကျတော့ ၇
ရက်နေ့ည၊ နောက် ၉ ရက်နေ့ကျတော့ ပင်လောင်းမြို့နယ်၊ နောင်တ
ယားမြို့နယ် ခွဲမှာပေါ့နော်၊ ရဲကိုပဲအပ်မှာ၊ ရဲကတရားခံရှာတွေ့မယ်လို့ ကျနော်တို့ယုံကြည်တယ်"
ပအမဖပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ဟာ တစ်မြို့နယ်မှာ ၁ဝ ခုစီ ထောင်ထားတာ ဖြစ်ပြီး နှစ်ခုအဖျက်ဆီးခံ လိုက်ရတယ်လို့ပြောပါတယ်။ ပအမဖ ပါတီဟာ
ကျေးရွာအလိုက်မဲဆွယ်စည်းရုံးမုတွေပြုလုပ်နေပြီး တောင်ကြီး မြို့နယ်မှာလည်း ဆက်လက် လုပ်ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။
ပအမဖ ပါတီဟာ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ ဟိုပုံး၊ ပင်လောင်း၊ 
ဆီဆိုင်မြို့မှာ အနိုင်ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁၃ ခုနှစ်မှာ ပါတီမှတ်ပုံတင်ပြီး ၂၀၁၅ မှာ ရှမ်းပြည်နယ်ရှိ ဟိုပုံး၊ 
ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ်နဲ့ ရပ် စောက်မြို့နယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ ပြည်နယ်
လွှတ်တော် ၉ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး
ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ ဖျက်ဆီးခံရတာ မကြာခဏ ဖြစ်နေပါတယ်။
ပါတီကိုယ်စားလှယ်လောင်းတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ကြပေမဲ့၊ 
မဟန့်တားနိုင်သေးဘူးလို့ ကိုယ်စားလှယ် လောင်းတွေက ပြောကြပါတယ်

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...