Tuesday, 13 October 2015

မြန်တတ်တာတွေ မမြန်စေဖို



ယောက်ျားတွေရဲ့ ပြဿနာထဲမှာ သုက်လွှတ်မြန်ခြင်း၊ တစ်နည်းပြောရင် ရေရှည်ထိန်းမထားနိုင်ခြင်းကလည်း အင်မတန် ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတတ်ပါတယ်။
သည်အတွက် ဆေးဝါးဆိုတာတွေလည်း ရှိပါရဲ့။ ဒါပေမယ့် တကယ်တမ်းမှာ သိပ်အလုပ်မဖြစ်ကြတာက များပါတယ်။
အဓိကကတော့ စိတ်ပါပဲ။ စိတ်က သိပ်သန်နေတဲ့အချိန်မှာ သုက်လွှတ်တာလည်း မြန်ကြစမြဲပါပဲ။ အဲတော့ ကိုယ့်စိတ်ကိုယ် ကိုယ်ထိန်းနိုင်ဖို့ လိုပါတယ်။
ချစ်တင်းမနှောခင်မှာ မိမိဘာသာ တစ်ကိုယ်ရေ အာသာဖြေတဲ့နည်းနဲ့ သုက်လွှတ်ထားပြီးမှ ချစ်တင်းနှောမယ်ဆိုရင် အနည်းနဲ့အများတော့ ထိန်းလို့ ရနိုင်ပါတယ်။ ရနိုင်ပါတယ်လို့သာ ပြောတာနော်။ ရမယ်လို့ အာမမခံနိုင်သေးပါဘူး။ အတွေ့အကြုံလည်း နည်းမယ်၊ စိတ်ကလည်း သိပ်သန်နေမယ်ဆိုရင်တော့ ဒုတိယအကြိမ်မှာလည်း မြန်ကောင်း မြန်နေနိုင်ပါသေးတယ်။ ဒါပေမယ့် ပထမအကြိမ်ထက်တော့ နည်းနည်းပိုကြာမှာပါ။ အဲလို လေ့ကျင့်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ပထမအကြိမ်မှာပါ ထိန်းနိုင်ပါလိမ့်မယ်။ ဒါက တစ်နည်းပါ။
နောက်တစ်နည်းက တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ လေ့ကျင့်တဲ့နည်းပါ။ လိင်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်မှာ စိတ်တက်ကြွလာတာ၊ အရှိန်ထိုးတက်သွားတာ၊ ဇာတ်သိမ်းကို ရောက်တာ၊ ကျေနပ်အားရသွားတာဆိုပြီး လေးဆင့် ရှိပါတယ်။ အဲဒီ့မှာ အရှိန်ထိုးတက်သွားတဲ့ အဆင့်မှာတင် ရပ်နေပြီး ဇာတ်သိမ်းအထိ မရောက်အောင် တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ ကျင့်ယူနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်နိုးကြားမှုကို သုညကနေ တစ်ဆယ်အထိ စကေးအရင်ချကြည့်လိုက်ပါ။ သုညဆိုတာ ဘာစိတ်မှ မရှိဘူးပေါ့။ စိတ်ကလေး နည်းနည်း စပေါ်လာရင် တစ်ပေါ့။ အဲဒီ့ကနေ တစ်ဆယ်ရောက်ပြီဆိုရင် ပေါက်ကွဲ ပွင့်ထွက်ပြီး ဇာတ်သိမ်းကို ရောက်ကာ သုက်လွှတ်ပြီပေါ့။ အဲတော့ တစ်ကိုယ်ရေ အာသာဖြေရင်းနဲ့ အဆင့် ခုနစ်လောက်မှာ ထိန်းထားကြည့်သင့်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေတာကို လေ့ကျင့်ခန်းတစ်ခုလို သဘောထားပြီး နာရီနဲ့ အချိန်မှတ်ကာ ငါးမိနစ်၊ ခုနစ်မိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်စသဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းပြီး လေ့ကျင့်ထားမယ်ဆိုလည်း ဖြစ်နိုင်ပြန်ပါတယ်။
နောက်တစ်နည်းကလည်း လေ့ကျင့်ခန်းပါပဲ။ ဒါကျတော့ ဆီးသွားရင်းနဲ့ ဆက်မသွားအောင် တန့်တန့်ကြည့်တဲ့ နည်းပါ။ တန့်ရင်းနဲ့ ကိုယ့်ကိုယ်ခန္ဓာက ဘယ်အစိတ်အပိုင်းက အဲလို တန့်အောင် လုပ်နေလဲဆိုတာကို စူးစမ်းနိုင်ပါတယ်။ အဲလို တန့်ယူတဲ့ ကြွက်သားတွေကို သိလာပြီဆိုရင် ထိုင်ရင်းနေရင်း လဲလျောင်းရင်းမှာ အဲဒီ့လို တန့်အောင် လုပ်တဲ့ ကြွက်သားတွေကို လေ့ကျင့်ယူနိုင်ပြန်ပါတယ်။ ချစ်တင်းနှောရင်းနဲ့ အရှိန်က အဆင့် ၇ ကနေ ၈ လောက်အထိ ကူးပြီဆိုတာနဲ့ တန့်ယူသွားမယ်ဆိုလည်း ဖြစ်နိုင်ချေ နောက်တစ်နည်းပါပဲ။
နောက်တစ်ချက်က ချစ်တင်းနှောတဲ့အခါ အ၀င်အထွက် လှုပ်ရှားမှုကို ထိန်းတာပါ။ မြန်မြန်သွက်သွက် လှုပ်ရှားရာကနေ နှေးလိုက်တာ၊ မလှုပ်ရှားတော့ဘဲ ဖိကြိတ်တာများဟာလည်း အသုံးဝင်တတ်သလို ကိုယ်နေဟန်ထား ပြောင်းလဲခြင်းဟာလည်းပဲ စိတ်ကိုပါ ပြောင်းလဲစေနိုင်ပြီး ထိန်းနိုင်စေတတ်ပါတယ်။
အရေးကြီးဆုံးက စိတ်ပါပဲ။ အဲတော့ ကိုယ့်စိတ် သိပ်နိုးကြားစေတာမျိုးကို ရှောင်ကြဉ်နိုင်မှ ထိန်းနိုင်မှာကို သတိချပ်သင့်ပါတယ်။ အမြင်အာရုံကြောင့် ကိုယ့်စိတ် သိပ်နိုးကြားတတ်ရင် သိပ်မမြင်ရအောင် မျက်လုံးလွှဲသင့်ပါတယ်။ အနံ့ကြောင့် တအားနိုးကြားတတ်ရင် အနံ့နဲ့ နဲနဲ ခွာထားနိုင်ရင် ကောင်းပါတယ်။
အရှိန်တက်လာချိန်မှာ အာရုံပြောင်းလိုက်နိုင်ရင်တော့ ထိန်းနိုင်တတ်ပါတယ်။ အကောင်းဆုံးကတော့ အံကြိတ်ပြီး ကိုယ့်နှုတ်ခမ်းကိုယ် တအားနာသွားအောင် ကိုက်ချလိုက်တာမျိုးပါ။ သေလုအောင် နာရင် ဟိုအာရုံက ပျက်သွားပါတယ်။ တချို့က အဲလိုပြောတော့ ပြန်စကားထောက်ကြတယ်။ သာယာချင်ပါတယ်ဆိုမှ ကိုယ့်ကိုယ်ကိုယ် နာအောင် လုပ်ရမှာလားတဲ့။ ဟုတ်ကဲ့… ကျွန်တော့်အဖြေကလည်း ရှင်းပါတယ်။ ဒါဆိုလည်း ဘာလို့ ကြာနည်း လာမေးနေရသေးတာလဲလို့။ တစ်ခု လိုချင်ရင် တစ်ခုကိုတော့ စွန့်လွှတ်ရမယ့် သဘာဝကို နားလည်သင့်ပါတယ်ခင်ဗျား။
နောက်တစ်ခုက ငါ့ဖို့ပဲ မကြည့်ဘဲ သူ့ကိုသာ အကောင်းဆုံး ဖြည့်ဆည်းပေးမယ်၊ သူ သာယာအောင် သူ ကျေနပ်အားရသွားအောင် ငါ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်ဆိုတဲ့ စိတ်ကလေးကိုလည်း တစ်ချိန်လုံး မွေးနေသင့်ပါတယ်။ အဲဒါဆိုလည်း အနည်းနဲ့ အများတော့ ထိန်းနိုင်လာမှာပါ။
ဆေးကိုတော့ မညွှန်းချင်ပါဘူး။ သိပ်လိုချင်ရင်တော့ ဘေးမဖြစ်တဲ့ ဆေးပေးပါ့မယ်။ အဲဒါကတော့ ခွေးတောက်ရွက်ကိုဖြစ်စေ၊ ကြက်ဟင်းခါးသီးကိုဖြစ်စေ ခါးခါးလေး နေ့စဉ်မှန်မှန် စားပေးထားမယ်ဆိုရင် ရက်ပေါင်း ၆၀ ကျော်အကြာမှာ မြန်တတ်တာတွေ မမြန်တော့တာ တွေ့လာရနိုင်ပါတယ်။
ထပ်ပြောမယ်နော်… ဘာတွေ ဘယ်လိုလုပ်လုပ်၊ သိပ်ပြတ်လတ်နေ၊ သိပ်စိတ်သန်နေရင် သိပ်အတွေ့အကြုံများပြီး ထိန်းနိုင်ပါတယ်ဆိုတဲ့သူတောင်မှ ဖွတ်ရွှတ်ဒိုင်းသွားနိုင်တယ်ခင်ဗျ။ အဲတော့ စိတ်နဲ့ ရှေ့ပိုင်းက သိုလှောင် သိမ်းဆည်းထားမှု အခံက အဓိကဆိုတာကို မမေ့ကြပါနဲ့ ခင်ဗျား။



www.mmdailystar.com

လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်၊ နှစ်ဖွဲ့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ


အောက်တိုဘာလ ၁၃ ရက်၊ ၂၀၁၅
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်မရေးထိုး မီ သုံးရက်အလိုတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို သမ္မတအမိန့်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက် သည်။
မတရားအသင်းအဖြစ် ကြေ ညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ၁၂ ရက်မှစ၍ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာ ချုပ်ကို အောက်တိုဘာ ၁၅ ရက် တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ လက်မှတ်ရေးထိုးကြမည် ဖြစ် သည်။ ယင်းအဖွဲ့ရှစ်ဖွဲ့မှာ KNU၊ RCSS/SSA ၊ ABSDF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ချင်းအမျိုးသားတပ် ဦး (CNF) ၊ ရခိုင်လွတ်မြောက် ရေးပါတီ (ALP) ၊ DKBA နှင့်ငြိမ်း ချမ်းရေးကောင်စီ (PC) တို့ဖြစ် သည်။ ကျန်အဖွဲ့ငါးဖွဲ့မှာ မတရား အသင်းအဖြစ် ကြေညာထားခြင်း မရှိသောကြောင့် ပယ်ဖျက်အမိန့် ထုတ်ပြန်ရန် မလိုအပ်ကြောင်း အစိုးရဘက်ကဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့အနက် ရှစ် ဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။
KNU ကလည်း ပြည်တွင်း စစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်မှုမှ တစ်ဆင့် ပါဝင်သင့်၊ ပါဝင်ထိုက် သူများနှင့်အတူ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ဆွေးနွေးရေးကို အခြေခံ၍ ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာမခံ ချက်အပြည့်အ၀ရှိသော ဒီမိုက ရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
www.mmdailystar.com

No bra day ဆိုတာ

ဒီနေ့ ကို No bra day ဆိုပြီး နိုင်ငံတကာမှာ ကျင်းပတယ်။ ဘာ့ကြောင့်ကျင်းပလဲဆိုတော့ နို့ ကင်ဆာအကြောင်းကို သိအောင်လို့ ။ နို့ ကင်ဆာနဲ့ ပတ်သက်ပြီး သတိပေးတဲ့ နေ့ ။ နာမည်ကြီးတွေက ဘရာစီယာ မ၀တ်ပဲ ရံပုံငွေရှာပေးတယ်။ ရလာတဲ့ငွေကို နို့ ကင်ဆာ သုတေသနနဲ့ ကုဖို့ အတွက် လှူ တယ်။ နို့ ကင်ဆာဖြစ်တဲ့အမျိုးသမီးတွေဟာ သူတို့ ရဲ့ ရင်သားတွေကို လှီးထုတ်လိုက်ရတယ်။ ဖြတ်လိုက်ရတယ်။ အဲလိုဖြတ်လိုက်တော့ ရင်သားအတုကြီးကို တပ်ရတယ်။ အပြင်သွားရင် အတုကြီးနဲ့ ။ သူတို့ လိုဘ၀မျိုးကို အခြားသူတွေကလည်း လိုက်ပြီးခံစားပေးတဲ့ နေ့ ။ စာနာပေးတဲ့နေ့ ။
နောက်ပြီး နို့ ကင်ဆာအဖြစ်များတဲ့အကြောင်းက ဘရာစီယာကြောင့်။ တင်းကျပ်တဲ့ ဘရာစီယာတွေကြောင့်။ ညစ်ပတ်တဲ့ ဘရာစီရာတွေကြောင့်။ ဟိုးတုန်းက မိန်းမတွေမှာ ဘရာစီယာမရှိဘူး။ ၁၉၄၀-လောက်ဆိုရင် ဘာလီက မိန်းမတွေ ဘရာစီယာမ၀တ်ဘူး။ အာဖရိကမှာလည်း ဒီနေ့ အထိ ဘရာစီယာမ၀တ်တဲ့ လူမျိုးစုတွေရှိတယ်။ သူတို့ မှာ နို့ ကင်ဆာဖြစ်တာကို မတွေ့ ဘူး။ အဓိကတော့ ဘရာစီယာကြောင့် နို့ ကင်ဆာဖြစ်တယ်လို့ ဆိုတယ်။ ဒါ့ကြောင့် Breast Cancer Awareness Month and National No Bra Day ဆိုပြီး နိုင်ငံတကာမှာ ကျင်းပပေးတယ်။ ဒီနေ့ ဟာ နှာဘူးထမဲ့ နေ့ မဟုတ်ဘူး။ စာနာနားလည်ပေးရမဲ့ နေ့ ဗျ။ နှာဘူးတွေ။ ဘာပဲဖြစ်ဖြစ် စော်လေးတွေ ဘရာစီမ၀တ်ဘူးဆိုရင် ကြည့်ကောင်းတာတော့ အမှန်ပဲ။
Phone Kyaw


www.mmdailystar.com

ဝန်ကြီးဦးအောင်မင်းထံ နော်စီဖိုးရာစိန်ရဲ့ ပေးစာ

အပစ်ရပ်လက်မှတ်ထိုးခါနီးမှာ မထင်မှတ်တဲ့ စာတစ်စောင် ထွက်လာပါတယ်။ အဲဒါကတော့ ဝန်ကြီးဦးအောင်မင်းဆီ နော်စီဖိုးရာစိန်ရဲ့ ပေးစာပါပဲ။ စာအသွားအလာကို ကြည့်ပြီး ပြောရရင် လက်ရှိအပစ်ရပ်ရေးမှာ KNU ပါဝင်တဲ့ ကိစ္စမှာ နော်စီဖိုးရာစိန်ရဲ့ သဘောထား ပါခဲ့ဖွယ် မရှိဘူးလို့ ဆိုရမှာဖြစ်တယ်။ ဒီစာကြောင့် KNU ရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ KNU အဖွဲ့တွင်းမှာတောင် နိုင်ထက်စီးနင်း ပြုမူခြင်းများ ရှိနေတယ်ဆိုတာ ထင်ရှားလှပါတယ်။ စာကို အများဖတ်လို့ လွယ်အောင် ပြန်ရေးတင်ပေးတယ်။
ဝန်ကြီးဦးအောင်မင်းမှ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့တွင် ပေးပို့သည့်စာကို ကောင်းမွန်စွာ လက်ခံရရှိပြီး အောက်ပါအတိုင်း အကြောင်းပြန်ကြားအပ်ပါသည်။
၁။ ဝန်ကြီးမှ မိမိအား NCA လက်မှတ်ရေးထိုးပွဲကျင်းပရေးအခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားသည့်အတွက် ကျေးဇူးအများကြီးတင်ရှိကြောင်း ပြောကြားလိုပါသည်။
၂။ ကျွန်မအနေဖြင့် KNU ခေါင်းဆောင်တစ်ဦးအနေဖြင့်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်ခေါင်းဆောင်တစ်ဦးအနေဖြင့်ဖြစ်စေ ကျမတို့၏ ကြိုးပမ်းမှုမှာ မျှော်မှန်းထားသည့်အဆင့်ကို မရောက်ရှိသေးဟု ခံယူပါသည်။ ယုံကြည်မှုတည်ဆောက်သည့်အနေဖြင့် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးခဲ့စဉ်က သဘောတူညီခဲ့သည့် တိုင်းရင်းသားနယ်မြေဒေသအတွင်း ထိုးစစ်ဆင်မှုရပ်တန့်ရေးကို လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့သည်မှာ ဝန်ကြီးအသိပင် ဖြစ်သည်။
၃။ NCCT နဲ့ SD အဖွဲ့တို့၏ နှစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မြောက်ပိုင်းကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ၊ ထိုးစစ်ဆင်မှုများ တလျှောက်လုံး ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။ ဝန်ကြီးစာထဲမှာ ဖော်ပြသည့်အတိုင်း NCA လက်မှတ်ရေးထိုးမည့်အဖွဲ့နှင့် လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအာမခံချက်များ ရရှိရန် ကြိုးစားမည်ဟု ဖော်ပြထားသော်လည်း လက်မှတ်ရေးထိုးမည့် အချိန်ကာလ နီးကပ်လာလေလေ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး အခြေအနေများတင်းမာနေသည်ကို တွေ့ရှိရသည့်အတွက်လည်း များစွာ စိုးရိမ်းပြီး စိတ်မကောင်းဖြစ်မိပါသည်။
၎။ ကျမအနေဖြင့် (--)ကဲ့သို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုကို ကြိုတင်ခန့်မှန်းပြီး NCA လုပ်ငန်းအပေါ် အဟန့်အတားဖြစ်မည်ကို စိုးရိမ်မိသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်နိုင်ရေးကို ကြိုးပမ်းခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်မ၏ လက်တွေ့ကျကျ ဖြစ်ချင်သည့် ဆန္ဒမှာ NCA လက်မှတ်ရေးထိုးသည့်နေ့သည် သေနတ်သံတိတ်သည့်နေ့ ဖြစ်လာရန် ဖြစ်ပါသည်။ သို့သော် ယခုလက်မှတ်ရေးထိုးမည့်အချိန်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ပြည်သူလူထုများလည်း ကြောက်ရွံ့မှုများ ဆက်လက်ရှိနေပြီး ဘဝလုံခြုံမှု မရှိသည့်အတွက် ကျွန်မအနေဖြင့် NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ရန် ခွန်အားမရှိပါ။
၅။ ကျွန်မအနေဖြင့် လာမည့် အောက်တိုဘာလ (၁၅)ရက် NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို တက်ရောက်မည်ဆိုပါက မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် အခမ်းအနားဆင်နွှဲနေသကဲ့သို့ အဓိပ္ပါယ်သက်ရောက်မည်ဟု ယူဆသောကြောင့် မတက်ရောက်နိုင်သည့်အကြောင်းကို လေးစားစွာ အကြောင်းပြန်ကြားအပ်ပါသည်။ ကျွန်မ၏ ရပ်တည်ချက်နှင့် သဘောထားကို ဝန်ကြီးနားလည်သဘောပေါက်မည်ဟု ယုံကြည်ပါသည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအကောင်အထည်ဖော်နိုင်သည်အထိ ဆက်လက်ကြိးပမ်းသွားမည်ဖြစ်သည်။

စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုလျက်


www.mmdailystar.com

တရုတ်-မြန်မာ- အမေရိကန်


တရုတ်အစိုးရဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကို နှောင့်နှေးအောင် ကြားဝင်နှောက်ယှက်ခဲ့ ကြောင်း “ငြိမ်းချမ်းရေးဆွေးနွေးပွဲ တရုတ်စွက်ဖက်နေကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူစွပ်စွဲ” ဆိုတဲ့
ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို အောက်တိုဘာ ၁၀ ရက်နေ့ထုတ် 7DAY DAILY
မှာ ဖတ်လိုက်ရပါတယ်။
တရုတ်အထူးသံတမန် ဆွန်ကောက်ရှန်းရဲ့ ကြားဝင်နှောက်ယှက်မှုကြောင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့မှာ ၈ ဖွဲ့က သာ NCA လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) က ဦးဆောင် ညှိနှိုင်းဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။ မြန်မာအစိုး
ရဘက်က MNDAA ခေါ် ကိုးကန့်အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ဖိတ်ခေါ်မှု
မလုပ်မချင်း လက်နက်ကိုင်တပ်ဖွဲ့အချို့ကို စာချုပ်လက်မှတ်မထိုးဖို့ ဆွန်ကောက်ရှန်း က ပြောကြားခဲ့တယ်လို့ သိ ရပါတယ်။ အထူးသဖြင့် UWSA နဲ့ KIA ကို စာချုပ် လက်မှတ်မထိုးဖို့တွန်းအားပေးခဲ့တယ်လို့ဆိုပါတယ်။ ဒေါက်တာမင်းဇော်ဦးရဲ့
ပြောကြားချက်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဟောင်လီက ငြင်း
ဆိုလိုက်ပြီး တရုတ် အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ဖြစ်မြောက် လာဖို့ ထောက်ခံအားပေးခဲ့တယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ အနောက်အုပ်စုနဲ့ မပြေလည်တဲ့အခါ အနောက်အုပ်စုရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ကပ်နေတဲ့ နယ်စပ် တစ်လျှောက်မှာရှိတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေအရေးကို ကိုင်တွယ်ရတာခက်ခဲသလို အရေ့အုပ်စု
အထူးသဖြင့် အိမ်နီး ချင်းတရုတ်နိုင်ငံနဲ့ အဆင်မပြေဖြစ်တဲ့အချိန်မှာ တရုတ်နယ် စပ်တစ်လျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အရေးပြေ လည်အောင်
ဖြေရှင်းရေးဟာ မလွယ်ကူကြောင်း အရိုးရှင်းဆုံးသော သာမန်အတွေးနဲ့တွေးမယ် ဆိုရင်တောင် သိနိုင်ပါတယ်။
တကယ်တော့ ကိုးကန့်ဒေသက ကိုးကန့်တွေဆိုတာ တရုတ်ပြည်မှာ စစ်ရှုံးလို့မြန်မာ့မြေ ထဲပြေးဝင်ခိုလှုံရာကနေ ပေါက်ဖွားလာတဲ့ ဟန်တရုတ်မျိုးနွယ်တွေလို့ ဆိုပါတယ်။ တရုတ်ပြည် မင်မင်းဆက်ရဲ့နောက်ဆုံးမင်းဆက်အနွယ် မှူးမတ်၊ တပ်ဗိုလ်၊ တပ်သားတွေ ရဲ့ အနွယ်တော်တွေက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ၁၆၆၂ ခုနှစ် ဝန်းကျင်မှာ မင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ နန်း မိန်ဘုရင်ကို မန်ချူးစစ်သူကြီး ဝူစန်းကွေ့ က လေးညှို့ကုန်းနဲ့ ပိစူပိုးကုန်းထက်မှာ လည်မြိုညှစ်သတ်ခဲ့တဲ့အတွက် မင်မင်းဆက်
ပျောက်ကွယ်သွားပြီး နောက်ပါ တပ်မှူး၊ တပ်သားတွေ မြန်မာနိုင်ငံဘက်ကို ပြေးဝင်
ခို လှုံလာတာလို့ ဆိုပါတယ်။
ဒီဒေသဟာ ရှေး မြန်မာမင်းတွေလက်ထက်က မြန်မာသြဇာခံဖြစ်လိုက်၊ တရုတ်သြဇာ
ခံဖြစ် လိုက်၊ ရံဖန်ရံခါ နှစ်ဘက်စလုံး ရဲ့သြဇာခံဖြစ်လိုက်နဲ့ နေလာခဲ့တဲ့ဒေသဖြစ်ပါ
တယ်။ အင်္ဂလိပ်-တရုတ် ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရ ကိုးကန့်ဒေသဟာ ဟိုဘက် ပါလိုက်ဒီဘက်ပါ လိုက်ဖြစ်ခဲ့ပေမဲ့ ၁၉၆၀ ခုနှစ် တရုတ်-မြန်မာ နယ်နမိတ်စာချုပ်
သစ်အရ ကိုးကန့်နယ်မြေကို မြန်မာပိုင် နယ်မြေအဖြစ် တရုတ် - မြန်မာ နှစ်နိုင်ငံ
စလုံးက အသိအမှတ်ပြုခဲ့ပြီးသားဖြစ်ပါတယ်။
တစ်ချိန်က ကိုးကန့်ဒေသမှာ အဓိကလက်နက်ကိုင်တပ်ဖွဲ့ကြီး သုံးဖွဲ့ရှိပါတယ်။ အဲဒီ အဖွဲ့တွေကတော့ ဂျင်မီရန်းလို စော်ဘွားတွေ ဦးစီးပြီး မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့၊ ဖုန်ကျားရှင်ဦးစီးတဲ့ မြန်မာအစိုးရဆန့်ကျင်ရေးတပ်ဖွဲ့၊ လော်စစ်
ဟန် ဦးစီးတဲ့ မြန်မာအစိုးရလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်မှာ မြန်မာအစိုးရက ကိုးကန့်စော်ဘွား လက်နက်ကိုင်အဖွဲ့တွေကိုဖမ်းဆီး ရုံတင်မက လော်စစ်ဟန်ကိုပါဖမ်းဆီးခဲ့တဲ့အတွက် မူလကစိတ်ဝမ်းကွဲနေတဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့အသီးသီးကို ပြန်လည်ပေါင်းစည်းပေးလိုက်သလို ဖြစ်သွားပါတယ်။
မြန်မာအစိုးရရဲ့အထိန်းအသိမ်းခံလိုက်ရတဲ့ လော်စစ်ဟန်ဟာ အစိုးရယုံကြည်မှုကိုပြန် လည်ရရှိလာပြီး အစိုးရရဲ့ကမကထပြုပေးမှုနဲ့ ကိုးကန့်ကာကွယ်ရေးလက်နက်ကိုင်
တပ် ဖွဲ့ကို ပြန် လည်ဖွဲ့စည်းခွင့်ရခဲ့ပါတယ်။
၁၉၆၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာ အရေးအခင်းကြောင့် ယူနန်
ပြည်နယ်၊ မန်စီနယ်မှာ တရုတ်တွေစီတန်း လှည့်လည်ဆန္ဒပြကြတယ်။ တရုတ်ကျောင်း သားတွေစုရုံးပြီး ဦးနေဝင်းပုံတူစက္ကူရုပ်ကို မီးရှို့ဆန္ဒပြကြပါတယ်။ မြန်မာပြည်က တရုတ် အရေးအခင်းဟာ မြန်မာနဲ့တရုတ်တို့ကြောင့်ဖြစ်တာမဟုတ်ဘဲ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ဆန်လုပွဲကြီးကနေ ပြည်သူကိုအာရုံလွှဲ ဖို့ ဦးနေဝင်းကကြံစီခဲ့တာလို့ တရုတ်ဘက်က ရှုမြင်ပါတယ်။ ဒီလိုနဲ့ ဦးနေဝင်းကိုနာကျည်းတဲ့တရုတ်တွေဟာ ဦးနေဝင်းကို မြန်မာပြည် ရဲ့ချန်ကေရှိတ်လို့ နာမည်ပေးပြီး မြန်မာ့မြေက ဗမာပြည်ကွန်မြူနစ်ပါတီကို ပုံအော
ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနန်ပြည်နယ် ပေါင်စန်ခရိုင်၊ နုကျန်းမြစ်ဝှမ်းမြေပြန့်ဒေသ (မြန်မာမှာ သံလွင်မြစ်) နဲ့ ကျဲန့်ခန်းခရိုင်၊ ထျဲ့စွတ်ကုန်းမှာ ဗကပပြည်သူ့တပ်မတော်ကို တရားဝင်ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အဲဒီဗကပတပ်ကို တရုတ်ပြည်မှာ ပညာ
တော်သင်ရောက်နေတဲ့ ဗကပတွေ၊ တရုတ်ပြည်နယ်မှာ လေလွင့်နေတဲ့ နော်ဆိုင်းတပ် ဖွဲ့တွေ၊ ဖုန်ကျားရှင်တပ်ဖွဲ့တွေနဲ့ ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ
ကို ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ဘားလမ်းမှာရှိတဲ့ တိုက်ခန်း ငယ်လေးတစ်ခုမှာ မြန်မာပညာတတ်လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တာပါ။
၁၉၆၃ ခုနှစ်နောက်ပိုင်း ဗကပရဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်နဲ့အတူ အစိုးရရဲ့ ဖြတ်
လေးဖြတ်စစ်ဆင်ရေးကြောင့် ဗကပတွေ ပဲခူးရိုးမကို စွန့်ခွာခဲ့ကြရတယ်။ အဲဒီကနေ ထွက်လာတဲ့ ဗကပတွေနဲ့ ကျန်အဖွဲ့တွေပေါင်းပြီး တရုတ်ကပြန်လည်ဖွဲ့စည်းပေး လိုက်တာပါ။
၁၉၆၈ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှာ မြန်မာ့မြေထဲက မုန်းကိုးတပ်စခန်းကို နော်ဆိုင်းဦး
စီးတဲ့ ဗကပတွေဝင်ရောက်သိမ်းပိုက်ခဲ့ သလို တစ်ချိန်တည်းမှာပဲ ဖုန်ကျားရှင်ဦးစီးတဲ့ ဗကပတွေဟာ ကိုးကန့်နယ်မြေကို ပြန်လည်ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ တိုက် ပွဲအစပိုင်းမှာ မြန်မာ့တပ်မတော်က ခံလိုက်ရပေမဲ့ နောက်ပိုင်းမှာ စစ်ရေးအရှိန်မြှင့် တင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ ဗကပတွေ အရေးနိမ့်ခဲ့တယ်။ နေရာတိုင်းလိုလိုမှာ အကျအဆုံးများပြားလာတဲ့အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လက် ရွေးစင်တပ်သားတွေကို ဆန္ဒပြုစိစစ်ရွေးချယ်ပြီး ဗကပတပ်အသွင်ပြောင်း လိုက်တယ်။ အဲဒီတပ်ဖွဲ့ဝင်တွေကို “လက်ဝဲအကူအညီ ပေးရေးတပ်ဖွဲ့” လို့ခေါ်တယ်။
တချို့က တရုတ်ကလွှတ်လိုက်တာ ဗော်လန်တီယာတပ်ဖွဲ့ပါဆိုပြီးတော့ ခပ်ပေါ့ပေါ့ပြော ကြပါတယ်။ တကယ်က PLA ကနေ အထူးရွေးချယ်ပြီး လွှတ်ပေးလိုက်တာပါ။ တရုတ် အကူအညီအပြည့်ရရှိနေတဲ့ ဗကပကို မြန်မာ့တပ်မ တော်ဟာ အတော်ခက်ခက်ခဲခဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။
တပ်မတော်နဲ့ ဗကပဟာ ခြောက်နှစ်ကြာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗကပအနေနဲ့ ၃၀၃ စစ်ဒေသ၊ ၄၀၄ စစ်ဒေသ၊ ၂၀၂ စစ်ဒေသ၊ ၁၀၁ စစ်ဒေသတို့ကို ထူထောင်ခဲ့ပြီး တရုတ်နယ်စပ်နဲ့ကပ်နေတဲ့ ၂၀၀၀၀ စတုရန်း ကီလိုမီတာကျယ်ဝန်းတဲ့
ဒေသကြီးတစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်။ ပန်ဆိုင်း (ကြူကုတ်) အပါအဝင် နမ့်ခမ်းမျက်နှာ ချင်းဆိုင် နယ်မြေဒေသ အမြောက် အမြားနဲ့ ကချင်ပြည်နယ် ကန်ပိုက်တီးဒေသကို
လည်း ထိန်းချုပ်နိုင်ခဲ့တယ်။
၁၉၇၆ ခုနှစ်မှာ တရုတ်ပြည်က ၄ ဦးဂိုဏ်းခေါ် ရက်ဒီကယ်လက်ဝဲဂိုဏ်းက တိန့်ရှောင်ဖိန် ကို ဖြုတ်ချလိုက်တယ်။ တခြားဒေသ တွင်းကွန်မြူနစ်တွေက အခြေအနေကြည့် ရေငုံနုတ် ပိတ်နေခဲ့ပေမဲ့ ဗကပကတော့ အဲဒီ ရက်ဒီကယ်လက်ဝဲဂိုဏ်းကို ကျယ်ကျယ် လောင်လောင်
ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ၁၉၇၇ အစောပိုင်းကာလလောက်မှာ တိန့်ရှောင်ဖိန် အာဏာပြန် ရလာပြီး ဗကပတိုက်ပွဲ သတင်းတွေ၊ ပါတီလှုပ်ရှားမှုသတင်းတွေကို ဝါဒဖြန့်ပေးနေတဲ့ တရုတ်ပြည်တွင်းက ပီကင်းအသံလွှင့်ဌာနနဲ့ တရုတ်စာစောင်တွေ ရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပါတယ်။
အဲဒီအချိန်က ကမ္ဘောဒီးယားမှာ တရုတ်တွေထောက်ခံအားပေးတဲ့ ခမာနီအစိုးရသစ်ကို နိုင် ငံတကာက ထောက်ခံအားပေးမှု အပူ တပြင်းလိုအပ်နေချိန်မှာ ဦးနေဝင်းဟာ ၁၉၇၇ ဒီဇင်ဘာလမှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ကို တရားဝင်အလည် အပတ်သွား လိုက်
တယ်။ ဦးနေဝင်းဟာ ခမာနီအစိုးရတက်လာပြီး ပထမဦးဆုံးရောက်လာတဲ့ နိုင်ငံအကြီး အကဲဖြစ်သွားတယ်။ တရုတ်တို့က ဦးနေဝင်းခရီးစဉ်ဟာ ကမ္ဘာ့နိုင်ငံတွေက ဝိုင်းပယ် ခံထားရတဲ့ ခမာနီအစိုးရကို ဆွဲထုတ်ကယ် တင်လိုက်တဲ့ ခရီးစဉ်လို့မြင်တယ်။ ဦး နေ
ဝင်းရဲ့ ဖနွမ်းပင် ခရီးစဉ်ကြောင့် ၁၉၇၅ ခုနှစ် ပဲခူးရိုးမကျပြီးကတည်းက တရုတ်ပြည် တွင်းမှာ အခြေစိုက်ခွင့်ပြုခဲ့တဲ့ ဗကပ ဌာနချုပ်နဲ့ အသံလွှင့်ရုံကို ၁၉၇၈ ခုနှစ် နှစ်ဦး မှာပဲမြန်မာပြည်တွင်းမှာ ပြောင်းရွှေ့စေခဲ့ပြီး မြန်မာပြည်ထဲမှာရောက်နေတဲ့ တရုတ် တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်ခေါ်ယူခဲ့တယ်။ တရုတ်အစိုးရဟာ ဗကပထဲက တရုတ်စစ် အကြံပေးတွေနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေကို ပြန်ထုတ်သွားခဲ့တယ်ဆိုပေမဲ့ မုန်းဖေါဒေသ
က တပ်မဟာ ၂ တပ်မှူး ကျန်းကျိမိန်၊ ဗကပရဲ့ တိုက်စွမ်းရည်အထက်ဆုံးဆိုတဲ့ တပ်
မဟာ ၆၈၃ က တပ်မှူးလီကျစ်ရှုနဲ့ ၈၁၅ စစ်ဒေသမှူး လင်မိန်ရှန်တို့လို အရည်အချင်း
ရှိတဲ့ တရုတ်စစ်ခေါင်းဆောင်တချို့ကိုတော့ ဗကပနဲ့အတူ ထားရစ်ခဲ့တယ်။ ထောက် လှမ်းရေးရည်ရွယ်ချက်နဲ့ ထားရစ်ခဲ့တယ်လို့ ဆိုကြတယ်။
၁၉၈၁ ခုနှစ်၊ မေလက တရုတ်ပြည်မှာကျင်းပတဲ့ တရုတ်-မြန်မာ ကွန်မြူနစ်ပါတီဆွေး
နွေးပွဲမှာ ဗကပဟာ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်သင့်တဲ့အကြောင်း တိန့်ရှောင်ဖိန် ကပြောဆိုလာတဲ့အတွက် သခင်ဗသိန်းတင်နဲ့ တိန့်ရှောင်ဖိန်တို့ စကားများပြီး အစည်း အဝေးကို စိတ်မချမ်းမြေ့စွာနဲ့ အဆုံးသတ်လိုက်ရတယ်။ ၁၉၈၅ ခုနှစ်၊ ဧပြီလကုန်မှာ
ဗကပ အမြဲတမ်းဗဟိုကော်မတီဝင် ၇ ဦးကို မေဒေးနေ့တက်ဖို့ဆိုပြီး တရုတ်က
ဖိတ်တယ်။ အဲဒီအချိန်မှာ ဦးနေဝင်းလည်း တရုတ်ကိုရောက်နေတယ်။ တကယ်က
ဗကပနဲ့ ဦးနေဝင်းကို ရင်ကြားစေ့ပေးဖို့ တရုတ်ကကြိုးစားကြည့်တာပါ။ အဓိကက
တော့ သူ့အကျိုးပါပဲ။ အဲဒီမှာ သခင်ဗသိန်းတင်တို့အဖွဲ့နဲ့ တရုတ်ကွန်မြူနစ်ပါတီက အထွေထွေအတွင်းရေးမှူး ဟူရောက်ပန်းတို့ မပြေမလည်ဖြစ်ကြတယ်။ နောက်ဆုံး ဟူရောက်ပန်းက “ဗကပကို ထောက်ပံ့နေတဲ့ စစ်အသုံးစရိတ်နဲ့ စစ်ရေးဆိုင်ရာကူညီ
ထောက်ပံ့မှုတွေအားလုံးကို ရပ်တန့်လိုက်ပါတယ်။ စီးပွားရေး ဆိုင်ရာ ကုန်ပစ္စည်းအကူ အညီတွေကိုသာ ဆက်လက်ပေးသွားမယ်” လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ မုန်းပေါ်နဲ့ ပန်ဆန်းကြားရှိ စီစီဝမ် တောင်ကုန်းမှာ တပ်စွဲထားတဲ့ တပ်မတော်စခန်းကို ဗကပအင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့တယ်။
ဒါပေမဲ့ မကြာခင်မှာပဲ တပ်မတော်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ ၁၉၈၆
ဒီဇင်ဘာ ၇ ရက်နေ့မှာ ဗကပတွေ စီစီဝမ်တောင်ကုန်းကို လက်လွတ်ဆုံးရှုံးလိုက်
ရတယ်။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှာ တပ်မတော်က မုန်းပေါ်ကိုဆက်သိမ်း
တယ်။ ဇန်နဝါရီလ ၆ ရက်မှာ ပန်ဆိုင်း (ကြူကုတ်)ကို တပ်မတော်က ဆက်လက်
သိမ်းပိုက် ခဲ့တယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရွှေလီမြစ်ကိုကျော်ပြီး ကွန်ဟိန်းနဲ့ မန်ဟီးရိုးတို့ကို ဆက်လက်သိမ်းပိုက်ခဲ့တယ်။ ဒီလိုနဲ့ နမ့်ခမ်းကနေ ပန်ဆိုင်းအထိ ကီလိုမီတာ ၆၀ ခန့်ရှိတဲ့ နယ်နိမိတ်မျဉ်းတစ်လျှောက်ဟာ တပ်မတော်ထိန်းချုပ်မှုအောက် ကို ရောက် ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်ဖွင့်နိုင်ခဲ့တယ်။
စီစီဝမ်တိုက်ပွဲမှာ အရင်လို လူလှိုင်းလုံးစစ်ဆင်ရေးကို အသုံးပြုခဲ့တာမို့ ဗကပအောက်
ခြေရဲဘော်တွေ အကျအဆုံးများပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေအပေါ် မကျေနပ်မှုတွေ တိုးပွားလာခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ခလရ ၁၁ ရှေ့တန်း အခြေစိုက် စခန်းထားရှိတဲ့
မိုင်း ယန်းမြို့ကို ဗကပတွေဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာလည်း တပ်မတော်ရဲ့တန်ပြန်ထိုး စစ်ကြောင့် ဗကပတွေအတုံးအရုံး ကျဆုံးကုန် လို့ မကျေနပ်မှုတွေ ပိုပြီးတိုးပွားလာတယ်။
၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဖုန်ကျားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်တွေဟာ ဗကပကို ပုန်ကန်ပြီး အရှေ့မြောက်ဒေသက မုန်းကိုးကို သိမ်းပိုက်လိုက်သလို ၁၉၈၉ ဧပြီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝတပ်ဖွဲ့ဝင်တွေက ဗမာပြည်ကွန်မြူနစ်ပါတီ ဌာနချုပ် ပန်ဆန်းကိုသိမ်းပိုက်လိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပါတီ တည်
ထောင်ပြီး နှစ်ပေါင်း ၄၁ နှစ်အကြာ ကိုးကန့်ပုန်ကန်မှုစတင်ပြီး တစ်လအတွင်းမှာပဲ
နိဂုံးချုပ် အဆုံးသတ်သွားခဲ့ရပါတော့တယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ဖြိုခွင်းဖို့အတွက် တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့က လော် စစ်ဟန်အကူအညီနဲ့ ဖုန်ကျားရှင်ကို စည်းရုံးခဲ့တာလို့ဆိုပါတယ်။ လော်စစ်ဟန်နဲ့ ဖုန်ကျား ရှင်ဟာ ၁၉၄၆ ခုနှစ်က ကိုးကန့်မှာဖွင့်လှစ်ခဲ့တဲ့ ဝမ်ပူစစ်ကျောင်းက တစ် ကျောင်းတည်း ဆင်း သူငယ်ချင်းတွေဖြစ်တယ်။ အဲဒီကျောင်းကို ကူမင်တန်တွေက တည်ထောင်ထား တာလို့ ဆိုပါတယ်။
ဗကပပြိုကွဲပြီးတဲ့နောက် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအတွင်းမှာလည်း ကိုးကန့်ဒေသ
မှာ အာဏာလုပွဲတွေ မကြာခဏ ဖြစ်ပွား လေ့ရှိပါတယ်။ ကိုးကန့်ဒေသမှာ တရုတ်ပညာ တတ်လူငယ်တွေဖြစ်တဲ့ ရန်းညီနောင်လေးဦးရှိတယ်။ အဲဒီလေးယောက်ထဲက ရန်းမောက် လျံနဲ့ ရန်းမောက်အန်းတို့နှစ်ယောက်က ဗကပတွေဖြစ်ခဲ့ပြီး ကျန်တဲ့ ရန်းမောက်ရှူးနဲ့ ရန်းမောက်စိန့်တို့ က ကုန်သည်တွေဖြစ်တယ်။ ဒီအထဲမှာမှ ရန်းမောက်စိန့်က တရုတ်ပြည် ထဲမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ၁၉၉၄ ခုနှစ်မှာ သေ ဒဏ်ချမှတ်ခံလိုက်ရတယ်။ ဖုန်ကျားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ဗကပကို ပုန်ကန်ပြီး ခွဲထွက်ကြတော့ ရန်းမောက်
လျံ နဲ့ ရန်း မောက်အန်းတို့နှစ်ယောက်ဟာ ဒုစစ်ဦးစီးချုပ်နဲ့ နိုင်ငံရေးဝန်ကြီးဌာန ဌာနမှူးရာထူးအသီးသီးကို ရကြတယ်။
၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုးကန့်အဖွဲ့အတွင်း အချင်းချင်းအာဏာလုပွဲကြီးဖြစ်ကြတယ်။ ရန်းညီအစ်ကိုတွေက ဦးဆောင်လှုံ့ ဆော်တာဖြစ်တယ်။ ဖုန်-ရန်း ပဋိပက္ခအစပိုင်းမှာ တပ်မမှူးကြီး ဝေ့ချောင်ရင်က ရန်းညီနောင်ဘက်ကပါပေမဲ့ နောက်ပိုင်းမှာ ဘယ်ဘက်က မှမပါတော့ဘဲ ကြားနေပြီး တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းခဲ့တယ်။ ရန်းညီနောင်က ဝအဖွဲ့ ဆီအကူအညီသွားတောင်းတယ်။ ဝအဖွဲ့ကလည်း ခွန်ဆာအဖွဲ့နဲ့ တိုက်နေတဲ့အချိန်ဖြစ် တယ်။ ခွန်ဆာနဲ့ ဖုန်ကျားရှင်ကလည်း မကင်းရာမကင်းကြောင်းရှိနေတဲ့ မိတ်ဆွေ
တွေဖြစ်တယ်။ ဒီတော့ ဝတပ်ဖွဲ့က တပ်သားအင်အား ၁၅၀၀ စေလွှတ်ပြီး ရန်းညီနောင် အဖွဲ့ကို အကူအညီပေးတဲ့အတွက် ဖုန်ကျားရှင်အဖွဲ့ ကိုးကန့်နယ်မြေကနေ ဆုတ်ခွာပေး လိုက်ရတယ်။ ကိုးကန့်ဒေသကို ရန်းညီနောင်အဖွဲ့က ဆက်လက်ထိန်းသိမ်း လိုက်ပြီး ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။
၁၉၉၅ ခုနှစ်၊ ဇူလိုင်လကုန်လောက်မှာ အာဏာလုပွဲထပ်ဖြစ်ပြန်တယ်။ အကြောင်းရင်း ကတော့ ခေါင်းဆောင် ရန်းမောက်အန်းက သားအငယ်ဖြစ်တဲ့ ရန်းခေါ့ရွှင်းကို တပ်ရင်းမှူး ရာထူးကနေ တပ်မဟာမှူးရာထူးတိုးမြှင့်ပေးလိုက်တာကနေစတယ်လို့ဆိုတယ်။ လက်ရှိ
တပ်မဟာမှူး လီတက်ဟွာကို ဖြုတ်ပစ်လိုက်တယ်။ လီတက်ဟွာက မကျေနပ်လို့ ပုန်ကန် ဖို့ကြံစီတယ်။ ၁၉၉၅ နိုဝင် ဘာလမှာ ဝခေါင်းဆောင်တွေက ရန်းကိုတိုက်၊ ဖုန်ကိုကူညီ ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဖုန်ကျားရှင်ပြန်ပြီး အသက်ဝင်လာတယ်။ ရန်းအဖွဲ့ ဟာ မြန်မာ့တပ်မတော်ထံမှာ လက်နက်ချလိုက်ရတယ်လို့ဆိုတယ်။ တပ်မတော်က
လည်း ကိုးကန့်၊ လောက်ကိုင် ဒေသနဲ့ ချင်းရွှေဟော်ကုန်းပြင်မြင့်ကိုပါသိမ်းပိုက်လိုက်ပြီး ၁၉၉၅ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဖုန်ကျားရှင်ပါဝင်တဲ့ မူလဌာနေ ကိုယ် စားလှယ်အဖွဲကို ယာယီအုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပေးလိုက်တယ်။
၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလမှာ မုန်းကိုးဒေသမှာ မုန်းကိုးကာကွယ်ရေးတပ် ဒုတိယ
သေနာပတိချုပ် လီလိမင်က သေနာပတိ ချုပ် မုန်ဇလပ်ကို ဖမ်းဆီးချုပ်နှောင်ပြီးအာဏာ သိမ်းလိုက်ပြန်တယ်။ လီလိမင်ရော မုန်ဇလပ်ပါ ဗကပအဆင့်မြင့်တပ်မှူးဟောင်း တွေ
ဖြစ်တယ်။ မုန်ဇလပ်ကိုသစ္စာစောင့်သိသူတွေနဲ့ လီလိမင်တပ်တွေ အပြင်းအထန်တိုက်ပွဲ
တွေဖြစ်ကြတယ်။ လီ - မုန် အချင်း ချင်း တိုက်ခိုက်နေကြပြီး ခြေကုန်လက်ပမ်းကျတဲ့ အချိန်ကို တပ်မတော်ကစောင့်ကြည့်နေပြီး တပ်မ ၉၉ တပ်ရင်းတွေဟာ မုန်းကိုး ဒေသ
ကို ဝိုင်းထားလိုက်ကြတယ်လို့ဆိုတယ်။ မုန်ဇလပ်နဲ့သူ့လူတွေအဖမ်းခံလိုက်ရပြီး လီလိ မင်နဲ့အဖွဲ့လည်း တပ်မတော်ကခြေ မှုန်းတာကို ခံလိုက်ရတယ်။ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာ လကုန်ပိုင်းမှာတော့ မြန်မာ့တပ်မတော်ဟာ မုန်းကိုးဒေသကို လုံးဝ သိမ်းပိုက် လိုက် ပါတော့တယ်။
ကိုးကန့်ဒေသနဲ့ မူယစ်ဆေးဝါးဆိုတာ ခွဲခြားမရဘူးလို့ဆိုပါတယ်။ ဌာနေတိုင်းရင်းသား အများစုက ဆင်းဆင်းရဲရဲ ရုန်းကန်ကြရ ပေ မဲ့ ကိုးကန့်ခေါင်းဆောင်တွေကတော့ အလွန် တရာချမ်းသာကြွယ်ဝကြတယ်လို့ သိရတယ်။ သူတို့ရဲ့လုပ်ငန်းတွေကနေ စီးဆင်း လည် ပတ်နေတဲ့ငွေဟာ ယွမ်ငွေသန်းတစ်သောင်း (ထရီလီယံ) ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ ကိုးကန့်ဒေသမှာရှိတဲ့ လောင်း က စားဝိုင်းတွေရဲ့ ၈၀% ကိုစိုးမိုးထားသူကလည်း ဖုန်ကျား ရှင်ဖြစ်တယ်လို့ဆိုပါတယ်။ တစ်ဘက်နိုင်ငံကဝင်လာပြီး အလုပ်လုပ်ကိုင်နေကြတဲ့ တရုတ်
တွေကို တစ်ခါတလေ ငေါက်ငမ်းပြောဆိုပေမဲ့ ကိုးကန့်တွေတကယ်မုန်းတီးတာက သူတို့ က အသားမည်းတွေလို့ ကင်ပွန်းတပ်ထားတဲ့ ဗမာတွေဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်၊ ရန်လုံကျိုင်းမှာ ကိုးကန့်တပ်ဖွဲ့တွေတရားမဝင် မူးယစ်ဆေးနဲ့ လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့သတင်းအရ စစ်ဆေးဖို့သွားရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ် သတ်ပြီး ဖုန်ကြားရှင်နဲ့သူ့နောက်လိုက်တွေ တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ တယ်။ အဲဒီတုန်းက ဒီသတင်းကို တရုတ်အစိုးရက မြန်မာအစိုးရကိုပေးတာလို့ သတင်းတွေ ကြားရပါတယ်။ ထွက်ပြေးလာတဲ့ ဖုန် ကျားရှင်နဲ့နောက်လိုက်တွေဆီက လက်နက်တွေ သိမ်းပြီး တရုတ်အစိုးရက လက်ခံထားလိုက်တယ်။ တရုတ် အစိုးရဟာ ဖုန်ကျား ရှင်အ
ဖွဲ့ကို အခုလို လိုအပ်တဲ့အချိန်မှာအသုံးချလို့ရအောင် အဲဒီအချိန်က မြန်မာအစိုးရကို သတင်းပေးပြီး ပဋိပက္ခမဖြစ်ဖြစ်အောင် ဖန်တီးလိုက်သလားလို့တွေးစရာပါ။ တရုတ်နယ် စပ်မှာလှုပ်ရှားနေတဲ့ လက်ကိုင်အဖွဲ့အစည်းမှန်သမျှ တရုတ်အစိုးရကို အာခံလို့ မရဘူး မဟုတ်လား။ မြန်မာနိုင်ငံသာ တရုတ်နဲ့ပခုံးချင်းယှဉ်နိုင်တဲ့ အင်အားကြီးနိုင်ငံဆိုရင် ဒီလိုဘယ်လုပ်ရဲလိမ့်မလဲ။
၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဖုန်ကျားရှင်အဖွဲ့ဟာ လူသူလက်နက်အစုံအလင်နဲ့ တစ်ကျော့ပြန်ဝင်လာပြီး ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တယ်။ လောက် ကိုင်တိုက်ပွဲမဖြစ်ခင် တစ်လလောက်အလိုက ဖုန်ကြားရှင်အင်တာဗျူးကိုလည်း တရုတ် သတင်းစာကနေ ဖေါ်ပြခဲ့သလို အရင်ကပိတ်ထားခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ဘဏ်အကောင့်
တွေကိုလည်း တရုတ်ဘဏ်တွေက ပြန်ဖွင့်ပေးခဲ့တယ်လို့သိရတယ်။ လက်ရှိအချိန်မှာ ဖုန်ကျားရှင်ဟာ ဝအထူးဒေသက သူ့သားမက် လင်းမိန်စန့် (ခ) စိုင်းလင်းဆီ မှာ ခိုလှုံ
နေတယ်လို့ သတင်းတွေထွက်နေပေမဲ့ တရုတ်နိုင်ငံထဲမှာလည်း ခိုလှုံနေထိုင်လို့ရပါတယ်။ ကိုးကန့်ခေါင်းဆောင်တွေ၊ ဝခေါင်းဆောင်တွေ၊ KIA ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု အများ စုဟာ တရုတ်နိုင်ငံထဲမှာရှိကြတာ များပါတယ်။
တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အတော်လေး မျက်စိစပါးမွှေးစူး
နေပုံရတယ်။ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် နယ်စပ်အရေးရှုပ်ထွေး မှုတွေဖန်တီးဖို့ သူကြိုးကိုင်ခြယ်လှယ်နိုင်တဲ့ UWSA ၊ KIA နဲ့ MNDAA တို့ကို လိုသလို ထုတ်ကစားသွားဖို့ ရည်ရွယ်ထားပုံရတယ်။ မဟာဗျူဟာအရ အချက်အခြာကျလှတဲ့ မြန်မာ့
မြေကို အမေရိကန်စိတ် ကြိုက်အသုံးချခွင့်ရသွားမှာ တရုတ်က အတော်စိုးရိမ်ပုံရပါတယ်။
လက်ရှိ UWSA အဖွဲ့က ထိပ်သီးခေါင်းဆောင်အားလုံးဟာ ဝနာမည်ခံထားတဲ့ တရုတ်တွေ
ဖြစ်ပြီး တစ်ချိန်ကဝနာမည်နဲ့ ပိုင်ဆိုင် ထားတဲ့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ပိုင် ဆိုင်မှုတွေဟာလည်း တရုတ်တွေလက်ထဲကို ရောက်ကုန်ပြီဖြစ်ကြောင်း မိတ်ဆွေတစ်
ယောက်ရဲ့ပြောစကားအရ သိရတယ်။ KIA တွေကို ကျောက်စိမ်းလုပ်ငန်းလုပ်တဲ့သူတွေ ဆက်ကြေးပေးရတယ်ဆိုပေမဲ့ ငွေလက်ခံသူတွေဟာ KIA ယူနီဖေါင်းဝတ်ထားတဲ့ တရုတ်
တွေဖြစ်နေတာတွေ့ရတယ်လို့ ဖားကန့်မှာကျောက်စိမ်းလုပ်ငန်းလုပ်ဖူးတဲ့ မိတ်ဆွေ တစ်
ယောက်ရဲ့အစ်ကိုပြောပြဖူးတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ MNDAA ကတော့ အထူးပြောစရာ မလိုပါဘူး၊ တရုတ်တွေပါပဲ။ ဒီတော့ တရုတ်ဟာ အထက်ပါ အဖွဲ့ သုံးဖွဲ့စလုံးမှာ သူ့လူတွေအများစုကို မြှုပ်နှံထားပြီးသားဖြစ်ပါ တယ်။ ပြည်တွင်းမှာ ပုံဖျက်
ပြီး မြှုပ်နှံထားတဲ့ သူလျှိုတွေ၊ ဒလန်တွေ ဘယ်လောက်ရှိဦးမယ်ဆိုတာ မသိနိုင်ပါဘူး။
လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ဘေးကျပ်၊ နံကျပ်ကာလကို ရောက်နေတယ်လို့တောင် ပြော
နိုင်မယ်ထင်ပါတယ်။ ၁၉၄၉/ ၅၀ ဝန်းကျင်က မြန်မာနိုင်ငံပါလီမန်ဒီမိုကရေစီစနစ်ကျင့်
သုံး တာ ဘာမှရေးကြီးခွင်ကျယ်မဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ကွန်မြူနစ်ပါတီကြီးစိုး ထား
တဲ့ ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံဘေးမှာ တစ်ခါတုန်းက သူကယ်တင်ထောက်ပံ့ခဲ့ တယ်လို့ ယူဆထားတဲ့ နိုင်ငံငယ်လေးက သူနဲ့ဆန့်ကျင်ဘက်စနစ်ဖြစ်တဲ့ ဒီမိုကရေ စီစနစ်ကိုကျင့်သုံးပြီး သူ့ရဲ့ရန်သူတော်ကြီး အမေရိကန်နဲ့ ဖက်လှဲတင်းလုပ်နေမယ်ဆို
တာ အတော့်ကိုခံရခက်လှတဲ့ လုပ်ရပ်ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
တကယ်တော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုတာ တရုတ်တို့ရဲ့ အတောမသတ်နိုင် တဲ့ လောဘကြောင့်ဖြစ်လာရတယ်ဆိုရင် လည်း မမှားပါဘူး။ တရုတ်အစိုးရကသာ မြန် မာနိုင်ငံအပေါ် စိတ်ကောင်း၊ စေတနာကောင်းထားပြီး မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအ တွက် စေတနာမှန်မှန်နဲ့ ထိထိရောက်ရောက် ကူညီခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စနစ်အကူးအပြောင်းဟာ ဒီ့ထက် နောက် ကျကောင်း နောက်ကျနိုင်ပါလိမ့်မယ်။ အခု
တော့ မြန်မာအစိုးရအနေနဲ့ တရုတ်နဲ့ပေါင်းရတဲ့ သံတမန်အကာအကွယ်ရတာကလွဲ
လို့ ကျန်တာ အရှူံးချည်းပဲလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒါကို တပ်မတော်ခေါင်းဆောင်တွေ
ကလည်း နဂိုကတည်းက သိထားပုံရပါ တယ်။ တရုတ်နဲ့သာဆက်ပေါင်းရင် တိုင်းပြည် လည်း ထောင်းလမောင်းကြေတော့မယ်ဆိုတာ သိပုံရတဲ့ မြန်မာစစ်ခေါင်းဆောင် တွေ
ဟာ အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တိတ်တဆိတ်ဆက်သွယ်ညှိနှိုင်းထား ပုံရတယ်လို့ ယူဆရပါတယ်။ ဒါ့ ကြောင့် မြန်မာ့အပြောင်းအလဲအတွက် တရုတ်ကို
တောင် ကြံဖန်ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ သူတို့စိတ်တိုင်းကျ လူ့အခွင့်အရေးအခြေအနေ
တွေ တိုးတက်မှုမရှိသေးပေမဲ့ မြန်မာ့ပြုပြင် ပြောင်းလဲမှုကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ယာယီသံရုံးတာဝန်ခံအဆင့်ကနေ သံအမတ်ကြီးအဆင့်အဖြစ် သံတမန်ဆက်သွယ်မှု ကိုပြန်လည်မြှင့်တင်ခဲ့တယ်။ ဒါတင်မကဘဲ သမ္မတဘားရက်အိုဘားမားတို့ နိုင်ငံခြား
ရေးဝန်ကြီး ဟီလာရီကလင်တန်တို့ကပါ မြန် မာနိုင်ငံကို လာရောက်အားပေးခဲ့ကြ တယ်။ မြန်မာ့မြေကို အမေရိကန်ခေါင်းဆောင်တွေ ခြေချနေတဲ့အချိန်မှာ တရုတ်ခေါင်း
ဆောင်တွေ အဖို့ ဒေါသအမျက်ချောင်းချောင်းထွက်နေပုံရတယ်။ မြန်မာအစိုးရကလည်း ဒါကိုသိပါတယ်။ အမေရိကန်တွေ မလာ ခင်ဖြစ်ဖြစ်၊ လာပြီးသွားတဲ့အချိန်ပဲဖြစ်ဖြစ်၊ လာနေဆဲကာလမှာပဲဖြစ်ဖြစ် တရုတ်ဘက်ကို သံတမန်လမ်းကြောင်းကနေဝင်ပြီး ချွေး သိပ်ပုံရတယ်။ ဒါပေမဲ့ နဂိုကတည်းက အကြံကြီးပြီး တစ်ဘို့တည်းအမြဲကြည့်တတ်တဲ့ တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေး မတည် မငြိမ်ဖြစ်အောင်၊ ဒီမိုကရေစီဆိုတာကို မြန် မာပြည် သူတွေကိုယ်တိုင် စိတ်ပျက်သွားအောင် ဘယ်လိုလုပ်ရမလဲလို့ အကြံထုတ်နေ ပုံရတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ပြည်တွင်းအရေးအခင်း တချို့မှာ တရုတ်စနက်ကင်းရဲ့လားလို့ တောင် သံသယဖြစ်မိပါတယ်။
တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်ကနေ လှုံ့ဆော်ဖန်တီးမယ့်သူတချို့ကို ငွေပုံ
ပေးပြီး ခိုင်းမယ်ဆိုလည်း ခိုင်းလို့ရပါတယ်။ အများအမြင်မှာ အဲဒီလူတွေဟာ ဒီမိုကရေ စီလိုလားသူတွေပေါ့။ Activist တွေပေါ့။ အခုလည်း မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ် နှောင့်နှေးကြန့်ကြာအောင် လက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ကြိုးကိုင်ခြယ် လှယ်ပြီး ကြိုးပမ်းနေတာကို MPC က ဒေါက်တာမင်းဇော်ဦးလို ပုဂ္ဂိုလ်ကတောင် တရားဝင်ထုတ်ပြောလာတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံအခြေအနေက ဆူးကြားက ဘူးခါးလိုဖြစ်နေတဲ့ အခြေအနေမျိုးပါ။ ရှေ့မတိုးနောက်မဆုတ်သာဘဝမှာ ဒီအတိုင်း မျှော ပြီးကြာရှည်ရပ်တည်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ လှေနံနှစ်ဘက်နင်းနေရ တာ အန္တရယ်လည်း များပါတယ်။ ဒီကြားထဲမှာ ကိုယ့် တိုင်းပြည်ထဲမှာ အချင်းချင်း မညီညွတ်တော့ တရုတ်အတွက် ကစားကွက်ပိုကျယ်သွားပါတယ်။
သံတမန်လျှို့ဝှက်ဆက် ဆံရေးတွေအရ ဘာတွေ၊ ဘယ်လိုရှိမယ် မပြောနိုင်ပေမဲ့ လက်ရှိ အတိုင်းဆက်သွားရင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်
နေပြီး အကိုင် အတွယ်ချွတ်ချော်တိမ်းပါးခဲ့ရင် တစ်ချိန်မှာ အချုပ်အခြာအာဏာ ဆုံးရှုံး သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ၁၉၈၈ ခုနှစ်က အမေရိကန်လေယာဉ်တင်သင်္ဘော
တွေ မြန်မာ့ပင်လယ်ပြင်ကို ရောက်နေ တဲ့အချိန်မှာ တရုတ်က တရုတ်-မြန်မာနယ်စပ် တစ်လျှောက်မှာ သန်းနဲ့ချီတဲ့ PLA တပ်တွေချထားပါတယ်။ အမေရိကန် လေယာဉ် တင်သင်္ဘောက စစ်အင်အားတွေ ရန်ကုန်မြေကိုခြေချတာနဲ့ တရုတ်က မန္တလေးအထိ ဝင်သိမ်းဖို့ စီစဉ်ပြီးသားဖြစ်တယ်ဆိုတဲ့ အ တိတ်သမိုင်းကြောင်းကိုလည်း မမေ့အပ် ပါကြောင်း တင်ပြလိုက်ရပါတယ်။
.
ရဲကျော်သူရ

www.mmdailystar.com

SSPP/ SSA အင်အား ထပ်ဖြည့်


ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ် ဟိုင်းပါဘက်နှင့် အခြားနေရာဒေသတို့မှာ အောက်တိုဘာ ၆ မှ ၈ ရက်နေ့အထိ ၀င်ရောက်လာသော တပ်မတော် စစ်ကြောင်းများနှင့်နယ်မြေခံ SSPP/ SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင်မြန် မာ့တပ်မတော်မှ စစ်သည်အချို့
ဒဏ်ရာရရှိပြီး ခဲယမ်းနှင့်စက်ဆပ်ပစည်းများ ဆုံးရှုံးခဲ့ရပါသည်။
တိုက်ပွဲဖြစ်ပွားသော နေရာသည် ရှမ်းပြည်တပ်တော် SSA တပ်မဟာ ၇၂ အခြေစိုက် ချထားသည့်နေရာဖြစ်ပြီး ဝမ့်ဟိုင်းဌာနချူပ် ၁၀ မိုင်သာ ကွာဝေးသည်။
မြန်မာတပ်မတော်၏ တိုက်ခိုက်မူ့ များအား ထိမ်းချုပ်နိုင်စေရန်အတွက် ရှမ်းပြည်တပ်မတော် SSA/SSPP  စစ်ကူများ ထပ်မံစေလွှတ် ထားသည်။
ဓါတ်ပုံ - Sai Num Hkam (SSA)

www.mmdailystar.com

အင်တာနက်သုံးစွဲသူများအားလုံး သိထားရတော့မယ့် ဆယ်သွယ်ရေးဥပဒေပါ ပုဒ်မများ


အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက
ထောင်ဒဏ် သုံးနှစ်
(သို့မဟုတ်)
ငွေဒဏ်
(သို့မဟုတ်)
ဒဏ်နှစ်ရပ်လုံး
👉 ၆၆(ဂ)
ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို
ခိုးယူခြင်း၊
လိမ်လည်ခြင်း၊
အလွဲသုံးစားပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်း။
👉 ၆၆(ဃ)
ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊
မတရားတားဆီးကန့်ကွက်ခြင်း၊
အသရေဖျက်ခြင်း၊
နှောင့်ယှက်ခြင်း၊
မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။
============================
အောက်ပါပြုလုပ်မှုများကို ကျူးလွန်ပါက
ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး
👉 ၆၈ (က)
မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆယ်သွယ်ခြင်း၊
ဖမ်းယူခြင်း၊
ပို့လွှင့်ခြင်း၊
ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
👉 ၆၈ (ခ)
သတင်းအချက်အလက် ပို့လွှင့်ခြင်း၊
ဖမ်းယူခြင်း၊
ဆက်သွယ်ခြင်း၊
ပေးဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊
တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း
Thet Khaing Soe

www.mmdailystar.com

ကိုရဲမိုး၏ ဖေ့ဘုတ်စာမျက်နှာမှ

အခုရက်ပိုင်း ...
လူမှုကွန်ယက် ဖေ့စ်ဘုတ်သုံးစွဲသူ တစ်ချို့  ...
ဥပဒေအရ အရေးယူခံရပါတယ် ...
ဟုတ်ကဲ့  ... စိတ်မကောင်းပါဘူး ...
သို့ သော် ဒါဟာ ဘယ်သူမပြု မိမိမှု ပဲ ဖြစ်ပါတယ် ....
ကျွန်တော် ၂၀၁၁ ခုနှစ်ကစပြီး ...
ဖေ့စ်ဘုတ်ကို သုံးစွဲပါတယ် ...
လက်ရှိ ဖရန်းငါးထောင်နဲ့  ....
ဖော်လိုဝါ နှစ်သိန်းနီးပါး ရှိပါတယ် ...
ဖေ့စ်ဘုတ်သုံးစွဲတဲ့ ကာလအတွင်း ...
ညစ်ညမ်းစွာ ဆဲရေးလဲ ခံရဘူးပါတယ် ...
ဖိုတိုရှော့တွေ ၊ အကောင့်အတုတွေနဲ့ လဲ ...
တိုက်ခိုက်ခံရပါတယ် ...
အသက်အန္တရာယ်ကိုလဲ ခြိမ်းခြောက်ခံဖူးပါတယ် ...
ရိုက်ပေးဖို့ ဆုငွေထုတ်တာကိုလဲ ခံရဖူးပါတယ် ...
လူမှုရေး စီးပွားရေး ပုဂ္ဂိုလ်ရေး ....
ဘာတစ်ခုမှ မကျန်အောင်...
စော်ကားမော်ကား လုပ်ခံရတာပါ ...
သို့ သော် ...
ကျွန်တော် ဘယ်သူ့ ကိုမှ ပြန်ဆဲတာမျိုး ...
စော်ကားမော်ကား ပြန်ရေးတာမျိုး ...
ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုး မလုပ်ခဲ့ဘူးပါ ...
နာမည်တပ်ရေးတာမျိုး ...
စောင်းမြောင်းရေးတာမျိုးတွေလဲ ရှောင်ကျဉ်ပါတယ် ...
ရေးဖို့ လိုလာပြီထင်ရင်တော့ နာမည်တပ်ရေးပါတယ် ...
ဝေဖန်ပါတယ် ထောက်ပြပါတယ် ...
စကားအသုံးအနူန်းကအစ မိုက်ရိုင်းတာမျိုး မဖြစ်အောင် ...
ဂရုတစိုက်ရေးပါတယ် ...
နီးနီးကပ်ကပ် ဥပမာပေးရရင် ...
ပြီးခဲ့တဲ့  ရက်ပိုင်းက ...
နာမည်ကြီး ဒီမိုအကောင့် ...
ပုရစ် ( Zaw Myint Aye ) ( အကောင့်အတု ) က
ကျွန်တော်ရယ် ...
ကိုဝဏ္ဏဖေသော်ရယ် ...
ကိုဇော်ယျာဖြိုးရယ် ကို နာမည်တပ်ပြီး ...
ဦးခင်ညွှန့်  ရဲ့ ကြိုးကိုင်မှုနဲ့  ...
မဘသအဖွဲ့  ကို ဘယ်လိုလုပ်တယ် ဘယ်လိုကိုင်တယ် ....
စသဖြင့် မဟုတ်တမ်းတရားတွေ ရေးပါတယ် ....
ကျွန်တော် ကတော့ ...
သရော်စာလေး တစ်ပုဒ်နဲ့ ပဲ ...
ရယ်ရယ်မောမော တုန့် ပြန် ခဲ့ပါတယ် ...
ဆိုလိုတာက ...
မိုက်မိုက်ရိုင်းရိုင်းရေးမှ ...
နာမည်တပ်ပြီး ပါစင်နယ်တိုက်ခိုက်မှ ...
လူသိများတာ မဟုတ်ပါဘူး ...
တကယ်ကြိုးစားပမ်းစား ...
လေ့လာအားထုတ်ပြီးရေးတဲ့ စာတွေကို ....
လက်ခံတာ မလက်ခံတာ အသာထား ....
ထည့်သွင်းစဉ်းစားဖို့ လိုတဲ့  စာတွေအဖြစ် ...
နှစ်ဘက်လုံးက အသိအမှတ်ပြုကြပါတယ် ....
အခုအချိန်မှာ လူမှုကွန်ယက်အရေးယူမှုတွေ စတင်လာပါပြီ ...
ဒါတွေဟာ အခု အစပျိုးလာတာပါ ...
လောလောဆယ်တော့ အတိုက်အခံအုပ်စုက ...
လူတစ်ချို့ အရေးယူခံနေရပါပြီ ...
များမကြာမီ တစ်ဖက်ကလဲ အမှုပြန်ဖွင့်လာကြမှာဖြစ်ပြီး ...
အလွန်အကျွံ စိတ်လိုက်မာန်ပါရေးကြတဲ့  ....
နှစ်ဘက်လုံးက ဖေ့စ်ဘုတ်ယူဇာတစ်ချို့ ...
အရေးယူခံလာရဖွယ် အကြောင်းရှိနေပါတယ် ....
မေတ္တာရပ်ခံလို့ ရမယ်ဆိုရင်တော့ ...
ဘယ်သူ့ ဘယ်သူကိုမှ အောက်လုံးမထိုးကြဖို့  ...
ဖိုတိုရှော့တွေ မလုပ်ကြဖို့  ...
ပုဂ္ဂိုလ်ရေးတွေ မတိုက်ခိုက်ကြဖို့  ....
ဥပဒေနဲ့ အညီ ရေးကြဖို့  ....
နှစ်ဘက်လုံးက ဖေ့စ်ဘုတ်ယူဇာတွေကို ...
မေတ္တာရပ်ခံလိုပါတယ် ...
လက်လွတ်စပယ်တွေ ရေးရင်ပြောရင်တော့ ...
အရေးယူခံရဖို့  ဖြစ်နိုင်ချေ များသထက်များလာပါပြီ ...
အရင်က ကိစ္စတွေ ယူချင်မှ ယူပါလိမ့်မယ် ...
သို့ သော် အခု စအရေးယူလာပြီဆိုတဲ့ သဘောရှိပါတယ် ...
ကျွန်တော်ကတော့ ဒီအလေ့အထ ...
စ ထွန်းကားလာတာကို ကြိုက်ပါတယ် ...
ဖေ့စ်ဘုတ်ကို ငြိမ်းငြိမ်းချမ်းချမ်း သုံးရတော့ ပိုကောင်းတာပေါ့ ...
ဒီအလေ့အထ ခိုင်မာသွားတာနဲ့  ...
အကောင့်အတုဆို လက်မခံဘူးဆိုတဲ့  ယဉ်ကျေးမှုကို ....
ကျွန်တော်တို့ အားလုံး ၀ိုင်းတည်ဆောက်ကြရမယ် ...
အွန်လိုင်းပေါ်ကနေ ....
မဟုတ်တမ်းတရားစော်ကားမော်ကားရေးတဲ့ ကိစ္စတွေဟာ ...
ဥပဒေကြောင်း အရ ...
ဦးသိန်းစိန် လက်ထက်လဲ ရာဇ၀တ်မှု မြောက်ပါတယ် ...
ဒေါ်စုလက်ထက်လဲ ရာဇ၀တ်မှုမြောက်ပါတယ် ...
နောက်နောင် နောက်နောင် ...
လာလတ္တံ့  လာလတ္တံ့ သော ...
အစိုးရများ လက်ထက်မှာလဲ ရာဇ၀တ်မှု မြောက်မှာ ဖြစ်ပါတယ် ...
ပြောရရင်တော့ ...
ဒါဟာ ခင်ဗျားတို့ ကျွန်တော်တို့ တောင်းဆိုနေတဲ့  ...
အွန်လိုင်း တရားဥပဒေ စိုးမိုးမှုရဲ့  အစလည်း ဖြစ်ပါတယ် .... ။ ။
( ရဲမိုး )


www.mmdailystar.com

ဖာပွန်မြို့နယ် အတွင်းရှိ ကျေး ရွာ များ ၌ လူ သစ် စု ဆောင်း မှု များ ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်


နေပြည်တော် အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်းရှိ ရွှေဖလားကျ ကျေးရွာ၊ မျဉ်းတပြေး ကျေးရွာ၊ ဟတ်ကြီး ကျေးရွာ၊ ပိုင်လာကျေးရွာ နှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများ၌ စက်တင် ဘာလနှင့် အောက်တိုဘာလ တို့အတွင်း KNLA တပ်မဟာ(၅) လက်အောက်ခံ အဖွဲ့များက လူသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့လူသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသားများသည် မြိုင်ကြီးငူရှိ နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ အောက်တိုဘာ ၉ရက်အထိ စုစုပေါင်း ကျေးရွာ သူ၊ ကျေးရွာ သား ၂၄ဝဝကျော် ရောက်ရှိ တိမ်းရှောင်လျက်ရှိကြောင်းနှင့် တာဝန်ရှိသူများက စားသောက် ဖွယ်ရာများနှင့် အဝတ်အထည် များအား ကူညီထောက်ပံ့ ပေးလျက်ရှိသည်။ KNLA တပ်မဟာ(၅) လက်အောက်ခံအဖွဲ့များ၏ အတင်း ဓမ္မ လူသစ် စုဆောင်းမှုများကြောင့် ဒေသခံနယ်မြေ လူထုအနေဖြင့် စီးပွားရေး၊ လူမှုရေးများစွာထိခိုက်နစ်နာရသည့်အပြင် ထွက်ပြေးတိမ်းရှောင်လာရသည့် အိမ်ထောင်စုဝင်များမှကျောင်းသူ၊ ကျောင်းသား ၁၇ဝဦး ခန့်သည်လည်း မြိုင်ကြီးငူ ကျေးရွာရှိ အခြေခံ ပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားရလျက်ရှိကြောင်းသတင်းရရှိသည်။


www.mmdailystar.com

အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းမိသားစုများနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်


နေပြည်တော်၊ အောက်တိုဘာ ၁၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းတွင် မိုးကောင်းတပ်နယ်ရှိ သစ်ကြားတောင်ခန်းမနှင့် မိုးညှင်းတပ်နယ်ရှိ နန့်ရင်းခန်းမများ၌ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ အမှာစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ငွေ ၅၃၆၅၀၀၀၀ ကျပ်အား ပေးအပ်သည်။
ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင်များသည် မိုးညှင်းမြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဗန်းမော်တပ်နယ်ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။
ယင်းနောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တွေ့ဆုံ၍ ထောက်ပံ့ ပစ္စည်းများ၊ ထောက်ပံ့ငွေ ၅၈၅၀၀၀ ကျပ်နှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်ထောက်ပံ့ငွေ ၁၇၂၅၀၀၀ ကျပ် တို့အားပေးအပ်ပြီး ဗန်းမော်မြို့ ရွှေကျီးနားစေတီတော် ဆရာတော်အား သွားရောက် ဖူးမြော်ကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


www.mmdailystar.com

ဘင်္ဂါလီအရေးနှင့် နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာ


ပြီးခဲ့သည့်သီတင်းတစ်ပတ်ကပင်လယ်ထဲမှာဘင်္ဂါလီဒုက္ခသည်များသည် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံများသို့ဝင်ရောက်ခိုလှုံရန်ကြိုးပမ်းလာခဲ့ကြပါ
သည်။ ထိုဒုက္ခသည်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကတာဝန်ယူရန် ၂၀၁၅ ခုနှစ် မေလ၁၄ရက်နေ့တွင် မလေးရှားနိုင်ငံကတရားဝင်ပြောကြားလာခဲ့ပါ
သည်။ ထိုင်းနိုင်ငံတွင် ဘင်္ဂါလီအလောင်းများမြှုပ်နှံထားသည့်နေရာကိုတွေ့ရှိခဲ့ ရပြီးနောက် လူကုန်ကူးခံဘင်္ဂါလီအရေးဖြေရှင်းရန် ထိုင်း၊မလေးရှား၊ မြန်မာ သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲပြုလုပ်လိုပါ သည်ဟုထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကတိုက်တွန်းကြောင်းနေ့စဉ်ထုတ်သတင်းစာများတွင် ရေးသားထား သည်ကိုဖတ်ရပါသည်။
လှေစီးဘင်္ဂါလီဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကိုတရားခံရှာလွှဲချရန်၊ နိုင်ငံတကာဖိအားများလျှော့ချဖို့ တွေ့ဆုံ ဆွေးနွေးရေးကမ်းလှမ်းချက်မျိုးကိုလက်ခံမည်မဟုတ်ကြောင်း မြန်မာအစိုးရကတုံ့ပြန်ပြောဆိုခဲ့သည်ဟုသိရပါသည်။
မြန်မာအစိုးရအနေနှင့်ဘင်္ဂါလီများကိုဖိနှိပ်မှုရပ်ဆိုင်းရန်အာဆီယံက ပြင်းပြင်းထန်ထန်သတိပေးသင့်ကြောင်း၊ ပင်လယ်ပြင်ဖြတ်ကူးဝင်ရောက်နေသည့် ဒုက္ခသည်များကြောင့်အိမ်နီးချင်းနိုင်ငံများတွင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်း၊ဒုက္ခသည်များသည် မြန်မာနိုင်ငံကဖိနှိပ်၍ထွက်ပြေးနေရကြောင်းမလေးရှားပြည်ထဲရေးဝန်ကြီး
ကပြောကြားကြောင်းသိရပါသည်။
ထို့အပြင်အစ္စလာမ္မစ်အဖွဲ့အစည်း(OIC)ကလည်းလှေစီးဒုက္ခသည်များအရေးကိုအင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများအနေဖြင့် ဆွေးနွေးဖြေရှင်းသင့်သည်ဟုဆိုနေပြန်ပါသည်။ ဘင်္ဂါလီဆိုသည်နှင့် မြန်မာကဟုပြောခြင်းသည်သိက္ခာမဲ့သောပြောကြားချက်သာ ဖြစ်ကြောင်း၊ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ အစီရင်ခံစာအရလူမှောင်ခိုဂိုဏ်းများ လျှို့ဝှက်လုပ်ကိုင်နေခြင်းကြောင့် မည်သည့်နေရာကဆိုသည်ကိုစိစစ်၍မရဟုဖော်ပြထားကြောင်း၊ ပင်လယ်ပြင်တွင် နေ့စဉ်မှောင်ခိုလုပ်နေသောဘင်္ဂါလီအားလုံး မြန်မာနိုင်ငံကဆိုလျှင် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီရှိမှာမဟုတ်တော့သည့် အကြောင်း သမ္မတရုံးအကြီးတန်း
အရာရှိတစ်ဦးကပြောကြားသည်ဟုမှတ်သားဖူးပါသည်။
မြန်မာမှန်လျှင်ဘင်္ဂါလီဘာလဲဆိုသည်ကိုအထူးရှင်းပြနေစရာလိုမည်မထင်ပေ။ သမိုင်းကြောင်းနှင့်ပတ်သက်၍ အခြားပို့စ်များစွာတွင်ဖော်ပြထားပြီးဖြစ်၍ အထူးမတင်ပြလိုတော့ပါ။ဘင်္ဂါလီများသည် မြန်မာနိုင်ငံသားဖြစ်ရုံနှင့် ကျေနပ်မယ့်သူများမဟုတ်ဘဲ နိုင်ငံသားမှတစ်ဆင့် တိုင်းရင်းသားအဖြစ် တက်လှမ်းရန်အစီအစဉ်ရှိပြီးသားဖြစ်ပေသည်။ ထို့အတွက် လှုပ်ရှားရန် ငွေကြေးအကူအညီ၊ မီဒီယာအကူအညီများအတွက် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် ဆော်ဒီအာရေးဗီးယားတွင် သီးသန့်အဖွဲ့ ဖွဲ့စည်းထားကြောင်းသိရှိရပါသည်။
ဘင်္ဂါလီများသည်သူတို့ကို နိုင်ငံခြားက၀င်ရောက်လာသူတွေအဖြစ် မြန်မာတွေကပြောသည့်အချိန်တွင်ကိုးကန့်များကိုလက်ညှိုးထိုး၍ကိုးကန့်တွေလည်းနိုင်ငံခြားသား တရုတ်ပဲဟုထောက်ပြလေ့ရှိပါသည်။ ဘင်္ဂါလီနှင့် ကိုးကန့်လုံးဝမတူပါ။ကိုးကန့်ဆိုသည်မှာ ရှေးပဝေသဏီကတည်းက မြန်မာ့မြေမှာ မြန်မာတိုင်းရင်းသားအဖြစ် နှစ်ရှည်လများနေထိုင်လာသူများဖြစ်ပါသည်။
တရုတ်အနွယ်ဖြစ်သော်လည်းကိုးကန့်ဆိုသည်မှာ နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားသောတိုင်းရင်းသားဖြစ်ပါသည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့်ညီ၍ သတ်မှတ်ပေးထားခြင်းဖြစ် ပါသည်။
ကိုးကန့်သည် တရုတ်အနွယ်ဆိုသော်လည်းမှတ်ပုံတင်တွင် ကိုးကန့်ဟု သာဖြည့်သွင်းရသည်ကိုတွေ့ရှိရပေသည်။ တရုတ်တစ်ယောက်၏မှတ်ပုံတင်တွင် ကိုးကန့်ဟုဖြည့်သွင်း၍မရပါ။ ထိုအရာသည်တိုင်းရင်းသားနှင့် နိုင်ငံခြားသားဆိုသည်ကိုခွဲခြားထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရှိဘင်္ဂါလီများသည်ဘူးသီးတောင်၊ မောင်တောမှာပဲနေနေသူတို့ရဲ့မှတ်ပုံတင်တွင်ဘင်္ဂါလီဟုသာ ဖြည့်သွင်းထားသည်ကိုတွေ့ရမည်ဖြစ်ပေသည်။ ဘင်္ဂါလီသည် တိုင်းရင်းသားလုံးဝမဟုတ်ပေ။
ဘင်္ဂါလီဆိုသည်မှာဈေးပေါသည့် လယ်ကူလီတွေအဖြစ်အင်္ဂလိပ်များခေါ်လာ၍ မြန်မာ့မြေထဲသို့ ရောက်လာခြင်းကို မြန်မာလူမျိုးတိုင်းအသိဖြစ်ပါ
သည်။ ရခိုင်ဘုရင်တွေဆီထံသို့အမှုထမ်းခဲ့သည့် ဘင်္ဂါလီတွေရှိသည်ဆိုသော်လည်းထိုဘင်္ဂလီများသည် ကိုးကန့်ကဲ့သို့သီးခြားအမည်နာမတစ်ခု၊ သီးခြားနယ်မြေတစ်ခုနှင့် မြန်မာ့အာဏာစက်အောက်တွင် နေခွင့်ရခဲ့သူများမဟုတ်ပါ။ ဘုရင့်အမှုတော်ထမ်းဖြစ်ခဲ့၍ ထိုလူမျိုးတစ်ခုလုံးကိုတိုင်းရင်းသား
အဖြစ်သတ်မှတ်ပေးရမယ်ဆိုပါကအားမေးနီးယန်းနှင့် ပြင်သစ်တို့ကိုပါ တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရပေတော့မည်။ သဘာဝကျ မကျ စဉ်းစားစရာမလိုပေ။
ဘင်္ဂါလီဆိုသည်မှာဘင်္ဂလားဒေ့ရှ်ကလာသည်ကိုလူတိုင်းသိပြီးဖြစ်ပါသည်။ ဘာသာတရားအစွဲအလန်းအင်မတန်ကြီးသည့် အစ္စလာမ်နိုင်ငံတွေ ထဲကဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ကိုယ်နဲ့ကိုးကွယ်ရာဘာသာတူ၊ လူမျိုးစုလည်းတူ၊ ဘာသာစကားလည်းတူသည့် ကိုယ့်နိုင်ထဲကလူတွေ အခုလိုဒုက္ခရောက်ပြီး အခြေအနေ မဲ့ဖြစ်နေတာကိုဘာကြောင့်ခပ်မဆိတ်နေရသလဲဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ်မုန်တိုင်းဒဏ်ခံနေရသောနိုင်ငံဖြစ်ပါသည်။ နိုင်ငံအကျယ်အ၀န်းအရလူဦးရေပေါက်ကွဲမှုဒဏ်ကိုခံနေရသည့်နိုင်ငံဖြစ်ပါသည်။ ဘင်္ဂါလီဒုက္ခသည်များကို နှစ်ရှည်လက်ခံထားလိုက်မည်ဆိုပါကဘူးသီးတောင်၊ မောင်တောလို မြန်မာ့ ပိုင်နက်သည် ဘင်္ဂါလီများအတွက် နယ်မြေသစ် တစ်ခုဖြစ်သွားပေလိမ့်မည်။
ခိုးဝင်ဘင်္ဂါလီများသည် နိုင်ငံဖြစ်ခွင့်ရအောင်နည်းလမ်းမျိုးစုံနှင့် ကြိုးစားပါလိမ့်မည်။ ထို့အတွက် ဆော်ဒီလိုနိုင်ငံမျိုးနှင့် OIC လိုအဖွဲ့မျိုးတွေကငွေကြေး အကူအညီလိုသလောက်ထောက်ပံ့နိုင်ပါသည်။ သူတို့ကိုကမ္ဘာကအာရုံစိုက်လာအောင် မြန်မာနိုင်ငံမှာပြဿနာမျိုးစုံဖန်တီးပြီးလှုပ်ရှားဆောင်ရွက်ပါလိမ့်မည်။ ထို့ကြောင့် လှေပဲစီးစီး၊ ဖောင်ပဲစီးစီး၊ ခိုးဝင်ဘင်္ဂါလီအရေးသည် မြန်မာ့အချုပ်အခြာအာဏာကိုထိပါးလာသည့်အရေးဟုဆိုချင်ပါသည်။ နိုင်ငံတော်အစိုးရအပါအ၀င် နိုင်ငံရေးသမားများ၊ စာနယ်ဇင်းများကအမှန်ကိုအမှန်အတိုင်းသတင်းထုတ်ပြန်ပြီးကိုယ့်အချုပ်အခြာကိုကာကွယ်နိုင်ဖို့လိုပါသည်။
မိမိနိုင်ငံ၏လူဝင်မှုဥပဒေနှင့်ပတ်သက်ပြီးမည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့စည်းကမှ လာရောက် သြဇာပေးခွင့်မရှိပေ။ သြဇာပေးခွင့်ကိုလက်ခံလိုက်ပြီဆိုသည်နှင့် မြန်မာ့အချုပ်အခြာအာဏာဆိုသည်မှာစက္ကူစုတ်တစ်စလိုဖြစ်သွားပါလိမ့်မည်။
လူ့အခွင့်အရေးအဖွဲ့များကစံနှုန်းတွေအမျိုးမျိုးရွတ်ပြီးမည်သို့ပင်အော်နေအော်နေ မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် တိုင်းရင်းသားဆိုပြီး နှစ်မျိုးရှိပါသည်။ တစ်မျိုးတည်းရှိရမည်ဟုအမိန့်ပေးခွင့်မရှိပါ။ ကိုယ့်အချုပ်အခြာနှင့် ကိုယ်ဖြစ်ပါသည်။ သံတမန်ဖိအားအပြင် မလျော်ကန်သည့်နည်းများနှင့် အချုပ်အခြာအာဏာကိုထိပါးလာမည်ဆိုပါကမိမိအချုပ်အခြာအာဏာကိုမိမိကာကွယ်ရန်မှတစ်ပါးအခြားမရှိပါကြောင်းတင်ပြလိုက်ရပေတော့သည်။

www.mmdailystar.com

ထောင်ဒဏ် ချမှတ်ခံရသည့် စည်းကမ်းမရှိသော ဗ.က.သ ကျောင်းသား ၄ ဦး အယူခံဝင်မည် မဟုတ်


မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်တွင် အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် အမရပူရ မြို့နယ် တရားရုံးက ကျောင်းသား ၄ ဦးကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည့်အပေါ် အယူခံဝင်မည် မဟုတ်ကြောင်း ကျောင်းသားမျာ၏ အမှုလိုက် ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီသို့ ပြောသည်။
ယင်းကျောင်းသား ၄ ဦးသည် ဖေဖော်ဝါရီလ ၂၃ ရက်က မန္တလေးမြို့ ရတနာပုံ တက္ကသိုလ် ကျောင်းနံရံတွင် အမျိုးသား ပညာရေး ဥပဒေ ဆန္ဒပြနေသည့် ကျောင်းသား သပိတ်ကို ထောက်ခံကြောင်း မှုတ်ဆေးများဖြင့် ရေးသားခဲ့မှုကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ တတိယနှစ် ကျောင်းသား ကိုနိုင်ရဲဝေနှင့် စတုတ္တနှစ် ကျောင်းသား ကိုအောင်ဆန်းဦး၊ တတိယနှစ် ကျောင်းသား ကိုဂျစ်တူးနှင့် စတုတ္တနှစ် ကျောင်းသား ကိုဥာဏ်လင်းထက်တို့မှာ ထောင်ဒဏ် ၆ လစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ရှေ့နေ ဦးသိန်းသန်းဦးက“ဗ.က.သတို့ သမိုင်းမှာ ဘယ်တော့မှ အယူခံ မ၀င်ခဲ့ကြဘူး။ အခုလည်း သူတို့ ၄ ယောက်က အယူခံဝင်ဖို့ မရှိဘူးလို့ ပြောတယ်။ အားလုံး ပြစ်ဒဏ်တွေက တပေါင်းထဲ ကျခံရမှာဆိုတော့ နောက်သုံးလလောက်ပဲ နေရတော့မယ်”ဟု ဆိုသည်။



www.mmdailystar.com

အာဏာရှင် ဦးသန်းရွှေ


အဲဒီလူကြီးကို မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ၁၅ နှစ် လောက်အလို ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျောက်ဆည်နားက ရွာလေးတစ်ရွာမှာ မွေးခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာတော့ သူက စာတိုက်စာရေးကြီး ဆိုပဲ။ မြန်မာနိုင်ငံက စစ်သားဆိုရင် ရှေ့တန်းမှာ စစ်တိုက်ရဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်မှာ အဲဒီလူကြီး တပ်ထဲကို ရောက်လာတယ်။ သင်တန်းတက်ပြီး ၁၉၅၃ မှာတော့ သူက ဒုဗိုလ် တစ်ပွင့်လေး စဖြစ်ပြီပေါ့။
၁၉၅၈ ၊ အရင်တုန်းက ဆိုဗီယက်လို့ ခေါ်တဲ့ ရုရှားမှာ သူ အထူးသင်တန်းတက်တယ်။ တပ်မတော်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်တယ်။ ၁၉၆၈ နဲ့ ၁၉၇၁ ခုနှစ်အတွင်းမှာတော့ ရုရှားနိုင်ငံက စစ်တက္ကသိုလ်တစ်ခုကို သွား တက်ပြီး အဲဒီကနေ ဘွဲ့ရခဲ့တယ်။ အဲဒီကနေ ပြန်လာတော့ ကရင်ပြည်နယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပဲခူးရိုးမ ဒေသတွေမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့သေးတယ်တဲ့။ ကံကောင်းတယ်၊ ထောင်သောင်းချီ ကျဆုံးခဲ့တဲ့ အရာရှိ/စစ်သည် စာရင်းမှာ သူမပါခဲ့ဘူး။
၈ လေးလုံးအရေးအခင်း မတိုင်ခင်မှာ သူဟာ တာဝန်တွေ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး လူမသေ ၊ခြေလက်အင်္ဂါတွေ မပျက်စီးခဲ့တော့ ၁၉၈၈၊ ဇူလိုင် ၂၇ မှာ ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တယ်။ ခေါင်းဖြတ် လူသတ်ပွဲတွေ၊ မြန်မာ့အသံဝင်စီးတာတွေ၊ မြေပေါ်မြေအောက် အဖျက်သမားတွေ၊ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောရောက်လာပြီး ကျူးကျော်မယ့် အနေအထားတွေ၊ တရုတ်ရဲ့ နယ်စပ်မျဉ်းတစ်လျှောက် တပ်ဖြန့်လာမှုတွေကို ဖြေရှင်းတဲ့အထဲ သူလဲ တစ်စိတ်တစ်ပိုင်း ပါခဲ့မှာပေါ့။ ၁၉၉၂ ခုနှစ်မှာမှ သူဟာ မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တယ်။ သူအနားယူသွားတဲ့ ၂၀၁၁ မတ်လအထိ ဆိုရင် သူ နှစ်ပေါင်း ၂၀ နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တယ်လို့ ပြောလို့ရတယ်။
သူက စစ်တပ်ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူစစ်တိုက်တယ်။ ငြိမ်းချမ်းရေးကို လိုလားလို့ တစ်ဖက်ကလဲ ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြာဆုံး ငြိမ်းချမ်းရေး ကို သူ လုပ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သက်တမ်းအကြာဆုံးနဲ့ အင်အားအကြီးဆုံး ကရင်လက်နက်ကိုင် အဖွဲ့ကြီးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ သူ့ရဲ့အကောင်းဆုံး သမိုင်းမှတ်တိုင် ဖြစ်ခဲ့တယ်။ လက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ငြိမ်းချမ်းရေးလုပ်သလို အဖွဲ့သစ်တွေကိုလဲ ခေါင်းမထောင်ရဲအောင် ချေမှုန်းခဲ့လို့ သူ့လက်ထက် တပ်မတော် ဆိုရင် အဖြူရောင်နယ်မဟုတ်ရင် သောင်းကျန်းသူတွေ ပြေးပေတော့ပဲ။
အမျိုးသား ညီလာခံကြီးကို ကျင်းပတယ်။ ဦးတည်ချက်တွေ ချမှတ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် သွားတယ်။ မိန့်ခွန်းတွေ အနည်းဆုံးပြောပြီး ပြောသမျှ မိန့်ခွန်းတိုင်းမှာ သူနိုင်ငံအတွက် ဘယ်လောက် စေတနာ ရှိတယ်ဆိုတာ ပေါ်လွင်စေခဲ့တယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ဆွေးနွေးဖို့ ဆက်ဆံရေးအရာရှိဆိုပြီး ၀န်ကြီး အဆင့် တစ်ယောက်ကို ထားပြီး ဆွေးနွေးတယ်။
အနောက်ဘက်ကနေ ၀င်လာမယ့် ဘင်္ဂလီအရေးကို သိလို့ သူ့တပ်တွေကို မြေပုံကြည့်ပြီး ချထားခဲ့တယ်။ စားစရာ မရှိ၊ ရေမရှိ ဘင်္ဂလီကုလားတွေ ပြည့်နေတဲ့နေရာထိပ်မှာ သူ့စစ်သားတွေ ပင်ပန်းတာကို သိပေမယ့် သူရအောင် ချထားခဲ့တယ်။ မှတ်မှတ်ရရ ဘင်္ဂလီတွေခိုးသွင်းတာကို သူသိသွားလို့ ဘယ်မျက်နှာကိုမှ မထောက် ဖြုတ်၊ထုတ်၊သတ် အကြီးအကျယ်လုပ်ခဲ့တာ တစ်ချို့ဆို အခုထိ မလွတ်ကြသေးဘူး။
ခွေး ၂ ကောင် ကိုက်ရင်တောင် ကြည့်မယ့်လူ ထောင်ဂဏန်းဖြစ်နေအောင် လူဦးရေကျပ်တည်းနေတဲ့ ရန်ကုန်မြို့ အခြေအနေကို သူသိတယ်။ နောင် အစိုးရလက်ထက် ကားတွေ၊လူတွေကြပ်ပြီး အစိုးရ ရုံးလုပ်ငန်းတွေ ခက်ခဲမှာလဲ သူသိတယ်။ သူ နေပြည်တော်ဆိုတဲ့ အစိုးရ ရုံးစိုက်ရာမြို့ကြီးကို တည်ထောင်ခဲ့လိုက်တယ်။
ဝန်ထမ်းတွေ အကုန်ပြောင်းရတော့ အားလုံးက မကျေမနပ်တွေဖြစ်ကြတယ်။ လူမနေတဲ့မြို့တော်၊ ကြပ်ပြေး နေပြည်တော် အမျိုးစုံ ကင်ပွန်းတပ်ခဲ့ကြပေမယ့် ရေမီးအစုံနဲ့ ၀န်ထမ်းတွေရဲ့ဘ၀က အခုတော့ အသားကျ နေကြပြီ။ ရန်ကုန်တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ရင်တောင်မှ အစိုးရရုံးလုပ်ငန်း ထိခိုက်စရာ မရှိတော့ဘူး။ နိုင်ငံကို ဆူဆူပူပူလုပ်ချင်တဲ့သူမှန်သမျှလဲ ကားခအကုန်ခံပြီး မလာနိုင်ကြတော့ဘူး။ လာလဲ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်လုပ်နေကြတဲ့သူတွေပဲ ရှိပြီး လမ်းပေါ်က ၀န်းရံပြည်သူလို့ ခေါင်းစဉ်တပ်ခံရမယ့် သူတွေမှ မရှိတာကိုး။
သူ နေပြည်တော်မှာ ရွှေတိဂုံပုံတူ စေတီတော်ကြီး တည်တယ်။ ကမ္ဘာ့အဆင့်မီ ကစားကွင်းကြီးတွေ ဆောက်ခိုင်းတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဟိုတယ်ဇုန်တွေ ဆောက်ခိုင်းတယ်။ ၀န်ထမ်းတွေအတွက် အပန်းဖြေစရာ နေရာတွေ ဆောက်ခိုင်းခဲ့တယ်။ ၁၀ လမ်းသွား လမ်းကျယ်ကြီးတွေအထိ ဆောက်ခိုင်းခဲ့တယ်။ ကန်ထရိုက်တွေက တစ်ပြုံးပြုံး၊ ခရိုနီတွေ လက်ဖျားငွေသီး၊ အာဏာနဲ့ လုပ်စားချင်သူတွေ အကြိုက်တွေ့ခဲ့ကြတာပေါ့။ သူ မသိဘဲ ဘယ်နေမလဲ။ နိုင်ငံခြားကနေ ဘွဲ့ရခဲ့တဲ့လူတစ်ယောက်၊ လူ ၃၀ တပ်စု ကနေ သန်း ၅၀ ကို ထိန်းချုပ်ခဲ့တဲ့ လူတစ်ယောက်ပဲ။ အဲဒါတွေ အရေးယူနေဖို့ အချိန် မဟုတ်ဘူး။ အဓိကဟာ အခြေခံအဆောက်အဦတွေကို သူအနားမယူခင် အပြီးဆောက်သွားဖို့။
သူ လွှတ်တော်ကြီးကို ဆောက်တယ်။ သမ္မတ အိမ်တော်ကြီးကို ဆောက်တယ်။ ဘယ်အစိုးရလာလာ အ ဆင်သင့် အလုပ်လုပ်လို့ရအောင် သူဖန်တီးပေးခဲ့လိုက်တယ်။ တစ်ကမ္ဘာလုံးမှာ ဆက်ဒမ်ဟူစိန်ကနေ ကဒါဖီ ထိ စစ်အာဏာရှင်တွေ ကျဆုံးနေတဲ့အချိန်မှာ သူက နေပြည်တော်ကြီးကို အသားကျအောင် လုပ်နေတုန်းပဲ။
လွှတ်တော်ထဲမှာ ထိုင်ခုံတွေကအစ သူချထားပေးတယ်။ အခုမှ ထောင်ထဲကထွက်လာတဲ့သူပဲ ထိုင်ထိုင်၊ နိုဘယ်ဆုရှင်ကြီးပဲ ထိုင်ထိုင်၊ တိုင်းရင်းသားတွေပဲ ထိုင်ထိုင် ပြည်သူရွေးတဲ့သူတွေ ထိုင်ဖို့ သူအဆင်သင့် လုပ်ထားပေးတယ်။ လွှတ်တော်အခန်းကဏ္ဍကို စတင်နိုင်ဖို့ သူ့ဗိုလ်ချုပ်ကြီးတွေကို ယူနီဖောင်းချွတ်ပြီး တာဝန်ပေးခဲ့လိုက်တယ်။ သူတို့တွေကို မပေးဘဲ လုပ်ချင်ရာလုပ်ကြဆိုပြီး သူခိုင်းခဲ့လို့ကတော့ အဲဒီ ထိုင်ခုံတွေ အခုလောက်ဆို ခြစားမှိုတက်လောက်ပြီ ထင်ပါရဲ့။
သူများတွေက အာဏာရှင်ဆိုပြီး တိုက်ခိုက်လို့ကောင်းတုန်း သူအငြိမ်းစား ယူသွားလိုက်တယ်။ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍသစ်တစ်ရပ်ကို သူလုပ်ခဲ့ပေးပြီးပြီ။ သူ့မှာ သားသမီး ၈ ယောက်တောင်ရှိတယ်။ မြေးမြစ်တွေနဲ့ အဘိုးတစ်ယောက်ရဲ့ ဘ၀ကို သူဖန်တီးတော့မယ်ပေါ့။
သူမရှိတော့ပေမယ့် သူ့အရိပ်တွေက ထင်ကျန်နေတုန်း။ သူဆောက်ပေးခဲ့တဲ့ ထိုင်ခုံတွေကို အလုအယက် ထိုင်ချင်နေတဲ့သူတွေကလဲ လိုအပ်ရင် သူ့အကြောင်း မကောင်းပြောကြတုန်းပဲ။
သူကတော့ သူ့မြေးရဲ့ I-Pad ပြားကို ပွတ်ရင်း တစ်ခါတစ်လေ တွေ့လိုက်မိတဲ့ Facebook သတင်းတွေကို ဖတ်ရင်း ပြုံးချင် ပြုံးနေမှာ။
ဘယ်သူတွေ ဘာပြောပြော။ သူက ကမ္ဘာ့အတော်ဆုံး သူများတွေပြောတဲ့ အာဏာရှင်ပဲ မဟုတ်လား။

ဦးဦးတိမ်

www.mmdailystar.com

မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးနေဟု ဆို


ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးခဲ့သည့် မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံးကို တွေ့ရစဉ်
ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းများ ထည့်ထားသည့်ဖိုင်တွဲ ပျောက်ဆုံးနေကြောင်း မြို့နယ် (NLD) အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောကြားသည်။

NLD မြို့နယ်ရုံး ဖောက်ထွင်းခံရသည်ကို အောက်တိုဘာ ၁၂ ရက် နံနက်က သိရှိခဲ့ခြင်းဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ခံနေသည့်အတွက် မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို တိတိပပ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြ၀တီမြို့ NLD  မြို့နယ်ရုံး အနောက်ဘက် အိမ်သာ တံခါးအား ဖောက်ထွင်း ၀င်ရောက်ခဲ့သော်လည်း အပိတ်ဖြစ်နေ၍ နောက်တံခါးပေါက်ကို ဖျက်ဆီးဖောက်ထွင်းခဲ့သည်။ နောက်တံခါးပေါက်အနီး ဗီရိုပေါ်ရှိ စာရွက်စာတမ်းများ ထည့်ထားသည့် ဖိုင်တွဲမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

“ပြည်သူတစ်ရပ်လုံး NLD ကို အားပေးနေချိန်မှာ လုံခြုံရေးအရ ယုံကြည် စိတ်ချရမှုကတော့ လက်ရှိအစိုးရမှာ တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကို အလေးထား ဆောင်ရွက်နေချိန်မှာ ရုံးပိုင်းဆိုင်ရာမှာ ဒီလိုတွေဖြစ်တာတော့ မကောင်းပါဘူး။ အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ လုံခြုံရေး အတွက် ပါတီအနေနဲ့ ဆောင်ရွက်နေပေမယ့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပူးပေါင်း ပါဝင်စေချင်ပါတယ်” ဟု မြ၀တီမြို့ NLD မြို့နယ် အတွင်းရေးမှူး  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်အောင်က ပြောကြားသည်

www.mmdailystar.com

ငိမ်းချမ်းရေးကို တပ်မတော် လိုလားကြောင်း ဒုဗိုလ်ချုပ်မှူးကြီး ပြော


လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကွန်ပြူတာနဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ပေးအပ်လှူဒါန်းပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

"တည်ငြိမ်အေးချမ်းမှု အပြည့်အဝရရှိမှု၊ တစ်စိတ်တစ်ပိုင်းရရှိမှု၊ တစ်ဝက်ရရှိမှု ဒီလိုအပေါ်မှာ မူတည်ပြီးတော့လည်း အဲဒီပြည်နယ်နဲ့ တိုင်းအလိုက် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ပညာရေးစနစ်၊ ကျန်းမာရေးစနစ် ကွာဟမှုတွေ
ဒါတွေဟာ အနည်းနဲ့အများ ဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပဋိပက္ခချုပ်ငြိမ်းပြီးတော့မ
ှ တည်ငြိမ်မှသာလျှင် ဖွံ့ဖြိုးတိုးတက်မည်၊ ကချင်ပြည်နယ်မှာရှိနေကြတဲ့ တိုင်းရင်းသား ပြည်သူများအားလုံး ကျနော်တို့ ကိုယ်တိုင်လည်း ကချင်ပြည်နယ်သူ ကချင်ပြည်နယ်သားများနဲ့ ထပ်တူပဲ ငြိမ်းချမ်းရေးကို လိုလားပါတယ်"

ဒါ့အပြင် လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ နှစ်နှစ်နီးပါး ကြိုးစားခဲ့ရတယ်လို့လည်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။

အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘဲ ကွန်ပျူတာ အစုံ ၂၀၀ နဲ့ ဗလာစာအုပ် ဒါဇင်တစ်ထောင် လှူဒါန်းခဲ့ပါတယ်။

အခမ်းအနားကို မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုစုပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

NCA ကို KNU ခေါင်းဆောင် ၃ ဦး လက်မှတ်ထိုးမည်





နေပြည်တော်၌် အောက်တိုဘာ ၁၅ရက်နေ့တွင်ပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ၃ ဦးမှ NCA စာချုပ်တွင် လက်မှတ်ရေးထိုးသွားမည်ဟု KNU ဘက်က ပြောသည်။

ထိုသို့ လက်မှတ်ထိုးရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့မှ လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ” NCA စာချုပ်မှာပါတဲ့ အတိုင်း အဲဒါကိုကျနော်တို့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဗဟိုကော်မတီအစည်း အဝေးလုပ်ပြီး လက်မှတ်ထိုးရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ကိုယ်စားလှယ်တွေကို အစည်းအဝေးက ရွေးချယ်ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထိုအတူ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၊ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး၊ စစ်ရေးချုပ်(HQ)ဗိုလ်မှူးစိန်ဝင်းတို့အပြင် KNU/KNLA(PC) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောဌေးမောင်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးစောထောလေး၊ ဗိုလ်ချုပ်စောရင်နုတို့မှလည်း NCA ကို ပါဝင်လက်မှတ်ထိုးသွားမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှလက်မှတ်ရေးထိုးမည့် ခေါင်းဆောင် ၃ ဦး အပါအ၀င် KNU ကာကွယ်ရေးဌာနတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်းဇက်၊ ပဒိုစောဆဲဂေ၊ ပဒိုစောရွှေမောင်း၊ ပဒိုစောဘီးလယ်၊ ဗိုလ်မှူးချုပ်စောအယ်ကလူသိန်း စသည့်ခေါင်းဆောင် ၁၀ ဦး တို့လည်း လက်မှတ်ထိုးပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

၎င်းအပြင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတက်ရောက်မည့် KNU အထူးကိုယ်စားလှယ် ၁၃ ဦး အပါအ၀င် ခရီးစဉ်အထောက်အကူပြုအဖွဲ့နှင့် ရုံးလုပ်ငန်းအဖွဲ့များပါဝင်မည့် အဖွဲ့ဝင် ၂၀ ကျော်လည်း ကေအဲန်ယူ ခေါင်းဆောင်များနှင့်အတူ လိုက်ပါသွားမည် ဖြစ်ကြောင်းသိရသည်။

ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များသည် ယနေ့ သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေ ဒေသအသီးသီးမှ စတင်ထွက်ခွာသွားပြီးဖြစ်ကာ ယင်းခရီးစဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့အထိ ကြာမြင့်ဖွယ်ရှိကြောင်း ကိုယ်စားလှယ်အဖွဲ့များထံမှ သိရသည်။

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...