Saturday, 17 October 2015

ပရော်ဖက်ဆာ ဒေါက်တာရဲမိုး

ဖုန်ကြားရှင်၏ တောင်းဆိုချက်အား ...
ဖုန်ကြားရှင်တပ်ဖွဲ့ အနေဖြင့် ...
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို... ထိပါးထားသည့်အတွက် ...
လက်နက်ချမှသာရမည် ...
အကြွင်းမဲ့ လက်နက်ချပြီးမှသာ ...
မြန်မာပြည်တွင်ခေါင်းချခွင့်ပြုမည်ဟု ...
သမ္မတ နှင့် တပ်ချုပ်တို့ မှ ...
မူချမှတ်ပေးထားကြောင်း ...
ထိုမူမှာ လုံးဝ အပြောင်းအလဲမရှိကြောင်း ..
သမ္မတရုံး ညွှန်မှူး ဦးဇော်ဌေးမှ တရားဝင်ပြောကြား ...
yemoe


www.mmdailystar.com

ပရော်ဖက်ဆာ ဒေါက်တာရဲမိုး



သတိထားမိသလောက် ပြောရရင် ...
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ ...
စကားကို လိပ်ပတ်လည်အောင် မပြော ...
စကားပြော အလွန်လောကြီးတယ် ...
ပထမဆုံးတစ်ကြိမ် ကွဲတာက ...
ကျွန်တော်တို့ လဲ ...
တရုတ်ကြောက်ရပါတယ် ဆိုတဲ့စကား ...
တရုတ်ဟာ လူဦးရေ သန်း ၁၈၀၀ကျော်တယ် ...
ကိုယ်တွေ နဲ့ နယ်နိမိတ်ထိစပ်နေတဲ့နိုင်ငံ ...
သမိုင်းတစ်လျောက်လဲ ...
ကိုယ့်ပြည်တွင်းရေးကို ...
အများကြီး စွက်ဖက်ခဲ့တယ် ...
သူတို့  စွက်ဖက်တိုင်းလဲ ...
ကိုယ့်တိုင်းပြည်မှာ စစ်မီးတွေ ...
အကြီးအကျယ်တောက်ခဲ့တယ် ...
ဆိုလိုတာက အရာအားလုံး ...
တရုတ်အကြိုက် လိုက်လုပ်ဖို့  မလိုပေမယ့် ...
တရုတ်ရဲ့ သဘောထားကိုတော့ ...
ကျွန်တော်တို့ အမြဲထည့်သွင်း တွက်ချက်စဉ်းစားရတယ် ...
ဒါဟာ အရှိတရား မှန်တယ် ...
သို့ သော် ... ဒါကို ရေလည်အောင်မပြောဘဲ ...
ကျွန်တော်တို့ က ...
တရုတ်လဲ ကြောက်ရသေးတာကိုးလို့  ...
ပြီးစလွယ် ထပြောတော့ ...
လူအတော်များများရဲ့ ဝေဖန်ပြစ်တင်မှုကို...
အကြီးအကျယ် ခံခဲ့ရတယ် ...
သို့ သော် ...
ဒါက မီဒီယာခေတ်ဦးမှာ မို့  ...
ဒီက မီဒီယာတွေနဲ့ ...
အတွေ့အကြုံ မရှိလို့  ဖြစ်ခဲ့တယ်ပဲ ထားပါတော့ ...
ခွင့်လွှတ်တွေး တွေးခဲ့တယ် ...
ဒုတိယတစ်ကြိမ် ဆန္ဒစောတာက ...
ဘွဲ့တံဆိပ်တွေကိစ္စ...
ပြည်တွင်းစစ်မှာ ...
စွမ်းရည် ဘွဲ့တံဆိပ်တွေ ...
မပေးသင့်ဘူး ဆိုတဲ့ ပုံစံမျိုး ထပြောတော့ ...
တပ် အသိုင်းအဝိုင်းက အကြီးအကျယ် ဒေါပွပြီး ...
ထ ကလော်တုပ်ကုန်တယ် ...
အမှန်အတိုင်းပြောရရင် ...
ဒီကိစ္စကို ကလော်တုပ်ကြတဲ့ အထဲမှာ ...
တိုင်းမှူး ၊ တပ်မမှူး တစ်ချို့ တောင် ပါခဲ့တယ် ...
စစ်မြေပြင်မှာ ပေးတဲ့ စွမ်းရည်ဘွဲ့တွေဟာ ...
စစ်သည်တစ်ဦးချင်းရဲ့ ...
အသက်ကို ပဓာနမထားတဲ့ ...
ရဲရဲဝံ့ဝံ့ ထူးချွန်ပြောင်မြောက်စွာ ...
စွန့် စားမှုတွေအပေါ်မှာ ပေးတာဖြစ်တယ် ...
ဘယ်သူနဲ့ ဘယ်ဝါနဲ့တိုက်လို့  ...
ပေးတာမျိုး မဟုတ် ...
စစ်သားဆိုတဲ့ အမျိုးဟာလဲ ...
သူတိုက်ရမယ့်ရန်သူကို ...
ရွေးချယ်ခွင့်ရတာမျိုး မဟုတ် ...
အမေရိကန် ပြည်တွင်းစစ်မှာလဲ ...
စွမ်းရည်ဘွဲ့တွေ ...
ရာနဲ့ချီပြီး ပေးခဲ့ကြတာ ဖြစ်တယ် ...
ငြိမ်းချမ်းရေး စေ့စပ်ညှိနိုင်းမှု အဖွဲ့ခေါင်းဆောင်အနေနဲ့ ...
ငြိမ်းချမ်းရေးအတွက် ...
ဘယ်လောက်အားထုတ်နေရတယ်ဆိုတာကို ...
ကောင်းကောင်း သဘောပေါက်တယ် ....
သို့ သော် ... ငြိမ်းချမ်းရေးဆိုတာက ...
နှစ်ဘက်ခံစားချက်ကို ထည့်တွက်ပြီး ...
လုပ်ဆောင်ရတဲ့ အရာမျိုးဖြစ်တယ် ...
တစ်ဘက်ဘက်က သွားရပ်တည်ပြီးပြောလို့  ...
တစ်ဘက်က အကြီးအကျယ်ဒေါပွကုန်ရင်လဲ ...
ငြိမ်းချမ်းရေးဟာ အောင်မြင်မှာမဟုတ် ...
နောက်ဆုံးမှာ ဦးအောင်မင်းအနေနဲ့ ...
ဒီစကားအတွက် ...
တရားဝင်ပြန်တောင်းပန်ခဲ့ရတယ် ...
အခုတစ်ခါ ထပ်ဖြစ်ပြန်ပြီ ...
သမ္မတကြီးက ဖုန်ကြားရှင်ကို ...
မြန်မာပြည် ဘယ်နေရာဖြစ်ဖြစ် ...
နေခွင့်ပြုထားတယ် ထလုပ်တယ် ...
ဘယ်လို ပုံစံမျိုး နေခွင့်ပြုတာလဲ ???
ဒါ သိပ်အရေးကြီးတယ် ...
ဒါကို ရှင်းရှင်းလင်းလင်း ထည့်မပြောဘူး ...
လောက်ကိုင်စစ်ပွဲဟာ ...
သေနတ်သံတိုးသွားတာ သိပ်မကြာသေးဘူး ...
ဒီ စစ်မှာ ကျဆုံးခဲ့တဲ့ ...
စစ်သည်တွေသွေးဟာလဲ ...
နီရဲ လတ်ဆတ်နေဆဲပဲ ...
သို့ သော် ... ကျွန်တော်တို့ ဟာ ...
တစ်ယူသန် တစ်ဇောက်ကန်းတွေမဟုတ် ...
ကလဲ့စား ချေကိုချေမှ ရမယ်ဆိုသူတွေလဲ မဟုတ် ...
တပ်မတော် အနေနဲ့ ...
ရန်သူက အညံ့ခံရင် ...
ဘယ်လို ပြုမူဆောင်ရွက်ရမယ်ဆိုတာ ...
စစ်သည်တော်ကျင့်ဝတ်တွေမှာလဲ ...
အထင်အရှားပါပြီး ဖြစ်တယ် ...
ဖုန်ကြားရှင် အနေနဲ့ ...
အသက် ရှစ်ဆယ် ကိုးဆယ်မကလို့  ...
တစ်ရာ့ငါးဆယ်ပဲ ရှိရှိ ...
မြန်မာပြည်ထဲ ပြန်နေချင်ရင် ...
နည်းလမ်းတစ်ခုသာ ရှိတယ် ...
အဲဒါကတော့ ...
အကြွင်းမဲ့ လက်နက်ချလိုက်ဖို့ ပဲ ...
ဒါမှလဲ ...
ဒီတိုက်ပွဲမှာ အသက်ပေးတိုက်ခဲ့ကြတဲ့ ...
တပ်မတော်က စစ်သည်တော်တွေအပေါ်...
သစ္စာမဖောက်ရာ ရောက်လိမ့်မယ် ...
အမှန်ကတော့ ...
ကျွန်တော်သိထားသလောက် ...
သမ္မတကြီးကရော ... 
တပ်ချုပ် ကပါ ...
ဖုန်ကြားရှင် လက်နက်ချမှပဲရမယ် ...
တစ်ခြားအဖွဲ့တွေလို ...
တန်းတူ ငြိမ်းချမ်းရေးယူဖို့  မဖြစ်နိုင်ဘူးလို့  ...
အပြတ် ပြောထားပြီးသား ဖြစ်တယ် ...
ငြိမ်းချမ်းရေး Team Leader ကြီးက ...
လက်နက်ချပြီးမှ ဆိုတဲ့ စကားလေး...
ဘာလို့ မေ့ကျန်ခဲ့သလဲတော့ မပြောတတ် ...
ခဏခဏ လောကြီး ပြီး စကားမှား ...
စကားကို လိပ်ပတ်လည်အောင် ...
မပြောတတ်ရင်တော့ ...
ဦးအောင်မင်းအနေနဲ့ ...
သတင်းစာရှင်းလင်းပွဲလုပ်နည်း သင်တန်း ...
ပြန်တက်ဖို့ လိုနေပြီ ဖြစ်ကြောင်း ...
အကြံပြု တင်ပြလိုတယ် ... ။ ။
( ရဲမိုး )




www.mmdailystar.com

ကေအိုင်အေ လူသစ်များဖမ်းဆီး


ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း၁၄ ဌာနချုပ်ထဲတွင် ရှမ်းလူမျိုးနှင့် ဗမာလူမျိုး
၃၀ ကျော်ခန့် လူသစ်အဖြစ်ဖမ်းဆီးခံနေပါသည်။
ထိုအပြင် ထို တပ်မဟာ ၂ က တပ်များသည် နာဂနှစ်ခြင်းခရစ်ယာန်ကျောင်းမှ ဂိုက်ဆရာလူငယ် ဂေါ်လှ နှင့် ရှန်းမိုင်အောင်ကို ရှင်ဗွေယန်သို့ ဖမ်းဆီးသွားခဲ့
ကြောင်းလည်း သတင်းရရှိပါသည်။
တနိုင်းမြို့ နယ် ၊ လဂျားဘွမ်ရွာက ကျေးရွာငွေစုငွေချေးဥက္ကဋ္ဌ ဦးဂျေယော နဲ့ ရွာသား ၄ ဦးကို ဖမ်းခေါ်သွား ၊ ရှင်ဗွေယန်အုပ်ချုပ်ရေးရုံးထဲ တွင်ဖမ်းဆီးထား
ကြောင်းလည်း သတင်းရရှိပါသည်။ ကေအိုင်အေ အနေဖြင့် တပ်မတော်မှ
SSA/SSPP စခန်းများအား တပ်မတော်မှ သိမ်းပိုက်နိုင်မူ့ ကြောင့် စစ်ရေး
ပြင်ဆင်နေပြီဟု ယူဆရပါသည်။



www.mmdailystar.com

နိုင်ငံတော်အာဏာရရှိရေးသည် အဓိကပန်းတိုင်မဟုတ်


၂၀၁၅ အောက်တိုဘာ ၁၇
ရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်သာ လိုတော့သည်နှင့်အမျှ ပါတီကြီးတစ်ခုဟာ နိုင်ငံတော် အာဏာရရှိရေးနှင့် အစိုးရဖွဲ့နိုင်ရေးကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာပါတယ်။ ပါတီတစ်ခုအနေဖြင့် ၎င်း၏ အန္တိမ ရည်မှန်းချက်သည် နိုင်ငံတော် အာဏာရယူရန် ဖြစ်သည်ဟု ကြွေးကြော်ကာ အလိုလောဘတိုက်၍ အကောင်အထည်ဖော်ခြင်းသည် မဟာဗျူဟာ အမှားတစ်ခုပင်ဖြစ်သည်။ မိမိတို့ တတ်စွမ်း နိုင်သည်ကိုသာ မူဝါဒအဖြစ် ပြည်သူကို ချပြသင့်ပေသည်။ ပါတီတစ်ခုအနေဖြင့် လောက ဓမ္မတာ တရားအတိုင်း အတက်အကျ အနိမ့်အမြင့် ရှိနေသည်ကို သတိပြုသင့်သည်။ တရားသဘော ယှဉ်၍ ဦးစီးသူမှာ လွတ်လပ်၏။ ရာထူး မျှော်နေသူ၊ မျှော်လင့်တောင့်တ၍ ပါတီ အလုပ်လုပ်သူများသည် မလွတ်လပ်ပါ။ အသက်ကြီးလေ စိတ်သဘော ထား သေးလေဖြစ်လာတတ်သည်။ စိတ်ဖိစီး၍ အသက်တိုပေမည်။ ရာထူးရရေးနှင့် မိမိပါတီသာ အနိုင် ရရေးဟူသော အစွန်း နှစ်ဖက်ကို ရှောင်၍ အလယ်အလတ်၌ မဇ္စျိမပဋိပဒါ ကျအောင် ကျင့်ရာသည်။
နောက်တစ်ခုမှာ ငါတို့ပါတီက ပြည်သူတွေကို ဒီမိုကရေစီ များများရအောင် ပေးပါမည်ဟုလည်း ကတိမပေးသင့်ပေ။ မည်သည့်ပါတီ ခေါင်းဆောင်မှ ဒီမိုကရေစီကို မျက်လှည့်ပြသလို “ရော့ဒီမှာ ဒီမိုကရေစီ” ဟုဖန်ဆင်း၍ မရနိုင်ပါ။ ဒီမိုကရေစီသည် ကြွေးကြော် ရန်မဟုတ်။ ပြည်သူတို့၏ အသိပညာ၊ စည်းကမ်း တို့ဖြင့်သာ ထိုက်ထိုက် တန်တန် ခံစားကျင့်သုံး သွားရမည့် အရာဖြစ်သည်။ ဤသည်ကို သိရန် ပြည်သူတို့အား ပညာပေးရန် အစိုးရနှင့် နိုင်ငံရေး ခေါင်းဆောင်များတွင် တာဝန်ရှိ ကြသည်ကို မမေ့အပ်ပါ။ ဒီမိုကရေစီ၏ အခွင့်အရေးနှင့် တာဝန်မှာ ဒွန်တွဲ နေပါသည်။ အခွင့်အရေးကို ခံစားပြီး တာဝန်မယူခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်၏။ ဤသို့ကျင့်သုံးက ကြာရှည် မခံတတ်ပေ။ တာဝန်လည်းခံ၊ ထိုက်တန်သော ခံစားခွင့်ကိုလည်း ရမှသာ တရားနည်းလမ်း ကျပေလိမ့်မည်။
မည်သည့်ပါတီနှင့် ခေါင်းဆောင်မဆို တိုင်းရင်းသား ပြည်သူများ၏ လိုလား တောင့်တချက်၊ ကတိ၊ သန္နိဋ္ဌာန်၊ ကျင့်ဝတ်သီလ နှင့် စည်းကမ်းများကို လိုက်နာ၍ ကျင့်ဝတ် သီလစောင့်မှ၊ ကိုယ်ချင်းစာတရား ထားမှ၊ တာဝန်ကျေမှ စသည့် နိုင်ငံရေးယဉ် ကျေးမှုများနှင့် ပြည့်စုံမှသာလျှင် အနာဂတ်၌ ခေါင်းဆောင်မှု နေရာအတွက် ပြည်သူတို့က ကြည်ဖြူစွာ ရွေးချယ်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ထို့ကြောင့် ကိုးဆယ်ကျော် ရှိနေသော ပြိုင်ပွဲဝင် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ အတွင်း အားသွန်ခွန်စိုက် ယှဉ်ပြိုင်ရ မည်ဖြစ်သကဲ့သို့ ကြိုးဝိုင်း စည်းကမ်းကိုလည်း လိုက်နာ၊ ဘေးမှအားပေးကြမည့် လူထုပရိသတ် တို့၏ အသံကိုလည်း နားထောင်ကာ နိုင်ငံအတွက် ကျရာတာဝန်ကို ထမ်းရွက်သွားမည်ဟု ရိုးသားသော စိတ်စေတနာဖြင့် ယှဉ်ပြိုင်ပါက ပြိုင်ပွဲ၌ ရှုံးခဲ့လျှင်လည်း လူထု၏ မေတ္တာအပြည့် ရပေလိမ့်မည်။ ပြိုင်ဘက်ပါတီကို ထိုးနှက်ခြင်း၊ တစ်သီးပုဂ္ဂလအပါအ၀င် ပြိုင်ဘက် ကိုယ်စားလှယ်များကို မဲမထည့်ခိုင်းခြင်း၊ အစိုးရဖြစ်အောင်လုပ်ပေးရန် အကြိမ်ကြိမ်မဲထည့်ခိုင်းခြင်း မှာ ဒီမိုကရေစီလိုလားသည့် ဒီမိုကရေစီပါတီ မဟုတ်တော့ဘဲ အာဏာ လိုလားသည့် အာဏာရှင်ပါတီဖြစ်နေကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူများ သတိပြုသင့်ပါတယ်။



ကိုမျိုးမင်း
ဘက်မလိုက်

www.mmdailystar.com

နိုင်ငံ့ခေါင်းဆောင်များအား စော်ကားမော်ကား ပြုမူ့ အားအရေးယူခြင်းမှ နောက်ဆက်တွဲ ပြသနာများ

အရေးယူတာလည်း ယူစေချင်ပါတယ် သို့ သော်လည်း ယုန်ထောင်ကြောင်မိ ၊
ခုတ်ရာတစ်ခြားပြက်ရာတစ်ခြားဖြစ်မှာလည်း စိုးပါတယ် မဟုတ်တဲ့လူတွေ ထိခိုက်
နစ်နာမှာလည်း မလိုလားပါဘူး......... ((ဒီပို့ စ်လေးတော့ ရှယ်ပေးစေချပါတယ် မဟုတ်တဲ့
လူတွေ နစ်နာမှာစိုးလို့  ))
==========================================================
FaceBook ပေါ်ကနေ အသိအလင်း ကြော်ငြာပါရစေ
ကျွန်တော့် ကူညီကြပါ တင်ထားတဲ့စာနဲ့ပုံကို Screenshoot ရိုတ်ပြီး ပြန်တင်ပေးကြပါ Share လျှင် ကျွန်တော့် အကောင့်ပျက်သွားလျှင် ပြည်သူလူထုများ အထင်လွဲမှား မသိလိုက်ကြမှာဆိုးလို့ပါ
မသမာသူ သုံးနေသော Fake အကောင့်အား Report မတင်ကြပါနဲ့
Facebook အတု သုံးစွဲသော Zaw Htoo Mg or Lunch Zaw Soe Win အကောင့်အပြင် နာမည်တူ Facebook များ ပေါ်ပေါက်လာသော ပြသနာများမှာ ကျွန်တော်နှင့် မသက်ဆိုင်ကြောင်း ဒေါပုံ ရဲစခန်းသို့ ၁၄.၁၀.၂၀၁၅ ရက်နေ့ ၁၁:၃၅ အချိန်တွင် မှတ်တမ်းတင် တိုင်ကြားခဲ့ကြောင်း Facebook ပေါ်မှ အသိလင်းကြော်ငြာအပ်ပါသည်
Ko Pu Tu နာမည်ဖြင့် FB သုံးစွဲခဲ့ပြီး ပုံများတင်ခဲ့ရာ 
ကျွန်တော် ၂၈ နှစ်မှ မှတ်ပုံတင်ရလို့ ပျော်ပြီး မှတ်ပုံတင်ကို ဖေ့ဘုတ်ပေါ် ၂ ရက် တင်မိခဲ့ရာပြန်ဖျတ်လိုက်ပေမဲ့ ယုတ်မာသူတချို့ ဖုန်းထဲတွင် Save ထားပြီး ယခုအခါ ကျွန်တော့်အား ချောက်ချ ပြီး Report ထုခဲ့ရာ Lu Zaw Soe Win နာမည်ဖြင့် အကောင့်ပြန်ရပြီး ကျွန်တော့် မူရင်း အကောင့် ဒီတခုပဲ သုံးစွဲပါသည်
Zaw Htoo Mg အကောင့်ဖြင့် ကျွန်တော့်မှတ်ပုံတင်အား Cover တင်ကာ မသမာသူတယောက်သည် နိုင်ငံတော် အရာရှိများအား ဆဲဆွဲနေလို့ Report ဝိုင်းထုရာ Zaw Htoo Mg အကောင့်မှာ လော့ကျသွားပါသည်
၁၅.၁၀.၂၀၁၅ ရက်နေ့ညနေဘက်တွင် Zaw Htoo Mg အကောင့်မှာ Name အသစ်ဖြင့် Log ကျရာ ပြန်ပွင့်လာပြီး 
Lunch Zaw Soe Win အမည်ဖြင့် မသမာသူမှာ ဆက်လက် သုံးစွဲနေပါကြောင်း မသိသူမျာအား အသိပေးအပ်ပါသည်။





www.mmdailystar.com
Related Posts Plugin for WordPress, Blogger...